အပိုင်း(၄၁) ဓားသခင်စံအိမ်တော်
လင်ရှု၏အကြည့်အား သတိပြုမိစွာဖြင့် ထိုအကြီးပိုင်းအရာရှိက သူ့ဆီသို့ လှည့်လာကာ မှတ်ချက်ပြုလာသည်
“ဒီတာအိုပညာရှင်ရဲ့မျက်နှာက သိပ်ပြီးမရင်းနှီးဘူးဘဲ”
လင်ရှုက ပြောလိုက်သည်။ “ဒီတပည့်က လင်ရှုလို့ ခေါ်ပါတယ်”
လင်းဖုန်းရှောင်က ထပ်ပေါင်းပြောလာသည်။ “သူက ဒီနှစ်မှ လာတာပါ”
“လင်ရှု….” အကြီးပိုင်းအရာရှိက သူ့နာမည်ကို ထပ်မံရေရွတ်လာသည်။
“အဲဒါ မင်းပဲ”
လင်ရှုက ချက်ချင်းပင် ပျောက်ကွယ်သွားဖို့ ဆုတောင်းလိုက်မိသည်။
သေချာပေါက်ကိုပဲ အကြီးပိုင်းအရာရှိက သူ့နာမည်ကိုသိမှာပေါ့ ။
အစပိုင်းတွင် သူဟာ ယွဲ့ရို့ဟယ်နှင့်သေသေချာချာ မဆွေးနွေးခဲ့သဖြင့် သူတို့နှစ်ဦးအား အတူတူနေရန် အကြီးပိုင်းအရာရှိ၏အပြစ်ပေးခြင်းအား ခံခဲ့ရသည်။ နောက်တော့ လူကြီးမင်းမုန့်က လင်းဖုန်းရှောင်အား ရွှေ့လာရန် စီစဉ်ပေးခဲ့ပြီး လက်ရှိ ကျင်းဖုန်းရွှီယွီဥယျာဉ်သို့ ရောက်ရှိလာတော့သည်။
နောက်ပိုင်းတွင် သူနှင့်ရှောင်ရှောက်၏တိုက်ပွဲက အိမ်မက်ကွင်းပြင်အား ပြိုကျသွားစေခဲ့သည်။ လူကြီးမင်းမုန့်၏အဆိုအရ ယခုကိစ္စကြောင့် အကြီးပိုင်းအရာရှိဟာ ပထမဦးဆုံး ရှောင်ရှောက်ကို ငွေတွေအများကြီး ဒဏ်တပ်ခဲ့ပြီး ထို့နောက်တွင်တော့ သူ့အား အိမ်မက်ကွင်းပြင်ထဲရှိ သူ၏ပုံရိပ်အား မပြောင်းလဲရန် အပြစ်ပေးခဲ့သည်။ သူဟာ ဝါးခေါက်၏ပုံရိပ်အား ဆက်လက်အသုံးပြုနေရဦးမည်ပင်။
ကံကောင်းစွာဖြင့် အကြီးပိုင်းအရာရှိက မည်သည်ကိုမှ ဆက်ပြီး ပြောမလာတော့ဘဲ ထိုအစား အရှင်ယွဲ့ဘက်သို့ လှည့်လိုက်ကာ :
“ဒီကိစ္စက သေရေးရှင်ရေးတမျှ အရေးကြီးနေတော့ အခင်းအကျင်းတစ်ခုကို တည်ဆောက်ထားဖို့ အမိန့်ပေးထားပြီးပါပြီ။ ပြီးတာနဲ့ အရှင်ဟောင်းယွဲ့ကို ကြိုဆိုပြီး အခြေအနေကို တစ်ချက်ကြည့်ဖို့ ဖိတ်ကြားဖို့ ရောက်လာတာပါ”
အရှင်ယွဲ့က ခေါင်းညိတ်ပြသည်။ “ကျုပ်လည်း စိတ်ပူမိပါတယ်”
သူ၏ဝတ်ရုံလက်အား တစ်ချက်ခါလိုက်ပြီးနောက် ရှန်းလင်ကျန်းက ထိုလူအုပ်စုအား ကောင်းကင်ဘက်ဆီသို့ ခေါ်သွားတော့သည်။
ဟယ်ရှုကောင်းကင်ဘုံ ရှင်းလော့ရေကန်၏အလယ်တွင် အခင်းအကျင်းပုံစံတစ်ခုအား တကယ်ကို ပြင်ဆင်ထားတာပင်။
ယွဲ့ရို့ယွင်နှင့် ယွဲ့ရို့ဟယ်တို့က သူတို့လားရာဘက်ဆီသို့ ကြည့်နေကြကာ ယွဲ့ရို့ယွင်က သူတို့အား မြင်လိုက်သည့်အခိုက်အတန့်မှာပင် ရှေ့သို့ပြေးလာကာ “ဘိုးဘိုး အဖေ!”
အရှင်ယွဲ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အဖေက အရှင်ဟောင်းယွဲ့ကို အကူအညီပေးဖို့ ရောက်လာတာ”
ယွဲ့ရို့ယွင်ကပြောလာသည်။ ကောင်းပါပြီ အဖေ အဆုံးစွန်ထိ ပြောရရင် အစ်ကိုနဲ့သမီးရဲ့စွမ်းရည်တွေက မလု့လောက်သေးဘူး။ မြေဧက မိုင်နည်းနည်းလေးကို ရှာတာကတောင် မလွယ်ကူဘူး”
အရှင်ယွဲ့ : “အနာဂတ်မှာ ကြိုးကြိုးစားစားနဲ့ ဆက်ပြီးလေ့ကျင့်ပေါ့”
တစ်ဖက်တွင်တော့ ယွဲ့ပုဟွမ်က လင်းဖုန်းရှောင်နှင့် စနောက်ရာတွင် ဖမ်းစားခံနေရဆဲဖြစ်ကာ အလေးတထားနှင့်ပြောလာသည်။
“ကျုပ်က တောင်ထွတ်ကိုကြည့်ဖို့ သဘောတူထားတယ်။ မင်းလည်း ဒါကိုအမှတ်ရရမယ်နော်!”
လင်းဖုန်းရှောင် : “သေချာပေါက်ပေါ့”
သူမက ဆက်ပြောလိုက်သည်။
“မိုင်တစ်ရာ အချင်းဝက်အတွင်းမှာ ဘယ်လှုပ်ရှားကိုပဲတွေ့တွေ့ စီနီယာက အရင်းအမြစ်ကို ရှာရမယ်နော်”
ယွဲ့ပုဟွမ်က နှာမှုတ်လိုက်သည်။ “မုန့်စားသလောက်ပဲ ရှိပါတယ်”
ထိုသို့ပြောပြီးနောက် အခင်းအကျင်း၏အလယ်အား ဖြတ်ကာ ခြေထောက်ယှက်၍ တပလ္လင်ခွေကာ ထိုင်ချလိုက်သည်။
အရှင်ယွဲ့နှင့် သူ့တပည့်များကလည်း ရှေ့သို့တိုးကာ အရှင်ဟောင်းယွဲ့၏ဘေးပတ်လည်တွင် ထိုင်ချလိုက်သည်
လင်ရှု၏ဂိုဏ်းက ဓားကျင့်ကြံရေးအား အထူးပြုကာ သူယူသည့်လမ်းစဉ်က သဘာဝကျစွာပင် “ချိုးဖြတ်တာအို” ဖြစ်သည်။ ထို့ကြောင့် သူဟာ နာမည်ကျော်ကြားသည့် လေ့ကျင့်မှုတစ်ရပ်ဖြစ်သော “ပြီးမြောက်တာအို”အား အလွန်အမင်းကို သိချင်စိတ်ဖြစ်မိသည်။ ထို့ကြောင့် သူ့ရှေ့၌ ဖော်ထုတ်ပြသနေသည့် မြင်ကွင်းအား မမှိတ်မသုန် ကြည့်နေမိသည်။
လေပြည်လေညှင်းက မြက်ပင်များကို တရှဲရှဲမြည်သွားစေသည်။
ရေကန်၏ပုံသေဖြစ်နေမှုနှင့် ဆန့်ကျင်၍ ပြင်းထန်သည့်လေပြင်းတို့က ရုတ်တရက်ကြီး တိုက်ခတ်လာသည်။
ထိုလေက သာမန်တိုက်လေနှင့် ခြားနားနေကာ လားရာမျိုးစုံမှ တိုက်ခတ်လာနေပြီး အများအပြားအဖြစ် ပျံ့နှံ့သွားသည်။
လင်ရှုက ယွဲ့ပုဟွမ်အား ကြည့်လိုက်သည်။
လေဟာ ပြင်းသထက်ပြင်းလာပြီး ဝါးတောအုပ်သည်လည်း တုန်လှုပ်ဖွယ်ရာ တရှဲရှဲမြည်သံတို့နှင့်အတူ ချုံးဟွားတောအုပ်ရှိ ပန်းပွင့်များဟာလည်း မိုးစက်များကဲ့သို့ ပျံသန်းနေကြသည်။ ကြည့်ရသည်မှာ ဤကမ္ဘာရှိအရာအားလုံးက ယွဲ့ပုဟွမ်နှင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ပင် ။
ယွဲ့မောင်နှမတို့ လေ့ကျင့်နေသည့်အခါတွင်လည်း ယခုကဲ့သို့မြင်ကွင်းအား မြင်တွေ့ဖူးသည်။ သို့သော်လည်း ထိုနှစ်ဦးက ငယ်ရွယ်နေသေးသည့်အတွက် သူတို့၏အတွင်းအားစွမ်းရည်က သိပ်ပြီးမသန်မာသေးပေ။ သဘာဝကျကျပင် ယခုလက်ရှိဖော်ထုတ်ပြသနေသည့် ယွဲ့ပုဟွမ်၏စွမ်းရည်လောက်နီးနီး အဆင့်အား အနီးအနားပင် မရောက်သေးပေ။
တိကျသော အချိန်တစ်ခု ရောက်သည့်အခါ တရွှီရွှီမြည်နေသောလေသံက ရုတ်တရက် ရပ်တန့်သွားတော့သည်။ တောအုပ်နှင့် ပန်းခြုံများကလည်း ရုတ်တရက် တည်ငြိမ်သွားတော့သည်။ တိတ်ဆိတ်မှုက သည်းမခံနိုင်လောက်ဖွယ် ကြောက်စရာ ကောင်းလာသည့်အချိန်တွင်တော့ မမြင်နိုင်သည့် ဝိဥာဉ်စွမ်းအားတစ်ခုက ပေါက်ကွဲ ထွက်လာတော့သည်။
ယွဲ့ပုဟွမ်အား ဗဟိုပြုလည်ပတ်နေသည့် ဝိဥာဉ်စွမ်းအားသည် ပေါက်ထွက်သွားပြီး ဘက်ပေါင်းစုံသို့ ပြေးထွက်သွားကြသည်။
ရှန်းလင်ကျန်းက မှတ်ချက်ပြုလာသည်။ “စီနီယာယွဲ့ရဲ့ အတွင်းအားစွမ်းရည်က သူ့ရဲ့အထွတ်အထိပ်ကို ရောက်နေပြီ။ ပြီးပြည့်စုံတဲ့တာအိုရဲ့ ပေါင်းစပ်ခြင်းအဆင့်နဲ့ သိပ်မဝေးတော့မှာပဲ စိုးမိတယ်။ ကျုပ်တို့ရဲ့ နန်ရှက နောက်ထပ် လုပ်နိုင်စွမ်းရှိတဲ့ ဆရာသခင်တစ်ယောက်ကို ဆုံးရှုံးခဲ့ပြီးပြီ”
လင်းဖုန်းရှောင်က ရေရွတ်လာသည်။ “စီနီယာယွဲ့က သူ့ရဲ့ဆွေမျိုးတွေနဲ့ မိတ်ဆွေကိုတောင် ထပ်ပြီးမမှတ်မိနိုင်တော့ဘူး။ သိပ်မကြာခင်မှာပဲ သူ့ကိုယ်သူပါ မေ့လျော့သွားလိမ့်မယ်။ ပေါင်းစပ်ခြင်းကို မလုပ်ရင်တောင် နန်ရှအတွက် သူ့ရဲ့အားထုတ်မှုတွေနဲ့ ပံ့ပိုးပေးဖို့ ဆန္ဒမရှိတော့မှာဘဲ စိုးရတယ်”
ရှန်းလင်ကျန်းက ပြောလာသည်။
“တော်ဝင်အရှင်မင်းသမီးက အရှင်ဟောင်းယွဲ့ကိုတောင် ကူညီပေးဖို့ ဖိတ်ကြား လာနိုင်တယ်ဆိုမှတော့ သူ့ကို တောင်ထွတ်ဆီကနေ လုံးဝထွက်လာနိုင်ဖို့ တိုက်တွန်းနိုင်မယ်လို့ ကျုပ်တော့ ထင်မိပါရဲ့”
“သူက လောကကြီးနဲ့တောင် ဝေးကွာပြီးနေပြီလေ။ ဘာလို့ ရှင်ကသူ့ကို လူသားမျိုးနွယ်ရဲ့အရှုပ်အထွေးတွေဆီကို ပြန်လာဖို့ ပြင်းပြင်းထန်ထန် ကြိုးစားနေရတာလဲ”
ရှန်းလင်ကျန်း : “အရှင်မင်းသမီးက ငယ်ရွယ်ပါသေးတယ်။ ပြီးတော့ ရှေ့ဆက်ဖြစ်လာမဲ့ ပြဿနာတွေ ဒါမှမဟုတ် မျှော်လင့်ပျက်သုဉ်းရတဲ့ အခြေအနေ သူတို့ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ ရသမျှနည်းလမ်းကို သုံးပြီး ဖယ်ရှားပစ်တာမျိုးတွေကို နားမလည်နိုင်သေးဘူး”
“ကျွန်မသိပါတယ်” လင်းဖုန်းရှောင်က မျက်မှောင်ကြုတ်လိုက်သည်။ “ကျွန်မက ကျွန်မရဲ့ကျင့်ကြံဆင့်လုံလုံလောက်လောက် မရှိတာကို ရိုးရိုးရှင်းရှင်း မုန်းတီးနေရုံပါပဲ”
ရှန်းလင်ကျန်း : “ အရှင်မင်းသမီးက နောက်နေတာပဲ”
လင်ရှုဟာ ယွဲ့ပုဟွမ်၏ပြသမှုအား အာရုံစိုက်နေသော်လည်း သူ့ဘေးရှိလူနှစ်ဦးထံမှ စကားဝိုင်းက သူ့နားထဲသို့ အမှုမဲ့အမှတ်မဲ့ ဝင်ရောက်လာတော့သည်။
အကယ်ဒမီထဲရှိ အခြားသောသူများက လင်းဖုန်းရှောင်ကို ခေါ်ကြသည်မှာ“ကြီးမြတ်လှတဲ့သခင်မလေး” ဖြစ်ပြီး ရှန်းလင်ကျန်းကသာ လင်းဖုန်းရှောင်ကို “တော်ဝင်အရှင်မင်းသမီး” ဟု အမည်တပ်ခေါ်ဝေါ်တာပင်။ လူအများစုက ရှန်းလင်ကျန်းအား “အကြီးပိုင်းအရာရှိ”ဟု ခေါ်ဝေါ်ကြသော်လည်း လင်းဖုန်းရှောင်ကတော့ သူ့ကို “ဆရာသခင်”ဟု ခေါ်ဝေါ်ပေသည်။ သိသိသာသာကိုပင် ဒီလူနှစ်ဦး၌ မတူညီသည့် ဆက်ဆံရေးတစ်ခုရှိသည်။
ရှောင်လင်းယန်က နန်ရှ၏ အိမ်ရှေ့စံဖြစ်ကာ လင်းဖုန်းရှောင်ကတော့ ရှောင်လင်းယန်၏အစ်မဖြစ်သည်။ လင်းဖုန်းရှောင်က ဇာမဏီနန်းမြင့်ရဲ့ ကြီးမြတ်လှတဲ့သခင်မလေးတင် မဟုတ်ဘဲ နန်ရှရဲ့ တော်ဝင်မင်းသမီးပါ ဖြစ်နေတာလား။
ကျန်းဟူရှိ ကျင့်ကြံသူများနှင့်ဆိုလျှင် သူမက ကြီးမြတ်လှသည့်သခင်မလေးဖြစ်သည်။ ဆရာသခင်နှင့်ဆိုလျှင်တော့ သူမက တော်ဝင်အိမ်ရှေ့စံမင်းသမီးဖြစ်သည်။
သူမက တကယ်ကို ချီးကျူးထိုက်တဲ့ ကြွယ်ဝတဲ့ အမျိုးသမီးတစ်ဦးပဲ။
ရှန်းလင်ကျန်းက ဆက်ပြောလာသည်။
“စီနီယာယွဲ့က ခြေလှမ်းစလိုက်ပြီဆိုတာနဲ့ မိစ္ဆာတွေရဲ့ အရင်းအမြစ်ကို ငါတို့တွေ သေချာပေါက် ရှာတွေ့နိုင်မှာပါ”
လင်းဖုန်းရှောင် : “စီနီယာယွဲ့က လူတွေရဲ့စကားလုံးတွေဆီကနေ ပြစ်ချက်ရှာရတာကို သဘောကျတယ်။ မိစ္ဆာတွေကိုရှာဖွေတဲ့နေရာမှာလည်း သူ့စွမ်းရည်က အရမ်းကို ထူးကဲသာလွန်မယ်ဆိုတာကို ကျွန်မတော့ ယုံကြည်တယ်”
လင်ရှုကတော့ ကြီးမြတ်လှတဲ့သခင်မလေးရဲ့ လူတစ်ယောက်အပေါ် ဝေဖန်သည့်စွမ်းရည်က ပို့လို့ပင် ခြွင်းချက်မရှိဟု ခံစားမိသည်။
ရှန်းလင်ကျန်း: “အရှင်မင်းသမီးရဲ့စကားလုံးတွေနဲ့ ပတ်သက်ပြီး ပိုပြီးသတိထားရမယ်နော်”
လင်းဖုန်းရှောင်က ငြင်သာစွာ ရယ်မောလိုက်ကာ ခေါင်းစဉ်အား တိခနဲပြောင်းပစ်လိုက်သည်။
“ဒီတစ်ခေါက် ပေရှရဲ့ရည်ရွယ်ချက်က ဘာဖြစ်မလဲလို့ စဉ်းစားမိသလဲ”
“ဒီကိစ္စက အသေးအမွှားမဟုတ်ဘူး” ရှန်းလင်ကျန်းက လေးလံစွာပြောလာသည်။
“မနေ့က မင်းသမီး သတ်ဖြတ်ခဲ့တဲ့ ရှောက်နှစ်ကောင်ကို ရှုကျောင်းတော်ဆီကို ပို့ပြီးသွားပြီ။ ဒီနေ့ ပိလင်ကျန်းရန်ပို့လာတဲ့ သတင်းက သူတို့တွေက ပေရှရဲ့ဗူးဒူးအတတ်က ပြောင်းလဲမှုအသစ်တွေတဲ့။ ဒီတစ်ခေါက် အကယ်ဒမီကို ဝင်ရောက်လာတဲ့ မိစ္ဆာတွေက အရင်ကဟာတွေနဲ့ ကွဲပြားတယ်။ ဒီလိုမိစ္ဆာအမျိုးအစားကို ဆတ်ဆတ်ထိမခံတဲ့ မင်းသမီးရဲ့မီးဓာတ်အပေါ် ရင်းချာမှုကြောင့်သာ မဟုတ်ဘူးဆိုရင် အခုချိန်ထိတောင် အကယ်ဒမီက ဒီမိစ္ဆာတွေကို ရှာတွေ့နိုင်မှာမဟုတ်ဘူး”
လင်းဖုန်းရှောင် : “ဟုတ်တယ်”
လင်ရှုက ကြီးမြတ်လှတဲ့သခင်မလေးဟာ တကယ်ကိုစိတ်ရှုပ်နေပြီဟု ခံစားနေရသည်။
သူဟာ မသိမသာရွှေ့ဖို့ ကြိုးစားလိုက်ပေမဲ့ ကြီးမြတ်လှတဲ့သခင်မလေး၏ အေးစက်လှသည့်အကြည့်နှင့် တွေ့ဆုံသွားတော့သည်။
ကြီးမြတ်လှသည့် သခင်မလေး စိတ်ရှုပ်လာသည့်အချိန်တိုင်းတွင် သူ့အတွက် နိမိတ်သိပ်မကောင်းပေ။ သူဟာ တစ်နည်းနည်းဖြင့် သေချာပေါက်ကို သက်ရောက်ခံရမှာပင်။
ယခုချိန်တွင် ထိုငါးပူတင်းလေးက သူ့အား ကောင်းကောင်းမွန်မွန် ဆက်ဆံနေသော်လည်း တစ်ခြားသူတွေအတွက်တော့ ပြော၍မရနိုင်ပေ။
ကြီးမြတ်လှတဲ့သခင်မလေးက သူမရဲ့ဒေါသအား လင်းရှောင်ယန်အပေါ် ဖွင့်ထုတ်သည့်အချိန်တိုင်း လင်းရှောင်ယန်က သူနှင့်ပတ်သက်၍ ပြဿနာတချို့အား မွှေနှောက်ပစ်မည့် မြင့်မားလှသော ဖြစ်နိုင်ချေတစ်ရပ်ရှိသည်။
သို့သော်လည်း လောကကြီးတွင် ချမ်းသာသည့်အမျိုးသမီးက အနည်းငယ်သာရှိသည်။ ချမ်းသာသည့်ဇနီးလေးအား ရရှိနိုင်ရန် မမျှော်လင့်နိုင်ဘဲ ထိုဇနီးကလည်း စိတ်နေစိတ်ထားကောင်းရှိမည်ဟု မျှော်လင့်ထားလို့မရပေ။
ကြီးမြတ်လှသည့်သခင်မလေး၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် သူ၏မူလနေရာဆီသို့ တိတ်တဆိတ်ပြန်ဆုတ်သွားလိုက်သည်။
ရှန်းလင်ကျန်းက ဆက်ပြောလာသည်။
“ဘယ်တပည့်ဆီမှာမှ အန္တရာယ်ရှိတဲ့လက္ခဏာမျိုး မတွေ့ရဘူး။ အဲဒီတော့ ပေရှက သူတို့ရဲ့ဗူးဒူးအတတ်ပညာအသစ်က တောင်ထွတ်ရဲ့ အကာအကွယ်အခင်းအကျင်းကို ကျော်ဖြတ်နိုင်လား။ ဒါမှမဟုတ် ထပ်ပြီးတော့ <အဆုံးမဲ့တမ်းတခြင်း> ကို ရည်ရွယ်နေတာလားပဲ……တကယ်လို့သာ <အဆုံးမဲ့တမ်းတခြင်း>က ပေရှရဲ့လက်ထဲကို ကျရောက်သွားမယ်ဆိုရင် ငါတို့ရဲ့အခုလက်ရှိ ရပ်တန့်နေတဲ့နေရာမှာပဲ ရှိနေလို့မရဘူး”
လင်းဖုန်းရှောင်က ဆက်လက် တိတ်ဆိတ်နေကာ သူမရဲ့မျက်လုံးတွေက ရွှင်မြူးနေပြီး အေးစက် ကြည်လင်နေသည့်အာရုံတစ်မျိုးအား ဝိုးတဝါး ဖော်ပြနေသည်။ တစ်ယောက်ယောက်က သူမ၏စိတ်ထဲ၌ ဘာတွေတွေးနေမလဲဆိုသည်အား မှန်းဆရုံသာ တတ်နိုင်သည်။
သို့သော်လည်း လင်ရှုသည်တော့ သူဟာ ကုန်တင်ကားနှင့် အတိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
သူတို့ပြောနေတဲ့ “အဆုံးမဲ့တမ်းတခြင်း” ဆိုတာက သူသိတဲ့ “အဆုံးမဲ့တမ်းတခြင်း” တော့ မဟုတ်လောက်ဘူးမလား။
ကောင်းမွန်လှသော သူ့ယခင်ဘဝ၏ တစ်ဝက်တိတိ ခေါင်းပွင့်မတတ် သင်ယူခဲ့သော ဓားရေးစာအုပ်တွင် ပါဝင်သည့် “မေ့လျော့ခံချိုင့်ဝှမ်း” “မမြင်နိုင်သောတျန်းဟယ်” ကဲ့သို့သော နည်းစနစ်များကို အဆုံးမဲ့တမ်းတခြင်းဟုခေါ်သည်။
ဒီနာမည်က တစ်မိုးအောက် တစ်ယောက်ဖြစ်ကာ လွန်စွာမှ နည်းပါးလှသည့် စွမ်းရည်စုစည်းခြင်းကသာလျှင် ထိုကဲ့သို့ အမည်ပေးလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် တူညီသည့်နာမည်အား ရွေးချယ်နိုင်မည့် အခွင့်အရေးသည် ကိန်းဂဏန်းအရ လွန်စွာမှပင် နညိးပါးပေသည်။
လင်ရှုက သူ့နားတွေအား စွင့်ထားလိုက်ပြီး လင်းဖုန်းရှောင်နှင့် ရှန်းလင်ကျန်းတို့ ဆက်ပြောမည့် စကားဝိုင်းအား ဆက်နားထောင်လိုက်သည်။
အချိန်အကြာကြီး ကြာပြီးနောက် လင်းဖုန်းရှောင်က နောက်ဆုံးတွင်တော့ ပြောလာသည်။
“သူတို့တွေသာ အဆုံးမဲ့တမ်းတခြင်းကို ရှာဖွေနေတုန်းဆိုရင် ဓားသခင်စံအိမ်တော်ကတော့ ဘယ်ဘက်ကို ရွေးမလဲဆိုတာ ဆုံးဖြတ်သင့်ပြီ။ စစ်ပွဲအတွင်းမှာဆို အနိုင်ရနိုင်ချေရှိနေတုန်းပဲ….”
ဓားသခင်စံအိမ်တော်
လင်ရှု “…..”
ထိုသည်က သူ၏ဂိုဏ်းဖြစ်သည်ကို ကောင်းကင်သာ သိပေသည်။
အကယ်၍ “အဆုံးမဲ့တမ်းတခြင်း” တစ်ခုတည်းဆိုပါက တိုက်ဆိုင်မှုအဖြစ် သတ်မှတ်၍ရသေးသည် “ဓားသခင်စံအိမ်တော်” ဆိုပါကလည်း တိုက်ဆိုင်သည်ဟူ၍သာ သတ်မှတ်နိုင်သေးသည်။
သို့သော် ထိုနှစ်ခုအား အတူတူတွဲလိုက်ပါက အတိတ်တုန်းက သူသင်ယူခဲ့သည့် စာအုပ်ဖြစ်ပြီး သူ့ဂိုဏ်းဖြစ်သည်ဆိုသည်အား ငြင်းဆန်၍မရတော့ပေ။
အကယ်ဒမီကို ဝင်ရောက်ပြီးနောက် သူ့အတန်းဖော်များ၏ အမျိုးမျိုးသောဂိုဏ်းများအား အာရုံစိုက်ထားခဲ့သည်။ ယွဲ့ရို့ဟယ်က တစ်ခါတုန်းက သူ့အား မရေမတွက်နိုင်သော ဂိုဏ်းများအား မိတ်ဆက်ပေးခဲ့ဖူးသည်။ ထို့ကြောင့် ဤကမ္ဘာရှိ ကြီးမားသောဂိုဏ်းများအား ကြားဖူးသော်လည်း ဓားသခင်စံအိမ်တော်အား မည်သည့်အခါတုန်းကမှ မကြားဖူးခဲ့ပေ။ ထိုအရာကြောင့် ယခင်ဘဝရှိသူ၏ဂိုဏ်းအား ရှာဖွေမည်ဆိုသည့်အတွေးအား လွတ်ချလိုက်တော့သည်။ မမျှော်လင့်ထားစွာဖြင့် ယနေ့တွင်တော့ ထိုသည်အား တကယ်ကြီးကြားလိုက်ရသည် ။
လင်ရှုက မတည်ငြိမ်နိုင်တော့ပေ။
သူရှာတွေ့သွားသော်လည်း ဂိုဏ်းသည်တော့ သူ့အား သူတို့၏တပည့်အဖြစ် လက်ခံမည်မဟုတ်ပေ။
သူ၏မယ်ရီဒန်တို့က ပိတ်ဆို့နေကာ ဘယ်နေရာကများ ဓားသခင်စံအိမ်တော်၏တပည့်ဖြစ်သည်ဟု ပြောနိုင်မည့် မျက်နှာရှိမည်တဲ့လဲ။
ဘိုးဘေးဆရာသခင်တို့အား နှုတ်ဆက်ခြင်း သူ၏မယ်ရီဒန်များက ပိတ်ဆို့နေကာ ကျန်းမာရေး မကောင်းသော်ငြား သူတို့တွေပင် မကြားဖူးသည့် သူ့ဆရာ၏အမည်နာမအား ဖော်ပြလိုက်သော်လည်း တကယ်ကိုပင် သူက ဓားသခင်စံအိမ်တော်၏တပည့်ဖြစ်သည်။ သူ့ကိုယ်သူ သက်သေပြရန်အလို့ငှါ ဂိုဏ်း၏သင်ကြားနည်း စွမ်းရည်နှင့် ဓားရေးနည်းစနစ်တို့အား အကုန်လုံးချရေးပြီး အကြိမ်တစ်ရာမက အာဂုံဆောင်နိုင်ပေသည်။
သူက တကယ်ကြီး ကန်ထုတ်ခံရလောက်လား။
သူ့ခေါင်းထဲ၌ ပြည့်နှက်နေသည့် အတွေးများနှင့် ခုန်ပေါက်နေသော နှလုံးသားအား ဝန်လေးစွာဖြင့် ဖိနှိပ်လိုက်ပြီး ထိုနှစ်ဦးပြောနေသည်များကို ဆက်နားထောင်လိုက်သည်။
သို့သော်လည်း သူတို့က မတူညီသည့်ခေါင်းစဉ်သို့ ပြောင်းလိုက်ကြတော့သည်။
ရှန်းလင်ကျန်း: “အဲ့လိုဖြစ်လာတာနဲ့ တပည့်တွေအားလုံးက မနာလိုဖြစ်ပြီး တောမီးလိုပျံ့သွားလိမ့်မယ်။ ပြီးရင် ပေရှက ရက်စက်ကြမ်းကြုတ်ပြီး မမျှတဘူးဆိုပြီး ငါတို့ကိုလည်း သူတို့နဲ့ရင်ဆိုင်ဖို့ စစ်ပွဲတစ်ခုစေ့ဆော်နေပါတယ်လို့ ပြောကြလိမ့်မယ်”
ဓားအိမ်တစ်ဝိုက်ရှိ လင်းဖုန်းရှောင်၏လက်က ဖြည်းညှင်းစွာ တင်းကြပ်သွားတော့သည်။
ဓားအိမ်ကို ဆုပ်ကိုင်ထားသည့် သူမ၏လက်ရှိအားကြောင့် သူမ၏လှပသော လက်တစ်စုံက ဖြူဖွေးနေကာ နက်မှောင်တဲ့ငွေမှင်ရောင်အား ဆန့်ကျင်ပြီး ထက်ရှတဲ့ရောင်ဝါတစ်ခု ထုတ်လွှတ်နေသည်။
ဓားအိမ်ပေါ်တွင် ထွင်းထုထားသော စကားလုံးတို့ရှိနေပြီး ထိုသည်က ဓား၏နာမည်ဖြစ်သည်။ လင်ရှုက ထိုသည်အား တစ်ခါကအခွင့်အရေးရ၍ တွေ့ခဲ့ဖူးသည်။
“ထပ်တူပူဆွေးခြင်း”
ထိုနေ့က ရှောင်ရှောင်နှင့်တိုက်ပွဲတွင် သူသည်လည်း ဓားတစ်လက်သုံးခဲ့ဖူးသည်။ သူ့ပုံစံက လင်းဖုန်းရှောင်နှင့် အနည်းငယ်ကွဲပြားကာ သူအသုံးပြုသည့်ဓားက “အပြစ်ကင်းစင်ခြင်း” ဟု ခေါ်တွင်ပေသည်။ ထပ်တူပူဆွေးခြင်းကဲ့သို့ပင် တုနှိုင်းမဲ့သည့် ဓားတစ်လက်ဖြစ်သည်။
သူ၏ဝါးခေါက်သည်တော့ မည်သည့်အချိန်တွင်မှ သူ့လက်ထဲသို့ နောက်ဆုံးတွင် ရောက်လာမည်လဲဆိုသည်အား မသိပေ။
သူ၏ဂိုဏ်အား အမှန်တကယ် ပြန်သွားလိုပါလျှင် သူ့၌ ဓားတစ်လက်ပင်မရှိပါက တကယ်ကို ရှက်စရာကောင်းလှသည်။
ထိုအတွေးနှင့်အတူ လင်းဖုန်းရှောင်ပြောလာသည်အား ကြားလိုက်ရသည်။
“ကျွန်မကို နောက်ထပ် ငါးနှစ်ထပ်ပေး”
“ငါးနှစ်ကြာပြီးရင် ကျွန်မရဲ့ကျင့်ကြံရေးက တိုးတက်လာပြီး နန်ရှရဲ့ အနိုင်ရနိုင်ချေကလည်း မြင့်တက်လာလိမ့်မယ်
“မင်းက ကြီးမားတဲ့ပုံရိပ်ကိုကြည့်ပြီး ကြင်နာတဲ့အကျင့်စရိုက်ရှိတာပဲ”ရှန်းလင်ကျန်းက သက်ပြင်းချလိုက်ကာ အဝေးသို့ကြည့်လိုက်သည် ။
“ဒီနေ့မတိုင်ခင်ထိ လင်းယန်ကို မတွေ့ရသေးဘူး။ ဒီအခြေအနေပေါ်မှာရှိတဲ့ သူ့ရဲ့အမြင်ကိုလည်း မသိဘူး။ အရှင်မင်းသမီးသာ ယောက်ျားလေးတစ်ဦးဆိုရင် ကျုပ်ပိုပြီးတော့ စိတ်ချ ယုံကြည်ထားနိုင်မှာပဲ”
ဒီတစ်ကြိမ်တွင်တော့ သူ့အား ပေါ့ပေါ့ပါးပါး သတိပေးလာသည်က လင်းဖုန်းရှောင်ပင်။
“ဆရာ ကျေးဇူးပြုပြီး ဆရာ့စကားလုံးတွေကို သတိထားပေးပါ”
6
ရှန်းလင်ကျန်းက ဆက်စကားမပြောတော့သလို လင်းဖုန်းရှောင်သည်လည်း အတူတူပင်။
တစ်ခဏကြာပြီးနောက် ယွဲ့ပုဟွမ်က သူ့မျက်လုံးအား ဖြည်းညှင်းစွာ ဖွင့်လိုက်ကာ ပတ်ပတ်လည်ရှိ သစ်ပင်နှင့် ပန်းမာန်တို့က ဖြည်းညှင်းစွာ လှုပ်ရမ်းသွားသည်။
လင်းဖုန်းရှောင်က ရှေ့သို့တိုးကာ “စီနီယာ ဘယ်လိုအခြေအနေရှိသလဲ”
ယွဲ့ပုဟွမ်က ပြတ်ပြတ်သားသားပြောလိုက်သည်။ “အရမ်းကိုညစ်ပတ်တယ်!”
အရမ်းကို ညစ်ပတ်တယ်
ဆိုလိုတာက တကယ်ကြီးကို မိစ္ဆာတွေအများကြီး ရှိနေတာလား။
ပေရှ၏မိစ္ဆာတွေက ကြီးမြတ်တဲ့စုန်းမကြီးရဲ့ “မိစ္ဆာမျိုးစေ့”မှ ဖန်တီးထားတာဖြစ်သည် ။သူတို့အားလုံးအား ကြီးမြတ်သည့်စုန်းမမှ ထိန်းချုပ်ထားသည်သာမက သူတို့ မြင်တွေ့သမျှ ကြားသမျှ အရာအားလုံးဟာလည်း ကြီးမြတ်သည့်စုန်းမထံသို့ လွှဲပြောင်းခံရမည် ဖြစ်သည်။
ယွဲ့ပုဟွမ်၏ တည်ရှိမှုနှင့်ဆိုလျှင် ရှန်းလင်တောင်ထွတ်ပေါ်ရှိ မိစ္ဆာမျိုးစေ့တို့အား စတင်စုံစမ်းတော့မည်ဖြစ်သည်။
သူတို့အားလုံးက အကယ်ဒမီရှိ တပည့်များနေထိုင်ရာ ကျောက်စိမ်းကောင်းကင်တွင် ဖြစ်သည်။
မိစ္ဆာမျိုးစေ့ဆိုသည်က လက်သီးဆုပ်သုံးခုအရွယ်ရှိသည့် လူ့နှလုံးသဏ္ဍာန်ကျောက်တုံးတစ်တုံး ဖြစ်သ။ည် သူတို့တွေက ပိန်းပိတ်အောင် မှောင်မဲသည့် ထုံးဖွဲ့မှုနှင့် ကြက်သွေးရောင်အလင်းအား ထုတ်လွှတ်နေကာ ထူးဆန်းသည့်အပြင်ပန်းပုံသဏ္ဍာန်ရှိသည်။
ကျောက်စိမ်းကောင်းကင်ရှိ တပည့်တွေနေထိုင်သည့် ဝါးတောအုပ်လေးနားတွင် ဆယ့်ခြောက်ခုရှာတွေ့သည်။
ကျင်းဖုန်းရှီးယွီဥယျာဉ်၏ မည့်သည့်နေရာတွင်မှ မတွေ့ရသော်လည်း နောက်တစ်ခုကိုတော့ ကျင်းဖုန်းရှီးယွီဥယျာဉ်အနီးတွင် ရှာတွေ့ခဲ့သည်။
ကျင်းဖုန်းရှီးယွီရှိ မိန်းကလေးတစ်ဦးက ရုပ်ဆိုးသည့်မိစ္ဆာမျိုးစေ့အား တူးထုတ်နေသည်ကို သူမ၏မျက်လုံးများနှင့် တွေ့လိုက်ရပြီး သူမအနီးတွင် မိစ္ဆာမျိုးစေ့အား ရှာတွေ့သွားသည်ဟု တွေးမိပြီး သူမ၏မျက်နှာကဖြူစုတ်သွားကာ သူမလက်ထဲရှိဓားအား ဆုပ်ကိုင်ထားသည်ကို လွှတ်ချလုနီးပါးပင်။
လင်းဖုန်းရှောင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
“ဒီဥယျာဉ်တွေမှာက……အမျိုးသမီးတပည့်တွေ အများကြီးရှိတယ်”
ကျင်းဖုန်းရှီးယွီဥယျာဉ်က ထူးခြားသည့်အခြေအနေတွေနှင့် ယွဲ့မောင်နှမကဲ့ အတူတကွ နေထိုင်လိုသည့် တပည့်များအတွက်ဖြစ်သည် ထိုဥယျာဉ်တွေက လင်ရှု၊ ယွဲ့ရို့ဟယ် ၊ ယွဲ့ရို့ယွင်နှင့် လင်းဖုန်းရှောင်တို့ အမျိုးသမီးနှစ်ဦးကဲ့သို့ သာမန်မဟုတ်ပေ။ ဝါးလုံးစံအိမ်အများစုက ယောက်ျား မိန်းမဟူ၍ သက်ဆိုင်ရာနေထိုင်ရာအား ခွဲခြားထားသည်။ ပြီးနောက် မိစ္ဆာမျိုးစေ့အား ရှာတွေ့သည့်နေရာက အမျိုးသမီးများစုနေထိုင်သည့် နေရာတွင် အများစုဖြစ်သည်။
မဟုတ်ဘူး ထိုတွင်မကပေ။
လင်ရှုက သူ့ရှေ့ရှိ သူမ၏ဓားကိုပင် ဆုပ်ကိုင်မထားနိုင်သည့် ဖြူဖျော့နေသောမိန်းကလေးအား ကြည့်လိုက်သည်။
ထိုဥယျာဉ်တွေက အမျိုးသမီးတွေသာမကပဲ ဥယျာဉ်တစ်ခုချင်းဆီ၌ ဓားတစ်လက်ရှိသည့် အမျိုးသမီးတစ်ဦးဆီရှိကြသည်။
ဓားတစ်လက်နှင့်အမျိုးသမီးတစ်ဦး။
ရုတ်တရက် သူ့နှလုံးသားက ရပ်တန့်သွားကာ သူ့ကျောရိုးတစ်လျှောက်သို့ အေးစက်မှုတစ်ခု ဖြတ်သန်းသွားသည်။
ဓားသခင်စံအိမ်တော်နှင့် ပေရှတို့ကြားတွင် ဆက်နွယ်မှုတစ်ခုရှိမရှိ မသိသော်လည်း သူသိသည်က ပေရှဟာ အမှန်တကယ်ကို <အဆုံးမဲ့တမ်းတခြင်း> အား ရှာဖွေနေတာဖြစ်သည်။
<အဆုံးမဲ့တမ်းတခြင်း>က ဓားသခင်စံအိမ်တော်၏ သိုင်းပညာရပ်ဖြစ်သည် ။
ဝါးခေါက်နှင့် ရှောင်ရှောက်တို့၏ တိုက်ပွဲအား မှတ်တမ်းတင်ပုတီးစေ့ဖြင့် မှတ်တမ်းထင်ထားသည်။ ဖြန့်ဖြူးရောင်းချသည့် ထိုအပိုင်းတွင် သူက ဓားသခင်စံအိမ်တော်၏လှုပ်ရှားမှုမြောက်များစွာအား အသုံးပြုခဲ့သည်။
သူတို့တွေက ဝါးခေါက်ကို ရှာနေတာလား။
လင်ရှုက မလွယ်ကူသကဲ့သို့ ခံစားလိုက်ရကာ သူ့ဘေးရှိ လင်းဖုန်းရှောင်အား ကြည့်လိုက်သည်။
“ဘာမှားနေလို့လဲ” လင်းဖုန်းရှောင်က နူးညံ့စွာမေးလာသည်
လင်ရှုက သူ့ခေါင်းအား ခါလိုက်သည်။
သူတို့တွေက ဝါးခေါက်အား ရှာဖွေနေသည်ဆိုလျှင်ပင် သူ့ကိုတော့ ရှာမတွေ့နိုင်လောက်ပေ။
“ဥယျာဉ်ထဲမှာ ကျွန်မနဲ့အတူ ရှိနေရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး” လင်းဖုန်းရှောင်က ပြောကာ “မကြောက်နဲ့”
လင်ရှု “……ကောင်းပြီ”
သူက ထိုသည်ကို ခိုင်မာစွာယုံကြည်သည်။ ကြီးမြတ်လှသည့်သခင်မလေး ရှိသည့်အချိန်တိုင်း လုံခြုံလိမ့်မည်ဖြစ်သည်။ သူဟာ ကြီးမြတ်လှသည့်သခင်မလေးနှင့် နီးနီးကပ်ကပ်နေနေသည့်အချိန်တိုင်း ယင်တစ်ကောင်ပင် သူ့အား မထိနိုင်ပေ၊
သူဟာ ဂုဏ်ကျက်သရေအတွက် တကယ်ကို ကျဆင်းသွားပြီဖြစ်သည်။
******