Ch 38
Viewers 4k

အပိုင်း(၃၈) မင်းကြိုက်လား?


လင်ရှုနိုးလာသည့်အခါမှာတော့ ကောင်းကင်က လင်းချင်းနေပြီဖြစ်သည်။


အလင်းရောင်က ပြတင်းပေါက်ကနေ ဖြတ်ဝင်လာပြီး လင်းဖုန်ရှောင်၏ပုံရိပ်အား အလင်းပြန်နေပေသည်။ ကြီးမြတ်လှတဲ့သခင်မလေးက တစ်ညလုံးမအိပ်ခဲ့ပဲ ယခုအချိန်တွင် စာအုပ်တစ်အုပ်အား ဖတ်ရှုနေပေသည်။ သူမ၏ခေါင်းက အောက်ဘက်သို့ အနည်းငယ် နိမ့်ထားကာ ဆံချည်မျှင်တချို့က သူမ၏နဖူးပေါ်သို့ ကျဆင်းနေပေသည်။ ထိုအနေအထားက အလွန်ကိုမှ လှပလွန်းသည်။


သူမ၏ဓားကို ဓားအိမ်ထဲမှထုတ်ထားကာ ဘေးဘက်တွင် ချထားသည် ထိုမှသာ အချိန်မရွေး သူမအတွက် တိုက်ခိုက်နိုင်မှာပင်။ 


တဖွဲဖွဲကျဆင်းနေသာ မိုးစက်တို့က ဥယျာဉ်ထဲရှိ ကျယ်ပြေလှသော ကောင်းကင်အလည်တွင် ကြမ်းတမ်းစွာ တည်ရှိနေပေသည်။ ဒီလိုနည်းဖြင့်သာ လှုပ်ရှားမှုရှိလာသည့်အချိန်တိုင်းတွင် လင်းဖုန်းရှောင်ကထိုသည်အား မြန်နိုင်သမျှမြန်မြန် အမှီလိုက်ဖမ်းနိုင်မည်ဖြစ်သည်။ 


သို့သော်လည်း လင်းဖုန်းရှောင်က ဒီနေရာတွင်ရှိနေဆဲဖြစ်ကာ ထို့အတွက်ကြောင့် မနေ့ညတွင် မည်သည့်အရာမှ ဖြစ်မလာခဲ့တာဖြစ်သည်။


လင်ရှုက အိပ်ရာမှထလိုက်ကာ သူ့မျက်လုံးများအား ပွတ်လိုက်သည်


ထို့နောက်တွင်တော့ လင်းဖုန်းရှောင်ပြောလာသည်အား ကြားလိုက်ရသည် : “နိုးလာပြီလား”


လင်ရှု : “အမ်း”


လင်းဖုန်းရှောင်က ပြောလာသည် : “ရှင်က တော်တော်လေးကို အိပ်မောကျခဲ့တာပဲ”


လင်ရှု၏အသိစိတ်က တကယ်ကြီးကို ထိုမျှလောက်ထိ မတိမ်ပေ။ နှစ်ဘဝလုံးရှိ အိပ်နိုင်စွမ်းက အမြဲတမ်းကောင်းမွန်ခဲ့ကာ ဖြစ်ကောင်းဖြစ်နိုင်သည်က သူ့တွင် မည်သည့်စိုးရိမ်စရာမှ မရှိတာကြောင့်လည်း ဖြစ်နိုင်သည်။


သို့သော်လည်း ကြီးမြတ်လှတဲ့သခင်မလေးက တကယ်ကြီးကို သူ့အား တစ်ညလုံး အဖော်ပြုပေးခဲ့ပြီး ဒါက အတော်လေးကို ထူးဆန်းလှသည်။ 


မည်သူက ထင်နိုင်မည်လဲ။ လွန်ခဲ့သည့်တစ်လက သူဟာ ထိုကြီးမြတ်လှတဲ့သခင်မလေးထဲမှ အရေခွံနွှာပစ်မည်ဟု ခြိမ်းခြောက်ခံနေရတာပင်။


အရေခွံနွှာရုံတင်မကပဲ သူ့လျှာကိုပင် ဖြတ်ပစ်ကာ ခွေးကျွေးပစ်မည်ဟုလည်း ပြောသေးသည် ။


ဘဝက တကယ်ကို မတည်မြဲမှုတွေနဲ့ ပြည့်နှက်နေတာပဲ။ 


သူဟာ ဆေးကြောရန် ထလိုက်ကာ ထို့နောက်တွင်တော့ သူ၏ဝတ်ရုံအား ဝတ်ဆင်လိုက်ပြီး ဆံပင်ကိုလည်း စည်းလိုက်သည်။


လင်းဖုန်းရှောင်က သူပြီးစီးသည်အထိစောင့်နေကာ ထို့နောက်တွင်တော့ သူမလက်ထဲရှိ စာအုပ်အား ပိတ်လိုက်ပြီး ဘေးဘက်တွင်ချထားလိုက်သည်။ လင်ရှုက ထိုသည်ဟာ သူ၏”ကျင့်ကြံခြင်းအတွက် အမည်းရောင်မယ်ရီဒန်အား ဆေးကြောခြင်း” ဟူသည့် စာအုပ်ဖြစ်နေတာကို သိလိုက်ရသည်။


ထိုသည်က အဓိပ္ပာယ်ရှိသည် ဖတ်စာအုပ်တွေကလွဲလျှင် သူ့အခန်းထဲရှိ တစ်ခုတည်းသောစာအုပ်တွေထဲက တစ်အုပ်က မယ်ရီဒန်ဆေးကြောခြင်းဖြစ်ကာ ကျန်သည့်နှစ်အုပ်ကတော့ အခြေခံတည်ဆောက်ခြင်းတို့ ဖြစ်သည်။ လင်းဖုန်းရှောင်က သဘာဝကျကျပဲ အခြေခံတည်ဆောက်ခြင်းအား ဖတ်ရှုနေမည် မဟုတ်ပေ။ ပြီးနောက် လင်ရှုသည် ထိုလူ၏အဆင့်က ယွမ်ယင်းသို့ပင် ရောက်နေပြီဟု သံသယရှိသည်။

 

အခြေခံတည်ဆောက်ခြင်း ရွှေအမြုတေ ယွမ်ယင်း ထိုအဆင့်သုံးဆင့်အား ပြီးမြောက်သွားလျှင် မသေမျိုးကျင့်ကြံရေးအတွက် လိုအပ်သည့် အခြေခံအုတ်မြစ်အားလုံးက ချပြီးသွားပြီဟု ပြော၍ရသည် ကျန်ရှိနေသည့် တစ်ခုတည်းသော အရာကတော့ စိတ်ဝိဥာဉ်စွမ်းအင်ကို စုစည်းကာ လုံ့လဝီရိယရှိရှိဖြင့် သိုင်ပညာအား လေ့ကျင့်ရန် ဖြစ်သည်။ စုဆောင်းခြင်ရက လုံလောက်သွားလျှင် ချိုးဖြတ်နိုင်ဖို့မျှော်လင့်နိုင်သည်။


“မနေ့ညက ဘာမှမဖြစ်ခဲ့ဘူး” လင်းဖုန်းရှောင်က ပြောလာသည်။ “ဒီနေ့အတန်းကို ဆိုင်းငံ့ထားတယ်”


လင်ရှုက ကျောက်စိမ်းစည်းတံဆိပ်အား ကြည့်လိုက်ပြီး တကယ်ပဲ အပေါ်ဘက်တွင် ပေါ်နေသော စာတစ်ကြောင်းအား တွေ့လိုက်ရသည်။ 


“ပေရှရဲ့မိစ္ဆာတွေက ရောနှောနေတယ်။ ပြီးတော့လည်း သူတို့တွေရဲ့ဝင်ရောက်လာတဲ့နည်းလမ်းကို အတည်မပြုရသေးဘူး။ တာအိုပညာရှင်အပေါင်းတို့ ဒီနေ့မှာ ကျေးဇူးပြုပြီး ဝါးလုံးဥယျာဉ်မှာပဲနေပြီး ဘယ်ကိုမှ မထွက်ကြပါနဲ့”


ဝါးလုံးဥယျာဉ်၏အပြင်ဘက်၌ ဆူညံသံအချို့ရှိနေပြီး ရန်ကျန်းနှစ်ယောက်ဟာ အခင်းအကျင်းတစ်ခုအား ဖော်ဆောင်နေပေသည်။


လင်းဖုန်းရှောင်က ထိုနေရာအား သူကြည့်နေသည်ကို မြင်လိုက်ပြီး ပြောလိုက်သည် : “မိစ္ဆာတွေက သူစိမ်းတွေနဲ့ကွာခြားတယ်။ အဲတော့ စူးစမ်းဖော်ထုတ်တဲ့ အခင်းအကျင်းကို အသုံးပြုဖို့ လိုအပ်တယ်”


လင်ရှုက ခေါင်းညိတ်လိုက်သည် 


သူဟာ စာပေထဲတွင် ပေရှအကြောင်းအနည်းငယ်အား ဖတ်ရှုခဲ့ဖူးသည်။ သူနေထိုင်ရာ နန်ရှ၌ မသေမျိုးကျင့်ကြံရေးက အဓိကအာရုံစိုက်ရာဖြစ်သည်။ သို့သော်လည်း ပေရှသည်တော့ မိစ္ဆာလမ်းစဉ်ပေါ်တွင် ရပ်တည်ကာ ကဝေအောက်လမ်းအတတ်က တိုင်းပြည်၏ ကိုးကွယ်ယုံကြည်ရာ ဖြစ်သည်။


မသေမျိုးကျင့်ကြံရေးနဲ့ မိစ္ဆာကျင့်ကြံရေးတို့က မူလအစတွင် မတူညီသည့် ကျင့်ကြံရေးလမ်းစဉ်တစ်ခု ဖြစ်သည်။ သို့သော်လည်း သူတို့၏ သိုင်းပညာနှင့် မန္တာန်အပေါ် မြှုပ်နှံထားခြင်းနှင့်စာလျှင် မိစ္ဆာကျင့်ကြံရေးက ပို၍ရက်စက်ပေသည်။ ထို့ကြောင့် နန်ရှရှိလူတို့က ပေရှဟာ မိစ္ဆာအကျင့်နှင့် ရက်စက်သည့် လူတွေနဲ့ပြည့်နှက်နေသည် ကျင့်ကြံသူတွေပင် မကောင်းသည့်သူများဟု မကြာခဏတွေးကြသည်။ 


အကယ်ဒမီ၌ မိစ္ဆာတစ်ကောင် ပေါ်လာသည်ဆိုသည့်အချက်က တကယ်ကိုကိစ္စကြီးတစ်ရပ် ဖြစ်သည်။ တစ်စုံတစ်ယောက်က မိစ္ဆာကျင့်ကြံရေးလမ်းစဉ်အား အကယ်ဒမီထဲသို့ ယူလာပြီး အကယ်ဒမီထဲရှိ ငှက်တွေနှင့် သားရဲတွေအား ကူးစက်စေသည်ဖြစ်စေ ပေရှ၏မိစ္ဆာကျင့်ကြံသူတစ်ဦးက အကယ်ဒမီထဲကို ထိုးဖောက်ဝင်ရောက်လာပြီး တစ်ခုခုကို ကြံစည်နေသည်ဖြစ်စေ စသည်ထဲက မည်သည့်တစ်ခုပင်ဖြစ်နေပါစေ သူတို့တွေက အမှန်တကယ်ကိုပင် မကောင်းမှုပြုမည်ဖြစ်ကာ မည်သူကမှ အကယ်ဒမီဟာ မည်ကဲ့သို့တုံ့ပြန်မည်ကို မသိကြပေ။


လင်ရှုက ဖြစ်နိုင်ချေတွေအား အရူးအမူး တွေးနေမိသော်လည်း ကြီးမြတ်လှတဲ့သခင်မလေးက သူမရဲ့ခေါင်းကို မြှောက်လိုက်ကာ ပြတင်းပေါက်နားရှိသူ့အား မျက်ဝန်းထဲရှိအပြုံးတို့နှင့်အတူ ကြည့်လာသည်။ သူမကမေး လာသည် ။: “ရှင်ထပ်ပြီး ငေးမောနေပြန်တာလား”


သူမ၏ကြောက်စရာကောင်းပုံအား ကျင့်သားရနေခဲ့သော်လည်း ကြီးမြတ်လှသည့်သခင်မလေးက သူ့အား နွေဦးလေညှင်းလေးကဲ့သို့ ကြင်နာစွာဖြင့် ရုတ်တရက် ကြည့်လာသည့်အခါမှာတော့ လင်ရှုအတွက် တုံ့ပြန်နိုင်ရန် အချိန်တစ်ခဏခန့် ယူလိုက်ရသည်။


လင်ရှု : “မိစ္ဆာအကြောင်း တွေးနေတာ”


“ဘာလို့အဲ့အကြောင်းကို တွေးနေတာလဲ။ အဲ့အကြောင်းကိုတွေးတာက ရှင့်ရဲ့စိတ်ကို ညစ်ပတ်စေတာပဲရှိမှာ”ကြီးမြတ်လှသည့်သခင်မလေးက ပြတင်းပေါက်အောက်ရှိ ဝါးကုလားထိုင်မှ ထလာကာ သူ့ဆီသို့ လျှောက်လာတော့သည်။ “ရှင်က ဒီလိုအရာတွေကို အာရုံစိုက်နေစရာမလိုဘူး။ ပုံမှန်အတိုင်းပဲ ပြုမူပြီး ကျွန်မဘေးမှာ နောက်ထပ် ရက်နည်းနည်းလောက် နေလိုက်”


လင်ရှုက သဘောတူသည့်အသံတစ်သံ ပြုလိုက်သည်။

 

ထိုသည်က သူ၏အရင်ဘဝ၌ဆိုလျှင် သဘာဝကျကျပဲ သူ့တွင် မိစ္ဆာများအား စိုးရိမ်စရာ မည်သည့်အကြောင်းမှမရှိပေ။ သို့သော် အခုတွင်တော့ သူ့၌ ကြက်တွေကိုပင် ဖမ်းထားသည့်အင်အားမရှိပေ။ သူ့အားလာရှာရန် မိစ္ဆာတွေ၌ အကြောင်းအရင်း မရှိသော်လည်း တစ်ယောက်တည်းနေသည်ထက် သခင်မလေး၏နောက်သို့ လိုက်ရခြင်းက ပို၍လုံခြုံပေသည်။


ထပ်ပြီးပြောရလျှင် အန္တရာယ်အား ရှောင်ရှားကာ အကျိုးအမြတ်အား ရှာဖွေလိုသည့် သတ္တဝါတွေ၏ ဗီဇပင်ဖြစ်သည်။ 


လင်းဖုန်းရှောင်က မေးလာသည်။


“ရှင်က မနက်တိုင်း ဒီအချိန်ဆို ထလေ့ရှိတာလား။ ဒါပြီးတော့ ဘာဆက်လုပ်လဲ”


လင်ရှုက ပြန်ဖြေလိုက်သည် : “အမြဲတမ်း ဒီအချိန်ဆို ထပြီလေ ပြီးရင် ငါ့ရဲ့မယ်ရီဒန်တွေကို ဆေးကြောဖို့အတွက် စာအုပ်ထဲမှာပြောထားတဲ့ လှည့်ပတ်ခြင်းနည်းလမ်းအတိုင်း လေ့ကျင့်တယ်”


လင်းဖုန်းရှောင်ကပြောလာသည် : “ ဒါဆိုရင်ရှင်က အရမ်းကို လုံ့လဝီရိယရှိတာပဲ”


လင်ရှုက မျက်တောင် ခတ်လိုက်သည်။ 


သူဟာ ကြီးမြတ်လှတဲ့သခင်မလေးက လူကြီးမင်းမုန့်လိုမျိုး အနည်းငယ်ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရသည်။ အတိတ်တွင် နေ့စဉ်နေ့တိုင်း သူဟာ ဒီအချိန်၌ ထလာပါက ကြီးမြတ်လှသည့်သခင်မလေးက ပီအိုနီခြုံပင်တွေ၏အရှေ့တွင် သူမရဲ့ဓားနဲ့ စတင်လေ့ကျင့်နေပြီဖြစ်သည် သူ အိပ်နေစဉ်တွင်တော့ ထိုသခင်မလေးက အမြဲတမ်း သူမ၏အခန်းထဲ၌ မီးဖွင့်ထားလျက်သား မဟုတ်ပါက အဓိကခန်းမဆောင်ထဲတွင် တစ်ခုခုလုပ်နေတတ်သည် အလုပ်ကြိုးစားသည့် ဒီဂရီကတော့ အံ့အားသင့်ဖွယ်ပင် လင်ရှုရာ သခင်မလေးဆီမှ ပျင်းရိတယ်ဟု ဝေဖန်ခံရဖို့ အဆင်သင့်ဖြစ်နေသော်လည်း မည်သူကသိနိုင်မည်လဲ သူက ဝီရိယရှိသည်ဟု ချီးကျူးခံလိုက်ရသည်။ 


ထို့နောက် ထိုကြီးမြတ်လှသည့်သခင်မလေး ပြောလာသည်ကို ကြားလိုက်ရသည် : “ဒီလိုမျိုး ဖြစ်နေစရာမလိုပါဘူး”


လင်ရှု : “..”


သခင်မလေး မင်းက ဘာတွေလုပ်နေတာလဲ?


လူကြီးမင်းမုန့်ပင် လူတွေအား အောက်ခြေစည်းနှင့် စည်းမျဉ်းမရှိပဲ ချီးကျူးပြီးလျှင် လူတွေအား ကောင်းကောင်းလေ့ကျင့်ဖို့ တွန်းအားပေးရဆဲဖြစ်သည်။


သခင်မလေး ဆက်ပြောလာသည်အား ကြားလိုက်ရသည်။ 


“ပြောရရင် ရှင်လေ့ကျင့်တာနဲ့ လေ့မကျင့်တာနဲ့က ရလဒ်အတူတူပဲ မဟုတ်လား”


လင်ရှု : “….”


ဒါဟာ အမှန်တရားဖြစ်သော်လည်း ကြားရတာ သိပ်မကောင်းလှပေ။ အတော်လေး ပြင်းထန်ရက်စက်သကဲ့သို့ ခံစားရပေသည်


သို့သော်လည်း ကြီးမြတ်လှသည့်သခင်မလေး၏ နောက်စာကြောင်းသည်တော့ အတော်လေး ကျေနပ်ဖွယ်ကောင်းလှသည် : ။


“ကျွန်မသာ ဒီမှာဆိုရင် ရှင့်က အခြားသူတွေဆီကနေ အနိုင်ကျင့်ခံရမှာမဟုတ်ဘူး ရှင့်ကိုယ်ရှင် လေ့ကျင့်ဖို့ တွန်းအားပေးနေစရာမလိုပဲ စိတ်တိုင်းကျ ပျော်ပါးနိုင်တယ်”


လင်ရှုက ထိုသည်ဟာ မဖြစ်နိုင်ဟု ခံစားနေရသည်


ထိုသည်ကိုမပြောလျှင်ပင် သူ့၌ ထိုလေ့ကျင့်မှုအား ဆက်လက်လုပ်ဆောင်ရမည့် မျှော်လင့်ချက်အချို့အား ကိုင်ဆောင်ထားဆဲပင် အကယ်ဒမီတစ်ခုလုံး၌ သန်မာတဲ့လေ့လာရေး လေထုရှိပြီး လူတိုင်းနီးပါးက သိုင်းပညာအား ကြိုးကြိုးစားစား သင်ယူနေကြသည်။ သူသာ ရေသာခိုအချိန်ဖြုန်းနေမည်ဆိုလျှင် အနည်းငယ် နှမြောနေမိမှာပင် ။


သူကပြောလိုက်သည် : “ဒါပေမဲ့ လူတိုင်းက ကြိုးစားနေကြတယ်လေ”


“သူတို့တွေ ဘာလုပ်နေလဲဆိုတာကို ဘာတွေဂရုစိုက်နေတာလဲ” ကြီးမြတ်လှတဲ့သခင်မလေးက သူ့အားကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလာသည်။

 

“တကယ်လို့ သူတို့တွေက ကျွန်မကိုအမှီလိုက်နိုင်ဖို့ ကြိုးစားနေတာဆိုရင်တော့ သူတို့ရဲ့အခုလက်ရှိအခြေအနေကနေ တော်တော်လေး ပိုပြီးအားထုတ်ဖို့လိုမှာပဲ စိုးမိတယ်”


လင်ရှုက သူမ၏စကားများကြောင့် ရွှင်မြူးသွားရပြီး သူဟာ တာအိုကျောင်းတော်၏ တပည့်များရဲ့ အိမ်မက်ကြီးများဟာ ချမ်းသာတဲ့ဇနီးလေးရဲ့ထိန်းသိမ်းခြင်းခံထားရသည်ကို အမှတ်ရသွားမိကာ မနေနိုင်ဘဲ ရယ်မောမိတော့သည်။


သူက ကြီးမြတ်လှသည့်သခင်မလေးက သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရပြီး ပို၍နူးညံ့သည့်အသံဖြင့် ပြောလာသည် :။


“ဒီရက်ပိုင်းအတွင်း ရှင်နည်းနည်းလောက်ပိုပြီး ရယ်မောရလောက်တယ်”


ယနေ့၏ကြီးမြတ်လှတဲ့သခင်မလေးက အလွန်အမင်းကို နူးညံ့လွန်းနေကာ ရှုပျော်ဖွယ်ကောင်းနေသည်။ ကြည့်ရသည်မှာ ဆေးမှားစားထားသလိုပင် လင်ရှု၏အရင်ဘဝ၌ အဆောင်တွင်နေတုန်း သူ့အဆောင်ဖော်တွေ၏ ကောင်မလေးများအား ဖုန်းခေါ်နေသည်ကိုကြားလျှင်ပင် သူတို့တွေက ယခုလိုလေသံမျိုး ဘယ်တုန်းကမှမသုံးခဲ့ဖူးပေ ။


သူဟာ တစ်ခဏလောက် တွေးလိုက်ပြီး ငါးပူတင်းလေးက လင်းပိုင်တစ်ကောင်အဖြစ်သို့ ပြောင်းသွားသည်ကို အခွင့်ကောင်းယူကာ အချိန်အကြာကြီးမေးချင်နေခဲ့သည့် မေးခွန်းတစ်ခုအား မေးလိုက်သည်၊ 


“မင်းက ငါ့ကိုဘာလို့ ပျိုးထောင်ပေးချင်ရတာလဲ”


ကြီးမြတ်လှသည့်သခင်မလေးက ပြက်လုံးတစ်ခုအား ကြားလိုက်ရသကဲ့သို့ ပြုမူလိုက်ကာ ပြောလာသည်။


“ကျွန်မသာ ရှင့်ကို မပျိုးထောင်ရင် ကျွန်မက ရှောင်လင်းယန်ကိုသွားပြီး ပျိုးထောင်ပေးရမှာလား”


ဟုတ်တယ်လေ မင်းက ရှောင်လင်းယန်ကို ပျိုးထောင်ရမှာမလား။


လင်ရှုက ဗလာဖြစ်နေသည့်အမူအရာဖြင့် မျက်တောင်ခတ်လိုက်ကာ : “ အဲ့လို ဖြစ်သင့်တယ်လို့ မထင်ဘူးလား”


“ဆွေမျိုးတွေကျ မတူညီတော့ဘူး” ကြီးမြတ်လှတဲ့သခင်မလေးက ပြောလာသည်။ 


“နှစ်နည်းနည်းလောက်ကြာပြီးရင် သူက လူကြီးတစ်ယောက်ဖြစ်လာမှာ သူ့ကို ထပ်ပြီး အုပ်ထိန်းနေစရာမလိုတော့ဘူး။ ဒါပေမဲ့ ရှင်ကတော့ ကျွန်မနဲ့အကြာကြီးနေရမယ်။ အဲတော့ သဘာဝကျကျပဲ ရှင့်ကိုပံ့ပိုးပေးရမှာပေါ့”


သူမက ချက်ကျလက်ကျပြောနေသလို လေသံသည်လည်း လုံးဝကိုပင် အတက်အကျမရှိပေ။ ထုတ်ပြန်တစ်ခုအား လုပ်နေသကဲ့သို့ဖြစ်ပြီး အလွန်ကို ယုံကြည်ချင်စရာကောင်းသည့်အတွက် လင်ရှုပင်လျှင် ယုံကြည်မိလုနီးပါးပင်။


သို့သော်လည်း ဒါက မဖြစ်သင့်ပေ ။


တာအိုပညာကျောင်းတော်၌ ပျိုးထောင်ခံရရန်စောင့်ဆိုင်းနေသည့်သူများစွာ ရှိပေသည် ဘာလို့ ဒီကြီးမြတ်လှတဲ့သခင်မလေးက သူ့ကိုမှ ဘယ်နေရာမှန်းမသိ ဖြစ်သလို ကောက်လိုက်ရတာတုန်း။ သူမရဲ့စကားကို ကြားပြီးနောက်မှ ဒါဟာ ရေရှည်အစီအစဉ်တစ်ခု ဖြစ်နေသည့်ပုံပင်။


ကြီးမြတ်လှတဲ့သခင်မလေးက အရမ်းကိုပြည့်စုံပြီး သိုင်းပညာမှာ အရမ်းကို အရည်အချင်းရှိနေလို့များ သူမရဲ့အကြိုက်က ပြောင်းပြန်ဖြစ်ပြီး သေဖို့ကိုပဲ စောင့်နေရုံတတ်နိုင်တဲ့ ဒီလိုရည်မှန်းချက်မရှိတဲ့ ငါးဆားနယ်လေးတစ်ကောင်ကို စပြီးနှစ်သက်လာတာလား။


ဒါဟာ ကောင်းကင်ကနေ ပိုင်မုန့်ပြုတ်ကျလာတာနှင့် မခြားပေ။ သို့သော်လည်း ဖြစ်နိုင်ချေရှိသည့် ရှုထောင့်မှဆိုလျှင် ဒါဟာ အနည်းငယ်ဖြစ်နိုင်ချေရှိသည်။


သူဟာ ထိုသို့အရူးအမူး တွေးတောနေသည့်အချိန်တွင် လင်းဖုန်းရှောင်၏ ကျောင်စိမ်းစည်းတံဆိပ်က လင်းလာသည်ကို သိလိုက်ရသည်။


ထိုအချိန်တွင် လင်းဖုန်းရှောင်ကပြောလာသည် ။


“ကျွန်မတို့တွေ တောင်အောက်ကိုဆင်းရမယ်”


လင်ရှု : “အမ်”

 

“ပေရှကမိစ္ဆာက အရင်ကနဲ့ ကွဲပြားနေတယ် အခင်းအကျင်းကတောင် ရှာဖွေဖို့ ခက်ခဲနေတယ်” လင်းဖုန်းရှောင်ကပြောလာသည် : ။


“အကြီးပိုင်းအရာရှိက ကျွန်မကို အိမ်မက်ခန်းမဆီသွားပြီး စုံစမ်းစေချင်နေတယ်။ အဲ့ဒီမှာ “ဆယ်ထောင်ချီအစိတ်အပိုင်း”လို့ခေါ်တဲ့ လျှို့ဝှက်လမ်းစဉ်တစ်ခုရှိပြီး အရာအားလုံးကို သိမြင်နိုင်တယ်။ ပြီးတော့ မိစ္ဆာက ဘယ်နေရာမှာ ပုန်းအောင်းနေသလဲဆိုတာကိုပါ ရှာတွေ့နိုင်တယ်။ ယွဲ့ရို့ဟယ်နဲ့ ယွဲ့ရို့ယွင်က သူတို့ရဲ့ချိုးဖြတ်တဲ့အဆင့် မရောက်သေးတော့ ယွဲ့အရှင်ဟောင်းကို ဖိတ်ခေါ်မှရမယ်”


လင်ရှု : “အမ်”


ထို့နောက် လင်းဖုန်းရှောင်က သူမရဲ့မျက်လုံးထဲရှိ ဖျော့တော့သည့်အပြုံးနှင့်အတူ ရုတ်တရက်ကြီး အားအင် တက်ကြွလာကာ 


“တောင်ထွတ်ရဲ့အနောက်ဘက်ကို သွားမယ်။ ကျွန်မ ရှင့်ကို ကျောက်ယဲ့နဲ့ မိတ်ဆက်ပေးမယ်”


တောင်ထွတ်၏အနောက်ဘက်တွင် ဝိဥာဉ်သားရဲမြင်းဇောင်းတစ်ခုရှိပြီး ကျောက်ယဲ့ဆိုသည်က မြင်းတစ်ကောင်ပင်။ 


တောက်ပသည့်နံဘေး ကြွက်သားအပြည့်ကိုယ်ထည်နှင့် ခံညားသော မျက်အိမ်တို့နှင့်အတူ အရေပြားပေါ်တွင် မည်သည့်အစွန်းအထင်းမှမရှိသော နှင်းဖြူရောင် မြင်းတစ်ကောင်ပင်။ အကြည့်တစ်ချက်နှင့်ပင် ထိုသည်က ရှားပါးသော နတ်ဘုရားအဆင့် မြင်းတစ်ကောင်ဖြစ်သည်အား ပြောနိုင်ပေသည်။


ထိုမြင်းက လင်ရှုကို တွေ့သည်နှင့် သူ၏ကြီးမားလှသောခေါင်းကြီးက လှည့်လာကာ အသက်ကင်းမဲ့နေသော အနက်ရောင်မျက်လုံးများက လူအား သိချင်စိတ်အပြည့်ဖြင့် ကြည့်လာသည်။


“ပြောရရင် နင်က ဘယ်သူ့ကို ကပ်နေရမလဲဆိုတာကို သိသားပဲ” ကြီးမြတ်လှသည့်သခင်မလေးက သူမ၏မြင်းပေါ်သို့ ခုန်တက်လိုက်ကာ သူမ၏အနေအထားက ပြောမပြနိုင်စွာဖြင့် ချောမောနေသည်။


ကျောက်ယဲ့က လင်ရှု၏ခန္ဓာကိုယ်အား ဆက်လက်ပွတ်သပ်နေကာ လင်ရှုပုတ်ပေးသည်အား သိသိသာသာကို လိုချင်နေတာပင်။ လင်ရှုက အနည်းငယ် ပြန်ဆုတ်လိုက်သည်။


“သူ့ကို မခြောက်စမ်းနဲ့” ကြီးမြတ်လှတဲ့သခင်မလေးက သူမမြင်း၏ခေါင်းအား ပုတ်လိုက်ကာ ပြောလိုက်သည်။


ကျောက်ယဲ့ကကျယ်လောင်စွာ နှာမှုတ်လိုက်ပြီး ရှေ့သို့ဆက်လုပ်ချင်နေသည့်အတိုင်း ပြုမူနေပေသည်။


လင်ရှုက လင်းဖုန်းရှောင်အား ကြည့်လိုက်သည်။


လင်းဖုန်းရှောင်က မြင်း၏ကျောပေါ်ကနေ သူ့ဆီ လှမ်းလိုက်ကာ “လာခဲ့”


နေရောင်က တစ်ပြေးညီတောက်ပနေကာ တောက်ပမှုက ကြီးမြတ်လှသည့်သခင်မလေးအပေါ်၌ ထွန်းလင်းနေပေသည်။ ထိုသည်က တစ်ခဏလောက်အထိ လူတွေ၏မျက်လုံးအား ကျိန်းစပ်သွားစေသည် ။


လင်ရှုက ကြက်သေ သေသွားပြီး လက်လှမ်းလိုက်သည်။


လင်းဖုန်းရှောင်က သူ့လက်ကောက်ဝတ်အားဆွဲကာ မမြင်နိုင်သည့်အင်အားတစ်ခုဖြင့် သူ့အား ထောက်ပံ့လာသည်။ တစ်ခဏကြာပြီးနောက် သူဟာ မြင်းပေါ်သို့ ခိုင်မြဲစွာ ရောက်ရှိသွားတော့သည်။


လင်းဖုန်းရှောင်က မြင်းကြိုးအား ဖြည်လိုက်ပြီး ကျောက်ယဲ့က အရှေ့သို့ တစ်ဟုန်ထိုး ပြေးထွက်သွားတော့သည် ထိုသည်က အလွန်အမင်းကို လျင်မြန်ပြီး တည်ငြိမ်လှသည်။ ထိုသည်က လူတွေအား တိမ်စိုင်ပေါ်တွင် ထိုင်နေရသကဲ့သို့ ခံစားရအောင် ပြုလုပ်နေပေသည်။ သူတို့ပြေးလွှားနေချိန်၌ မနက်ခင်းလေညှင်းက တိုးဝှေ့ကာ သူတို့၏ဝတ်ရုံလက်များအား ဖြတ်သန်းတို က်ခတ်သွားသည်။ သာယာကြည်နူးဖွယ်ကောင်းသည့် အတွေ့အကြုံတစ်ခုပင်။ 


လေတိုက်နေသည့်အထဲတွင်သူက လင်းဖုန်းရှောင်၏အသံကို သူ၏အနောက်ဘက်ကနေ ကြားနေရသည်။

 6

“ယွဲ့အရှင်ဟောင်းက အသက်ကြီးပြီး နည်းနည်းလေး ရှုပ်ထွေးတတ်တယ်။ သူ့ရဲ့ဒေါသကလည်း ထူးဆန်းပြီး နောက်ကျ သူ့ကိုတွေ့တဲ့အခါ သူ့ကို အများကြီးသိပ်မပြောနဲ့” လင်းဖုန်းရှောင်က ပြောလာသည် “ရှင်က သူ့ကို တစ်ခါ စကားပြောလိုက်တာနဲ့ ယွဲ့မောင်နှမတွေ  ဘယ်လိုမျိုးငြင်းခုန်မလဲဆိုတာကို ဘယ်ကနေ သင်လာတာလဲဆိုတာ နားလည်သွားလိမ့်မယ်”


ငြင်းခုန်ရတာကို အရူးအမူးဖြစ်နေတဲ့သူ ဖြစ်နေတာပဲ။ ပြောရရင် ဘိုးဘေးတွေကသာ ဖြောင့်ဖြောင့်မသွားရင် နောက်မျိုးဆက်ကလည်း ကွေ့ကောက်နေမယ်ဆိုတာပဲ။ 


တောင်လမ်း၏ဘေးနှစ်ဖက်စလုံး၌ တောင်တန်းတွေက သွယ်တန်းနေသည် တိမ်စိုင်နှင့်မြူခိုးတို့ကြား၌ သစ်ပင်တွေနှင့် အနီရောင်မေပယ်လ်တို့က ထွန်းလင်းတောက်ပနေကာ အရောင်အစက်အပြောက်တို့က နက်မှောင်လှသည် ရှေ့သို့ကြည့်လိုက်ပါက ကောင်းကင်ကျယ်ဟာ ဝေးကွာ မြင့်မားလှပြီး အဆုံးမရှိသကဲ့သို့ပင် လင်းရာမောင်နှင့် လှည်းတစ်ခုတည်း၌ စီးရသည်နှင့်ယှဉ်လျှင် ထိုသည်က မတူညီသည့်ခံစားချက်တစ်ခုပင် ။


လင်းဖုန်းရှောင်က ရှေ့သို့မှီချလာကာ မေးလာသည်။ :


“ရှင် ကြိုက်ရဲ့လား”


မြင်း၏ကျောပေါ်၌ စီးနေသောကြောင့် သူမက လင်ရှု၏အနောက်တွင် ထိုင်နေတာဖြစ်သည်။ ဒီတစ်ခေါက် သူမက ထပ်မံပြီးနီးကပ်စွာ မှီလာသည့်အခါမှာတော့ သူမ၏အသံက သာယာပျော်ရွှင်ဖွယ်ကောင်းကာ ခပ်ဖျော့ဖျော့ပန်းရနံ့ဟာလည်း သူ့ဆီသို့ ပျဲ့လွင့်လာပြီး တစ်ယောက်ယောက်အား မူးဝေအောင် လုပ်နေသည်မှာ ပြောစရာမလိုပေ။ သို့သော် လင်ရှုက ယခင်တုန်းက တစ်ယောက်ယောက်နှင့်အတူ ယခုလောက်ထိ တစ်ခါမှ မနီးကပ်ခဲ့ဖူးပေ။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ပရမ်းပတာဖြစ်နေပြီး မည်ကဲ့သို့ အသက်ရှုရမည်ကိုပင် မေ့သွားတော့သည်။ လုံးဝကိုချောက်ချားထိတ်လန့်ဖွယ်ပင်။


မသင့်လျော်ဘူး ။


တစ်စုံတစ်ယောက်အား ပျိုးထောင်ခြင်းက ဓာတ်မတည့်သည့်သတိပေးချက်အားရင်းကာ စိတ်ပိုင်းဆိုင်ရာစမ်းသပ်မှုပါ ပါဝင်သည်လား။


လင်းဖုန်းရှောင်က သူဟာ ကြောက်နေသည်ဟု ထင်လိုက်ပြီး ခပ်လွင်လွင် ရယ်မောလာသည်။ 


“ရှင် ပြုတ်ကျမှာ မဟုတ်ပါဘူး မပူပါနဲ့”


လင်ရှုက သဘောတူသည့်အသံပြုကာ သူ၏အသက်ရှုသံအား တည်ငြိမ်အောင် ကြိုးစားနေသည်။


သို့သော်လည်း လင်းဖုန်းရှောင်၏စိုးရိမ်မှုက ပါးစပ်ဖြင့် နှစ်သိမ့်ပေးသည်နှင့် ရပ်တန့်မသွားပဲ လက်တွေ့ပါ ထည့်သွင်းပြုမူလာသည် သူမရဲ့လက်မောင်းတွေကို လင်ရှု၏ခါးတစ်ဝိုက်၌ ငြင်သာစွာ ပတ်လိုက်ကာ မြင်းပေါ်ရှိသူ၏အနေအထားအား တည်ငြိမ်စေလိုက်သည်။


လင်ရှု : “”


သူဟာ ယခုဆိုလျှင် လှိုင်းဒဏ်ကြောင့် ကမ်းခြေပေါ်၌ တင်နေပြီး သူ့အမြှီးအား တစ်ဖျပ်ဖျပ်ခတ်ကာ အရူးအမူးဖြစ်နေသည့် နှလုံးသားနှင့်အတူ ထိတ်ပျာနေပေသည်။ သူက သူ့ရဲ့အသက်ရှုသံကို ပြင်းပြင်းထန်ထန် ထိန်းညှိလိုက်ပြီး သူ့ခန္ဓာကိုယ်အား ဖြေလျှော့လိုက်ကာ သူ့စိတ်အား တည်ငြိမ်စေလိုက်သည်။


ကျော်လွှားနိုင်တော့မည်အချိန်တွင် မတော်တဆဖြင့် လင်းဖုန်းရှောင်က ထပ်မံမေးလာသည် :။


“ရှင် ပိုကောင်းလာပြီလား”


လင်ရှု၏နှလုံးသားက ခုန်နေပြီး သူ့အသက်ရှုသံတို့ကလည်း ပရမ်းပတာဖြစ်ကာ သူ့ကိုယ်သူတည်ငြိမ်အောင် လုပ်နေသည့် အောင်မြင်မှုက ချက်ချင်းပဲ စွန့်ခွာသွားတော့သည်။


သူဟာ သူ့ရဲ့နေ့ရက်တွေအား ထပ်ပြီးလွယ်ကူစွာ မဖြတ်သန်းစေနိုင်တော့ပေ။ 


စာရေးသူတွင် ပြောစရာရှိတယ် :


ညီအစ်ကိုရှောက် : သေစမ်း သူ့ဇနီးလေးက သတိလစ်သွားပြီ


သူ သတိလစ်သွားတာက ရှင့်ကြောင့်လေ 

******