အပိုင်း (၃၅) ကောင်းကင်ဓား
လင်ရှုဟာ မည်သည့်စကားတစ်လုံးကိုမှ ပြောမနေပဲ သူ့ဓားကိုသာ ရှေ့သို့ဆွဲထုတ်လိုက်သည်။
ရှောင်ရှောက်သည်လည်း သူ့ဓားနှင့် ပြန်လည်ခုခံလိုက်သည်။
ထိုနေ့က ခံစားခဲ့ရသည့် ရှားပါးသည့်ကံကောင်းမှုအား ပြန်လည်ခံစားရင်း လင်ရှုဟာ “မေ့လျော့ခံချို့င့်ဝှမ်း” နည်းစနစ်အား အသုံးပြုလိုက်သည်။ ထိုတိုက်ကွက်၏ ကြီးမားလှတဲ့အင်အားက သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေပြီဖြစ်သည်။
သို့သော်လည်း ရှောင်ရှောက်က “မေ့လျော့ခံချိုင့်ဝှမ်း” အား ရပ်တန့်လိုက်နိုင်ပြီး “မမြင်နိုင်သောတျန်းဟယ်” အား ခုခံနိုင်သည်က လင်ရှုစိတ်ထဲတွင် အချိန်အကြာကြီးအထိ ရှိနေခဲ့သော ဆန်းကြယ်မှုတစ်ခုဖြစ်သည်။
ကံမကောင်းစွာနှင့် လတ်တလောတွင် သူ့၌ ထိုအရာအား အသုံးပြုရန် နည်းလမ်းမရှိပေ။ ပြောရလျှင် အိမ်မက်ကွင်းပြင်က လူလုပ်ကွင်းပြင်တစ်ခုဖြစ်ပြီး တောင့်ခံနိုင်သည့် စိတ်ဝိဥာဉ်ပမာဏသည်လည်း အကန့်အသတ်ရှိသည်။ ထို့ကြောင့် ရိုးရိုးရှင်းရှင်းပင် ထိုကဲ့သို့သော မြင့်မားသည့်စွမ်းအားတုံ့ပြန်မှုကို ခံနိုင်ရည်မရှိသေးပေ။
သူတို့သာထိုကဲ့သို့သော လှုပ်ရှားမှုနှင့် ထပ်မံတိုက်ခိုက်လိုလျှင် လက်တွေ့ဘဝအား ပြန်သွားရန် လိုအပ်ပေသည်။
နောင်တရစွာဖြင့် လက်တွေ့ဘဝတွင် လင်ရှုဟာ တိုက်ခိုက်နိုင်စွမ်းသုညနှင့် ငပျော့ကောင်တစ်ယောက်ဖြစ်နေသည်။
ရှောင်ရှောက်၏ဓားက မြန်သထက် မြန်မြန်လှည့်ပတ်နေပြီး ဓားသွား၏သွားရာလမ်းတစ်လျှောက်တွင် ပတ်လမ်းတစ်ခု ချန်ရစ်ထားခဲ့ကာ လေပွေတစ်ခု ဖန်တီးထားပေသည်။
လင်ရှုက ထိုသူ၏တိုက်ခိုက်မှုအား ခုခံလိုက်ကာ တိုက်ပွဲအကျိုးဆက်အနေနှင့် နှစ်ဖက်စလုံးက ရှေ့တိုးနောက်ဆုတ် တိုက်ခိုက်နေကြသည်။၊ တစ်ခဏလောက်ထိ ကြားနိုင်ရသည့်အသံက ဓားသွားချင်းထိခတ်မှုနှင့် ဓားတွေဆီမှ ထုတ်လွှတ်လိုက်သည့် စွမ်းအင်တွေက လေထုအား ပေါက်ကွဲသွားစေသည်။
နောက်ဆုံးတွင် အသုံးပြုလို့ရနိုင်သည့် အကွက်အားလုံးအား အသုံးပြုပြီးဖြစ်သည်။
ရှောင်ရှောင်က သူ့ဓားအား ခုတ်ပိုင်းလိုက်ချိန်မှာပဲ လင်ရှုက သူ၏ခန္ဓာကိုယ်ကို ပျော့ပျောင်းစွာလှည့်လိုက်ပြီး ဓားစွမ်းအင်တစ်ခုလှည့်ထုတ်လိုက်သည်။ ထိုသည်က “မေ့လျော့ခံချိုင့်ဝှမ်း” ပင်။
သူနှင့် ရှောင်ရှောက်တို့၏ မျက်လုံးတို့ဟာ တစ်စက္ကန့်လောက်စာ တွေ့ဆုံသွားကြတော့သည်။ ထို့နောက် နောက်တစ်ခဏမှာပဲ သူ့နှလုံးသားက ဖမ်းဆုပ်ခံလိုက်ရသလို ဖြစ်သွားကာ အလိုအလျောက်ပင် သူ၏ဘယ်ဘက်လက်အား ဆုပ်ထားလိုက်သည်။ ထို့နောက်တွင်တော့ သူ၏စိတ်ဝိဥာဉ်စွမ်းအားတို့ဟာလည်း တုံ့ပြန်လာတော့သည်။
ပါးစပ်အပြည့် သွေးတစ်လုတ်ကို အန်ထုတ်ပြီးနောက် လင်ရှုဟာ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်လိုက်ရသည်။ ကျေးဇူးတင်စွာဖြင့် သူဟာ “မေ့လျော့ခံချိုင့်ဝှမ်း” အား အပြည့်အဝထုတ်မသုံးရသေးပေ ။
ကောင်းမွန်စွာပြန်ပြီးရပ်လိုက်နိုင်ပြီးနောက် ရှောင်ရှောက်က စကားပြောလာသည်။
“ဒီလိုသာမန်တိုက်ပွဲမှာ ငါမင်းကို အနိုင်မယူနိုင်ဘူး”
လင်ရှု : “ငါရောပဲ”
ထိုဓားသိုင်းတိုက်ပွဲတွင် သူကိုယ်တိုင်နှင့် ရှောင်ရှောက်တို့နှစ်ဦးအကြားတွင် မည်သူက အနိုင်ရမည့်ဘက်မှာလဲဆိုတာကို ပြောဖို့က မဖြစ်နိုင်ပေ ။
“ညနေ ခုနစ်နာရီ ရောင်ပြန်ဟပ်ဂူမှာ မင်းလာနိုင်မလား” ရှောင်ရှောက်က သူ့ဓားအားပြန်သိမ်းရန် ပြင်လိုက်ရင်း မေးလိုက်သည်။
လင်ရှုက ထိုသူ ဘာကိုဆိုလိုသလဲဆိုသည်အား သိသည်။
ဒီလူက သူနှင့်အတူ လက်တွေ့ဘဝတွင် တိုက်ခိုက်ချင်နေတာပင်။
သူ့တွင်သာ ယခင်ဘဝကခန္ဓာကိုယ်ရှိလျှင် သူကသွားမှာပင်။ သို့သော် ယခုတော့ ရွေးချယ်လို့မရနိုင်ပေ ။
သူ့ခေါင်းကို တစ်ခါရမ်းလိုက်ရင်း “မသွားဘူး”
ဓားအား ဓားအိမ်ထဲသို့ ချောချောမွေ့မွေ့ ပြန်သိမ်းနေသည်က ရပ်တန့်သွားပြီး ကျန်ရစ်နေသည့်အပိုင်းက ကျယ်လောင်သည့်ထိခတ်သံနှင့်အတူ မပြေပြစ်စွာနှင့် သိမ်းခံလိုက်ရသည် ။
“နှုတ်ဆက်ပါတယ်”
ချက်ချင်းပင် သူ့ပုံရိပ်ဟာ လင်ရှု၏အရှေ့ကနေ ပျောက်ကွယ်သွားတော့သည်။
ထိုသူက လျင်မြန်စွာထွက်ခွာသွားသည့်အတွက် လင်ရှုပင် အနည်းငယ်စိတ်ရှုပ်သွားပြီး ထို “နှုတ်ဆက်ပါတယ်” ဆိုသည်ကပင် နည်းနည်းလေးဒေါသထွက်နေသည်ဟု ခံစားလိုက်ရသည်။
ထို့နောက်တွင်တော့ ကျောက်တုံးနံရံပေါ်တွင် စာတစ်ကြောင်းထွက်ပေါ်လာသည်။
“ဝါးခေါက်နှင့် ရှောင်ရှောက်တို့ရဲ့ တိုက်ပွဲတွင် ရှောင်ရှောက်က ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်သည့်အတွက် ဝါးခေါက်ဟာ စစ်မှန်သော သိုင်းပညာအဆင့်တွင် အယောက်သုံးဆယ်မြောက်နေရာသို့ ရောက်ရှိသွားပါသည်”
ကျန်သည့်ထိပ်ဆုံးသုံးဆယ်ကလူတွေအားလုံးကိုလည်း ရှောင်ရှောက်က ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်တာလား။
လင်ရှုဟာ သူအလိုရှိသည့်အတိုင်း ထိပ်ဆုံးသုံးဆယ်နေရာသို့ ရောက်ရှိသွားသော်လည်း ထိုအဆင့်အား လက်ခံရချိန်တွင်တော့ သူ့ပါးစပ်ထဲတွင် အနည်းငယ် ချဉ်စူးစူးအရသာက ကျန်ရစ်နေခဲ့သည်။
ယခင်ကဆိုလျှင် ရှောင်ရှောက်က ကောင်းမွန်သည့်အသုံးနှုန်းကိုသာ သုံးတာပင် ။
ဒီအချိန်တွင်တော့ သူတို့တွေက အနည်းငယ်သော ရိုက်ချက်ရာချီကိုသာ ဖလှယ်ခဲ့တာဖြစ်ပြီး ရှောင်ရှောက်ကပြောခဲ့သည်။
“မင်းရဲ့ဓားကို ကောင်းကောင်း သိရှိနိုင်ဖို့ဆိုရင် အဲဒါကို ဘယ်ကိုကိုင်ဆောင်အမိန့်ပေးရမလဲဆိုတာ သိရမယ်”
မင်းရဲ့ဓားအား ကောင်းကောင်း နားလည်နိုင်ဖို့ဆိုလျှင် ထိုစကားလုံးငါးလုံး၏ တန်ဖိုးက တိုင်းတာ၍ပင် မရနိုင်ပေ။
ကမ္ဘာကြီးတွင် သိုင်းပညာကျင့်ကြံသူက မရေမတွက်နိုင်အောင် ရှိသည်။ သို့သော်လည်း စွမ်းအားအကြီးဆုံးသူကသာ အားလုံး၏အသိအမှတ်ပြုခြင်းကို ခံရသည်။ တိုက်ပွဲတစ်ခုတွင် အနိုင်အရှုံးက ရိုးရှင်းသောကိစ္စတစ်ရပ် ဖြစ်သည် ။အဆင့်နေရာအား ဂရုမစိုက်ဘူးဆိုလျှင်သာ ဖြစ်သည်။
တစ်စုံတစ်ယောက်၏ဓားအား မည်ကဲ့သို့အသုံးချရမည်ဆိုသည်ကို သိရှိခြင်းသည် ပြိုင်ဘက်တစ်ယောက်နှင့်ရင်ဆိုင်ရာတွင် အရေးပါလှသည် ။
ရှောင်ရှောက်၏နာမည်က စစ်မှန်သောသိုင်ပညာအဆင့်သတ်မှတ်ချက်တွင် ဝင့်ကြွားစွာတောက်ပနေပြီး တိုက်ပွဲတွင် အနိုင်မယူနိုင်ပေ တခြားသူများ၏ရှေ့တွင် ထိုသည်က တောက်ပပုံပေါ်သော်လည်း ထိုသည်ကကိစ္စမဟုတ်ပေ
မည်သည့်ပြိုင်ဘက်မှမရှိလျှင် ကြီးထွားဖို့နှင့်တိုးတက်ဖို့ အခွင့်အရေးက ပိုနည်းလာလာလေဖြစ်သည်
သို့သော် သူဟာ ရှောင်ရှောက်နှင့် လက်တွေ့တွင် မတိုက်ခိုက်နိုင်ပေ ထို့ကြောင့် ထိုသူ မပျော်မရွှင်ဖြစ်နေသည်မှာ အံ့ဩစရာတော့မဟုတ်ပေ
ဒီလူက အရှုံးကိုဝန်ခံပြီး ထွက်ခွါသွားသလို လင်ရှုသည်လည်း ထိပ်ဆုံးသုံးဆယ်နေရာသို့ ရောက်ရှိသွားပြီဖြစ်သည့်အတွက် သိုင်းပညာကွင်းပြင်တွင် ဆက်နေလည်း အဓိပ္ပာယ်မရှိပေ ထို့ကြောင့် အိမ်မက်ကွင်းပြင်ကနေ ပြန်လာပြီး တောင်ပေါ်၌ သူ့ဓားနှင့်တစ်ခဏလောက် လေ့ကျင့်ဖို့ စီစဉ်ထားလိုက်သည်။
လေ့ကျင့်နေသော်လည်း သူ့စိတ်သည်တော့ သူဟာ ရှောင်ရှောက်အား ဒေါသပုန် ထသွားစေသည့်အချက်အား ဆက်တိုက်စဉ်းစားနေမိသည်။ ထို့ကြောင့် အာရုံထွေပြားစွာဖြင့် ယနေ့အတွက် လုံလုံလောက်လောက် လေ့ကျင့်ပြီးပြီးဟု ဆုံးဖြတ်လိုက်သည်။
လူကြီးမင်းမုန့်က သူ့ဓားကို ရွှေ့လိုက်သည်အား ကြည့်နေပြီး မေးလာသည်။
“ဒီကတာအိုပညာရှင်လေး ဘာလို့ထပ်မလေ့ကျင့်တော့တာတုန်း”
လင်ရှု : “ကျွန်တော် မလေ့ကျင့်ချင်တော့လို့ပါ”
လူကြီးမင်းမုန့်ကပြောလာသည် :
“မင်းစိတ်ထဲမှာ တစ်ခုခုရှိနေလို့လား တာအိုပညာရှင်လေး”
လင်ရှုက စကားမပြောပေ။
လူကြီးမင်းမုန့်က ငြင်သာစွာပြုံးလိုက်ကာ : “တာအိုမိတ်ဆွေလေး မင်းကို အနှောက်အယှက်ပေးနေတဲ့ တစ်ခုခုရှိရင် ဒါမှမဟုတ် ကျင့်ကြံနေတုန်း အခက်အခဲတစ်ခုခုနဲ့ ကြုံတွေ့ရတာမျိုးဆိုရင် ကျုပ်နဲ့ လွတ်လွတ်လပ်လပ်မျှဝေလို့ရပါတယ်”
သူ့တွင် စိတ်အနှောက်အယှက် ပေးနေသည့် မည့်သည့်ကိစ္စရပ်မှမရှိဘဲ လူတစ်ယောက်နှင့် အသေးအမွှား စကားများတာကြောင့်ဖြစ်သည်။ ထိုကဲ့သို့ ပြောလောက်စရာမရှိပေ။ ထုတ်ပြောလိုက်သည်က ပိုလို့ပင် ရယ်စရာကောင်းသည့်ကိစ္စ ဖြစ်သွားလိမ့်မည်။
ကျင့်ကြံရေးကိုပြောရလျှင် တကယ်ပဲ ပြဿနာတချို့ရှိသည် ။
မနေ့ညက ထပ်ခါထပ်ခါမက်ခဲ့သည့် အိမ်မက်များကြောင့် ဖိစီးနေရတာဖြစ်သည်။ ထိုအရာအားလုံးက “မေ့လျော့ခံချိုင့်ဝှမ်း” နှင့် “မမြင်နိုင်သောတျန်းဟယ်” တို့ပင်။
ညလယ်ကြီး နိုးလာပြီးနောက် သူ့ခေါင်းထဲတွင် အကြိမ်ပေါင်းများစွာ ရှိနေသော “မမြင်နိုင်သောတျန်းဟယ်”အား ချိုးဖြတ်လိုက်နိုင်ပြီး မီးဖွင့်လိုက်ကာ ထိုဓားစွမ်းရည်စာအုပ်ထဲမှ တတိယစွမ်းရည်ဖြစ်သည့် “ခြေလှမ်းတစ်ထောင်နံရံ” အား ပြန်လည်စဉ်းစားရန် ယခင်ဘဝက မှတ်ဥာဏ်ကို မှီခိုလိုက်သည်။
ထိုစွမ်းရည်က အလွန်အမင်းခက်ခဲသည်။
သို့သော်လည်း စာရွက်ပေါ်ရှိ ဆွဲချက်များနှင့် ဖော်ပြချက်နှင့်ပင် သူ မည်မျှပင် ကြိုးစားသော်လည်း ထိုစွမ်းရည်အား ပုံမဖော်နိုင်သေးပေ ။
ယခင်ဘဝက သူသည် သူ့ဆရာအား ဒါက ဘာကြောင့်ဖြစ်ရသည်လဲဆိုသည်အား မေးမြန်းဖူးသည် သူ့ဆရာ ပြန်ဖြေသည်က ထိုအကွက်တွေဟာ ကောင်းကင်ဘုံ၏ဆန္ဒနှင့် ချိတ်ဆက်နေပြီး တတ်နိုင်တာမျိုးမဟုတ်ပေ။ ထိုအရာတွေက စွမ်းရည်နှင့် နားလည်နိုင်စွမ်းဖြင့် သင်ယူနိုင်တာမျိုးမဟုတ်ပေ ။
သူက ထိုသည်ကို မယုံကြည်ခဲ့တာ ဖြစ်သည် ။
ဓားရေးဆိုသည်က လေ့ကျင့်ရသည့်အရာဖြစ်သည်။ ကောင်းကင်ဘုံ၏ဆန္ဒက ထိုသည်နှင့် မည်သည့်ကိစ္စမှမရှိသင့်ပေ ။
ဓားသွားကို လှုပ်ရှားရသည့်ဦးတည်ချက်က စိတ်ဝိဥာဉ်စွမ်းအား စီးဆင်းရာဖြစ်သည်။ ထိုကဲ့သို့ ပြောသည်ကမှ သဘာဝကျသည်ပင် ။
သူက လူကြီးမင်းမုန့်အား ပြောလိုက်သည် :။
“ကျွန်တော်က ဓားနည်းဗျူဟာစာအုပ်ထဲက စားသိုင်းပညာကို သင်ယူခဲ့တာ လှုပ်ရှားမှုက ဘယ်လိုအလုပ်လုပ်ရသလဲဆိုတာကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပေမဲ့ သူတို့ကို ထုတ်သုံးလို့မရနိုင်ဘူး”
လူကြီးမင်းမုန့်ကမေးလာသည် : “အဲဒါက အရမ်းကို နက်နဲသိမ်မွေ့တဲ့ နည်းစနစ်လား”
“အဲဒါက အရမ်းကို အဆင့်မြင့်တယ်” သူကပြန်ဖြေလိုက်သည်။ “ဒါပေမဲ့ ဝိဥာဉ်စွမ်းအားက ဘယ်လို အလုပ်လုပ်သလဲဆိုတာကို သိနေပြီးသားဖြစ်ပေမဲ့ ကျွန်တော် အသုံးပြုနိုင်တယ်လို့လည်း ခံစားနေရတယ်”
“ဒါကသာ ဒီလိုမျိုးဆိုရင်….” လူကြီးမင်းမုန့်က အချိန်အကြာကြီး တုံ့ဆိုင်းနေပြီးနောက် မပြောခင်တွင်
“မင်းက သီအိုရီကိုတိတိကျကျ နားလည်ပေမဲ့ မသိနိုင်တဲ့အကြောင်းအရင်းတချို့ကြောင့် ပိတ်ဆို့မှု တစ်ခုနဲ့ကြုံနေရပြီး ရှေ့ဆက်လို့ မရနိုင်တာပေါ့လေ”
လင်ရှု : “ဟုတ်တယ်”
လူကြီးမင်းမုန့်က သူ၏ဝတ်ရုံလက်အား ညှိလိုက်ကာ ဝေးကွာလှသော ကောင်းကင်ဘက်ကို ကြည့်လိုက်ကာ စကားပြောလာချိန်တွင် သူ့အသံကတိုး လျနေပေသည်။
“ဒီကမွဘာမှာ အသုံးပြုလို့မရနိုင်တဲ့ တိုက်ကွက်တချို့ ရှိတယ်”
လင်ရှုက အတော်လေးနားမလည်ပေ ။
လူကြီးမင်းမုန့်က သူ့ရဲ့စိတ်ရှုပ်ထွေးမှုကို မြင်သည့်အချိန်တွင် ပြုံးလိုက်ကာ
“မင်းက ငယ်ရွယ်နေပါသေးတယ်။ ကမ္ဘာကြီးကို အများကြီး မမြင်ဖူးသေးဘူး။ သဘာဝကျကျပဲ ငါပြောတာကို နားမလည်နိုင်ဘူးပေါ့”
လင်ရှု : “ဘာကို ဆိုလိုတာလဲ”
လူကြီးမင်းမုန့်က ငြင်ငြင်သာသာသက်ပြင်းချကာ ပြောလာသည် ။
“အဲဒါက စိတ်အခြေအနေပဲ”
တစ်ခဏခန့်ရပ်တန့်နေပြီးနောက် သူကဆက်ပြောလာသည်။
“မင်း “ဖီးနစ်ဓား” ကို သိသလား”
လင်ရှု : “ကျွန်တော် သိတယ်”
လင်းဖုန်းရှောင်က သူ့ရှေ့၌ လွန်ခဲ့သည့်ရက်အနည်းငယ်တွင် ဖီးနစ်ဓားပုံစံတချို့အား လေ့ကျင့်နေခဲ့သည် ။
လူကြီးမင်းမုန့်က တောင်စွန်းသို့သွားလိုက်ကာ ခပ်ဝေးဝေးသို့တစ်ခါထပ်ကြည့်လိုက်ပြီး ပြောလာသည်။
“ဖီးနစ်ဓားနည်းစနစ်က ကမ္ဘာတစ်ဝှမ်းမှာ ကျော်ကြားပြီး ကျန်းဟူတစ်ခွင်မှာလည်း နာမည်တစ်ခုရှိတယ်။ ပြီးတော့လည်း တချို့နည်းစနစ်တွေဖြစ်တဲ့ “လင်းယွင်ရဲ့နည်းစနစ်ကိုးမျိုး” က အရမ်းကိုထူးခြားပြီး “ကျောက်စိမ်းရေကန်” ကလည်း အရမ်းကိုကျော့ရှင်းတယ်။ “ပျောက်ဆုံးသော်တာဓားသွားဆယ့်တစ်ခု” ဆိုတာက သိမ်မွေ့ပြီး သေစေနိုင်လောက်တယ်….။ နှစ်ပေါင်းရာချီတိုင်အောင် ဘယ်သူကမှ အဲ့ဒီနည်းစနစ်တွေကို မတတ်မြောက်နိုင်ခဲ့ဘူး။ သူတို့ထဲမှာမှ အထူးခြားဆုံးဖြစ်တဲ့ ဓားနည်းစနစ်အတွဲက “အထီကျန်ခြင်း” လို့ခေါ်တယ်”
“ဖီးနစ်အိမ်တော်ရဲ့ဘိုးဘေးတွေက တစ်ခါတုန်းက “အထီးကျန်ခြင်း”ရဲ့ နောက်ဆုံးတိုက်ကွက်ဖြစ်တဲ့ “ကောင်းကင်ဘုံဓား”ကို အသုံးပြုဖူးတယ်။ အဲဒါက လူတစ်ယောက်ရဲ့ခွန်အားက ပြိုင်ဘက်ထောင်သောင်းချီကို ခုခံနိုင်စေတယ်”
လူတစ်ယောက်တည်းက ရန်သူထောင်သောင်းချီကို ခုခံနိုင်စေတယ် ထိုသို့ဆိုလျှင် ထို “ကောင်းကင်ဓား” ပိုင်ဆိုင်သည့် ထိုကဲ့သို့သော စွမ်းအားအား စိတ်ကူးယဉ်ကြည့်ရုံသာ တတ်နိုင်မည်ပင်
သို့သော် လူကြီးမင်းမုန့်၏လေသံက ပြောင်းလဲသွားပြီး
“ဒါပေမဲ့လည်း ဒီ “အထီးကျန်ခြင်း” နည်းစနစ်ကို ပြည့်စုံတဲ့အနေအထားနဲ့ လက်ဆင့်ကမ်းခဲ့ပေမဲ့ နောက်ပိုင်းမျိုးဆက်မှာ ဘယ်သူကမှ မသင်ယူနိုင်ခဲ့ဘူး။ သူတို့ရဲ့ ဖီးနစ်ပေါက်လေး မွေးမလာသေးခင်အထိပေါ့။ ကောင်းကင်ဘုံက ကောင်းချီးပေးထားတဲ့ ဒီလိုပါရမီမျိုးနဲ့တောင် နှစ်ကွက်ကလွဲပြီး ထပ်ပြီးမသင်ယူနိုင်ဘူး”
လူကြီးမင်းမုန့်၏ စကားထဲက “ဖီးနစ်ငယ်လေး”လို့ ရည်ညွှန်းထားသည့်သူက လင်းဖုန်းရှောင်ကို ရည်ညွှန်းတာပင်။
လင်ရှုသည်လည်း လင်းဖုန်းရှောင်၏စွမ်းရည်အား သိသည်။ ထိုသည်က ကမ္ဘာကြီးထဲတွင် ထိုကြီးမြတ်လှသည့်သခင်မလေး အသုံးမပြုနိုင်သည့် တိုက်ကွက်တချို့ တကယ်ပဲရှိသည်။ သူ့အတွက် အတော်လေးစိတ်မကောင်းစရာပင်။
“အကြောင်းအရင်းကတော့ ငါတို့တွေက ဒီစွမ်းရည်တွေ ဘယ်လောက်အင်အားကြီးသလဲဆိုတာကို သိနေပေမဲ့ အဲဒါကို ဘယ်လိုမျိုး ဖန်တီးထားသလဲဆိုတာကို မသိဘူး” လူကြီးမင်းမုန့်က ပေါ့ပေါ့ပါးပါး ဆက်ပြောလာသည်။
“လွန်ခဲ့တဲ့နှစ်နှစ်ရာတုန်းက မြို့တော်ဟောင်းဟာ ပေရှရဲ့ ပုန်ကန်မှုကြောင့် ပျက်စီးသွားခဲ့တယ်။ ဘယ်စိတ်ဝိဥာဉ်မှ မရှိတဲ့နေရာမှာ လင်မိသားစုရဲ့အရှင်က အားနွဲ့တဲ့မိန်းမသားတစ်ဦးပဲ။ လောကဓံနဲ့ လောကြီးရဲ့ဖရိုဖရဲပြောင်းလဲမှုကို တွေ့မြင်ပြီးတဲ့နောက် ဖန်းဟာ ဓားနည်းစနစ်ဖြစ်တဲ့ “အဖော်မဲ့ခြင်း”ကို နားလည်သွားတော့တယ်”
သဘာဝကျစွာပင် ဖီးနစ်အိမ်တော်က ကျန်းဟူတစ်ခွင်၌ အကျော်ကြားဆုံးဂိုဏ်းတစ်ခုဖြစ်သည်။ သို့သော်လည်း လင်ရှုက ထိုဂိုဏ်းဟာ မည်ကဲ့သို့ပေါ်ပေါက်လာသည်လဲ ဆိုသည်အား ဘယ်တုန်းကမှ မကြားဖူးခဲ့ပေ
လူတစ်ယောက်တည်းမှ ယခုလိုဂိုဏ်းကြီးတစ်ခုလုံးအား တည်ထောင်နိုင်သည်မှာ မယုံကြည်နိုငိစရာပင် ။
“နောက်ပိုင်းကျတော့ တော်ဝင်မိသားစုက တောင်ပိုင်းကို ပြောင်းရွှေ့သွားပြီး ပေရှကနေ ပိုင်းခြားလိုက်တော့တယ်။ ကိစ္စတွေက တဖြည်းဖြည်းနဲ့အခြေကျလာပြီး ကွန်ဖြူးရှပ်ဝါဒနဲ့ မသေမျိုးတာအိုလမ်းစဉ်ကလည်း တဖြည်းဖြည်းနဲ့ ပြန်လည်ထူထောင်နိုင်လာတယ်။ အတိတ်ရဲ့သွေးစီးကြောင်းက မြစ်တစ်စင်းလို စီးဆင်းမနေတော့ဘဲ “အထီးကျန်ခြင်း” နည်းစနစ်နဲ့ “ကောင်းကင်ဓား” တိုက်ကွက်ဟာလည်း ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူး”
“တာအိုမိတ်ဆွေလေးပဲ စဉ်းစားကြည့် လူတစ်ယောက်က “ကောင်းကင်ဓား”ကို နားလည်နိုင်ဖို့ ခက်ခဲမှုဘယ်လောက်များများနဲ့ သေခြင်းတရားကို ထပ်ခါထပ်ခါ ကြုံတွေ့ရပြီး တိုင်းပြည်တစ်ခုလုံးရဲ့ အမုန်းတရားဝန်ကို ထမ်းထားရမှာလဲ”
လင်ရှုက စကားမပြောခဲ့ပေ ။
သူဟာ တစ်ခုခုကို နားလည်သွားသည့်ပုံပင် ။
လူကြီးမင်းမုန့်က သက်ပြင်းချလိုက်သည် ။
“ကောင်းကင်ဓား”လို လှုပ်ရှားမှုမျိုးတွေက သက်ဆိုင်တဲ့ စိတ်အခြေအနေမရှိဘဲ ဆန်းကြယ်တဲ့ကံကြမ္မာ အခွင့်အလမ်းသာ မရှိရင် သင်ယူဖို့ ခက်ခဲလိမ့်မယ်။ အဲဒါကြောင့် သူတို့တွေမှာ ပြိုင်ဘက်ကင်းတဲ့ စွမ်းအားမျိုးရှိရင်တောင် လူတစ်ယောက်က သူတို့ရဲ့ဘဝတစ်သက်တာမှာ သင်ယူနိုင်မှာမဟုတ်ဘူး။ ဒီကတာအိုပညာရှင်လေး မင်းနာလည်ပြီလား”
******