Ch 1
Viewers 4k

1 01

အပိုင်း ( ၁ ) 


ထူထပ်လွန်းသော တိမ်မည်းများက မြို့ပေါ်တည့်တည့်တွင် မုန်တိုင်းတစ်ခု၏ အလည်ဗဟိုကို လှည့်ပတ်နေသည့်အလား စုပုံနေခဲ့သည်။ ကောင်းကင်ကို ထက်ခြမ်းခွဲလိုက်သလို လျှပ်စီးကြောင်းတစ်ချက် ပေါ်ထွက်လာပြီး ကမ္ဘာတုန်လောက်သော မိုးခြိမ်းသံကြီးကလည်း ဆက်တိုက် ပေါ်ထွက်လာခဲ့သည်။ 


ဤအခိုက်အတန့်တွင် လူငယ်တစ်စုက အဝေးတစ်နေရာတွင် စုဝေးနေကြပြီး ပေါက်ကရများကို ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြသည်။ 


“ ပြောရင်းမှပဲ ငါ့ရဲ့ အခန်းဖော်အကြောင်း ပြောလိုက်ဦးမယ် လင်ရှု လို့ခေါ်တဲ့ တစ်ယောက်ကွာ ” 


လူငယ်များထဲမှ တစ်ယောက်သည် လျှာကို ကိုက်လိုက်ပြီး 


“ ဒီကောင်ကကွာ နေမကောင်းဘူး ထင်တယ်။ သူ စကားတစ်ခွန်းမှကို ပြောတာ မတွေ့တာ ” 


သူ့ဘေးမှ လူငယ်ကလည်း ဘီယာဘူးကို ဖွင့်ရင်း သဘောတူစွာ ဝင်ပြောလာသည်။ 


“ သူ့ကို အ နေတယ်လို့ ပြောဖို့ကလည်း မြှောက်နေသလို ဖြစ်ဦးမယ်။ လုံးဝကို ဘာအမူအယာမှကို မရှိတာကွာ။ မင်းလည်း ကိုယ့်ဟာကိုယ် နေရာတစ်ခုရှာလိုက်တော့။ သူနဲ့ နေမနေနဲ့။ ငါတော့ ဒီကောင့်ကို မြင်ကို မမြင်ချင်တော့တာ ဖော့ခ် ” 


ပဲ့တင်ထပ်လောက်အောင် ကျယ်လှသော မိုးခြိမ်းသံက နားကွဲလုမတတ်ပင် မိုးခြိမ်းသံမဆုံးခင်မှာပင် ကြီးမားလှသော မိုးစက်မိုးပေါက်တို့ ကျဆင်းလာသည်။ 


သူတို့အားလုံးသည် နားကွဲလုလု အသံကြောင့် ပြတင်းပေါက်သို့ တပြိုင်တည်း လှည့်ကြည့်မိသွားသည်။ 


“ သောက်ကျိုးနည်း ကျယ်လှချည်လားဟ ” 


အစောပိုင်းတွင် ကွန်ပလိန်းတက်နေသော လူငယ်က ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ ထိုလူငယ်၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားပြီး ကြောင်အအ ဖြစ်သွားသည်။ 


“ ဒါ ..... ” 


သူသည် အံ့ဩလွန်း၍ ဘာမှမပြောနိုင်ဖြစ်နေကာ ခဏလောက်ကြာမှ 


“ လောင်စန်း အဲမှာ အဲဒီ မိုးမျှော်တိုက် ထိပ်ဆုံးမှာကြည့်လိုက် အဲတာ ဟိုသောက်ရူးကောင်မလား ” 


လောင်စန်းဟူသည့် လူငယ်သည် သူ၏ အဝေးမှုန်နေသော မျက်လုံးတို့ဖြင့် ပြူးပြဲကြည့်ကာ 


“ အင်း ဟုတ်တယ်ကွ ဒီလောက် မိုးကြီးနေတာကို ဒီကောင် တကယ်ကြီး ရူးနေတာလား? ” 


“ ဒီကောင် ဒီပရက်ရှင် ဝင်နေတာ မဟုတ်ရင်တော့ အော်တဇင် ဖြစ်နေတာပဲ နေမယ်။ ဘယ်ဘက်က ကြည့်ကြည့် ဒီကောင် နော်မယ် မဟုတ်ဘူး ” 


လူငယ်တစ်ယောက်က နှာခေါင်းရှုံ့ရင်း သူများ၏ ကံမကောင်းမှုကို စာနာသလို ပုံမျိုးဖြင့် ပြောလာသည်။ 


“ အယ် လောင်စန်း ကြည့်ဦး အဲဒီကောင် သူ့လက်မောင်းထဲ တစ်ခုခု ပိုက်ထားသလိုပဲရော မင်းမြင်လား? ” 


“ အင်း စိတ်ကျန်းမာရေး မကောင်းတဲ့သူတွေက ဒီတိုင်း ပျော်နေကြတာပါပဲကွာ ဒါနဲ့ မင်းသိလား ဘာ ဟေး အဲဒါကြီးက ဘာလို့ ဓားတစ်ချောင်းနဲ့ တူနေတာလဲ ” 


သူတို့အားလုံး ရှင်းရှင်းလင်းလင်း မမြင်ရသေးခင်မှာပင် သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သော တစ်စုံတစ်ခုက ဖြစ်ပျက်သွားလေသည်။ 


ဗို့အားပြင်းလွန်းလှသော ခရမ်းရောင် မြွေသဏ္ဍာန် လျှပ်စီးကြောင်းကြီး တစ်ခု အမည်းရောင် ကောင်းကင်ထက်တွင် ပေါ်လာပြီး စိတ်တောင် မကူးရဲလောက်သော ရောင်ခြည်များ ဖြာထွက်နေကာ အဝေးရှိ မိုးမျှော်တိုက်ထိပ်မှ လူထံသို့ အရှိန်အဟုန်ဖြင့် ကျဆင်းသွားသည်။ 


အလင်းရောင်က စူးရှလွန်းသောကြောင့် ဤအခိုက်အတန့်တွင် ဘာဖြစ်သွားသည်ကို မည်သူကမှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ကြရပေ။ 


ထိုအဆောက်အဦး၏ အောက်ဘက်တွင် ဖြတ်သွားဖြတ်လာများက မိုးသည်းသည်းထဲတွင် ရပ်ကြည့်နေကြပြီး စိတ်လှုပ်ရှားစွာဖြင့် ဓာတ်ပုံများပင် ရိုက်ယူနေကြသေးသည်။ 


“ မြို့တော် X ရဲ့ မိုးကြိုးမုန်တိုင်းက တကယ့်ကို ကမ္ဘာပျက်ကပ်အတိုင်းပဲ ဘယ် ကျင့်ကြံသူကများ ထာဝရရှင်သန်သူ အဖြစ် ကြွမြန်းတော့မှာများလဲနော် ” 


__ ဤကား သူတို့အားလုံး လင်ရှုကို နောက်ဆုံး မြင်ရသည့် အချိန်ပါပေ။ 


လင်ရှု နိုးလာချိန်တွင် သူသည် တစ်နေရာတွင် လဲအိပ်နေခြင်း ဖြစ်သည်ကို သတိပြုမိသွားသည်။ သူ အလွန်ကို ကြိုးစားပြီးကာမှ မျက်ခွံကို အနည်းငယ် လှုပ်နိုင်ခဲ့သည်။ သို့သော် မည်မျှပင် ကြိုးစားပါစေ။ မျက်ခွံတို့ ပွင့်လာအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ 


“ အရူးလေး နိုးလာပြီ!! ” 


ခပ်လေးလေး အသံတစ်ခုကို ကြားလိုက်ရသည်။ 


သူ၏ ခန္ဓာကိုယ်က ရုတ်ချည်း တောင့်သွားသည်။ သူ၏ မျက်ခွံတို့ကလည်း ထိုက်တောင်ကြီး ဖိခံထားရသလို  လေးလံနေကာ သူ၏ အရိုးအဆစ်များကလည်း တောင့်တင်းကျွတ်ဆပ်နေပြီး သူယခု လုပ်နိုင်တာအားလုံးသည် အသက်ရှူခြင်းသာ ဖြစ်လေသည်။ 


‘ ငါကလေ တကယ်ကြီးကို လူတွေနဲ့ အလက်ဂျစ် ရှိတာပါ တကယ်ပြောတာ ’


သူ သက်ပြင်းချပြီးရင်း ချမိသည်။ လေထုက စိုထိုင်းနေပြီး အတော်ကို ဆိုးရွားသည့် အနံ့မျိုးလည်းရနေသည်။ တစ်စုံတစ်ခု ပုပ်နေသလို မှိုဆွဲနေသလို အနံ့မျိုး ရနေသည်။ 


သူသည် အသက်ပြင်းပြင်းရှူပြီး ချီစွမ်းအားတို့ကို လည်ပတ်ကြည့်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ ချီစွမ်းအင် တစ်စိုးတစ်စိကိုမှ အာရုံမခံမိပေ။ သူ၏ ကျင့်ကြံခြင်း အခြေခံတို့ လုံးဝ မရှိနေခဲ့တော့ပါ။ 


“ မင်း ဘာလို့ မထလာသေးရတာလဲ” 

1 02

ကျယ်လောင်ပြီး ရှင်းလင်းသော အသံကို ဆက်ပြီး ကြားရသည်။ ကြည့်ရသည်မှာ သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီး တစ်ဦး ဖြစ်လောက်သည်။ ထိုအမျိုးသမီးက လက်ကို ဆန့်ထုတ်၍ သူ့ကို ဆွဲထူဖို့ လုပ်နေသည်ထင်သည်။ 


သူ့အနားသို့ ကပ်လာသော လူခန္ဓာကိုယ်၏ အပူငွေ့ကို ခံစားမိသည်။ လင်ရှု၏ အာရုံတို့က ရုတ်ချည်း ပြင်းပြင်းထန်ထန် လှုပ်ရှားရုန်းကန်လာပြီး ရုတ်တရက် မျက်လုံးတို့ဖွင့်နိုင်သွားသည်။ 


သူ မျက်လုံးပွင့်လာသည်ကို မြင်သော အမျိုးသမီးက အံ့အားသင့်စွာ ခုန်လိုက်မိပြီး 


“ အမလေး မြတ်စွာဘုရား ” 


လင်ရှု တောင့်ခနဲ ဖြစ်သွားပြီး သက်မချလိုက်မိသည်။ အနည်းငယ် မူးဝေနသော်လည်း သူ၏ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်သည်။ 


ကုတင်ရှေ့မှ အမျိုးသမီးကြီးက ကြောက်ရွံ့နေပုံပေါ်သည်။ သူမသည် အိုဟောင်းနေသော ရှေးဟောင်းတရုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး သူမ၏  ဆံပင်တို့ကို သစ်သားဘီးတစ်ချောင်းဖြင့် ဘီးဆံပတ်ပတ်ထားသည်။ သူမ၏ ဝတ်ပုံစားပုံက လုံးဝ ခေတ်မဆန်နေပေ။ 


သူသည် ဓနိမိုးထားသော တဲတစ်လုံးအတွင်း ရောက်နေခြင်း ဖြစ်ကာ တဲကလည်း အတော်လေး စုတ်ချာလှသည်။ နံရံတွင် မှိုများ တက်နေပြီး ရှေးခေတ်တွင် ဇာတ်ကားရိုက်ရန် ဤသို့သော စုတ်ပြတ်သတ် မှိုတက်နေသော တဲကို ရှာရန် တစ်စုံတစ်ယောက်အတွက် လွယ်ကူလိမ့်မည် မဟုတ်ပေ။ 


လင်ရှု “ ...... “ 


‘ အော် လူ့လောကကြီးရဲ့ ကြေကွဲစရာတွေပါလား ’ 


သူသည် ကောင်းကင်ဘုံသို့ ကြွမြန်းလိုခြင်းသာ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းတို့က အထွတ်အထိပ်သို့ ရောက်ပြီး ကောင်းကင်ဘုံသို့ ကြွမြန်းရန်လည်း သိပ်မလိုတော့ပေ။ 


ကံမကောင်းစွာဖြင့် အတန်းတက်ပြီး ညနေပိုင်းတွင် ရုတ်တရက်ကြီး ကျင့်ကြံဆင့်တက်သွားသောကြောင့် သူ့မှာ ရွေးချယ်စရာမရှိတော့ဘဲ မြို့နှင့်ဝေးရာ တောင်တစ်တောင်ကို ရှာမည့်အစား တောင်နီးပါး မြင့်သည့် မြို့ထဲမှ အဆောက်အဦးသို့သာ သွားနိုင်ခဲ့သည်။ တောင်နီးပါး မြင့်မှသာလျှင် မိုးကြိုးကပ်ဘေးကြောင့် သာမန်လူများ မထိခိုက်နိုင်မှာပင်။ 


တစ်စုံတစ်ခု မှားယွင်းသွားသည်ဆိုလျှင် သူ ရွေးချယ်လိုက်သော မိုးမျှော်တိုက်တွင် မိုးကြိုးလွှဲများ တပ်ထားခြင်းကိုသာ လက်ညှိုးထိုးပြရပေမည်။ တစ်စုံတစ်ခု မှားနေသည်ကို သတိထားမိသည်နှင့် သူဘေးပတ်ပတ်လည်ကို ကြည့်လိုက်ချိန်တွင် အဆောက်အဦးအမိုးပေါ်၌ မရေမတွက်နိုင်သော မိုးကြိုးလွှဲများ တပ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။ 


ကျင့်ကြံသူတစ်ယောက်၏ နှလုံးသားသည် စင်ကြယ်ပြီး စစ်မှန်ရသည်။ သူ၏ စိတ်ဆန္ဒတို့ကလည်း သန်မာကြံခိုင်ရသည်။ ဤသို့မဟုတ်ပါပဲ ကောင်းကင်ဘုံသို့ ကြွမြန်းရာတွင် ပြင်ပအကူအညီများယူ၍ ကပ်ဘေးကို ရင်ဆိုင်ရန် ရှောင်ပြေးခဲ့ပါလျှင် ချွင်းချက်မရှိ ထိုသူကို ကောင်းကင်ဘုံက သစ္စာဖောက်အဖြစ် သတ်မှတ်ပေလိမ့်မည်။ ပြစ်ဒဏ်လည်း ချမှတ်လိမ့်မည်။ 


ပြစ်ဒဏ်က ကြီးလွန်းလျှင် ထိုကျင့်ကြံသူသည် ဝိဉာဉ်အရိပ်အယောင်လေးပင် မကျန်အောင် ပျက်စီးသွားမည် ဖြစ်ကာ အပြစ်ဒဏ်က ပေါ့လျော့လျှင် ယခု လင်ရှု ကဲ့သို့ ကျင့်ကြံခြင်းကို အစမှ ပြန်စရစေမည်။ 


သူ၏ အဆင့်တက်ရန် ကပ်ဘေးရင်ဆိုင်ရန် နေရာယူချိန်တွင် ထိုအဆောက်အဦးတွင် မိုးကြိုးလွှဲများ တပ်ဆင်ထားသည်ကို သူတကယ်ကြီး မသိခဲ့ကြောင်း ကျိန်ဆိုဝံ့သည်။ 


‘ မော်ဒန် ရူပဗေဒကြီးရေ မင်းကတော့ ငါ့ကို အသေသတ်လိုက်တာပဲကွ ’ 


လင်ရှု ပြန်တွေးပြီး သက်ပြင်းများ ချလိုက်ပြန်ကာ သူ၏ ခန္ဓာကိုယ်ကို အာရုံစိုက်လိုက်သည်။ 


သူ၏ မရီဒျန်များသည် အလွန်တရာကို တောင့်တင်းနေပြီး သူ၏ တန်းထျင်ကလည်း ချီစွမ်းအင်များ မစုစည်းနိုင်တော့ပဲ စိတ်ပျက်စရာ ကောင်းလောက်အောင် ပျက်စီးသွားလေပြီ။ 


ယခု သူ၏ ပါရမီနှင့် အရည်အချင်းက သာမန်လောက်တော့ ရှိသည်ဟု ပြောလျှင်ပင် ကြွားလုံးထုတ်လွန်းရာကျနေပြီ ဖြစ်သည်။ ထာဝရရှင်သန်သူတစ်ပါး ဖြစ်ရန် ကျင့်ကြံနေသည်ဟု ပြောလျှင် သူသည် ငန်းအသားစားချင်သည့် ဖားပြုတ်ကဲ့သို့ ဖြစ်နေပေလိမ့်မည်။ 


သူသာ စာခိုးချ၍ အပြစ်ပေးခံရသည့် ကျောင်းသား တစ်ဦးဆိုလျှင် သူ့အဖြစ်ကား မူကြိုမှ ပြန်စရမည်ဖြစ်သော်လည်း သူ၏ ဖတ်စာအုပ်တို့က သုံးစားမရအောင် စုတ်ပြဲနေသေးသည်။ 


အမျိုးသမီးသည် သူ၏ အသက်မရှိသလို ပုံစံကို ကြည့်၍ သူမ၏ ဒေါသတို့က လွှင့်ပျယ်သွားသည်။ သူမက သက်ပြင်းချလိုက်ပြီး 

1 03

“ဆယ်နှစ်လောက် ရူးနေတာဆိုတော့လည်း .... ကောင်းတာ ဘာမှကို မရှိပါဘား တစ်နေ့လုံး ဟိုပြေးလိုက် ဒီပြေးလိုက် ပြေးလွှားနေတာ မင်း ဒီတစ်ခေါက် ရေနစ်ပြီး သေတော့မလို့၊ နည်းနည်းပါးပါး မှတ်မိအောင် ကြိုးစားထားဦး ” 


ထိုစဉ် အဝေးတစ်နေရာမှ အမျိုးသားတစ်ဦး၏ အော်သံထွက်လာသည်။ အမျိုးသမီးကြီးက “ အိုင်း  ” ဟူ၍ အသံတစ်ချက်ပြုလိုက်ပြီး သူ့ကို စောင်ခြုံပေး၍ အပြင်သို့ ပြန်ထွက်သွားသည်။ 


သူမ၏ လက်တို့က လင်ရှု၏ လည်ပင်းကို ထိမိမလို ဖြစ်သွားရာ သူ့တစ်ကိုယ်လုံး ကြက်သီးများထ၍ တုန်ခနဲ ဖြစ်သွားသည်။ လင်ရှုမှာ အလွန်ကို လန့်သွားပြီး အသက်ရှူရပ်မတတ် ဖြစ်သွားသည်။ ခဏလောက်ကြာမှသာ ပုံမှန်အတိုင်း အသက်ရှူနိုင်သွားတော့သည်။ 


ဤလှုပ်ရှားမှုသည် အမျိုးသမီးကြီး၏ စိတ်ရင်းကောင်းဖြင့် ကြင်နာသော ဂရုစိုက်မှုဖြစ်ကာ ပုံမှန်အထိအတွေ့သာ ဖြစ်သော်လည်း လင်ရှုကိုက မည်သူနှင့်မှ ထိတွေ့ဆက်ဆံမှု မပြုနိုင်ခြင်း ဖြစ်သည်။ စောင်သည် ထူးဆန်းစွာ စိုထိုင်းနေပြီး သံတုံးတစ်တုံး ကဲ့သို့ အေးစက်နေသည်။ 


ဤစောင်ခြုံထားခြင်းထက် မခြုံထားခြင်းကပင် ပို၍ သက်တောင့်သက်သာ ဖြစ်စေသေးသည်။ ဤအေးစက်စက် စောင်ကို ခြုံထား၍’ စောင်ခြုံထားလို့ နွေးသွားလိုက်တာ’ ဟူသည့် ခံစားချက်မျိုးတော့ မရတာ လင်ရှုအတွက် တစ်သောင်းရာခိုင်နှုန်း သေချာသည်။ 


သူသည် အမျိုးသမီးကြီး သူနှင့် လုံးဝ ဝေးကွာသွားသည့် နေရာရောက်သည်ကို စောင့်ပြီး အိပ်ရာထက်မှ ထရန် ကြိုးစားလိုက်သည်။ ထို့နောက် ကုတင်ပေါ်မှ ထ၍ အိုဟောင်းနေသော သစ်သားတံခါးကို တွန်းဖွင့်ကာ အပြင်ဘက်ကို ကြည့်လိုက်သည်။ အပြင်ဘက်တွင် သူ၏ တဲအိမ်ကဲ့သို့ စုတ်ပြတ်သတ်နေသော တဲအိမ်ငယ်များကို နှစ်အိမ်တစ်စု သုံးအိမ်တစ်စု တွေ့လိုက်ရပြီး ကြည့်ရသည်မှာ ရွာတစ်ရွာ ဖြစ်ဟန်တူသည်။ 


သူယခု ရှိနေသော ခြံဝန်းငယ်လေးသည် ရွာပြင်ဘက်နားတွင် တည်ရှိလေသည်။ ရွာ၏ ပတ်ပတ်လည်တွင်တော့ စွန့်ပစ်ထားပုံရသည့် လယ်ကွင်းများ ရှိနေသည်။ ထိုမှ အဝေးဘက်နားတွင် ခဲပုပ်ရောင် မြူများ ဆိုင်းနေပြီး ဘာကိုမှ မမြင်ရပေ။ 


ကောင်းကင်သည်လည်း မနက်စောစော မိုးမသောက်ခင်ကဲ့သို့ ထူးဆန်းစွာဖြင့် မှောင်မိုက်နေသေးသည်။ သို့သော် ရွာထဲမှ လူများကတော့ သွားလာနေကြပြီး မီးဖိုချောင်များမှ မီးခိုးငွေ့များကလည်း သက်ဝင်လှုပ်ရှားနေသေးသည်။ နေဝင်ရီတရောဟု ပြောရခက်အောင် သက်ဝင်လှုပ်ရှားနေခြင်း ဖြစ်သည်။


 ကောင်းကင်သည် မီးခိုးရောင်ရင့်ရင့် ဖြစ်နေပြီး ကြယ်မရှိ လမထွက်ဖြစ်နေသည့်အပြင် နေဝင် နေထွက် အရိပ်အယောင်ဖြစ်သည့် နေရောင်ခြည်တို့ကိုလည်း ရိုးရိုးရိပ်ရိပ်မှ မတွေ့ရပေ။ အလွန်ကို အတိတ်နိမိတ် မကောင်းလှသော တစ္ဆေအရိပ်များ ကခုန်နေသည်ကိုပင် တွေ့နေရသေးသည်။ ခဏလောက်ကြာအောင် ကြည့်ရှုပြီးနောက် လင်ရှု ဘာကိုမှ မတွေးနိုင်တော့ပေ။ 


လင်ရှုသည် ရွာကို ဤထက်ပိုပြီး စစ်ဆေးချင်သော်လည်း ရွာသားတစ်ယောက် သူရှိရာဘက်နားသို့ လျှောက်လာသည်ကို တွေ့လိုက်သည်။ သို့နှင့် သူ၏ အိမ်ပြင်ထွက်၍ ရွာထဲသွားရန် ပြင်နေသည့် ခြေလှမ်းလေး တစ်ဖက်ကို တိတ်တိတ်လေး ပြန်ရုတ်ကာ အိမ်ထဲသို့ ပြန်ဝင်သွားလိုက်ပါတော့သည်။ 


အိမ်ဟု ဆိုရမည်ထက် အခန်းဟုသာ ပြောရမည်။ ပြိုကျမတတ် ဖြစ်နေပြီး စုတ်ပြတ်သတ်နေကာ ပစ္စည်းများကလည်း ဟိုတစ်ပုံ ဒီတစ်ပုံ ဖြစ်နေသေးသည်။ ပရိဘောဂဟူ၍ သူအိပ်နေသော တစ်ယောက်အိပ် ကုတင်လေး တစ်လုံးနှင့် ကုတင်ဘေးမှ စားပွဲလေး တစ်လုံးသာရှိသည်။ မှန်တစ်ချပ်တောင် မရှိသောကြောင့် သူယခု မည်သို့သော ရုပ်ရည်ရှိသည်ကိုပင် မသိနိုင်ပေ။ 


အမျိုးသမီးကြီး၏ စကားတို့ကို ပြန်စဉ်းစားကြည့်လိုက်သည်။ 


“ အရူးလေး ” 


“ ခွေးရူး ” 


သူမ၏ စကားတို့နှင့် အခေါ်အဝေါ်များကို သုံးသပ်ကြည့်လိုက်ပြီးနောက် ဤခန္ဓာကိုယ် ပိုင်ရှင်သည် တကယ့်ကို ကံဆိုးလှသည့် စိတ်ကျန်းမာရေး မကောင်းသည့် ညီငယ်လေး ဖြစ်နေကြောင်း ခန့်မှန်းမိသွားသည်။ ဤခန္ဓာကိုယ်ပိုင်ရှင် ယခု သူ ဖြစ်နေသော လူ၏ ပုံပန်းသွင်ပြင်ကို သူ အလွန်သိချင်နေသော်လည်း မသိနိုင်ပေ။ 


လင်ရှု သူ၏ ကောက်ရိုးပုံလို ရှုပ်ယှက်ခတ်နေသော ဆံပင်ကို ကုတ်လိုက်ကာ အနည်းငယ် မွန်းကြပ်လာသလို ခံစားရသည်။ 


ထိုအချိန်တွင် ခြံဝန်းတံခါး ပွင့်သွားသည့် အသံကို ကြားလိုက်ရသည်။ တံခါးဖွင့်သံနှင့်အတူ ခြေသံများလည်း ပါလာသည်။ ထို့ကြောင့် နောက်လှည့်ကြည့်လိုက်ချိန်တွင် အစောပိုင်းမှ အမျိုးသမီးကြီးသာ ဖြစ်ကြောင်း သိသွားရသည်။ 


အမျိုးသမီးသည် အဖြူရောင် ပန်းကန်လုံးတစ်လုံး ကိုင်ထားသည်။ သူမသည် ယိုင်နဲ့နေသော တံခါးကိုဖွင့်၍ အခန်းအတွင်းသို့ ဝင်လာသည်။ ထို့နောက် သူမအိမ်တွင် မွေးထားသော ခွေးကို ခေါ်သကဲ့သို့ 


“ အရူးလေး စားဖို့ အချိန်ရောက်ပြီ ” 

1 04

သူမ ထိုသို့ အော်ပြီးသည်နှင့် အရူးလေးက သူမဘက်ကို လှည့်လာပြီး သူမကို တည့်တည့် စိုက်ကြည့်လာသည်။ ယခင်တုန်းအတိုင်း သူ၏ မျက်နှာထားက ပုံမှန်လူနှင့် မတူပါသော်လည်း အဘယ့်ကြောင့်မှန်းမသိ ယခုတွင်တော့ တစ်စုံတစ်ခုက ကွဲထွက်နေသလို ခံစားသွားရသည်။ 


အမျိုးသမီးက မျက်မှောင်ကြုတ်လိုက်ပြီး 


“ မင်း ဒီတစ်ခါ ရေထဲ ကျသွားမှ ဘာလို့ အရင်ကထက် ပိုတုံးသွားရတာလဲ ” 


ထိုသို့ ပြောပြီးနောက် သူမသည် ပန်းကန်လုံးကို စားပွဲပေါ်သို့ တင်လိုက်ပြီး လှည့်ထွက်သွားသည်။ ၏


ဤကမ္ဘာပေါ်တွင် တိတ်တိတ်ဆိတ်ဆိတ် နေတတ်သူ များများစားစား မရှိပေ။ အရူးလေးသည် သူမတို့ထဲမှ တစ်ယောက် ဆိုသော်ငြား မည်သူကမှ အရူးတစ်ယောက်နှင့် စကားထိုင်ပြောမှာ မဟုတ်ပေ။ ဤသည်မှာ လင်ရှု အမြဲတမ်း အလိုရှိခဲ့သော အရာသာ ဖြစ်သော်လည်း ဤနည်းနှင့်တော့ မဟုတ်ပေ။ သူသည် မည်သူနှင့်မှ ပြောဆိုဆက်ဆံခြင်း မပြုလုပ်လိုပေ။ သို့သော် သူ့တွင် ရွေးချယ်စရာမရှိပေ။ 


တစ်စုံတစ်ယောက် (သို့) အချို့လူများနှင့် ထိတွေ့ဆက်ဆံ ပြောဆိုမှ ဖြစ်ပေမည် မဟုတ်လျှင် သူ့တစ်ဘဝလုံး အရူးတစ်ယောက်အဖြစ်နှင့် ကုန်ဆုံးသွားရပေလိမ့်မည်။ 


တိတ်ဆိတ်စွာ နေရသည်ကို နှစ်သက်သော်ငြား အရူးတစ်ယောက်တော့ မဖြစ်လိုပေ။ အထူးသဖြင့် မှိုတက်နေသော စောင်ခြုံရပြီး မှိုတက်နေသော ပြိုလုမတတ် အခန်းထဲတွင် နေရသည့် အရူးတစ်ယောက်တော့ ဖြစ်၍ မဖြစ်ပေ။ 


အလွန်ကို ကြိုးစားအားယူပြီးနောက် အမျိုးသမီးကြီး အခန်းထဲမှ ထွက်လုနီးနီး အချိန်တွင် သူ၏ တုန်ယင်နေသော အသံက ထွက်လာခဲ့ပါသည်။ 


“..... ကျေး ကျေးဇူးအများကြီး တင်ပါတယ် ” 


အမျိုးသမီးကြီး “ အိုက်ယားးး ” 


သူမက ရုတ်တရက် ပြန်လှည့်လာပြီး 


“ မင်း မရူးတော့ဘူးပေါ့ ” 


လင်ရှု တောင့်တောင့်ကြီး ခေါင်းညိတ်ပြသည်။ 


အမျိုးသမီးကြီးသည် ပျံတက်လုမတတ် ပျော်သွားဟန်ဖြင့် ကပင် ကမိသွားသည်။ ထို့နောက် သူမသည် တံခါးပေါက်ဘက်သို့ လှည့်လိုက်ပြီး အသံကျယ်ကြီးဖြင့် အော်လိုက်သည်။ 


“ အရူးလေးက မရူးတော့ဘူး ဟေ့ ” 


လူအစုအဝေးလိုက် လျှောက်လာသော ခြေသံများကို ကြားရသည်။ ထို့နောက်တွင် ဖျားနာနေပုံပေါ်သော နွမ်းနယ်၍ အာဟာရချို့တဲ့ပုံပေါ်သော ရွာသားအုပ်စုလိုက်ကြီး သူ့တဲပေါက်သို့ ရောက်လာကာ လူတိုင်းသည် အခန်းထဲသို့ လည်ပင်းရှည်၍ လှမ်းကြည့်ကြသည်။ (တကယ် လည်ပင်းကြီး ရှည်ထွက်သွားတာ မဟုတ်ပါ) 


“ အရူးလေးက မရူးတော့ဘူးလား ” 


“ ငတုံး အရူးလေးက တကယ် မရူးတော့တာလား ” 


လင်ရှု “ ..... ” 


‘ အရူးတစ်ယောက် ပြန်ကောင်းလာတာလေးနဲ့ ဒီလိုမျိုးကြီး စိတ်လှုပ်ရှားပြီး ပျော်နေစရာလိုလို့လားဟ ’ 


အမျိုးသမီးကြီးသည် စားပွဲပေါ်မှ ပန်းကန်ကို ဘေးသို့ ပို့၍ သူ့ဘေးသို့ အရှိန်ဖြင့်ကပ်လာကာ တုန်လည်း တုန်နေသေးသည်။ သူမသည် သူ့လက်ကို ဆွဲ၍ 


“ မင်း မင်း ဘာကိုမှ မမှတ်မိဘူးလား ” 


လင်းရှု “ !!!! ” 


အမျိုးသမီးကြီး၏ ရုတ်တရက် ဆုပ်ကိုင်ခံလိုက်ချိန်တွင် လင်ရှု တစ်ကိုယ်လုံး ရှိသမျှ အမွှေးများ ထောင်ထကုန်ကာ မျက်နှာကလည်း မည်းမှောင်သွားသည်။ ဓာတ်လိုက်ခံလိုက်ရသလိုမျိုး နောက်သို့ ခြေလှမ်းအနည်းငယ်ပင် ဆုတ်မိသွားသည်။ ချက်ချင်း ဝိဉာဉ်လွင့်သွားတော့မလိုပင် ဖြစ်သွားရသည်။ 


မမျှော်လင့်ထားစွာပင် အမျိုးသမီးကြီးက ရုတ်တရက် ဒူးထောက်လာပြီး 


“ မင်း အဒေါ်တို့ကို ကယ်ပါဦး ” 


အမျိုးသမီးကြီး ဒူးထောက်လိုက်သည်ကို ကြည့်ပြီး ရွာသားများ အားလုံးသည်လည်း သူမကဲ့သို့ ဒူးလိုက်ထောက်လေသည်။ ထို့နောက် ခေါင်းငုံ့၍ သံပြိုင်ပြောလာသည်။ 


“ ကျုပ်တို့ကို ကယ်ပေးပါ ” 


လင်ရှု၏ နှုတ်ခမ်းများ တုန်သွားသည်။ သူသည် ရွာသားများကို ဒူးထောက်ရသည့် အကြောင်းအရင်းကို မေးချင်၍ ခက်ခဲစွာ စကားလုံးများကို အသည်းအသန် စဉ်းစားစီစဉ်နေရသည်။ 


သူလောက် ကံဆိုးသည့်သူ ရှိမည်မထင်။ အချိန်အကြာကြီး စကားမပြောခဲ့သော အကျင့်ကြောင့် စကားလုံးအတွဲလိုက် မပြောနိုင်တော့ပေ။ 


သူသည် အချိန်အကြာကြီး စဉ်းစားပြီးနောက် ခက်ခဲစွာ ပါးစပ်ကို ဖွင့်၍ 


“ မင်း တို့ ငါ့ ကို ဘာ လုပ် ပေး စေ ချင် တာ လဲ ? ” 


လူအချို့က ပြောပြရန် ရှေ့တိုးလာပြီး တပြိုင်တည်း အလုအယက် ပြောလာကြသည်။ အထူးသဖြင့် အမျိုးသမီးကြီး၏ အသံက အကျယ်ဆုံး ဖြစ်လေသည်။ ကံကောင်းစွာပင် လင်ရှုသည် သင့်တင့်လျောက်ပတ်စွာ စကားမပြောနိုင်သော်လည်း နားတော့ နားထောင်နိုင်သေးသည်။ ထို့ကြောင့် ရွာသားများ ပြောချင်သည့် အဓိပ္ပာယ်ကို နားလည်ရန် အကောင်းဆုံး ကြိုးစား၍ နားထောင်ခဲ့သည်။ 


လွန်ခဲ့သော ဆယ်နှစ်ခန့်က ရွာသားများသည် အမည်မသိရသော မကောင်းဆိုးဝါးများနှင့် တစ္ဆေများ၏ အမဲလိုက်ခြင်းကို ခံရသည်။ အဆုံးတွင် တစ်ရွာလုံး မျိုးပြုတ်မည့် ကပ်ဘေး တစ်ခု ဖြစ်လာသည့်အထိ အခြေအနေဆိုးသွားခဲ့သည်။  


သို့သော် သူတို့ ရွာအား တာအိုကျင့်ကြံသူတစ်ပါး ဖြတ်သွားခဲ့သည်။ ထို ကျင့်ကြံသူသည် မှော်ပညာကို အသုံးပြု၍ ရွာကို ဆယ်နှစ် ကာကွယ်ပေးခဲ့သည်။ ကပ်ဆိုးကျနေသော ရွာမှ ရွာသားများနှင့် ဤအရူးလေးသည် ထိုတာအိုကျင့်ကြံသူအား ယုံကြည်ခဲ့ကာ ကျေးဇူးအထပ်ထပ် တင်ခဲ့လေသည်။ 

1 05

ရွာသားများက မေးခဲ့သေးသည်။ မှော်ပညာက သူတို့ကို ဆယ်နှစ် ကာကွယ်ပေးမည်။ သို့သော် ဆယ်နှစ် နောက်ပိုင်းတွင် သူတို့ ဘယ်လိုဖြစ်သွားမည်နည်း ။  


တာအိုကျင့်ကြံသူသည် စကားအများကြီးကို ဝေဝေဝါးဝါး ပြောခဲ့သော်လည်း သူ၏ အပြောအဆိုနှင့် စကားလုံးတို့ကား ဗုဓ္ဒ သက်ရှိထင်ရှား ကြွမြန်း၍ ဟောပြောသွားသကဲ့သို့ အထင်ကြီးစဖွယ် ကောင်းလှသည်။ တာအိုကျင့်ကြံသူသည် 


“ ကံတရားကို စောင့်မျှော်ပါ ” 


ဟူ၍ ပြောပြီး အခြားသော ပေါက်ကရ စကားလိမ်များပြောပြီး ပျောက်သွားခဲ့သည်။ 


ယခုတွင် ဆယ်နှစ်ဟူသော အချိန်ကာလသည်လည်း ပြည့်လုလုဖြစ်လာကာ ရွာကို ကာကွယ်ထားသော မှော်စွမ်းအင်တို့ကလည်း ပျောက်ကွယ်လုပြီ ဖြစ်လာပြီး အရူးလေးသည်လည်း မရူးတော့ပေ။ ဤသည်ကမှ သူတို့ တစ်ချိန်လုံး စောင့်မျှော်နေသော ကံတရားမဟုတ်၍ ဘာဖြစ်ပါဦးမည်နည်း။ ရွာသားများသည် မမျှော်လင့်ထားဘဲ ကြားလိုက်ရသော သတင်းကောင်းကြောင့် အပျော်လွန်နေကြသည်မှာ မထူးဆန်းတော့ပေ။ ရုတ်တရက် ရွာမှ အရူးလေးက လူကောင်းတစ်ယောက် ပြန်ဖြစ်လာခြင်းက သူတို့အတွက် ဤအခြေအနေကပ်ဆိုးကြီးမှ ရုန်းထွက်နိုင်မည့် မျှော်လင့်ချက် ဖြစ်နေသည် မဟုတ်ပါလား။  


လင်းရှု ငေးငိုင်သွားမိသည်။ ရွာအပြင်ဘက်ဆီသို့ လှမ်းကြည့်လိုက်သည်။ 


မကောင်းဆိုးဝါး အငွေ့အသက်များနှင့် တစ္ဆေဆန်ဆန် မြူ တို့က လေထု၏ နေရာတိုင်းကို ပိတ်ဆို့ထားသည်။ ဤတစ္ဆေမြူများက အသက်စွမ်းအင်များကို ချုပ်ငြိမ်းသွားစေပြီး ရှင်နေသော အလောင်းကောင်များ (ဇွန်ဘီနှင့်တူ)  နှင့် တစ္ဆေများ ဖြစ်လာစေနိုင်သည့် ဒဏ္ဍာရီ ရှိသည်။ ဤရွာလေးသည် ပင်လယ်ထဲမှ အထီးကျန်ကျွန်းတစ်ကျွန်းနှင့်ပင် တူနေသေးသည်။ 


ပြင်ပကမ္ဘာဆီမှ မည်သည့်သတင်းမှ မကြားရဘဲ ဆယ်နှစ်တာ ဤရွာထဲတွင်ပင် ပိတ်မိနေခဲ့ကြသည်။ ရွာသားများသည် သူတို့၏ ဦးနှောက်များကို မီးတောက်မတတ် အလုပ်ပေးပြီး စဉ်းစားကြပါသော်လည်း ဤနေရာမှ ထွက်နိုင်မည့် နည်းလမ်းတစ်ခုကိုမှ မစဉ်းစားနိုင်ခဲ့ပေ။ 


ထို့အပြင် အကယ်၍ သူသာ ဤကိစ္စကို ဖြေရှင်းနိုင်မည့် တန်ပြန် အစီအစဉ်တစ်ခု မရှာနိုင်ပါက သူသည်လည်း ဤရွာသားများနှင့်အတူ ရွာထဲတွင် ပိတ်မိနေတော့မည် ဖြစ်သည်။ 


သူသည် ကလေးဘဝကတည်းက ထာဝရရှင်သန်သူဖြစ်လာရန် ကျင့်ကြံခဲ့ခြင်းဖြစ်ကာ သူ၏ ပါရမီနှင့် အခြေခံကလည်း ချွင်းချက်မရှိ အကောင်းဆုံး ဖြစ်ခဲ့သည်။ သူသည် ဆယ်နှစ်ကြာ ကျင့်ကြံခဲ့ပြီး အထူးတလှယ် အားစိုက်ထုတ်ရခြင်း မရှိပါဘဲ မဟာယနအဆင့်သို့ လေတိုက်သလို ရောက်ခဲ့သည်။ 


ယခုတွင်တော့ ကောင်းကင်ဥပဒေသ၏ အပြစ်ဒဏ်ကြောင့် ဤသို့သော နေရာမျိုးသို့ နယ်နှင်ဒဏ်ခံလိုက်ရသည်။ သူ့ဘဝသည် ကံဆိုးလွန်းလှသည်။ ထောင်ခြောက်မိသွားရုံသာမက လူများနှင့်ပါ ပြောဆိုဆက်ဆံရဦးမည်။ ဤကား သူ့အတွက် မကြုံစဖူး ကြုံရသော ဘယ်သောအခါမှ မကြုံဖူးချင်သော စွန့်စားခန်း ဖြစ်လေသည်။ 


လင်ရှု တောင့်တောင့်ကြီး ရပ်နေခဲ့သည်။ သက်ပြင်းအခါခါ ချပြီးနောက် စိတ်ဆုံးဖြတ်လိုက်ကာ နောက်ဆုံးတွင် ပြောချင်သော စကားလုံးတို့ကို အစီအရီ စီစဉ်ပြီး ဖွင့်ပြောနိုင်သွားသည်။ 


“ ဓားတစ်ချောင်းလောက် ရနိုင်မလား” 


ရွာသားများအားလုံးက သူ့ကို မော့ကြည့်လိုက်ကြသည်။ မမျှော်လင့်ထားစွာပင် သူတို့အားလုံး၏ ဒူးများက ပျော့ခွေနေကြပြီး သူ့ကို ခယဝပ်တွားကာ ဦးညွတ် အရိုအသေ ပေးကြပြန်သည်။ 


ဤအရူးလေးက သာမန်လူတစ်ယောက်ကဲ့သို့ ဉာဏ်အလင်း ပွင့်လာလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။ 


ထို့အပြင် ဤအရူးလေးသည် မမျှော်လင့်ထားရဲလောက်အောင် တည်ငြိမ်ပြီး လေးနက်နေသေးသည်။


လင်ရှု၏ သွင်ပြင်သည် အလွန် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ယောက်ကဲ့သို့ တည်ကြည်နေသေးရာ ရွာသားများအားလုံးသည် သူ့ကို ကြည့်၍ ဤအတွေးသာ ရှိတော့သည်။ 


‘ ထာဝရရှင်သန်သူ အရှင်သခင်က ငါတို့ကို လှည့်စားသွားတာ မဟုတ်ဘူး ’ 


‘ ကံတရားက တကယ်ဘဲ ငါတို့ကို လာကယ်ပြီ ’ 


******