အခန်း 150 " မသန့်ရှင်းတာ..မရှိလောက်ပါဘူးနော် "
လျူယောင် သူ့လူတွေကိုဦးဆောင်ပြီး ရန်ကောင်းအုပ်စုကနေ ထွက်လာခဲ့သည်။
ကျိုးယန်ကတော့ သူ့လူတွေနဲ့အတူ မြို့တော်မှာ ဆက်နေခဲ့တယ်။ သူက ဂလိုဘဲလ်ကုမ္ပဏီ နဲ့ ရန်ကောင်းအုပ်စု တို့ တရားဝင်စာချုပ် ချုပ်ဆိုဖို့အတွက် နေခဲ့တာပဲ ဖြစ်သည်။
လျူယောင် နေ့ခင်းပိုင်း လေယာဉ်နဲ့ ပြန်လာခဲ့သည်။
.......
ပင်လယ်ထဲမှာတော့....
လိပ်ကြီးဟာ ရေကူးခတ်နေပြီး မာလာကာ ရေလက်ကြားကို တစ်ခါ ထပ်ကျော်ဖြတ်ခဲ့ကာ ရီရှန်းအုပ်စု ပိုင် "ကျန်းနယူး"သင်္ဘောဆီကို ဦးတည်သွားနေသည်။
ထိုနေရာကို ရောက်တော့ လိပ်ကြီးက ရေအောက် မီတာ ၁၀၀ ကနေ ၂၀၀ အကွာမှာ ရှိနေသည်။ မီတာ ၂၀၀ ကနေ ၃၀၀ အကွာကနေ သင်္ဘောပန်ကာမှာ ပတ်နေတဲ့ ငါးဖမ်းပိုက်တွေကို သန့်ရှင်းရေးလုပ်နေတဲ့ လူ ၅ယောက် ၆ ယောက်ကို တိတ်တိတ်ဆိတ်ဆိတ် စောင့်ကြည့်နေခဲ့သည်။
သူ တိတ်တိတ်လေး စောင့်ကြည့်နေရုံပဲရှိပြီး ဘာမှ မလုပ်သေးပေ။
အဲဒီလူတွေဟာ အောက်ဆီဂျင်ဘူးတွေလွယ် ရေငုပ်မျက်မှန်တွေ တပ်ပြီး သင်္ဘောပန်ကာပေါ်က ငါးဖမ်းပိုက်တွေကို တစ်စွန်းတစ်စ သန့်ရှင်းရေး လုပ်နေကြသည်။
ငါးဖမ်းပိုက်တွေက အရမ်းတင်းတင်းကျပ်ကျပ် ရစ်ပတ်ထားတော့ သူတို့အလုပ်က နှေးကွေးနေသည်။
ဒီအချိန်မှာ လူအချို့က ကျောနောက်ပိုင်းကနေ အေးစိမ့်စိမ့် ခံစားလိုက်ရသလို ခံစားနေရသည်။အဝေးကနေ တစ်စုံတစ်ရာက သူတို့ကို စိုက်ကြည့်နေသည့် ခံစားချက်ကိုရလိုက်ကြသည်။ သရဲတစ္ဆေကို မယုံပေမဲ့ ဒီခံစားချက်ကတော့ တကယ်ကို ရှိနေခဲ့သည်။
မိနစ် ၂၀ ကနေ ၃၀ လောက်ကြာတော့ လူအုပ်စုဟာ ကုန်းပတ်ပေါ် ပြန်တက်သွားပြီးနောက်ထပ် လူအုပ်စုတစ်စုက အလုပ်လုပ်ဖို့ ဆင်းလာပြီး ပန်ကာပေါ်က ငါးဖမ်းပိုက်တွေကို ဆက်လက် ရှင်းလင်းကြသည်။
ကုန်းပတ်ပေါ်ရောက်တော့ အောက်ဆီဂျင်ဘူးတွေချ ရေငုပ်မျက်မှန်တွေ ချွတ်ပြီးတဲ့အခါ ထိုလူတွေက သက်ပြင်းရှည်ကြီးချလိုက်သည်။
"မင်းတို့ရော ခံစားမိလား..... ငါ့ရင်ထဲ မကောင်းသလို... လေးလံနေသလို.... ခံစားနေရတယ်...."
"ဟုတ်တယ်....ငါလည်း ဒီလိုမျိုး ခံစားရတယ်...ကျောနောက်ကနေ.... ချမ်းစိမ့်စိမ့်ဖြစ်ပြီး တစ်စုံတစ်ရာက စိုက်ကြည့်နေသလိုပဲ...."
"မသန့်ရှင်းတာ....မရှိလောက်ပါဘူးနော်...."
ဒီလိုပြောရင်း လူအချို့ဟာ ကြက်သီးထပြီး နည်းနည်း ကြောက်သွားကြသည်။
လိပ်ကြီးက ပင်လယ်ထဲမှာ တိတ်တိတ်ဆိတ်ဆိတ် ရှိနေပြီး အဲဒီလူတွေ ငါးဖမ်းပိုက် သန့်ရှင်းရေး လုပ်တာကို တစ်နာရီလောက်ကြာတဲ့အထိ ကြည့်ခဲ့တယ်။ ပြီးမှ သူဟာ တိတ်တိတ်လေး ရေကူးထွက်လာခဲ့သည်။
ဒီလိုဆိုရင် သူတို့ဟာ ငါးဖမ်းပိုက်တွေကို အနည်းဆုံး နောက်နေ့မှပဲ အကုန်သန့်ရှင်းနိုင်လိမ့်မည်။လိပ်ကြီးက မာလာကာရေလက်ကြားတစ်ဝိုက်ကို တစ်ဆက်တည်း ရေကူးပြီး အိန္ဒိယသမုဒ္ဒရာထဲမှာပါ လည်ပတ်ခဲ့သည်။
လိပ်ကြီး နည်းနည်းဆာနေပေသည်။
ဒါဟာ အပူပိုင်းပင်လယ်ဒေသဖြစ်လို့ ပင်လယ်ပြင်က ကျယ်ပြန့်လှသည်။ ပင်လယ်ထဲမှာ အစာတွေက အများကြီးရှိတာမို့ လိပ်ကြီးဗိုက်ပြည့်သွားအောင် စားလိုက်သည်။
တစ်နပ်စာအတွက် အစာ တန် ၂၀ ကျော်လောက်စားခဲ့၏။ ငါးကြီးအချို့အပြင် လိပ်ကြီးက ၁၀ တန် ကျော်ရှိတဲ့ ဝေလငါးမန်းတစ်ကောင်ကိုပါ သတ်လိုက်သည်။
အခုအချိန်မှာတော့ ငါးမန်းဖြူတွေသာ မကဝေလငါးတွေကပါ လိပ်ကြီးရဲ့ အစားအစာထဲမှာ ပါသည်။
တစ်ခါတစ်ရံ ပိုကြီးတဲ့ ဝေလငါးတွေနဲ့ တွေ့ရင် ဗိုက်ပြည့်အောင် စားပြီးသွားတဲ့အခါ အရသာမကောင်းလို့ လိပ်ကြီးက ဒီဝေလငါး တွေကို အစာအဖြစ် သတ်မှတ်လေ့မရှိတော့ပေ။
လိပ်ကြီး၏ လက်ရှိနေရာက ရန်ကောင်းအုပ်စုရဲ့ "ကျန်းနယူး "သင်္ဘောကနေ ရေမိုင် ၂၀၀ ကျော် ဝေးတဲ့နေရာ မှာပဲ ဖြစ်သည်။မျက်စိတစ်ဆုံး မမြင်ရတဲ့ ပင်လယ်ပြင်မှာ သင်္ဘောတစ်စင်းတောင် ရှိမနေပေ။
ဒီနေရာက နိုင်ငံတကာရေလမ်းကြောင်းနဲ့ ဝေးသည်။ ၁၀ ရေမိုင်ကျော်လောက်မှာ လူမနေတဲ့ ကျွန်းတစ်ကျွန်းကို တွေ့ရတာကြောင့် လိပ်ကြီးလျင်လျင်မြန်မြန် ရေကူးသွားခဲ့သည်။
ထိုနေရာက တကယ်ပဲ လူမနေတဲ့ ကျွန်းငယ်လေးတစ်ကျွန်း ဖြစ်ပြီး ဧရိယာမှာလည်း အနည်းဆုံး စတုရန်းကီလိုမီတာ အနည်းငယ် ရှိသည်။ လိပ်ကြီး ကျေနပ်သွားသည်။ သဲသောင်ပြင်ရှည်ကြီး ရှိသလို ဖျံတွေနဲ့ တခြားတိရစ္ဆာန်တွေလည်း အများကြီး ရှိနေသည်။
"ဟေး...အရသာရှိတဲ့ ဖျံတွေ...ငါ့.. အကြိုက်ပဲ...."
လိပ်ကြီး တစ်ခါက ဖျံတစ်ကောင်ကို စားဖူးပြီး အရသာကို မှတ်မိနေသည်။ အရမ်းကို အရသာရှိသည်။ ဒီသဲသောင်ပြင်မှာ ဖျံတွေ အများကြီး ရှိနေမယ်လို့ မထင်ထားခဲ့ပေ။
ကျွန်းပေါ်မှာ သိပ်သည်းတဲ့ အပူပိုင်းမိုးသစ်တောတွေ ရှိပြီး မိုးထိလုနီးပါး သစ်ပင်တွေဟာ အများအားဖြင့် အမြင့် မီတာ ဒါဇင်များစွာ ရှိနေသည်။ လိပ်ကြီး ထိုလူမနေတဲ့ကျွန်းဆီကို ရေကူးသွားခဲ့သည်။
မကြာခင် ကမ်းစပ်ရောက်လာပြီး သဲသောင်ပြင်ကို ဖြတ်ပြီး ကျွန်းပေါ်က ကြီးမားတဲ့ အပူပိုင်းမိုးသစ်တောထဲ တွားသွားလာခဲ့သည်။
သဲသောင်ပြင်ပေါ်က ဖျံရာပေါင်းများစွာဟာ ဒီလို ဧရာမသတ္တဝါကြီး ရုတ်တရက် ပေါ်လာတာကို မြင်တော့ ဖရိုဖရဲ ပြေးလွှားကုန်ကြသည်။
ဖျံအများစုက ပင်လယ်ထဲ ပြေးဝင်သွားကြသည်။ အချို့ကတော့ ထိတ်လန့်ပြီး ကျွန်းပေါ်က အပူပိုင်းမိုးသစ်တောထဲ ပြေးသွားကြသည်။သူတို့ ခဏလောက်ပြေးပြီး လမ်းမှားနေမှန်းသိတော့ ပင်လယ်ထဲကို ပြန်လှည့်ပြေးကြသည်။
လိပ်ကြီး သူတို့ကို ဂရုမစိုက်ပဲ သူ့ဘာသာသူ တွားသွား လာခဲ့သည်။မိနစ်အနည်းငယ်အတွင်း ကျွန်းပေါ်က အပူပိုင်းမိုးသစ်တောထဲ ရောက်လာပြီး ပြန့်ပြူးတဲ့နေရာကို ရှာကာ အိပ်ဖို့ ပြင်ဆင်ခဲ့သည်။
သစ်ပင်တွေကြားကနေ နေရောင်က လိပ်ကြီးကိုယ်ပေါ် ကျရောက်နေခဲ့သည်။ သူဟာ အရမ်းသက်တောင့်သက်သာ ရှိတယ်လို့ ခံစားရပြီး ကျေနပ်စွာ ခါးဆန့်ကာ သက်သောင့်သက်သာ အနေအထားနဲ့ အိပ်ဖို့ ပြင်လိုက်သည်။
"ဟေး...ဒါ... ဘာကြီးလဲ..."
မကြာခင် သူ့ဆီကို မြွေကြီးတစ်ကောင် လာနေတာကို လိပ်ကြီး သတိထားမိသည်။
ထိုမြွေက ဒီတောထဲမှာ အစွမ်းထက်တဲ့ အရှင်သခင် ဖြစ်လိမ့်မည်။ သူစိမ်းတစ်ယောက်ရောက်လာတာကို မြင်တော့ သရုပ်ပြဖို့ အမြန်လာခဲ့တာ ဖြစ်လိမ့်မည်။
လိပ်ကြီး၏ရှေ့ မီတာ ၂-၃ အကွာထိ သူ တွားသွားလာပြီး လျှာထုတ်ကာ လိပ်ကြီးကို ထွက်သွားစေချင်တဲ့ပုံ ပြနေသည်။
လိပ်ကြီး ဂရုပင် မစိုက်ပေ။ အဲဒီ့မတိုင်ခင်က မိုင်တစ်ထောင် နှစ်ထောင်လောက် ရေကူးလာခဲ့ရလို့ သူ လဲလျောင်းပြီး ကောင်းကောင်း အိပ်ချင်နေတာပဲ သိသည်။
"ဟမ်...မသွားဘူးပေါ့...."
မြွေကြီးကတော့ သူ့ကို စိန်ခေါ်ခံရတယ်လို့ ခံစားမိပုံရသည်။ ဘာဖြစ်ဖြစ်ဆိုပြီး ပါးစပ်ကိုဖွင့်ကာ လိပ်ကြီးရဲ့ လည်ပင်းဆီကို ကိုက်ဖို့ ရွယ်လိုက်သည်။
"ဟားဟား...ဒီကောင်လေး.... ငါ့ကို ကိုက်ရဲတယ်ပေါ့....."
"ဒီကောင် သေရဲတာမဟုတ်ရင်... ဦးနှောက်မှာ ပြဿနာရှိနေတာ... ဖြစ်လောက်မယ်..."
လိပ်ကြီးရဲ့ တုံ့ပြန်မှုက ပိုမြန်သည်။ထိုမြွေက လိပ်ကြီးရဲ့ မျက်လုံးထဲမှာ ဖြည်းဖြည်းလေး ရွေ့လျားနေသလိုပါပဲ။အနားရောက်လာတော့ လိပ်ကြီး ရှေ့ခြေတစ်ဖက်ဖြင့် ပေါ့ပေါ့တန်တန် ကန်ပစ်လိုက်သည်။
'ဘွန်း...."
ထိုမြွေကြီးက ရထားနဲ့တိုက်မိသလိုမျိုး ခံစားလိုက်ရကာ အင်မတန် အစွမ်းထက်တဲ့ စွမ်းအားကို ခံစားရပြီး လွင့်ထွက်သွားခဲ့သည်။
မီတာ ၂၀ ကနေ ၃၀ အကွာအဝေးသို့ လွင့်ထွက်သွား မြေပြင်ပေါ်ကို ပြင်းပြင်းထန်ထန် ပြုတ်ကျခဲ့လေသည်။
ဒါ့အပြင် ပန်းကန်လုံးလောက်ထူတဲ့ သစ်ပင်အချို့လည်း ကျိုးသွားပြီး ပန်းတွေနဲ့ အရွက်တွေကတော့ ဧရိယာအများအပြား ပြန့်ကျဲသွားသည်။
မြွေကြီး ကြောက်လန့်သွားပြီး ဒဏ်ရာပြင်းထန်စွာ ရပေမဲ့ တစ်ခဏတာမျှ မနေရဲပဲ ချက်ချင်းဆိုသလို ထွက်ပြေးသွားခဲ့သည်။
လိပ်ကြီး ထွက်ပြေးသွားတဲ့ မြွေကြီးကို မထီမဲ့မြင် ကြည့်လိုက်သည်။ သူ လိုက်ဖမ်းဖို့ စိတ်ကူးမရှိခဲ့ပေ။သက်တောင့်သက်သာ အနေအထားနဲ့ နေရောင်ခြည်အောက်မှာ သူ အိပ်စက်အနားယူ ခဲ့သည်။
လျူယောင် ဟွာဟိုင်းမြို့သို့ ပြန်ရောက်လာခဲ့သည်။
ပြန်ရောက်ပြီး ပထမဆုံးအလုပ်ကတော့ ကုမ္ပဏီကို သွားဖို့ပဲ ဖြစ်သည်။
လျူယောင်ကို လေဆိပ် လာကြိုပြီး ကားစထွက်တဲ့အခါ ချန်းဟူ မေးလိုက်သည်။
"သူဋေး...ဘယ်ကိုသွားချင်လဲခင်ဗျာ..."
"အရင်ဆုံး...ကုမ္ပဏီကို သွားမယ်..."
လျူယောင် ပြန်ဖြေလိုက်သည်။
လျူယောင် ကားထဲမှာ ထိုင်ရင်း တတိယအမြင်နဲ့ ကြည့်လိုက်တော့ ကျွန်းငယ်လေးပေါ်က နေရောင်ခြည်အောက်မှာ လိပ်ကြီး အိပ်နေတာကို မြင်လိုက်ရတာကြောင့် သူ တတိယအမြင်ကို ပိတ်လိုက်သည်။
မကြာခင်မှာပဲ လျူယောင် ရုံးခန်းထဲ ရောက်လာခဲ့သည်။
ပထမဦးဆုံး သူ စားပွဲပေါ်မှာရှိတဲ့ လွန်ခဲ့သည့်ရက်အနည်းငယ်က စာရွက်စာတမ်းတွေနဲ့ အစီရင်ခံစာအချို့ကို ကြည့်လိုက်သည်။ ပြီးတော့ ရီရှန်းအဖွဲ့ ရဲ့ အဓိကရေနံတင်သင်္ဘောတွေအကြောင်း ပါတဲ့အချက်အလက်တွေကို ထုတ်ယူပြီး သူဋေးကုလားထိုင်ပေါ် ထိုင်ကာ အေးအေးဆေးဆေး ဖတ်ရှု့လိုက်သည်။
' .ငါ ..သူတို့ရဲ့.... သင်္ဘောကြီးသုံးစင်းပြဿနာဖြစ်အောင်.... လုပ်ခိုင်းထားတာ... လိပ်ကြီးကို ဆက်လုပ်ခိုင်းရမလား..... '