Ch 141
Viewers 5k

အခန်း  141" ကြီးမားသော လုပ်ငန်း"



ယမ်ကန်း နောက်ထပ်ပြောလိုက်သည့် စကားက လူတိုင်းကို အံ့အားသင့်စေခဲ့သည်။


ဟွမ်ကွမ်း အလုပ်ထွက်လိုက်ပြီး ကုမ္ပဏီတစ်ခုလုံးက သူ့ကို နူတ်ဆက်ပွဲ ကျင်းပပေးခဲ့သည်။


ထိုကဲ့သို့ ဓလေ့တစ်ခု အရင်က ရှိဖူးပုံမရပေ။



အံ့ဩနေကြသည့် လူအများအပြားက  ဟွမ်ကွမ်းကို မနာလိုစွာ ကြည့်လိုက်ကြပြီး စိတ်ထိတ်က ရေရွတ်မိလိုက်သည်။


“ဟေ့လူ...မင်းက...ဓလေ့တစ်ခုကို.. ဖန်တီးလိုက်တာပဲ.....အရမ်းတော်တယ်..”


....


 လိပ်ကြီးနဲ့  ပူးပေါင်း၍ ပင်လယ်ကြမ်းပြင်အောက်တွင် လျူယောင် အလုပ်လုပ်နေသည်။


နစ်မြုပ်နေသည့် သင်္ဘောထဲမှ ပစ္စည်းများကို ခြင်းတောင်းများဖြင့် ထုတ်ယူခဲ့သည်။


အများစုမှာ အမျိုးမျိုးသော  နေ့စဉ်သုံး ကြွေထည်များဖြစ်သည့် ပန်းကန်များ၊ အိုးများ၊ အိုးငယ်များစသဖြင့် ပါသည်။


လုပ်ဆောင်ရတာက များလှသည်။


လျူယောင်  ပင်ပန်းတယ်လို့ မခံစားရသော်လည်း အမြဲတမ်း စွမ်းအင်ပြည့်ဝနေသည်။


နောက်ထပ် နှစ်ရက်ကြာ အလုပ်လုပ်ပြီးနောက် သင်္ဘောထဲတွင် နောက်ဆုံးတော့ ဗလာဖြစ်သွားခဲ့သည်။အတွင်းတွင် ဘာမျှမရှိ ကြွေပန်းကန်ကွဲတစ်ချပ်ပင် မရှိပေ။


တန်ဖိုးရှိသည့် အရာအားလုံးကို ခြင်းတောင်းများထဲတွင် ထုပ်ပိုးလိုက်သည်။လိပ်ကြီးက ယင်းတို့ကို ပင်လယ်ဘေးရှိ ဂိုဒေါင်သို့ သယ်ယူပို့ဆောင်ခဲ့သည်။


“အင်း....ရှင်းသွားပြီ... ဘာမှမရှိတော့ဘူး...”


လျူယောင် နစ်မြုပ်နေသည့် သင်္ဘောထဲသို့ ထပ်မံ၍ ရေကူးဝင်ပြီး စစ်ဆေးလိုက်သည်။ ဘာမျှမတွေ့သည့်အခါ ရေထဲမှ ထွက်လာပြီး အမြန်ရေယာဉ်ကို မောင်း၍ ဟိုတယ်သို့ ပြန်လာခဲ့သည်။

……


ဟွာဟိုင်းယဉ်ကျေးမှု့ကုမ္ပဏီ…


လွန်ခဲ့သည့် နှစ်ရက်က တင်းဝိန်နဲ့ သူ့ လက် အောက်ငယ်သားများမှာ အလွန်အလုပ် များခဲ့ရသည်။ ကြွေထည် ၂၀,၀၀၀ ကျော်နှင့် ရွှေ ၁၀၀ ကျော်ကို ကျွမ်းကျင်စွာ သန့်ရှင်းရေးလုပ်ခြင်းအမျိုးအစားခွဲခြင်းနဲ့ စာရင်းသွင်းခြင်းများ ပြုလုပ်ခဲ့သည်။


“သူဋေး...ကျွန်တော်တို့ရဲ့..ပြခန်းက...ပြည့်သွားပြီ...ဂိုဒေါင်ထဲမှာလည်း...ပစ္စည်းထောင်ချီကျန်သေးတယ်...ထားစရာနေရာက...မရှိတော့ဘူး...”


ဟွာဟိုင်းယဉ်ကျေးမှု့ပြခန်းမှာ အလွန်ကြီးမားပေသည်။


တစ်နေ့တွင် ထိုကဲ့သို့သော ပြခန်းကြီးတစ်ခု ပြည့်သွားမည်လို့ တင်းဝိန် မည်သည့်အခါမှ မတွေးဖူးပေ။


ထိုနေ့က ကုမ္ပဏီတည်ထောင်ပြီးနောက် ရက်အနည်းငယ်အကြာတွင် ရောက်ရှိလာခဲ့သည်။


‘အစ်ကိုယောင်က... အံ့ဩစရာပဲ...သူ... ဘယ်ကနေ.... ဒီလောက်များတဲ့...ပစ္စည်းတွေကို...ရလာလဲ... မသိဘူး....အံ့ဩစရာပဲ...တကယ့်ကို...အံ့ဩစရာပဲ....’


တင်းဝိန် လေးစားမှု့အပြည့်နဲ့ ပြခန်းသို့ ကိုယ်တိုင်သွား၍ ကြည့်လိုက်ပြီး  စိတ်ထဲတွင် အတွေးများ ပေါ်လာသည်မှာ


“ငါ...... ချန်နယ်တွေကို....အသုံးပြုပြီး ကြော်ငြာတစ်ခု.... လုပ်ရမယ်....ဒါမှ...ဒီနယ်ပယ်က....လူများ...လာရောက်ကြည့်ရှုနိုင်မည်...” ဟူ၍ပင် ဖြစ်သည်။


ရှေးဟောင်းကြွေထည်များကို နှစ်သက်သူများ လာရောက်ကြည့်ရှုပြီးနောက် ကြိုက်နှစ်သက်တဲ့အရာ ကို ဝယ်ဖို့ ငွေပေးချေရန်မှာ သေချာသည်။ ၎င်းသည် ဟွာဟိုင်းယဉ်ကျေးမှု့ကုမ္ပဏီအတွက် ဝင်ငွေကောင်းတစ်ခု ဖြစ်လာပေလိမ့်မည်။


ထို့အပြင် တင်းဝိန်မှာအရည်အသွေးမြင့်မားသည့် စုန်မင်းဆက်ကြွေထည်များနှင့် စုန်မင်းဆက် ရွှေထည်အချို့ကို ရွေးချယ်ပြီး လေလံပွဲတစ်ခု ကျင်းပရန်လည်း စီစဉ်ထားသည်။


ထိုလေလံပွဲမှတစ်ဆင့် ဟွာဟိုင်းယဉ်ကျေးမှု့၏ နာမည်မှာ စုဆောင်းရေးအသိုင်းအဝိုင်းတွင် လုံးဝ ထွက်ပေါ်လာပေလိမ့်မည်။


ဤအရာများကို တွေးနေစဉ် တင်းဝိန်၏ ဖုန်းက မြည်လာခဲ့သည်။


“....အစ်ကိုယောင်... "


လျူယောင် မေးလိုက်သည်။


“ပထမဆုံး...တစ်သုတ်....ပစ္စည်းတွေ...သယ်..ပြီးပြီလား...”


“သန့်ရှင်းရေးနဲ့ စာရင်းသွင်းတာအားလုံး ပြီးပါပြီ...အကိုယောင်.... စုစုပေါင်း ကြွေထည်..  ၂၅,၆၁၂ ခု၊ ရွှေ ၁၂၇ ခုနဲ့ ရှေးဟောင်းဒင်္ဂါးပြား ၄,၉၂၅ ခုရှိပါတယ်...”


တင်းဝိန်ရဲ့ အစီရင်ခံစာကို နားထောင်ပြီးနောက် လျူယောင် ချီးကျူးလိုက်သည်။


“မဆိုးဘူးပဲ...”


တင်းဝိန် စိတ်လူပ်ရှားပြီး ပြောလိုက်သည်။


“အစ်ကိုယောင်...ကျွန်တော်... အခု အိပ်မက်မက်နေသည်လို့... ခံစားရတယ်....ကျွန်တော် ဒီပစ္စည်းတွေကို ခန့်မှန်းခြေတွက်ကြည့်တာ..... အားလုံး ယွမ် ၁၀ ဘီလီယံကျော်လောက် ရှိတယ်.....”


"ယွမ် ၁၀ ဘီလီယံ..."


တင်းဝိန် အိပ်မက်မက်နေတယ်လို့ ခံစားရသည်မှာ အံ့ဩစရာမဟုတ်ပေ။



လျူယောင်က ပြောလိုက်သည်။


“မင်း... အိပ်မက်မက်နေတယ်လို့...ထပ်ခံစားရအုံးမယ်...ငါ ဖုန်းဆက်တဲ့... အကြောင်းရင်းက နောက်ထပ်တစ်သုတ်လည်း...ပမာဏပိုများများရှိတယ်လို့..ပြောဖို့ပဲ... ငါ..က.... အဲ့တာတွေကို....ပင်လယ်ဘေးက... ဂိုဒေါင်ထဲ.... ပို့ပြီးပြီ...မင်း လူတွေခေါ်ပြီး....အားလုံးကို ပြန်သယ်လာရမယ်....”


“ဘာ....”


" နောက်ထပ်..ရှိသေးတာလား...."


တင်းဝိန် လုံးဝ ငြိမ်သက်သွားသည်။အချိန်အတော်ကြာမှ သတိပြန်ရလာပြီး စိတ်လှုပ်ရှားသည့်လေသံဖြင့် ပြောလိုက်သည်။


“အစ်ကိုယောင်...ပြီးခဲ့တဲ့နှစ်ရက်က...ကျွန်တော်...သယ်လာတာထက်.... ပိုများလား....”


“ဟုတ်တယ်.... ပိုများတယ်....မင်းသွားပြီး...အားလုံးကို.... ပြန်သယ်လာနိုင်တယ်...”


" ဘုရားရေ.... "


တင်းဝိန်၏ စိတ်ထဲကနေ အာမေဋိတ်စကားကို ရေရွတ်လိုက်သည်။ပြီးနောက် တတ်နိုင်သမျှ စိတ်ကိုတည်ငြိမ်စေရန်အတွက် အသက်ပြင်းပြင်း အနည်းငယ် ရှူလိုက်သည်။


“.အစ်ကိုယောင်.....ကျွန်တော်...အခုပဲ... အားလုံးကို.... ပြန်သယ်လာပါ့မယ်....”


ဤတစ်ကြိမ် အရေအတွက်မှာ အမှန်တကယ် ပိုများပေသည်။



၎င်းက လျူယောင်ရဲ့နှစ်ရက်ကြာ အလုပ်လုပ်မှု့ရလဒ်ဖြစ်သည်။ သူက နစ်မြုပ်နေတဲ့ သင်္ဘောထဲရှိ အရာအားလုံးကို ခြင်းတောင်းများထဲတွင် ထည့်ပြီး လိပ်ကြီးအား ပင်လယ်ဘေးရှိ ဂိုဒေါင်သို့ သယ်ယူပို့ဆောင်စေသည်။


နောက်ဆုံးတော့ အလုပ်ပြီးသွားခဲ့သည်။ထိုအချိန်တွင် လျူယောင်မှာ လေဆိပ်တွင်ရှိပြီး လေယာဉ်ပေါ်သို့ တက်ရန် အဆင်သင့်ဖြစ်နေသည်။


   ဟွာဟိုင်းမြို့သို့ ပြန်ရောက်ပြီးနောက် လျူယောင် တစ်ရက်နားလိုက်သည်။


ဟွာဟိုင်းယဉ်ကျေးမှု့တွင် ဆုန်ခေတ်က ကြွေထည်များစွာ ရှိလိမ့်မည်လို့ မည်သူမျှ တွေးမထားမိပေ။ ၎င်းတို့ကို ဖြည်းဖြည်းချင်း ပြသထားပါက ကနဦးအဆင့်တွင် ရောင်းချရသည့် ဈေးနှုန်းမှာ အလွန် စွဲမက်ဖွယ်ကောင်းသည်မှာ သေချာသည်။


လျူယောင်တွင် တောင်းဆိုချက်တစ်ခုသာ ရှိသည် ဈေးနှုန်းမှန်ကန်တယ် ဆိုပါက အားလုံး ရောင်းချနိုင်ရန်သာ ဖြစ်သည်။


တစ်ရက်နားပြီးနောက် လျူယောင် ဂလိုဘဲလ် ကုမ္ပဏီသို့ သွားလိုက်သည်။


ရုံးခန်းတွင် ထိုင်ပြီးနောက် စားပွဲပေါ်ရှိ စာရွက်စာတမ်းများနှင့် အစီရင်ခံစာများစွာကို ဖတ်ပြီးသောအခါ  တံခါးခေါက်ပြီး ဟူဂျွန်းရှီ ဝင်လာခဲ့သည်။


“အစ်ကိုယောင်....ပြန်ရောက်ပြီလား...”


လျူယောင် ခေါင်းညိတ်လိုက် ပြီးနောက် အရင်ဆုံးမေးလိုက်သည်။


“ဟွမ်ကွမ်း..အလုပ်...အစီရင်ခံစာတင်ပြီးပြီလား.."


လျူယောင်  ဒီကိစ္စနှင့် ပတ်သက်၍ ဟူဂျွန်းရှီကို ခေါ်ဆိုခဲ့တာဖြစ်သည်။ သူ့ရဲ့ယခင်အတန်းဖော်က ကုမ္ပဏီသို့ ဝင်လာတာကို သိလိုက်ရသောအခါ ဟူဂျွန်းရှီ အလွန်ပျော်ရွှင်သွားသည်။


“သူ... မနေ့က... အစီရင်ခံစာတင်ခဲ့တာ...အကိုယောင်ရဲ့... ညွှန်ကြားချက်အရ... အခု... သူက... ရေကြောင်းစီမံခန့်ခွဲမှုဌာနရဲ့.... မန်နေဂျာဖြစ်‌နေပြီ....ကျွန်တော်... သူ့ကို... နှစ်ကြိမ်... သွားကြည့်ခဲ့တယ်...သူက...ဒီရာထူးနဲ့ အရမ်းကိုက်ညီတယ်လို့... ထင်ရတယ်...”


ထို စကားကို ကြားရသောအခါ လျူယောင် စိတ်သက်သာရာရသွားသည်။



“ဟောင်းဟူ...နေရာတစ်ခု ရှာလိုက်ပါ.... ဒီည ငါ... တို့... သုံးယောက်... ဆုံပြီး....တစ်ခွက်နှစ်ခွက်လောက်.... သောက်ကြရအောင်....”


“ပြဿနာမရှိပါဘူး.....ကျွန်တော်.... ပြင်ဆင်လိုက်ပါ့မယ်... ဟွမ်ကွမ်းက....ဒီည... အပျော်ဆုံးလူ ဖြစ်မှာပါ....”


နှစ်ယောက်သား စကားအနည်းငယ်ပြောဆိုပြီးနောက် ကျိုးယန် ရောက်လာသည်။


" ဒေါက်..ဒေါက်..ဒေါက်.."

တံခါးခေါက်ပြီး ဝင်လာသောအခါ သူက ပြုံးပြီး ပြောလိုက်သည်။


“သူဋေးဟူလည်း...ဒီမှာရှိနေတာပဲ”


ဟူဂျွန်းရှီက ပြောလိုက်သည်။


“သူဋေးနဲ့ကျွန်တော့်...ကိစ္စတွေ... ပြောပြီးပြီ...ကျွန်တော်... အရင်သွားတော့မယ်...”


ကျိုးယန်က အလျင်အမြန် တားလိုက်သည်။


“မဟုတ်ဘူး.... မစ္စတာဟူ..ဒီမှာရှိနေတာ အဆင်ပြေတယ်... ကျွန်တော် ပြောချင်တာက လုပ်ငန်းကိစ္စပါပဲ....”


ထိုသို ပြောလိုက်သောအခါ ဟူဂျွန်းရှီရဲ့ တင်ပါးမှာ မလှုပ်ရှားဘဲ ထိုနေရာတွင်သာ ဆက်လက်ထိုင်နေခဲ့သည်။


ကျိုးယန် ရှင်းပြလိုက်သည်။


- “ကျွန်တော်တို့အတွက်... ဒါက...ကောင်းမွန်တဲ့ ကိစ္စတစ်ခုပဲ.. ရန်ကောင်း..ကမ်းလွန်ရေနံအုပ်စုက...ရေကြောင်းသယ်ယူပို့ဆောင်ရေး.. လုပ်ငန်းတစ်ခုကို... လေလံဖွင့်တော့မယ်...ကျွန်တော်တို့... ကြိုးစားကြည့်လို့ရတယ်လို့ တော့.... ထင်တယ်....”


“အသေးစိတ်ကတော့.... ဒီလိုပါ...”


ကျိုးယန်  ကိစ္စရပ်ကို အသေးစိတ် ပိုမိုရှင်းပြလိုက်သည်။ လျူယောင်နဲ့ဟူဂျွန်းရှီကဂရုတစိုက် နားထောင်ခဲ့ကြသည်။ ၎င်းမှာ Global အတွက် အမှန်တကယ် ကောင်းမွန်သည့် သတင်းဖြစ်သည်။


ရန်ကောင်း ကမ်းလွန်ရေနံအုပ်စုမှာ မကြီးမားသော်လည်းထိပ်တန်း အဆင့် 100 တွင်သတ်မှတ်ခံရတာကို လူတိုင်းသိသည်။



သူတို့တွင် အရှေ့အလယ်ပိုင်းရှိ နိုင်ငံ A နှင့် ရေနံအရောင်းအဝယ်တစ်ခု ရှိသည်။ ရေနံစိမ်း စုစုပေါင်း စည် ၁၅၀ သန်းကို နိုင်ငံ A ၏ အကြီးဆုံး ရေနံတင်ပို့သည့် ဆိပ်ကမ်းမှ ရန်ကောင်းသို့ သယ်ယူပို့ဆောင်ရန် လိုအပ်သည်။


ရေနံစိမ်း စည်  သန်း ၁၅၀ ကို သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းမှာ လုပ်ငန်းကြီးတစ်ခုပဲဖြစ်သည်။


ကျိုးယန်နှင့် ဟူဂျွန်းရှီ တို့သာ စိတ်ဝင်စားသည်မဟုတ် လျူယောင်သည်လည်း အလွန်စိတ်ဝင်စားပေသည်။ သူ  လက်ဝှေ့ယမ်းပြပြီး ပြောလိုက်သည်။


“လေလံကို... တရားဝင်... ပြုလုပ်တဲ့အခါ... ငါတို့... ပါဝင်ရမယ်...ပြီးတော့..ငါတို့... ဒီလုပ်ငန်းကို...ရဖို့.... ကြိုးစားရမယ်....”


ကျိုးယန်  ပြောလိုက်သည်။


“တရားဝင်... လေလံကို... အောက်တိုဘာ ၂၆ ရက်နေ့မှာ...ကျင်းပလိမ့်မယ်... ဒီနေ့က ၂၁ ရက်နေ့ဆိုတော့..နောက်..၅ ရက်... ကျန်ပါသေးတယ်..”


“ငါးရက်က...အချိန်အလုံအလောက်ပဲ...ခင်ဗျားတို့... ပြင်ဆင်ထားသင့်တယ်... ဒီလေလံပွဲမှာ....ငါ...ဒီသယ်ယူပို့ဆောင်ရေးလုပ်ငန်းကို... ရဖို့... ဆုံးဖြတ်ထားတယ်.....”လျူယောင် ယုံကြည်မူ့ရှိစွာနဲ့ ပြောလိုက်သည်။



တစ်တန်မှာ ရေနံစည် ၇ စည်ခန့်ရှိသည်။စည် ၁၅၀ သန်းဆိုရင် တန် သန်း ၂၀ ကျော်သည်။ ဒီလုပ်ငန်းကိုသာ ရမည်ဆိုပါက ငွေအများကြီး ရမှာ သေချာပေသည်။