Ch 135
Viewers 5k

အခန်း 135  " လျူယောင် အခြေအနေမကောင်းဘူး ထင်တယ် "


လျူယောင်က ဒီဟာအားလုံးကို မြင်လိုက်ရသော်လည်း အလေးအနက်မထားခဲ့ပေ။


လျူယောင်က သူတို့နဲ့မတူညီတဲ့ အဆင့်တွင်ရှိပြီး စိတ်သက်သာရာရသည့် သဘောထားမျိုး ရှိသည်။


"လူစုံပြီလား"


ခေါင်းဆောင်တစ်ဦးလိုမျိုး ဟူကွမ်းချန်က ကျယ်လောင်စွာ ပြောလိုက်သည်။


"အားလုံး စုံပြီဆိုတော့ ငါ အစားအသောက်တွေ မှာလိုက်ပြီ ငါတို့ AA စနစ်နဲ့ပဲ စားကြတာပေါ့ "


ခဏအကြာတွင် ပန်းကန်များ တစ်ခုပြီးတစ်ခု ရောက်လာခဲ့သည်။



သူက လျူယောင်ကို ကြိုဆိုတဲ့စကားမျိုး ပြောလိမ့်မယ်လို့ ထင်ထားခဲ့ပေမဲ့ ဒီလိုရည်ရွယ်ချက်မရှိပေ။ အစားထိုးအနေဖြင့် သူက ဝိုင်တစ်ခွက် ကိုင်ပြီး


"မင်းတို့ကို ငါ သတင်းကောင်းတစ်ခု ပြောစရာရှိတယ် ကုမ္ပဏီက ငါ့ကို ဒီနေ့ကစပြီး  မန်နေဂျာအဖြစ် ရာထူးတိုးပေးလိုက်ပြီ ငါ့လက်အောက်က လူတွေကလည်း တကယ်ကြိုးစားလုပ်ကိုင်နေကြတယ်။ လက်အောက်ငယ်သား ဆယ်ဂဏန်းလောက်ကို ငါက စီမံခန့်ခွဲနေတယ်" ဟု ကြွားဝါ ပြောလိုက်သည်။



အားလုံးက ဟူကွမ်းချန်ရဲ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာတဲ့ သာလွန်ကောင်းမွန်သည့် ခံစားချက်ကို မြင်နိုင်ကြသည်။ သူဟာ အခြားသူများထက် ပိုသာချင်နေသလို ကျန်တဲ့လူတွေက သူ့ကို လေးစားရသလိုမျိုး ဖြစ်နေသည်။


လျူယောင် ခေါင်းကို ပေါ့ပေါ့တန်တန် ခါလိုက်သည်။ ဒီ ဟူကွမ်းချန် က တက္ကသိုလ်တက်တုန်းကလိုပဲ ဖြစ်နေဆဲပင်။


 မြောက်ထိုးတတ်တဲ့ကူလန်ထျန်းက


"ငါ တို့ အတန်းထဲမှာ အကိုဟူက အစွမ်းအထက်ဆုံးပဲ  ငါတို့ ကျောင်းပြီးတာ တစ်နှစ်ကျော်ပဲရှိသေးတယ်  လူအများအပြားက အစားအသောက်အတွက် ရုန်းကန်နေရတုန်းပဲဒါပေမဲ့ ငါတို့ အကိုဟူကတော့ မန်နေဂျာ ရာထူးတောင် တိုးသွားပြီ" ဟု မြောက်ပြောနေသည်။


လျူယောင်နဲ့ဟူကွမ်းချန် တို့ရဲ့ ဆက်ဆံရေးမှာ တက္ကသိုလ်တက်တုန်းက သာမန်သာဖြစ်ကြောင်း ကူလန်ထျန်း သိထားပုံရပြီး


"ဟေး လျူယောင် ငါတို့ အကိုဟူက မန်နေဂျာဖြစ်နေပြီ သူ့လက်အောက်မှာ လူဆယ်ဂဏန်းလောက်ကို စီမံခန့်ခွဲနေပြီ မင်းရော မင်းရဲ့ အခြေအနေအကြောင်း အားလုံးကို ပြောပြပါဦး" ဟု တမင်ရည်ရွယ်ချက်ဖြင့် မေးလိုက်သည်။


ဒီရည်ရွယ်ချက်က ပိုပြီးတော့ ဆိုးရွားလှသည်။


မျက်ကန်းတစ်ဦးတောင်မှ ဒါဟာ အရှက်ရစေဖို့ ရည်ရွယ်တယ်ဆိုတာ မြင်နိုင်သည်။


အတန်းဖော်တွေရှေ့မှာ လျူယောင်ကို အရှက်ရစေချင်နေသည်။



ဟူကွမ်းချန်ကလည်း လက်လွှတ်မခံဘဲ လျူယောင်ကို ကြည့်ကာ


"ဟုတ်တယ် လန်ထျန်းပြောတာ မှန်တယ်  မင်းရဲ့ အခြေအနေအကြောင်း ပြောပြပါဦး"ဟု ဝင်မေးလိုက်သည်။


"ဟုတ်တယ် လျူယောင် ပြောပြပါဦး"


ဟူကွမ်းချန်နဲ့ရင်းနှီးတဲ့ တခြားကျောင်းသားတစ်ဦးလည်း ဝင်မေးလိုက်သည်။



လျူယောင် ပေါ့ပေါ့တန်တန် ပြုံးလိုက်သည်။ ဟူကွမ်းချန်နဲ့ တခြားသူတွေရဲ့ ရည်ရွယ်ချက်ကို သူ ဘယ်လို လို့ မသိပဲ နေမလဲ။ သူ့ကို အရှက်ရစေချင်နေတာ အတော်လေး ရှင်းနေသည်။


ဟွမ်ကွမ်းက လျူယောင်နဲ့ ဆက်ဆံရေးကောင်းမွန်သူ ဖြစ်လို့  စိုးရိမ်စိတ်ဖြင့်


"ငါ ထင်တာတော့ ဒီအတိုင်းထားလိုက်တာ ပိုကောင်းမယ်။ လျူယောင်က ငါတို့နဲ့ ညစာစားဖို့ ရောက်လာတာကို ဒီအကြောင်းတွေ ဘာလို့ပြောနေရတာလဲ" ဟု အလျင်အမြန် တားလိုက်သည်။


ဝေ့ချွမ်းယန်အပြင် ကျောင်းသူတစ်ဦးဖြစ်တဲ့ကျန်းရှောင်မေလည်း ရှိသည်။


သူမကလည်း


"ဟုတ်တယ် ဟွမ်ကွမ်းပြောတာ မှန်တယ် လျူယောင်က မပြောချင်ဘူးဆိုရင်လည်း ဒီအတိုင်းထားလိုက်ပါ အစားအသောက်တွေ စားကြစို့ ချွမ်းယန်က ဒီဟင်းပွဲတွေကို သယ်လာရတာ တော်တော်ပင်ပန်းခဲ့တယ်" ဟု ပြောလိုက်သည်။


ဟူကွမ်းချန်က လျူယောင်ကို အဓိပ္ပာယ်ပါတဲ့ အကြည့်ဖြင့် ကြည့်လိုက်သည်။


ပြီးနောက်သူ့ဘေးက မြောက်ထိုးပင့်ကော်တတ်တဲ့ ကူလန်ထျန်းကို တိတ်ဆိတ်စွာ အချင်းချင်း ကြည့်လိုက်ကာ"ဟားဟား  ပြောဖို့တောင် မရဲဘူးကွာ လျူယောင်အခြေအနေမကောင်းဘူးထင်တယ်" ဟု စိတ်ထဲတွင် တွေးလိုက်မိသည်။



လျူယောင်ကို အထင်အမြင်သေးစွာ ကြည့်ပြီး ကူလန်ထျန်းက


"ဟေး အကိုဟူက မန်နေဂျာ ရာထူးတိုးသွားတာကြောင့် ငါတို့ အစားအသောက်တွေပဲ စားပြီး ဝိုင်ကောင်းကောင်း မသောက်လို့တော့ မဖြစ်ဘူးမော်ထိုင်ဝိုင် နှစ်ပုလင်းတော့ သောက်ရမယ်" ဟု အကြံပြုလိုက်သည်။


"ဘာလဲ မောက်ထိုင်ဝိုင်လား!"


ဝေ့ချွမ်းယန်နဲ့ကျန်းရှန်းမေတို့ စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်ကြသည်။ သူတို့ဟာ အများအားဖြင့် အရက်မသောက်တတ်ကြပေ။ မောက်ထိုင်ဝိုင်နှစ်ပုလင်းကို တကယ်သောက်မယ်ဆိုရင် AA စနစ်နဲ့ဆိုတော့ သူတို့အတွက် ကုန်ကျမှု့ များမှာပဲ ဖြစ်သည်။



လျူယောင် အမျိုးသမီးကျောင်းသူနှစ်ဦးရဲ့ မျက်နှာအမူအရာကို သတိထားမိပြီး


"မောက်ထိုင်ဝိုင် ဆိုတာတော့ မဟုတ်သေးပါဘူး တစ်ပုလင်းကို ပိုက်ဆံအများကြီး ကုန်ကျတယ် ပြီးတော့ ငါတို့က AA စနစ်နဲ့ဆိုတော့ အမျိုးသမီးကျောင်းသူနှစ်ဦးအတွက် မတရားဘူး" ဟု မနေနိုင်ဘဲ ပြောလိုက်မိသည်။


ဟူကွမ်းချန်  အထင်အမြင်သေးစွာ ပြုံးလိုက်သည်။


ကူလန်ထျန်းက


"ဟားဟား လျူယောင် မင်း အဲလိုပြောလိုက်တာ မင်း ကိုယ်တိုင် မတတ်နိုင်လို့ ပေါ့၊ မင်း မတတ်နိုင်ဘူးဆိုတာကို ဝန်ခံရင် ငါတို့ လိုတဲ့ပိုက်ဆံတွေကို ကူပေးပါ့မယ်ကွာ" ဟု ရယ်ပြီးပြောလိုက်သည်။


လျူယောင်လည်း ရယ်မောလိုက်သည်။ သူ့ကိုယ် မတတ်နိုင်ဘူးလို့ တစ်စုံတစ်ယောက်က ပထမဆုံးအကြိမ် ပြောတာပဲ ဖြစ်သည်။


"မဟုတ်ပါဘူး ဝိုင်နှစ်ပုလင်းပဲဟာ ငါကတော့ ဘာပြဿနာမှ မရှိပါဘူး"


"ဟေးဟေး ဘယ်သူက ယုံမှာလဲ" ကူလန်ထျန်း အထင်အမြင်သေးစွာ ပြောလိုက်သည်။


လျူယောင်  ပြန်လည်ချေပဖို့ စိတ်မဝင်စားတော့ပေ။ ကူလန်ထျန်းနှင့် ဒီလိုမျိုးငြင်းခုန်နေတာက သူ့အတွက် အရှက်ရစရာဖြစ်ပြီး အဓိပ္ပာယ်လည်း မရှိဘူးလို့ ခံစားရသည်။ အားလုံးက ကျောင်းနေဖက်တွေ မဟုတ်ရင် လျူယောင် တကယ်ကို ထွက်သွားလိုက်ချင်သည်။


ဟွမ်ကွမ်းမှာ ဒေါသဖြစ်ပြီး သူ့ရဲ့လက်သီးကို ဆုပ်လိုက်သည်။



ဝေ့ချွမ်းယန်လည်း သူ့ကို စိတ်မကောင်းဖြစ်နေတဲ့  အကြည့်ဖြင့် ကြည့်နေသည်။ သူမကိုယ်တိုင် လျူယောင်ကို ခေါ်လာခဲ့တာဖြစ်လို့ ဒီလိုအခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။ လျူယောင် မျက်နှာငယ်သွားတယ်လို့ ခံစားရသည်။


ကူလန်ထျန်း ထရပ်လိုက်ကာ  စားပွဲထိုးကို မောက်ထိုင်ဝိုင်နှစ်ပုလင်း ပေးရန် လက်ပြလိုက်သည်။ ထိုအချိန်တွင် ခေါင်းဆောင်တစ်ဦးနှင့်တူသော လူတစ်ဦးက စားပွဲထိုးနှစ်ဦးနှင့်အတူ ရောက်လာခဲ့သည်။



ဝေ့ချွမ်းယန် ထိုလူကို ချက်ချင်း မှတ်မိလိုက်သည်။ဒီလူက ရိုင်ဒါအပန်းဖြေဟိုတယ်ရဲ့ အစားအသောက်နဲ့အဖျော်ယမကာဌာနမှ မန်နေဂျာဖြစ်ပြီး သူမရဲ့ဌာနမှူးအခန်းမန်နေဂျာနဲ့ ရာထူး အတူတူပဲ ဖြစ်သည်။


ထိုမန်နေဂျာလော်က တိုက်ရိုက် လျှောက်လာပြီး


"မစ္စတာလျူယောင်က ဘယ်သူလဲ" ဟု ကျယ်လောင်စွာမေးလိုက်သည်။


"ကျွန်တော် လျူယောင်ပါ" ဟု သူ ပြန်ဖြေလိုက်သည်။


အတည်ပြုပြီးနောက် မန်နေဂျာလော်မှာ အလွန်ယဉ်ကျေးစွာနဲ့"မင်္ဂလာပါ.မစ္စတာလျူ ကျွန်တော်ကတော့ အစားအသောက်နဲ့ အဖျော်ယမကာဌာနရဲ့ မန်နေဂျာလော်ပါကျွန်တော်တို့ရဲ့ ရိုင်ဒါအပန်းဖြေဟိုတယ်ကို လာရောက်တည်းခိုတဲ့အတွက် ကြိုဆိုပါတယ်  ဒါကတော့ ကျွန်တော်တို့ရဲ့ ဟိုတယ်က ပေးတဲ့လက်ဆောင်ပါ" ဟု  ရှင်းပြလိုက်သည်။


ထိုသို့ပြောပြီးနောက် သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ စားပွဲထိုးနှစ်ဦးက ဟင်းပွဲနှစ်ပွဲကို စားပွဲပေါ်တင်လိုက်သည်။ တစ်ပွဲမှာ ကဏန်းဘုရင်ဖြစ်ပြီး နောက်တစ်ပွဲမှာ တူနာငါးအသားစိမ်းပဲ ဖြစ်သည်။


ဒီဟင်းပွဲနှစ်ပွဲမှာ ဈေးမပေါပေ။ အနည်းဆုံး ယွမ်ထောင်ဂဏန်းလောက် ပေးရသည်။


"မန်နေဂျာလော် မှားနေတာ မဟုတ်လား" ဟု ဟူကွမ်းချန်က မယုံကြည်နိုင်စွာ မေးလိုက်သည်။


"မမှားပါဘူး ကျွန်တော်တို့ရဲ့ ဟိုတယ်မှာ သမ္မတခန်း တည်းခိုတဲ့သူတိုင်းကို ဒီဟင်းပွဲနှစ်ပွဲလက်ဆောင်ပေးပါတယ်။ ဆရာက သုံးရက်စာ သမ္မတခန်းကို ကြိုတင်မှာထားခဲ့တယ် ဒီဟင်းပွဲနှစ်ပွဲကို ပေးရမှာက ကျွန်တော်တို့ရဲ့တာဝန်ပါ ဆရာ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်"


ထိုသို့ပြောပြီးနောက် မန်နေဂျာလော်ဆိုသူက လျူယောင်ကို ရိုးသားစွာ ပြုံးပြပြီး စားပွဲထိုးနှစ်ဦးနဲ့အတူ ထွက်ခွာသွားခဲ့သည်။


စားပွဲတွင် လုံးဝ တိတ်ဆိတ်သွားသည်။


ဘယ်သူမှ စကားမပြောကြတော့ပေ။


ဟူကွမ်းချန် ကြောင်သွားသည်။ ကူလန်ထျန်းအပိုလုပ်နေသည်။သူ့ရဲ့ပါးစပ်ကို ဟကာ လျူယောင်ကို ကြောင်တောင်တောင် စိုက်ကြည့်နေသည်။ သူ့ရဲ့တစ်ကိုယ်လုံး ရေခဲရုပ်ထု တစ်ရုပ်လို ဖြစ်နေသည်။


ဒီစကားက ဟူကွမ်းချန် ကူလန်ထျန်းနဲ့ အခြားသူတို့ရဲ့ ရင်ထဲတွင် မိုးကြိုးပစ်ခံလိုက်ရသလိုဖြစ်နေသည်။


"မောက်ထိုင်ဝိုင်တောင် လျူယောင် မသောက်နိုင်ဘူး မို့လား "


"ဒါ ဘယ်လိုဖြစ်တာလဲ" ဟု တွေးနေကြသည်။



ကျောင်းသူနှစ်ဦးမှာ အရင်ဆုံး သတိပြန်ဝင်လာကြသည်။ ကျန်းရှောင်မေက


"ချွမ်းယန် နင်က ဒီဟိုတယ်ရဲ့ အခန်းဌာနမှာ အလုပ်လုပ်တာဆိုတော့ နင်တို့ ဟိုတယ်ရဲ့ သမ္မတခန်းက တစ်ညကို ဘယ်လောက်လဲ" ဟု မေးလိုက်သည်။


ဒီလိုမေးတဲ့အခါမှ ဝေ့ချွမ်းယန်လည်း သတိပြန်ဝင်လာပြီး


" ယွမ် 28000 " ဟု ပြန်ဖြေလိုက်သည်။


"အိုး"


ကျန်းရှောင်မေ စကားမပြောနိုင်တော့ပေ။ သူမ တစ်နှစ်ကျော်သာ အလုပ်လုပ်ရသေးပြီး သူမရဲ့လစဉ်လစာက ယွမ် ၆၀၀၀ မှ ၇၀၀၀ သာရှိသည်။ သမ္မတခန်းတွင် တစ်ညတည်းခိုဖို့အတွက် သူမ လများစွာ အလုပ်လုပ်ရန် လိုအပ်သည်။



လျူယောင်က ပေါ့ပေါ့ပါးပါးပင်။ အထူးသဖြင့် ကြက်ကဲ့သို့ ကြောင်နေတဲ့ ဟူကွမ်းချန်တို့ သုံးဦးကို ကြည့်သောအခါ အကြောင်းမဲ့ စိတ်သက်သာရာရပြီး ခေါင်းညိတ်ကာ


"ဟုတ်တယ် ငါ ဒီနေ့ နေ့လယ်ကမှ အခန်းငှားထားတာ သုံးရက်လောက်ပဲ ယာယီတည်းဖို့ပါ။ လေးရက်၊ ငါးရက်၊ ဒါမှမဟုတ် တစ်ပတ်လောက်တောင် နေနိုင်ချေရှိတယ်၊ အခြေအနေပေါ်မူတည်ပါတယ်" ဟု ပြောလိုက်သည်။


"အိုး ငါ့ ဘုရားသခင်"


ဝေ့ချွမ်းယန် အံ့ဩတုန်လှုပ်နေသည်။ လျူယောင်ဟာ တစ်ရက်ကို ၂၈,၀၀၀ တန် သမ္မတခန်းမှာ တည်းခိုတာကို လမ်းဘေးက ဟိုတယ်သေးသေးလေးမှာ တည်းခိုနေသလိုမျိုး ပြောနေတာလို့  ခံစားနေရသည်။



သူမက လျူယောင်ရဲ့အခြေအနေကို တကယ်သိချင်နေသည်။ ဒီနေ့နေ့လယ်ကလည်း မေးခဲ့ပြီး မေးခွန်းများစွာ မေးပြီးနောက် လျူယောင် က သူဟာ  လွန်ခဲ့တဲ့ လအနည်းငယ်ကမှ ကုမ္ပဏီတစ်ခု စတင်တည်ထောင်ခဲ့တာဖြစ်ပြီးအစောပိုင်းအဆင့်မှာပဲ ရှိသေးတယ်လို့ ပြောခဲ့သည်။


ဝေ့ချွမ်းယန်ဟာ လျူယောင် လအနည်းငယ်ကမှ စထောင်ထားတဲ့ ကုမ္ပဏီက လူသုံးလေးငါးယောက်သာ ရှိတဲ့ ကုမ္ပဏီငယ်လေး ဒါမှမဟုတ် နှစ်ယောက်သုံးယောက်ပဲ ရှိတဲ့ ကုမ္ပဏီလေးဖြစ်ရမယ်လို့  ထင်နေခဲ့သည်။



အခုတော့ အဲဒီ့လိုမဟုတ်ဘူးဆိုတာ ထင်ရှားလာခဲ့သည်။