Ch 127
Viewers 5k

အခန်း 127 " ဒါကို မယူဘူး "



နှစ်ယောက်သား WeChat မှတစ်ဆင့် ပြောပြီးသားမို့  ဒီနေ့ ဟွာဟိုင်းမြို့ကို အတူတူပြန်ကြမှာပဲ ဖြစ်သည်။


  ခရီးဆောင်အိတ်ကို ထုပ်ပိုးပြီး လီချန်လဲ့က အိမ်တွင်စောင့်နေခဲ့သည်။



လျူယောင် အိမ်ထဲဝင်လာခဲ့ပြီး လီချန်လဲ့နဲ့သူမရဲ့မိဘများရှိနေတာကိုတွေ့တဲ့အခါ


“ဦးလေး၊ အန်တီ” ဟုယဉ်ကျေးစွာနှုတ်ဆက်လိုက်သည်။


မုန်ချွင်းလီက သူမရဲ့ အနာဂတ် သားမက်ကိုမြင်တဲ့အခါ စိတ်အားထက်သန်စွာဖြင့်


“ရှောင်းလျူ  မင်းဒီလောက်မြန်မြန်ရောက်လာတာ  မနက်စာစားပြီးပြီလား” ဟုမေးလိုက်သည်။


လီကျန့်ခိုင်ကလည်း ဒီသားမက်ကို သဘောကျပုံရသည်။


“ရှောင်းလျူ ဒီမှာထိုင်ပါ။ မင်းတို့ ဒီနေ့ ဟွာဟိုင်းမြို့ကို ပြန်တာ မတားတော့ဘူး ဟွာဟိုင်မြို့ရောက်ရင်တော့ လဲ့လဲ့ ကို ဂရုစိုက်ပေးပါဦး” ဟု ပြောခဲ့သည်။


“ဦးလေး စိတ်မပူပါနဲ့ ကျွန်တော် လဲ့လဲ့ကို ကောင်းကောင်းဂရုစိုက်ပါ့မယ်”


နှစ်ဦးစလုံး ခဏတာစကားပြောဆိုကြပြီး မုန်ချွင်းလီက ရေနွေးကြမ်းတစ်ခွက်ကိုဖျော်ကာ ယူလာပေးသည်။ လီချန်လဲ့က ပျော်ရွှင်တဲ့မျက်နှာဖြင့် လျူယောင့်ဘေးတွင်ထိုင်နေသည်။


သူမရဲ့ချစ်သူကမိဘများနှင့်တွေ့ဆုံခဲ့ရာ  အပြည့်အဝအောင်မြင်ခဲ့သည်။


မိဘများက လျူယောင်ကို အလွန်သဘောကျပုံရတာကြောင့် လီချန်လဲ့ ရုတ်တရက် အများကြီးပိုမိုပေါ့ပါးသွားတယ်လို့  ခံစားရသည်။


  ခဏတာစကားပြောဆိုကြပြီး လျူယောင်က ရေနွေးကြမ်းကို နှစ်ကျိုက်သောက်ကာ ထပြီးနှုတ်ဆက်ရန်ပြင်လိုက်သည်။ လျူယောင်က သူ့ရဲ့အနာဂတ်ယောက္ခမများအတွက် လက်ဆောင်ကို ပေးဖို့ ပြင်ဆင်ထားသည်။



ထိုအချိန် ကော်ဖီစားပွဲပေါ်ရှိ ဖုန်းကမြည်လာသည်။ လီကျန့်ခိုင် ဖုန်းကို ပြန်ဖြေလိုက်ရာ သူ့ရဲ့မျက်နှာပေါတွင်  တဖြည်းဖြည်း တင်းမာလာခဲ့သည်။


လီကျန့်ခိုင် ဖုန်းချပြီးနောက် မုန်ချွင်းလီက


“လူအိုလီ ဘာဖြစ်တာလဲ” ဟုစိုးရိမ်တကြီးမေးလိုက်သည်။


လီကျန့်ခိုင်က ညင်သာစွာသက်ပြင်းချပြီး


“ဩော် အရင်ကိစ္စပါပဲ ကျောင်းက ပိုက်ဆံပေးဖို့ အလျင်လိုနေတယ်။ စုစုပေါင်းယွမ် ၃၀၀,၀၀၀ ကို သုံးရက်အတွင်း မပေးရင် ဝေစုကို တခြားသူတွေဆီ ပေးလိုက်မယ်တဲ့ ” ဟု ပြန်ဖြေလိုက်သည်။


“အဲ့ဒီလိုလား”


မုန်ချွင်းလီ စိုးရိမ်ပူပန် လာခဲ့သည်။


ဘာဖြစ်နေတယ်ဆိုတာကို သူမ အတိအကျသိသည်။


လီကျန့်ခိုင်က မြို့နယ်ရှိ နံပါတ် ၁ အလယ်တန်းကျောင်းတွင် ဆရာတစ်ဦးဖြစ်သည်။


ကျောင်းက ဝန်ထမ်းအိမ်ရာအစုတစ်ခုကို ဆောက်လုပ်ခဲ့ပြီး အိမ်ဈေးနှုန်းမှာ ဈေးကွက်ဈေးနှုန်းထက် စတုရန်းတစ်မီတာလျှင် ယွမ် ၁,၀၀၀ ခန့်နိမ့်သည်။


သူက နံပါတ် ၁ အလယ်တန်းကျောင်းတွင် ဆယ်စုနှစ်များစွာ သင်ကြားပေးခဲ့တာကြောင့် ဝေစုရရန် အရည်အချင်းပြည့်မီသည်။ အိမ်ဆောက်လုပ်စဥ်က လီကျန့်ခိုင်က ယွမ် ၅၀,၀၀၀ ပေးခဲ့သည်။ လက်ရှိတွင် အိမ်မှာ ပြီးတဲ့ အဆင့်နီးပါး ရောက်ရှိနေသည်။



အိမ်မပြီးမီ သူက နောက်ထပ် ယွမ် ၃၀၀,၀၀၀ ပေးရန်လိုအပ်သည်။ မဟုတ်ပါက အိမ်ကို လက်ခံရရှိမှာမဟုတ်တဲ့အပြင် ဝေစုကိုပါ အခြားဆရာများအား ပေးနိုင်ခြေရှိသည်။


ကျောင်းက ငွေချေဖို့ အကြိမ်များစွာတိုက်တွန်းခဲ့ပြီးဖြစ်သည်။ လီကျန့်ခိုင်က ဘဝတစ်လျှောက်လုံး သင်ကြားပေးခဲ့ပေမဲ့  လက်ထဲတွင် ပိုက်ဆံမရှိပေ။



ယွမ် ၃၀၀,၀၀၀ ကို တစ်ပြိုင်နက်တည်းထုတ်ရန် ခက်ခဲလှသည်။ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း ငွေစုခဲ့သော်လည်း ယွမ် ၇၀,၀၀၀ မှ ၈၀,၀၀၀ ခန့် လိုအပ်နေသေးသည်။


သုံးရက်အတွင်း ယွမ် ၇၀,၀၀၀ မှ ၈၀,၀၀၀ ရရန် အလွန်ခက်ခဲသည်။ဖုန်းခေါ်ဆိုမှု့ကို လက်ခံရရှိတဲ့အခါ လီကျန့်ခိုင်ရဲ့မျက်နှာက ပိုမိုတင်းမာလာတာ အံ့ဩစရာမဟုတ်ပေ။



“ဖေဖေ ဒါက ဖေဖေ့ကျောင်းက ဝန်ထမ်းအိမ်ရာအကြောင်းလား” ဟု လီချန်လဲ့ မေးလိုက်သည်။


လီကျန့်ခိုင်က “ဟုတ်တယ် ကျောင်းကဖုန်းဆက်ပြီး ပိုက်ဆံပေးဖို့တောင်းတယ် ငါက ပေးဖို့ ယွမ် ၇၀,၀၀၀ ၊ ၈၀,၀၀၀ လောက်လိုနေသေးတယ်” ဟု ညိူးငယ်စွာ ပြန်ဖြေလိုက်သည်။


လီချန်လဲ့က “ဖေဖေ သမီးဆီမှာ ယွမ် ၅၀,၀၀၀ ရှိတယ် အရင်သုံးလိုက်ပါ” ဟုပြောလိုက်သည်။


လျူယောင် ဘာဖြစ်နေတာကို နားလည်သွားပြီး ပြုံးလိုက်သည်။


“လဲ့လဲ့ မင်းပိုက်ဆံ‌ေပးဖို့ မလိုတော့ဘူးတကယ်တော့ ကျွန်တော်က ဦးလေးနဲ့အန်တီအတွက် လက်ဆောင်တစ်ခု ကြိုတင်ပြင်ဆင်ထားခဲ့ပြီးသားပါ” 


စကားပြောပြီးနောက် လျူယောင်က  ပြင်ဆင်လာတဲ့  ယွမ် ၂ သန်းတန်  ချက်လက်မှတ်ကိုထုတ်ကာ လီကျန့်ခိုင်အား ပေးလိုက်သည်။


“ဦးလေး ဒါက ဦးလေးတို့အတွက် ကျွန်တော့်ရဲ့ဂါရဝပြုလက်ဆောင်ပါ လက်ခံပေးပါ”


ယွမ် ၂ သန်းတန် ချက်လက်မှတ်ကို လီကျန့်ခိုင် ကြည့်လိုက်သည်။


ရုတ်တရက် အနည်းငယ်အံ့ဩသွားသည်။


အလျင်အမြန်ပင် “ဒါကို မယူဘူး ငါတို့ ဒါကို မယူဘူး” ဟု အတင်းငြင်းလိုက်သည်။


“ရပါတယ် ပြဿနာမရှိပါဘူး။ ဒါကို ကျွန်တော့်ရဲ့ လက်ဖွဲ့တစ်စိတ်တစ်ပိုင်းအဖြစ် သဘောထားပြီး စိတ်အေးချမ်းသာစွာနဲ့ လက်ခံလိုက်ပါ” ဟုပြန်ဖြေလိုက်သည်။


လီချန်လဲ့ရဲ့မျက်နှာက အနည်းငယ်နီရဲသွားသော်လည်း သူမနှလုံးသားထဲတွင် ချိုမြိန်မှု့အပြည့်ရှိနေခဲ့သည်။


“အကိုယောင်က ကျွန်မကိုလက်ထပ်တော့မယ်ထင်တာ်  လက်ဖွဲ့ကိုတောင် ကြိုပြီးပေးနေပြီ”


လျူယောင့်အတွက်ကတော့ ဒါကို လက်ဖွဲငွေလို့ မယူဆခဲ့ပေ။တကယ်လို့ လက်ဖွဲ့ပေးမယ်ဆိုရင် ယွမ် ၂ သန်းလောက်က နည်းလွန်းသည်။ လီကျန့်ခိုင်က လက်ခံဖို့ အတင်းအကျပ် ငြင်းနေတာကြောင့် လျူယောင်က ထို ဆင်ခြေပေးခဲ့ခြင်းဖြစ်သည်။


သူရဲ့ယောက္ခ်မက ချက်လက်မှတ်ကို လက်ခံလိုက်တာကိုတွေ့ရတာကြောင့်  လျူယောင် ထပြီးနှုတ်ဆက်လိုက်သည်။


လီချန်လဲ့ရဲ့ခရီးဆောင်အိတ်ကို သယ်ရင်း


“ဦးလေး၊ အန်တီ၊ လဲ့လဲ့နဲ့ကျွန်တော် အရင် ဟွာဟိုင်းမြို့ကို ပြန်နှင့်ပါ့မယ်” ဟု နူတ်ဆက်လိုက်သည်။


လီချန်လဲ့ကလည်း “ဖေဖေ၊ မေမေ၊ ရောက်ရင် ဖုန်းဆက်ပါ့မယ်” ဟုပြောလိုက်သည်။


လီကျန့်ခိုင်နှင့် မုန်ချွင်းလီတို့ ဇနီးမောင်နှံတို့မှာ လျူယောင်နဲ့ လီချန်လဲ့တို့ကို အောက်ထပ်လိုက်ပို့ခဲ့ပြီး  ကားထွက်ခွာသွားသည်ကို ကြည့်နေကြသည်။


မုန်ချွင်းလီက “လူအိုလီ ငါတို့ တကယ်ပဲ ယွမ် ၂ သန်းယူလိုက်တာလား” ဟု မေးလိုက်သည်။


လီကျန့်ခိုင်က


“အစကတော့ ငါလည်း မယူချင်ပါဘူး။ ငါတို့မှာ ပိုက်ဆံလိုနေတယ် ဒါ့ကို လက်ဖွဲ့အဖြစ် သဘောထားလိုက်ပါ” ပြန်ဖြေလိုက်သည်။



လျူယောင်က မြို့နယ်ပြည်သူ့ဆေးရုံကို ကားမောင်းသွားပြီး မိဘများနဲ့တွေ့ဆုံကာ ဟွာဟိုင်းမြို့သို့ ဦးတည်ဘာခဲ့သည်။


Roll-Royce ကားလေးမှာ ရှေ့က မောင်းနှင်ပြီး ဆေးရုံမှစီစဉ်ပေးထားတဲ့ လူနာတင်ယာဉ်၊ ဆရာဝန်နှင့်သူနာပြုတို့လည်း နောက်မှလိုက်ပါလာခဲ့သည်။ သူတို့အားလုံး နေ့လယ်ဘက်တွင် ဟွာဟိုင်းမြို့က နံပါတ် ၁ ပြည်သူ့ဆေးရုံကို ရောက်လာခဲ့ကြသည်။


 ဒီဆေးရုံက နိုင်ငံတွင် နာမည်ကြီးတဲ့ ဆေးရုံကြီးဖြစ်ပြီး မြို့နယ်ပြည်သူ့ဆေးရုံနဲ့ ဘက်ပေါင်းစုံမှ နှိုင်းယှဥ်လို့မရပေ။ လျူဟုန်ဖူက ထိုဆေးရုံရဲ့ VIP လူနာဆောင်ကို တက်ရောက်ခဲ့သည်။



လျူယောင် က သူ့အတွက် အကောင်းဆုံးဆရာဝန်ကို စီစဉ်ပေးပြီး အကောင်းဆုံးဆေးများကို အသုံးပြုရန် ပြောထားခဲ့သည်။


လျူယောင် အရာအားလုံးစီစဉ်ပြီးနောက်  လီချန်လဲ့ကို ကျောင်းအဆောင်ကို ပြန်လိုက်ပို့ခဲ့သည်။


သူဋေးရဲ့ဖခင် ဆေးရုံတက်နေတာကို ကြားရတဲ့အခါ ကျိုးယန်၊ ဟူဂျွန်းရှီနှင့်အခြားသူများက ဆေးရုံသို့ ကိုယ်တိုင်လာရောက်ကြည့်ရှုချင်ကြသည်။


ကုမ္ပဏီရဲ့ အလယ်အလတ်အဆင့်မန်နေဂျာအချို့လည်း လာရောက်ကြည့်ရှုချင်ကြသော်လည်း လျူယောင် က ငြင်းဆိုလိုက်သည်။


လျူယောင် ရက်အနည်းငယ်အလုပ်များပြီးနောက်  ကုမ္ပဏီတွင် ထိုင်ရန် နောက်ဆုံးတော့ အချိန်ရလိုက်သည်။


ထိုင်ပြီးမကြာမီ ကျိုးယန်က အစီရင်ခံရန်ရောက်လာခဲ့သည်။ လျူယောင် က Globalရဲ့ဒုမန်နေဂျာအဖြစ် ဘယ်သူ့ကိုရွေးမလဲဆိုတာကို  ဆုံးဖြတ်ရန်လိုအပ်သည်။


လျူယောင် စာရွက်စာတမ်းများကိုယူပြီး ဖတ်လိုက်သည်။ ပြန်လည်သုံးသပ်ပြီးနောက် သူက အကျိုးဆောင်ကုမ္ပဏီက ခန့်အပ်ထားတဲ့လူများအားလုံး ကောင်းမွန်တယ်လို့ ခံစားရပြီး ရွေးချယ်ရန်ခက်ခဲနေသည်။


အချက်အလက်စာရွက်များကို ပိတ်လိုက်ပြီးနောက် လျူယောင်က


“မင်း အကျိုးဆောင်ကုမ္ပဏီကိုပြောလိုက်ပါ။ မနက်ဖြန်မနက် ကိုးနာရီမှာ ဒီလူတွေကို ငါကိုယ်တိုင် လာပြီး အင်တာဗျူးမယ်” ဟု အမိန့်ပေးလိုက်သည်။


ကျိုးယန်က ချက်ချင်းပင် “ဟုတ်ကဲ့၊ ကျွန်တော်ချက်ချင်းအကြောင်းကြားလိုက်ပါ့မယ်” ဟုရိုသေစွာ ပြန်ဖြေလိုက်သည်။


Globalက မြန်ဆန်ပြီး ပိုမိုကြီးမားစွာတိုးတက်နေသည်။ ထိပ်ပိုင်းတွင် ကျိုးယန်နဲ့ ဟူဂျွန်းရှီတို့ ရှိပေမဲ့ မလုံလောက်တော့ပေ။ ထိပ်တန်းမန်နေ ဂျာအချို့ကို ထပ်ထည့်ရန်လိုအပ်နေသည်။



ကျိုးယန် ထွက်ခွာသွားတာ ကိုကြည့်ပြီးနောက် လျူယောင် အိမ်မွေးတိရိစ္ဆာန်ချပ်ပြားကိုဖွင့်ကာ လိပ်ကြီးရဲ့အခြေအနေကိုကြည့်လိုက်သည်။


လိပ်ကြီးကို ရက်အနည်းငယ်ကြာအောင် ဂရုမစိုက်ခဲ့ပေမဲ့ လိပ်ကြီးရဲ့ထွားနူန်းမှာ အမှန်တကယ် ပျော်ရွှင်စရာကောင်းလှသည်။


အိမ်မွေးတိရစ္ဆာန်အမည်- မျိုးပြောင်းလိပ်

ခန္ဓာကိုယ်- ၄၀၃၉ ကီလို။

အလေးချိန်- ၇၁.၂ တန်။

ရေကူးနှုန်း (ပျမ်းမျှ)- ၁၇၂ နူန်း။

ကျွမ်းကျင်မှုများ- လိပ်ခွံ (ဒုတိယအဆင့်)၊ လိပ်အသက်ရှူ (ဒုတိယအဆင့်)၊ စူပါအာရုံ (ဒုတိယအဆင့်)၊ အမြင်စွမ်းရည် (ပထမအဆင့်)။


လိပ်ကြီးအခြေအနေကိုကြည့်ပြီးနောက် လျူယောင် ဆက်သွယ်ပြောဆိုလိုက်သည်။


“လိပ်ကြီး ဒီရက်တွေ ဘာလုပ်နေလဲ”


လိပ်ကြီးက ချက်ခြင်းပဲ


“သခင်က ကျွန်တော့်ကို  ပိုဝေးတဲ့နေရာကို ပြေးသွားခိုင်းတယ်လေ။ သခင်က ရေငုပ်သင်္ဘောနစ်မြုပ်တဲ့နေရာမှာ ဆက်မနေဖို့ ပြောခဲ့လို့ ကျွန်တော် တောင်ဘက်ကို သွားလိုက်တာ  အခု ယန်နိုင်ငံရဲ့ တောင်တရုတ်ပင်လယ်မှာ လည်ပတ်နေပါတယ်”ဟု ပြန်ဖြေလိုက်သည်။


“ဒီလောက်ဝေးတဲ့နေရာကို ပြေးပြီး တောင်တရုတ်ပင်လယ်ကို ရောက်လာတာပေါ့ ”


လျူယောင် က “မင်းလုံခြုံရေးကိုဂရုစိုက်ပါ ဒါ့အပြင် ပင်လယ်အောက်ခြေမှာ နစ်မြုပ်နေတဲ့သင်္ဘောကို ငါ့အတွက် ကူရှာပေးပါအူံး ငါ နောက်ထပ်ငွေ လိုအပ်နေတယ်” ဟုညွှန်ကြားလိုက်သည်။


“အိုကေဘာ သခင် ကျွန်တော် သင်္ဘောပျက်ကို အမြဲစောင့်ကြည့်နေပါ့မယ်”


နှစ်ဦးစလုံး  ခဏတာစကားပြောခဲ့ပြီး လိပ်ကြီးဘက်မှ အခြေအနေကို ပြင်ပအမြင်မှတစ်ဆင့် လျူယောင် မြင်လိုက်ရသည်။



အလွန်ကြည်လင်နေတဲ့ ပင်လယ်ရေပြင်တွင် လိပ်ကြီးက အေးအေးဆေး ဆေးရေကူးနေ သည်။