အခန်း 81 ငါ့ ယောင်းမက လှလိုက်တာ
ရုပ်ရှင်ရုံထဲမှ လျူယောင်နှင့် လီချန်လဲ့တို့ လက် ချင်းတွဲပြီး ပျော်ရွှင်စွာထွက်လာခဲ့ကြသည်။
ထိုအချိန်တွင် ညရှစ်နာရီကျော်နေပြီ ဖြစ်သည်။ သူတို့နှစ်ဦးစလုံး တစ်နေ ကုန်အတူ ရှိနေခဲ့ကြ ကာ ညစာစားခဲ့ပြီး နောက်ထပ် ရုပ်ရှင်တစ်ကား ကိုလည်း ကြည့်ခဲ့ကြသည်။
လီချန်လဲ့က
"အစ်ကိုယောင်၊ နောက်ဘယ်ကိုသွားကြမလဲ"
လျူယောင် အဝေးမှ အထပ်မြင့် အဆောက် အအုံတစ်ခုကို လက်ညှိုး ထိုးပြလိုက် သည်။ အဲ့တာက ကြယ်ငါးပွင့်ဟိုတယ်ဖြစ်သည်။
"လဲ့လဲ့ အဲဒီကို သွားကြရအောင် ဒီညပြန်မသွား တော့ဘူး အဲဒီမှာပဲ နေလိုက်ရအောင် ဘယ် လိုလဲ"
"အစ်ကိုရယ် ရှင်က တကယ် ကျွန်မကို လိုချင် နေတာပဲ"
လီချန်လဲ့က အဲ့လိုပြောဆိုလိုက်တာကြောင့် လျူယောင်ရဲ့စိတ်နှလုံးထဲတွင် ယားယံ သွားသည်။
"ဟုတ်တယ်၊ကိုယ်က မင်းကိုလိုချင်နေတာ ဒီနေ့ ကိစ္စတွေ ရှင်းလိုက်ကြရအောင် ဘယ်လိုလဲ"
လျူယောင် ရယ်မောလိုက်သည်။ လီချန်လဲ့ရဲ့ ထို ပုံစံကို သူကြိုက်နှစ်သက်ခြင်းပင်။
လီချန်လဲ့လည်း ပြုံးပြုံးရွှင်ရွှင် ရယ်မောလိုက် ပြီးနောက် လျူယောင် လက်မောင်းကိုဆွဲကာ နားရွက်နားကပ်ပြီး ထပ်မံတိုးတိုး လေးပြော လိုက် သည်။
လျူယောင် သူ့နှလုံးသားတွင် ပူလောင် နေ တာကို ခံစားလိုက်ရသည်။ ဒီမိန်းကလေး သူ့ကို တမင်တကာနောက်ပြောင်နေတာကို သိနေပေ မဲ့"ဒါဆို သွားကြရအောင် လာ ဟိုတယ်ကိုသွား ကြမယ်"
ဆယ်မီတာကျော်ကျော် လမ်းလျှောက်ပြီး နောက် လျူယောင် ဟိုတယ် တကယ်သွား တော့မှာကို မြင်လိုက်တဲ့အခါ လီချန်လဲ့ ချက် ချင်းစိတ်ဓာတ်ကျသွားသည်။ သူမက ရှက် ရွံ့စွာဖြင့်
"အစ်ကိုယောင် ကျွန်မ အဆင်သင့်မဖြစ် သေး ဘူး ကျွန်မကြောက်တယ်"
"ကိုယ်က မင်းကို နောက်နေတာပါ ကိုယ့်ညီမက ရောက်လာေတာ့မယ် သူ့ကို သွားကြိုရမှာ"
နွေရာသီကျောင်းပိတ်ရက်မှာ ကုန်ဆုံး လုနီးပြီ ဖြစ်လို့ ရက်အနည်းငယ်အတွင်း ကျောင်းပြန် ဖွင့်တော့မှာဖြစ်သည်။ အိမ်တွင်ကြာကြာနေခဲ့ တဲ့ လျူလန်က ဒီနေ့ကျောင်းကို လာမည် ဖြစ် သည်။
သူမက ည ၉ နာရီ ၂၀ တွင် ဟွာဟိုင်း အမြန်ရ ထားဘူတာရုံ အနောက်ဘက်ကို ရောက်ရှိမှာ ဖြစ်ပြီး လျုယောင် သူမကို လာကြိုရန် သဘော တူခဲ့သည်။
လီချန်လဲ့ ဟိုတယ် မသွားရတာကြောင့် စိတ် ပျက်မိသည်။
ဒီအချိန် သူမရဲ့စိတ်ထဲတွင် လွန်ဆွဲ နေသလို ဖြစ်နေခဲ့သည်။ သူမ ပထမဆုံးအကြိမ်အဖြစ် လျူယောင်နဲ့အတူနေလိုပေမဲ့ အလွန်အမင်း စိုးရိမ်ပူပန်နေပြီး အဆင်သင့်မဖြစ်သေးချေ။
တစ်ခါတစ်ရံတွင် လီချန်လဲ့က နတ်ဆိုး တစ် ကောင်ရဲ့ဘက်မှရှိနေတတ်ပေမဲ့ လက်တွေ့ တွင်မူ အတော်လေး ရှေးရိုးစွဲ ရှိသူဖြစ်သည်။
လီချန်လဲ့မှာ လျူယောင်က သူ့ညီမအ ကြောင်း ကို အကြိမ်များစွာပြောပြတာကို ကြားဖူး ပေမဲ့တစ်ခါမှမတွေ့ဖူး သေးပေ။
ဒါကြောင့် သူမ တွေ့ချင်လာပြီး
“ အကိုယောင် လျူလန်နဲ့တွေ့ရင် ညီမပါ လိုက်ချင်တယ် “
လျူယောင် ချက်ချင်းသဘောတူလိုက်ပြီး လက်ပြလိုက်ကာ
"ဒါဆို အခု ကားပေါ်တက်ကြရအောင် အ နောက်ဘူတာရုံကိုရောက်ရင် ညကိုးနာရီ လောက်တော့ ဖြစ်နေလောက်ပြီ"
သူတို့နှစ်ဦး ကားထဲကို အတူတူဝင်သွားကြပြီး လျုယောင် ကိုယ်တိုင် ကားမောင်းခဲ့သည်။လီ ချန်လဲ့နဲ့ ဒီလိုချိန်းတွေ့ချိန်တွင် သက်တော်စောင့် နဲ့ ယာဉ်မောင်းဖြစ်သူ ချန်းဟူကို ခေါ်လေ့မရှိပါ။
"အစ်ကိုယောင် လျူလန်နဲ့ ကျွန်မ ပထမဆုံး တွေ့ဖူးတာ ကျွန်မ လက်ဆောင်တောင် မပြင် ဆင်ရသေးဘူး"
"မျက်နှာပူတယ် ရှင့်မိသားစုနဲ့ ဘယ်သူက တွေ့ ရဲမှာလဲ “
"အဲ့ဒါဆို ကိုယ်တို့က မိသားစု မဟုတ်ဘူးပေါ့ “
“ ပြီးခဲ့တဲ့ နှစ်ရက်လောက်က မိန်းခလေး တစ် ယောက်က ကိုယ့်ကို WeChat လက်ခံ ဖို့ ပြော တယ် ကိုယ်သဘောတူရမလား မတူရဘူး လား “
လီချန်လဲ့ ချက်ချင်း နူတ်ခမ်းဆူကာ
"လုပ်ဝံ့သလား.ကျွန်မနဲ့အတူတူရှိပြီးနောက် တခြားမိန်းကလေးတွေကို WeChat ထဲ ထည့် လို့မရဘူး"
လျူယောင် ပျော်ရွှင်စွာပြုံးလျက်
"ဟုတ်ပြီ ဟုတ်ပြီ “ ဒါဆို တခြားမိန်း ကလေး တွေကို WeChat မှာ မထည့်တော့ပါဘူး ကိုယ့် နှလုံးသားထဲမှာ မင်းပဲရှိတာပါ"
" ဒီလိုမှပေါ့ “
လီချန်လဲ့ အမူအရာ သက်သာသွားသည်။
ရထားတွဲထဲတွင် လျူလန် သူမရဲ့ လက်ကိုင် ဖုန်းကို သိမ်းလိုက်သည်။ သူမ ဘူတာရုံကို မကြာမီရောက်ရှိတော့မှာဖြစ်သည်။
သူမရဲ့စိတ်ထဲတွင် "အစ်ကို့မှာ ရည်းစားရှိနေပြီ သူမက အလှဆုံးပဲလို့ပြောတယ် ဟွာဟိုင်းမြို့ ကိုရောက်ရင် တွေ့ဆုံဖို့ အခွင့်အရေး ရှာရမယ် "ဟု တွေးနေသည်။
လျူလန်မှာ ချောမောလှပတဲ့ ယောင်းမရှိဖို့ကို မျှော်လင့်ထားခြင်းဖြစ်သည်။ မကြာမီတွင် အမြန်ရထားက ဘူတာရုံကို ဆိုက်ရောက် လာ သည်။
လျူလန် ခရီးဆောင်အိတ်ကိုယူကာ ရထားထဲ မှဆင်းလာခဲ့သည်။ ဘူတာရုံမှ ထွက်လာ တာ နှင့်တစ်ပြိုင်နက် သူမကိုကြိုဆိုဖို့ လာခဲ့တဲ့ အကိုယောင် ကို မြင်လိုက်ရသည်။
ထို့နောက် သူ့ ဘေးမှ လီချန်လဲ့ကိုလည်း မြင် လိုက်ရသည်။
လျူလန် ဝမ်းသာပြီး အံ့အားသင့်သွားသည်။
သူမ အကြိမ်များစွာ တွေးထင်ထားတဲ့ အနာ ဂတ် ယောင်းမဟာ ဒီလောက်ထိလှပလိမ့်မယ် လို့ မထင်မှတ်ခဲ့ပါ။
"အစ်ကို"
ဝမ်းသာအားရအော်ဟစ်သံနှင့်အတူ လျူလန် က လျူယောင့် ရင်ခွင်ထဲ ပြေးသွားပြီး လဲကျလု နီးပါးဖြစ်နေသည်။
"မိဘတွေရော နေကောင်းလား"
"သူတို့အားလုံး နေကောင်းပါတယ်၊ စိတ်မပူပါ နဲ့"
မောင်နှမနှစ်ယောက် ခဏတာစကားပြောပြီး နောက် လျူယောင် မိတ်ဆက်ပေးလိုက်သည်။
"ဒါက မင်းရဲ့အနာဂတ်ယောင်းမ လီချန်လဲ့ ဟွာဟိုင်းအမှတ် (၂) အထက်တန်းကျောင်းမှာ စာသင်ကြားပေးနေတာ “
"ယောင်းမ မင်္ဂလာပါ"
လျူလန်က ယောင်းမဟု တိုက်ရိုက်ခေါ် လိုက် သည်။ ဒီ ယောင်းမ လို့ခေါ်တာကို လီချန်လဲ့က နွေးထွေးပြီးချိုမြိန်စေပေမဲ့ အနည်းငယ်ရှက် ရွံ့သွားစေခဲ့သည်။
"လျူလန် မင်းလည်း ငါ့ကို ညီမ လဲ့ ဒါမှမဟုတ် လဲ့လဲ့လို့ ခေါ်နိုင်ပါတယ်"
"မဟုတ်ဘူး ကျွန်မက ယောင်းမလို့ပဲ ခေါ်မယ်"
လျူယောင် ပျော်ရွှင်စွာရယ်မောလျက် လျူ လန်ကို လက်မ အကြီးကြီး ပေးချင်မိသည်။
"ကဲ လာကြ ကားပေါ်တက် အိမ်ကို အရင်ပြန် ကြရအောင်"
လီချန်လဲ့မှာ လျူယောင်ရဲ့လက်မောင်းကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် လျူ ယောင့် ရဲ့ခါးကို ညင်သာစွာ ဆိတ် လိုက်ကာ
"အစ်ကိုယောင်၊လျူလန်က ကျွန်မကို ယောင်း မလို့ခေါ်တာကို၊ ပျော်နေတာမလား"
"ပျော်ပါတယ်"
လျူယောင် က ရယ်ပြီး ပြန်ဖြေလိုက်သည်။
လီချန်လဲ့က ခပ်တင်းတင်းဆိတ်လိုက်သည်။ လျူယောင်က လျင်မြန်စွာ
"နာတယ် အား ငါ့မိန်းမ နာတယ်"
ငါ့မိန်းမဟူတဲ့ အော်သံကြောင့် လီချန်လဲ့မျက်နှာ ရဲလာပြီး ထပ်မံဆိတ်လိုက်သည်။
နှစ်ယောက်စလုံးရဲ့ လှုပ်ရှားမှုအနည်းငယ်ကို လျူလန် မမြင်သလိုဟန်ဆောင်လိုက်ပြီး သူမ အကိုအတွက် ပျော်ရွှင် သလိုခံစားမိသည်။ သူမရဲ့ စိတ်ထဲတွင်ပျော်ရွှင်စွာ
"ကျွန်မအစ်ကိုက ရည်းစားရနေပြီ အရမ်း လည်းလှတယ် သူတို့နှစ်ယောက် ရဲ့ဆက်ဆံရေး က အရမ်းချိုမြိန်နေတာပဲ"ဟု တွေးနေခဲ့သည်။
နောက်ဆုံးတွင် ကားထဲရောက်ရှိလာခဲ့ပြီး လျူ ယောင် ခါးနာခြင်းမှလွတ်မြောက်ကာ ကိုယ် တိုင်ကားမောင်းခဲ့သည်။
"လျူလန် မင်းမစားရသေးဘူး၊ အရင်စားဖို့ သွားကြရအောင်"
"အစ်ကို၊ ကျွန်မရထားပေါ် မှာစားခဲ့ပြီးပြီ ကျွန်မမဆာပါဘူး အိမ်ပဲပြန်ကြရအောင်"
"ကောင်းပြီ. အိမ်ပြန်ကြမယ်"
အိမ်ရောက်ရန် မိနစ်သုံးဆယ်မှ လေးဆယ် ခန့်ကြာမြင့်သည်။
အကွာအဝေးမှာ သိပ်မဝေးပါ။
ခရီးဆောင်အိတ်ကိုထားပြီး ဧည့်ခန်းမှ ဆိုဖာ ပေါ်တွင်ထိုင်လိုက်သည်။ လျူယောင် အချိန် ကိုစစ်ဆေးကြည့်လိုက်ရာ ည ဆယ်နာရီ ကျော်နေပြီဖြစ်လို့ နောက်ကျနေပြီဖြစ်သည်။
"လဲ့လဲ့ ဒီညပြန်မသွားနဲ့တော့ ဒီမှာပဲ အစ်ကိုနဲ့ အတူတူ အိပ်လိုက်ပါ"
လီချန်လဲ့ မျက်နှာ အနည်းငယ်ရဲ နေပြီး စိတ်ထဲ တွင်လည်း စိုးရိမ်ပူပန်နေသည်။
လျူလန်က နွေးထွေးစွာ လီချန်လဲ့ရဲ့လက်မော င်း ကို ကိုင်လိုက်ပြီး
"ယောင်းမ မပြန်ပါနဲ့ ကျွန်မတို့နှစ်ယောက် ဒီညအတူတူအိပ်ကြမယ်၊ ဘယ်လိုလဲ"
လီချန်လဲ့ ချက်ချင်း စိတ်သက်သာရာရသွားပြီး
"ကောင်းပြီ ငါတို့နှစ်ယောက် အတူတူအိပ်ကြ မယ်"
လျူယောင်က ပြုံးလျက်
"ကောင်းပြီ ဒါဆို မင်းတို့နှစ်ယောက် အတူတူ အိပ်ကြပေါ့ နောက်ကျတဲ့အထိ စကားမပြော ကြနဲ့ “
“ စောစောအိပ်ကြ"
“ စောစောအိပ်ကြ “
သူတို့နှစ်ဦး တစ်ပြိုင်နက်တည်းပြော ဆိုလိုက်ခြ င်းမှာ ရှားရှားပါး ပါးတိုက်ဆိုင်မှု့တစ်ခုဖြစ် သည်။
ညက အမှောင်ဖုံးနေပြီ။
လျူယောင် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး "သူတို့နှစ်ယောက် ဘာတွေပြောနေကြတာလဲ အခုအိပ်နေကြပြီလား၊ ငါ့အကြောင်းကိုရော ပြောကြမလား"ဟု စိတ်ထဲတွင် တွေးနေမိသည်။
အချိန်အတော်ကြာ တွေးနေခဲ့ပြီး လျူယောင် အိပ်မပျော်နိုင်ခဲ့ပေ။ သူ လိပ်ကြီးကို သတိရမိ လိုက်သည်။ထို့ကြောင့် အိမ်မွေးတိရစ္ဆာန် ချပ်ပြားကို ဖွင့်ကာ ကြည့်လိုက်သည်။
ပြင်ပအမြင်အာရုံမှတစ်ဆင့် လိပ်ကြီးမှာ ပင် လယ်ကြမ်းပြင်မှ ကျောက်တုံးပေါ်တွင် အိပ် ပျော်နေတာကို မြင်လိုက်ရသည်။
လိပ်ကြီးက ထပ်မံကြီးထွားလာခဲ့ပြီး အလေး ချိန် ၂၉.၂ တန် ရောက်ရှိနေပြီဖြစ်သည်။
အမျိုးမျိုးသော အရည်အချင်းများမှာလည်း များစွာတိုးတက်လာခဲ့သည်။ အခက်ခဲဆုံးသော ရေကူးနှုန်းပင် တိုးတက်လာခဲ့ပြီး ရေထဲတွင် ပျမ်းမျှရေကူးနှုန်းမှာ ၁၃၂ ကို ရောက်ရှိနေခဲ့ သည်။
လျူယောင် လိပ်ကြီးကို မဆက်သွယ်တော့ပဲ အိမ်မွေးတိရစ္ဆာန်ချပ်ပြားကို ကြည့်ပြီးနောက် ဖြည်းဖြည်းချင်း အိပ်ပျော်သွားလေသည်။