Ch 72
Viewers 5k

အခန်း 72    ဒီ ငါးမန်းအုပ်က ငါ့ရဲ့ အစာပဲ



လိပ်ကြီး ပင်လယ်နားမှ  ဂိုဒေါင်နဲ့ မိုင် ၂၀၀ ကျော်အကွာတွင် ရှိပေမဲ့ ရောက်ဖို့ တစ်နာ ရီခန့်သာ ကြာသည်။သူက  ပေ ၃၀ အကျယ်နဲ့ ၁၀ ပေအနက်ရှိတဲ့ ရေလမ်းကြောင်းအတိုင်း ဂိုဒေါင်ကြီးထဲ  တွားသွားဝင်ခဲ့သည်။


'သခင်က ငါ့အတွက် ကစားစရာတစ်ခု လုပ်ပေး တယ်ဆိုတာ ဘာဖြစ်မလဲ'



ဒီလို တွေးရင်း ဂိုဒေါင်ထဲသို့ တွားဝင်လိုက်တာနဲ့  ပေ ၂၀ ရှည်တဲ့ ဧရာမလှံကြီးကို ရုတ်တရက် မြင်လိုက်ရသည်။ သူရဲ့မျက်လုံးများက တောက်ပသွားခဲ့သည်။


'သခင်ပြောတာ ဒီအရာပဲဖြစ်ရမယ်”


တွားသွားပြီး ရှေ့ခြေတစ်ဖက်ဖြင့် ထိုအရာကို ဆုပ်ကိုင်လိုက်သည်။


" ဟေး၊ အရမ်းလေးတာပဲ နည်းနည်းတော့ လေး လံတယ် "



လိပ်ကြီး ဧရာမလှံကြီးကို ဆုပ်ကိုင်လိုက်ပေမဲ့  အလေးချိန် သူ့အတွက်  အနည်း ငယ်ခက်ခဲ နေတာလို့ ခံစား ရသည်။ လိပ်ကြီး အလေး ချိန်က တန် ၂၀ နီးပါးရှိပြီး ခွန်အားမှာ ၁၂၀၀ မှတ်ကျော်နေပေမဲ့  ၁၇ ၁၈ တန်ရှိတဲ့ ဧရာမ လှံကြီးကို မြှောက်နိုင်ပေမဲ့ မလွယ်ကူပေ။


"သခင်၊ ခင်ဗျားပြောတဲ့ ဒီဟာက ဘာလဲ အရမ်း လေးတယ် "


လျုယောင်က  လိပ်ကြီးရဲ့ စကားကို လက်ခံရ ရှိသောအခါ "လိပ်ကြီး ဒါက မင်းအတွက် ငါ လုပ်ထားတဲ့ လက်နက်တစ်ခုပဲ။ အဲဒါကို လှံလို့ ခေါ်တယ်။ မင်းအရင်ဆုံး အသား ကျအောင် လုပ်ထားရမယ်။ မနက်ဖြန်မနက် မင်းအတွက် အလုပ်တစ်ခုရှိတယ် " လို့ ပြောလိုက်သည်။


"ကောင်းပါပြီ၊ သခင်၊ ဒါက နည်းနည်းတော့ မညီမညွတ်ဖြစ်နေတယ် "


လျုယောင်က


"မင်း မြှောက်နိုင်ရင် အဆင်ပြေတယ်။ နောက် ရက်အနည်းငယ်ဆို မင်းရဲ့အလေးချိန် တန်  ၂၀ ကျော်လာတဲ့အခါ မင်းက ဒီဟာကို လေးလံ တယ်လို့ ခံစားရတော့မှာမဟုတ်ဘူး။ ဒါ့အပြင်၊ ရေထဲမှာရှိနေရင် အလေးချိန်က လျော့နည်း သွားမယ်လို့ ခံစားရမှာပါ" ပြောလိုက်သည်။


ဟုတ်ပါတယ်၊ ရေထဲမှာက ကွဲပြားပါတယ်။ ရေရဲ့တွန်းအားကြောင့် အလေးချိန်က နှစ်တ န်နီးပါး ပိုပေါ့သွားတယ်လို့ ခံစားရတာကြောင့်  လိပ်ဘုကြီး  လှံကို ကိုင်ထားတဲ့အခါ လေးတယ် လို့ ခံစားရမှာမဟုတ်တော့ပေ။


လျုယောင်က


 "မနက်ဖြန်မနက်မှာ မင်းက ဒုံရှန်းရေနက် ဆိပ် ကမ်းနားက ရေပြင်ထဲမှာ ရှိနေရမယ်။ ငါက မင်းကို အဆက်အသွယ်လုပ်ပြီး အလုပ်ပေး မယ်" ဟု မှာလိုက်သည်။


လိပ်ကြီးက ဧရာမလှံကြီးကို ရှေ့ခြေ တစ် ဖက်ဖြင့် ကိုင်ပြီး ရေလမ်းကြောင်းထဲ  ဝင်ကာ ပင်လယ်ထဲကို ပြန်လည်ဝင်ရောက်ခဲ့သည်။



"ဟေး၊ တကယ်ကို ပေါ့ပါးသွားတယ်၊ အရမ်း ချောမွေ့တာပဲ "


လိပ်ကြီး အနည်းငယ်ထူးဆန်းတာလို့ ခံစားရ ပေမဲ့ ဘာဖြစ်နေလဲဆိုတာကို သူက အမြန် နားလည်ခဲ့သည်။


သူက  အနည်းဆုံး ၁၂ နှစ်  ၁၃ နှစ်အရွယ် က လေးရဲ့ ဉာဏ်ရည်ရှိပြီး အကြောင်းအရာ တချို့ ကို နည်းနည်းတွေးလိုက်တာနဲ့ ဘာဖြစ် နေလဲ ဆိုတာကို သိရှိခဲ့သည်။


"ကောင်းပြီ၊ ငါ့မှာလည်း လက်နက်တစ်ခုရှိပြီ "



"သခင်က ကူညီလုပ်ပေးတဲ့အရာက တကယ်ကို ကောင်းတာပဲ  တချို့အကောင်ကြီးတွေနဲ့ တွေ့ တဲ့အခါ သူတို့ကို ကိုက်ဖို့အတွက် ငါ့ပါးစပ် ကို မသုံးတော့ဘဲ လှံနဲ့ပဲ ကိုင်တွယ်လိုက်တော့မယ် "လိပ်ကြီး ပျော်ရွှင်စွာ ပြောနေသည်။



လိပ်ကြီး  ဧရာမလှံကြီးကို ကိုင်ပြီး ရေနက်ပိုင်း ကို ကူးခတ်သွားပြီး တဖြည်းဖြည်း ကမ်းရိုး တန်း ရေမိုင်နဲ့ ၂၀၀ မှ ၃၀၀ အထိ ဝေးကွာသွား ခဲ့သည်။


ဟုတ်ပါတယ် လိပ်ကြီးက  ကုန်းမြေနဲ့နီးတဲ့ ပင် လယ်ပြင်တွင် နေထိုင်ရန် စိတ်မပါ့ပေ  သူရဲ့ လှုပ်ရှားမှုနယ်ပယ်က ကုန်းမြေမှ မိုင်ရာ ချီဝေး ကွာလေ့ရှိသည်။



မနက်ဖြန်မနက်တွင် အလုပ်မရှိခဲ့ပါက နံနက် ပိုင်းတွင်  ဒုံရှန်းကမ်းစပ်အနီးကို ပြန်လာစရာ မလိုဘဲ ပိုမိုဝေးတဲ့ နေရာကို ကူးခတ် သွားနိုင် ပေသည်။


ဧရာမလှံကြီးကို ဘေးဖယ်ထားပြီး လိပ်ကြီး အရင်ဆုံး အိပ်ပျော်သွားခဲ့သည်။



အိပ်စက်မှု့က တကယ်ကို ချိုမြိန်ခဲ့သည်။ နိုးလာ တဲ့အခါ ပင်လယ်ရေမျက်နှာပြင်မှ နေလုံး နီတစ် လုံးက တက်လာပြီး နံနက်အ စောပိုင်းအချိန်ပင် ဖြစ်နေခဲ့သည်။


လိပ်ကြီး သက်တောင့်သက်သာ ကိုယ်လက် ဆန့်တန်းလိုက်ပြီး  ဧရာမလှံကြီးကို ဆွဲကိုင်ကာ  ဒုံးရှန်းရေနက်ပင်လယ်ကမ်းစပ်ဆီ ကူးခတ်သွ ားပြီး လမ်းတွင် နံနက်စာကို ရှာဖွေခဲ့သည်။


ပေါင်ရာချီရှိတဲ့ ငါးကြီးတစ်ကောင်ကို မြင်တဲ့ အခါ သူက အမြန်ကူးခတ်သွားပြီး တစ်ကိုက် ကိုက်ကာ အလုတ်အနည်းငယ်ဖြင့် မြိုချလိုက် သည်။ ပေါင် ၁၀၀ ၂၀၀ လေးတဲ့ ငါးများ ကို တော့ စိတ်ဝင်စားခြင်းမရှိတော့ပေ။လိပ်ကြီးက  ဒီကောင်တွေကို ပေါက်စန တွေလို့သာ တွေးနေ ခဲ့သည်။


"ဟေး၊ ဟိုမှာ ငါးမန်းအုပ်ကြီးတစ်အုပ်ရှိတယ် ဒါက ငါ့ရဲ့အစားအစာပဲ "



လိပ်ကြီးက  ရေအောက်မီတာ ၁၀၀ ကျော်တွင် ရှိပြီး ကြည်လင်တဲ့ ပင်လယ်ရေနဲ့ မီတာ ၁၀၀၀ ကျော်က အရာများကို ရှင်းရှင်း လင်းလင်း မြင် နိုင်တဲ့ စူပါအမြင်စွမ်းအား ရှိသည်။


မီတာ ၁၀၀၀ ကျော်အကွာတွင် ငါးမန်းအုပ် ကြီးတစ်အုပ်ရှိနေသည်။


ငါးမန်းကြီးများက ငါးမီတာ! ခြောက်မီတာ ရှည်ပြီး၊ ငါးမန်းငယ်များက  သုံး! လေး မီ တာရှည်သည်။



ငါးမန်းတစ်ကောင်က ငါးကြီးတစ်ကောင်ကို သတ်လိုက်ပုံရသည်။ ထိုအခါ သွေးနံ့က ငါးမန်း တစ်ဒါဇင်ကျော်ကို ဆွဲဆောင်ခဲ့ပြီး သူတို့က  အ ကုန်မစားရသေးတဲ့  ငါးကြီးကို လုယူ နေကြ သည်။



မိုင်တစ်ထောင်ကျော်အကွာအဝေးသာရှိတာကြောင့် လိပ်ဘုရင်သည် မကြာမီ ရောက် ရှိလာ ခဲ့သည်။



ထိုငါးမန်းများက ဧရာမကြီးတစ်ကောင် လာ နေတာကို မြင်တဲ့အခါ အံ့အား သင့် သွားကြ ပေမဲ့ သူတို့က အလျင်အမြန် စိတ်တည် ငြိမ် လာခဲ့သည်။ ငါးမန်းအုပ်က  အရေ အတွက် များပြားမှု့ကို  အားကိုးနေပြီး လိပ်ကြီးက တော့တစ်ကောင်တည်းသာဖြစ်သည်။


ငါးမီတာ !ခြောက်မီတာရှည်တဲ့  ငါးမန်းကြီး တစ်ကောင်က လိပ်ကြီးနောက်ကို တိတ်တ ဆိတ် ကူးခတ်သွားပြီး အမြီးကိုက်ရန်အတွက် ပါးစပ်ကိုဟ လိုက်သည်။


ပါးစပ်မှာ ကျယ်ကျယ်ဖွင့်ထားပြီး အတွင်းထဲမှ ချွန်ထက်တဲ့ သွားများပေါ်လာကာ အလွန်ကြောက်စရာကောင်းနေသည်။


လိပ်ကြီးက လက်ထဲမှ လှံနဲ့ ငါးမန်းဆီကို  ထိုး သွင်းလိုက်သည်။ အမြန်နှုန်းက လျှပ်စီးလိုပင် ဖြစ်သည်။

"ဖောင်း!"


ချွန်ထက်တဲ့  လှံက  ငါးမန်းကို အားစိုက် စရာ မလိုဘဲ ထိုးဖောက်သွားသည်။ ပင်လယ်ရေမှာ ရုတ်တရက် နီရဲသွားပြီး သွေးနံ့က အခြား ငါး မန်းများကို အမျက်ထွက်စေခဲ့သည်။


အကြီးဆုံးငါးမန်းက မျက်မြင်အရ ခြောက် မီတာ !ခုနစ်မီတာရှည်သည်။ဒီကောင်က  လိပ်ကြီးဆီကို ပြေးလာခဲ့သည်။


အခြားငါးမန်းအချို့က ပါးစပ်များကို ကျယ် ကျယ်ဟကာ ချွန်ထက်တဲ့ သွားများကို ဖော်ပြ ရင်း ပြေးလာခဲ့ကြသည်။


လိပ်ကြီး က အမြန်တုံ့ပြန်ပြီး လျင်မြန်စွာ ရွေ့လျား ခဲ့သည်။


လိပ်ကြီးက အမြန်လာနေတဲ့  ငါးမန်းကို ရိုက် ရန်မလိုသလို  ပါးစပ်ကိုဖွင့်ပြီး ကိုက်ရန် လည်း မလိုပေ။ အစားထိုးအနေဖြင့်  ဧရာမ လှံကြီးနဲ့ တစ်ချက်တည်း တိကျစွာ ထိုးလိုက် သည်။

"နှစ်ကောင်"

"သုံးကောင် "


စက္ကန့်အနည်းငယ်အတွင်း ငါးမန်းငါးကောင်ကို ထိုးဖောက်လိုက်ပြီးသူတို့ အားလုံးကို လှံပေါ် တွင် ဧရာမအကင်လိုမျိုး ထိုးထားခဲ့သည်။


ကျန်တဲ့ ငါးမန်းများက နောက်ဆုံးတွင် ကြောက် လန့်သွားကြပြီး ငှက်များနဲ့ သားရဲများလို  ပြန့် ကျဲသွားကြကာ အတတ်နိုင်ဆုံး ပြေးသွား ကြ ပြီး မကြာမီ ပျောက်ကွယ်သွားခဲ့သည်။



လိပ်ကြီး  နောက်မှလိုက်ရန် စိတ်မဝင်စား တော့ ပေ။သူက ငါးမန်းကြီးများကို လှံပေါ်တွင် ထိုး ထားတာကို မြင်တဲ့အခါ အလွန်ကျေနပ်သွား ပြီး


"ငါ့သခင်ပေးတဲ့ လက်နက်က မဆိုးဘူးပဲ" ဟု စိတ်ထဲတွင် တွေးလိုက်သည်။


ခဏတာ အိပ်ပျော်ပြီး နိုးလာတဲ့အခါ နံနက်စာ မစားရသေးပေ။



လိပ်ကြီးက  ရိုးရှင်းပြီး အရသာရှိတဲ့ နံနက်စာကို စားခဲ့သည်။ ငါးမန်းငါးကောင်လုံးကို စားပြီးနောက် ဗိုက်ပြည့်သွားသဖြင့်  လိပ်ကြီး  ကြိုးစားအလုပ်လုပ်နိုင်ခဲ့သည်။


ငါးမန်းအားလုံးကို စားပြီးနောက် ဒုံရှန်းပင် လယ်ရေနက် ဆိပ်ကမ်းဆီကို  ကူးခတ် သွား ခဲ့သည်။


ဒါက လျုယောင်ကုမ္ပဏီကို  ရောက်လာခဲ့တဲ့ စတုတ္ထမြောက်နေ့ဖြစ်ပြီး  သူက အတော် လေးစောစောရောက်ရှိလာခဲ့သည်။


ကော်ဖီတစ်ခွက်ကို ဖျော်ပြီးနောက် သူဌေး ကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာ ထိုင်နေခဲ့သည်။ အချိန်ကိုကြည့်ရန် လက်ကို မြှောက်ပြီး စိတ်ထဲတွင် "လိပ်ကြီး ဒုံရှန်းဆိပ် ကမ်းနားကို ရောက်နေလောက်ပြီ အလုပ်စဖို့ အချိန်တန်ပြီ" ဟုတွေးလိုက်သည်။



တကယ်တော့ လိပ်ကြီးက အလုပ်ကို ညက တည်းက ပြီးစီးနိုင်ခဲ့ပေမဲ့ လျူယောင်က ည ဘက်တွင် အလုပ်လုပ်ဖို့ မလိုချင်သလို လျှို့ ဝှက်စရာလည်း မလိုပေ။ 


နေ့ခင်းဘက်တွင် လုပ်ဆောင်ခြင်းက ပိုပြီး ပွင့် လင်းမြင်သာမူ့ရှိသည်။