အခန်း 67 ဝါး နင့် ရည်းစားက အရမ်း ချမ်းသာတာပဲ
ဝမ်လီက “ဒါဆိုရင် ဂွမ်ဟိုင်း စျေးဝယ်စင် တာကို သွားကြတာပေါ့။အဲ့ဒါက ဟွာဟိုင်း မြို့ရဲ့နာမည်ကြီး စျေးဝယ်စင်တာတစ်ခု ဖြစ်တာကြောင့် စျေးလည်းကြီးပြီး!ပစ္စည်းမျိုးစုံ ရှိတယ်လေ “
လျူယောင် မေးမြန်းတဲ့ သဘောဖြင့်လီချန် လဲ့ကို ကြည့်လိုက်သည်။လီချန်းလဲ့က ခေါင်းညိတ်ပြီး “ကောင်းပြီလေ၊ ဒါဆိုရင် ဂွမ်ဟိုင်စျေးဝယ်စင်တာကို သွားကြမယ်” ဟု သဘောတူလိုက်သည်။
သူတို့သုံးယောက်သည် စားသောက်ဆိုင်မှ ထွက်လာတဲ့အခါ ဝမ်လီက တက်ကြွစွာဖြင့် တက္ကစီကို အလျင်အမြန် ခေါ်လိုက်သည်။ ဒီနေရာမှ ဂွမ်ဟိုင်းစျေးဝယ်စင်တာကို 10
ကီလိုမီတာခန့် ရှိပြီး အနည်းငယ် ဝေးတာ
ကြောင့် ဖြစ်သည်။
လျူယောင်က “တက္ကစီခေါ်စရာမလိုဘူး ငါ့မှာ ကားပါတယ်” ဟု ပြောလိုက်သည်။
ဝမ်လီက “လျူယောင် ရှင့်မှာ ကိုယ်ပိုင် ကားရှိတာလား? လဲ့လဲ့က တစ်ခါမှ မပြော ဖူးဘူး။ဒါဆိုရင်တော့ ရှင် အတော်လေး အဆင်ပြေနေတာပဲ။ ကျွန်မ တွေးထားတာ ထက်တောင် ပိုကောင်းနေတယ်” ဟု ပြော လိုက်သည်။
တက္ကသိုလ်မှ ဘွဲ့ရပြီး တစ်နှစ်ကျော်သာ ရှိသေးတဲ့ အချိန်တွင် ဟွာဟိုင်းမြို့တွင် ကားတစ်စီး ဝယ်နိုင်သည်ဆိုခြင်းက အမှန် တကယ် အလုပ်အဆင်ပြေတာ ကြောင့် ဖြစ်လိမ့်မည်။အနည်းဆုံးတော့ သူမရဲ့ အသက်အရွယ်တူသူများရဲ့ ၉၀% ထက် ပိုနေပြီဖြစ်သည်။
လျူယောင် အနည်းငယ် ပြုံးပြလိုက်ပြီး မည်သည့်ရှင်းပြချက်မှ မပေးခဲ့သလို ကြွားဝါခြင်းနဲ့ ကြွားလုံးထုတ်ခြင်းလည်း မပြုခဲ့ပေ။သူ ဖုန်းထုတ်ပြီး ချန်းဟူထံ WeChat ဖြင့် တည်နေရာ ပို့လိုက်ကာ
“ဂွမ်ဟိုင်စျေးဝယ်စင်တာကို ပို့ပေးပါ”
ဟု ရေးလိုက်သည်။ချန်းဟူ ရောက်လာရန် မိနစ်အနည်း ငယ် သာ ကြာလိမ့်မည်။
ဝမ်လီက လီချန်းလဲ့ကို တိတ်တိတ်ကလေး ဆွဲခေါ်ကာ
“လဲ့လဲ့ နင့်ရည်းစားက ဘာအလုပ်လုပ်တာ လဲ။ သူက ချမ်းသာတယ်ဆိုတာကို တစ်ခါ မှ မပြောဖူးဘူး” လို့ တိုးတိုးလေး မေးလိုက် သည်။
လီချန်လဲ့က
“နင်မှ ဒီအကြောင်းတွေကို မမေးခဲ့တာကိုး၊ ဘယ်လိုလုပ် ပြောပြရမလဲ” ဟု ပြန်ဖြေ လိုက်သည်။
“ဟင် ဒါဆိုရင် နင်က ချမ်းသာတဲ့ ရည်းစားကို တွေ့သွားတာပဲ။ ငါ့ကိုတောင် မပြောပြဘူး” ဝမ်လီ မကျေမနပ်ဖြစ်ကာ လီချန်လဲ့ကို ရယ်မောပြောင်ပြလိုက်သည်။
လီချန်းလဲ့က
“အိုကေ၊ အိုကေ၊ ငါမှားပါတယ်။ အစ်ကို ယောင်က ကုမ္ပဏီတစ်ခုကို ဦးစီးနေတာ၊ ဒါကြောင့်မို့ သူက နည်းနည်းလေး ချမ်းသာ တယ်” ဟု အမြန်ပြောလိုက်သည်။
“သြော်! ဒီလိုကိုး”
ဝမ်လီ နောက်ဆုံးတော့ နားလည်သွား သည်။ညစာစားတုန်းက လျူယောင် ရွှေတံဆိပ် ငှက်သိုက်နှင့် သိန်းတစ်ရာ ကျော်တန် ဝိုင်နီပုလင်းကို မှာယူခြင်းမှာ အံ့သြစရာမဟုတ်တော့ပေ။ဒီလူက ကုမ္ပဏီ တစ်ခုကို ဦးစီးနေသူဖြစ်ပြီး စီးပွားရေး အင်အားလည်း ကောင်းပုံရသည်။
ဝမ်လီ လျူယောင့်ကို ထပ်မံကြည့်လိုက် ပြီး
“သူ့မှာ ဘယ်လောက် ပိုက်ဆံရှိနေမလဲ? သိန်းရာဂဏန်းလား ထောင်ဂဏန်းလား ဒါမှမဟုတ် သန်းဂဏန်းလား” ဟု တွေးလိုက် မိသည်။
သန်းဂဏန်းအကြောင်း တွေးမိလိုက်တဲ့ အ
ခါ ဝမ်လီ အနည်းငယ်မနာလို စိတ်ဖြစ်သွား
သည်။လဲ့လဲ့မှာ ရုပ်ရှည်ချောမောပြီး ငွေ
ကြေးချမ်းသာတဲ့ ရည်းစားကို ရရှိထားခဲ့
သည်။
မကြာမီတွင် ချန်းဟူ ရောက်လာပြီး အသစ် စက်စက် Roll-Royce ကို သူတို့ သုံး ယောက် ဘေးတွင် ရပ်လိုက်သည်။ ရုတ်တ ရက် ဝမ်လီရဲ့ မျက်လုံး ပြူးကျယ်သွားခဲ့ သည်။
“အိုမိုင်ဂေါ့! Roll-Royce ! ”
“ဒါက ယွမ် ၇-၈ သန်းလောက်ရှိတဲ့ ကားပဲ!”
“ဒါက တကယ်ကို ချမ်းသာသူတွေရဲ့ ကားပဲ!”
ဝမ်လီ ကားကိုကြည့်ပြီး အံ့သြနေ သည်။ သူမကို ပို အံ့သြစေတာ က ကားရပ်လိုက် ကားမောင်းသူနေရာမှ လူငယ်တစ်ယောက် ဆင်းလာကာ နောက်ခန်းတံခါးကို ဖွင့်ပေးပြီး “သူဌေး၊ ကားပေါ် တက်ပါ” ဟု လေးစားစွာ ပြောလိုက်ခြင်းပင် ဖြစ်သည်။
လျူယောင်လည်းကားပေါ် တက်လိုက်ပြီး လက်ဝှေ့ယမ်းကာ “ဘာတွေ လုပ်နေကြ တာလဲ၊ ကားပေါ်တက်ကြတော့” ဟု ပြောလိုက်သည်။
ဝမ်လီက သူမရဲ့ မျက်လုံးကို မယုံကြည်နိုင် ဖြစ်နေခဲ့သည်။ ဒီကားမှာ တကယ့်ကို လျူယောင် ကားဖြစ်နေခဲ့သည်။သူမက အစက သိန်းဆယ်ဂဏန်းလောက် တန်တဲ့ ကားတစ်စီး ဖြစ်လိမ့်မယ်လို့ ထင်ခဲ့ပေမဲ့ ယွမ် ၇-၈ သန်းတန် ဇိမ်ခံကားတစ်စီး ဖြစ် နေခဲ့သည်။
“ဝါး! နင့်ရည်းစားကအရမ်းချမ်းသာတာပဲ!”
ဝမ်လီ နောက်ဆုံးတွင် အံ့သြစွာဖြင့် အော် လိုက်တော့သည်။သူမရဲ့ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေသည်။
တစ်နေ့တွင် သူမက ဒီလိုကောင်းမွန်တဲ့ ကားတစ်စီးကို စီးနိုင်မယ်လို့ တစ်ခါမျှ မတွေးခဲ့ဖူးပေ။
လီချန်လဲ့က “မအော်နဲ့တော့၊ မြန်မြန် ကားပေါ်တက်၊ဂွမ်ဟိုင်းစျေးဝယ်စင်တာကို သွားကြရအောင်” ဟုသတိပေးလိုက်သည်။
“အိုကေ၊ အိုကေ၊ သွားကြမယ်”
သူမကအိုကေ ဆိုပြီး နှစ်ခွန်း ပြောလိုက် သည်။ခရီးသည်ဘက်မှ ထိုင်ခုံတွင် ထိုင် နေတဲ့ ဝမ်လီမှာ အတော်အတန် ကြာအောင် စိတ်လှုပ်ရှားမှု မပြယ်သေးပေ။
သူမက ဟိုဘက်ဒီဘက်ကြည့်ကာ ကားထဲမှ အရာရာတိုင်းကို အသစ်အဆန်းအဖြစ် မြင်နေခဲ့သည်။
ဒီအချိန်တွင်မှ သူမက လျူယောင်ဟာ မျက်တောင်တစ်ချက် မခတ်ဘဲ ယွမ် ၂၀၀၀ နီးပါးတန်ငှက်သိုက်တစ်ခွက်နဲ့ ဝိုင်နီတစ်ပုလင်းကို ဘာ့ကြောင့် မှာယူနိုင် ခဲ့တယ် ဆိုတာကို နောက်ဆုံးတော့ နား လည်သွားခဲ့သည်။
ဒီလူက တကယ်ကို ချမ်းသာသူဖြစ်ပြီး အ လွန်ချမ်းသာသူပင် ဖြစ်သည်။Roll-Royce
စီးနိုင်သူများမှာ အနည်းဆုံး သန်းဆယ်ဂ ဏန်းလောက် ပိုင်ဆိုင်ထားနိုင်သူများ ဖြစ် ကြသည်။ သူတို့တွင် သန်းရာဂဏန်း တန် ဖိုးရှိတဲ့ ပိုင်ဆိုင်မှုများလည်းရှိနိုင်ပေသည်။
သန်းရာဂဏန်း ပိုင်ဆိုင်မှုများအကြောင်း တွေးမိတဲ့အခါ ဝမ်လီ ထပ်မံ အံ့သြသွားပြန် သည်။
ကားက လျင်မြန်စွာ မောင်းနှင်နေပြီး ေစျး
ဝယ်စင်တာကို ရောက်ရန် မိနှစ်နှစ်ဆယ်
လောက်ကြာမြင့်ခဲ့သည်။
ဒါက ဟွာဟိုင်းမြို့ရဲ့ အကြီးဆုံးစျေးဝယ် စင်တာများထဲမှ တစ်ခုဖြစ်သည်။အဲ့ဒီ့နေရာက နေရာကအလွန်ကြီးမားပြီး အမှတ် တံ ဆိပ်အမျိုးမျိုး အပါအဝင် ပစ္စည်းမျိုးစုံရှိသည်။
သူတို့လေးယောက် အမျိုးသမီး အဝတ်အ စား များရှိတဲ့ နေရာကို ရောက်လာကြသည် ။ ထိုနေရာတွင် နာမည်ကြီးအမှတ် တံဆိပ် များ ဇိမ်ခံအမှတ် တံဆိပ်များဖြစ်တဲ့ Chanel လို အမှတ်တံ ဆိပ်များနဲ့ ပြည့်နှက် နေသည်။
လျူယောင်က “လဲ့လဲ့ ဒီရှပ်အင်္ကျီလေး ဘယ်လိုလဲ! မင်းက ဂျင်းဘောင်းဘီဝတ် ရတာ ကြိုက်တယ်! ဒီလိုရှပ်အင်္ကျီနဲ့ဆို အရမ်းလိုက်ဖက်မယ်လို့ ထင်တယ်” ဟု ပြောလိုက်သည်။
“အလှလေး၊မင်းရဲ့ ရည်းစားက အမြင် ကောင်း ယတယ် မင်းက အရမ်းလှပြီး ရုပ် ရည်လည်း ရှိတာကြောင့် ဒီရှပ်အင်္ကျီကို ဝတ်လိုက်ရင် ပိုပြီး ဆွဲဆောင်မှုရှိလာမှာ သေချာတယ်” ဟု အရောင်းဝန်ထမ်း အမျိုး သမီးက အလျင်အမြန် ပြော လိုက်သည်။
လီချန်လဲ့ အနည်းငယ် တွေဝေနေခဲ့သည်။
ဒီရှပ်အင်္ကျီမှာ ယွမ် ၈၀၀၀ ကျော် (သိန်း ၃၀ ကျော်)ရှိပြီးအလွန်စျေးကြီးလွန်းသည်။
လီချန်းလဲ့ တွေဝေနေတာကို မြင်တဲ့အခါ ဝမ်လီ သူမကို ညင်သာစွာ တွန်းလိုက်ပြီး
“လဲ့လဲ့ နင် ပိုက်ဆံပေးစရာမလိုဘူးလေ နင်က အရမ်း အစွဲအလမ်းကြီးတာပဲ”လို့ တိုးတိုးလေး ပြောလိုက်သည်။
လီချန်လဲ့က “အစ်ကိုယောင် ဒါက အရမ်းစျေးကြီးလွန်းတယ်”
လျူယောင်က “ရပါတယ်၊ ကိုယ် မနေ့က ချမ်းသာလာတာ မဟုတ်လား။ မင်း ဒါကို ဝတ်ကြည့်လိုက်ပါ။ မင်းဝတ်လိုက်ရင် ပိုလှသွားမယ်လို့ ထင်တယ်” ဟု ပြောသည်။
ဝမ်လီက လီချန်လဲ့ကို အဝတ်လဲခန်းထဲ အလျင်အမြန် တွန်းပို့လိုက်ပြီး အရောင်း ဝန်ထမ်းအမျိုးသမီးက လီချန်းလဲ့အတွက် အရွယ်အစားကို ရွေးချယ်ပေးလိုက်သည်။
အမှန်တော့ လီချန်းလဲ့သည် အရပ် ၁၇၂ စင်တီမီတာဖြင့် အလွန် အရပ်ရှည်သည်။
ဝမ်လီရဲ့ တွန်းအားပေးမှုနှင့် တိုက်တွန်း ချက် များကို မခံနိုင်တော့တာကြောင့် လီချန်းလဲ့ နောက်ဆုံးတွင် ရှပ်အင်္ကျီကို လဲလိုက်ပြီး ထွက်လာခဲ့သည်။ချက်ချင်း ပင် လျူယောင်ရဲ့ မျက်လုံးမှာ လက်လက် ထသွားခဲ့သည်။ သူရဲ့ရည်းစားက အရင် တည်းက လှပသူဖြစ်တာကြောင်ဒီဝတ်စုံ ဝတ်လိုက်တဲ့အခါ ပိုမို လှပလာခဲ့သည်။ မဟုတ်သေးပေ ဆွဲဆောင်မှုရှိလာတာဟု ပြောနိုင်ပေသည်။
“လဲ့လဲ့ ဒီဝတ်စုံက ကောင်းတယ်၊ ဝယ်လိုက်ရအောင်”
လီချန်လဲ့ တွေဝေနေသေးပြီး
“ဒါပေမယ့် အစ်ကိုယောင် ဒါက အရမ်း စျေးကြီးတယ်။ကျွန်မကိုယ်တိုင် ကဒ်နဲ့ ရှင်းလိုက်မယ်”ဟု ပြောလိုက် သည်။
“ဘာလို့လဲ၊ မင်း ကဒ်နဲ့ ရှင်းစရာ မလိုပါဘူး။ ဒါက ကိုယ်ရည်းစားအတွက်ပဲ၊ ကိုယ့် ဘာသာရှင်းလိုက်မယ်”လို့ ပြောပြီး နောက် လျူယောင် အရောင်းဝန်ထမ်းကို
ပြေစာ ပြင်ပေးရန် အချက်ပြလိုက်သည်။
ဝမ်လီက “အစ်ကိုယောင် ကျွန်မကိုလည်း နည်းနည်းတစ်ခုခု ဝယ်ပေးလို့ရမလား” ဟု မေးလိုက်သည်။
လီချန်းလဲ့က ဝမ်လီရဲ့ လက်မောင်းကို တိတ်တိတ်ကလေး လိမ်ဆွဲလိုက်ပြီး
“နင် ရူးနေတာလား ငါ့ရည်းစားကို နင် တစ်ခုခု ဝယ်ပေးဖို့ ပြောနေတာလား” ဟု တိုးတိုးလေး ပြောလိုက်သည်။
ဝမ်လီက ပြုံးပြီး “ဘာလို့လဲ၊ နင် မနာလိုဖြစ်နေတာလား” ဟု ပြန်ပြောသည်။
“ငါ မနာလိုမဖြစ်ပါဘူး” လီချန်လဲ့က ကြွားဝါစွာ ပြောလိုက်၏။
လျူယောင် သူတို့နှစ်ဦး စကားပြောဆိုမှုကို နားထောင်ပြီး ခဏ တွေးလိုက်ပြီးနောက်
“ဟုတ်တယ်၊ ခင်ဗျားကိုလည်း တစ်ခုခု ဝယ်ပေးလို့ရပါတယ်” ဟု ပြောလိုက်သည်။
ဝမ်လီဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်။
သူမက စျေးကြီးတဲ့ပစ္စည်းများကို ရွေး ချယ်လိမ့်မည်လို့ တွေးခဲ့ပေမဲ့ မရွေး ချယ်ခဲ့ပေ။သူမက Chanel တံဆိပ် ပစ္စည်း များကို မရွေးချယ်ဘဲ အခြားအမှတ် တံဆိပ်တစ်ခုမှ ပစ္စည်းများကို သာရွေး ချယ်ခဲ့သည်။
ဒါက ဇိမ်ခံပစ္စည်း မဟုတ်ပေမဲ့ နာမည်ကြီး တံဆိပ်တစ်ခုဖြစ်ပြီး ယွမ် ၂၀၀၀ကျော်တန် အိတ်တစ်လုံးဖြစ်သည်။
ဂွမ်ဟိုင်စျေးဝယ်စင်တာတွင် တစ်နာရီ နှစ်နာရီခန့် စျေးဝယ်ပြီးနောက် ည ၁၀ နာရီခန့်တွင် ထွက်လာခဲ့ကြသည်။
ကားပေါ်တွင် ထိုင်နေတဲ့ ဝမ်လီက
“အစ်ကိုယောင် အချိန်က အတော်နောက် ကျနေပြီ လဲ့လဲ့ကို အခန်းပြန်မပို့ပဲ ဟိုတယ် ကောင်းကောင်းတစ်ခုမှာ တစ်ည နေလိုက်ရင် ဘယ်လောက်တောင် သက် တောင့်သက် သာရှိမလဲ”လို့မေးလိုက်သည်။