Ch 60
Viewers 5k

အခန်း 60  ဒီ ဆုကြေး က ကျွန်တော်တို့ အတွက်ပဲ ဖြစ်ရမယ် 



ဟွာဟိုင်းမြို့၊ ကြယ်ငါးပွင့် ဟိုတယ်တစ်ခု။


A နိုင်ငံရဲ့ မင်းသားကြီး ဒီနေရာတွင် တည်းခို ပြီးကတည်းက ဟိုတယ်တစ်ခုလုံးရှိ လုံခြုံရေးကို မြင့်မားတဲ့အဆင့်ကို မြှင့်တင်ထားခဲ့သည်။ အထူးသဖြင့် မင်းသားတည်းခိုတဲ့ အထပ်ကို ပိုမိုတင်းကြပ်ထားသည်။



သမ္မတအိမ်တော်ခန်းတွင် မင်းသမီးက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ကာ ထပ်မံတောင်းပန်သည်-

"ချစ်ရယ်  ဒါကျွန်မအပြစ်ပါ။ ကျွန်မတို့ စေ့စပ် လည်ဆွဲကို ပျောက်ဆုံးသွားခဲ့ပြီ"


မင်းသားကြီးက နှစ်သိမ့်ပြီး- 

"မင်းလည်း မတော်တဆ ရေထဲ ကျသွား တာပဲဟာ။ ငါဒေါ်လာ သန်း၂၀ဆုကြေး ထုတ်ပြီး ဆယ်ယူနိုင်ဖို့ မျှော်လင့်ထား တယ်"


မင်းသမီးက အနည်းငယ် စိတ်ပျက်လက် ပျက် ဖြစ်နေဟန်ရှိကာ- "ဒါပေမဲ့  ရေအ နက်က မီတာ ၃၀၀ ကျော်တယ်၊ အဲဒါက ရေငုပ်ခြင်းရဲ့ အကန့်အသတ် နီးပါးပဲ။ ပြီးတော့ လည်ဆွဲက အရမ်းသေး တယ်၊ ပင်လယ်အောက်ခြေမှာ ရှာတွေ့ဖို့က အရမ်းခက်ခဲတယ်"



မင်းသားက ခဏစဉ်းစားပြီး ပြောလိုက် သည်-

 "ဟွာဟိုင်းမြို့မှာ နောက်ထပ် နှစ်ရက် လောက်နေရအောင်၊ နှစ်ရက်နေပြီးမှ ထွက်သွားမယ်"

စကားပြောပြီးနောက် သူက ထပ်ဖြည့်ပြီး-


 "ဒေါ်လာ သန်း ၂၀ ဆုကြေးက အမြဲတမ်း အတည်ဖြစ်တယ်။ ဘယ်သူမဆို ဘယ်အ ချိန်မှာ လည်ဆွဲကို ဆယ်နိုင်ပါစေ၊ ငါ့ဆီက နေ ဒီဆုကြေးကို ရနိုင်ပါတယ်"


"ချစ်ရယ်၊ အလ္လာဟ်ရှင်မြတ်က ကျွန်မ တို့ကို ကောင်းချီးပေးပါစေ၊ နှစ်ရက် အတွင်း တစ်စုံတစ်ယောက်က လည်ဆွဲကို ဆယ်ယူနိုင်ပါစေလို့ မျှော်လင့်ပါ တယ်" ဟုမင်းသမီး က ဆုတောင်းပြီး ပြောလိုက်သည်။


"အင်း"

မင်းသားကြီး မျှော်လင့်ချက်အပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။



“ဒေါ်လာ သန်း ၂၀ ဆုကြေး”

ဒေါ်လာ သန်း ၂၀ တန်ဖိုးရှိ ကြီးမားတဲ့ ဆု ကြေးငွေမှာ ဟွာဟိုင်းမြို့တွင် ဗုံးတစ်လုံး ပစ်ချလိုက်သလို ဖြစ်သွားသည်။ သတင်းက တီဗီ၊ အင်တာနက်နဲ့ ဖုန်းများမှ တစ်ဆင့် အလျင်အမြန် ပျံ့နှံ့သွားပြီး သာမန်လူများစွာပင် သိရှိခဲ့ ကြသည်။



"သေစမ်း "ဒေါ်လာ သန်း ၂၀ တောင်၊ အဲဒီ့ လည်ဆွဲကို ငါသာ ရှာတွေ့နိုင်ရင် ကောင်း မယ်"


"အိပ်မက်မက်မနေနဲ့၊ အရမ်းခက်တာ၊ ပင် လယ်ထဲ အပ်ရှာသလိုပဲ"


"မဖြစ်နိုင်တာမှ မဟုတ်တာ။ခေတ်မီ စက်ပ စ္စည်းတွေ သုံးရင်တော့ မျှော်လင့်ချက် ရှိပါ သေးတယ်"


"ဟုတ်တယ်၊ အခုခေတ် နည်းပညာတွေက တိုးတက်နေပြီဆိုတော့ နည်းပညာ အကူ အညီနဲ့ ရှာနိုင်တာပေါ့"



သာမန်လူများစွာက ဒီကိစ္စကို အပြင်း အထန် ဆွေးနွေးနေကြပြီး ဟွာဟိုင်းမြို့က တီဗီဌာနမှလည်း ဒီသတင်းကို အချိန်တိုင်း ထုတ်လွင့်ပြသနေသည်။ဘာကြောင့်လဲဆိုတော့ ဒါက ယခုအချိန်တွင် ထိပ်ဆုံးတွင် ရေပန်းစားနေတဲ့ ခေါင်းစဉ်တစ်ခုဖြစ် နေတာကြောင့် ဖြစ်သည်။



အထူးသဖြင့် ဒေါ်လာ သန်း ၂၀ တန်ဖိုးရှိ ကြီးမားတဲ့ ဆုကြေးမှာ လူတိုင်းရဲ့ အာရုံ စိုက်မှု့ကို တကယ်ပင် ဆွဲဆောင် နိုင်ခဲ့ သည်။လူတိုင်းရဲ့ မိတ်ဆွေအသိုင်း အဝိုင်း တွင်မူ ပြောစရာမလို၊ လူအများအပြားက ဒီ သတင်းကို မျှဝေခဲ့ကြပြီး တစ်ယောက် မှ ဆယ်၊ ဆယ်မှ ရာ၊ ရာမှ ထောင်...

ကူးစက်ပျံ့နှံ့မှု အရှိန်အဟုန်မှာ ရှေးယခင် က မကြုံဖူးလောက်အောင် ဖြစ်သည်။



လျူယောင် ပစ္စည်းများကို ပြင်ဆင်ပြီး ချန်းဟူနဲ့အတူ ဆိပ်ကမ်းကို သွားခဲ့သည်။ သည်။WeChat မိတ်ဆွေ သတင်းများကို မြင် တော့ လျူယောင် အနည်းငယ် ပြုံး လိုက်ပြီး


 "ငါ ပဲ ကံကောင်းတဲ့ သူ ဖြစ်နိုင်မှာပါ "

 ဟု စိတ်ထဲက တွေးလိုက်မိသည်။



လျူယောင် ဆိပ်ကမ်းကိုရောက်ပြီး သူယူလာတဲ့ ပစ္စည်းများကို ရွက်လှေပေါ် တင်ကာ မေးလိုက်သည်။

"ချန်းဟူ၊ မင်း ရွက်လှေ မောင်းတတ်လား"


ချန်ဟူက ပြန်ဖြေခဲ့သည်။


 "ပြဿနာမရှိပါဘူး၊ ကျွန်တော် ဒီရွက် လှေကို မောင်းပါ့မယ်"



ဒါက အကောင်းဆုံးနည်းလမ်းပဲ၊ တခြားလူ တွေကို ဒီရွက်လှေ မောင်းခိုင်းရင် ရှုပ်ထွေး နိုင်တယ်။ချန်းဟူကတော့ မတူဘူး၊ ဒီလူက သူ့ရဲ့ ကိုယ်ရံတော်ဖြစ်တာကြောင့် လျူ ယောင် အရမ်းစိတ်ချရသည်။



ချန်းဟူက ရွက်လှေကို မောင်းနှင်ခဲ့ပြီး နောက် တစ်နာရီခွဲခန့်အကြာတွင် လည်ဆွဲကျတဲ့ ပင်လယ်ပြင်ကို ရောက်ရှိလာခဲ့သည်။

အဲဒီ့ကို ရောက်တော့ လျူယောင် အနည်း ငယ် အံ့အားသင့်သွားသည်။တစ်ကီလိုမီ

တာ ဒါမှမဟုတ် နှစ်ကီလိုမီတာ ပတ်လည် မှာ သင်္ဘော အနည်းဆုံး ခုနစ်စီး ရှစ်စီး လောက် ရှိလိမ့်မယ်လို့ သူ မထင်ထားပေ။



အချို့က ရိုးရိုးငါးဖမ်းလှေများဖြစ်ပြီး သုံးလေးစီးမှာ ကျွမ်းကျင် ရှာဖွေရေး လှေများ ဖြစ်တာ ထင်ရှားသည်။သူတို့

ရွက်လှေရောက်တာနဲ့ တစ်ပြိုင်နက်တည်း အနီးနား လှေတွေပေါ်က လူအများ အပြားရဲ့ အာရုံစိုက်မှု့ကို ချက်ချင်း ရသွားသည်။



"ဟိုမှာကြည့်၊ ရွက်လှေနဲ့ လူတစ်ယောက် လာနေပြီ"


"ပဲငံပြာရည် လာဝယ်တာ ဖြစ်မှာပေါ့"


"ပိုက်ဆံရူးတာပဲ၊ခေတ်မီ ရှာဖွေရေး ကရိ ယာတွေ မပါဘဲ အဲဒီလည်ဆွဲကို ရှာလို့ မရနိုင်ဘူး"



တခြားသူတွေက လျူယောင် ရေငုတ်ဝတ် စုံပဲဝတ်ထားတာ မြင်တော့ ပြက်လုံးတစ် ခုကို ကြည့်နေသလိုမျိုး ဖြစ်နေကြသည်။

အထူးသဖြင့် ခေတ်မီပစ္စည်းနှင့် ရှာဖွေသူများပင် !သူတို့က ကောင်းစွာပြင် ဆင်ထားပြီး ပရော်ဖက်ရှင်နယ် ရှာဖွေ

ရေးသင်္ဘောများသာမက  ရေအောက်ရှာ ဖွေရေးစက်ကိရိယာများလည်း ပါဝင်ကြ သည်။



လျူယောင် ပတ်ဝန်းကျင်မှ အကြည့်များ ကို လုံးဝလျစ်လျူရှုကာ ရေငုပ်ရန် ပြင်

ဆင်ခဲ့သည်။ကမ္ဘာကို အံ့အားသင့် စေတာ

ရှောင်ရှားဖို့ မဟုတ်ရင် လျူယောင် ရေ ငုပ်ဝတ်စုံ ဝတ်စရာမလို၊အောက်ဆီဂျင် ဘူး သယ်စရာမလိုဘဲ အောက်ခံဘောင်း ဘီတစ်ထည်နဲ့တောင် ဆင်းသွားလို့ရသည်။



လျူယောင် လိပ်ကြီးနဲ့ ခန္ဓာကိုယ်ချင်း မတူပေမယ့် မီတာ ၃၀၀ ကနေ ၅၀၀ အထိ ရေငုပ်နိုင်တာ ပြဿနာမရှိလောက်ပေ။


"ချန်းဟူ၊ မင်း ယာဉ်မောင်းခန်းထဲမှာနေ ငါ ပင်လယ်အောက်ခြေကို သွားရှာကြည့် လိုက်မယ်"


ချန်းဟူက စိုးရိမ်တကြီး ပြောလိုက်သည်။


"သူဌေး၊ ဘေးကင်းရေးကို သတိထား ရမယ်နော်။ ကျွန်တော် လှေပေါ်ကပဲ စောင့်နေပါ့မယ်"


လျူယောင် ပေါ့ပေါ့ပါးပါးဖြင့်


"စိတ်မပူပါနဲ့၊ ငါ ရဲ့ ရေကူးကျွမ်းကျင်မှုက အရမ်းကောင်းတယ်၊ ပြဿနာမရှိဘူး" ဟု 

ပြောလိုက်သည်။


ချန်းဟူက ပင်လယ်နက်ရေငုပ်ခြင်းမှာ ရေကူးကျွမ်းကျင်မှုနဲ့ သိပ်မဆိုင်ကြောင်း မူလက ပြောလိုခဲ့သည်။ဒါပေမဲ့ ဆုံးဖြတ် ပြီးရင် ပြန်မပြင်တတ်တဲ့သူဋေးအကြောင်း

ကို သိတာကြောင့် ဘာမှ မပြောဖြစ်ခဲ့ပေ။



လျူယောင် ရေငုပ်ဝတ်စုံကို စတင်ဝတ် ဆင်လိုက်သည်။ဒါက သတ္တု ဖိအားဒဏ် ခံဝတ်စုံတစ်စုံဖြစ်ပြီး ရေအောက်တွင်

အများဆုံး မီတာ ၃၀၀ မှ ၄၀၀ အထိ ရေ ငုပ်နိုင်သည်။သာမာန် ရာဘာရေငုပ်

ဝတ်စုံကတော့ မီတာ ၁၀၀ အနက်ထိပဲ ငုပ်နိုင်သည်။



 လျူယောင်ရဲ့ ရွက်လှေနဲ့ အနည်းဆုံး မီ တာ ၃၀၀ မှ ၄၀၀ ခန့် ကွာဝေးတဲ့ နေရာ

တွင် ရှာဖွေရေးသင်္ဘောတစ်စင်း ရပ်နား   ထားသည်။ဒါက ဒမ်ရိူင်းကုမ္ပဏီရဲ့ သင်္ဘောဖြစ်သည်။ဒေါ်လာ သန်း ၂၀ ဆု ကြေးကြောင့် ငါးရနံ့ရသော ကြောင်များလို ဒီနေရာကို ရောက်လာခဲ့ကြသည်။



ကုန်းပတ်ပေါ်တွင် ကျန်းရူဖေးက မှန်ပြောင်း နဲ့ ပတ်ဝန်းကျင်ကို ကြည့်နေပြီး သင်္ဘော အ နည်းဆုံး ခုနစ်စီး!ရှစ်စီးကို မြင်နေရပေမဲ့  မထီမဲ့မြင်ပြုတဲ့ ပုံစံမျိုးဖြင့် ကြည့်နေသည်။


"သူဌေး၊ ဒေါ်လာ သန်း ၂၀ က ကျွန်တော် တို့ အတွက်ပဲ ဖြစ်ရပါမယ်" 



ဘေးနားမှ လက်အောက်ငယ်သားတစ်ဦး က ချော့မော့ပြောလိုက်သည်။ကျန်းရူဖေး ခေါင်းညိတ်ပြီး သဘောတူလိုက် ကာ  အဝေးက ရွက်လှေကို မှန်ပြောင်းဖြင့် ကြည့်လိုက်သည်။


"ရေငုပ်ကိရိယာ ဝတ်ထားတဲ့ ရွက်လှေ ပေါ်က တစ်ယောက်ကို မင်းတွေ့လား၊ ရေထဲ ဆင်းဖို့ ပြင်နေပုံရတယ်"


"ဒါက သေကြောင်းကြံတာနဲ့ တူတူပဲ။ အတွေ့အကြုံရှိတဲ့ ရေငုပ်သမားတွေ တောင် မီတာ ၃၀၀ ကျော် အနက်မှာ ဒီလိုလုပ်ဖို့ မရဲဘူး"


"လည်ဆွဲရှာဖို့ ကျွန်တော်တို့တောင် အဲ့လို အပြုအမူမျိုး လုပ်ဖို့တော့ မရဲဘူး"



လျူယောင်က ပတ်ဝန်းကျင်မှာ သူ့ကို သတိထားမိတာဖြစ်စေ မထားမိတာ

ဖြစ်စေ ဂရုမစိုက်ပေ။အားလုံးဝတ်ဆင် ပြီးနောက် လျူယောင် ရေထဲဆင်းလိုက် သည်။အောက်ဆီဂျင်ဘူး သယ်ဆောင်

ထားပေမဲ့ ဖွင့်ဖို့ကို စိတ်မဝင်စားခဲ့ပေ။



အခြားသူများက မီတာ ၃၀၀ ကျော် အနက် ကို ရောက်ရှိရန် အချိန်ကြာမြင့်နိုင်သည်။

ဘာကြောင့်လဲဆိုတော့ အနက် တဖြည်း ဖြည်း တိုးလာတာနဲ့အမျှ ရေဖိအား ဒဏ်ကို ခံစားရတာကြောင့်ဖြစ်သည်။


လျူယောင်ကတော့ ဒီလို ရှုပ်ထွေးနေစရာ မလိုပဲ  ပင်လယ်အောက်ခြေကိုသာ တိုက်ရိုက်ဆင်းသွားခဲ့သည်။