အခန်း 57 အကိုယောင် အဆင်ပြေပါလိမ့် မယ်
ဟူဂျွန်းရှီရဲ့ လုပ်ငန်းစွမ်းဆောင်ရည်က ကောင်းမွန်ဆဲဖြစ်သည်။မနေ့ကပေးအပ်ခဲ့တဲ့ တာဝန်က ယနေ့တွင် ပုံစံပေါ်လာခဲ့ သည်။
သူက အသစ်စက်စက် ဇိမ်ခံရွက်လှေတစ် စီးကို ရှာတွေ့ခဲ့ပြီးဖြစ်သည်။အဲ့တာကို ဆိပ်ကမ်းဘေးတွင် ရပ်ထားသည်။
လျူယောင်က သွားကြည့်ပြီး သဘောကျ ပါက ရွက်လှေကို တစ်ခါတည်းဝယ်မှာပဲ
ဖြစ်သည်။
ဒီနေရာက သီးသန့်ရွက်လှေကလပ်တစ်ခု
ဖြစ်ပြီး ရွက်လှေမျိုးစုံနဲ့ ဆိပ်ကမ်းက ပြည့်ကျပ်နေခဲ့သည်။ဟူဂျွန်းရှီကဆိပ်ကမ်း တွင် အရင် စောင့်ဆိုင်းနေခဲ့ သည်။သူ့ဘေး တွင် ပုဂ္ဂလိက ဇိမ်ခံရွက်လှေ ကုမ္ပဏီတစ် ခုရဲ့ အရောင်းမန်နေဂျာ တစ်ဦးရှိပြီး ကြီး မားတဲ့ ရွက်လှေတစ်စီးကို မလှမ်းမကမ်း တွင် ဆိုက်ကပ်ထားသည်။
လျူယောင် အကြည့်များက ကြီးမားတဲ့ ရွက်လှေပေါ်တွင် စွဲကပ်နေပြီး ဒီရွက်လှေ ပဲ ဖြစ်ရမယ်လို့ သူထင်လိုက်သည်။
"ယောင်အစ်ကို!"
ဟူဂျွန်းရှီက ပျော်ရွှင်စွာ နှုတ်ဆက်ပြီး “ ဒီလူက xxx ကုမ္ပဏီမှ မန်နေဂျာကန် ပါ” ဟု မိတ်ဆက်ပေးသည်။မန်နေဂျာကန်က နှစ်လှမ်းရှေ့တက်လာပြီး လျူယောင်နဲ့ စိတ်အားထက်သန်စွာ လက်ဆွဲနှုတ်ဆက် လိုက်သည်။
"မစ္စတာလျူ၊ မင်္ဂလာပါ၊ ကျွန်ုပ်တို့ကုမ္ပဏီ ရဲ့ ရွက်လှေများကို ဝယ်ယူရန် ကြိုဆိုပါသည်။ ကျွန်ုပ်တို့ ကုမ္ပဏီက တရုတ်နိုင်ငံတွင် အစွမ်းအထက်ဆုံး ပုဂ္ဂလိက ဇိမ်ခံရွက်လှေ အေဂျင်စီ ဖြစ်ပြီး ရွက်လှေအားလုံးမှာ ပြည်ပမှ တင်သွင်း ထား တဲ့ ပစ္စည်းများဖြစ်တယ်" ဟု အသေး စိတ် မိတ်ဆက်ပေးခဲ့သည်။
ထိုအရာများကို မိတ်ဆက်ပြီးနောက် ဆိပ် ကမ်းဘေးတွင် ဆိုက်ကပ်ထားတဲ့ အသစ် စက်စက် ရွက်လှေကြီးကို လက်ညှိုး ထိုးပြ ကာ
"ဒီရွက်လှေ က ဂျာမနီမှ တင်သွင်းထားတဲ့ ပုဂ္ဂလိကရွက်လှေဖြစ်ပြီး ဘီလီယံနာများ အတွက် အထူးဒီဇိုင်းထုတ်ထားတာပါ။
ရွက်လှေ မှာ ၄၈ ပေ ရှည်လျားပြီး အပေါ် အောက်သုံးထပ်ရှိပြီး မိုင် ၁၅၀၀အကွာ အ ဝေးကို ရောက်နိုင်ပါတယ်”
လျူယောင် လက်ဝှေ့ယမ်းကာ “လာ ငါတို့ အပေါ်တက်ကြည့်ရအောင်”ဟု ပြောလိုက် သည်။
ခဏကြာအောင် ကြည့်ပြီးနောက် လျူ ယောင် ဆုံးဖြတ်လိုက်ပြီး
“ပြဿနာမရှိပါဘူး ဒါပဲယူမယ်”
"ကျွန်တော်တို့ ဥက္ကဋ္ဌ ဟူနဲ့သာ သက်ဆိုင် ရာလုပ်ထုံးလုပ်နည်းများကို ဆက်လုပ် လိုက်ပါ” ဟု ပြောလိုက်သည်။
ထိုစကားကိုကြားတဲ့အခါ မန်နေဂျာ ကန် အလွန်ပျော်ရွှင်သွားသည်။ဒီလောက် ဒဲ့ထိုးဆန်တဲ့ ဖောက်သည်မျိုးကို သူ ပထမဆုံးအကြိမ် တွေ့ဖူးချင်းဖြစ်သည်။
ကြည့်ရုံသက်သက်ဖြင့် ဆုံးဖြတ်ချက်ချ လိုက်တာက သန်း ၂၀ ကျော်တန်တဲ့ ပုဂ္ဂလိကဇိမ်ခံရွက်လှေဖြစ်သည်။
နောက်တစ်နေ့တွင့် ရွက်လှေကြီးနဲ့ ပင်လယ်ပြင်ကို ထွက်ခွာခဲ့ပြီး လျူယောင်နဲ့ လီချန်လဲ့သာမက ဟူဂျွန်းရှီ !တင်းဝိန် နဲ့ချန်းဝူ တို့လည်း သင်္ဘောပေါ်တွင် လိုက်ပါလာခဲ့သည်။ဒီလို တစုတဝေးတည်း သွားရခြင်းကြောင့် သူ့စိတ်ထဲတွင် နွေးထွေးမူ့ကို ခံစားလိုက်ရသည်။
"ပင်လယ်ပြင်ကို သွားကြစို့" ဦးပိုင်းကုန်း ပတ်ပေါ်တွင် ရပ်နေသော ဟူဂျွန်းရှီက ကလေးတစ်ဦးလို စိတ်လှုပ်ရှားနေသည်။ဒါ က ဇိမ်ခံရွက်လှေဖြင့် ပင်လယ်ပြင်ကို ပထမဆုံးအကြိမ် ထွက်လာခြင်းကြောင့်
ဖြစ်သည်။တင်းဝိန်မှာ ကလေးဆန်ပေမဲ့ ဟူဂျွန်းရှီ ဲလို ကြီးမားတဲ့ တုံ့ပြန်မှုမျိုး မရှိခဲ့ပေ။
ဖြစ်နိုင်တာက ရွက်လှေဖြင့် ပင်လယ်ပြင် ထွက်ခွာခြင်းမှာ သူ့အတွက် အသစ်အဆန်း မဟုတ်တာကြောင့် ဖြစ်လိမ့်မည်။ ကောင်း ကင် မှာ ပြာလဲ့နေပြီး ရွက်လှေကကျယ်ပြန့် တဲ့ ပင်လယ်ပြင်ပေါ်တွင်ရွက်လွှင့်နေသည်။
ပင်လယ်လေကလည်း တိုက်ခတ်နေပြီး တစ်ခါတစ်ရံတွင် ပင်လယ်ဇင်ယော် ဖြူများကို တွေ့မြင်ရသည်။
တင်းဝိန်က အကြံပြုသည်-
"ဒီနေရာကို ကျွန်တော် ရင်းနှီးတယ်။ ရေငုပ်အပန်းဖြေ စခန်းတစ်ခုရှိတယ် အဲ့ဒီကို သွားပျော်ရ အောင်လား "
ရွက်လှေပေါ်တွင် ငါးဖမ်းပစ္စည် းများသာမ က ရေငုပ်ပစ္စည်းများ၊ တွဲဖက်မီးဖိုချောင် နှင့် ပန်းကန်ခွက်ယောက် အမျိုးမျိုးတို့ လည်း ပါရှိသည်။
လျူယောင်က သဘောတူလိုက်ပြီး
“ကောင်းပြီ၊ အဲဒီကို သွားပြီး ကစားကြစို့” ဟု အဖြေပြန်ပေးလိုက်သည်။
ေရမိုင်ဆယ်ဂဏန်းအကွာအဝေးအထိ ရွက်လွှင့်ပြီးနောက် ရွက်လှေကို တစ်နာရီ နှစ်နာရီခန့် ယာယီရပ်နားခဲ့သည်။ တင်းဝိန် က လျူယောင် ဘေးနားတွင် ရပ်ပြီး စိတ်အားထက်သန်စွာနဲ့
“ယောင်အစ်ကို၊ ခင်ဗျား နေရာက ဘယ်လောက်နက်လဲ”
လျူယောင် က ပြာလဲ့နေတဲ့ ပင်လယ်ပြင် ကို ကြည့်ပြီး “အနည်းဆုံး မီတာ နှစ်ရာ သုံးရာလောက်တော့ ရှိမယ်”ဟုခန့်မှန်းပြော လိုက်သည်။
တင်းဝိန်က
“မဟုတ်ဘူး၊ ဒီ ရေက မီတာဆယ်ဂဏန်းပဲ နက်တာ၊ ပင်လယ်က ကြည်လင်နေပြီး ရေအောက်ရှုခင်းက အရမ်းလှတာကြောင့် ရေငုပ်ဝါသနာရှင်တွေ အများကြီး အပျော် ရှာဖို့ လာကြတယ်” ဟု ပြောသည်။
ကြည်လင် ပြာလဲ့တဲ့ ရေပြင်ကို မြင်တဲ့အခါ လျူယောင် ကစားရန် အလွန်စိတ်အား ထက်သန်နေတာကြောင့် ဘောင်းဘီတိုတစ် ထည်သာ ဝတ်ပြီး
“ငါ အရင်ဆင်းကစားလိုက်မယ်” ဟု အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက် သည်။
တင်းဝိန်က အလျင်အမြန်
“ယောင် အစ်ကို၊ ခင်ဗျား ရေငုပ်ပစ္စည်းတွေ အရင်ဝတ်ရ မယ်၊ ကျွန်တော် ယူလာခဲ့ ပေးမယ်” ဟုသတိ ပေးလိုက် သည်။
လျူယောင် က
“မလိုဘူး၊ ငါက ရေကူးကျွမ်းတယ် ငယ်ငယ်ကတည်းက ရေထဲမှာပဲ အချိန်ကုန်ခဲ့တာ။ငါ့ကို စိတ်မပူပါနဲ့” ဟု ပြန်ပြောလိုက်သည်။
ဒါက အမှန်ပဲ ငယ်ငယ်တုန်းက နွေရာသီ ရောက်တိုင်း သူငယ်ချင်းတွေနဲ့ ရေထဲမှာပဲ အချိန်ကုန်ခဲ့ကြတာ။ ရွာအဝင်က မြစ်ငယ်လေးက အတူတူ ကစားခဲ့တဲ့ နေရာပဲ ဖြစ်သည်။
မည်သည့့်ရေငုပ်ပစ္စည်းမှ မပါဝင်ဘဲ ရေငုပ်မျက်မှန်တစ်လက်သာ ဝတ်ဆင်ပြီး လျူယောင် သင်္ဘောနောက်ပိုင်းတွင် ရပ်နေသည်။သူ့ခြေထောက်အောက် တွင် ကြည်လင်တောက်ပတဲ့ ပင်လယ်ရေများ ရှိသည်။
လျူယောင် ဆင်းသွားတာ အချိန်အနည်း ငယ်ကြာပြီးနောက် လီချန်လဲ့ စိုးရိမ်လာ သည်။ လျူယောင် က ရေထဲတွင် သုံးလေးမိနစ်ကြာအောင် ရှိနေပြီး ခေါင်းမပေါ်သေးပေ။ တစ်ခုခုဖြစ်မှာကို သူမ စိတ်ပူနေပြီး
“တင်းဝိန်၊ မြန်မြန်ဆင်းပြီး ကြည့်လိုက် ပါအုံး ကျွန်မအရမ်းစိုးရိမ်နေပြီ “
တင်းဝိန်က နှစ်သိမ့်ကာ-
“မမကြီး၊ မပူပါနဲ့၊ အစ်ကိုယောင်က ရေကူးကျွမ်းကျင်တာကြောင့် သူက ရေထဲမှာ သုံးလေးငါးမိနစ်လောက် အသက်အောင့်နိုင်ပါတယ်” ဟု ပြန်ပြောခဲ့သည်။
ဒီလို ပြောပေမဲ့ သူ့စိတ်ထဲတွင်လည်း အနည်းငယ်စိုးရိမ်နေသည်။ရေထဲတွင် သုံးလေးမိနစ်ကြာ အသက်အောင့်နိုင် ခြင်းက ကောင်းမွန်တဲ့ စွမ်းဆောင်ရည် တစ်ခု ဟု သတ်မှတ်နိုင်ပြီး သာမန်လူများ အတွက်တော့ ယေဘုယျအားဖြင့် မဖြစ်နိုင်ပေ။
"အစ်ကိုယောင် အဆင်ပြေပါလိမ့်မယ်"
လီချန်လဲ့ကို နှစ်သိမ့်ရင်း သူက ရေငုပ်ပစ္စည်းများကို အလျင်အမြန် ဝတ်ဆင်လိုက်သည်။အောက်ဆီဂျင်ဘူးကိုပင် မသုံးတော့ပဲ့ ရေငုပ်ဝတ်စုံကို ဝတ်ဆင်ကာ ရေထဲ ဆင်းဖို့ ပြင်လိုက် သည်။
ဒါပေမဲ့ သူ ရေ မငုတ်မီမှာပင် ရေထဲမှ
လှုပ်ရှားမှုတစ်ခု ပေါ်လာပြီး အကိုယောင် ရေထဲမှ ထွက်ပေါ်လာတာကို တွေ့ရပြီး ပျော်ရွှင်စွာ အော်ဟစ်နေသည်-
“ပိုက်အိတ် မြန်မြန်ယူ ငါ ငါးအကြီးကြီး နှစ်ကောင် ဖမ်းမိလာတယ် ငါတို့ စားစရာ ရပြီ ”လျူယောင့် လက်ထဲက ဟာကို မြင်တဲ့အခါ လူတိုင်းအံ့အားသင့်သွားကြ သည်။
"အိုး ဘုရားရေ!"