အခန်း 54 ကမ္ဘာ့အကြီးဆုံး ပင်လယ် သင်္ဘောလုပ်ငန်း
“နောက်တစ်နေ့ “
လျူယောင် ကုမ္ပဏီကို စောစော ရောက်လာပြီး ရုံးခန်းထဲရောက်တာနဲ့ သူယူလာတဲ့ ပစ္စည်းတွေကို အရင်စီစဉ်လိုက်သည်။
အဲ့ဒါတွေက အရောင်စုံ ကြွေပန်းကန် နှစ်ချပ်နဲ့ ရွှေရောင် သေနတ်တိုတစ်လက် ဖြစ်သည်။ဒါတွေကို ရုံးခန်းအလှဆင် ရန်အတွက် အသုံးပြုခဲ့သည်။
လျူယောင်ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးတွေကိုတောင် ရုံးခန်းကို ယူလာပြီး မှန်ဗီဒိုထဲမှာ ထည့်ကာ အလှဆင်ပစ္စည်းအဖြစ် ခဏထားလိုက် သည်။
ဒါမှ အားတဲ့အခါမှာ ကြည့်ရှုခံစားနိုင်မှာ ပေါ့။လျူယောက်က ဒီရွှေဒင်္ဂါး၊ ငွေဒင်္ဂါး တွေထဲက တချို့ဟာ တန်ဖိုးရှိနိုင်တယ်လို့ ကြိုတင်သိနေပြီး အဆင်သင့်ဖြစ်တဲ့အခါ ပညာရှင်တစ်ဦးကို တန်ဖိုးဖြတ်ခိုင်းမယ်လို့ ဆုံးဖြတ်ထားသည်။
ဒီပစ္စည်းတွေကို စီစဉ်ပြီးတဲ့နောက် ကျေနပ်စွာ ကြည့်လိုက်ပြီး သူ့ဘာသာ ကော်ဖီတစ်ခွက် ဖျော်ကာ သူဋေး
ကုလားထိုင်ပေါ်မှာ ထိုင်ပြီး အေး အေးဆေးဆေး သောက်လျက် ရှိသည်။
ကျိုးယန်နဲ့ တခြားသူတွေက ကုမ္ပဏီ ကိစ္စတွေကို တာဝန်ယူနေသည်။
ကုမ္ပဏီရဲ့ကော်ဖီသောက်ပြီး မကြာခင်မှာ ရုံးခန်းတံခါးကို ခေါက်သံ ကြားလိုက်ရပြီး
ကျိုးယန် ဝင်လာသည်။ကျိုးယန် အလုပ်စဝင်တာနဲ့ စီမံခန့်ခွဲမှုအဖွဲ့ရဲ့ အဓိကအဖွဲ့ဝင်တွေနဲ့ အစည်းအဝေး တိုလေးတစ်ခုကို စီစဉ်လိုက်သည်။
မိနှစ် ၃၀ ကနေ ၄၀ လောက် ကြာမြင့်ပြီး အစည်းအဝေးပြီးတာ သူ ချက်ချင်း ရောက်လာခြင်း ဖြစ်သည်။
“သူဋေး”
လျူယောင် က
“ထိုင်၊ ကုမ္ပဏီအခြေအနေ ဘယ်လိုရှိလဲ ” လို့ မေးလိုက်သည်။
ကျိုးယန် လာရခြင်း ရည်ရွယ်ချက်မှာ ကုမ္ပဏီရဲ့ လက်ရှိအခြေအနေကို သတင်းပို့ရန်ဖြစ်သည်။
ကျိုးယန်က
“ကျွန်တော်တို့ရဲ့ကုန်တင်သင်္ဘောကြီးက RB မြို့ကို ပထမဆုံး ကျောက်မီးသွေး တင်ပို့မှု စတင်မှာ ဖြစ်ပါတယ် “
“သင်္ဘောကျင်းမှာ ကျွန်တော်တို့ မှာယူ ထားတဲ့ တန် ၁ သိန်း ကုန်တင် သင်္ဘော ကလည်း စတင်တည်ဆောက်နေပြီ ဖြစ်ပါတယ် “ ဟု အသေးစိတ် သတင်း ပို့လိုက်သည်။
လျူယောင် သေချာနားထောင်ခဲ့ပြီး
တဖြည်းဖြည်းနဲ့ သူ့မျက်နှာပေါ်မှာ ကျေနပ်တဲ့အမူအရာ ပေါ်လာသည်။
ကုမ္ပဏီရဲ့ တိုးတက်မှုက ကောင်းမွန်ပြီး မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို စတင်ရောက်ရှိနေပြီဖြစ်သည်။ မနက်ဖြန်ဆို ပထမဆုံး ကျောက်မီးသွေးတင်ပို့မှုကို စတင်နိုင်တော့မှာပဲ ဖြစ်သည်။
“သူဋေးကို သတင်းပို့ဖို့ လိုအပ်တဲ့တစ်ခု ကျန်ပါသေးတယ် တစ်ယောက်က သူ့လက်ထဲမှာရှိတဲ့ တန် ၁၅၀,၀၀၀ ကုန်တင်သင်္ဘောကြီးတစ်စီးကို ရောင်းချင်နေပါတယ်။ သင်္ဘောက ၇၀ ကနေ ၈၀% အထိ အသစ်နီးပါး ရှိနေလို့ ကျွန်တော် အဲဒီလူနဲ့ ညှိနှိုင်းနေပါတယ်”
လျူယောင် က အလွန်မာန်မာနကြီးစွာဖြင့် “မင်းတို့ စျေးနှုန်း သင့်တော်တယ်လို့ ထင်ရင် ဝယ်နိုင်တယ်။ မှတ်ထားနော်ငါတို့ နောက်ဆို တန် ၁ သိန်းအထက်ရှိတဲ့ သင်္ဘောကြီးတွေကိုပဲ ဝယ်ဖို့ ကြိုးစားမယ်။ တန် ၁ သောင်းကနေ ၂ သောင်းရှိတဲ့ သင်္ဘောတွေကို တခြားသူတွေကို ထားခဲ့လိုက် ငါတို့ မလိုဘူး” လို့ ပြောလိုက်သည်။
“အံ့မခန်း သူဋေးက ပါးစပ် စဖွင့်လိုက်တာနဲ့ တန် ၁ သိန်းကျော် သင်္ဘောကြီး "
ကျိုးယန် နည်းနည်း စိတ်လှုပ်ရှားသွား သည်။ ကုမ္ပဏီရဲ့ အနာဂတ်မှာ တန် ၁ သိန်းကျော် သင်္ဘောကြီးတွေ အပြည့်အစုံရှိနေရင် ဘယ်လောက် ပျော်စရာကောင်းမလဲ။အရမ်းကောင်းတယ်။သူ့စိတ်ထဲက စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး ကျိုးယန်က ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်ပြီး
“သူဋေး ကျွန်တော်တို့ သူဋေးရဲ့
ညွှန်ကြားချက်အတိုင်း လုပ်ပါ့မယ်။ နောက်ဆို ဝယ်မယ့်သင်္ဘောတွေက တန် ၁ သိန်းအထက် ရှိရပါမယ်” လို့ ပြောလိုက်သည်။
ကျိုးယန်ကို ပိုပြီး စိတ်လှုပ်ရှားစေတာက လျူယောင် က မာန်မာနကြီးစွာဖြင့် “မကြာခင်မှာ ကုမ္ပဏီကို ငါ နောက်ထပ် ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်” လို့ ပြောလိုက်ခြင်း ဖြစ်သည်။
“ဘာ”
“နောက်ထပ် ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်”
ချက်ချင်းပဲ ကျိုးယန် မျက်နှာပေါ်မှာ ချက်ချင်း စိတ်လှုပ်ရှားမှုတွေ ပေါ်လာ ခဲ့သည်။ကျိုးယန်က စိတ်မာသူတစ် ယောက်လို့ သတ်မှတ်လို့ရသည်။ သူ့မျက်စိရှေ့မှာ တောင်ပြိုရင်တောင် မျက်နှာမပျက်နေနိုင်သူ ဖြစ်သည်။
ဒါပေမယ့် ဒီအချိန်မှာတော့ သူ မေနနိုင်တော့ဘူး။
“သူဋေး နောက်ထပ် ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံတာ တကယ်ကောင်းတယ် ”
လျူယောင် က ခေါင်းညိတ် အတည်ပြုပြီး
“၂ ဘီလီယံ ရင်းနှီးမြှုပ်နှံတာက အစပဲရှိသေးတယ်။ နောင်ဆို ရင်းနှီး မြှုပ်နှံမှု့တွေကို ဆက်တိုက်တိုးမြှင့် သွားမှာ။ ငါ တို့ ကုမ္ပဏီကို ကမ္ဘာ့အကြီးဆုံး ပင်လယ်သင်္ဘောအဖွဲ့အစည်းအဖြစ် အမြန်ဆုံး တည်ဆောက်ဖို့ ကြိုးစားသွား မယ်” လို့ ပြောလိုက်သည်။
“ဘာ “
“ကမ္ဘာ့အကြီးဆုံး ပင်လယ် သင်္ဘောအဖွဲ့အစည်း”
ကျိုးယန် စိတ်လှုပ်ရှားပြန်ပြီ။ သူ့ရင်ထဲက စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဘဲ မျက်နှာပေါ်မှာ ရုတ်တရက် ပေါ်လာသည်။
စိတ်ထဲကနေ " သူဋေး က အရမ်းရည်မှန်းချက်ကြီးတာပဲ။ ဒီလိုကုမ္ပဏီမျိုးမှာ အလုပ်လုပ်ရတာ ပျော်စရာပဲ။ ဟု တွေးလိုက်မိသည်။
လျူယောင် က ချောင်ယန်ရဲ့ တုံ့ပြန်မှုကို ကျေနပ်စွာ ကြည့်လိုက်သည်။
သူဌေးတစ်ယောက်အနေနဲ့ တစ်ခါတစ်ရံမှာ သူ့လက်အောက်ခံတွေရဲ့ အလုပ်အပေါ် စိတ်အားထက်သန်မှုကို လှုံ့ဆော်ဖို့အတွက် စီမံကိန်း တစ်ခု ဆွဲပြဖို့ လိုအပ်သည်။
လျူယောင် ကျိုးယန်ရှေ့မှာ စီမံကိန်း တစ်ခုတစ်လုံး ဆွဲပြခဲ့တယ်။ တခြားသူ တွေနဲ့မတူတာတခြားသူတွေက ဆွဲပြပြီး လက်တွေ့အကောင်အထည် မဖော်ကြဘူး”
“သွား၊ ကြိုးစားလုပ်ဆောင်ပြီး အဖွဲ့ကောင်းတစ်ခုကို ပုံဖော်ပါ”ဟု လျူယောင် ပြောလိုက်သည်။ကျိုးယန် ခေါင်းကို အားမာန်ပါပါ ညိတ်ပြီး
“သူဋေး ဒါဆို ကျွန်တော် အလုပ်သွားလုပ်တော့မယ်။ ခင်ဗျားကို ဘယ်တော့မှ စိတ်မပျက်စေရဘူး” လို့ ပြောလိုက်သည်။ကျိုးယန် ရုံးခန်းထဲကနေ ထွက်သွားတာကို ကြည့်ရင်း လျူယောင် က သူဋေး ကုလားထိုင်ပေါ်မှာ ထိုင်ပြီး
“လုပ်မယ်ဆိုရင်တော့ ကြိုးစားပြီး အမြန်ဆုံး ပင်လယ်ပို့ဆောင်ရေး လုပ်ငန်းမှာ ထိပ်တန်းဖြစ်အောင် လုပ်ရမယ်” လို့ စဉ်းစားဆုံး ဖြတ်လိုက်သည်။လိပ်ကြီး ရဲ့ ထောက်ပံ့မူ့ကြောင့်လျူယောင် မှာ ဒီယုံကြည်မှု့ ရှိနေတာပဲ ဖြစ်သည်။
နံနက် ဆယ်နာရီခန့်တွင် တင်းဝိန်ရောက်လာသည်။
ဓာတ်လှေကားကနေ ထွက်လာတာနဲ့ သူ အသက်ရှုမဝဖြစ်နေပုံရပြီး " လမ်းတစ်လျှောက်လုံး အလျင်စလို ပြေးလာခဲ့ပုံရသည်။
လျူယောင် သူ့ကို ကြိုပြောထားတာကြောင့် ဘာအတားအဆီးမှ မတွေ့ခဲ့ရေပ။
တင်းဝိန်ဝင်လာတာနဲ့ သူပြင်ဆင်ထားတဲ့ ၂၆ သန်းတန် ငွေသားချက်လက်မှတ်ကို ထုတ်လိုက်ပြီး
“ ယောင်အစ်ကို၊ ပိုက်ဆံက ဒီမှာ၊ ပစ္စည်းက ” လို့ ပြောလိုက်သည်။
လျူယောင် က ချက်လက်မှတ်ကို ယူပြီး ကျေနပ်စွာ ပြုံးလိုက်သည်။
“ပစ္စည်းတွေက ခင်ဗျားအတွက် သိမ်းထားတာပါ။ ကျွန်တော်တို့ သဘောတူညီချက် ဒါမှမဟုတ် တစ်ခုခု လက်မှတ်ထိုးသင့်လား”တင်းဝိန် က သူ့လက်ကို ဝှေ့ယမ်းပြီး ဂရုမစိုက်ဟန် ဖြင့်
“မလိုပါဘူး၊ ယောင် အစ်ကို ကျွန်တော် ယုံကြည်ပါတယ်” ဟု ပြောလိုက်သည်။
လျူယောင် က ရှေးဟောင်းနာရီကို စားပွဲအံဆွဲထဲက ထုတ်လိုက်ပြီး တင်းဝိန် အားပေးလိုက်သည်။တင်းဝိန်လက်ခံရရှိပြီးနောက် ဘူးကို ဖွင့်ကာ အကြိမ်ကြိမ်ကြည့်နေသည်။
အနည်းဆုံး မိနစ်အနည်းငယ်ကြာ ကြည့်ပြီးမှ “နောက်ဆုံးတော့ ကျွန်တော့်ရဲ့ ဆန္ဒပြည့်ဝသွားပြီ။ ဒီနာရီနဲ့ဆို ကျွန်တော့်ရဲ့ စုဆောင်းမှု့က အဆင့်အတန်းတစ်ခု ရောက်သွားတာလို့ သတ်မှတ်လို့ရပြီ” ဟု ပြောလိုက်သည်။
နာရီကို သိမ်းဆည်းပြီးနောက် တင်းဝိန် က
“ယောင် အစ်ကို၊ ကျွန်တော့် မှာ ရှေးဟောင်းနာရီအိတ်ပေါင်း တစ်ရာကျော် စုဆောင်းထားတယ်ဆိုတာ အကိုသိလား။ ဒီနာရီနဲ့ဆို စုဆောင်းသူအသိုင်းအဝိုင်းမှာ ခဏတာ ကြွားနိုင်ပြီ” ဟုပြောလိုက်သည်။
လျူယောင် တင်းဝိန် ကို အကြိမ်ကြိမ် ကြည့်နေမိသည်။ဒီလူရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်ကို တကယ် သိချင်မိသည်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ရှေးဟောင်းနာရီတွေ ဒီလောက်များများ စုဆောင်းထားတာ ပိုက်ဆံအများကြီး ကုန်ကျမှာပဲ။
“ဒီလူရဲ့အိမ်မှာသတ္တုတွင်းများ ရှိနေတာလား”တင်းဝိန် က သူ့ရဲ အခြေအနေနှင့် မိသားစုနောက်ခံကို မပြောပြတာကြောင့်။ လျူယောင်လည်း မေးဖို့ မလွယ်ခဲ့ပေ။
တင်းဝိန် က နာရီကို သေချာသိမ်းဆည်းပြီး နောက်ဆုံး အကြိမ်အဖြစ် လျူယောင့် ရဲ့ ရုံးခန်းကို တစ်ချက်ကြည့်လိုက်သည်။
မကြာခင်မှာပဲ သူ့မျက်လုံးတွေ အေးခဲသွားပြီးဖယ်ရှားလို့ မရတော့ချေ။