Ch 51
Viewers 5k

အခန်း 51    အနည်းငယ် အံ့အားသင့်သွားခြင်း

 

 

လျုယောင်ပထမဆုံး ဝင်လာတာနဲ့ ဂိုဒေါင်အလယ်မှ ပွင့်လင်းတဲ့ နေရာတွင် ပစ္စည်းအချို့ကို မြင်လိုက်ရသည်။ ရေများ စိုစွတ်နေတာကြောင့် လိပ်ကြီး ဒီ ပစ္စည်း များထားခဲ့တာ သိပ်ကြာပုံ မရ​​ေပ။

 

 

မသိစိတ်မှ လျုယောင် ခြေလှမ်းများ မြန်ဆန်လာကာ စိတ်မှာလည်း လူပ်ရှားလျက်ရှိသည်။

ဒီအရာများမှာ စစ်သင်္ဘောထဲမှ အဖိုးအထိုက်ဆုံး ပစ္စည်းအချို့ဖြစ်ပြီး လိပ်ကြီးရဲ့ ကြိုးစားမှုရလဒ်များလည်း ဖြစ်သည်။ ယခု ထိုအရာ အားလုံးမှာ သူ၏ရှေ့တွင် ရှိနေသည်။

 

 

လျုယောင် ကောက်ယူကြည့်လိုက်သည်။

ပထမတစ်ခုက အရောင်ဆိုးထားတဲ့ ကြွေပုလင်းဖြစ်ပြီး ပုလင်းအောက်ခြေတွင်  အမည်းရောင်ယွန်းဖြင့် ပြုလုပ်ထားကာ ပုံစံမရှိပုံရသည်။လျယောင် ချက်ချင်း အနည်းငယ် စိတ်ပျက်သွားသည်။

 

 

နောပ်ထပ်ပန်းကန်လုံးတစ်လုံးကို ကောက်ယူလိုက်သည်။ဒါက အချင်း ၁၅၀ မီတာခန့်ရှိပြီး အရောင်ဆိုးထားတဲ့ ကြွေပန်းကန်လုံးတစ်လုံး ဖြစ်နေသည်။

အောက်ခြေသာမက အခြားအစိတ်အပိုင်းများလည်း ဖုန်များဖြင့် ဖုံးလွှမ်းနေသည်။

 

 

လျု ယောင်  ပန်းကန်လုံးအောက်ခြေကို ပွတ်သုတ်ကြည့်ပြီး စိတ်ထဲတွင် တွေးလိုက်တာက ငွေကြေးတန်ဖိုး မရှိပုံရပြီး ဒေသခံ ရွှံ့အိုးဖိုမှ ဖြစ်နိုင်တယ်လို့ ခန့်မှန်းမိသည်။

ဒေသခံ ရွှံ့အိုးဖိုများက

တန်ဖိုးမရှိ​ေပ။ထောင်ဂဏန်း၊ သောင်းဂဏန်း ဒါမှမဟုတ် တစ်သိန်း၊ နှစ်သိန်းသာ တန်သည်။

 

 

တရားဝင်ရွှံ့အိုးဖိုများထက် ကွဲပြားသည်။

ပစ္စည်းမှာ အလွန်ပြည့်စုံပေမဲ့ အပေါ်တွင် ရွှံ့များနဲ့ အမည်းရောင် အရာများ ရှိနေပြီး သန့်ရှင်းရေး လုပ်ရန် လိုသည်။

ဒီအရောင်စုံ ကြွေထည်နှစ်ခုကို ကြည့်ပြီးနောက် လျုယောင်  အခြားပစ္စည်းများကို ကြည့်ရန် ကောက်ယူလိုက်သည်။

 

 

ရွှေရောင် ကျောက်ခတ်မီးခတ်သေနတ်တစ်လက်မှာ အရှည် ၃၀ စင်တီမီတာခန့်၊ အလေးချိန် ၄  ၅ ကီလိုဂရမ်ခန့် ရှိသည်။

အိတ်ဆောင်နာရီတစ်လုံးကလည်း ရွှေဖြင့် ပြုလုပ်ထားတာ ထင်ရှားလှသည်။

ပင်လယ်အောက်ခြေမှ ရွှံ့ထဲတွင်ကြာမြင့်စွာ နေခဲ့ရတာကြောင့် သန့်ရှင်းရေး လုပ်ရန် လိုအပ်သည်။

“ရွှေနှင့်ငွေဒင်္ဂါးအများစု “

လျုယောင် ခန့်မှန်းခြေ ရေတွက်ကြည့်လိုက်ပြီး စုစုပေါင်း ရွှေဒင်္ဂါး ၁၇ ပြားနဲ့ ငွေဒင်္ဂါး ၅၂ ပြား ရှိသည်။

 

ထိုအပေါ်က ဒီဇိုင်းနဲ့ စာသားများကို ကြည့်ခြင်းအားဖြင့် ပစ္စည်း များမှာ အနောက်နိုင်ငံများမှ ထုတ်တဲ့ ရွှေဒင်္ဂါးများ ဖြစ်တာ သေချာသည်။ထိုခေတ်က ရွှေနှင့်ငွေဒင်္ဂါးများနှင့် ပတ်သက်ပြီး လျုယောင်  မကျွမ်းကျင်တာကြောင့် တစ်စုံတစ်ဦးကို တန်ဖိုးဖြတ်ခိုင်းရန် လိုအပ်နေသည်။ရွှေဒင်္ဂါးနဲ့ ငွေဒင်္ဂါးများအပြင် ရွှေချောင်းနှင့် ငွေချောင်းအချို့လည်း ရှိသည်။

 

 

ထိုစစ်သင်္ဘောပေါ်က အနောက်တိုင်းသားများမှာ ဒါတွေကို ဘယ်လိုရခဲ့တဲ့ ဆိုတာ လျူယောင် မသိပေ။

 

 

 ကုန်သွယ်မှုကလည်းဖြစ်နိုင်ပြီး ဒါမှမဟုတ် လုယက်မှု့က ရတာလည်း ဖြစ်နိုင်သည်။

ပစ္စည်းများကို ကြည့်ပြီးနောက် လျုယောင် G ကားရဲ့ နောက်ဖုံးထဲတွင် ထည့်ပြီး တွက်ချက်ကြည့်မိသည်။

 

 

လျုယောင်  ဗီလာကို တိုက်ရိုက်ပြန်မောင်းသွားပြီးနောက် အိမ်ထဲတွင် သေးငယ်ပြီး အမွေးအမှင်ပါတဲ့ စုတ်တံကိုကိုင်ကာ ဂရုတစိုက် သန့်ရှင်းရေးလုပ်လိုက်သည်။

ရွှေချောင်းနှင့် ငွေချောင်းများကို အရင်သန့်ရှင်းကာ စားပွဲပေါ်တွင် တစ်ခုချင်းစီ ထားပြီး အခြောက်ခံလိုက်သည်။

 

 

သူတို့ရဲ့ ပုံသဏ္ဍာန်များက သိပ်မမှန်ကန်ပေ အထူးသဖြင့် ငွေချောင်းများမှာ တီဗီတွင် မြင်တွေ့ရတဲ့ ရှေးဟောင်း ငွေချောင်းများလို မလှပ​ေပ။ ဒါတွေက အနည်းငယ် မည်းနေပေမဲ့ ၁၀၀% ငွေချောင်းများ ဖြစ်သည်။

 

 

လျု​ယောင် အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်ပြီး ရွှေချောင်း ၇ ချောင်းရဲ့ အလေးချိန်မှာ ဂရမ် ၇၀၀၀ နီးပါး ရှိသည်။ယခု ရွှေကို ပြန်လည်ဝယ်ယူစျေးနှုန်းက ၄၀၀ ကျော်သည်။ ဒါတွေက အနည်းဆုံး သိန်းရာနှင့်ချီ တန်ဖိုးရှိသည်။

 

 

သိန်းရာချီတန် ကားကောင်းကောင်းတစ်စီး ဝယ်နိုင်သည်။ဒါပေမဲ့ လျုယောင် လောလောဆယ် ကားအသစ်ဝယ်ရန် အစီအစဉ်မရှိ​ေပ။ ကုမ္ပဏီတွင် Roll-Royce အသစ်တစ်စီး ဝယ်ထားတာကြောင့် လက်ရှိ G ကားကြီးဖြင့် သူ လုံလောက်သည်။

လျုယောင်  ပိုမိုကောင်းမွန်တဲ့ ရွက်လှေတစ်စီး ဝယ်ရန် စိတ်ကူးမိသည်။

 

 

တစ်ခုချင်းစီ ဂရုတစိုက် ဆေးကြေသန့်စင်ပြီး စားပွဲပေါ်တွင် သပ်ရပ်စွာ  အခြောက်ခံလိုက်သည်။

ရွှေနာရီပေါ် မှာလည်းအမည်းရောင် အရာများစွာ ရှိနေတာကြောင့် မျက်နှာပြင်ကို အရင် သန့်ရှင်းခဲ့​သည်။

တဖြည်းဖြည်း လျုယောင်ရှာတွေ့တာက ရွှေနာရီရဲ့ လက်ရာက အလွန်လှသည်။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်က ဒီလောက် လှတဲ့ လက်ရာ ရှိခြင်းမှာ အလွန်ထူးခြားနေသည်။

 

 

လျူယောင် ခဏ စဉ်းစားပြီးနောက်  ကိရိယာတစ်ခုကို ရှာတွေ့ပြီး ရွှေနာရီကို ဂရုတစိုက် ဖွင့်လိုက်သည်။ သူ အံ့အားသင့်သွားတာက ရေမှလွဲပြီး အတွင်းထဲတွင် ညစ်ပတ်မှု့ သိပ်မရှိဘဲ အတော်လေး သန့်ရှင်းနေခြင်းပင် ဖြစ်သည်။အတွင်းမှ ရေများကို အခြောက်ခံပြီးနောက် လျုယောင်  ရွှေနာရီကို ဂရုတစိုက် ပြန်ပိတ်လိုက်သည်။

 

 

ဒီနာရီကို ကျွမ်းကျင်သူများ  ပြုပြင်ပြီး ထပ်မံလုပ်ဆောင်နိုင်ရင် အကောင်းဆုံးဖြစ်လိမ့်မည်။

ဒီအိတ်ဆောင်နာရီလည်း ပါပြီး ဘယ်လောက် တန်ဖိုးရှိတာကိုတော့ လျူယောင်မသိပေ။

 

 

လျူယောင် စိတ်ဝင်စားမူ့မြင့်တက်လာပြီးနောက် သူ့ရဲ့

ဖုန်းတွင် နာရီရဲ့ ဓာတ်ပုံ များကို Douyin တွင် တင်လိုက်သည်။

 

 ဒီ "အိတ်ဆောင်နာရီကို ဘယ်သူ သိသလဲ"

 

ဟု တင်ပြီးနောက် ပိုစ့် တွင် ဘာမှ မမှားကြောင်း တွေ့ရသဖြင့် လျုယောင်  ရွှေရောင်သေနတ် ကို ဆက်လက်  သန့်ရှင်းလိုက်သည်။

သန့်ရှင်းပြီးနောက် လျုယောင် က “အရမ်းလှတာပဲ၊ ငါ့ ရုံးခန်းထဲမှာ အလှဆင်ပစ္စည်းအဖြစ် ထားဖို့ ကောင်းတယ် " တွေးမိလိုက်သည်။

ယမ်းမှုန့်များ ထည့်သွင်းပြီး ပြန်လည်ပစ်ခတ်နိုင်မလားဆိုတာ ပတ်သက်ပြီး လျူယောင် သေချာမသိပေ။

 

 

ပစ္စည်းအားလုံးကို သန့်ရှင်းပြီးနောက် နောက်ဆုံးကျန်နေတာက ညစ်ပတ်နေတဲ့ အရောင်စုံ ကြွေပန်းကန်နှစ်ချပ် ဖြစ်သည်။

 ဆေးကြောပြီးနောက် ရုတ်တရက် လျုယောင် အနည်းငယ် အံ့အားသင့်သွားသည်။

 ဒီဟာကို သန့်ရှင်းပြီးနောက်

 

" ချင်မင်းဆက် ကန်ရှီလက်ထက်တွင် ပြုလုပ်သည်"

 

ဟူတဲ့ စာသားများ ပေါ်လာခဲ့သည်။

 

လျုယောင် အလွန်ပျော်ရွှင်သွားသည်။ဒါက တရားဝင်

ရွှံ့အိုးဖို မှ ဖြစ်ပြီး စျေးကောင်းရပေသည်။