အခန်း 49 ခေတ်မီ စစ်သင်္ဘောပျက်
ဂေါ့ဒါကီ ရုံးခန်းထဲမှာ မအီမသာ ဖြစ်နေခဲ့သည်။ ညနေ ၄ နာရီကျော်နေပြီ၊ နောက်မိနစ်အနည်းငယ်ဆို ၄ နာရီခွဲပြီ၊ ဒါပေမဲ့ Global ကုမ္ပဏီကနေ သတင်းတစ်စုံမှ မရသေးဘူး။
“သူတို့ အခု ဘာလုပ်နေလဲ “
“ရှာဖွေနေဆဲလား၊ ဒါမှမဟုတ် သေနတ်သေတ္တာကို ရှာဖွေတွေ့ရှိထားပြီလား “
ရုံးကုလားထိုင်မှာ ထိုင်ရင်း ဆေးလိပ်သောက်ကာ တွေးနေတုန်း ရုံးခန်းတံခါးကိုတွန်းဖွင့်သံ ကြားလိုက်သည်။
လက်ထောက်ဒါရိုက်တာတစ်ဦး ဝင်လာပြီး ချက်ချင်း မေးလိုက်သည်–
“ကိုဂေါ့ Global ဘက်က ဘာ ထူးသေးလဲ”
ဂေါ့ဒါကီက ခေါင်းကို ညင်သာစွာ ခါယမ်းရင်း
“အိုး၊ မထူးသေးပါဘူး၊ ၄ နာရီခွဲတော့မယ်၊ ပစ္စည်းတွေ မရရင် နောက်ကျသွားတော့မယ်”
“ဟုတ်တယ်၊ ကျွန်တော်တို့မှာ အချိန်သိပ်မကျန်တော့ဘူး ”
လက်ထောက်ဒါရိုက်တာက မျက်နှာတည် တည်နဲ့ ပြောလိုက်သည်။သူ ဆေးလိပ် တစ်လိပ် ကို တစ်ဖွာရှိုက်ပြီး အကြံပြု လိုက်ကာ “ကိုဂေါ့ ဖုန်းဆက်ပြီး မေးကြည့်လိုက်ပါလား ”
ဂေါ့ဒါကီကလည်း ထိုစိတ်ကူးရှိတာနဲ့ စားပွဲပေါ်မှ ဖုန်းကိုကောက်ယူကာ ဖုန်းခေါ်ဆိုလိုက်သည်။ “မစ္စတာ လျု၊ ကျွန်တော် ဂေါ့ဒါကီ ပါ၊ ခင်ဗျားတို့ဘက်က အခြေအနေ ဘယ်လိုလဲ”
လျုယောင်ရဲ့ပေါ့ပါးရွှင်လန်းတဲ့ အသံက ဖုန်းထဲကနေ ထွက်ပေါ်လာပြီး
“ခေါင်းဆောင်ဂေါ့ ပစ္စည်းတွေ ရပြီ။ ကျွန်တော် ခင်ဗျားတို့ ဗျူရိုကို ကားမောင်းလာနေတယ်၊ နောက်တစ်နာရီလောက်ဆိုရောက်ပြီ။”
“ဘာ”
ဂေါ့ဒါကီ တုန်လှုပ်သွားပြီး သူ နားကြား မှားတာလို့ ထင်လိုက်မိသည်။ချက်ချင်း စိတ်လှုပ်ရှားလာကာသူ့အသံနည်းငယ်တုန်ယင်နေပြီး
“မစ္စတာ လျု၊ ခင်ဗျားပြောတာက အဲ့ဒီသေနတ်သေတ္တာကို ဆယ်ပြီးပြီဟုတ်လား။”
လျု ယောင်က “ဟုတ်တယ်၊ ဆယ်ပြီးပြီ! ဘူးထဲမှာ ဆယ်လက်ရှိတယ်၊ကျွန်တော် ခင်ဗျားတို့ ဗျူရိုကို ကားမောင်း လာ နေတယ်”လို့ ကားမောင်းရင်း ပြန်ဖြေလိုက်သည်။
အတည်ပြုပြီးနောက် ဂေါ့ဒါကီ ပိုပြီးတောင် စိတ်လှုပ်ရှားလာခဲ့သည်။
ဖုန်းကို ကိုင်ထားတဲ့လက် သူ့လက်မှာ အနည်းငယ် တုန်ယင်နေပြီး
“မစ္စတာ လျု၊ အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ် ”
“ကျွန်တော် ဂိတ်ဝမှာ ခင်ဗျားကို လူလွတ်ပြီးကြိုခိုင်းလိုက်ပါ့မယ် "
ဖုန်းချလိုက်တာနဲ့ သူ့ဘေးမှ လက်ထောက်ဒါရိုက်တာက အံ့အားသင့်စွာ ကြည့်ပြီး “ကိုဂေါ့ ပစ္စည်းတွေ ရပြီလား “ဟု မေးလိုက်သည်။ဂါအို ဒါခဲ အလွန်ပျော်ရွှင်နေပြီး ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်ပြလိုက်သည်။
“ဟုတ်တယ်၊ ရပြီ၊ မစ္စတာလျု ကိုယ်တိုင် ကားမောင်းလာနေတယ်တဲ့”
ချက်ချင်းပဲ လက်ထောက်ဒါရိုက်တာက အလွန်ချီးကျူးဂုဏ်ပြုစွာနဲ့ “ဒီ Global ကုမ္ပဏီက တကယ်ကို အစွမ်းထက်တယ်။ သူတို့ကို တကယ်ကျေးဇူးတင်ရမှာပဲ “
“ဟုတ်တယ်၊ ကျွန်တော်တို့အတွက် အကူအညီကြီးတစ်ခုပဲ။ သေနတ်သေတ္တာကို သက်သေအဖြစ်နဲ့ ဒီအမှု့ကို ခိုင်လုံအောင် လုပ်မယ်”
“လာ ဒါရိုက်တာဆီသွားပြီး အစီရင်ခံရအောင် သူ စိတ်ချရအောင်ပေါ့”
နှစ်ယောက်သား စကားပြောဆို ရယ်မောရင်းနဲ့ အရှေ့ပိုင်းခရိုင်ဗျူရိုအကြီးအကဲဆီ အခြေအနေကို အစီရင်ခံဖို့ ထွက်လာခဲ့ကြသည်။
လျုယောင်က ကားမောင်းလာနေပြီး
အရှိန်က အတော်လေး မြန်သည်။ အမြန်နှုန်း ကန့်သတ်ထားတဲ့ လမ်းပေါ်မှာ လျုယောင် က ကီလိုမီတာ ၈၀ ကျော်ကျော်နဲ့ မောင်းလာခဲ့သည်။
လျု ယောင် ရဲ့ တုံ့ပြန်မှုအရှိန်က သာမန်လူတွေထက် မြန်တာကြောင် ယဥ်မတော်တဆ မူ့ ဖြစ်မှာကို စိုးရိမ်စရာ မလိုပေ။
ကားရဲ့ နောက်ဖုံးထဲမှာ ခုနကမှ ရရှိထားတဲ့ သေနတ်သေတ္တာ ရှိနေတယ်။
မူလက အရှေ့ပိုင်းဌာနခွဲကို ရောက်ဖို့ တစ်နာရီလောက် ကြာမယ်လို့ ခန့်မှန်းထားပေမဲ့ တကယ်တမ်းတော့ မိနစ်ငါးဆယ်လောက်ပဲ ကြာခဲ့သည်။ G ကားကြီးက အရှေ့ပိုင်းဌာနခွဲရဲ့ ဝင်ပေါက်မှာ ရပ်တန့်လိုက်သည်။
တီယန် နဲ့ လုပ်ဖော်ကိုင်ဖက်အချို့က အကြာကြီး ေစာင့်နေခဲ့ကြသည်။
သူမ ကားတစ်စီးလာတာကို မြင်တာနဲ့ အစောင့်ကို သွားခွင့်ပြုဖို့ အချက်ပြပြီး လျုယောင့် ကို အရှေ့ပိုင်းခရိုင်ဗျူရို ရုံးခန်းဆီ တိုက်ရိုက်မောင်းဝင်ဖို့ ညွှန်ပြလိုက်သည်။
“မစ္စတာလျု ပင်ပန်းသွားပါပြီ”
“ဒီလောက်က အပန်းမကြီးပါဘူး ဗျာ” ဟု လျု ယောင်နှိမ့်ချစွာ ပြောလိုက်သည်။
နှစ်ဦးသား လက်ဆွဲနှုတ်ဆက်ကြပြီး လျုယောင် က တီယန်ဖန်ယွန် ဟာ သူရဲကောင်းဆန်တဲ့ အသွင်အပြင်နဲ့ ထူးခြားတဲ့ ရဲမေတစ်ဦး ဖြစ်တာကို သတိထားမိလိုက်သည်။
G ကားကြီးရဲ့ နောက်ဖုံးဖွင့်လိုက်ပြီး လက်အိတ်အဖြူဝတ်ထားတဲ့ ရဲနှစ်ဦးက သေနတ်သေတ္တာကို ကားထဲကနေ အတူတကွ ထုတ်ယူကာ ဂရုတစိုက် စစ်ဆေးခဲ့ကြသည်။
အတည်ပြုပြီးနောက် ရဲတစ်ဦးက
“ဟုတ်တယ်၊ ဒါပဲ၊ ဒီသေနတ်တွေပဲ"ဟု ပြောလိုက်သည်။
နှစ်ဦးသားသေတ္တာကို ပိတ်ပြီး သေနတ်သေတ္တာကို သယ်ဆောင်သွားကြသည်။ တီယန်ဖန်ယွန်က နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပြီး–
“မစ္စတာ လျု၊ ကျွန်မတိို့ ဗျူရို ခေါင်းဆောင်က ကိုယ်တိုင် ကျေးဇူးတင်ချင်လို့ ရုံးခန်းထဲမှာ စောင့်နေပါတယ် "
လျုယောင်က ပျော်ရွှင်စွာ ပြုံးြပပြီး “ဒါဆိုလည်း ကျွန်တော့်ကို ခေါ်သွားပေးပါအုံး”လို့ ပြောလိုက်သည်။
ဒုရဲမေတီယန်ဖန်ယွန် ရဲ့ ဦးဆောင်မှု့နဲ့ လျုယောင် ဂေါ့ဒါကီ ရဲ့ ရုံးခန်းထဲ လျှောက်ဝင်သွားခဲ့သည်။
ဂေါ့ဒါကီ မှာ အကြိမ်ကြိမ် ကျေးဇူးတင်စကား ပြောကြားပြီး ယွမ်ငွေ ၅၀၀,၀၀၀ တန်ဖိုးရှိ ငွေသားချက်လက်မှတ်ကို လျုယောင့်အား ပေးအပ်လိုက်သည်။
လျုယောင် အံ့အားသင့်သွားတာက ဂေါ့ဒါကီ ဟာ သူ့ ရဲ့ စီးပွားရေးကဒ်ပြားကို တောင်းခဲ့ရုံသာမက ! WeChat မိတ်ဆွေအဖြစ်ပါ ထည့်သွင်းခဲ့တာကိုပါပဲ။
အရှေ့ပိုင်းခရိုင်ဗျူရိုကနေ ထွက်ခွာလာတုန်း လျု ယောင် သူ့စိတ်ထဲမှာ ၅၀၀,၀၀၀ ယွမ် ရရှိရုံသာမက ရဲတွေနဲ့လည်း ဆက်ဆံရေးရခဲ့ပြီလို့ တွေးလိုက်မိသည်။
လျူယောင် ဗီလာကို ကားမောင်းပြန်ရောက်ပြီးနောက် လိပ်ကြီး နဲ့ ဆက်သွယ်လိုက်သည်။
လိပ်ကြီးဟာ သင်္ဘောပျက်အနီးကို ရောက်နေပြီး သင်္ဘောပျက်ကို စတင် ဖျက်ချနေသည်။လျူယောင် သင်္ဘောပျက်ပုံစံ
ကို မြင်လိုက်ရသည်။
ဒါဟာ နှစ်ပေါင်းတစ်ရာကျော်က စစ်သင်္ဘောတစ်စင်း ဖြစ်လောက်မည်။
သင်္ဘောပေါ်က အမြောက်တွေက ရှေ့ကနေ ကျည်ထိုးတဲ့ ဟာ မဟုတ်ဘူး၊ နောက်ကနေ ကျည်ထိုးတဲ့ အမျိုးအစားတွေပဲ။ သူတို့က အတော်လေး နောက်ကျပြီး ခေတ်ကုန်နေပြီ၊ ခေတ်မီအမြောက်တွေ မဟုတ်ပေ။
လိပ်ကြီးကို ဘေးကင်းရေး ဂရုစိုက်ဖို့ အထူးသဖြင့် ကျည်ဆန်တွေကို ကိုင်တွယ် တဲ့အခါ သတိထားဖို့ မှာလိုက်သည်။ လိပ်ကြီးနဲ့ ဆက်သွယ်ပြီးနောက် ညနေစောင်းတော့မည်။
“လဲ့လဲ့ ကိုယ် ခနနေ လာခဲ့မယ် ညစာ အတူစားကြမယ်လေ။”
“အကိုယောင် ကောင်းပြီ၊ ကျွန်မ စောင့်နေပါ့မယ်။”
နှစ်ယောက်သား စကားအနည်းငယ် ပြောပြီးနောက် လျုယောင် ဟွာဟိုင်းမြို့ အမှတ် ၂ အထက်တန်းကျောင်းကို ကားမောင်းလာခဲ့သည်။
နောက်တစ်နေ့။
လျု ယောင် နိုးလာပြီးနောက် ပထမဆုံးလုပ်တဲ့ အလုပ်က လိပ်ကြီး နဲ့ ဆက်သွယ်ဖို့ပဲ၊ သင်္ဘောပျက်ကို သူ ဘယ်လိုဖျက်ချလဲ သိချင်တာကြောင့် ဖြစ်သည်။
“လိပ်ကြီး မင်းဘက်က အခြေအနေ ဘယ်လိုလဲ ”
လိပ်ကြီးက ပျော်ရွှင်စွာ ပြန်ဖြေလိုက်ပြီး– “ကျွန်တော် သင်္ဘောပျက်ရဲ့ ဘေးဘက်ကနေ အပေါက်ကြီးတစ်ပေါက် ဖောက်ထားပြီးပြီ၊ အတွင်းထဲကနေ အခန်းပေါင်းများစွာ ပေါ်လာတယ်၊ အဲဒီအခန်းတွေထဲမှာ ရှာဖွေနေပါတယ် ”
ဒီဟာတွေ အားလုံးကို လိပ်ကြီး က တစ်ညတည်း ဖျက်ချထားတာပဲ။ ဆွေးမြေ့နေတဲ့ သစ်သားပြားတွေ၊ တိုက်စားခံထားရပြီး သံချေးကပ် နေတဲ့ အမြောက်တွေနဲ့ တခြားပစ္စည်းတွေ အများကြီးကိုလည်း လျူယောင် တွေ့ရသည်။
တန်ဖိုးမရှိတဲ့ ပစ္စည်းတွေကို လိပ်ကြီး က ခပ်ဝေးဝေးမှာ ထားလိုက်သည်။