အခန်း 35 သင်္ဘောထဲတွင်
ဟွာဟိုင်းရိပ်သာတွင် ခမ်းနားထည်ဝါတဲ့ အဆောက်အအုံများစွာရှိရာ မိုးမျှော်တိုက်များစွာလည်းရှိသည်။
ဟွာဟိုင်းမြို့ရဲ့ အထင်ကရ အဆောက်အအုံလည်း ထိုနေရာတွင် တည်ရှိသည်။
ဘေးနှစ်ဖက်မှ မြင့်မားတဲ့ အဆောက်အအုံများကို ကြည့်ကာ ဟူဂျွန်းရှီက စိုးရိမ်တကြီးဖြင့် “ညီအကိုယောင်၊ ဒီက ရုံးခန်းအဆောက်အအုံတွေရဲ့ငှားခ က စျေးကြီးလောက်မယ်နော် "
လျူယောင်ဂရုမစိုက်ဟန်ဖြင့် “ရပါတယ်၊ မင်းစိတ်ပူစရာမလိုပါဘူး”
“ငါတို့ ကုမ္ပဏီတစ်ခု ထူထောင်တော့မယ်ဆိုရင် ပိုပြီးမြင့်မားတဲ့ စမှတ်ကနေစပြီး ခြေလှမ်းတစ်လှမ်းတည်းနဲ့ သတ်မှတ်ထားတဲ့နေရာကို ရောက်အောင်၊ ဟွာဟိုင်းရိပ်သာလို ဗဟိုစီးပွားရေးဇုန်မျိုးမှာ ကုမ္ပဏီဖွင့်သင့်တယ်။”
“ပိုက်ဆံကတော့”
လျူယောင် လက်ထဲတွင် ယွမ်ငွေ သန်း ၂၀ ကျော် ရှိနေသေးရာ အဌားခ ပေးဆောင်ရန် လုံလောက်သည်။ ထို့အပြင် လိပ်ကြီးက ရှေးဟောင်းသင်္ဘောပျက်တစ်ခုကို ရှာဖွေတွေ့ရှိထားရာ သူက ရက်အနည်းငယ်အတွင်း ငွေပုံကြီး ရနိုင်ဦးမည်ဖြစ်သည်။
ရှေ့တွင် လှပတဲ့ အဆောက်အအုံတစ်လုံးရှိပြီး မှန်အပြင်နံရံနမှာလည်း အလွန်ခေတ်မီဆန်းပြားပုံရကာ အမြင့်မှာ အထပ် ၄၀ မှ ၅၀ ခန့် ရှိသည်။အဲ့တာက အဆင့် ‘A’ ရုံးခန်းအဆောက်အအုံ ပင်ဖြစ်သည်။
နာမည်ကြီး ကုမ္ပဏီကြီးများစွာရဲ့ ရုံးချုပ်များက ဒီအဆောက်အအုံတွင် ရှိပြီး ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီ ၅၀၀ စာရင်းဝင် သုံးခုကလည်း ရုံးခွဲများကို ဒီနေရာတွင် ဖွင့်လှစ်ထားကြသည်။
“ဒီရုံးခန်းအဆောက်အအုံက ဘယ်လိုလဲ၊ သွားမေးကြည့်ရအောင်။”
ဟူဂျွန်းရှီက ထိုရုံးခန်းအဆောက်အအုံကို ကြည့်ကာ အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း နောက်ဆုံးတွင် ဘာမှမပြောဘဲ ခေါင်းညိတ်လိုက်သည်။
လျူယောင် ယုံကြည်မှုအပြည့်ဖြင့် ရှေ့မှလျှောက်ကာ ရုံးခန်းအဆောက်အအုံထဲသို့ ဝင်လိုက်သည်နှင့် ဧည့်ခန်းမကြီးတစ်ခုရှိပြီး ဧည်ကြိုမလေးများကိုမေးလိုက်သည်။
အဆောက်အအုံရဲ့ စီမံခန့်ခွဲမှုကုမ္ပဏီမှာ ဘယ်အထပ်တွင် ရှိကြောင်းသိလိုက်ရသည်။ ဓာတ်လှေကားစီးပြီး ဟူဂျွန်းရှီကို ထိုနေရာကို ခေါ်ဆောင်သွားခဲ့သည်။
ကံကောင်းစွာဖြင့် ၄၂ လွှာတွင် တစ်ဝက်တစ်ပျက်သော အခန်းတစ်ဝက်ကို ငှားရန် ရှိနေသည်။ မူလက ဒီအထပ်တွင် ကုမ္ပဏီနှစ်ခုရှိရာ အခြားကုမ္ပဏီမှာ အဌားစာချုပ် သက်တမ်းကုန်ဆုံးပြီး ပြောင်းရွှေ့သွားခဲ့သည်။
နေရာရှိသဖြင့် အခြားနေရာများ ရှာဖွေစရာမလိုတာကြောင့် လျူယောင် စိတ်ထဲတွင် ပျော်ရွှင်နေသည်။
“ကျွန်တော်တို့ကို ပြပေးနိုင်မလား။”
“ရပါတယ်။”
တစ်ဖက်လူက အလွယ်တကူ ပြန်ဖြေကာ လျူယောင်နဲ့ဟူဂျွန်းရှီကို ၄၂ လွှာသို့ ခေါ်သွားသည်။
ဓာတ်လှေကားမှ ထွက်လိုက်တာနှင့်ဘယ်ဘက်တွင် ကုမ္ပဏီတစ်ခုရှိသည်။ ဟွန်ဒါ မဟောဂနီ ဟူသတဲ့ရွှေရောင်စာလုံးလေးလုံးသည် အလွန်ကြီးကျယ်ခမ်းနားပြီး ထင်ရှားသည်။
လျူယောင် ထပ်မံ ကြည့်လိုက်ပြီး ဒါ မဟောဂနီလုပ်ငန်း လုပ်ကိုင်တဲ့ကုမ္ပဏီဖြစ်ရမယ် " ဟု စိတ်ထဲတွင် တွေးလိုက်သည်။
ဒီနေရာတွင် ကုမ္ပဏီ တည်ထောင်နိုင်ခြင်းမှာ ထို ကုမ္ပဏီရဲ့ ခွန်အားက အထင်ကြီးစရာကောင်းပုံရသည်။
လျူယောင် နှင့်လိုက်ပါလာသော မန်နေဂျာက “မစ္စတာလျူ၊ ခင်ဗျားတို့ ကုမ္ပဏီကလည်း ဒီမှာ တည်ထောင်မယ်ဆိုရင် ဟွန်ဒါ အနီရောင်သစ်အုပ်စု က ခင်ဗျားတို့ရဲ့ အိမ်နီးချင်းဖြစ်သွားလိမ့်မယ်။” ဟု ပြောပြီးလျူယောင်ကို မိတ်ဆက်ပေးလိုက်သည်။
သူ့ရဲ့ မိတ်ဆက်မှုကို နားထောင်ပြီးနောက် လျူယောင်က ထိုကုမ္ပဏီရဲ့ ပိုင်ရှင်မှာ ကျောက်ကျန့်ဗျောင် ဖြစ်ကြောင်း သိလိုက်ရသည်။ သူသည် မဟောဂနီလုပ်ငန်းတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီး သြဇာလွှမ်းမိုးမှု အတော်အတန်ရှိသူဖြစ်သည်။
သူ့ရဲ့ကုမ္ပဏီက မဟောဂနီကုန်သွယ်ရေးတွင်သာမက ကြီးမားတဲ့ မဟော်ဂနီပြုပြင်ထုတ်လုပ်ရေး စက်ရုံများစွာကိုလည်း ပိုင်ဆိုင်ထားသည်။
လျူယောင် ခေါင်းညိတ်လိုက်သည်။ ထိုမျှကြီးမားတဲ့ မဟော်ဂနီလုပ်ငန်းအဖြစ် ပြောင်းလဲနိုင်ခြင်းမှာ အမှန်ပင် ကျွမ်းကျင်မှုရှိသူဟု ဆိုရပေမည်။
၄၂ လွှာတစ်ခုလုံးရဲ့ ဘယ်ဘက်တွင် ဟွန်ဒါ အနီရောင်သစ်အုပ်စုဖြစ်ပြီး ညာဘက်တစ်ဝက်မှာ ဗလာဖြစ်သည်။
မန်နေဂျာက လျူယောင်နှင့် ဟူရှီးဂျွန်ကို သေချာလိုက်ပြခဲ့သည်။
လျူယောင် အလွန်စိတ်ကျေနပ်ခဲ့သည်။ဒါက အမှန်ပင် ‘A’အဆင့် ရုံးခန်းအဆောက်အအုံဖြစ်ပြီး ပထမတန်းစား ပတ်ဝန်းကျင်နှင့် ပြည့်စုံတဲ့ နေရာဖြစ်သောကြောင့် ဖြစ်သည်။
ဧရိယာမှာလည်း မသေးဘဲ စတုရန်းမီတာ ၈၀၀ ကျော်ရှိရာ လူရာပေါင်းများစွာ အလုပ်လုပ်ရန် လုံလောက်သည်။ဒါပေမဲ့ အဌားခကအနည်းငယ် ဈေးကြီးသည်။
ဟူဂျွန်းရှီးက လျူယောင်ကို အကြိမ်ကြိမ် ကြည့်နေပြီး ဒီနေရာက အလွန်ဈေးကြီးသဖြင့် ပိုမိုသက်သာတဲ့ နေရာသို့ ပြောင်းရွှေ့သင့်တယ်ဆိုတဲ့ အဓိပ္ပာယ်မှာ ထင်ရှားသည်။
သို့သော် လျူယောင်က မမြင်ဟန်ပြုကာ မန်နေဂျာနှင့် စကားဆက်ပြောနေသည်။
လျူယောင်ရဲ့ အမြင်တွင် ဒီနေရာက ကောင်းမွန်ပြီး အဌားခက ဈေးကြီးပေမဲ့ ဒါကအဆင့် ‘A’ ရုံးခန်းအဆောက်အအုံဖြစ်ရာ ပေးရတဲ့ဈေးနှင့် ထိုက်တန်တယ်ဟု ယူဆခဲ့သည်။
စကားပြောဆိုမှု့အချို့ ပြုလုပ်ပြီးနောက် အရာအားလုံးနီးပါး ဆွေးနွေးပြီးစီးခဲ့သည်။
တကယ်တော့ ပြောစရာ ဘာမှမရှိချေ။ဒီနေရာက ပုံမှန် အဆင့် ‘A’ ရုံးခန်းအဆောက်အအုံဖြစ်ရာ တစ်စတုရန်းမီတာအတွက် အဌားခကို သတ်မှတ်ထားပြီး ဈေးညှိနှိုင်းဖို့ အခင့်အရေးမရှိသလောက်ပင်။
လျူယောင်သည် လေးလ အဌားစာချုပ်ကို အောင်မြင်စွာ လက်မှတ်ထိုး ချုပ်လိုက်သည်။
သော့ရပြီဆိုတော့ ငှားထားတဲ့နေရာကို သေချာကြည့်ရမယ်။" ကြည့်လေ၊ အံ့သြလေပါပဲ။ နောက်ဆုံးကုမ္ပဏီက အခုမှ ပြောင်းသွားတာဖြစ်ပြီး အလှဆင်ထားပြီးသားဆိုတော့ ရုံးသုံးပစ္စည်းတွေပဲ ဝယ်ဖို့လိုတော့တယ် " ဟု လျူယောင် စိတ်ထဲမှ ကျေနပ်စွာ တွေးနေခဲ့သည်။
“လျူယောင် ! ဒါ အိပ်မက်မဟုတ်ဘူးနော်၊နောက်ဆိုငါတို့ ဒီမှာ အလုပ်လုပ်ရတော့မယ် "
လျူယောင် ပျော်ရွှင်စွာ ပြုံးလျက် “မင်းအိပ်မက်မက်နေတာ မဟုတ်ဘူး၊ မင်းနောင်ဆို ဒီမှာ အလုပ်လုပ်ရလိမ့်မယ်၊ ငါတို့ရဲ့ လုပ်ငန်းလည်း ဒီကနေ စတင်မယ်။”
စိတ်ကျေနပ်စွာ လှည့်ပတ်ကြည့်ရှုပြီးနောက် လျူယောင် လက်ဝှေ့ယမ်းကာ “သွားရအောင်၊ ထမင်းကောင်းကောင်းစားကြမယ်၊ ကောင်းကောင်းဆင်နွှဲကြမယ်၊ ပြီးတော့ ကုမ္ပဏီရဲ့ နောင်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဆွေးနွေးကြမယ်။” ဟု ပြောလိုက်သည်။
ဟူဂျွန်ရှီး က “ဆွေးနွေးစရာ မလိုပါဘူးကွာ " မင်း စိတ်တိုင်းကျ ဆုံးဖြတ်လို့ရပါတယ်၊ ငါ က အခုချိန်က စ ပြီးမင်းနောက် ပဲ လိုက်တော့မယ် ဟု ပြေလိုက်သည်။
"လာ " ဒါ ဆို ထမင်းစားရင်း မင်းကို ငါ နောက်ထပ် လုပ်ဆောင် မယ်ဲ့ အရာတွေ ပြောပြမယ် "
သူတို့ထွက်လာပြီး တံခါးကို သော့ခတ်ရန် ပြင်ဆင်နေစဉ် လူငါးခြောက်ယောက်ပါ အဖွဲ့တစ်ဖွဲ့ ဓာတ်လှေကားထဲမှ ထွက်လာသည်။ ဦးဆောင်လာတဲ့ အလယ်အလတ်အရွယ် အမျိုးသားက ကြီးမားတဲ့ သူဌေးတစ်ဦးလိုမျိုးထူးကဲသော ဟန်အမူအရာရှိသည်။
သူက လျူယောင် ကို မြင်တဲ့အခါ စိတ်အားထက်သန်စွာ လျှောက်လာပြီး “ညီလေး၊ မင်း ဒီနေရာကို ငှားထားတာလား” ဟု မေးလိုက်သည်။
ဟူဂျွန်းရှီ အရင်ဦးကာ“ဟုတ်ကဲ့၊ ကျွန်တော်တို့ ကုမ္ပဏီက ဒီမှာ အလုပ်လုပ်မှာပါ။ ဒါက ကျွန်တော်တို့ရဲ့ သူဌေး မစ္စတာလျူယောင် ပါ။” ဟု ပြောလိုက်သည်။
အလယ်အလတ်အရွယ် အမျိုးသားက ညာလက်ကို တက်ကြွစွာ ဆန့်တန်းကာ “မစ္စတာလျူ၊ ကျွန်တော့်နာမည် ကျောက်ကျန့်ဗျောင်ပါ၊ ကျွန်တော်တို့ နောင်ဆို အိမ်နီးချင်းတွေ ဖြစ်သွားပြီ၊ ကျေးဇူးပြုပြီး ဂရုစိုက်ပေးပါ။” ဟု ဆိုသည်။
တစ်ဖက်လူမှာ ထိုမျှ ယဉ်ကျေးသဖြင့် လျူယောင်လည်း သဘာဝအတိုင်း စိတ်အားထက်သန်နေသည်။တစ်ဖက်လူရဲ့ လက်ကို ပြန်ဆုပ်ကိုင်ကာ “မစ္စတာကျောက်က အလွန်သဘော ကောင်းတယ် နောင်ဆိုလည်း ကျေးဇူးပြုပြီး ဂရုစိုက်ပေးပါအူံး” ဟု ပြောလိုက်သည်။
ယဉ်ကျေးစွာ စကားအနည်းငယ် ပြောဆိုပြီးနောက် နှစ်ဖက်စလုံးသည် စီးပွားရေးကဒ်များကို ဖလှယ်ကြသည်။ လျူယောင်ရဲ့ စီးပွားရေးကဒ်များကို မနေ့ကမှ ပြုလုပ်ထားရာ အနည်းငယ်ကို အတူတူ ယူလာခဲ့ခြင်း ဖြစ်သည်။
ရုံးခန်းအဆောက်အအုံမှ ထွက်လာ ပြီးနောက် ညစားစားရင်း လျူယောင် အစီအစဉ်အချို့ကို ဟူဂျွန်းရှီအား ပြောပြခဲ့သည်။
ဥပမာအားဖြင့်၊ သမုဒ္ဒရာသယ်ယူပို့ဆောင်ရေးကို နားလည်တဲ့ ပညာရှင်တစ်ဦးကို ကုမ္ပဏီ၏ ပရော်ဖက်ရှင်နယ် မန်နေဂျာအဖြစ် ခန့်အပ်ရန်အတွက် ရာဖြတ်ကုမ္ပဏီတစ်ခုကို ရှာဖွေမည်ဖြစ်ပြီး ကုမ္ပဏီရဲ့ နေ့စဉ်လုပ်ငန်းများကို တာဝန်ယူစေမည်ဖြစ်သည်။
၁၀,၀၀၀ တန် သင်္ဘောတစ်စီး သို့မဟုတ် နှစ်စီး ဝယ်ယူပြီး ပင်လယ်ရေပြင် အနက် ပိုင်းတွင် ပို့ဆောင်ရေးနှင့် စူးစမ်းရှာဖွေရေး လုပ်ငန်းများ လုပ်ကိုင်ကြမယ့် အကြောင်းကို ပြောပြလိုက်သည်။ဟူဂျွန်းရှီက မျက်လူံးပြူးပြီးသာ နားထောင်နေသည်။
အိမ်ပြန်ရောက်တဲ့အခါ အတော်ညည့်နက်နေသည်။
လျူယောင် စိတ်ထဲ၌ တွေးလိုက်တာက ကုမ္ပဏီကို တည်ထောင်ပြီးတာနှင့် ကနဦးအဆင့်တွင် ငွေကုန်ကြေးကျများပြားမည့် နေရာများ ပိုများလာမည်ဖြစ်ရာ လက်ရှိ ယွမ်ငွေ သန်း ၂၀ ကျော်မှာ လုံးဝမလုံလောက်ဘဲ နောက်ထပ် ငွေပုံကြီးတစ်ခု လိုအပ်နေသည်။
လိပ်ကြီးက နက်နဲတဲ့ပင်လယ် ပြင်တွင် သင်္ဘောပျက်ကို တွေ့ရှိခဲ့ပြီးထို ထဲတွင် တန်ဖိုးရှိတဲ့ "ကြွေထည်မြောက်မြားစွာလား၊ သို့ ရွှေငွေရတနာ မြောက်မြားစွာလား။"လျူယောင် သင်္ဘောအတွင်းရှိ အခြေအနေ ကို အတိအကျကို သိရှိလိုခဲ့သည်။
ပြီးခဲ့တဲ့နှစ်ရက်က နစ်မြုပ်နေတဲ့ သင်္ဘောအနီးကို လိပ်ကြီး မနည်းသွားနိုင်ခဲ့ပြီး ပြင်းထန်တဲ့ ရေဖိအားဒဏ် ကို မိနစ်အနည်းငယ်သာ တောင့်ခံနိုင်ခဲ့သည်။
အခုဆိုရင်တော့ နောက်ထပ် မိနစ်အနည်းငယ် ပိုနေနိုင်လောက်ပါပြီ။ နှစ်ရက်အတွင်း ထပ်မံကြီးထွားလာပြီး အလေးချိန် ကီလို ၅၀၀ ကျော်မှ ကီလို ၆၀၀ ကျော်သို့ တိုးလာကာ စွမ်းရည်များလည်း အတိုင်းအတာတစ်ခုအထိ တိုးတက်လာခဲ့သည်။
လျူ ယောင် လိပ်ကြီးနှင့် ဆက်သွယ်ကာ “သူငယ်ချင်းလေး၊ သင်္ဘောပျက်ကို သွားကြည့်ရအောင်။” ဟု ပြောလိုက်သည်။
လိပ်ကြီးက အစပိုင်းတွင် နားနေခဲ့ပေမဲ့ ထိုစကားကို ကြားတဲ့အခါ စိတ်အားထက်သန်လာပြီး “သခင်၊ အခုတော့ အဲ့ဒီသင်္ဘောပျက်မှာ ခဏလောက် နေနိုင်လောက်ပါပြီ၊ အခုပဲ ထွက်လာမယ်” ဟု ပြန်ပြောလိုက်သည်။
လိပ်ကြီးမှာ နစ်မြုပ်နေတဲ့ သင်္ဘောဆီကို သွားနေလေသည်။
နစ်မြုပ်နေတဲ့ သင်္ဘောအနီးကို ရောက်ရန် တစ်နာရီခန့် ကြာမြင့်ခဲ့သည်။ လျူယောင် က ရေဖိအားနှင့် လိုက်လျောညီထွေဖြစ်မှုအပေါ် အထူးစိုးရိမ်သဖြင့်
“ လိပ်ကြီးဘယ်လိုနေလဲ” ဟု စိုးရိမ်တကြီး မေးလိုက်သည်။
လိပ်ကြီးက
“ဖိအားတွေ တော့ ခံစားနေရတုန်းပဲ၊ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ရက်ကထပ်အများကြီး ပိုကောင်းပါတယ်။ ခဏလောက် နေတာက ပြဿနာမဖြစ်ပါဘူး” ဟု ပြန်ဖြေလိုက်သည်။
ထိုစကားကို ကြားတဲ့အခါ လျူယောင်အများကြီး စိတ်သက်သာရာရသွားသည်။
လိပ်ကြီးခဏလောက် နေနိုင်ရင်တော့ သင်္ဘောထဲတွင် ဘာတွေရှိလဲဆိုတာကို ကြည့်ရှုနိုင်မည်ဖြစ်သည်။