Ch 22
Viewers 5k

အခန်း (22)  ခေတ်မီှီသင်္ဘောပျက်

ရှာဖွေမှုနယ်ပယ်ကို ချဲ့ထွင်ပြီးနောက် လိပ်ကြီးက လျူယောင်ကို စတင်ဆက်သွယ်ခဲ့သည်။ “သခင်၊ ရှေးဟောင်းသင်္ဘောပျက်တော့ မတွေ့ဘူး။ နယ်ပယ်ကို ထပ်ချဲ့ဖို့ လိုမလား”

“မလိုပါဘူး။”

မှတ်တမ်းတွေမှာများ အမှားအယွင်းရှိနေတာလားလို့ လျူယောင် စိတ်ထဲကနေ တွေးလိုက်သည်။ သူရှာဖွေခဲ့သည့် အချက်အလက်အားလုံးသည် အင်တာနက်မှ ရရှိထားခြင်း ဖြစ်ပြီး တရားဝင်မဟုတ်တဲ့အတွက် တိကျမှုအားနည်းနိုင်တာလားလို့ တွေးမိသည်။

ပင်လယ်ကြမ်းပြင်မှာ ရှေးဟောင်းသင်္ဘောပျက်တစ်ခု ရှာဖွေဖို့က မလွယ်ဘူးထင်ပါတယ်။


"ဒါဆို ဘာလုပ်ရမလဲ။ ဆက်ရှာရမလား၊ ဒါမှမဟုတ် လက်လျှော့ရမလား"

ခဏမ စဉ်းစားပြီးနောက် လျူယောင် ဆုံးဖြတ်ချက်ချလိုက်သည်။ “မရှိဘူးဆိုရင် ပြန်ကြတာပေါ့။ မနက်ဖြန်ကျမှ တခြားနေရာမှာ ကံစမ်းကြည့်တာပေါ့”

လျူယောင် အင်တာနက်မှာ ရှာတွေ့ခဲ့တဲ့ ရှေးဟောင်းသင်္ဘောပျက်များရဲ့ တည်နေရာများက ဟွာဟိုင်းမြို့  ရေပြင်ဝန်းကျင်တွင် ရှိပြီး အဝေးဆုံးမှာ ရေမိုင် ၁၀၀ သာဖြစ်သည်။


ပိုဝေးသည့်နေရာများကို ဘာ့ကြောင့် မရှာတာလဲဆိုတော့ လိပ်ကြီးရဲ့ လုံခြုံရေးကြောင့်ဖြစ်သည်။

ရေမိုင် ၁၀၀ လောက်တွင် လိပ်ကြီးရဲ့ လုံခြုံရေးကို အာမခံနိုင်ပေမဲ့ ဝေးလံတဲ့ပင်လယ်ပြင်တွင်မူ မဟုတ်နိုင်ပါ။


လျူယောင် ရေမိုင် ၁၀၀ အတွင်းရှိ ကမ်းရိုးတန်းရေပြင်မှာပင် လိပ်ကြီးရဲ့  ဘေးကင်းရေးကို ဦးစားပေးရန် အကြိမ်ကြိမ် မှာကြားခဲ့သည်။

အချည်းနှီးပြန်လာခဲ့ရသဖြင့် လိပ်ကြီးရဲ့ စိတ်အခြေအနေမှာ သိသိသာသာ ထိုင်းမှိုင်းနေခဲ့သည်။


လမ်းတစ်လျှောက် ရေအောက်ရှုခင်းလှလှလေးတွေကို လှည့်ကြည့်ဖို့တောင် စိတ်မဝင်စားတော့ဘဲ  ဒီအတိုင်းပဲ ရေကူးနေခဲ့သည်။

ထိုနေရာက ကုန်းမြေမှ ကီလိုမီတာ ရာကျော် ကွာဝေးတာကြောင့် အန္တရာယ်များ ရှိနေသေးပြီး ရံဖန်ရံခါတွင် ဧရာမငါးကြီးများနဲ့ ကြုံတွေ့ရတတ်သည်။

ဥပမာအားဖြင့် ပေါင် ရာနှင့်ချီလေးတဲ့ ငါးမန်း၊ နှစ်မီတာ သုံးမီတာရှည်တဲ့ ငါးဓားနှင့် တစ်မီတာကျော် အချင်းရှိတဲ့ ဧရာမ ရေခူကြီးများ ဖြစ်သည်။

လိပ်ကြီးဆီကို ဧရာမကြီးအကောင် တစ်ကောင် ရေကူးလာနေသည်။ ထိုအကောင်ကခြောက်မီတာ  ခုနစ်မီတာရှည်တဲ့ ဧရာမပင်လယ်မြွေကြီးဖြစ်သည်။

လမ်းကျဉ်းလေးတွင် ဆုံမိကြခြင်းပင်!

လိပ်ကြီး တွေ့ရှိချိန်တွင် နှစ်ဖက်အကွာအဝေးမှာ မီတာ ၂၀ မှ ၃၀ သာ ရှိတော့သည်။ အာရုံစိုက်မှု ပိုရှိခဲ့ပါက အစောကတည်းက တွေ့ရှိသင့်သည်။


ပင်လယ်မြွေက သူ့ကိုယ်သူ ဒီဒေသရဲ့ အုပ်စိုးရှင်ဟု ယူဆပုံရပြီး၊ ထူးဆန်းတဲ့ ပုံသဏ္ဌာန်ရှိလိပ်ကြီးတစ်ကောင် က လမ်းပိတ်နေတာကို မြင်တဲ့အခါ ချက်ချင်း သတိပေးလိုက်သည်။

"ငါ့လမ်းက ဖယ်ပေး" ဟု ပြောလိုက်သည်။

လိပ်ကြီး စိတ်မကြည်မလင်ဖြစ်နေချိန်တွင် မမျှော်လင့်ဘဲ  ဒီလိုအကောင်မျိုး ရောက်လာရာ သူ ဒေါသ ထွက်သွားသည်။

“ငါ့ရှေ့က ဖယ်! ငါ့ကို လာမနှောင့်ယှက်နဲ့!”

ပင်လယ်မြွေက သိသိသာသာ ဒေါသထွက်လာသည်။

စိတ်မရှည်စွာဖြင့် အလျင်အမြန်ပြေးဝင်လာပြီး အစွယ်များကို ထုတ်ပြကာ ကိုက်ရန် ပါးစပ်ဟလိုက်သည်။


လိပ်ကြီး ကိုယ်လုံးကြီးပေမဲ့ အမှန်တကယ်တွင် အလွန်သွက်လက်သည်။ သူက အလွယ်တကူ ကိုက်ခြင်းကို ရှောင်တိမ်းနိုင်ခဲ့ပြီးနောက် ပင်လယ်မြွေရဲ့ ခေါင်းကို တစ်ကိုက်တည်း ကိုက်လိုက်သည်။

အလွန်လျင်မြန်သော လှုပ်ရှားမှု!

လျှပ်စီးလက်သလို လျင်မြန်လှသည်။

ထိုကိုက်ချက်က ပစ်မှတ်ကို ထိခဲ့ပြီး လိပ်ကြီးရဲ့ ကိုက်အားမှာ အလွန်အံ့သြဖွယ်ကောင်းကာ ပင်လယ်မြွေကို ချက်ချင်း ကိုက်ဖြတ်လုနီးပါး ဖြစ်ခဲ့သည်။

မကြာမီ ပင်လယ်မြွေမှာ ဖြူဖျော့သွားပြီး သေဆုံးသွားခဲ့သည်။


လိပ်ကြီးက စိတ်ထဲကနေ“ငါဟာ ပင်လယ်လိပ် မဟုတ်ဘူး၊ ငါဟာ အစွမ်းထက်တဲ့ မျိုးပြောင်းလိပ်တစ်ကောင်ပဲလို့ " စိတ်ထဲမှ ပြောလိုက်သည်။

"ဂူထဲကနေ ရေမိုင် ဒါဇင်နဲ့ချီပြီး တစ်ထိုင်တည်း ရေကူးလာခဲ့တာ ဗိုက်ဆာနေတာနဲ့အတော်ပဲ "

လိပ်ကြီးက ပြောပြီး ပင်လယ်မြွေကို  ပါးစပ်အပြည့် ကိုက်စားလိုက်သည်။

“ဟေး၊ အရသာက မဆိုးပါဘူး၊ ငါတစ်ခါမှ မမြည်းစမ်းဖူးတဲ့ အရသာပဲ ”

ခေါင်းမရှိတာကလွဲရင် လိပ်ကြီးက  ခြောက်မီတာမှ ခုနစ်မီတာရှည်တဲ့ ပင်လယ်မြွေကို မုန်လာဥကြော်လိုမျိုး အရသာခံကာ ပါးစပ်အပြည့် စားရခြင်းမှာ အလွန်ကျေနပ်စရာကောင်းနေသည်။

ပင်လယ်မြွေတစ်ကောင်လုံး စားပြီးနောက် ဗိုက်ပြည့်ဝကာ ကျေနပ်အားရမှုတစ်ခု ခံစားရပြီး မူလစိတ်ဓာတ်ကျနေမှုမှာလည်း ကောင်းမွန်လာသည်။

"အိမ်ပြန်မယ်  "

လိပ်ကြီး  ကျွန်းငယ်လေးဆီ  ဆက်လက်ရေကူးသွားရာ သူ့အရှိန်က ပိုမိုမြန်ဆန်လာသည်။ မိနစ် ၂၀ မှ ၃၀ ကြာ ရေကူးပြီးနောက် ရပ်တန့်လိုက်သည်။


ထိုနေရာတွင် ရေအနက်မှာ မီတာ ၃၀၀ ခန့်ရှိပြီး ပင်လယ်ကြမ်းပြင်မှာ အခြားနေရာများနှင့် အနည်းငယ် ကွဲပြားသည်။ နေရာတိုင်းတွင် ကျောက်တန်းများ မရှိသလို ထူထပ်တဲ့ ပင်လယ်ရေမှော်ပင်များလည်း မရှိဘဲ  ပြန့်ပြူးနေတဲ့ မြေမျက်နှာပြင်ဖြစ်နေသည်။


ထိုပြန့်ပြူးတဲ့ ပင်လယ်ကြမ်းပြင်တွင် ပျက်စီးနေတဲ့ သင်္ဘောပျက်က လိပ်ကြီးရဲ့ အာရုံကို ဖမ်းစားလိုက်သည်။

"ဒီနေ့ ထွက်လာတာ သင်္ဘောပျက်ကို ရှာဖို့ မဟုတ်လား!ဟိုဟာ မဟုတ်ဘူးလား ""

လိပ်ကြီး ရေကူးသွားရာ အကွာအဝေးနီးလာတာနဲ့အမျှ ပိုမိုရှင်းလင်းလာသည်။

သင်္ဘောပျက်ကို ရေညှိများနှင့် ခရုမျိုးနွယ်များ ဖုံးအုပ်ထားပြီး သင်္ဘောရဲ့ သုံးပုံတစ်ပုံခန့်မှာ ပင်လယ်ကြမ်းပြင်ရှိ ရွှံ့ထဲတွင် နစ်မြုပ်နေသည်။

သင်္ဘောပျက်ပတ်ပတ်လည်တွင် လမ်းလျှောက်ပြီးနောက် လိပ်ကြီးက စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပဲ လျူယောင် ကို အလျင်အမြန် ဆက်သွယ်လိုက်သည်။

"သခင်၊ ကျွန်တော် သင်္ဘောပျက်တစ်ခု တွေ့ပြီ။"

ယခုအခါ လျူယောင် အင်တာနက်ကို သုံးကာ ဖိုရမ်တစ်ခုတွင် အကောင့်ဖွင့်ပြီး ရှေးဟောင်းသင်္ဘောပျက်နှင့် ပတ်သက်ပြီး ဝါသနာရှင်အချို့နဲ့ ဆွေးနွေးနေသည်။


လိပ်ကြီးက သူ့ဘာသာသူ ဆက်သွယ်လာပြီး သင်္ဘောပျက်တစ်စီး တွေ့ပြီဟု ပြောတဲ့အခါ လျူယောင် အလွန်ဝမ်းသာသွားပြီး ချက်ချင်း မေးလိုက်သည်။

“ဘယ်လို သင်္ဘောပျက်မျိုးလဲ၊ ဘာတွေဖြစ်နေလဲ ပြောပြပါဦး”


လိပ်ကြီးက သူတွေ့ခဲ့တဲ့  သင်္ဘောပျက် ပုံစံကို ချက်ချင်းပြောပြခဲ့သည်။

လိပ်ကြီးရဲ့ ဖော်ပြချက်အရ  ထိုအရာမှာခေတ်မီသင်္ဘောပျက်တစ်စင်းဖြစ်ကြောင်း လျူယောင်သိရှိခဲ့သည်။


ခေတ်မီ သင်္ဘောပျက်တစ်စင်းပင်။ပင်လယ်အောက်ခြေက သင်္ဘောမှာ သံချေးတက်နေပြီး မီးခိုးခေါင်းတိုင်ပါရှိကာ  မှောက်လျက်အနေအထားဖြင့် အပေါ်ကို လှန်နေသည်။

“သခင်၊ ဝင်ရှာလိုက်ရမလား”

လျူယောင် မျှော်လင့်ချက်မှာ မမြင့်မားပါ။ ပျက်စီးနေတဲ့ ခေတ်မီသင်္ဘောပျက်တွင် တန်ဖိုးရှိတဲ့  ပစ္စည်းများ ရှိမည်မဟုတ်ပါ။


သို့သော် သင်္ဘောပျက်တစ်စီးကို ရှာဖွေတွေ့ရှိရန် ခက်ခဲတာကြောင့် မရှာဖွေဘဲ ပြန်သွားရင် နေမြောစရာကောင်းလိမ့်မည်။

“လိပ်ကြီး ငါ့အတွက် သေချာရှာပေးပါ! တန်ဖိုးရှိတာ တွေ့တာနဲ့ ချက်ချင်းအကြောင်းကြားပါ။”

“ကောင်းပြီ၊ ပြဿနာမရှိဘူး!”


လိပ်ဘုရင် သဘောတူပြီးနောက် အကွဲဟ ကြားထဲကနေ ရေကူးဝင်သွားသည်။

လိပ်ကြီးနစ်မြုပ်နေသော သင်္ဘောထဲကို ဝင်လိုက်တာနဲ့ ဒီနေရာက အန္တရာယ်များကြောင်း ခံစားမိပုံရပြီး ငါးကြီးများစွာမှာ အထဲမှ ထွက်လာကြသည်။


သင်္ဘောက ဘယ်အချိန်တည်းနစ်မြုပ်နေမှန်း မသိပဲတချို့ငါးများမှာ အသိုက်လုပ်ကာ နေထိုင်ခဲ့ကြသည်။လိပ်ကြီး ဝင်လာတာကြောင့် ကြောက်လန့်ကာ ထွက်လာကြခြင်း ဖြစ်သည်။

နစ်မြုပ်နေတဲ့ သင်္ဘောထဲတွင် မကြာမီ တိတ်ဆိတ်သွားသည်။ ထိုအရာများ ရေကူးထွက်သွားပြီးနောက် လိပ်ကြီးကို နှောင့်ယှက်မဲ့အရာမရှိတော့ဘဲ စိတ်ရှည်လက်ရှည် ရှာဖွေနိုင်ခဲ့သည်။


အငှားအိမ်တွင် လျူယောင် စဉ်းစားနေသည်။ လိပ်ကြီးရဲ့ ဖော်ပြချက်အရ ဒါက တန် ၁၀၀၀ ကျော် ခေတ်မီသင်္ဘောပျက်တစ်စီး ဖြစ်သင့်သည်။

" အထဲတွင် ဘာတန်ဖိုးရှိတာတွေ ရှိလောက်မလဲ "

"မရှိနိုင်ဘူး၊ အချည်းနှီး ပျော်ရွှင်ရုံသက်သက်ပဲ ဖြစ်လောက်မယ် "


"ကံကောင်းရင်တော့ တန်ဖိုးရှိတဲ့ဟာတစ်ခုခုကို တွေ့နိုင်လောက်ပါတယ် " ဟုလျူယောင် စိတ်လူပ်ရှားကာ  စဥ်စားလျက်ရှိသည်။လျူယောင်စိတ်ရှည်စွာ စောင့်ဆိုင်းပြီး လိပ်ကြီးဆီကသတင်း ကိုပဲ  စောင်မျှော်နေသည်။

ယခုအခါ အဖိုးတန်ပစ္စည်းရှာဖွေရာတွင် ထူးချွန်တဲ့ လိပ်ကြီးက သင်္ဘောထဲတွင် ရှာဖွေနေသည်။


မကြာမီ အရိုးစုအချို့ကို တွေ့ရှိခဲ့သည်။ တခြားသူတစ်ယောက်သာ နေရာတွင် ရှိနေပါက ထိတ်လန့်တဲ့ခံစားချက်ကို ရနိုင်လောက်တယ်!ဒါပေမဲ့ လိပ်ကြီးကတော့  ထိုသို့ မခံစားရပါ။

သင်္ဘောထဲတွင် သေနတ်များ၊ ရိုင်ဖယ်များနှင့် ပစ္စတိုများလည်း ရှိပြီး အဲ့တာတွေကသံချေးတက်နေပြီဖြစ်သည်။


လိပ်ကြီးမှာ အလေးအနက် ရှာဖွေနေသည်။ သူ့တွင် အလွန်အမင်း အာရုံခံနိုင်စွမ်းရှိတာကြောင့် ရှာဖွေမှု အရှိန်မှာ ပိုမိုမြန်ဆန်နေသည်။

အထဲတွင် တန်ဖိုးရှိတဲ့အရာတစ်ခုခု ရှိပုံရသည်။လိပ်ကြီးက အခန်းတံခါးကို တွန်းဖွင့်လိုက်ပေမဲ့ မလှုပ်မယှက်ဖြစ်နေတာကို တွေ့လိုက်သည်။

အားကုန်သုံးပြီး တွန်းဖွင့်လိုက်တဲ့အခါ တံခါးမှာ ကျယ်လောင်စွာ ပွင့်သွားပြီးအတွင်းပိုင်းရဲ့ အခြေအနေက လိပ်ကြီးရှေ့တွင် ပေါ်လာခဲ့သည်။