အခန်း (20) စိတ်မကောင်းဖြစ်ခြင်း
"အစ်ကို၊ ကျွန်မ အစ်ကို့အတွက် အရမ်းပျော်တယ်။ ဒါက ကျွန်မ ကြားဖူးသမျှ သတင်းတွေထဲမှာ အကောင်းဆုံးပဲ "
သူ့ညီမ ယုံကြည်ပြီး အရမ်းပျော်နေတာကို မြင်တော့ လျူယောင် စိတ်သက်သာရာရသွားသည်။ နောက်ဆုံးတော့ ပိုက်ဆံတွေ ဒီလောက်အများကြီး ဘယ်ကလာတယ်ဆိုတာ ရှင်းပြဖို့ စိတ်ရှုပ်စရာမလိုတော့ဘူး။
"အစ်ကို၊ ကျွန်မ အဖေနဲ့အမေကို ဖုန်းဆက်ပြီး ပြောပြလိုက်မယ်။ သူတို့လည်း ပျော်ရအောင်။ ""အထူးသဖြင့် အဖေ ပေါ့ ဒီအရွယ်ကြီးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို မသွားခိုင်းတော့ပါနဲ့ !နော် အကို "
လျူယောင်ခေါင်းညိတ်ပြီး အပြည့်အဝ သဘောတူလိုက်သည်။
လျူလန် ဖုန်းပြန်ဆက်တာ ကောင်းပါတယ်။ ဒါမှ သူ မရှင်းပြရတော့မှာပေါ့။
သူက သတိပေးလိုက်တယ်။ "မင်း မိဘတွေကို ပြောပြီးရင်၊ ရွာသားတွေအားလုံး သိအောင် တစ်ရွာလုံးကို အော်မပြောဖို့ သူတို့ကို ပြောလိုက်ဦး။ မကောင်းဘူး။"
"သိပါတယ်" ဟု လျူလန် ပြန်ဖြေလိုက်သည်။
ဆယ်မိနစ်အကြာတွင် လျူယောင်တို့ ကြာကန် နားက လရောင် စားသောက်ဆိုင်ကို ရောက်လာခဲ့သည်။ ဒီဆိုင်တွင် အနောက်တိုင်းအစားအစာများကို အဓိကရောင်းတဲ့ အဆင့်မြင့်စားသောက်ဆိုင် ဖြစ်သည်။
အိတ်ထဲတွင် ပိုက်ဆံရှိပြီး စိတ်ထဲတွင် ယုံကြည်မှုရှိနေတဲ့ လျူယောင်က သူတို့နှစ်ဦးကို စားသောက်ဆိုင်ထဲ ဦးဆောင်ခေါ်သွားပြီး ပစ္စည်းအများအပြားကို မှာယူလိုက်သည်။
ဥပမာအားဖြင့်၊ ယွမ်နှစ်ရာကျော်တန် အသားကင်တစ်ပွဲ၊ ရာချီတန် အချိုပွဲတစ်ပွဲ၊ တစ်ရာကျော်တန် ဟင်းချိုတစ်ပွဲ နှင့် ဆယ်ဂဏန်းတန် ကော်ဖီတစ်ခွက်တို့ ဖြစ်သည်။
ဒါက လျူလန် တစ်သက်မှာ စားဖူးသမျှထဲမှာ အကောင်းဆုံးနဲ့ အဈေးအကြီးဆုံး အစားအစာပဲ။ ဝူဟွေ့ ကလည်း အဖော်အဖြစ် စားရတာဖြစ်ပြီး သူမစားဖူးသမျှထဲမှာ အကောင်းဆုံး အစားအစာပဲ ဖြစ်သည်။
ဝမ်းသာအားရ ဖြင့် စျေးနူန်းကြီးမားသည့် ညစာစားပြီးနောက် လျူယောင် သည် သူတို့နှစ်ဦးကို ကျောင်းတံခါးဝသို့ ကားဖြင့် ပို့ပေးခဲ့သည်။
"အစ်ကို၊ ကောင်းကောင်းမွန်မွန်သွားပါ၊ ကျွန်မအတွက် ပစ္စည်းဝယ်ပေးတာ ကျေးဇူးတင်ပါတယ်။"
လျူယောင် က "ဘာလို့ ယဉ်ကျေးနေရတာလဲ၊ ပိုက်ဆံလိုရင် ပြောပါ၊ ချွေတာမနေပါနဲ့။"
"ဟုတ်ကဲ့၊ သိပါပြီ။"
လျူယောင် ကားမောင်းထွက်သွားပြီးနောက်လျူလန် နှင့် ဝူဟွေ့ တို့ ကျောင်းဘက်ကို လျှောက်သွားကြသည်။
မလှမ်းမကမ်းရောက်တော့ ဝူဟွေ့ က ရုတ်တရက် မေးလိုက်သည် "လျူလန်၊ နင့်အစ်ကိုရဲ့ WeChat အကောင့်က ဘာလဲ?"
လျူလန် ခဏတာ အံ့အားသင့်သွားပြီးနောက် သတိရလာသောအခါ "ဟယ် ဝူဟွေ့၊ နင့်ကို ငါ အချစ်ဆုံးသူငယ်ချင်းလို သဘောထားတာ၊ ဒါပေမဲ့ နင်က ငါ့ယောင်းမ ဖြစ်ချင်နေတာလား။"
နှစ်ဦးသား ပျော်ရွှင်စွာ ရန်ဖြစ်ကြတော့သည်။ လျူလန် က ရယ်မောရင်း "နင်က ငါ့အစ်ကို့ ပိုက်ဆံကို စိတ်ဝင်စားတာလား၊ မြန်မြန်ပြော!"
ဝူဟွေ့ က ပြုံးပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်သည်။ "မဟုတ်ပါဘူး၊ နင့်အစ်ကို ချောတယ်လို့ပဲ ထင်တာ။"
"နင်ပြောတာကို ငါမယုံဘူး၊ငါ့အစ်ကို ချမ်းသာလို့ဆိုတာ သေချာပေါက်ဖြစ်ရမယ်"ဆိုပြီး ဝူဟွေ့ကို ကလိထိုးလိုက်သည်။
"အားယားတယ်၊ ငါမခံနိုင်တော့ဘူး၊ လွှတ်ပါဦး၊ နင့်အစ်ကိုရဲ့ WeChat ကို ငါမလိုချင်တော့ဘူး။"
"တကယ်ကို မလိုချင်တော့ပါဘူး။"
ထိုအခါမှ ဝူဟွေ့ ကို လွှတ်ပေးလိုက်သည်။ နှစ်ဦးသား ခဏလျှောက်ပြီးနောက် ဝူဟွေ့ က ရုတ်တရက် မေးလိုက်သည်။ "လျူလန်၊ နင့်အစ်ကိုမှာ ရည်းစားမရှိဘူး မဟုတ်လား?"
"အေး၊ နင် ဝူဟွေ့၊ နင်က တကယ်ဆိုးတဲ့စိတ်ရှိတာ၊ ငါ နင့်ကို ချမ်းသာမပေးနိုင်ဘူး"
လျူယောင် ဖခင်ဆီမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။
"သား ယောင်၊ မင်း တကယ်ပဲ ဆုကြီးပေါက်တာလား၊ ဆယ်သန်းကျော်တောင်!"
ထိုရင်းနှီးတဲ့ အသံကို ကြားရတဲ့အခါ လျူယောင် စိတ်လှုပ်ရှားသွားသည်။ သူ အသက်ပြင်းပြင်းရူကာ ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့၊ ကျွန်တော် ပထမဆု နှစ်ဆုပေါက်တာပါ။"
ဒီအချိန်တွင် မုသားဖြူတစ်ခုသာ ရှိနိုင်သည်။
ချက်ချင်းဆိုသလိုပင် လျူဟုန်ဖူရဲ့ လေသံက သိသိသာသာ စိတ်လှုပ်ရှားနေသည်။ "လျူလန် က ငါ့ကို လိမ်ပြောတာ မဟုတ်ဘူးပဲ။ တကယ်ပဲ။ ငါတို့ လျူ မိသားစုက လုံးဝ ပြောင်းလဲသွားပြီ။"
"သားယောင်၊ ပိုက်ဆံကို မင်းကိုယ်တိုင် ဂရုတစိုက် ကိုင်တွယ်ပါကွယ်။ ဟွာဟိုင်းမြို့က မြို့ကြီးတစ်မြို့ဆိုတော့ ကုန်ကျစရိတ်တွေက များတယ်။ မင်းရဲ့အမေနဲ့ ငါက မင်းအဲဒီမှာ အခြေချနိုင်ဖို့ မျှော်လင့်ထားတယ်။"
"မင်းလည်း မငယ်တော့ဘူး၊ ၂၄ နှစ်နီးပါးရှိပြီ၊ အိမ်ဝယ်၊ ရည်းစားစောစောရှာ..."
လျူဟုန်ဖူ က အများကြီးပြောပြီး အများကြီး တိုက်တွန်းခဲ့သည်။
လျူယောင် က "အဖေ၊ ကျွန်တော် နားလည်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို မသွားတော့ပါနဲ့။ အိမ်မှာ အနားယူပါ။ ကျွန်တော် မနက်ဖြန် အဖေ့ဆီကို ယွမ် ၅၀၀,၀၀၀ လွှဲပေးပါမယ်။ ကျွန်တော်တို့ အိမ်ကိုလည်း ပြန်ပြင်သင့်ပါတယ်။"
လျူဟုန်ဖူမှာ ပိုက်ဆံ လုံးဝမတောင်းပေ။ သူက တခြားမိဘများလို ပိုက်ဆံကို ကိုယ်တိုင် သိမ်းထားမယ်လို့ မပြောခဲ့ပေ။ ထိုအစား လျူယောင် အား ပိုက်ဆံကို သိမ်းထားရန် အာမခံခဲ့ပြီး အိမ်ဝယ်ကာ အိမ်ထောင်ပြုရန် ပြောခဲ့သည်။
သူ့အဖေက ပိုက်ဆံမတောင်းတာကြောင့် လျူယောင် သူ့အပေါ် ကောင်းမွန်တဲ့ ခံစားချက်များ မြင့်တက်လာပြီး၊ ကိုယ်တိုင် ဦးစီးဖို့ယွမ် ၅၀၀,၀၀၀ ကို အိမ်ဟောင်း ပြန်ပြင်ရန်ပေးဖို့ ပြောလိုက်သည်။
လျူဟုန်ဖူ က "အိမ်ကိစ္စက မလောပါဘူး၊ မင်း ဟွာဟိုင်း မြို့မှာ အိမ်အရင်ဝယ်ပါ။"
ဖခင်နှင့်သား ဖုန်းပြောတာ ဆယ်မိနစ်ကျော် ကြာမြင့်ခဲ့သည်။ ဖုန်းချပြီးနောက် လျူယောင်က အိမ်ဝယ်ရန် တကယ်စဉ်းစားသင့်ပြီဟု စိတ်ထဲမှ တွေးလိုက်သည်။
အငှားအိမ်တွင် နေထိုင်ခြင်းသည် ရေရှည်ဖြေရှင်းနည်းမဟုတ်သလို ပတ်ဝန်းကျင်ကလည်း ပိုဆိုးသည်။
ကားဝယ်ပြီးနောက် လက်ထဲတွင် ယွမ်ငါးသန်းပင် မပြည့်တော့တာကြောင့် ဟွာဟိုင်း မြို့တွင် အိမ်ဝယ်ရန် မလုံလောက်သေးပေ။
အိမ်ဝယ်ရန် ချေးငွေယူခြင်းနှင့် ပတ်သက်၍ လျူယောင် တွင် အစီအစဉ်မရှိသလို၊ ချေးငွေရရန်လည်း ခက်ခဲလိမ့်မည်ဟု ခန့်မှန်းရသည်။ အကောင်းဆုံးနည်းလမ်းမှာ လိပ်ကြီးက နောက်ထပ် ပစ္စည်းတစ်ခု တွေ့တာပဲ ဖြစ်မည်။
"လိပ်ကြီးက ပတ်ဝန်းကျင်အသစ်ကို ရောက်ရှိနေပြီဖြစ်ရာ ပတ်ဝန်းကျင်ကို ရှာဖွေကြည့်ရန် အချိန်တန်ပြီ။ အံ့အားသင့်စရာတစ်ခုခု တွေ့နိုင်မလားဆိုတာ မပြောနိုင်ဘူး"ဟု လျူယောင် စိတ်ထဲမှ တွေးနေသည်။
လွန်ခဲ့တဲ့ရက်အနည်းငယ်တွင် လျူယောင်က ရှေးဟောင်းသင်္ဘောပျက်များအကြောင်း သတင်းအချက်အလက်များကို အာရုံစိုက်ရှာဖွေခဲ့သည်။
ပင်လယ်ထဲတွင်-
လိပ်ကြီးက ဒီရက်များတွင် ကောင်းမွန်စွာ နေထိုင်ခဲ့သည်။ ကျွန်းပတ်ပတ်လည်ရှိ သယံဇာတများကလည်း အလွန်ကြွယ်ဝပြီး အသားနှင့်ဟင်းသီးဟင်းရွက်လည်း မပြတ်လပ်ပါ။
အသားစားချင်ရင် ငါးနှင့် ပုစွန်အမျိုးမျိုးအပြင် ခရုကမာအမျိုးမျိုး၊ ဂဏန်းကြီးများလည်း ရှိသည်။သစ်သီးဝလံစားချင်ရင် ရေမှော်အမျိုးမျိုးရှိသည်။ အသားစားရတာကို ငြီးငွေ့လာရင် သက်သက်လွတ် အနည်းလည်း စားနိုင်သည်။
လိပ်ကြီး က အနည်းငယ် ပြန်ဆာလာပြီး နားနေတဲ့ ဂူထဲမှ ထွက်လာကာ စားစရာရှာရန် ပြင်ဆင်လိုက်သည်။
သဘာဝအန္တရာယ်ခံစားမှုကြောင့် ငါးသေးသေးလေးများနှင့် ပုစွန်သေးသေးလေးများစွာတို့မှာ ရှောင်ရှားသွားကြပြီး အချို့မှာမူ တစ်ခါတည်း ပြေးထွက်သွားကြသည်။
လိပ်ကြီးက အခြေအနေကို ကျေနပ်ပုံရပြီး အေးအေးဆေးဆေး ရှေ့ကို ကူးခတ်သွားသည်။
"ဟင်း၊ ငါက ဒီက ခေါင်းဆောင်ပဲ၊ မင်းတို့အားလုံး ငါ့လမ်းကနေ ဖယ်ကြ "
ပင်မကုန်းမြေနှင့် ရေမိုင် ဆယ်ဂဏန်းမျှ ကွာဝေးနေပြီဖြစ်လို့ ပင်လယ်ရေက နောက်ကျိခြင်း မရှိတော့ပေ။ ဆန့်ကျင်ဘက်အားဖြင့် ပင်လယ်ရေမှာ အလွန်ကြည်လင်နေသည်။
ပေါင်နှစ်ရာကျော် အလေးချိန်ရှိတဲ့ လိပ်ကြီးက ဖြည်းညှင်းစွာ ကူးခတ်နေသည်။ ပင်လယ်ကြမ်းပြင်ရဲ့ အလှအပကို ခံစားနေရခြင်းမရှိပဲ ပစ်မှတ်တစ်ခုကို ရှာဖွေနေပုံရသည်။
အဝေးမှာ တစ်မီတာကျော် ရှည်လျားတဲ့ ငါးကြီးတစ်ကောင်ကို မြင်တော့ လိပ်ကြီး က ကူးခတ်သွားပြီး အရသာရှိတဲ့ အစာအဖြစ် ဖမ်းဖို့ ကြိုးစားခဲ့တယ်။
သို့သော် ငါးကြီးက အလွန်ပါးနပ်ပြီး ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။
လိပ်ကြီး စိတ်ပျက်အားငယ်ခြင်းမရှိပေ။ဘာလို့လဲဆိုတော့ ပင်လယ်ထဲတွင် ငါးများစွာရှိပြီး တစ်ကောင်ပြေးသွားလျှင် နောက်တစ်ကောင်ကို မကြာမီ ရှာတွေ့လိမ့်မည်။
"ဟေး၊ အဲဒီပစ္စည်းက ကောင်းတယ်၊ အရသာရှိတယ်။"
လိပ်ကြီးသည် ပုစွန်မုတ်ဆိတ်ရှည်နှစ်ခုကို မြင်သောအခါ ပင်လယ်ကြမ်းပြင်သဲများထဲတွင် ပုန်းအောင်းနေတဲ့ ပုစွန်ကောင်ကြီးဖြစ်ကြောင်း သိလိုက်သည်။
မနေ့က ပုစွန်ကောင်ကြီးတစ်ကောင် စားခဲ့ပြီးတကယ် အရသာရှိတယ်ဟု ထင်ခဲ့သည်။ ပုစွန်ကောင်ကြီး ပုန်းအောင်းနေမှန်း သိတဲ့အခါ လိပ်ကြီးက ချက်ချင်းဆိုသလို မဆိုင်းမတွ ပြေးသွားလိုက်သည်။
သူက ပုစွန်ကောင်ကြီးကို သဲများထဲမှ ကောက်ယူပြီး တစ်ကိုက်တည်း ပါးစပ်အပြည့် စားလိုက်သည်။
"အရသာက တကယ်ကောင်းတယ်" "ကျွတ်ကျွတ်လေး "
သုံးလေးပေါင်အလေးချိန်ရှိတဲ့ ပုစွန်ကောင်ကြီးမှာ အကိုက်အနည်းငယ်ဖြင့် ကုန်သွားပြီး ဗိုက်ထဲ အနည်းငယ်ပြည့်သွားပေမဲ့ မလုံလောက်သေးပေ။