အပိုင်း 15 “ အညီအမျှ ခွဲဝေခြင်း “
ပန်းခြံစီမံခန့်ခွဲရေးရုံးကနေထွက်လာပြီး ကားပေါ်ရောက်တော့ ဟူဂျွန်းရှီက သည်းမခံနိုင်တော့ဘဲ "ယောင်အစ်ကို၊ ကျွန်တော့်ကို ဆိတ်ကြည့်ပါဦး၊ ကျွန်တော် အိပ်မက်မက်နေတာလား" ဟု အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
လျူယောင်က ပြုံးလိုက်သည်၊ သူ လည်းအလွန်ပျော်ရွှင်နေပြီး "ဂျွန်ဇီ၊ ငါတို့ အိပ်မက်မက်နေတာ မဟုတ်ပါဘူး၊ ဒီဟာက ငါတို့ကို ဆုချခဲ့တဲ့ ယွမ်တစ်သိန်းတိတိပဲ" လို ပြန်ပြောလိုက်သည်။
ဟူဂျွန်းရှီက ပိုက်ဆံများကို ယူပြီး တတွတ်တွတ် ရယ်မောနေသည်။
ယွမ်တစ်သိန်း!
အချိန်အကြာကြီး စိတ်လှုပ်ရှားပြီးနောက်
ဟူဂျွန်းရှီက နောက်ဆုံးတွင် "ယောင်အစ်ကို၊ ယွမ်တစ်သိန်းကို ဘယ်လိုခွဲဝေကြမလဲ" လို့ မေးလိုက်သည်။
လုံးဝမစဉ်းစားဘဲလျူယောင်က " တစ်ယောက်တစ်ဝက်စီ ခွဲမယ်" လို့ချက်ခြင်း ဖြေလိုက်သည်။
ဟူဂျွန်းရှီက အံ့ဩသွားသည်၊ တစ်ယောက်တစ်ဝက်စီဆိုလျှင် တစ်ဦးလျှင် ယွမ်ငါးသောင်းစီဖြစ်သည်။
အများကြီး ကြိုးစားစရာ မလိုကြောင်းလည်း သိထားတာကြောင့် သူက"ကျွန်တော် ယွမ်တစ်သောင်းကနေ နှစ်သောင်းလောက်ပဲ ခွဲယူမယ်၊ အစ်ကိုက အများကြီးယူပါ" ဟု အလျင်အမြန် ပြောလိုက်သည်။
လျူယောင်က "မင်း ငါ့ ကို ယဉ်ကျေးစရာ မလိုပါဘူး၊ ဒီကိုလာ၊ငါ မင်းကို ယွမ်ငါးသောင်း ပေးမယ်" ဟု အတင်းအကြပ် ပြောလိုက်သည်။
သူက ပိုက်ဆံအထုပ်ကြီးကို ဖြည်ပြီး ယွမ်ငါးသောင်းထုတ်ကာ ဟူဂျွန်းရှီရဲ့ လက်ထဲကို ထည့်ပေးလိုက်သည်။
ဟူဂျွန်းဇီက တစ်ခုခု ပြောချင်
ပေမဲ့ လျူယောင်က "လူတွေ အာရုံစိုက်နေတာ မဖြစ်စေနဲ့၊ မင်းယွမ်ငါးသောင်းပဲ ယူလိုက်ပါ၊ တကယ်လို့ မင်းတကယ်အားနာတယ်ဆိုရင် ဖြေရှင်းရတာ လွယ်ပါတယ်၊ နောက်မှ ညစာသွားစားကြရအောင်၊ မင်းကျွေး" ဟု ဖြတ်ပြောလိုက်သည်။
"ကောင်းပြီ၊ ဒါဆိုလည်း ကျွန်တော် မယဉ်ကျေးတော့ဘူး။ လျူကျိ ပင်လယ်စာဆိုင်ကို သွားပြီး ပင်လယ်စာအသစ်တွေကို စားပြီး ဗိုက်ဖြည့်ကြစို့" ဟူ၍ ဟူဂျွန်းရှီက ပြောလိုက်၏။
ဟူဂျွန်းရှီကို ပေးခဲ့တဲ့ ယွမ်ငါးသောင်းမှာ ကျေးဇူးဆပ်ခြင်း ဖြစ်သည်။ သူ အခက်ခဲဆုံးအချိန်တွင် ဟူဂျွန်းရှီ တစ်ဦးတည်း ယွမ်နှစ်ထောင်ကို ပေးခဲ့သူဖြစ်ရာ ထိုကျေးဇူးကို ယခု ဆပ်လိုက်ခြင်းပင်ဖြစ်သည်။
သူတို့နှစ်ဦး ထွက်သွားကြပေမဲ့ "မှင်" ဟူပန်းခြံတွင် ပေါက်ကွဲလုနီးပါး ဖြစ်နေပြီး သတင်းက လေပြင်းကဲ့သို့ ပျံ့နှံ့သွားလေသည်။
"ရက်အနည်းငယ်က လွှတ်ပေးခဲ့တဲ့ မိကျောင်းကြီးကို ဖမ်းမိပြီလို့ ကြားတယ်" လူအများက ပြောဆိုနေကြသည်။
"တကယ်လား၊ ဒါက အရမ်းကောင်းတာပဲ" ဟု လူတစ်ယောက် က ဝင်ပြောသည်။
ဒါဆို"ကျွန်တော်တို့ ရေကန်ကို ပြန်သွားလို့ရပြီ"
"ကျွန်မတို့ အိမ်က လီအဘိုးကြီးက ရေကန်ဘေးမှာ ငါးဖမ်းရတာကို အကြိုက်ဆုံးပဲ။ ဒီနှစ်ရက်အတွင်း သူ့ကို စိတ်ကျဉ်းကျပ်စေခဲ့တယ်။ ကျွန်မ သူ့ကို ဖုန်းဆက်ပြီး ပြောပြရမယ်" အမျိုးသမီးတစ်ဦးက ပြောလိုက်သည်။
"မေမေ၊ သမီး ရေကန်ထဲမှာ လှေစီးသွားချင်တယ်၊ သမီးကို ခေါ်သွားပါလား" ဟု ကလေးတစ်ဦးက ပြောလိုက်သည်။
...
လွန်ခဲ့တဲ့ နှစ်ရက်က လူရှင်းနေတဲ့
ရေကန်က သတင်းများ
ပျံ့နှံ့လာပြီးနောက်လူတဖြည်းဖြည်း စည်လာသည်။
ဟွာဟိုင်းရုပ်သံလိုင်းမှ သတင်းထောက်ကလည်း သတင်းအချက်အလက်ကို ကောင်းစွာရရှိထားပြီး အင်တာဗျူးကားဖြင့် ချက်ချင်း မောင်းလာခဲ့သည်။ ထိုအဖြစ်အပျက်ကို ဟွာဟိုင်းရုပ်သံလိုင်းရဲ့ညပိုင်း သတင်းအစီအစဉ်တွင် ထုတ်လွှင့်ခဲ့သည်။
အလုပ်သွားစရာမလိုပဲ အေးအေးဆေးဆေးနေရတာ တကယ့်ကို နတ်ပြည်ရောက်နေသလိုပင်။
ခုနကမှ အိပ်ရာက နိုးလာခဲ့တာဖြစ်ရာ၊ လျူယောင် ချက်ချင်း မထဘဲ ဖုန်းကို ခဏ ကြည့်လိုက်သည်။
ဟွာဟိုင်းတက္ကသိုလ်မှ ပထမနှစ်ကျောင်းသူ ဖြစ်တဲ့ သူ့ ညီမလေး လျူလန်က မက်ဆေ့ချ်ပို့ထားရာ နှစ်ဦးသား WeChat တွင် စကားပြောနေခဲ့ကြသည်။
နွေရာသီကျောင်းပိတ်ရက် မကြာမီ ရောက်တော့မှာမို့ လျူလန်က နွေရာသီကျောင်းပိတ်ရက်တွင် အလုပ်လုပ်ရင်း စာသင်ကာ အသုံးစရိတ်အချို့ ရှာဖွေရန် ပြောခဲ့သည်။
ပထမနှစ်ကျောင်းသူလေးတစ်ဦးက စားသောက်ဆိုင်တွင် စားပွဲထိုးလုပ်ဖို့ သွားမှာဖြစ်ပြီး၊ သူမအရွယ်
အခြားမိန်းကလေးများမှာ သာယာပျော်ရွှင်ဖွယ် အားလပ်ရက်ကို ခံစားကြပေမည်။
လျူယောင်က သူ့ ညီမ စားပွဲထိုးလုပ်တာကို မကြိုက်တာကြောင့် ယွမ်နှစ်ထောင် လွှဲပေးခဲ့ပြီး သူ့မှာ ယခု ပိုက်ဆံရှိနေပြီမို့ စိတ်အေးလက်အေး သုံးစွဲရန် ပြောလိုက်သည်။
ယွမ်နှစ်ထောင်မှာ အမြဲတစေ ချွေတာသုံးစွဲတတ်တဲ့ လျူလန်အတွက် အကြာကြီး သုံးရလိမ့်မည် ။
မနေ့ကလည်း လျူဟုန်ဖူရဲ့ ဘဏ်ကဒ်ထဲကို ယွမ်တစ်သောင်း ထည့်ပေးခဲ့ပေမဲ့ အများကြီး ထပ်မထည့်ရဲခဲ့ပေ၊သူ့ ဖခင်က အများကြီး စဉ်းစားသွားမှာကို စိုးရိမ်ခဲ့တာကြောင့် ဖြစ်သည်။
လျူလန်နှင့် ခဏ စကားပြောကာ ယွမ်နှစ်ထောင် လွှဲပေးပြီး
နောက်တွင် လျူယောင်က လိပ်ပိစိလေးကို အကြောင်း တွေးမိလိုက်သည်။
တကယ်တော့ လိပ်ပိစိလေးဟု ခေါ်လို့ မရတော့ပေ၊ဘာကြောင့်လည်းဆိုတော့ ထိုလိပ်က ပေါင် ၁၀၀ ကျော်အထိ ကြီးထွားလာဲ့တာကြောင့်ပင်။
"မှင်"ရေကန်ထဲတွင် ဘီလူးတစ်ကောင်လို ပုံစံ ဖြစ်နေရာ ရေပေါ်တွင် ပေါ်လာပါက ခရီးသွားအချို့ကြောက်လန့်သွားနိုင်သည်။
အပြစ်မဲ့တဲ့ ခရီးသွားများကို ကြောက်လန့်စေခြင်းက မကောင်းပေ။
ရက်များစွာဆက်တိုက် ရေကန်ထဲတွင် တန်ဖိုးရှိတဲ့ ဘာပစ္စည်းမှ မတွေ့ရတော့ပေ။ထိုပစ္စည်းများ ကုန်ဆုံးလောက်ပြီဖြစ်ရာ
ဒီေရကန်မှ ထွက်သွားရန် အချိန်တန်ပြီ။
ပင်လယ်ကို သွားခြင်းက အကောင်းဆုံးဖြစ်သည်၊ ဒါပေမဲ့ မသေချာသေးေပ၊ သူ သွားကြည့်ရန် လိုအပ်သည်။
မကြာမီတွင် လျူယောင် ကားမောင်းပြီး ထွက်လာခဲ့သည်။ ယနေ့ တာဝန်မှာ လိပ်လေးအတွက် အိမ်အသစ် ရှာဖွေပေးရန်ပင် ။
ဘယ်ကိုသွားမလဲ?
နောက်ဆုံးအကြိမ်က ပင်လယ်ကမ်းစပ်ပတ်ပတ်လည်ကို မောင်းခဲ့ရာ အကြံကောင်းတစ်ခု ရခဲ့သည်။ ယခုတစ်ကြိမ် ချင်ကျန်းမြစ်ဝကို သွားခဲ့သည်။
ချင်ကျန်းမြစ်က ယန်နိုင်ငံ ဟွာဟိုင်းမြို့တွင် နာမည်ကြီးတဲ့ မြစ်တစ်စင်းဖြစ်ပြီး၊ ကီလိုမီတာ ထောင်ပေါင်းများစွာ ကွေ့ကောက်စီးဆင်းကာ ပင်လယ်ထဲကို စီးဝင်သည်။
လျူယောင်ရဲ့ အကြံက အလွန်ရှင်းလင်းသည်၊ လိပ်လေးကို ချင်ကျန်းမြစ်ဝတွင် နေ ခွင့်ပြုပြီး ပင်လယ်ရေပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်နိုင်ခြင်း ရှိမရှိ ကြိုးစားကြည့်ရန်ဖြစ်သည်။ မလိုက်လျောနိုင်ပါကလည်း ချင်ကျန်းမြစ် ဘက်ကို ပြန်ကူးရန် အဆင်ပြေသည်။
လျူယောင် ချင်ကျန်းမြစ်ဝကို ရောက်ရှိလာခဲ့ပြီး ကျယ်ပြန့်တဲ့ မြစ်ဝအနီးတွင် ရပ်ကာ အဝေးကို ကြည့်လိုက်တဲ့အခါ ပင်လယ်ကို မြင်ရသည်။
"ဒီနေရာက ကောင်းလိုက်တာ!"
လျူ ယောင်ကျေနပ်သွားပြီး သင့်လျော်တဲ့ နေရာတစ်ခုကို အလျင်အမြန် ရှာတွေ့ခဲ့သည်။ထိုနေရာမှာ ကား တိုက်ရိုက်မောင်းဝင်နိုင်တဲ့ ပင်လယ်ကမ်းစပ်ဖြစ်ပြီး၊ အရေးကြီးတာက လူနည်းတဲ့ ခပ်လှမ်းလှမ်းနေရာ ဖြစ်နေခြင်းပင်။
လိပ်ကို ပင်လယ်ထဲကို အရင်သွားစေမည်။ ပင်လယ်ရေပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ မဖြစ်ပါက ချင်ကျန်းမြစ်ဝဘက်ကို ပြန်ကူးလာနိုင်သည်။
အကွာအဝေးက မဝေးဘဲ လိပ်လေးက ချင်ကျန်းမြစ်ဝအနီးတွင် ဖြစ်တာကြောင့် ရေချိုပတ်ဝန်းကျင်တွင် ရှိနေလိမ့်မည်။
ပင်လယ်ကမ်းစပ်ဘေးတွင် ရပ်ပြီး အချိန်အကြာကြီး စောင့်ကြည့်ပြီးမှ
လျူယောင် ထွက်လာခဲ့သည်။
သူ့ နှလုံးသားထဲတွင် အကြိမ်ကြိမ် ဆုတောင်းခဲ့တာက “လိပ်ကြီး ပင်လယ်ရေ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်စေရန်
ဘုရားသခင် ကောင်းချီးပေးပါ “
“ဒီကျယ်ပြောလှတဲ့ ပင်လယ်က မင်းရဲ့ စင်မြင့် ဖြစ် လာမှာပါ “" ဟူ၍ပင်။
သူအိမ်ကို ပြန်ရောက်တဲ့အခါ ပြင်ဆင်မှုအချို့ ပြုလုပ်ခဲ့သည်။
ကားကြီးရဲ့ ဘော်ဒီကို သေချာ ပြန်ပြင်လိုက်သည်။
လိပ်ကြီးကို ပင်လယ်ကို
သယ်ဆောင်ရန် ကားကြီးရဲ့
ဘော်ဒီထဲတွင်
ထည့်ထားနိုင်သည်။
အချိန်စောသေးလို့ လျူယောင်က ညဘက်တွင် သယ်ဆောင်ရန် စီစဉ်ခဲ့သည်။ ထိုအချိန်တွင်” မှင် “ရေကန်က လူနည်းေန တာကြောင့်ပင်။
ထို့ကြောင့် စိတ်ရှည်လက်ရှည်ဖြင့် မှောင်လာတဲ့အထိ စောင့်ဆိုင်းခဲ့သည်။
မိကျောင်းကြီးရဲ့ အန္တရာယ်ကို ဖယ်ရှားပြီးဖြစ်တာကြောင့် ရေကန်ဘေးမှ လူဦးရေမှာ တဖြည်းဖြည်း တိုးလာခဲ့သည်။
အချို့က စိတ်ရှည်လက်ရှည် ငါးဖမ်းနေကြပြီး၊ အချို့မှာ ခုံတန်းရှည်များပေါ်တွင် ထိုင်နေကြကာ၊ အချို့က ရေကန်ဘေးတစ်လျှောက် လမ်းလျှောက်နေကြသည်။ ထိုနေရာက ပိုမိုစည်ကားနေသည်။
ရေကန်ထဲတွင် ကြီးမားတဲ့ လိပ်ကြီးတစ်ကောင် ကူးခတ်နေ ပြီး
အရသာရှိတဲ့ ငါးများနှင့် ပုစွန်များကို တွေ့တဲ့အခါ အမြဲတစေ ဖမ်းယူ စားသောက်လျက်ရှိသည်။
ပေါင် ၁၀၀ ကျော် အလေးချိန်ရှိတဲ့ ဧရာမလိပ်ကြီးက နှိုင်းယှဉ်ချက်အားဖြင့် အလွန်ကြီးမားလှသည်။
ထိုလိပ်လေးက ယခုအခါ "မှင်"ရေကန်ရဲ့ စစ်မှန်တဲ့အရှင်သခင်ပင်။
"မှင်"ရေကန်မှာ တဖြည်းဖြည်း သေးငယ်လာတယ်ဟု ခံစားရသည်။
“သခင်က ကျွန်တော့်ကို နေရာပြောင်းပေးမယ်လို့ ပြောခဲ့တယ်၊ တကယ်ကို စောင့်မျှော်နေမိတယ် “လိပ်ကြီး
က ရေကန်အပြင်ကို ကြည့်ကာ အမြဲ ေရရွတ်နေသည်။
တဖြည်းဖြည်း မှောင်လာခဲ့ပြီး စည်ကားလှသော "မင်"ပန်းခြံသည် သိသိသာသာ တိတ်ဆိတ်သွားခဲ့သည်။
ပန်းခြံဂိတ်ဝမှ အနက်ရောင် ကား ကြီးတစ်စီး မောင်းဝင်လာပြီး ရေကန်ဆီကို တိုက်ရိုက် ဦးတည်နေသည်။
ကားမောင်းနေသူမှာ လျူယောင်ပင်။ ညရှစ်နာရီဝန်းကျင်ဖြစ်လို့ ပန်းခြံထဲတွင် ခရီးသွားများ နည်းနေတာကြောင့် လိပ်ကြီးကို ပြောင်းရွှေရန် အကောင်းဆုံးအချိန်ပင်ဖြစ်သည်။