အပိုင်း 13 - ကံကိုယုံ၍ ဆူးပုံနင်းခြင်း
" မင်းက အဲ့ဒီယွမ်ငါးသောင်းကိုလိုချင်သေးတာလား "
ထိုအခါ ဟူဂျွန်းရှီက စိတ်လိုလက်ရ ပြန်ပြောလိုက်သည်။
" လိုချင်တာပေါ့ကွ၊ ငါတို့လို လူတွေအတွက်ကတော့ ယွမ်ငါးသောင်းဆိုတာက အများကြီးပဲလေ "
အခြေခံလူတန်းစားများအတွက်ဆိုလျှင် ယွမ်းငါးသောင်းမှာ အမှန်တကယ်ပင် များပြားတဲ့ ပမာဏတစ်ခု ဖြစ်သည်။
လျူယောင်လည်း တစ်ခဏမျှ စဉ်းစားကာ ဟူဂျွန်းရှီကို ပြောလိုက်သည်။
" မင်းလိုချင်နေရင်လည်း မနက်ဖြန်ကျ ငါတို့ မှင်ကန်နားသွားပြီး ကံစမ်းရအောင်လေ၊ ကံကောင်းလို ကံကောင်းငြား "
ထိုအခါ ဟူဂျွန်းရှီက လက်ကို မြှောက်ကာ အလျင်အမြန်ပင် သဘောတူလေသည်။
" အေး၊ ဒါပေမဲ့ ငါတို့ ပြင်ဆင်သွားဖို့တော့ လိုသေးတယ်ကွ "
" ထွေထွေထူးထူး ပြင်နေစရာမလိုပါဘူးကွာ၊ ခိုင်တဲ့ ကြိုးတစ်ချောင်းလောက်ဆို ရလောက်မှာပါ "
" အေး၊ အဲ့တာဆို မနက်ဖြန်ကျ ငါယူလာခဲ့မယ် "
" အဲ့တာဆိုလည်း မနက်ဖြန် မနက်စောစောလာခဲ့လိုက်ကွာ၊ ကံသွားစမ်းကြတာပေါ့ "
နှစ်ယောက်သား ထိုသို့ ဆုံးဖြတ်လိုက်ပေမဲ့ ဟူဂျွန်းရှီမှာ ဆုငွေ ငါးသောင်းကို မက်သော်လည်း အနည်းငယ် စိတ်ပူလျက်ရှိသည်။ လျူယောင်ကမူ လိပ်ကလေးရဲ့ အကူအညီဖြင့်ဆိုပါက ထိုအရာမှာ ပြဿနာမဟုတ်ကြောင်း သိနေသဖြင့် တည်တည်ငြိမ်ငြိမ်ပင် နေနိုင်လေသည်။
နောက်တစ်ရက် မနက်စောစောတွင်
လျူယောင် အိပ်ယာထ မျက်နှာသစ်ပြီးနောက် ဖုန်းကို ဖွင့်လိုက်ရာတွင် ဝီချက်တွင် ပို့ထားတဲ့ ဟူဂျွန်းရှီရဲ့ စာကို မြင်လိုက်ရသည်။ ဟူဂျွန်းရှီမှာ အောက်ထပ်က ဖတ်တီးလီရဲ့ ဆိုင်တွင် မနက်စာစားရန် လျူယောင့်ကို စောင့်နေကြောင်း စာပို့ထားခြင်း ဖြစ်သည်။
ထိုစာကို ဖတ်ပြီးနောက် လျူယောင်လည်း အောက်ထပ်သို့ ဆင်းလာခဲ့သည်။
ဖတ်တီးလီရဲ့ ဆိုင်ထဲတွင် ဟူဂျွန်းရှီက ထိုင်နေပြီး သူနှင့်အတူ နိုင်လွန်ကြိုးရှည်တစ်ချောင်းကိုလည်း ယူလာလေသည်။ နံနက်စာအတွက်လည်း မှာထားပြီး ဖြစ်သည်။
" ညီအကိုယောင် မနက်စာ မြန်မြန်စားပြီး သွားရအောင် "
" အေး "
နှစ်ယောက်သား နံနက်စာကို ဆယ်မိနစ်ခန့်ဖြင့် အပြီးစားကာ လျူယောင့်ရဲ့ Big G ကိုမောင်းကာ မှင်ကန် သို့ထွက်လာခဲ့ကြသည်။
မှင်ကန်ကို သွားနေစဉ် ဟူဂျွန်းရှီ ထပြောလိုက်သည်။
" ငါ့ကောင်ရာ ငါ့မှာသာ ဒီလိုကားမျိုး ရှိရင် ဒီဘဝ နောင်တရစရာ မရှိတော့ဘူး "
" ကြိုးစားပေါ့ကွာ၊ မင်းလည်း တနေ့ ရှိလာမယ်လို့ ငါယုံတယ် "
မှင်ကန် ပန်းခြံရောက်တော့ ကားကို မှင်ကန် နားအထိ မောင်းလာခဲ့လိုက်သည်။ ထို့နောက် ကားကိုရပ်ကာ သူတို့ပါလာတဲ့ ပစ္စည်းများကို ယူကာ ရေကန်ဆီကို ထွက်လာခဲ့ကြသည်။
ကန်ထဲမှ မိကျောင်းကြီးကြောင့် ကန်အနားတစ်ဝိုက်တွင် လူအနည်းငယ်သာ ရှိလေသည်။
ပုံမှန်ဆို ငါးမျှားနေသူများ ရှိပေမဲ့ ယနေ့တွင်မူ တစ်ယောက်မှ မရှိချေ။
ကန်အနားတွင် မိချောင်းကြီးရဲ့ ဆုကြေးငွေ ပိုစတာကို ချိတ်ဆွဲထားထားလေသည်။
" ဟျောင့်ရေ ကြည့်လိုက်အုံး၊ ဆုငွေက ယွမ် တစ်သိန်း ဖြစ်သွားဘီကွ "
တကယ်လား!
ပိုစတာပေါ်တွင် မိကျောင်း
ကြီးကို အသေဖြစ်စေ အရှင်ဖြစ်စေ ဖမ်းနိုင်သူကို ဆုကြေးငွေ ယွမ် တစ်သိန်း ချီးမြှင့်မည် ဖြစ်ကြောင်း ရေးသားထားကာ ပန်းခြံ စီမံခန့်ခွဲရေးရုံးရဲ့ တံဆိပ်ကိုလည်း ရိုက်နှိပ်ထားလေသည်။
ထိုဆုကြေးငွေကြောင့် လျူယောင် လောဘတက်သွားကာ လိပ်ကလေးကို တိတ်တဆိတ် ဆက်သွယ်လိုက်ကာ မိ
ကျောင်းကို အရှင်ဖမ်းလို့ရပါက ဖမ်း၊ မဟုတ်ရင်လည်း သတ်လိုက် ဟု အမိန်ပေးလိုက်သည်။
ထိုအခါ လိပ်ကလေးကလည်း လျူယောင်ကို အကြောင်းပြန်လိုက်သည်။
" သခင်ရာ ဒီကောင်လောက်တော့ အပျော့၊ ကျတော့်ဆီက သတင်းကောင်းကို စောင့်နေလိုက် "
လွန်ခဲ့တဲ့ နှစ်ရက်နှင့် ယှဉ်ပါက လိပ်ကလေးမှာ သိသိသာသာ ကြီးထွားလာတဲ့အပြင် အရည်အသွေးများမှာလည်း တိုးတက်လာတဲ့အတွက် ယုံကြည်မှု အပြည့် ဖြစ်နေလေသည်။
လိပ်ကလေးမှာ မှင်ကန်ထဲတွင် ကျင်လည်ကျတ်စားနေတာ အချိန်တစ်ခု ရှိနေပြီဖြစ်သဖြင့် မိကျောင်းကြီးကို ရှာတွေ့ရန် အချိန်များစွာ မယူလိုက်ရချေ။
မိကျောင်းကြီးကို မြင်တာနဲ့ လိပ်ကလေးက အမြန် ကူးခတ်သွားလေသည်။
ထိုသို့ ကူးခတ်လာတာကို မြင်လိုက်ရတဲ့ မိကျောင်းကြီးမှာ တုန်လှုပ်သွားပေသည်။
ဒါ အရင်နှစ်ရက်က ငါနဲ့ တိုက်ခဲ့တဲ့ လိပ်လားဟ!
ဘာလို့ ဒီလောက်ထိ ကြီးလာရတာလဲ!
အန္တရာယ် အငွေ့အသက်ကို ရလိုက်သဖြင့် မိကျောင်းကြီးမှာ ချက်ချင်းပင် ထွက်ပြေးလေသည်။
ဒါပေမဲ့ သူ့ရဲ့ အမြန်နှုန်းမှာ လိပ်ကလေးကို မယှဉ်နိုင်တဲ့အတွက် ခဏအကြာတွင် လိပ်ကလေးမှာ လိုက်မှီသွားပြီး မိကျောင်း
ကြီးကို ကိုက်လိုက်သည်။
မိကျောင်းကြီးရဲ့အရေခွံမှာ ခုခံနိုင်တဲ့ပုံ တစ်စက်မှပင် မပေါ်ချေ။ လိပ်ကလေးရဲ့ ပါးစပ်ထဲကို အသားစကြီးတစ်ခု ပဲ့ပါသွားကာ သွေးများထွက်လာလေသည်။
မကောင်းဆိုးဝါးလိပ်!
မိချောင်းကြီးမှာ ရှိသမျှ ခွန်အားဖြင့် ရုန်းကန်ကာ ပြန်လည် တိုက်ခိုက်နေပေမဲ့ အသုံးမဝင်ချေ။ တစ်ဖက်သက် တိုက်ပွဲဟုပင် ခေါ်ဆိုနိုင်ပေသည်။
အလွန်ချွန်ထက်နေတဲ့ လိပ်ကလေးရဲ့ ရှေ့ခြေသည်းများကြောင့် မိချောင်းကြီးရဲ့ အရေခွံပေါ်တွင် ပြတ်ရှရာ များစွာ ရှိနေပြီဖြစ်သည်။
ထိုစဉ် လျူယောင်နှင့် ဟူဂျွန်းရှီတို့မှာ ဘာ ဆက်လုပ်ရမလဲ ဆိုတာကို တိုင်ပင်နေကြသည်။
" ညီအစ်ကိုယောင် ငါတို့ ဘယ်ကနေ အရင်စကြမလဲ "
" ငါ့နောက်လိုက်ခဲ့ "
လျူယောင့်ရဲ့ ဦးဆောင်မှုဖြင့် နှစ်ယောက်သား ရေကန်ဘေးမှ
ဆိပ်ခံတံတားငယ်ဆီကို
ရောက်လာခဲ့ကြသည်။ ထိုနေရာတွင် ဆိုက်ကပ်ထားသော လှေငယ် တစ်ဒါဇင်ကျော် ရှိနေလေသည်။ ပုံမှန်အချိန်ဆိုလျှင် လှေငှားသည့် လုပ်ငန်းမှာ အလုပ်ဖြစ်ပေမဲ့ ယနေ့မှာတော့ လှေအများစုမှာ မငှားရသေးတဲ့အတွက် လှေပိုင်ရှင်မှာစိတ်ဒုက္ခရောက်နေလေသည်။
" လှေတစ်စီးငှားခက ဘယ်လောက်လဲ "
ထိုအခါ လှေပိုင်ရှင်က ပြန်ဖြေလိုက်သည်။
" ခါတိုင်းဆိုရင်တော့ ယွမ်ငါးဆယ်ပဲ၊ ဒီနေ့တော့ ယွမ်သုံးဆယ်သာ ပေးကွာ "
လျူယောင်တို့မှာ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရယ်လိုက်မိသည်။
ထို့နောက် ယွမ်သုံးဆယ်ပေးကာ လှေငယ် တစ်စီးငှားပြီး ကန်လယ်ဆီကို ဦးတည်ကာ လှော်ခဲ့လိုက်သည်။ ထိုအခိုက် လှေပိုင်ရှင်က သတိပေးလိုက်သည်။
" သတိထားကြအုံးနော်၊ လက်တွေ ခြေထောက်တွေကို ရေထဲ ချမထားနဲ့၊ ကန်ထဲမှာ မိချောင်းကြီး ရှိတယ်၊ မနေ့က ငါ့ကိုတောင် သတ်လုနီးပါး ဖြစ်သွားတာကွ "
ထိုအခါ လျူယောင်က ပြန်ပြောလိုက်သည်။
" အခုလို သတိပေးတာ ကျေးဇူးဗျာ၊ အခု ကျတော်တို့က မိချောင်း လာဖမ်းတာဗျ "
လခွမ်း၊ ဒီနိုင်လွန်ကြိုးလေး တစ်ခွေနဲ့ မိကျောင်းဖမ်းမှာလား!
ဆုငွေကြေငြာ
ပြီးသည့်နောက် မိကျောင်းကြီးကို ဖမ်းရန် ရည်ရွယ်ချက်တူတဲ့ လူနှစ်ယောက် တစ်စု၊ သုံးယောက် တစ်စု လာနေကြတာကို လှေပိုင်ရှင် သတိထားမိလေသည်။
ဒါ ပေမဲ့ထိုလာသူများမှာ ကျွမ်းကျင်သူများဟု ထင်ရပြီး ပစ္စည်းကိရိယာများလည်း အပြည့်အစုံပါသည်။ဒီလို နိုင်လွန်ကြိုးတစ်ခွေနှင့် မိချောင်း လာဖမ်းတဲ့ လူနှစ်ယောက်ကိုကား သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
လှေပိုင်ရှင် အဲ့လို အတွေးနက်နေစဉ် ကန်လယ်ဆီကို ဦးတည်သွားနေပြီ ဖြစ်သည်။
ရေကန်ထဲတွင်မူ ပုံမှန်နှင့်မတူ လှေ နှစ်စီး သုံးစီးသာ ရှိနေပြီး ထိုလှေပေါ်မှ လူများမှာလည်း မိချောင်းဖမ်းရန် လာရောက်ကြတဲ့ ကျွမ်းကျင် ပညာရှင် များဖြစ်ကြသည်။
" ညီအစ်ကိုယောင် ငါတို့ ဘာဆက်လုပ်ကြမလဲ "
ဟု ဟူဂျွန်းရှီက မေးလိုက်ရာ လျူယောင်လည်း ပြန်ပြောလိုက်သည်။
" လွယ်လွယ်လေးကွာ မင်းကလည်း၊ ကြိုးရဲ့ အစွန်း တစ်ဖက်ကို ကွင်းလျှော လုပ်ပြီး ရေထဲ ပစ်ချလိုက် "
ဟူဂျွန်းရှီမှာ အနည်းငယ် မသက်မသာ ခံစားလိုက်ရသည်။ဒီနည်းလမ်းနဲ့ မိကျောင်းကြီးကို ဖမ်းမိရင် အတော် ထူးဆန်းတဲ့ ဖြစ်ရပ်ဟု ဆိုရပေမည်။
ထိုလှေပေါ်တွင် လူလေးဦးရှိကာ ပစ္စည်းကိရိယာ အပြည့်အစုံဖြင့် မိကျောင်း ဖမ်းရန်ဆိုတာ မေးနေစရာပင် မလိုချေ။
အကွာအဝေးမှာ မီတာ နှစ်ဆယ် သုံးဆယ်မျှသာ ရှိတာကြောင့် လျူယောင်တို့ရဲ့ အခြေအနေကို သတိထားမိသွားလေသည်။ ထိုအခါ ခေါင်းဆောင် ဖြစ်ဟန်တူတဲ့ သက်လက်ပိုင်းအရွယ် လူက မနေနိုင်တော့ပဲ အော်ဟစ်ကာ မေးလိုက်သည်။
" ငါ့ညီတို့ မင်းတို့ ဘာလုပ်နေကြတာလဲ”
လျူယောင်းလည်း ပြန်ဖြေလိုက်ရသည်။
" မိကျောင်းဖမ်းမလို့လေ”
ထိုစကားကို ကြားတာနှင့် တစ်ဖက်လှေပေါ်ရှိ လူများမှာ မနေနိုင်တော့ပဲ ရယ်မောလိုက်ကြသည်။ သက်လက်ပိုင်းလူကြီးက ပြုံးကာ လျူယောင်တို့ကို ပြောလိုက်သည်။
" ဆုငွေ ယွမ်တစ်သိန်းကို မြင်လို့ လာဖမ်းကြတာထင်တယ် "
" ဟုတ်တယ်လေ၊ ကံကောင်းရင် မိကျောင်းကို ဖမ်းမိရင် မိမှာပေါ့ "
ထိုအခါ လှေပေါ်ရှိလူများက ယခင် တစ်ကြိမ်ထက်ပင် ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
လျူယောင်လည်း သူတို့ရဲ့ရယ်သံများကို လျစ်လျူရှုကာ ကွင်းလျှောလုပ်ထားတဲ့ ကြိုးအစွန်းကို ရေအနက် ဆယ်မီတာခန့် ရောက်အောင် တဖြည်းဖြည်း လျှောချလိုက်သည်။
" ငါ့ကောင်ရာ ဒီလိုနည်းနဲ့ ဖမ်းလို့ရပါ့မလားကွာ "
လျူယောင်ကလည်း ယုံကြည်မှု ရှိရှိ နဲ့ ပြန်ပြောလိုက်သည်။
" လာစမ်းပါကွ၊ စမ်းမကြည့်ပဲ ဘယ်လို သိမှာလဲ၊ ကြက်ကန်းဆန်အိုးတိုးပြီး ဖမ်းနိုင်ရင် ဖမ်းနိုင်မှာပေါ့ကွ "
ဟူဂျွန်းလည်း မဲ့ပြုံးပြုံးကာ ခေါင်းကို ယမ်းလိုက်သည်။
........