Ch 9
Viewers 5k

အခန်း ၉ - ဂွမ်ရှု ယွမ်ပေါင်


ဂွမ်ရှု ငွေဒင်္ဂါးများကို ဂွမ်ရှုယွမ်ပေါင် ဟုလည်း ခေါ်ကြသည်။


ငွေဒင်္ဂါး၏ အလယ်ဗဟိုတွင် " ဂွမ်ရှုယွမ်ပေါင် " ရဲ့ ရိုးရာအက္ခရာ လေးခုရှိနေပြီး ဘေးပတ်လည်တွင် " ခူပင်း ဒင်္ဂါး ခုနစ်ပြားနှင့် နှစ်ဆင့် "၊ " ဘေယန်း နိုင်ငံတွင် သွန်းလုပ်သည်" ဟူ၍ ပါရှိသည်။


ဂွမ်ရှု ယွမ်ပေါင် ငွေဒင်္ဂါးများကို သေချာစစ်ဆေးပြီးနောက် လျူယောင်လည်း ဖုန်းကိုယူကာ လက်ရှိပေါက်ဈေးကို စစ်ကြည့်လိုက်သည်။


ပေါက်ဈေးကို စစ်ကြည့်ပြီးနောက် လျူယောင်ရဲ့ ပါးစပ်မှာ တဖြည်းဖြည်း ပွင့်ဟလာပြီး အနည်းငယ်ပင် ကြောက်သွားခဲ့သည်။ ဂွမ်ရှု ယွမ်ပေါင် ဈေးမှာ ယွမ်ဒါတူး များရဲ့ ဈေးထက် ပို၍ပင် များလေသည်။


ထိုအရာမှာ လိုင်းပေါ်မှ ပေါက်ဈေးဖြစ်ပေမဲ့  ငွေဒင်္ငါး တစ်ပြားရဲ့ ပေါက်ဈေးမှာ ယွမ် သုံးသိန်း မှ ယွမ် လေးသိန်း အထိ ရှိပေသည်။ ဒီတစ်ခါတော့ အချီကြီး ပွတာပဲ ဟု လျူယောင် တွေးလိုက်မိသည်။


လျူယောင်တစ်ယောက် ဒီတစ်ည အိပ်ပျော်တော့မည် မထင်ချေ။


လျူယောင်လည်း စိတ်လှုပ်ရှားနေသည့်အတွက် အိပ်ချင်စိတ်မှာ ပေါ်မလာချေ။ ယခင်မှာ သူက ဆင်းရဲခဲ့ပေမဲ့ ယခုအခါ ရုတ်တရက်ကြီး လက်ဖျားငွေသီး လာသဖြင့် စိတ်လှုပ်ရှားနေတာကပုံမှန်ပင်။


ဒါပေမဲ့ ညသန်းခေါင် မရောက်ခင်မှာ လျူ‌ေယာင်တစ်ယောက် အိပ်ပျော်သွားခဲ့သည်။


လျူယောင် မနက်ခင်း အိပ်ယာနိုးလာပြီးနောက် ရေမိုးချိုးကာ ဂွမ်ရှု ယွမ်ပေါင် တစ်ဒါဇင် နှင့် ယွမ်ဒါတူး 100ကို ကျောပိုးအိတ်ထဲထည့်ကာ ထွက်လာခဲ့သည်။


အောက်ထပ်ရှိ ဖတ်တီးလီရဲ့ ဆိုင်တွင် မနက်စာ စားပြီးနောက် ခါတိုင်းကဲ့သို့ ဘက်စ်ကား စီးမည့်အစား လမ်းဘေးရှိ တက္ကစီကိုသာ ငှားခဲ့လိုက်သည်။


    " ဘေရီ လမ်းကို မောင်း ကားဆရာရေ " 


ကားသမားက တစ်ချက် စောင်းကြည့်လိုက် ပေမဲ့    ဘာမှတော့ မပြောချေ။ 


ဘေရီလမ်းက ဟွာဟိုင်းမြို့တွင် အတော် ကျော်ကြားကာ နိုင်ငံတစ်ဝှမ်းတွင် နာမည်ကောင်း ရှိတဲ့ ရှေးဟောင်းလမ်းတစ်ခုလည်း ဖြစ်သည်။( ဒီအပိုင်းမှာ ဟွာဟိုင်းဆိုပြီး ပြန်ရေးထားလို့ ကျတော်လဲ ဟွာဟိုင်းလို့ပဲ ဘာသာပြန်လိုက်တာပါ)


မီတာ ရာဂဏန်းမျှသာဝေးသော ဘေရီလမ်းထဲတွင် လမ်းတစ်လျှောက် ရှေးဟောင်းပစ္စည်း မျိုးစုံ ရောင်းချတဲ့ ဆိုင်တန်းများဖြင့် ပြန့်နှက်နေပေသည်။ 


လက်ရေးလှ၊ ပန်းချီ၊ ကြွေထည်၊ ကြေးထည်၊ ယွန်းထည်၊ ရှေးဟောင်းဒင်္ဂါးပြား စသဖြင့် ပစ္စည်းမျိုးစုံ ရရှိနိုင်သည်။ လျူယောင်အနေဖြင့် ရှေးဟောင်း ပစ္စည်း စစ် မစစ် မခွဲတတ်ပေမဲ့  အများစုမှာ အတုများ ဖြစ်တယ်ဟု  သူခန့်မှန်းနိုင်သည်။


ရှေးဟောင်းပစ္စည်း အရောင်းဆိုင်များ အပြင် အခြား



 ပစ္စည်း အမျိုးမျိုး ရောင်းချတဲ့  လမ်းဘေးဆိုင်များမှာလည်း လမ်းဘေးနှစ်ဖက်တွင် ပြည့်နှက်နေသည်။


လျူယောင်ရဲ့  ရည်ရွယ်ချက် မှာ တရားဝင် ရှေးဟောင်းပစ္စည်း အရောင်းဆိုင် ဖြစ်သဖြင့် ထိုဆိုင်လေးများကို ကြည့်ရုံသာ ကြည့်ပြီး လမ်းဆက်လျှောက်ခဲ့လိုက်သည်။ မကြာခင်မှာပဲ လျူယောင်က အတော်ကလေး ကြီးမားတဲ့  ဆိုင်ကြီး တစ်ဆိုင်ရဲ့  ရှေ့ကို  ရောက်ရှိသွားသည်။


ဆိုင်အတွင်းသို တစ်ချက်  အကဲခတ်ပြီးနောက် ဘယ်လိုဆိုင်မျိုး ဖြစ်တယ် ဆိုတာ လျူယောင် သိရှိလိုက်သည်။


ဆိုင်ထဲတွင် ခင်းကျင်းထားတဲ့ ရှေးဟောင်း ဒင်္ဂါး အမြောက်အမြားကို မှန်ကိုဖြတ်ကာ လျူယောင်ကြည့်လိုက်သည်။ ရှေးဟောင်းဒင်္ဂါးများသာမက ယနေ့ခေတ် ငွေများနှင့် ကြေးနီပြားများလည်း ရှိနေပေသည်။


တရုတ်ပြည်သူ့သမ္မတ နိုင်ငံရဲ့ တတိယမြောက်နှစ်တွင် ထုတ်လုပ်ခဲ့တဲ့ ယွမ်ဒါတူး တစ်ခုကို ယွမ် 1580 ရှိပြီး ရှစ်နှစ်မြောက်တွက် ထုတ်လုပ်ခဲ့တဲ့ ယွမ်ဒါတူးမှာ ယွမ် 2280 ရှိနေသဖြင့် လျူယောင် တိတ်တဆိတ်ပင် အံ့အားသင့်သွားသည်။


ဂွမ်ရှု ယွမ်ပေါင် အတွက်မူ ၎င်းရဲ့ ပုံပန်းသဏ္ဍာန်နှင့် သွန်းလုပ်ခဲ့တဲ့ အချိန်ကို မူတည်၍ ယွမ် ငါးသိန်းမှ ယွမ် တစ်သန်းကျော် အထိ ရှိပေသည်။


လျူယောင်က ငွေဒင်္ဂါးများကို အချိန်အတော်ကြာတဲ့အထိ ကြည့်ရှုနေတာကို မြင်လိုက်တဲ့ ဆိုင်ဝန်ထမ်း ကောင်လေးတစ်ယောက် က အနားကို ရောက်လာခဲ့သည်။

 

    " ဒီက အကို ဘယ်တစ်ခုကို ကြိုက်လဲခင်ဗျ၊ ဈေးနှုန်းလဲ မှန်ပြီး ပစ္စည်းကလဲ အစစ်အမှန်ဆိုတာ အာမခံပေးနိုင်ပါတယ်ဗျ " 



    " ငါက ဒီကို ပစ္စည်း လာဝယ်တာ မဟုတ်ဘူး၊ လာရောင်းတာ၊ ပြန်ဝယ်လား ဒီဆိုင်က " 


ဆိုင်ဝန်ထမ်းကောင်လေးမှာ သိသိသာသာပင် စိတ်ဝင်စားသည့်ပုံ ပေါ်လာသည်။ သူတို့လိုဆိုင်များသည် ရှေးဟောင်းပစ္စည်းများကို ရောင်းချရုံသာမက ပြန်၍လည်း ဝယ်ယူပေသည်။


    " ရောင်းမယ့် ပစ္စည်းတွေကို ပြပေးလို့ရမလားဗျ " 


လျူယောင်လည်း ခေါင်းညိမ့်လိုက်ကာ ကျောပိုးအိတ်ထဲမှ ယွမ်ဒါတူး အနည်းငယ်ကို ထုတ်ကာ ကောင်တာပေါ်တင်လိုက်သည်။


ကောင်လေးက ယွမ်ဒါတူး တစ်ခုကို ကောက်ကာ စစ်ဆေးကြည့်ပြီးနောက် ထိုအရာမှာ ပစ္စည်း အစစ်ဖြစ်တာကို တွေလိုက်ရ၍ လျူယောင်ကို မေးလိုက်သည်။


    " တစ်ခုကို ဈေးဘယ်လောက် မှန်းထားလဲဗျ " 


    " မင်းတို့ ဝယ်ဈေးက ဘယ်လောက်လဲ၊ ဈေးသာမှန်ရင် ငါ့ဆီမှာ နောက်ထပ် ရှိသေးတယ် " 


နောက်ထပ်ရှိသေးတယ်! 


ဆိုင်ဝန်ထမ်းလေးမှာ ပို စိတ်ဝင်စားပုံပေါ်လာပြီး မူလက ယွမ် 500 သာပေးရန် စဉ်းစားထားပေမဲ့ 

အရေအတွက်ကြောင့် စိတ်ကူးပြောင်းကာ ပြန်ပြောလိုက်သည်။


    " ဒါတွေက တရုတ်ပြည်သူ့သမ္မတနိုင်ရဲ့ တတိယမြောက် နှစ်မှာ သွန်းလုပ်ထားတာတွေဆိုတော့ ဝယ်ဈေးကတော့ ယွမ် 550 ပဲ " 


လျူယောင်လည်း ဈေးနှုန်းကို ကြားပြီးနောက် ပြုံးကာ ပြန်ပြောလိုက်သည်။


    " ကောင်လေး မင်းဘော့စ်ကို ခေါ်လိုက်၊ ပစ္စည်းက များတယ် " 


ထိုအခါ ဆိုင်ဝန်ထမ်းလေးက ချက်ချင်းပင် ဆိုင်ပိုင်ရှင်ကို သွားခေါ်လိုက်သည်။ ဆိုင်ပိုင်ရှင်မှာ ပိန်ပိန်ပါးပါး လူလတ်ပိုင်း တစ်ဦးဖြစ်ကာ အဝတ်အစားများကို ပေါ့ပေါ့ပါးပါးသာ ဝတ်ဆက်ထားကာ လက်လုပ် ဖိနပ်တစ်ရံကိုသာ စီးထားလေသည်။


    " သခင်လေး ကျတော်က ဒီဆိုင်ပိုင်ရှင် ဂျင်ချွမ်းလင်ပါ၊ သခင်လေးရဲ့ နာမည်လေး သိခွင့်ရမလား " 


    " သူဌေးဂျင် ကျတော့်မျိုးရိုးနာမည်က လျူ ပါ၊ ကျတော့်ဆီမှာ ယွမ်ဒါတူး တွေနဲ့ ဂွမ်ရှု ယွမ်ပေါင် တစ်ဒါဇင် ရှိတယ် " 


ဂျင်ချွမ်းလင်မှာ ပျော်ရွှင် သွားပြီး မျက်လုံးမျာပင် တောက်ပလာသည်။


သူ့အတွက် ယခုလို အရောင်းအဝယ်မျိုး မကြုံရတာ အချိန်အတော်ကြာနေပြီ ဖြစ်သည်။လူအချို့က ဒင်္ဂါးများ လာရောင်းကြပေမဲ့ သုံးလေးခု မျှသာ ဖြစ်ပြီး တစ်ဒါဇင်ဆိုတာက  ရှားသည်။ ဂွမ်ရှု ယွမ်ပေါင်ဆိုလျှင် လာမရောင်းကြတာ  နှစ်လသုံးလခန့် ပင် ရှိနေချေပြီ။


    " သခင်လေး လီ အထဲမှာ သွားပြောကြမလား "


လျူယောင်လည်း ဂျင်ချွမ်းလင် ဦးဆောင်တဲ့ နောက် မှ အတွင်းခန်းထဲကို လိုက်ဝင်ခဲ့သည်။ အတွင်းဧည့်ခန်းမှာ ရှေးခေတ်ပုံစံ ပြင်ဆင်ထားပြီး မဟော်ဂနီသားဖြင့်  ပြုလုပ်ထားတဲ့  စတုဂံစားပွဲကြီးမှာလည်း မျက်စိပသာဒ ဖြစ်စရာပင်။


    " ထိုင်ပြီး လက်ဖတ်ရည်လေးဘာလေး သောက်ပါအုံး " 


လျူယောင်မှာ ထိုင်လိုက်  ပေ မဲ့  လက်ဖတ်ရည်ကိုတော့ မသောက်ပေ။ ထိုအစား ကျောပိုးအိတ်ကို ဖွင့်ကာ ယွမ်ဒါတူးများနှင့် ဂွမ်ရှု ယွမ်ပေါင် တစ်ဒါဇင်ကို ထုတ်လိုက်သည်။



ဂျင်ချွမ်းလင် မှာ အတော်ပင် စိတ်လှုပ်ရှားနေတဲ့  ပုံစံပေါ်နေလေသည်။ ရှားရှားပါးပါး အရောင်းအဝယ်ကြီး တစ်ခုဖြစ်တဲ့အပြင် သူ့ရဲ့ အကြည့်များမှာလည်း အနည်းငယ် မယဉ်ကျေးတဲ့ပုံ ပေါ်နေလေသည်။


ဂျင်ချွမ်းလင်က ယွမ်ဒါတူး အနည်းငယ်ကို အရင်စစ်ဆေးကြည့်ပြီးနောက် ခေါင်းညိမ့်လိုက်ကာ ဂွမ်ရှု ယွမ်ပေါင် တစ်ဒါဇင်ကို တစ်ခုချင်း ယူကာ သေချာစွာ ဆက်လက် စစ်ဆေးနေသည်။

အချိန်အတော်အတန်ကြာ ကြည့်ရှု စစ်ဆေးပြီးနောက် ဂွမ်ရှု ယွမ်ပေါင်ကို လက်ထဲမှ ချကာ ဂျင်ချွမ်းလင်က ပြောလိုက်သည်။


    " စုစုပေါင်း ဂွမ်ရှု ယွမ်ပေါင် 15 ခု ရှိနေပေမယ့် တစ်ခု နှစ်ခုကသာ ရှစ်နှစ်မြောက်မှာ ထုတ်လုပ်ခဲ့တာ၊ နောက်ပြီး ယွမ်ဒါတူး တွေမှာလည်း တချို့က သုံးနှစ်မြောက်၊ တချို့က ငါးနှစ်မြောက်၊ ရှစ်နှစ်မြောက်မှာ သွန်းလုပ်ထားတာက နည်းနည်းပဲ ဆိုတော့ တစ်ခုကို ယွမ် 620 ပေးမယ်လေ " 


သေချာပေါက်တော့ ဈေးဆစ်ရပေမယ်! 



    " သူဌေးဂျင် ခင်ဗျားက စီးပွားရေးသမားလို့ မပြောရဘူးနော်၊ ဈေးကနည်းလွန်းတယ်၊ အပြင်မှာ ရောင်းတာတွေက ဒီဈေးထက် များတယ်လေ " 


ဂျင်ချွမ်းလင်မှာလည်း အလျင်အမြန်ပင် ရှင်းပြလေသည်။

    " အဲ့တာက ဈေးနှုန်းသပ်သပ်ပဲ၊ ဝယ်လက်တွေက အမြဲ ဈေးဆစ်ကြတာ၊ ပြထားတဲ့ဈေးအတိုင်း ရောင်းရတယ်လို့ မရှိပါဘူးဗျာ " 


ထို့နောက် သူတို့နှစ်ယောက် ဈေးကို ဆက်လက် ညှိနှိုင်းနေလေသည်။

နောက်ဆုံးမှာတော့ လျူ‌ယောင်က ပြောလိုက်သည်။


    " သူဌေးဂျင် ယွမ်ဒါတူး တစ်ခုကို ယွမ် 680 ထားလိုက်၊ ဂွမ်ရှု ယွမ်ပေါင် ကိုတော့ ယွမ် လေးသိန်း ထားလိုက်ဗျာ၊ ဒီဈေးနဲ့ အလုပ်ဖြစ်ရင် အနာဂတ်မှာလည်း ဆက်လက်ရောင်းဝယ်ဖြစ်လိမ့်မယ်၊ ကျတော့်ဆီမှာ နောက်ထပ် ယွမ်ဒါတူးတွေနဲ့ ဂွမ်ရှု ယွမ်ပေါင်တွေ ကျန်သေးတယ် " 


တကယ်ကြီးလား! 

ဂျင်ချွမ်းလင် အနည်းငယ် တုန်လှုပ်သွားသည်။ သူတို့ဆိုင်မျိုးမှာ ရှေးဟောင်းပစ္စည်း ရောင်းချခြင်းအပြင် ဆက်လက် ရောင်းချနိုင်ရန် အတွက် ဝယ်ယူမှုလမ်းကြောင်းမှာလည်း အရေးကြီးလှသည်။


ထို့ကြောင့် ဝယ်ယူမှု လမ်းကြောင်း ကောင်းကောင်း ရှိနေပါက အကောင်းဆုံးဖြစ်ပေသည်။ သူ့ထံတွင် ရောင်းချရန် ငွေဒင်္ဂါး လုံလုံလောက်လောက်ရှိပါက ဘေဂီ လမ်းရှိ ငွေဒင်္ဂါးဈေးကွက်ကို ကိုင်လှုပ်နိုင်မည် ဖြစ်သည်။


အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ဂျင်ချွမ်းလင်က လျူ‌ယောင်တောင်းတဲ့ ဈေးနှုန်းကို လက်ခံလိုက်သည်။


ဝယ်ဈေးမှာ များနေေပမဲ့ အမြတ်အစွန်းမှာလည်း မနည်းလှပေ။ အဓိက အချက်  မှာ ဝယ်ယူမှု လမ်းကြောင်း ကောင်းကောင်း ရရှိနိုင်ရန် ဖြစ်ပေသည်။


........