အပိုင်း 7 " လိပ်ကလေးရဲ့ ကလဲ့စား "
လျူဂျိ ပင်လယ်စာ စားသောက်ဆိုင်
လျူယောင်မှာ ယခင်ကတည်းက ထိုဆိုင်ကိုပေမဲ့ ယခုမှ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သည်။ ယခင်က ပိုက်ဆံမရှိတဲ့အတွက် မလာရဲခြင်းကြောင့် ဖြစ်သည်။
သိုသော် ယခုမှာတော့ အရင်နဲ့မတူပဲ ယုံကြည်မှု အပြည့် ဖြစ်နေသည်။အဆင့်မြင့် စားသောက်ဆိုင် ဖြစ်တာနှဲ့အညီ အပြင်အဆင် သားနားတဲ့အပြင် စားပွဲထိုးများမှာလည်း တက်ကြွနေသည်။
" တစ်နေ့ ဒီမှာ ထိုင်ပြီး ပင်လယ်စာ စားရလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးကြည့်ခဲ့ဖူးကွာ "
ဒုတိယ ထပ်တွင် ပြတင်းပေါက်ဘက်ကိုမျက်နှာမူကာ ထိုင်နေလျှက်ပင် လျူယောင် ထိုသို့ စဉ်းစားမိလိုက်သည်။
ခဏအကြာတွင် ဟူဂျွန်းရှီ ရောက်လာပြီး ပေါ့ပေါ့ပါးပါးပင် ဝင်ထိုင်ကာ လျူယောင်ကို မေးလိုက်သည်။
" အေး၊ တကယ်ကွ၊ ကြီးကြီးမားမားတော့ မဟုတ်ဘူးကွ "
" ပြောပါအုံး၊ ပွပေါက်တိုးတာက ဘယ်လောက်ရခဲ့လဲ "
" မများဘူး၊ ယွမ် တစ်သောင်းကျော်ကျော်လေးတင် "
" ဘာ ယွမ်တစ်သောင်းကျော်က မများတာလား "
လျူယောင်က ပြုံးကာပြောလိုက်သည်။
" ဂျွန်ဇီ၊ ငွေတစ်သောင်းကျော်လေးကို ဘာလို့ စိတ်လှုပ်ရှားနေတာလဲ၊ မင်း တောသားလား "
ဘွဲ့ရပြီး တစ်နှစ်အတွင်း ဟူဂျွန်းရှီမှာ ထိုကဲ့သို့ ငွေပမာဏ မရဖူးသေးသဖြင့် များတယ်ဟု ခံစားလိုက်ရသည်။
ထိုနောက် သူက မီနူးကို ယူကာ ပြောလိုက်သည်။
" မင်း ဒီလောက်ရလာမှတော့ ငါလည်း အားနာမနေတော့ဘူး "
" ကြိုက်တာမှာ "
လျူယောင်က ရက်ရောတဲ့ပုံဖြင့် ပြောလိုက်သည်။
ဟူဂျွန်းရှီလည်း ဟင်းပွဲများကို မှာပြီးနောက် မီနူးကို ချလိုက်သည်။
လျူယောင်မှ စိတ်ကြိုက်မှာ ဟုပြောထားပေမဲ့ဟူဂျွန်းရှီမှာ ဈေးသင့်သော ဟင်းပွဲ အနည်းငယ်ကိုသာ မှာခဲ့လေသည်။
လျူယောင်လည်း မီနူးကို ယူလိုက်ကာ နောက်ထပ် ယွမ် ရာဂဏန်းရှိတဲ့ ဟင်းပွဲ အနည်းငယ်ကို ထပ်မံ မှာယူလိုက်သည်။
ဟူဂျွန်းရှီ တိတ်တဆိတ် အံ့အားသင့် သွားသည်။
" ညီအစ်ကိုယောင်၊ ဒါတွေက ဒေါ်လာ ရာဂဏန်း မက ဘူးနော် "
" အေးဆေးပေါ့ကွ၊ ငါ့မှာ ပိုက်ဆံရှိပါတယ်ဟ "
" ညီအစ်ကိုယောင် မင်း ဒီပိုက်ဆံတွေ ဘယ်လိုရတာလဲ ပြောပါအုံး "
လျူယောင် ခဏ စဉ်းစားကာ ပြန်ပြောလိုက်သည်။
" ထွေထွေထူးထူးတော့ မဟုတ်ပါဘူး၊ ငါ ဒီနေ့ အပြင်သွားရင်း ရွှေဆွဲကြိုး ကောက်ရလို့ ရောင်းလိုက်တာ ယွမ် တစ်သောင်းကျော် ရလိုက်တာပဲ "
သို့သော် ဟူဂျွန်းရှီမှာ မယုံချေ။
" မင်းကိစ္စကလည်း ကလေးတွေကို သွားဖောစမ်းပါ၊ အဲ့လိုကြေးဆို ငါရော ဘာလို့ ဆွဲကြိုးတစ်ကုံးလောက် ကောက် မရတာလဲ "
သူ မယုံတာ ပြဿနာ မဟုတ်ပေ။ဘယ်လိုပဲဖြစ်ဖြစ် လျူယောင်က သူမွေးထားတဲ့ လိပ်ကလေးက မှင်ကန်ထဲမှ ကောက်ပေးတာကို ပြောမည် မဟုတ်ချေ။
လျူယောင် ထိုသို့ပြောရုံကလွဲပြီး ရွေးချယ်စရာ မရှိတာကြောင့် စကားလမ်းကြောင်း လွှဲလိုက်သည်။
" လာပါ၊ စားရအောင် "
သူတို့ နှစ်ယောက်စလုံး အတွက် ဒီစားသောက်ဆိုင်မျိုး လာရောက်စားသောက်တာ ပထမဆုံး အကြိမ်ဖြစ်သည်။
တစ်နာရီကျော် စားပြီးတဲ့နောက် သူတို့နှစ်ယောက် ဆိုင်မှ ပြန်လာကာ လမ်းခွဲခဲ့ကြသည်။
နောက်တစ်ရက်
လျူယောင် နေဖင်ထိုးမှ အိပ်ယာ ထကာ အပျင်းကြောဆွဲလိုက်သည်။ သူ့အတွက် ထိုကဲ့သို့ သက်သောင့်သက်သာ မနေရတာ အတော်ကြာပီ ဖြစ်သည်။ အလုပ်မရှာပဲ သူ လုပ်ချင်တာကို လုပ်နေနိုင်သည်။
တစ်ရက်တွင် ယခုလို လေလွင့်နေရလိမ့်မယ်လို့ လျူယောင် ထင်မထားခဲ့ပေမဲ့ ခုအခြေအနေကိုသူ နှစ်သက်သည်။
စိတ်ရှိသလောက် အိပ်နိုင်တဲ့ အပြင် အလုပ်အတွက်လည်း စိတ်ပူနေရာမလို ဘယ်လောက်ကောင်းလိုက်သလဲ " ဟု လျူယောင်တွေးနေသည်။
လျူယောင် လိပ်ဇယားကွက်ကို ဖွင့်ကာ ကြည့်လိုက်သည်။ ၎င်းက ထပ်မံကြီးထွားလာသဖြင့် လျူယောင် အလွန်ကျေနပ်သွားသည်။ ထိုနှုန်းအတိုင်းဆိုပါက အလေးချိန် ကတ်တီ များစွာအထိ ကြီးပြင်းလာရန် အချိန်ကြာမည် မဟုတ်ပေ။
မှင်ရေကန်တွင် လိပ်ကလေးမှာ မနက်စာ စားပြီး ဗိုက်ပြည့်ကာ နေပူဆာလှုံရန်အသင့်ပြင်နေသည်။
" သခင်က ငါ့အတွက် ဒီလိုနေရာကောင်းကို ရှာပေးခဲ့တာပဲ၊ ရေကန်က ကျယ်လဲကျယ် ငါလုပ်ချင်တာလဲ လုပ်လို့ရတာပဲ "
" အဓိက က ဒီမှာရှိတဲ့ ငါးတွေ ပုဇွန်တွေက တကယ် စားကောင်းတာပဲ၊ ဘယ်လောက်ကျေနပ်စရာကောင်းလိုက်သလဲ "
" ဒါနဲ့ သခင်မှာထားတာကိုတော့ မေ့လို့မရဘူး၊ ခဏနေမှ သခင့်အတွက် အဖိုးတန်တာလေး တစ်ခုခု ရှာထားအုံးမှ "
" လခွမ်း "
မနီးမဝေးရှိ အနက်ရောင် အရိပ်တစ်ခုကို မြင်လိုက်တဲ့အခါ လိပ်ကလေးမှာ အတွေးများကို ရပ်ကာ ထိုအရာဆီကို ကူးခတ်သွားသည်။
အတိတ်တွင်ဆိုပါက လိပ်ကလေးမှာ ငယ်နေသေးတဲ့အတွက် ထို အနက်ရောင် အရိပ်ကို မြင်ပါက ဝေးဝေးမှ ရှောင်မည်မှာ မုချပင်။
လိပ်ကလေးမှာ အလေးချိန် ခုနစ်ကတ်တီ ရှစ်ကတ်တီ ခန့် ရှိနေပြီ ဖြစ်တဲ့ အပြင် ခွန်အားအပြည့်ရှိနေပြီး ၎င်းရဲ့ လက်သည်းခြေသည်းများမှာလည်း ချွန်ထက်နေပြီ ဖြစ်သည်။ မေးရိုးမှာလည်း သန်စွမ်းနေတဲ့အတွက် ကိုက်ဖြတ်နိုင်စွမ်း ပိုကောင်းသည်။
လိပ်ကလေးမှာ အမြန်ဆုံးနှုန်းဖြင့် အနက်ရောင် အရိပ်ထဲ တိုးဝင်သွားလေသည်။ လိပ်များက နှေးပေမဲ့ လိပ်ကလေးမှာ ဗီဇပြောင်းဖြစ်သဖြင့် သူရဲ့ အမြန်နှုန်းမှာ အခြားလိပ်များနှင့် လားလားမှ မတူချေ။
အချိန်တိုအတွင်းမှာပင် လိပ်ကလေးမှာ အနက်ရောင်ငါးဆီကို ရောက်ရှိသွားသည်။
လိပ်ကလေးက လွန်ခဲ့တဲ့ ရက်အနည်းက နောက်မှ လိုက်ကိုက်ခံရတဲ့ ခံစားချက်ကို မမေ့သေးချေ။ ထိုအချိန်က သူရဲ့ အရွယ်အစားမှာ ငယ်ရွယ်နေတဲ့အတွက် ကျောက်ဆောင်များအကြား ပုန်းရန်သာတက်နိုင်ခဲ့သည်။
" နောက်ဆုံးတော့လည်း သခင်ပြောသလို ငါလက်စားချေနိုင်ပီပေါ့ကွာ "
ထိုအနက်ရောင်ငါးမှာလည်း ဒီနေရာတွင် အုပ်စိုးသူဟု ဆိုနိုင်ကာ သူ့ကို ကြောက်ရွံပုံမပြပဲ လိပ်ကလေးက ပြေးလာတာကို တွေ့လိုက်ရသည်။
လိပ်ကလေး တဟုန်ထိုး ပြေးဝင်ကာ ကိုက်လိုက်တဲ့အတွက် အနက်ရောင်ငါးသာ စကားပြောတတ်ပါက အော်ဟစ်နေရပေမည်။
"ဒီလို ကိုက်နိုင်စွမ်း "
" ဒီအစွယ်တွေ "
တစ်ချက်အကိုက်ခံလိုက်ရသဖြင့် အနက်ရောင်ငါးရဲ့ အသားစကြီး တစ်ခု ပဲ့ပါသွားသည်။
“”ပြေးရမယ် “
“အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး ပြေးရမယ် “”
အနက်ရောင်အသားစားငါးမှာ သူ့အမြီးကို ပြင်းထန်စွာခတ်ပြီး ထွက်ပြေးရန် ကြိုးစားပေမဲ့ နောက်ကျသွားသည်။ လိပ်ကလေးက နောက်တစ်ချက် ထပ်ကိုက်ကာ ထိုငါးကို ခါယမ်းလိုက်သည်။
နှစ်ကိုက်
သုံးကိုက်
ကြောက် မက်် ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာပြီး အနီးပတ်ဝန်းကျင်မှ ငါးများ ချက်ချင်း ထွက်ပြေးသွားကြသည်။
အနည်းငယ် ကိုက်စားပြီးနောက် လိပ်ကလေးမှာ လေချဉ်တက်လိုက်ပြီး ထိုငါးရဲ့အသားမှာ အရသာ ရှိတယ်လို့ ခံစားလိုက်ရသည်။
လိပ်ကလေး သုံးပုံတစ်ပုံခန့်စားပြီးနောက် စားလက်စငါးကို ထားခဲ့ကာ ရေဆက်ကူးသွားလေသည်။
လက်စားချေလိုက်ရတာကြောင့် လိပ်ကလေးမှာ စိတ်လက်ပေါ့ပါးနေကာ ဗိုက်လည်း ပြည့်နေသဖြင့် တန်ဖိုး ရှိတဲ့ အရာ တစ်ခုခုကို တွေ့လိုတွေ့ငြား လျှောက်ရှာရန် ဆုံးဖြတ်လိုက်သည်။
ရေကန်ထဲတွင် ငါးရံ့များစွာ ရှိနေပြီး တစ်ချို့ ငရံ့များဆိုလျှင် အလေးချိန် ငါး ကတ်တီ၊ ခြောက် ကတ်တီ ခန့်ရှိသည်။
လိပ်ကလေးက ရေကန်ရဲ့ အုပ်စိုးသူကဲ့သို့ ဖြစ်နေပြီး သူကြောက်ရမဲ့ ငါးအချို့သာ ရှိသည်။
မိုးကာ နှစ်ရက်ဆက်တိုက် သည်းထန်စွာ ရွာသွန်းနေသည်။ မိုးကြောင့် မှင်ကန် ကို လျူယောင် မသွားနိုင်ပေမဲ့ လိပ်ကလေးရဲ့ အခြေအနေကို သူ သိသည်။
လိပ်ကလေးမှာ အလေးချိန်တိုးလာယုံသာမက သူ့ရဲ့ အရည်အသွေးများလည်း တိုးတက်လာသည်။ လျင်မြန်ဖျတ်လက်မှုမှာ 20 ကျော်နေတဲ့အပြင် ခွန်အားမှာလည်း 31 အထိ ရှိနေပြီဖြစ်သည်။
အခြေခံအားဖြင့် အရွယ်ရောက်ပြီးသား လူတစ်ယောင်ရဲ့ ခွန်အားမှာ 40 မှ 50 အထိ ရှိပြီး အားကစားသမားများနှင့် အထူးတပ်ဖွဲဝင်များသာလျှင် 90 ကျော် သို့မဟုတ် 100ကျော် အထိ ရောက်ရှိနိုင်သည်။
လိပ်ကလေးရဲ့ ခွန်အားမှာ 31 ရှိပြီး မကြာခင်မှာ အရွယ်ရောက်ပြီးသား လူတစ်ယောက်ကို မှီတော့မည် ဖြစ်သည်။
အဲ့လို ဖြစ်လာတာက ဗီဇပြောင်းခြင်းကြောင့် ဖြစ်နိုင်သည်။
ရာသီဥတု သာယာတဲ့ရက်တွင်တော့ လျူယောင် မှင်ကန်သို့ ရောက်လာသည်။
ထို့နောက် လူပြတ်တဲ့ နေရာကို ရှာလိုက်သည်။
မနက်ခင်းက လျူယောင် လိပ်ကလေးကို ဆက်သွယ်ကာ စကားပြောစဉ်က လိပ်ကလေးမှာ သူ့ထံတွင် လျူယောင်ကို ပြစရာ ရှိတယ် ဟုဆိုကာလာခဲ့ရခြင်းဖြစ်သည်။
နှစ်မိနစ်အတွင်းမှာပဲ လိပ်ကလေးက သူ့ဆီသို့ ရေကူးလာတာကို လျူယောင် တွေ့လိုက်ရသည်။ လွန်ခဲ့သည့် နှစ်ရက် သုံးရက် နှင့် ယှဉ်လျှင် သိသိသာသာပင် ကြီးထွားလာခဲ့ပြီး ပါးစပ်ထဲတွင်လည်း တစ်စုံတစ်ခုကို ကိုက်ချီထားသေးသည်။
" ကြည့်ပါအုံး သခင်၊ ဒါက တန်ဖိုးရှိလား "
လျူယောင် သေချာမြင်လိုက်ရပြီးနောက် စိတ်လှုပ်ရှားသွားကာ လက်ဖြင့် လှမ်းယူလိုက်သည်။
""ငွေဒင်္ဂါးတွေ ""
မထင်မှတ်ပဲ မှင်ကန်ထဲတွင် ငွေဒင်္ဂါးများ ရှိနေသည်။