Ch 1
Viewers 5k

အခန်း ၁ - တက်ကြွနေတဲ့ လိပ်ကလေး


ဟွာဟိုင်းမြို့ရဲ့ လမ်းတွေပေါ်မှာ ဟိုဟိုဒီဒီ သွားလာလှုပ်ရှားနေကြတဲ့ လူများဖြင့် စည်ကားနေပေသည်။


လျူယောင် တစ်ယောက် အင်တာဗျူး နောက်တစ်ခုထပ်ကျခဲ့တာကြောင့် အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် လမ်းလျောက်နေခဲ့သည်။ လက်ရှိမှာ သူ အလိုအပ်ဆုံးအရာ ဟုဆိုလျှင် အလုပ်တစ်ခုပင် ဖြစ်ပေသည်။


အမှန်တကယ်တော့ သူက ယခုလက်ရှိကမ္ဘာကမဟုတ်ပဲ ကမ္ဘာကြီးမှဖြစ်သည်။

အတိအကျပြောရမည်ဆိုလျှင် လျူယောင်က အချိန်ခရီးသွားကာ ယခုလက်ရှိကမ္ဘာကို ဝိညာဉ်ကူပြောင်းကာ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။


 လက်ရှိခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အမည်မှာ လျူယောင် ဖြစ်နေဆဲဖြစ်ပြီး တက္ကသိုလ်မှ ဘွဲ့ရထားတာ တစ်နှစ်ပင်မပြည့်သေးပေ။


ထိုခန္ဓာကိုယ်ပိုင်ရှင်ဟာ လွန်ခဲ့‌တဲ့ ဆယ်ရက်ခန့်က အလုပ်မှာ အမှားတစ်ခုကြောင့် အလုပ်ထုတ်ခံခဲ့ရပြီး အလုပ်သစ်  ထပ်ရှာနေတာ တစ်ပတ်ကျော်ရှိနေပြီဖြစ်သည်။


လျူယောင်က  ဒီနေရာကို  လွန်ခဲ့တဲ့ နာရီအနည်းငယ်ခန့်က ကူပြောင်းလာခဲ့ခြင်းဖြစ်ပြီး  လက်ရှိ ခန္ဓာကိုယ်ပိုင်ရှင်ရဲ့  မှတ်ဉာဏ်အစိတ်အပိုင်းများကြောင့်  ဒီလောကအကြောင်းကို သေချာနားလည်လာခဲ့သည်။




  "လုပ်လိုက်စမ်း၊  အောင်မြင်တဲ့ အလုပ်တစ်ခုလောက်တော့သေချာပေါက်လျှောက်နိုင်မှာပါ"


အင်တာဗျူးကလည်း ထပ်ပြီး မအောင်ခဲ့ပြန်ပေ။လျူယောင်  စိတ်ပျက်နေတာကြောင့် သူ့ကိုယ်သူ တိတ်တဆိတ် အားပေးကာ အနာဂတ်တွင် ပိုကောင်းတဲ့ အလုပ်တစ်ခုရရန် မျှော်လင့်ကာ နောက်တစ်ကြိမ် အင်တာဗျူး အောင်ရန်အတွက် ကြိုးစားခဲ့သည်။


  "ဒါက အချိန်ခရီးသွားတာပါပဲ၊ တခြားအချိန်ခရီးသွားတွေက ဘာလို့ ကံကောင်းမှုတွေရှိနေပြီး ငါ့ကျ ဘာလို့ မရှိရတာလဲ။"


ဒီခန္ဓာကိုယ်ထဲ ရောက်ပြီး နာရီပေါင်းများစွာကြာတဲ့အထိ လျူယောင်  ထိုပြဿနာကို စဉ်းစားခဲ့သည်။


လျူယောင် တစ်ယောက် စိတ်ထဲတွင် တိတ်တဆိတ်ရွတ်ဆို ဆုတောင်းနေမေဲ့ ဘာမှဖြစ်မလာခဲ့ပေ။ အမှန်တကယ်တော့ သူ့မှာ ရွှေလက်ချောင်းတွေ လုံးဝမရှိတာများလား။


 "တကယ်ကို ကံကောင်းမှုတွေ မရှိတာပဲကွာ"


လျူယောင် အဖြစ်မှန်ကို လက်မခံချင်ပေမဲ့  လက်ခံ ခဲ့ရပြီး လမ်းကို စိတ်ပျက်လက်ပျက်ဖြင့် ဆက်လျောက်လှမ်းခဲ့သည်။ 


ရုတ်တရက် အဘိုးကြီးတစ်ယောက်က သူရဲ့ ရှေ့မှတားလိုက်တာကြောင့် ရပ်လိုက်ရသည်။


  "လူငယ်လေး ငါဒီလိပ်ကို မင်းဆီ ရောင်းမယ်ဆိုရင် ဘယ်လိုလဲ?"

အဘိုးအိုမှာ စုတ်ပြတ်သတ်နေတဲ့  ၀တ်စုံကိုဝတ်ဆင်ထားပြီး အနည်းငယ် သနားစရာကောင်းတဲ့ ပုံစံပေါက်နေသဖြင့် လျူယောင်လည်း ထိုင်လိုက်ကာ လိပ်ကို ကြည့်လိုက်သည်။


လိပ်ကလေးမှာ သူရဲ့ လက်ဖဝါးတစ်ဝက်စာလောက်သာ ရှိသည်။


လိပ်ကိုကြည့်ပြီးနောက် လျူယောင်က


     "မာစတာ၊ ဒီလျှပ်တစ်ပြက်လိပ်က ပျံ့ပွားနေတဲ့ မျိုးစိတ်တစ်ခုဖြစ်တာမို့ ခင်ဗျား မမွေးနိုင်တော့တာလား"


  "မမွေးနိုင်ဘူးလို့ ဘယ်သူပြောလဲ၊ ငါ့လိပ်ကတကယ်တော့ မွေးရတာ လွယ်ပါတယ်၊ ဒါပေမယ့် နည်းနည်းတော့ ရန်လိုတယ်၊ ဒါကြောင့်မို့ အစာကျွေးတဲ့အခါ သတိထားရရုံလောက်ပါပဲ"


သူက လိပ်ကလေးကို တစ်ချက်ကြည့်ပြီးနောက် အဘိုးအိုကိုထပ်ကြည့်လိုက်သည်။ သူ‌အနေနဲ့ လမ်းပေါ်မှာ ထိုင်ရောင်းနေတာ ဘယ်လောက်ကြာပြီလဲ၊‌ ရောင်းရောရောင်းထွက်ရဲ့လား။


 ထိုအသက်အရွယ်ရောက်တဲ့အထိ သူက လမ်းပေါ်တွင်

လိပ်များရောင်းနေသေးသည်။ 


လျူယောင်လည်း သနားသလို ခံစားလိုက်ရတာကြောင့် လိပ်ကိုဝယ်ဖို့ဆုံးဖြတ်လိုက်သည်။ ဒီလိုအရွယ်မှာ တကယ်မလွယ်ပါဘူး။ 

     

အဘိုးကြီးက

     "လူငယ်‌လေး၊ ယွမ် ၃၀ ပဲပေး"

ဟု အဘိုးကြီးက ပြန်ပြောလိုက်သည်။

ဈေးမကြီးပေမယ့် ဈေးလည်းမနည်းပါဘူး။


လျူယောင်လည်း အဘိုးကြီးကို သနားတာကြောင့် ဈေးမဆစ်ပဲ ယွမ် ၃၀ ဖြင့် လိပ်ကလေးကို ဝယ်လိုက်ပြီး သူ့ရဲ့ ခိုင်ခံတဲ့ အိတ်ထဲကို ထည့်လိုက်သည်။

ပလတ်စတစ်အိတ်များကို အဘယ့်ကြောင့် အသုံးမပြုရသလဲ ဟုမေးရင် လျှပ်တစ်ပြတ်လိပ်များက ပလတ်စတစ်အိတ်များကို ကိုက်ပြီး ဖောက်နိုင်တာကြောင့် ဖြစ်သည်။



လျူယောင်လည်း လိပ်ကလေးကို ကောက်လိုက်ပြီး အလေးချိန်ကို လက်ဖြင့် ဆကြည့်လိုက်သည်။ အလေးချိန်မှာ ကတ်တီတစ်ဝက်ထက် နည်းတာကြောင့် ရေပုံးထဲတွင် ထည့်ထားပြီး မွေးဖို့ ဆုံးဖြတ်လိုက်သည်။


ယခုအချိန်တွင် တိရိစ္ဆာန်များကို လွှတ်ခြင်းနှင့်ပတ်သက်၍ လျူယောင် ထည့်သွင်းစဉ်းစားခြင်းမရှိပေ။ ၎င်းမှာ  ဂြိုလ်သားမျိုးစိတ်တစ်ခုဖြစ်ကြောင်း သူသိပြီးဖြစ်၍ ၎င်းတို့ကို လွှတ်ပေးပါက ဒေသတွင်း ဂေဟစနစ်ကို ပျက်စီးစေလိမ့်မည်။



ဘတ်စ်ကားမှတ်တိုင်အနည်းငယ် စီးပြီးနောက် လျူယောင် သူငှားထားတဲ့ အိမ်ကို ရောက်ရှိခဲ့သည်။


ပထမဦးဆုံး လိပ်ကို ပလပ်စတစ်ပုံးထဲထည့်ပြီးနောက် ပိုက်ဆံအိတ်ကိုထုတ်ကာ ကြည့်လိုက်သည်။ ပိုက်ဆံအိတ်ထဲတွင် စုစုပေါင်းယွမ်နှစ်ရာကျော်သာရှိပြီး လက်ကိုင်ဖုန်းထဲတွင် ယွမ်တစ်ထောင်ကျော်ရှိသည်။



ငါအလုပ်ရှာရမယ်။ဒီလောက်ငွေလေးနဲ့ ဟွာဟိုင်းလိုမြို့မှာ အများဆုံး ဆယ်ရက်လောက်ပဲ နေနိုင်လိမ့်မယ်။ နောက်ပြီး ဆယ်ရက်အတွင်း အိမ်ငှားခလည်း ပေးရမယ်။



    " အခြားအချိန်ခရီးသွားတွေမှာ ရွှေလက်ချောင်းတွေရှိတယ်လေ။ ငါ့မှာကျ ဘာလို့ ဘာမှ မရှိရတာလဲ။ ရင်နာစရာပဲကွာ "


လျူယောင်အဲ့လိုဒေါသတကြီး တွေးနေစဉ်မှာပဲ ပလက်စတစ်ပုံးထဲက အသံကြောင့် အတွေးပြတ်သွားခဲ့ရသည်။ လိပ်ကလေးက ဂနာမငြိမ်ဖြစ်နေပြီး ပလက်စတစ်ပုံးထဲမှာ မနေချင်လို့လား ဗိုက်ဆာလို့လား ဆိုတာ သူလည်း သေချာ မသိပေ။



    " ဗိုက်ဆာနေတာ ထင်တယ် "

လျူယောင်က သူရဲ့အခန်းလေးကို ကြည့်လိုက်သည်။အခန်းထဲတွင် ကုတင်တစ်လုံး၊ ဗီရိုတစ်လုံး၊ စာပွဲတစ်လုံးနှင့် ထိုင်ခုံတစ်လုံးသာ ရှိသည်။


လျှပ်တစ်ပြတ်လိပ်များက နို့တိုက်သတ္တဝါများဖြစ်ပြီး ရံဖန်ရံခါ အသီးအရွက်စားပေမဲ့  အသားစားရတာကို ပိုနှစ်သက်ကြသည်။

အောက်ဆင်းပြီး တစ်ခုခုဝယ်ရမယ်၊ အသား၊ငါး၊ ပုဇွန် ဘာပဲ ဖြစ်ဖြစ် အဆင်ပြေတာပဲလို့ လျူယောင် တွေးလိုက်သည်။



ရေပုံးက အတော်‌နက်သဖြင့် လိပ်ကလေးက ထွက်ပြေးနိုင်မည် မဟုတ်ပေ။လျူယောင်လဲ လမ်းရဲ့ တစ်ဖက်တွင် ရှိတဲ့  ဈေးကို ထွက်လာခဲ့သည်။သူက အသားဝယ်ချင်ပေမဲ့ တစ်ကတ်ကီ ကို ယွမ် ၃၀ ကျသဖြင့် ဈေးကြီးတာကြောင့်  မဝယ်နိုင်ပေ။



ထို့ကြောင့် ဈေးပေါတဲ့  ငါးသေးတစ်ဒါဇင်ကိုသာ ဝယ်ခဲ့သည်။

ဝယ်လာတဲ့ ငါးများကို ကြည့်ရင်း လျူယောင်တစ်ယောက် 


"ငါဝယ်လာတာများသွားလား" ဟု ပြန်တွေးမိသွားသည်။ဒါက ရက်အနည်းငယ်အတွက်တော့ လုံလောက်သည်။ သူက တစ်ဝက်သာဝယ်ချင်ပေမဲ့  ဆိုင်ရှင်က အတင်းတိုက်တွန်းသဖြင့် ဝယ်ခဲ့ရသည်။



   " လိပ်တွေက ကယ်လိုရီတွေကိုလည်း စားတယ်လို့ ငါကြားဖူးတယ် " ဟု လျူယောင် အိမ်ကို ပြန်လာရင်း တွေးနေခဲ့သည်။


အိမ်ပြန်ရောက်တော့ လျူယောင်က လိပ်ကလေး မစားနိုင်မှာ စိုးရိမ်တာကြောင့် မကျွေးခင် ငါးများကို ခပ်သေးသေး ပိုင်းဖို့အတွက် ဆုံးဖြတ်ခဲ့သည်။ ကံမကောင်းစွာနဲ့ မီးဖိုချောင်ထဲမှာ ဓားတစ်ချောင်းမျှ ရှိမနေချေ။

ဒီအတိုင်းကျွေးလိုက်သင့်လား။


ငါးအနံ့ကို ရသွားတာကြောင့်ဖြစ်မယ်ထင်သည်။ လိပ်ကလေးက လည်ပင်းကို ဆန့်ထုတ်ပြီး ဂနာမငြိမ်ဖြစ်လာသည်။


    " မပူပါနဲ့ကွ၊ ငါမင်းကို အခုကျွေးတော့မလိုပဲ " 

ဟုဆိုကာ လျူယောင် ပြုံးလိုက်သည်။လိပ်တစ်ကောင်ကို ပြောနေပေမယ့် သူနားလည်နိုင်မှာ မဟုတ်လောက်ဘူး။


လျူယောင်  ငါ‌အသေးလေး တစ်ကောင်ကို ယူကာ ရေပုံးထဲကို ထည့်လိုက်သည်။လိပ်ကလေးကပြင်းထန်တဲ့ အစားစားချင်စိတ်ဖြင့် ငါးတစ်ကောင်လုံးကို တစ်ကိုက်တည်း စားပစ်လိုက်သည်။


ထို့ကြောင့် လျူယောင် အနည်းငယ် အံ့ဩသွားခဲ့သည်။


    " ဒါက လိပ်တစ်ကောင်တော့ ဟုတ်ရဲ့လား၊ ဒီလို ရက်စက်တဲ့ လိပ်မျိုး ရှိသေးတာလား " 


ငါးက သေးတယ်ဟုဆိုပေမဲ့  အနည်းဆုံး ၃၀ ဂရမ်လောက် ရှိပေသည်။

လျူယောင် အံ့ဩနေစဉ်မှာပဲ လိပ်ကလေးက သူ့ လည်ပင်းကို ဆန့်ကာ အစာထပ်တောင်းနေသည်။ 


လျူယောင်လည်း အနည်းငယ်ပိုကြီးတဲ့ ငါးကို ရွေးကာ ရေပုံးထဲ ထည့်လိုက်သည်။

အခြေအနေက အတူတူပင်ဖြစ်သည်။


အစာငတ်၍သေခဲ့တဲ့သူက ပြန်လည်ဝင်စားလာခြင်းဖြစ်နိုင်သည်။ 

ယခုငါးကိုလည်း အလျင်စလို စားသောက် မျိုချပစ်ခဲ့သည်။

ငါးနှစ်ကောင်ကို စားပြီးပေမဲ့ လိပ်ကလေးက သူရဲ့လည်ပင်းကို ဆန့်ကာ ထပ်မံစားချင်နေကြောင်းပြသနေသည်။



    " ဘာ! မင်းက ထပ်စားချင်နေသေးတာလား။ အကောင်သေးပေမယ့် 

အတော်အစားကြီးတာပဲ " 


လျူယောင်လည်း ငါးတစ်ကောင်ကို ထပ်ယူကာ ပြောလိုက်သည်။ထို့နောက် ရေပုံးထဲသို့ထည့်လိုက်ရာ လိပ်ကလေးက ပုံမှန်အတိုင်းပင် စားပစ်ခဲ့သည်။



" နှစ်ကောင်

သုံးကောင်

လေးကောင်

ငါးကောင် " 

ငါးကောင်မြောက် 


စားပြီးတဲ့ နောက်တော့ လိပ်ကလေးက ဗိုက်ပြည့်သွားကြောင်း ပြတဲ့အနေနဲ့ သူ့ လည်တိုင်ကို ထပ်မံ မဆန့်လာတော့ပေ။လျူယောင်လည်း 

ကျန်ရှိနေတဲ့ ငါးများကိုကြည့်ရင်း အချိန်အတော်ကြာတဲ့ အထိ သတိပြန်ဝင်မလာခဲ့ပေ။



 "ငါ ဒီလိပ်ကို မမွေးခဲ့သင့်ဘူး။ အတော်အစားကြီးတဲ့ကောင်ပဲ။ " 

ကျန်ရှိနေတဲ့ ငါးများကို နောက်တစ်ခါကျွေးရန်ဖယ်ထားရင် လျူယောင် ငြီးလိုက်သည်။



ငါးရဲ့သွေးများနှင့် စားသောက်ရာမှ အကြွင်းအကျန် တချို့ကြောင့် ညစ်ပတ်သွားတဲ့ ရေကို ရေသန့်နှင့် လဲပေးရန်  ပြင်ဆင်လိုက်သည်။

လျူယောင် ရေပုံးထဲကို လက်ဆန့်ကာ လိပ်ကို ဖမ်းလိုက်သည်။



မထင်မှတ်ပဲ လိပ်က လက်ကို ကိုက်လိုက်တာကြောင့် လျူယောင် နာကျင်မှုကြောင့် အော်ဟစ်လိုက်ရသည်။