Ch 9
Viewers 3k

👑 Chapter 9

👑 Why Haven’t They Left Yet?


“အဲ့လိုလား…”


ယွဲ့လင်း၏လေးလံအေးစက်နေသောအသံ ရုတ်တရက် ထွက်ပေါ်လာလေသည်။


ကြင်ယာတော်သဲ့ ကြက်သေသေသွားပြီး နောက်လှည့်ကြည့်လိုက်ရာ မီးသွေးနှင့် အခါတစ်ရာလောက်ပွတ်ခံထားထိသကဲ့သို့ မှောင်မိုက်နေသည့် ယွဲ့လင်း၏မျက်နှာကို မြင်လိုက်ရသည်။


“အရှင်မင်းကြီး”


ကျန်းကျီမြောင် ချက်ချင်းမတ်တပ်ရပ်လိုက်ပြီး အားလုံးရှေ့မှဦးဆောင်ကာ ယွဲ့လင်းအား ဦးညွှတ်ဂါဝရ ပြုလိုက်သည်။


တခြားသူတွေလည်း အခြေအနေကို နားလည်သွားကြပြီး ယွဲ့လင်းအား ဂါဝရအမြန်ပြုလိုက်ကြလေသည်။


“အတော်လေး စည်ကားသိုက်မြိုက်နေကြပါရော့လား” 


ယွဲလင်း အံကြိတ်လျက် ပြောလိုက်သည်။


ဒါလား သူ့ မိဖုရား!


ဒါလား သူ့ကြင်ယာတော်တွေဆိုတာ!


ယဉ်ကျေးသိမ်မွေ့ပြီး ကျက်သရေရှိလှပါတဲ့ အမျိုးသမီးတွေ ဘယ်ရောက်သွားပြီလဲ!


ထိုစကားလုံးလှလှများက ဒီကိုယ်လုပ်တော်များနှင့် လား လားမှမသက်ဆိုင်ဟု ယွဲ့လင်း ခံစားနေရပါပြီ။


“အနောက်ဆောင်က ပျင်းစရာကောင်းလို့လေ၊ ကြင်ယာတော်လေးတွေ အချိန်ဖြုန်းလို့ရအောင် ဒီအရှင်မ စီစဉ်ပေးထားရုံပါ”


ကျန်းကျီမြောင် ပြုံးလိုက်သည်။ သူ့ မျက်ဝန်းတွေထဲမှာတော့ ကရုဏာသက်မှု၊ စိတ်မကောင်းဖြစ်မှု အရိပ်အ ယောင်တချို့ကျန်ရှိနေသေးသည်။


[ယွဲ့ဟွာနဲ့ လင်းချင်ချင်တို့အကြောင်း အရှင်မင်းကြီး သိများသွားပြီလား ? သူ့ကို ဦးထုပ်စိမ်းတစ်လုံးလက်ဆောင်ပေးပြီး သွယ်ဝိုက်တဲ့နည်းနဲ့ အသိပေးလိုက်ရမလား ?]


ယွဲ့လင်း မျက်နှာ ချက်ချင်းဆိုသလိုအေးခဲသွားသည်။


ကျန်းကျီမြောင်အား ကြောက်စရာကောင်းသော မျက်လုံးများဖြင့် စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။


ဒီကျန်းကျီမြောင် ဘယ်လောက်တောင် သိထားတာလဲ!


ယွဲ့ဟွာနဲ့ ကြင်ယာတော်လင်းတို့၏ဖောက်ပြားမှုအကြောင်းကို ယွဲ့လင်းသိနေခဲ့သည်တာ ကြာပြီဖြစ်သည်။ ထို့ကြောင့်လည်း ထူးချွန်ပြောင်မြောက်လှပါသည်ဆိုသော သူ့ညီ‌ေတာ်အထင်လွဲအောင် ကြင်ယာတော်လင်းတစ်ယောက် တည်းကိုသာ စွဲလမ်းတပ်မက်နေသကဲ့သို့ သူ ဟန်ဆောင် ခဲ့ခြင်းဖြစ်သည်။


ထိုသို့ထိပ်တန်းလျှို့ဝှက်ချက်အား ကျန်းကျီမြောင် သိနေစရာအကြောင်းမရှိပေ။


ယွဲ့လင်း မျက်နှာထား ဆက်တိုက်ဆိုသလိုပြောင်းလဲနေ သည်။


ကျန်းကျီမြောင်ကတော့ ဘာမှ သတိမထားမိ‌ချေ။ သူ့ အမြင်တွင် ယွဲ့လင်းသည် အမြဲတမ်းစိတ်အပြောင်းလဲမြန်သူဖြစ်ကာ ခန့်မှန်းရခက်သူလည်းဖြစ်၏။


ထိုမျက်နှာပေးမျိုးကို မြင်ဖူးနေပြီးသားဖြစ်သည့် ကိုယ် လုပ်တော်များကတော့ သဘောပေါက်နားလည်သွားကြသည်။


အရှင်မင်းကြီးလည်း အရှင်မရဲ့အတွေးတွေကို ကြားနေရတာများလား!


အားလုံး မျက်လုံးများ ပြူးကျယ်သွားကြသည်။


ပန်းသေပန်းညှိုးကိစ္စမှ စလို့ ယခု ဦးထုပ်စိမ်းဆောင်းရသည့် ကိစ္စအထိ သူမတို့ရဲ့ အရှင်မင်းကြီး ဘယ်လိုတွေ ခံစားနေရမလဲ သိချင်နေပါပြီနော်။


ယွဲ့လင်းက ကျောက်ရုပ်တစ်ရုပ်လို ရပ်တန့်နေသည်။ ဘာမှ နားမလည်သည့် ကျန်းကျီမြောင်ကမူ ရိုးရိုးသားသား ဖိတ်ကြားလိုက်သည်။ 


“ဒီမိဖုရားတို့နဲ့ မာကျောက်လေး တစ်ပွဲ နှစ်ပွဲလောက် ဝင်ကစားပါဦးလား အရှင်မင်းကြီး”


ကျန်းကျီမြောင် မာကျောက်ဟုခေါ်လိုက်သည့် ထူးထူး ဆန်းဆန်း အတုံးတွေကိုကြည့်ရင်း ယွဲလင်း နှုတ်ခမ်း တွန့်သွားသည်။ ထို့နောက် ခံစားချက်မဲ့စွာငြင်းဆန်လိုက်ပါသည်။ 


“မလိုဘူး”


“ဒါဖြင့် အရှင်မင်းကြီး ဘာကိစ္စနဲ့…”


ကျန်းကျီမြောင် ဇဝေဇဝါဖြစ်သွားလေသည်။


အပန်းဖြေဖို့မဟုတ်ရင် ယွဲလင်းက ဘာလုပ်ဖို့ ဒီကို ရောက်လာခဲ့တာလဲ…


ယွဲလင်း အသက်ဝဝရှူလိုက်သည်။ မနေ့ညက ကျန်းကျီမြောင်အား ‘ကြင်နာ’ခဲ့ပြီးဖြစ်သဖြင့် ရာထူးအဆင့်အရ ကြည့်လျှင် ဒီနေ့ည ကြင်ယာတော်သဲ့နန်းဆောင်ဆီကြွ မြန်းရမှာ ဖြစ်ပေသည်။


ထို့ကြောင့် ကြင်ယာတော်သဲ့ထံ ယွဲလင်း လှမ်းကြည့်လိုက်သည်။


ကြင်ယာတော်သဲ့မှာ ယွဲလင်းအား အရေးပင်စိုက်မနေချေ။ အောက်ရှိ မာကျောက်စားပွဲကိုသာ စိတ်ဝင်တစားငုံ့ကြည့်နေတော့သည်။


အရှင်မင်းကြီး ဘာလို့ ပြန်မကြွသေးတာလဲ ?


သူ ဒီမှာရှိနေရင် အရှင်မက ဇာတ်လမ်းတွဲကိုတောင် ဆက်မကြည့်ဘဲ ရပ်ထားရတာ!


ပြီးတော့ မာကျောက်ကစားပွဲမှာ သူ နိုင်ခါနီးမှ အရှင်မင်း ကြီးက ဝင်နှောင့်ယှက်လိုက်သေးတယ်!


ကြင်ယာတော်သဲ့ အပြုအမူများကိုမြင်ပြီး ကြင်ယာတော် ချန်ရှုယိထံ ယွဲ့လင်း ခံစားချက်မဲ့စွာလှမ်းကြည့်လိုက်ပြန် သည်။


လက်ရှိမှာ မိဖုရားကြီးအောက်တွင် ကြင်ယာတော်သဲ့သည် ရာထူးအဆင့် အမြင့်ဆုံးဖြစ်သည်။ သူမ နောက်တွင် အဆင့် ၉ ဖြစ်ကြသော ကြင်ယာတော်ချန်ရှုယိနဲ့ ကြင်ယာတော် အန်းကျောက်ရီတို့ ရှိကြသည်။


ကြင်ယာတော်ချန်ရှုယိ ဖခင်ဖြစ်သူ ဝန်ကြီးချန်မှာ လတ်တ လော သူ့ညီတော်ယွဲ့ဟွာနှင့် အတော်လေးရင်းနှီးပတ်သတ်မှုရှိနေသည်ဟု ယွဲ့လင်း ကြားသိရသည်။ ထို့ကြောင့် ကြင်ယာတော်ချန်ရှုယိ နန်းဆောင်သို့ကြွမြန်းပြီး မသိမသာ စုံစမ်းစစ်ဆေးလိုက်လျှင် သူ သိချင်တာ သိရနိုင်သည်။


ကြင်ယာတော်ချန်ရှုယိကမူ ကြမ်းပြင်ကိုသာ ငုံ့ကြည့်နေခဲ့သည်။ 


ယွဲလင်း၏အကြံအစည်ကို သူမ အနည်းနဲ့အများ ခန့်မှန်းမိသည်။ သို့သော်… သူမ ခန်းဆောင်နီအိပ်မက် ကြည့်လို့ မပြီးသေးပါ။


ထို့အပြင် မွန်းလွဲချိန်ရောက်လျှင်လည်း အရှင်မနှင့် အတူ တော်ဝင်ဥယျာဉ်ထဲ အတွဲသွားချောင်းရဦးပေမည်။


တစ်နေကုန်လုပ်စရာများ များပြားလွန်းလှသဖြင့် ယွဲ့လင်းအား အဖော်ပြုပေးဖို့ရာ အချိန်ရှိမည်မဟုတ်ပေ။


ယွဲ့လင်း: “…”


ယွဲ့လင်း အတော်လေးနာကျင်သွားသည်။


သို့သော် အံကြိတ်ကာ အားတင်းလျက် သူ ပြောလိုက်သည်။ 


“ဘာမှ မဟုတ်တော့ဘူး ဆက်ကစားကြ!”


ယွဲလင်း ဒေါသတွေကို မနည်းချုပ်တည်းထားရမှန်းအား လုံးမြင်နိုင်သည်။


ထို့နောက် ယွဲ့လင်း လှည့်ထွက်သွားခဲ့သည်။ 


စိတ်ထဲမှလည်း မျှော်လင့်နေမိသည်။ သူ့နောက်သို့ တစ်စုံ တစ်ယောက်ပြေးလိုက်လာပြီး ထွက်မသွားဖို့ တားလိမ့်မည်ဟု သူ မျှော်လင့်နေမိသည်။


သို့သော်…


ခန်းဆောင်အပြင်ဘက် ယွဲ့လင်း ရောက်သည်နှင့်တစ်ပြိုင် နက် အထဲမှဆူညံပွက်လောရိုက်သံတွေ ပြန်လာ်ထွက်ပေါ် လာခဲ့သည်။


“လာကြ လာကြ ဆက်ကစားကြမယ်!”


“ငါ ကံကောင်းတော့မယ်လို့ ခံစားနေရတယ် ဟေ့!”


ကျန်းကျီမြောင်လည်း ခန်းဆောင်နီအိပ်မက်ကို ဆက်ဖွင့်ကြည့်နေလိုက်သည်။


ခန်းဆောင်ဝတွင် ယွဲ့လင်း၏ခြေလှမ်းများ ရပ်တန့်သွားခဲ့ရသည်။


ဒီခန်းဆောင်နီဆိုတာ… စိတ်ဝင်စားစရာတော့ ကောင်းသားပဲ။


“အရှင်မင်းကြီး…”


လီသဲ့ဟွိုက် ဇောချွေးတွေပြန်နေလေပြီ။ ယွဲ့လင်းထံ မဝံ့ မရဲကြည့်ရင်း ကြင်ယာတော်များကြောင့် သူ စိတ်မထိန်းနိုင်ဘဲ ချက်ချင်းဆိုသလို ပေါက်ကွဲသောင်းကျန်းမည်ကို စိုးရိမ်ကြောက်ရွံ့နေရသည်။


ဘုရား ဘုရား…!


ဒီကိုယ်လုပ်တော်တွေ တော်တော် တရားလွန်ပါလား!


အရှင်မင်းကြီး ကိုယ်တိုင်ကိုယ်ကျ ကြွမြန်းလာသော်လည်း မည်သူမှ အားကြိုးမာန်တက် လာရောက်ကြိုဆိုခြင်းအလျင်းမရှိခဲ့ပေ။ အခစားဝင်ဖို့လည်း မည်သူမှမစဉ်းစားကြသဘလို အားလုံး မိဖုရားကြီးကိုသာ ကပ်ဖားရပ်ဖားလုပ်ရင်း အလုပ်ရှုပ်နေကြသည်။


ဒါ…


ဘယ်လိုတွေ ဖြစ်နေတာလဲ!


ခန်းဆောင်ဝ၌ ယွဲ့လင်း အချိန်အတော်ကြာအောင် မတ်တပ်ရပ်နေခဲ့သည်။ သို့သော် သူ့အား စိုးရိမ်ပူပန်စွာဝိုင်းကြည့်နေကြသည့် အစေခံများကိုသတိထားမိသွားပြီး ခေါင်းမော့ ရင်ကော့ကာပြောလိုက်ရသည်။ 


“တော်ဝင်စာကြည့်ဆောင်ကို ပြန်ကြွမယ်!”


လီသဲ့ဟွိုက်လည်း အမိန့်ကို အမြန်နာခံလိုက်ပါသည်။


ခန်းဆောင်နီအိပ်မက်မှာ စိတ်ဝင်စားစရာကောင်းသော် လည်း ယွဲ့လင်းသည် အချစ်ဇာတ်လမ်းများအား စိတ်ဝင် စားတတ်သူ မဟုတ်ပေ။


--- --- ---


အချိန်အတန်ကြာပြီးနောက်…


“နေ့လယ်စာသုံးဆောင်ဖို့ အချိန်ကျပါပြီ အရှင်မ” 


ကျွေ့ယွဲ့ ဂရုပြုလျက် အသိပေးလိုက်သည်။


အခြွေအရံခေါင်းဆောင် ဖြစ်သည့်အလျောက် ကျွေ့ယွဲ အလွန်စိုးရိမ်ပူပန်နေရရှာသည်။


ဖုန့်ယီနန်းဆောင်သို့ အရှင်မင်းကြီးထူးထူးခြားခြားကြွမြန်း လာခဲ့သော်လည်း မှောင်မိုက်သောမျက်နှာဖြင့်သာပြန် လည်ထွက်ခွာသွားခဲ့ရသည်။


၎င်းတို့အရှင်မထံ အရှင်မင်းကြီးအား စိတ်ကျေနပ်အောင် လုပ်ပေးဖို့ရာ စိတ်ကူးလုံးဝရှိမည့်ပုံမပေါ်ချေ။


ကံကောင်းသည်မှာ တခြားကိုယ်လုပ်တော်များသည်လည်း ပါးနပ်မှုသိပ်မရှိကြပေ။


အရှင်မင်းကြီးထံ မည်သူမှ မျက်နှာလိုမျက်နှာရလုပ်ခြင်းမျိုးမရှိခဲ့သဖြင့် အရှင်မ၏ရိုင်းပျမှုအား သိပ်ပြီးမသိသာစေခဲ့ပေ။


“နေ့လယ်စာ သုံးဆောင်ချိန်တန်ပြီ” 


ကျန်းကျီမြောင် ကိုယ်လုပ်တော်များကို ကြည့်လျက်ပြောလိုက်သည်။


“ဒီကြင်ယာတော်က အရှင်မနဲ့တကယ် မခွဲနိုင်လို့ပါ၊ ဒီကြင်ယာတော် ဖုန့်ယီနန်းဆောင်မှာပဲ နေ့လယ်စာသုံးဆောင်ချင်လို့ ဒီကိုစားသောက်ဖွယ်ရာတွေပို့ပေးဖို့ တော်ဝင်စားဖို ဆောင်ကို ညွှန်ကြားလိုက်လို့ မရဘူးလား”


“ဒီကြင်ယာတော်လည်း အတူတူပါပဲ”


“အရှင်မက ကျက်သရေမင်္ဂလာနဲ့ပြည့်စုံလွန်းလို့ အရှင်မကိုမမြင်ရရင် ဒီကြင်ယာတော် စိတ်မတည်မငြိမ်တောင် ဖြစ်ရပါတယ်”


“သူ လိမ်နေတာ အရှင်မ! တကယ်တမ်း စိတ်မတည်မငြိမ်ဖြစ်နေတာက ဒီကြင်ယာတော်ပါ! မယုံရင် အနားကပ်ပြီး နားဆင်ကြည့်ပါ၊ ဒီကြင်ယာတော်ရဲ့နှလုံးခုန်သံတွေ ဘယ် လောက်တောင်မှမြန်ဆန်နေလဲ အရှင်မ ကြားသိရပါလိမ့်မယ်!’


ကျန်းကျီမြောင် ခေါင်းခဲသွားရတော့သည်။


ယွဲ့လင်းမှာ ကိုယ်လုပ်တော်တွေ များများစားစားမရှိသေး တာ ကံကောင်းသည်ဟုဆိုရမည်။


အနောက်ဆောင်မှာ ကိုယ်လုပ်တော်အယောက် သုံးထောင်လောက်ရှိပြီး တစ်ယောက်ချင်းစီတိုင်းသာ ဒီလိုအချိုးမျိုး ချိုးနေလျှင် ကျန်းကျီမြောင် အသက်ရှူကြပ်ပြီးသေသွားနိုင်သည်။


“ကျွေ့ယွဲ စားသောက်ဖွယ်ရာတွေ ဒီကိုသာပို့ပေးဖို့ တော်ဝန်စားဖိုဆောင်ကို သွားပြောလိုက်ပါ ” ကျန်းကျီမြောင် ညွှန်ကြားလိုက်ရသည်။


ကိုယ်လုပ်တော်များအပျော်လွန်သွားစဉ် ကျန်းကျီမြောင်သတိပေးလိုက်သည်။


“ဒါပေမယ့် နေ့လယ်စာ သုံးဆောင်ပြီးရင်တော့ ကိုယ့်နန်းဆောင်ကိုယ်ပြန်ရမယ်နော်၊ ဒီအရှင်မက နေ့ခင်းနေ့လယ် အိပ်စက်အနားယူတတ်လို့ ဘယ်သူ့ကိုမှဧည့်ခံနိုင်မှာ မဟုတ်ဘူး”


[မြန်မြန် ပြန်ကြစမ်းပါဟ! ဒီနေ့မွန်းလွဲချိန်တော်ဝင်ဥယျာဉ်ထဲက အတင်းအဖျင်းကိုလည်း သွားချောင်းကြည့်ရဦးမယ်! နင်တို့ အကုန်လုံးကို ခေါ်သွားလို့မရဘူးဟဲ့!]


ကိုယ်လုပ်တော်များအားလုံး မျက်လုံးများဂနာမငြိမ် ဖြစ်သွားကြသည်။


ဒီလောက်အရေးကြီးတဲ့ အတင်းအဖျင်းကို သူတို့လည်း လက်လွှတ်ခံလို့ဖြစ်ပါ့မလား!


မွန်းလွဲချိန် တော်ဝင်ဥယျာဉ်ထဲမှာ ဟုတ်တယ် ဟုတ်…


မွန်းလွဲချိန်ရောက်သည့်အခါ ပန်းကလေးတွေကြည့်ဖို့ တော်ဝင်ဥယျာဉ်ထဲ ‘တိုက်တိုက်ဆိုင်ဆိုင်’ လမ်းလျှောက်ထွက်လိုက်လျှင် ဘာမှ သံသယဖြစ်စရာမရှိလောက်ပေ။


“အရှင်မရဲ့ အမိန့်တော်အတိုင်းပါ” 


ကြင်ယာတော်ချန်ရှုယိ ကျိုးနွံစွာပြောလိုက်သည်။


အားလုံးလည်း ထိုနည်းလည်းကောင်းပင်။


နေ့လယ်စာသုံးဆောင်ဖို့ရာ ဖုန့်ယီနန်းဆောင်၌ စားပွဲများစွာတည်ခင်းခဲ့ရသည်။


နေ့လယ်စာသုံးဆောင်နေစဉ် ကျန်းကျီမြောင် ဇာတ်လမ်းတွဲဖွင့်ထားခြင်းကြောင့်လား မသိနိုင်သော်လည်း ကိုယ် လုပ်တော်များအားလုံး ပုံမှန်ထက်ပိုစားဝင်ခဲ့ကြလေသည်။


ကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ ကိုယ်လုပ်တော်အား လုံး ပုံမှန်စားနေကျပမာဏထက် အဆပေါင်းများစွာစားသောက်နိုင်ခဲ့ကြသည်။


ထိုမြင်ကွင်းကိုမြင်ပြီး ကျန်းကျီမြောင် အတည်ပြုနိုင်ခဲ့တာ တစ်ခုရှိသည်။


ယွဲလင်းက စားနိုင်သောက်နိုင်တဲ့ လူတွေကိုပဲ ကိုယ်လုပ် တော်အဖြစ် ရွေးချယ်ထားတာဖြစ်နိုင်တယ်။


ဒါဆို အစားအသောက် သောင်းကျန်းလေလေ၊ ကိုယ်လုပ် တော်အဖြစ် ရွေးချယ်ခံရဖို့ ရာခိုင်နှုန်းများလေလေပေါ့…


ကံကောင်းစွာဖြင့် နေ့လယ်စာသုံးဆောင်ပြီးနောက် ကိုယ် လုပ်တော်များအာလုံး မိမိနေရပ်သို့ပြန်သွားကြတော့ သည်။


ကျန်းကျီမြောင်လည်း ဇာတ်လမ်းတွဲအား မရပ်မနားကြည့်ရသည်မှာ ပင်ပန်းလာပြီဖြစ်သည်။ အစာကြေမြန်အောင် လမ်းအနည်းငယ်လျှောက်လိုက်ပြီးနောက် ခေတ္တအိပ်စက်အနားယူဖို့ဖို့ အိပ်ခုံပေါ်သက်တောင့်သက်သာ လှဲလျောင်းလိုက်သည်။


ပြူတင်းပေါက်များဖွင့်ထားသဖြင့် လေပြည်လေညှင်းလေးတွေကလည်း တိုးဝင်နေသည်။


နာရီဝက်ခန့်ကြာလျှင် သူ့အား ပြန်နှိုးဖို့ ကျွေ့ယွဲကိုညွှန်ကြားပြီးနောက် ကျန်းကျီမြောင် မျက်လုံးများကိုမှေးစက်လိုက်တော့သည်။


ကြည့်စရာဇာတ်လမ်းတွဲသာမရှိလျှင် မနေ့ညနဲ့ ဒီမနက်တုန်းက စိတ်ညစ်စရာအဖြစ်အပျက်များကြောင့် ကျန်းကျီမြောင် ညမိုးချုပ်သည်အထိ ဆက်အိပ်မိလောက်သည်။ 


ညွှန်ကြားထားသည့်အချိန်ကိုရောက်သောအခါ ကျွေ့ယွဲက ကျန်းကျီမြောင်ကို ညင်ညင်သာသာခေါ်နှိုးခဲ့သည်။


ကျန်းကျီမြောင် သန်းဝေလိုက်ပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ အိပ်ချင်မူးတူး ဖြစ်နေဆဲပင်။


ထိုစဉ် သူမအာရုံထဲ ရုတ်တရက်ဆိုသလို စနစ်အသံထွက်ပေါ်လာခဲ့လေသည်။


“အချိန်အကန့်အသတ်ရှိသော အတင်းအဖျင်းမစ်ရှင်ကို တခမ်းတနားပေးအပ်လိုက်ပါပြီ!”