Chapter 62
Viewers 2k

【Volume 3 : ကံဆိုးခြင်းနတ်ဘုရားလေး ၁၀】


Chapter 62


ယဲ့ဖေးကျိုးသည် ဂိမ်းဖန်သားပြင်ပေါ်က အထုပ်ကို ဖွင့်ကို သူကိုယ်တိုင် မဲနှိုက်ထားသော ထူးခြားဆန်းပြားသလင်းကျောက်ကို အထပ်ထပ်အခါခါ ကြည့်နေသည်။ သူ၏ပယင်းရောင်မျက်ဆန်များသည် ပျော်ရွှင်မှုအပြည့်နှင့် သလင်းကျောက်ကဲ့သို့ တောက်ပနေသည်။


ရှန်ရှင်ယွင်သည် ယဲ့ဖေးကျိုး၏စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေသောမျက်နှာကို စူးစိုက်ကြည့်နေမိသည်။ သူ၏ဖြူဖွေးသောအသားအရေက ရဲတွက်နေပြီး ယဲ့ဖေးကျိုး၏သေးငယ်ချွန်ထက်သောမျက်နှာက နွေဦးရာသီက မက်မွန်သီးပွင့်ဖက်လို ဖြစ်နေသည်။


"ဟူး… ကျွန်တော် စာလုပ်တော့မယ်" ယဲ့ဖေးကျိုးသည် သူ့စိတ်လှုပ်ရှားမှုတွေကို ဖြေဖျောက်ရန် အသက်ပြင်းပြင်းရှူလိုက်ပြီး ဂိမ်းကနေ တုံ့ဆိုင်းစွာ ထွက်ကာ ကွန်ပျူတာကို ပိတ်လိုက်ပြီး အလွန်ဉာဏ်ရှိစွာ ပြောသည်။ "ကျွန်တော့်အိမ်စာပြီးမှ ထပ်ကစားမယ်"


"ကောင်းတယ်" ရှန်ရှင်ယွင်သည် ယဲ့ဖေးကျိုး၏ခါးတစ်ဝိုက်က သူ့လက်မောင်းများကို တင်းကျပ်လိုက်ရင်း ကောင်လေး၏နူးညံ့သောကုပ်ပိုးကို အနမ်းပေးပြီး အပြုံးဖြင့် ပြောသည်။ "မင်းက အရမ်းကြိုးစားနေတာပဲ"


ယဲ့ဖေးကျိုးသည် ရှန်ရှင်ယွင်ပေါ်မှဆင်းကာ သူ့စားပွဲတွင် ထိုင်ချလိုက်ရင်း သင်္ချာစာရွက်တစ်ရွက်ကို ဖြန်ပြီး သူ့ကိုယ်သူ စိတ်ကိုဖမ်းယူလိုက်သည်။ "ကျွန်တော်က သင်ယူရတာ နှစ်သက်တယ်၊ သင်ယူရတာက ကျွန်တော့်ကို ပျော်ရွှင်စေတယ်"


ရှန်ရှင်ယွင်က မနေနိုင်ဘဲ ရယ်လိုက်သည်။


ယဲ့ဖေးကျိုးသည် သူ့ခေါင်းကို ပုစ္ဆာတစ်ပုဒ်ရေးရာတွင် မြုပ်ထားပြီးနောက် ရုတ်တရက် ရှန်ရှင်ယွင်ကို မော့ကြည့်ပြီး ရှင်းပြသည်။ "ဒီစာမေးပွဲကြီးမှာ ကျွန်တော့်အဆင့်တွေမကျရင် ဒီနွေရာသီမှာ တစ်ယောက်တည်း ခရီးထွက်ခွင့်ပေးမယ်လို့ ကျွန်တော့်မိဘတွေက ပြောတယ်"


"ကောင်းတာပေါ့" ရှန်ရှင်ယွင်သည် အနည်းငယ်ပြုံးပြီးနောက် ဘာမှမပြောချေ။


"..." ယဲ့ဖေးကျိုးသည် ပါးစပ်ကိုဖွင့်လိုက်ပြီးနောက် တိတ်တိတ်လေးပိတ်လိုက်ကာ စာရွက်ပေါ်တွင် သူ့ခေါင်းကို မြုပ်ထားသည်။


ရှန်ရှင်ယွင်က သူနဲ့အတူ လိုက်ခဲ့ဖို့ တောင်းဆိုလိမ့်မယ်လို့ ထင်ခဲ့ပေမဲ့ သူက အကြောင်းအရာကို အလွယ်တကူကျော်သွားတယ်။ အဲဒါက သူ့ပုံစံနဲ့ လုံးဝမကိုက်ဘူး။


ရှန်ရှင်ယွင်သည် ဖုန်းကိုငုံ့ကြည့်ပြီး တစ်ခါတစ်ရံ ယဲ့ဖေးကျိုးကို နူးညံ့သောအမူအရာဖြင့် လှမ်းကြည့်သည်။ စာကြည့်ခန်းက အပ်ကျသံရလောက်အောင် တိတ်ဆိတ်လွန်းသဖြင့် စာရွက်ပေါ်တွင် ဘောပင်ထိပ်ဖျားအသံကိုသာ ကြားရသည်။ အချိန်သည် နွေးထွေးသောပယင်းရောင်အဖြစ်သို့ အေးခဲသွားသလို အဆုံးမရှိဆန့်တန်းနေသည်။


သူ မသိလိုက်ထင် သင်္ချာစာရွက်တစ်အုပ်တွင် စာရေးခြင်းများဖြင့် ပြည့်သွားသည်။


"ပြီးပြီ" ယဲ့ဖေးကျိုးသည် ရုတ်တရက် သူ့ဘောပင်ကို ချလိုက်ပြီး နံရံမှာ ချိတ်ထားသောနာရီကို မော့ကြည့်ကာ ဘဝင်ကျစွာ ပြောလိုက်သည်။ "ဒါက စာမေးပွဲဆိုရင် ကျွန်တော် စာရွက်မပေးခင် နာရီဝက်လောက်ရှိသေးတယ်။ စာပြန်စစ်ဖို့ ကျွန်တော့်မှာ နာရီဝက်အချိန်ရှိတယ်" 


"ကိုယ့်အချစ်လေးက အရမ်းမိုက်တာပဲ" ရှန်ရှင်ယွင်သည် စားပွဲပေါ်ကိုင်းညွှတ်ကာ မေးထောက်ပြီး ယဲ့ဖေးကျိုးကိုကြည့်နေသော သူ့မျက်လုံးများက မဖုံးကွယ်ထားသော ချစ်ခင်ကြင်နာမှုနှင့် နူးညံ့မှုများဖြင့် ပြည့်နေသည်။


ယဲ့ဖေးကျိုးသည် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်ပြီး ‘ဆရာစာမေးတာကို ရှောင်ရှားရန် ခန္ဓာကိုယ်ကို ရောင်းစားသောပေါ့လျော့သူ’အဖြစ် သူ၏ပုံရိပ်ကို ပြန်လည်ကယ်တင်ရန် ဒါက အခွင့်အရေးကောင်းတစ်ခုဟု ခံစားမိသည်။ ထို့ကြောင့် သူသည် အနည်းငယ်ကြွားလုံးထုတ်ရန် အခွင့်အရေးယူကာ ပြောလိုက်သည်။ "တကယ်တော့ ကျွန်တော်က စာတော်တဲ့ကျောင်းသားတစ်ယောက်ပါ။ အတန်းရဲ့ ထိပ်တန်းဆယ်ယောက်ထဲမှာ ကျွန်တော် အမြဲပါတာ်။ ကျွန်တော့်ရဲ့ရူပဗေဒအမှတ်က အရမ်းနိမ့်နေလို့ပါ။ မဟုတ်ရင် ကျွန်တော် ထိပ်တန်းသုံးယောက်ထဲပါနိုင်…"


နောက်ဆုံးစကားလုံးကို နူးညံ့သောအနမ်းက ဝါးမျိုသွားသည်။ ရှန်ရှင်ယွင်သည် စားပွဲခုံကိုမှီကာ ယဲ့ဖေးကျိုး၏မျက်နှာကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ဘယ်ဘက်ပါး၊ ညာဘက်ပါး၊ နဖူးနှင့် နှာခေါင်းထိပ်တို့ကို နမ်းလိုက်ပြီး နောက်ဆုံးတွင် သူ့နှုတ်ခမ်းကို ဖိကပ်ကာ ဖြည်းဖြည်းချင်းပွတ်သပ်ရင်း ယဲ့ဖေးကျိုး၏ရနံ့ကို ဂရုတစိုက်ရှူရှိုက်နေသကဲ့သို့ ရှည်လျားပြီး နက်ရှိုင်းသော အသက်ရှူသံကို ရှူရှိုက်လိုက်သည်။


"ဘာဖြစ်တာလဲ… ရုတ်တရက်ကြီး… ဒီလိုမျိုး…" ယဲ့ဖေးကျိုးသည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး သူ့မေးခွန်းထုတ်စရာ စကားလုံးများက ရှည်လျားသောအနမ်းများကြောင့် ကွဲအက်သွားကာ သင်္ချာဘာသာဖြင့် နှစ်ခြင်းခံရပြီး တစ်နာရီကျော်ကြာ တည်ငြိမ်နေသော သူ့နှလုံးသားက ရုတ်တရက် ပြင်းထန်စွာ ခုန်ပေါက်လာခဲ့သည်။


"ကိုယ် မင်းကို ဘယ်လောက်သဘောကျသလဲ သိရဲ့လား" ရှန်ရှင်ယွင်၏လေသံသည် ဝမ်းနည်းမှုများဖြင့် ရောယှက်နေသည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူ ခေါင်းခါပြီး ကိုယ့်ကိုယ်ကိုယ် နိမ့်ချသော အပြုံးတစ်ခု ပြုံးလိုက်သည်။ "မင်း သေချာပေါက် မသိပါဘူး…"


မှေးမှိန်လာသောဆည်းဆာကြောင့် ကောင်းကင်သည် အိပ်မက်ဆန်သော မက်မွန်ပွင့်ရောင်ဖြင့် အရောင်သန်းလာသည်။ မိုးကုပ်စက်ဝိုင်းကိုဖြတ်၍ ရွေ့လျားနေသော မိုးတိမ်များသည် နေဝင်ချိန်ကို ဖုံးကွယ်ထားသော်လည်း ရွှေရောင်သွန်းနေသော အနားသတ်များက လျှို့ဝှက်ချက်ကို ထုတ်ဖော်နေသည်။ ရွှေရောင်တောက်တောက်ဖြင့် ရေးဆွဲထားသော မိုးတိမ်များသည် ရှန်ရှင်ယွင်၏မျက်လုံးများတွင် ထင်ဟပ်နေပြီး သူ၏အကြည့်ကို မိုးတိမ်များကဲ့သို့ နူးညံ့သိမ်မွေ့စေသည်။ 


"ကျွန်တော်…" ယဲ့ဖေးကျိုးသည် သူ့နားစည်များ တုန်ခါလာတာကို ခံစားရင်း သူ့နှလုံးခုန်သံက တဒိတ်ဒိတ်ခုန်နေတာကို သူ့ကိုယ်သူတွေးနေမိသည်။


မည်သို့ပင်ဖြစ်စေ လူနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် သိပ်ကြာကြာမသိကြသေးဘဲ ဆက်ဆံရေးမတည်ဆောက်ခင်အချိန်ကတောင် ပိုတိုတောင်းခဲ့သည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းမသိကြသလို စိတ်ခံစားချက်အခြေခံလည်းမရှိဘဲ တစ်ယောက်၏ဝါသနာများလိုမျိုး အခြေခံအရာများကိုတောင် ရှင်းရှင်းလင်းလင်းမသိကြပေ။ တစ်ယောက်ကိုတစ်ယောက် 'သဘောကျ'သလိုမျိုး အရေးကြီးသောခံစားချက်နှင့် ကိုက်ညီအောင် လေးနက်သော သို့မဟုတ် မြင့်မြတ်သော အကြောင်းပြချက်များကို သူတို့မရှာနိုင်ကြပေ။


သို့ပေမယ့်လည်း အမှန်တရားတွေ အများကြီးရှိသေးသည်။


ဒါပေမဲ့……


ကောင်းကင်မှ နွေးထွေးပြီး ခပ်ဖျော့ဖျော့ပန်းရောင်လေပြည်သည် သူတို့နှစ်ယောက်ကြားရှိ ကျဉ်းမြောင်းသောနေရာမှ ဖြတ်သန်းသွားသည်။ ခဏအတွင်းတွင် ဤလေပြည်ကြောင့် တစ်စုံတစ်ရာခံစားချက်များ ဖြစ်ပေါ်လာသကဲ့သို့ ယဲ့ဖေးကျိုးသည် အသက်ကိုပြင်းပြင်းရှူကာ သတ္တိကို စုစည်းပြီး တိုးတိုးလေးပြောလိုက်သည်။ "တကယ်တော့ ကျွန်တော်လည်း ခင်ဗျားကို သဘောကျပါတယ်"


ခွဲ၍မရသောအဆင့်အထိ သူမချစ်မိသေးသော်လည်း ဒါက ရှင်းရှင်းလင်းလင်းနှင့် ငြင်း၍မရသောအချစ်ဖြစ်သည်။


ရှန်ရှင်ယွင်၏ မျက်လုံးများသည် တဖြည်းဖြည်း တောက်ပလာသည်။


"ခင်ဗျားလည်း သတိထားမိတယ်မလား… ကျွန်တော် ခင်ဗျားကိုမြင်တိုင်း ရှက်နေတာ" ကောင်လေးသည် ညည်းညူလိုက်ပြီး သူ့အသံထဲတွင် စိတ်ပျက်အားငယ်မှုနှင့် ရှက်ရွံ့မှုများ ရောထွေးနေသည်။


ငါ ဒီလိုမျိုးမဖြစ်ချင်ဘူး၊ ဒါက အရမ်းမမိုက်ဘူးလို့ ခံစားရပေမဲ့ သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘူး။


"ကိုယ်လည်းပဲ" ရှန်ရှင်ယွင်သည် သူ့မျက်နှာကို လက်ညှိုးထိုးပြပြီး နူးညံ့စွာ ပြောသည်။ "ကိုယ်မင်းကိုတွေ့တိုင်း ရှက်နေတာပဲလေ"


ယဲ့ဖေးကျိုးသည် အနည်းငယ် စိတ်အဆင်မပြေဖြစ်နေသည်။ "ခင်ဗျားက တကယ်မကောင်းတဲ့လူပဲ"


သူက လူဆိုးတစ်ယောက်လို ကျွမ်းကျင်မှန်း သိသာတယ်။


ရှန်ရှင်ယွင်သည် တခစ်ခစ်ရယ်ပြီး ယဲ့ဖေးကျိုး၏လက်ကို ကိုင်ကာ သူ့ပါးပြင်ဆီ ဖိလိုက်ရင်း မျက်လုံးမှိတ်ပြသည်။ "ကိုယ်က အရေထူပြီး အရောင်မပေါ်ဘူး။ ဒါပေမဲ့ ထိကြည့်လိုက်၊ နည်းနည်းပူနေတယ်မလား"


ယဲ့ဖေးကျိုးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "ခင်ဗျား အရေထူမှန်းတော့ သိသားပဲ…"


"ပြီးတော့ ကိုယ့်နှလုံးခုန်သံက မြန်နေတယ်" ရှန်ရှင်ယွင်သည် ယဲ့ဖေးကျိုး၏လက်ကို သူ့ရင်ဘတ်ပေါ်တင်ပြီး သူ့ပါးစပ်ဖြင့် နှလုံးခုန်သံကို တုပနေသည်။ "ဒုတ် ဒုတ် ဒုတ်…"


"ကျွန်တော့်နှလုံးခုန်သံလည်း မြန်တယ်" ယဲ့ဖေးကျိုးက မျက်လွှာချလိုက်သည်။


"ဒါဆို ကိုယ်ထိကြည့်မယ်" ရှန်ရှင်ယွင်သည် သူ၏ပုံစံအစစ်ကို ကျီစယ်သောအပြုံးဖြင့် ဖော်ပြပြီး ယဲ့ဖေးကျိုး၏ပိန်ပါးသောရင်ဘတ်ပေါ် လက်တင်ကာ ညှစ်လိုက်သည်။


လေတိုက်သလိုမျိုး အလွန်မြန်နေသည်။


ယဲ့ဖေးကျိုးသည် ကြည်နူးစရာခံစားချက်များတွင် နှစ်မြုပ်နေသေးပြီး သူ့ကိုယ်သူ သတိပြန်လည်အောင်မလုပ်နိုင်သေးပေ… 


အကျင့်မကောင်းတဲ့လူဆိုး။


ရှန်ရှင်ယွင်က သုံးသပ်လေသည်။ "အသားလည်းမရှိဘူး"


ယဲ့ဖေးကျိုးသည် မျက်နှာနီရဲပြီး အံကြိတ်ကာ ပြောသည်။ "အဓိပ္ပါယ်မရှိတာ"


ရှန်ရှင်ယွင်သည် တစ်ဖက်လူ တုံ့ပြန်ခြင်းမပြုမီ လိုက်စမ်းနေသောလက်ကို ရုပ်သိမ်းလိုက်သည်။ အခြေအနေကို အခွင့်ကောင်းယူပြီးနောက် သူသည် ချစ်ခင်ကြင်နာသည့်အမူအရာသို့ လျင်မြန်စွာ ပြောင်းလဲလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။ "ကိုယ်မအိပ်ခင် ညတိုင်း မင်းအကြောင်းတွေးဖြစ်တယ်"


ယဲ့ဖေးကျိုးသည် ထောင်ချောက်ထဲပြန်ကျသွားကာ ရှန်ရှင်ယွင်နှင့် ခံစားချက်ဖလှယ်ရင်း ရှက်ရွံ့စွာ ပြောလိုက်သည်။ "ကျွန်တော်လည်းပဲ… မနေ့က ကျွန်တော် ခင်ဗျားအကြောင်းတောင် အိပ်မက်မက်ခဲ့တယ်"


"တိုက်ဆိုင်လိုက်တာ၊ မနေ့က ကိုယ်လည်း မင်းအကြောင်း အိပ်မက်မက်ခဲ့တယ်" ရှန်ရှင်ယွင် မျက်တောင်ခတ်လိုက်သည်။ "ကိုယ်တို့ အိပ်မက်အတူတူ မက်ခဲ့လောက်တယ်မလား" 


"ဖြစ်နိုင်တယ်" အပြစ်ကင်းစင်သော သခင်လေးယဲ့သည် သူ့အိပ်မက်ကို စိတ်ဝင်တစား ချက်ချင်းပြောပြသည်။ "ကျွန်တော်တို့ ကမ်းခြေမှာ ဆော့ကစားနေပြီး မြေပြင်မှာ ဆောင့်ကြောင့်ထိုင်ပြီးတော့ ခရုခွံတွေ ကောက်နေတာ…"


"ကိုယ်က ညစ်ညမ်းတဲ့အိပ်မက်မက်ခဲ့တာ" ရှန်ရှင်ယွင်က တိတ်တဆိတ် ကြားဖြတ်လိုက်သည်။


"... " လခွမ်း၊ လူဆိုးကောင်ပဲ။ ယဲ့ဖေးကျိုးသည် အဖြေစာအုပ်ကို အေးစက်စက်ယူလိုက်ပြီး သင်္ချာစာရွက်ဘေးတွင် ချလိုက်သည်။ "ကျွန်တော် အဖြေတိုက်တော့မယ်"


"ကိုယ်မင်းကို အဖြေတိုက်ကူပေးမယ်" ရှန်ရှင်ယွင်သည် ယဲ့ဖေးကျိုး၏ရုတ်တရက် မှုန်မှိုင်းနေသောအကြည့်ကြောင့် ပြုံးရယ်ကာ စာရွက်နှင့် အဖြေစာအုပ်ကို သူ့ဘက်လှည့်လိုက်သည်။ "မင်း အနားသွားယူချေ"


"ဒါဆို ကျွန်တော် အင်္ဂလိပ်ဆက်လုပ်လိုက်မယ်" ယဲ့ဖေးကျိုးသည် ခေါင်းခါပြီး ကြီးမားသော စိတ်အားထက်သန်မှုဖြင့် လေ့ကျင့်ခန်းစာအုပ်ထူကြီးကို ဆွဲယူကာ ခွန်အားအပြည့်ဖြင့် ပြောသည်။ "ကျွန်တော့်ရဲ့အားလပ်ရက်ခရီးအတွက်"


"…" ရှန်ရှင်ယွင်သည် ဘောပင်နီဖြင့် ရှန်ရှင်ယွင်၏အဖြေများကို တိတ်တဆိတ် တိုက်စစ်နေသည်။


ယဲ့ဖေးကျိုးသည် ခဏတာ တုံ့ဆိုင်းသွားပြီး ရှန်ရှင်ယွင်၏လက်ချောင်းထိပ်များကို လှမ်းကိုင်ကာ နူးညံ့စွာ မေးလိုက်သည်။ "ခင်… ခင်ဗျားရော ကျွန်တော်နဲ့ လိုက်ချင်သလား" ရှန်ရှင်ယွင်မဖြေခင် ယဲ့ဖေးကျိုးသည် သူ့ကိုယ်သူ အလျင်အမြန် စတင်ပြောလိုက်သည်။ "ခင်ဗျား ကျွန်တော်နဲ့လိုက်ခဲ့ရင် ကျွန်တော်ပိုပြီးကံကောင်းလောက်တယ်။ မဟုတ်ရင် ကျွန်တော် ဘယ်သွားသွား မိုးရွာတာ၊ မချောမွေ့တဲ့ခရီးစဉ်၊ ရထားနဲ့ လေယာဉ်တွေ နှောင့်နှေးတာ၊ ဟိုတယ်တွေလည်း လူပြည့်နေတာမျိုး ဖြစ်နိုင်တယ်…"


ရှန်ရှင်ယွင်သည် သူ့ကို အပြုံးဖြင့် ကြည့်လိုက်ပြီး "အိုး" ဟု စကားတစ်လုံးသာ ပြောလိုက်သည်။


ယဲ့ဖေးကျိုး: "…"


"ကောင်းပြီ၊ အဓိကအချက်က ကျွန်တော်… ခင်ဗျားကို အတူလိုက်လာစေချင်တယ်" ယဲ့ဖေးကျိုးသည် ကွက်လပ်ဖြည့်သင်ခန်းစာကို အသည်းအသန်လုပ်ဆောင်နေရင်း ပြောလိုက်သည်။


သူ ဘယ်လောက်မှန်မှန် ဖြည့်စွက်နိုင်မလဲတောင် မသိဘူး။


"ကောင်းပြီ၊ ကိုယ် မင်းနဲ့အတူ လိုက်ခဲ့မယ်" ရှန်ရှင်ယွင်သည် လက်ဆန့်ပြီး ယဲ့ဖေးကျိုး၏ဆံပင်ကို ပွတ်သပ်ကာ သူ့မျက်လုံးများတွင် ကျီစယ်သောအလင်းတန်း လင်းလက်လာပြီး ရယ်လိုက်သည်။ "တကယ်တော့ မင်းကိုယ်တိုင်ပြောလာဖို့ ကိုယ်စောင့်နေတာ"


ယဲ့ဖေးကျိုး: "…" 


ငါသဘောကျတဲ့လူက အရမ်းဆိုးတဲ့ဟာသဉာဏ်ရှိတာပဲ။


"အားလုံးအဖြေတိုက်ပြီးပြီ၊ အမှားမရှိဘူး" သုံးမိနစ်ကြာပြီးနောက် ရှန်ရှင်ယွင်သည် ဘောပင်နီဖြင့် အမှန်ခြစ်ထားသော သင်္ချာစာရွက်ကို ရှန်ရှင်ယွင်ဆီ ပေးလိုက်သည်။ "ကိုယ့်အချစ်လေးက အရမ်းဉာဏ်ကောင်းတာပဲ"


"ဟမ်" ယဲ့ဖေးကျိုး စကားအနည်းငယ်ပြောရန် အခွင့်အရေးကို အသုံးချရန် ပြင်ဆင်နေစဉ် အောက်ထပ်ရှိ တံခါးဖွင့်သံကို ရုတ်တရက် ကြားလိုက်ရသည်။ သူ့မိဘများ၏ အသံများကို တံခါးမှတစ်ဆင့် တိုးတိုးလေးကြားနိုင်သည်။ ယဲ့ဖေးကျိုး၏မျက်နှာအမူအရာပြောင်းသွားပြီး တိုးတိုးလေးပြောလိုက်သည်။ "ကျွန်တော့်မိဘတွေ စောစောပြန်ရောက်လာပြီ"


"ကိုယ် ဦးလေးနဲ့ ဒေါ်လေးကို သွားနှုတ်ဆက်လိုက်ရမလား" ရှန်ရှင်ယွင်သည် ယဲ့ဖေးကျိုးကို ခပ်တိုးတိုးပြောလိုက်သည်။ 


ယဲ့ဖေးကျိုးက ထိတ်လန့်သွားသည်။ "မရဘူး" 


ယဲ့ဖေးကျိုး၏သူငယ်ချင်းဆက်ဆံရေးကို သူ့မိဘများက အမြဲတမ်း စောင့်ကြည့်နေတာကြောင့် ကျောင်းသားမဟုတ်သော ရှန်ရှင်ယွင်ကို သူတို့တွေ့လျှင် အတော်လေး ပြဿနာတတ်လိမ့်မည်။ သူတို့နှစ်ယောက် ဘယ်လိုတွေ့ခဲ့သလဲဆိုတာ ရှင်းပြရုံသာမက ရှန်ရှင်ယွင်၏ ဘိုးဘွားမျိုးဆက် ၁၈ ဆက်တိုင်တိုင် စစ်ဆေးမေးမြန်းကြလိမ့်မည်။


ယဲ့ဖေးကျိုးသည် ခေါင်းကုတ်လိုက်ကာ သူ့စားပွဲအောက်ကို လက်ညှိုးထိုးပြပြီး ခပ်တိုးတိုးပြောလိုက်သည်။ "ခင်ဗျား အရင်ဆုံး အထဲဝင်နေ"


"စားပွဲအောက်ကနေ ကိုယ် မင်းကို တစ်ခုခုလုပ်မှာ မကြောက်ဘူးလား" ရှန်ရှင်ယွင်သည် မျက်ခုံးပင့်ကာ ယဲ့ဖေးကျိုး၏ ပုဂ္ဂိုလ်ရေးအစိတ်အပိုင်းများကို ပေါ့ပေါ့တန်တန် စိုက်ကြည့်ပြီး အပြုံးတစ်ဝက်ဖြင့် အသံတိုးတိုး မေးလိုက်သည်။


"ဒါဆို မလုပ်တာ ပိုကောင်းတယ်" ယဲ့ဖေးကျိုး ရှက်သွားသည်။


ခင်ဗျားပြောလိုက်မှ ကျွန်တော် နည်းနည်းကြောက်လာပြီ…


ထိုအချိန်တွင် လှေကားမှတက်လိုက်သော ခြေသံများကို တံခါးအပြင်ဘက်တွင် ကြားလိုက်ရပြီး ယဲ့ကျင်းရှန်၏ အမိန့်သံပါသောလေသံက ထွက်ပေါ်လာသည်။ "ဖေးကျိုး၊ မင်း ဘာလုပ်နေတာလဲ"


ရှန်ရှင်ယွင်သည် ယဲ့ဖေးကျိုး၏နဖူးကို အမြန်နမ်းလိုက်ပြီး ကျယ်ပြောလှသောပြတင်းပေါက်ဆီ ခြေဖျားထောက်လျှောက်သွားပြီး ပြတင်းပေါက်ဘောင်ကို လက်နှစ်ဖက်ဖြင့် ဆွဲကိုင်ကာ လျင်မြန်သော ခြေလှမ်းများဖြင့် ခုန်ထွက်လိုက်သည်။ ထို့နောက် သူသည် အိမ်၏အပြင်ဘက်နံရံရှိအစွန်းများကို နင်းကာ ခြေလှမ်းအနည်းငယ်အတွင်း ခြံဝင်းထဲသို့ တိတ်တဆိတ် ဆင်းသွားသည်။ ထို့နောက် သူသည် ယဲ့ဖေးကျိုးကို အနမ်းတစ်ပွင့်ပေးလိုက်ကာ သူ၏မြင့်မားကြော့ရှင်းသော ခန္ဓာကိုယ်သည် နေဝင်ချိန်အောက်တွင် ရွှေရောင်လေထဲမှာ အရည်ပျော်တော့မည့်ပုံပေါ်နေသည်။


"..." ယဲ့ဖေးကျိုးသည် လေးနက်သောမျက်နှာဖြင့် စာကျက်ဟန်ဆောင်ကာ စားပွဲဆီသို့ ပြန်သွားခဲ့သည်။


သို့သော် သူ့နှလုံးသားက ပြင်းထန်စွာ ခုန်နေဆဲဖြစ်သည်။


ဒါက ချစ်မိတယ်ဆိုတဲ့ခံစားချက်လား။


ယဲ့ဖေးကျိုး သဘောပေါက်သွားသောအခါ သူကိုယ်တိုင် တစ်ချိန်လုံး ပေါကြေ

ာင်ကြောင် ပြုံးနေမိမှန်း တွေ့လိုက်ရသည်။


ဒါက အရမ်းတုံးတာပဲ… ယဲ့ဖေးကျိုးသည် သူ၏ပူနွေးသောပါးပြင်များကို အမြန်ပွတ်သပ်လိုက်သည်။


TK Team Chapter 62