Chapter 59
Viewers 2k

【Volume 3 : ကံဆိုးခြင်းနတ်ဘုရားလေး ၀၇】


Chapter 59


ဖန်သားပြင်ပေါ်ရှိ လက်နက်များပါရှိသော အီစတာဥများကို တစ်လုံးပြီးတစ်လုံးဖွင့်ကာ ပေါင်းစပ်ဖန်တီးထားသော အီလက်ထရွန်းနစ်အသံက ရွှင်မြူးစွာ ထပ်ခါတလဲလဲ မြည်လာသည်။ "ဒဏ္ဍာရီလာ… ကြယ်ငါးပွင့်… ကြယ်ငါးပွင့်… ကြယ်လေးပွင့်… ဒဏ္ဍာရီလာ…"


"တကယ်ကြီးလား" ယဲ့ဖေးကျိုးသည် ခဏတာ အံ့အားသင့်သွားပြီး စားပွဲပေါ်လက်သီးကို ဆောင့်ကာ မတ်တတ်ရပ်လိုက်သည်။ သူသည် ဆန့်ကျင်ဘက်သို့ အမြန်လာကာ ရှန်ရှင်ယွင်၏ဘေးတွင် ဝင်ထိုင်လိုက်သည်။ သူသည် ဖုန်းဖန်သားပြင်၏ထိပ်သို့ ကပ်ကာ ဆယ်ကြိမ်ဆက်တိုက် မဲနှိုက်ခြင်းရလဒ်ကို မြင်ပြီးနောက် ‘စန်းရှင်းသွေး၏လျှို့ဝှက်ဆန်းကြယ်’ဟု အမြဲလူသိများသော ယဲ့ဖေးကျိုးသည် စိတ်တည်ငြိမ်မှုအားလုံး ဆုံးရှုံးသွားကာ စိတ်လှုပ်ရှားလာသည်။ သူသည် လက်သီးကို စားပွဲပေါ်ဆောင့်ချလိုက်ပြီး အော်လေသည်။ "ကြယ်လေးပွင့် သုံးခု၊ ကြယ်ငါးပွင့် ငါးခုနဲ့ ဒဏ္ဍာရီလာ နှစ်ခု… ကျွန်တော် အော်ချင်နေပြီ ‘အားးးးး’"


ရှန်ရှင်ယွင်သည် တည်ငြိမ်စွာ ပြုံးလိုက်ပြီး အိမ်မွေးတိရိစ္ဆာန်တစ်ကောင်လို သူ့လက်ကိုမြှောက်ပြီး ယဲ့ဖေးကျိုး၏ခေါင်းကိုပုတ်ကာ အေးအေးဆေးဆေး ပြောသည်။ "မင်း အော်လိုက်ပြီးပြီလေ"


"ကျွန်တော့်ရဲ့အကောင်းဆုံးလက်နက်က ကြယ်လေးပွင့်ပဲ… အခု ကျွန်တော် နောက်ဆုံးတော့ dungeon တွေကို ရှင်းနိုင်ပြီ" ယဲ့ဖေးကျိုးသည် ရှန်ရှင်ယွင်၏လက်ကောက်ဝတ်ကို မျက်ရည်များဖြင့် ဆုပ်ကိုင်ပြီး ရိုးသားစွာ ချီးကျူးလိုက်သည်။ "ဒါက နတ်ဘုရားလက်ပဲ"


ရှန်ရှင်ယွင်သည် ယဲ့ဖေးကျိုး၏ပျော်ရွှင်နေသောမျက်နှာကို စိတ်ဝင်တစား စိုက်ကြည့်နေသည်။ သူတို့နှစ်ယောက်သည် အလွန်နီးကပ်လာ၍ သူတို့မျက်နှာများပေါ်တွင် အချင်းချင်း၏ဝင်သက်ထွက်သက်များကို ခံစားရသည်။


"အခု မင်း ကိုယ့်ကို ယုံပြီလား" ရှန်ရှင်ယွင်သည် ယဲ့ဖေးကျိုး၏မေးစေ့ကို လက်ညှိုးနှင့် ပင့်တင်ပြီး သူ့နှုတ်ခမ်းကို လက်မဖြင့် ညင်သာစွာ ပွတ်သပ်လိုက်သည်။


ဤမရေမရာအန္တရာယ်များသော လုပ်ရပ်က ယဲ့ဖေးကျိုးကို ချက်ချင်းပဲ သူ၏ပျော်ရွှင်မှုကနေ ရပ်တန့်သွားစေခဲ့သည်။ သူသည် ရှန်ရှင်ယွင်၏လက်ကို ရှက်ရွံ့စွာ တွန်းထုတ်ပြီး မျက်နှာတင်းတင်းနှင့် ပြောလိုက်သည်။ "ဆယ်ကြိမ် မဲနှိုက်ရမယ်လို့ ကျွန်တော်တို့ သဘောတူထားတာလေ၊ ခင်ဗျား တစ်ကြိမ်ပဲနှိုက်ရသေးတာကို။ နောက်ထပ် မဲနှိုက်တာတွေက ကြယ်သုံးပွင့်တွေချည်းပဲ ဖြစ်နိုင်တယ်"


"ကျွတ် ကျွတ် ကျွတ်… ကိုယ်နားလည်ပြီ" ရှန်ရှင်ယွင်သည် သူ့လက်ချောင်းကို ယမ်းလိုက်ရင်း ဝမ်းနည်းစွာ ကြည့်လေသည်။ "မင်းက ကိုယ့်ရဲ့အပြစ်ကင်းစင်တဲ့ ခံစားချက်ကို အခွင့်ကောင်းယူပြီး တစ်ခါတည်း မင်းကို ပစ္စည်းကောင်းတွေရအောင် လုပ်ခိုင်းပြီး ကိုယ့်ကို ကန်ထုတ်ချင်တာပေါ့"


ယဲ့ဖေးကျိုးက အလျင်အမြန် ငြင်းဆိုသည်။ "ကျွန်တော်မလုပ်ပါဘူး…"


"ကိစ္စမရှိပါဘူး" ရှန်ရှင်ယွင်၏ မျက်နှာသည် ပြောင်းလဲသွားပြီး ထပ်ပြုံးကာ နူးညံ့စွာ ပြောသည်။ "ကိုယ်က မင်းအသုံးချခံဖြစ်နေရတာကိုပဲ သဘောကျနေတာကို"


ယဲ့ဖေးကျိုးက လေးလေးနက်နက် ရှင်းပြသည်။ "ကျွန်တော် ခင်ဗျားကို တကယ်မကန်ထုတ်ပါဘူး။ ကျွန်တော့်မှာ မဲနှိုက်ဖို့ တခြားဂိမ်းတွေရှိသေးလို့ပါ"


"ဟားဟား" ရှန်ရှင်ယွင်သည် အပြုံးဖြင့် ခေါင်းခါပြီး အဓိပ္ပါယ်ရှိရှိ ပြောလိုက်သည်။ "တကယ်တော့ မဲနှိုက်တာအပြင် ကိုယ့်အတွက် တခြားလုပ်ဆောင်ချက်တွေကိုလည်း မင်းတီထွင်လို့ရတယ်"


"ခင်ဗျား ဘာပြောနေတာလဲ ကျွန်တော် နားမလည်ဘူး" ယဲ့ဖေးကျိုးသည် သူ၏ပူလောင်နေသောနားရွက်များကို ပွတ်သပ်ရင်း ဂိမ်းကို အာရုံစိုက်ကာ တိုက်တွန်းလိုက်သည်။ "မြန်မြန်မဲနှိုက်တော့"


ရှန်ရှင်ယွင်က နာခံစွာ ဆက်၍မဲနှိုက်သည်။


ကိုးကြိမ်ဆက်တိုက် မဲနှိုက်ပြီးနောက် ရှန်ရှင်ယွင်သည် ဂိမ်းတွင် လက်ရှိရရှိနိုင်သော ကြယ်ငါးပွင့်လက်နက်အားလုံးနီးပါးကို ရရှိခဲ့သည်။ ယဲ့ဖေးကျိုးသည် တုန်ရီနေသော လက်များဖြင့် သူ့ဖုန်းကို ကိုင်ထားပြီး နေရာမှာတင် မျက်ရည်များ ကျလုနီးပါး ဖြစ်နေသည်။


"ဒီပစ္စည်းက အရမ်းမိုက်တာပဲ။ ဒါက ဧရိယာတစ်ခုလုံးကို အေးခဲစေတယ်" သူ၏လက်နက်တိုက်ကို ဂုဏ်ယူစွာစစ်ဆေးပြီးနောက် ယဲ့ဖေးကျိုးသည် ရူးသွပ်သွားကာ ချက်ချင်းပင် သူ့ဖုန်းကို ကိုင်ပြီး ကစားတော့သည်။ သူသည် ပစ္စည်းများကို တစ်ခုပြီးတစ်ခုပြောင်းကာ စိတ်လှုပ်ရှားစွာ အော်ဟစ်နေပြီး သူ၏မူလက နူးညံ့သိမ်မွေ့သော သခင်လေး၏ ပုံရိပ်က လုံးလုံးလျားလျား ပျက်စီးသွားသည်။ 


အအေးဓာတ်များ ထုတ်လွှတ်လျက် ရှန်ရှင်ယွင်သည် သူ့ကို မနှောင့်ယှက်ချေ။ သူသည် မေးစေ့ကို လက်ပေါ်တင်ကာ မျက်လုံးများငုံ့ပြီး ပျော်ရွှင်နေသော ယဲ့ဖေးကျိုးကို နူးညံ့စွာ စိုက်ကြည့်နေသည်။ အစားအသောက်ရောက်လာတော့ ရှန်ရှင်ယွင်သည် ဟမ်ဘာဂါကို ကောက်ကိုင်လိုက်ပြီး ယဲ့ဖေးကျိုး၏နှုတ်ခမ်းဆီထားကာ ကလေးလို စိတ်ရှည်ရှည်နှင့် ချော့မြူကျွေးနေသည်။ "ဘေဘီ ပါးစပ်ဟ အာ…"


ယဲ့ဖေးကျိုးသည် သူ့ဖုန်းဖန်သားပြင်ကိုပဲ စိုက်ကြည့်နေပြီး ဘာဂါကို တစ်ချက်မှမကြည့်ဘဲ နာခံစွာ သူ့ပါးစပ်ကို ကျယ်ကျယ်ဟပြီး ဟမ်ဘာဂါကို တစ်ကိုက်ကိုက်လိုက်သည်။


ရှန်ရှင်ယွင်သည် နောက်ထပ်ပြင်သစ်အကြော်များကို ယူကာ ဆော့ထဲတွင်နှစ်ပြီး ယဲ့ဖေးကျိုးကို ကျွေးသည်။ "ပါးစပ်ထပ်ဟဦး"


ယဲ့ဖေးကျိုးသည် နာခံစွာစားပြီး ပါးစပ်ပိတ်လိုက်သောအခါ သူ၏နူးညံ့သောနှုတ်ခမ်းက ရှန်ရှင်ယွင်၏လက်ချောင်းထိပ်ကို ထိသွားသည်။ ရှန်ရှင်ယွင်သည် သူ့လက်ကို ရုပ်လိုက်ပြီး ယဲ့ဖေးကျိုးထိလိုက်သောလက်ချောင်းထိပ်ကို နမ်းလိုက်ကာ ရေခဲအချိုရည်ကို ကောက်ယူပြီး သူ့ကိုယ်တိုင် တစ်ငုံသောက်လိုက်သည်။ ထို့နောက် သူသည် ပိုက်ကို ယဲ့ဖေးကျိုး၏နှုတ်ခမ်းဆီသို့ ယူလာပြီး ချော့မြူလေသည်။ "မင်းအချိုရည်ကို သောက်လိုက်ဦး"


ယဲ့ဖေးကျိုးသည် ရှန်ရှင်ယွင်သုံးထားသော ပိုက်ကို သူ့ပါးစပ်ထဲသို့ ထည့်ပြီး အလုတ်ကြီးနှစ်လုတ်လောက် သောက်လိုက်သည်။


"သွယ်ဝိုက်အနမ်း" ရှန်ရှင်ယွင်သည် သူ့အချိုရည်ကို ကျေနပ်စွာ ပြန်ယူကာ သူကိုယ်တိုင် သောက်လိုက်သည်။


"... " ယဲ့ဖေးကျိုးသည် အသိစိတ်ဝင်လာပြီး ရှန်ရှင်ယွင်၏အခွင့်ကောင်းယူမှုကို လေးနက်သောအကြည့်ဖြင့် ကြိုးစားခဲ့သော်လည်း သူပျော်လွန်းသောကြောင့် လုံးဝအလေးအနက်မထားနိုင်ပေ။ ယင်းအစား သူသည် အရိုးကိုက်နေရသော ခွေးကလေးလို ပျော်ရွှင်နေခဲ့သည်။


ထိုအချိန်တွင် ဖုန်းမှ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာပြီး ယဲ့ဖေးကျိုးသည် 'သွယ်ဝိုက်အနမ်း' ခံရခြင်းအား ချက်ချင်း မေ့သွားကာ အမြန်ခေါင်းလှည့်ကြည့်လိုက်သည်။ ထို့နောက် သူ၏မျက်လုံးများ လင်းလက်လာပြီး စားပွဲပေါ် သူ့လက်ကိုရိုက်လိုက်ကာ ပြောလေသည်။ "ဒီပစ္စည်းက ဇွန်ဘီဘုရင်ကို တကယ်ဆွဲဆောင်ခဲ့တာပဲ"


ဇွန်ဘီဘုရင်ကဲ့သို့သော အဆုံးစွန်ဘော့စ်များ၏ ပေါက်ပွားမှုနှုန်းက ရယ်စရာကောင်းလောက်အောင် နည်းပါးကြောင်း ကောင်းသွားသိသည်။ ၎င်းကိုအနိုင်ယူခြင်းသည် အလွန်ရှားပါးသော အဆင့်မြင့်တင်ရေးပစ္စည်းများကို များစေရုံသာမက သူ၏ဇာတ်ကောင်အထူးကျွမ်းကျင်မှုကိုလည်း ပေးစွမ်းနိုင်သောကြောင့် ၎င်းသည် မယုံနိုင်လောက်အောင် ရှားပါးပြီး အလွန်ရှာဖွေလို့ရစေသည်။ ယုတ္တိရှိရှိပြောရလျှင် ယဲ့ဖေးကျိုး၏ကံဆိုးမှုကြောင့် သူ သေချာပေါက် မရနိုင်ပါ။ 


…သူက ရှန်ရှင်ယွင်ဘေးမှာ ရှိနေလို့များလား။ ဒါမှမဟုတ် 'သွယ်ဝိုက်အနမ်း'ကြောင့်လား။ ယဲ့ဖေးကျိုး ယောင်ချာချာ တွေးလိုက်မိသည်။


"မင်း ဖြည်းဖြည်းချင်း ကစားပါ" ရှန်ရှင်ယွင်သည် အလွန်ချစ်သောလေသံဖြင့် ပြောလိုက်သည်။ "ကိုယ် မင်းကို ခွံ့ကျွေးမယ်"

 

ထို့ကြောင့် ရှန်ရှင်ယွင်သည် သူ့ကို အစားကျွေးနေစဉ် သခင်လေးယဲ့သည် သူ့ဂိမ်းဇာတ်ကောင်ကို ထိန်းချုပ်ပြီး ဇွန်ဘီဘုရင်ကို တိုက်ခိုက်ခဲ့သည်။ အခြေအနေက တင်းမာနေပြီး သူကစားနေစဉ် ယဲ့ဖေးကျိုး၏နဖူးပေါ်တွင် ချွေးလွှာပါးပါးလေး ပေါ်လာသည်။ သူ၏ဂျာကင်အင်္ကျီသည် နွေရာသီတွင် အရေပြားနှင့် နီးနီးကပ်ကပ် ဝတ်ဆင်ရန် ဒီဇိုင်းထုတ်ထားတာ မဟုတ်သောကြောင့် ချွေးများကို ကောင်းကောင်းမစုပ်ယူနိုင်ဘဲ ချွေးထွက်ပြီး ပူကာ စေးကပ်စေသည်။ ထို့နောက် သူ၏ဉာဏ်ရည်ဉာဏ်သွေးအားလုံးသည် ဇွန်ဘီများကို တိုက်ခိုက်ရန် အာရုံစိုက်နေသဖြင့် ယဲ့ဖေးကျိုးသည် ရုတ်တရက် ဦးနှောက်ကြောင်ကာ ခေတ္တရပ်ရန် ခလုတ်ကို နှိပ်ပြီး သူ၏ဂျာကင်အင်္ကျီကို အမြန်ဇစ်ဆွဲချကာ ပန်းရောင်ဖျော့ဖျော့ နို့သီးခေါင်းနှစ်လုံးအပါအဝင် သူ၏ပါးလွှာသောရင်ဘတ်ကို ပေါ်လွင်စေသည်။


ယဲ့ဖေးကျိုး: "…"


တစ်ခုခုတော့မှားနေသလိုပဲ။


ရှန်ရှင်ယွင်သည် လျင်မြန်စွာ လှည့်ပတ်ကြည့်ရှုခဲ့ရာတွင် သူတို့ဘက်ကို ဘယ်သူမှမကြည့်နေကြောင်း တွေ့ရှိသဖြင့် ပျော်ရွှင်စွာ လေချွန်လိုက်သည်။ သူသည် ယဲ့ဖေးကျိုး၏ပွင့်နေသော ရင်ဘတ်ကို စိုက်ကြည့်နေကာ နှုတ်ခမ်းကိုသပ်ပြီး ပြောလိုက်သည်။ "ဒီလက်ဆောင်ကို ကိုယ်လက်ခံလိုက်မယ်"


"..." ယဲ့ဖေးကျိုးသည် မျက်နှာအမူအရာမဲ့စွာ ဇစ်ကို အလျင်အမြန် ပြန်ဆွဲတင်လိုက်သည်။


ရှန်ရှင်ယွင်က မကျေမနပ် ဆိုလေသည်။ "ကိုယ် ကြည့်လို့တောင် မဝသေးတာကို"


ယဲ့ဖေးကျိုးသည် ပြိုလဲခါနီးတွင် ရှိနေသည်။ "ကျွန်တော် တမင်ရည်ရွယ်ရှိရှိ ဖွင့်ပြတာမဟုတ်ဘူး…"


ရှန်ရှင်ယွင်သည် 'အိုး'ကို သံရှည်ဆွဲပြီး ပြောလိုက်သည်။ "ဒါပေမဲ့ မင်း တမင်ရည်ရွယ်ချက်ရှိရှိ အင်္ကျီမဝတ်ထားတာလေ"


ယဲ့ဖေးကျိုး၏ မျက်လုံးများ ပြူးကျယ်သွားသည်။ "မဟုတ်ဘူး၊ အထဲက အင်္ကျီတွေကို နို့လက်ဖက်ရည် စင်သွားလို့"


ဒီလူယုတ်မာရဲ့ခေါင်းက ဘာတွေဖြစ်နေတာလဲ။


ရှန်ရှင်ယွင်သည် ပြင်းပြင်းထန်ထန် ရယ်မောရင်း သူ့ပခုံးများ တုန်ခါသွားသည်။ ယဲ့ဖေးကျိုးသည် ပူနေသော်လည်း သူ့အဝတ်အစားများကို မချွတ်ဝံ့သောကြောင့် သူ့တိုက်ပွဲမဆက်မီ အအေးခံရန် ရေခဲအချိုရည် အများအပြား သောက်လိုက်သည်။ သုံးမိနစ်အကြာတွင် ဇွန်ဘီဘုရင်သည် နောက်ဆုံးတွင် ရှုံးနိမ့်ခဲ့ပြီး ဆုလာဘ်က မယုံနိုင်လောက်အောင် ရက်ရောသည်။ ယဲ့ဖေးကျိုးသည် စိတ်အေးလက်အေး ကိုယ်ဟန်အနေအထားဖြင့် ဆိုဖာပေါ်တွင် ခြေပစ်လက်ပစ်လဲနေပြီး ရှန်ရှင်ယွင်ပေးခဲ့သော ဟမ်ဘာဂါ၏ နောက်ဆုံးအလုတ်ကို စားပြီးနောက် အနည်းငယ် လေချဉ်တက်သွားသည်။


"အခု ကိုယ်တို့ စီးပွားရေးအကြောင်းပြောကြမလား။" ရှန်ရှင်ယွင်သည် စားပွဲပေါ်ရှိ ရှုပ်ပွနေသော ထုပ်ပိုးထားသည့်စက္ကူများကို ဗန်းထဲသို့ စုစည်းလိုက်ပြီး ဘေးကို တွန်းဖယ်ကာ လေးနက်သောအမူအရာဖြင့် ယဲ့ဖေးကျိုးကို ကြည့်လိုက်သည်။ "ဥပမာ မင်းရဲ့ကံကို ပြောင်းလဲဖို့ ကူညီပေးမဲ့ကိစ္စပေါ့"


ယဲ့ဖေးကျိုးသည် မသက်မသာ နှစ်ခါချောင်းဟန့်ပြီး မေးလိုက်သည်။ "ဒီကံပြောင်းလဲတာကို… တခြားနည်းလမ်း သုံးလို့ရလား"


ရှန်ရှင်ယွင်က ပြတ်သားစွာ ဆိုသည်။ "မရဘူး၊ ရေတိုလဲလှယ်မှုက ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကနေ ဖြစ်မှရမယ်"


ယဲ့ဖေးကျိုးက သူ့နှုတ်ခမ်းကို ရှုံ့လိုက်သည်: "…"


ရှန်ရှင်ယွင်သည် လေးနက်သောအသံဖြင့် ထပ်ပြောသည်။ "ရေရှည်အတွက် အဲဒါက ခန္ဓာကိုယ်အရည်တွေ လဲလှယ်မှုအပေါ် မူတည်တယ်။" 


ယဲ့ဖေးကျိုးသည် မျက်လုံးများကို ကျဉ်းမြောင်းပြီး ရှန်ရှင်ယွင်ကို တစ်ခဏတာ စောင့်ကြည့်ပြီးနောက် တိတ်တဆိတ် ပြောလိုက်သည်။ "တခြားနည်းလမ်းတွေရှိရင်တောင် ခင်ဗျား ကျွန်တော့်ကို ပြောမှာမဟုတ်ဘူး"


ရှန်ရှင်ယွင်က ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။ "ကိုယ် မင်းကို ပြောမှာမဟုတ်ဘူးလေ၊ မဟုတ်ရင် မင်းနဲ့ ခန္ဓာကိုယ်အရည်တွေကို ကိုယ် ဘယ်လိုလဲလှယ်ရမလဲ" 


ယဲ့ဖေးကျိုး: "…"


ဒီလူယုတ်မာက တကယ်လူယုတ်မာအစစ်ပဲ။


"နောက်တာပါ" ရှန်ရှင်ယွင်သည် ယဲ့ဖေးကျိုး၏နှုတ်ခမ်းစူနေသောအမူအရာကြောင့် ရယ်မောနေခဲ့သည်။ "တကယ်တော့ တခြားနည်းလမ်း တကယ်မရှိတာပါ"


ယဲ့ဖေးကျိုး: "…"


ဒါပေမဲ့ ကျွန်တော် မယုံတော့ဘူး။


"ဘယ်လိုလဲ" ရှန်ရှင်ယွင်က အနားကိုတိုးကပ်လာသည်။


ယဲ့ဖေးကျိုးသည် ခဏမျှ တိတ်ဆိတ်သွားပြီး အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သကဲ့သို့ အံကြိတ်လိုက်သည်။ သူသည် ကျောင်းယူနီဖောင်း အိတ်ကပ်ထဲမှ ခပ်ပါးပါးအရာတစ်ခုကို ထုတ်ယူကာ စားပွဲပေါ် ရိုက်ချလိုက်ပြီး ရှန်ရှင်ယွင်ရှေ့ကို တွန်းပို့ကာ အဆင်မပြေစွာ အဝေးကိုကြည့်ရင်း ခပ်တိုးတိုးပြောလိုက်သည်။ "တစ်ချက်ကြည့်လိုက်"


ရှန်ရှင်ယွင်သည် အနီးကပ်ကြည့်လိုက်ပြီး အတန်းအချိန်ဇယားကို မြင်လိုက်ရသည်။ သူ၏ချောမောသောမျက်နှာတွင် ရှုပ်ထွေးသောအရိပ်အယောင် ဖြတ်သန်းသွားကာ ရုတ်တရက် သူ သဘောပေါက်လိုက်သည်။ "မင်း ကိုယ့်ကို လုပ်ခိုင်းတာက…"


ယဲ့ဖေးကျိုးသည် ခါးသက်သက်အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။ "ရူပဗေဒအတန်းပဲ"


အကယ်၍ ယဲ့ဖေးကျိုးသည် ရူပဗေဒဆရာ၏ ပြစ်ဒဏ်အဖြစ် နေ့တိုင်း ဆူပူကြိမ်းမောင်းခြင်းခံရပါက သူသည် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်လာတော့မည်ဟု ခံစားရသည်။


"ဒါဆို ရူပဗေဒအတန်းတိုင်းမစခင် ကိုယ် မင်းကို လာတွေ့ရမယ်ပေါ့" ရှန်ရှင်ယွင်သည် တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို မှန်းဆလိုက်သည်။


"ခင်ဗျား ကျွန်တော့်ကို ဒုတိယအကြိမ်တွေ့ခဲ့တဲ့နေရာ၊ သင်ကြားရေးအဆောက်အအုံနောက်က ကစားကွင်းသေးသေးလေးမှာ" ယဲ့ဖေးကျိုးသည် ကြမ်းပြင်ကို စိုက်ကြည့်ရင်း သူ့လည်ပင်းမှ နားရွက်များအထိ ထုတ်ဖော်ထားသော အရေပြားများအားလုံးက တဖြည်းဖြည်း နီရဲလာခဲ့သည်။


"ကောင်းပြီ။" ရှန်ရှင်ယွင်သည် အပြုံးဖြင့် သဘောတူလိုက်သော်လည်း ယဲ့ဖေးကျိုး၏ တင်းမာမှု အနည်းငယ် ဖြေလျော့သွားတာကို မြင်တော့ သူက ရုတ်တရက် အကြောင်းအရာကို ပြောင်းပြီး မေးလိုက်သည်။ "ဒါပေမဲ့ မင်းက ဘာပြန်ပေးမှာလဲ"


ယဲ့ဖေးကျိုးက ခဏလောက်စဉ်းစားပြီး တုံ့ဆိုင်းစွာ ပြောသည်။ "ကျွန်တော် ခင်ဗျားကို ပိုက်ဆံပေးမယ်လေ"


"ကိုယ်လိုချင်မယ်လို့ထင်နေတာလား" ရှန်ရှင်ယွင်သည် မျက်ခုံးပင့်ကာ ရယ်မောရင်း မေးသည်။


"...မရဘူးပေါ့" ယဲ့ဖေးကျိုးသည် အနည်းငယ် စိတ်ဓာတ်ကျသွားပြီး ပြောသည်။ "ဒါဆို ခင်ဗျားဘာလိုချင်တာလဲ"


ဒီလောက်စျေးပေါမှာမဟုတ်မှန်း ငါသိသားပဲ။


"ဒီလိုလုပ်ရအောင်..." ရှန်ရှင်ယွင်သည် စားပွဲပေါ်ကို သူ့လက်ချောင်းရှည်များဖြင့် အသာအယာပုတ်လိုက်ပြီး ပေါ့ပါးစွာ အကြံပြုနေပုံရသည်။ "ကိုယ့်ကို မင်းရဲ့ချစ်သူဖြစ်ခွင့်ပေးလေ"

 

ယဲ့ဖေးကျိုးသည် လန့်သွားပြီး ခေါင်းကို ထပ်ခါတလဲလဲခါလိုက်သည်။ "မရဘူး"


သူနဲ့ ဘာမှမပတ်သက်ဘဲနဲ့တောင် ဒီလူက လူယုတ်မာဖြစ်နေပြီ။ သူနဲ့ တစ်ခုခုပတ်သက်သွားရင် သူ ဘာတတ်နိုင်မှာလဲ။


ရှန်ရှင်ယွင်သည် သူ့အတွေးများကို ဖောက်မြင်နိုင်ပုံရပြီး ထပ်ပြောသည်။ "မင်း အရွယ်မရောက်ခင် ကိုယ် မင်းကို လွန်လွန်ကျူးကျူး ဘာမှလုပ်မှာမဟုတ်သလို မင်းရဲ့သင်ကြားရေးတွေကိုလည်း မထိခိုက်စေဘူးလို့ ကတိပေးတယ်။ ကိုယ်အားတဲ့အချိန် မင်းနဲ့ ချိန်းတွေ့မယ် ဒါပဲ… အားလပ်ရက်တွေမှာ မင်းသူငယ်ချင်းတွေနဲ့ အပြင်ထွက်လေ့မရှိဘူးလား။ ကိုယ်က မင်းနဲ့ ချိန်းတွေ့ဖို့ ပြောင်းလိုက်ရုံလေးပဲ၊ ရိုးရှင်းတယ်" 


ယဲ့ဖေးကျိုးသည် ခဏလောက် စဉ်းစားပြီးနောက် အသံမထွက်လုနီးပါး "အင်း" ဟု တုံ့ပြန်ခဲ့သည်။


"ပြီးတော့ မင်းအနားမှာ ကိုယ်ရှိနေတာက ရူပဗေဒအတန်းကို ပိုလွယ်ကူစေရုံထက် အကျိုးအမြတ်တွေ အများကြီးရှိတယ်" ရှန်ရှင်ယွင်က ညင်သာစွာ ချော့မြူလေသည်။ "မင်းဘဝရဲ့ကဏ္ဍတိုင်းက ပိုပြီးချော့ချော့မွေ့မွေ့ ဖြစ်သွားလိမ့်မယ်… နောက်ပြီး မင်းက ယောက်ျားတွေကို မမုန်းဘူးမလား။ မင်း ယောက်ျားတွေကို မမုန်းရင် ကိုယ့်ကိုလည်း မမုန်းပါဘူး။"


ယဲ့ဖေးကျိုး၏မျက်တောင်များသည် အနည်းငယ်တုန်ခါသွားပြီး သူအလွန်စိတ်လှုပ်ရှားနေပုံရသည်။


"မင်းမှာ စိုးရိမ်စရာတွေရှိရင် ပြောလိုက်ပါ" ရှန်ရှင်ယွင်သည် သူ့လက်ကို မြှောက်လိုက်ပြီး နှာသီးဖျားကို ညင်သာစွာ

ညှစ်ကာ အနည်းငယ် ပြုံးလိုက်သည်။ "မဟုတ်ရင် ကိုယ် လက်ခံတယ်လို့ မှတ်ယူလိုက်တော့မယ်"


"..." ယဲ့ဖေးကျိုး နှုတ်ဆိတ်နေခဲ့သည်။


TK Team Chapter 59