Chapter : 57 ( မီး မိန်းကလေး [32] )
Viewers 3k

Chapter : 57 ( မီး မိန်းကလေး [32] )


ဝမ်ယင့်က စာရွက်တစ်ရွက်ထုတ်လိုက်သည်။

ဝမ်ယင့်: "ဒီစာရွက်ကလွဲလို့ တခြားဘာအသစ်မှ မတွေ့ဘူး၊ မင်းက သေဆုံးသူအတွက် ရည်ရွယ်တဲ့ စာရွက်ပေါ်မှာ 'ငါ့ကို မမုန်းပါနဲ့' လို့ ရေးထားတယ်၊ အဲဒါ ဘာကို ဆိုလိုတာလဲ"

"ဘာအဓိပ္ပာယ်မှ မရှိဘူး"

ရှန့်ချန့်ယန် ပြန်ပြောလိုက်သည်။

ရှန့်ချန့်ယန်: "ဒီစာရွက်နဲ့ ရေမွှေးကို အတူတူရှင်းပြမယ်၊ ရေမွှေးထဲမှာ စိတ်အာရုံချောက်ခြားစေတဲ့ ဆေးပါနေတာ၊ အဲဒီညက သေဆုံးသူကို အတင်းအကြပ် လုပ်ဖို့ စီစဉ်ထားတာ"

ရှန့်ချန့်ယန်: "ကျွန်တော့်ရဲ့ အချိန်ဇယားတစ်ချို့ကိုလည်း ဖုံးကွယ်ထားခဲ့တယ်၊ ညနေ ၄ နာရီ ၅၀ မိနစ်မှာ သူ့အခန်းကိုသွားပြီး သူ့ရေမွှေးပုလင်းကို ကြိုပြင်ထားတဲ့ ရေမွှေးနဲ့ လဲလိုက်တယ်… ပုလင်းနှစ်လုံးရဲ့ ပမာဏမတူတာကြောင့် ကျွန်တော့်အခန်းထဲက ရေမွှေးပုလင်းထဲမှာ ရေမွှေးတွေ အများကြီး လျော့နေရတာ"

ရှန့်ချန့်ယန်၏ စရိုက်က အမျိုးသားဖြစ်သည်ဟု ဟိုင်ရိက တွေးလိုက်၏။

သူ့အတွက် အမျိုးသမီးရေမွှေး သုံးရန်ဆိုသည်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူ့အခန်းထဲက သုံးပြီးသားရေမွှေးကို ရှင်းပြရန် အလွန်ခက်ခဲခဲ့သည်။ ဤသို့ဆိုလျှင် အရာအားလုံး ကိုက်ညီသွားပြီ။ ၎င်းက ဟိုင်ရိ ရခဲ့သည့် ချိုမြိန်လွန်းသော အနံ့က ပုလင်းထဲက လာသည်ဟု ပြောခြင်းလည်း ဖြစ်နိုင်သည်။

ခဏလောက် ဘာမှမသိဘဲ ငေးကြည့်နေမိပြီး အားလုံးမကိုက်ညီဘူးဟု ခံစားရသည်။

စိတ်အာရုံချောက်ခြားစေတဲ့ ဆေးထည့်လိုက်ရင် ရေမွှေးနံ့ ပြောင်းသွားမှာလား…

ဟိုင်ရိက ရှန့်ချန့်ယန်၏ မျက်နှာကို တစ်ချက်ကြည့်လိုက်သည်။ သူ လိမ်နေခြင်းလား မလိမ်ဘူးလားကို မပြောနိုင်ပေ။

ရှန့်ချန့်ယန်: "တခြားဘာရှိသေးလဲ"

ဝမ်ယင့်က ခဏတာ တိတ်ဆိတ်နေပြီး သူ့ကို ဒီအတိုင်းလွှတ်ပေးရန် စိတ်ကူးမရှိပုံရသည်။

ရှန့်ချန့်ယန် ကုလားထိုင်နောက်မှီကို မှီလိုက်ပြီး တည်ငြိမ်စွာပြောလိုက်၏။

ရှန့်ချန့်ယန်: "မနေ့က ဒီအကြောင်းတွေ အကုန်မပြောတာက လူတိုင်း လိမ်နေတယ်လို့ ခံစားရလို့ပဲ၊ ဒါကြောင့် အကုန်ရှင်းမပြခဲ့ဘူး"

ဟိုင်ရိ ရုတ်တရက် သဘောပေါက်သွားသည်။ ရှန့်ချန့်ယန်သည် သူ့ကို ပြောရန် လမ်းညွှန်နေသည်ဟု သူ ခံစားရ၏။ ထို့ကြောင့် ရှန့်ချန့်ယန်၏ ရည်ရွယ်ချက်နှင့်အညီ မေးခွန်းတစ်ခု မေးလိုက်သည်။

ဟိုင်ရိ: "မင်း ဘယ်သူ လိမ်နေတယ်လို့ ထင်လဲ"

ရှန့်ချန့်ယန်က ဖခင်ကို ကြည့်လိုက်၏။

ရှန့်ချန့်ယန်: "ညနေ ၅ နာရီမှာ သော့သွားယူတုန်းက သေဆုံးသူ သူ့အခန်းထဲမှာ ရှိနေလား"

ဟိုင်ရိက ခဏတာ အံ့ဩသွားသည်။ လူတိုင်းလည်း ထိုနည်းလည်းကောင်းပင်။

ရှန့်ချန့်ယန်က ကုလားထိုင်နောက်မှီကို ပေါ့ပေါ့ပါးပါး မှီလိုက်ပြီး လျစ်လျူရှုစွာ ပြောလိုက်၏။

ရှန့်ချန့်ယန်: "လူတိုင်းရဲ့ အချိန်ဇယားမှာ ညနေ ၆ နာရီကစပြီး သေဆုံးသူကို တွေ့ခဲ့ကြတယ်.. ပြဇာတ်ရုံပိုင်ရှင်ရဲ့ အချိန်ဇယားမှာလည်း ညနေ ၆ နာရီမှာ သေဆုံးသူ သူ့အခန်းထဲကို လမ်းလျှောက်ဝင်သွားတာကို တွေ့ခဲ့တယ်လို့ ဖော်ပြထားတယ်.. ညနေ ၅ နာရီမှာ ပြဇာတ်ရုံထဲမှာ ဘယ်သူမှ သေဆုံးသူကို မတွေ့ခဲ့ဘူး"

ဟိုင်ရိက ထိုအကြောင်းကို စဉ်းစားနေမိသည်။

အမှန်ဆိုလျှင် သူ့ဇာတ်ကောင်တည်ဆောက်ပုံအရ သေဆုံးသူ၏ အရူးအမူးသစ္စာရှိသည့် ပရိတ်သတ်တစ်ယောက်အနေဖြင့် ညနေ ၅ နာရီတွင် သေဆုံးသူ ပြဇာတ်ရုံထဲမှာ ရှိနေပါက ည ၇ နာရီတွင် သွားမှာ မဟုတ်ပေ။ သို့ပေသိ ဝမ်ယင့်က သူ သော့များယူစဥ်က ညနေ ၅ နာရီတွင် သေဆုံးသူကို သူ့အခန်းထဲတွင် တွေ့ခဲ့သည်ဟု ပြောခဲ့၏။ ထို့အပြင် သူတို့နှစ်ယောက် အပြန်အလှန်ဆက်ဆံရေး ရှိခဲ့ကြသည်။

ဝမ်ယင့်၏ မျက်နှာအမူအရာ ပြောင်းလဲသွား၏။

"ညနေ ၅ နာရီမှာ သူ ပြဇာတ်ရုံထဲမှာ မရှိခဲ့ဘူးဆိုတဲ့ သက်သေ မင်းဆီမှာ ရှိလား"

"ကောင်းပြီ"

မျှော်လင့်မထားတာနဲ့ ဆန့်ကျင်ဘက် ရှန့်ချန့်ယန်က ထိုခေါင်းစဉ်ကို ဘေးဖယ်ထားလိုက်သည်။ သူ ဟိုင်ရိကို မေးလိုက်၏။

ရှန့်ချန့်ယန်: "ခင်ဗျား သေဆုံးသူကို ဘယ်အချိန်က ခေါ်ခဲ့တာလဲ"

ဟိုင်ရိက စဉ်းစားလိုက်သည်။

"ညနေ ၆ နာရီ"

ရှန့်ချန့်ယန်က ခေါင်းညိတ်လိုက်သည်။

"အဲဒီတုန်းက ခင်ဗျား ဘယ်မှာလဲ"

ဟိုင်ရိ: "ဘားမှာ"

ဟိုင်ရိက သူ ဘာမေးချင်လဲဆိုသည်ကို ရုတ်တရက် သဘောပေါက်သွား၏။

ရှန့်ချန့်ယန်: "ခင်ဗျားနဲ့ သူ အဲဒီတုန်းက ဘားမှာ ရှိနေခဲ့ရင် ခင်ဗျား သူ့ကို ဖုန်းခေါ်မလား"

လူတိုင်း: ...

*အရမ်းပါးနပ်တာပဲ*

ဟိုင်ရိက စိတ်ထဲကနေ တွေးလိုက်သည်။

ဝမ်ယင့်: "သူ ရှိနေလား မရှိနေလားဆိုတာ ငါ ဘယ်လိုလုပ်သိမလဲ၊ ငါ ညနေ ၅ နာရီမှာ သွားတုန်းက သူ အဲဒီမှာ ရှိနေခဲ့တာ"

ရှန့်ချန့်ယန်က စကားမပြောဘဲ ပြုံးလိုက်၏။

ဟိုင်ရိသည် ထိုအချိန်တွင် မလိုအပ်ဘဲ များများစားစားပြောရန် မလိုတော့ဘူးဟု ထင်လိုက်သည်။ ရှန့်ချန့်ယန်မှာ ဗုံးကို မီးညှိပြီးသွားပြီဖြစ်၏။ ဘာမှ ထပ်ပြောစရာ မလိုတော့ပေ။

ရှန့်ချန့်ယန်မှာ ဆန့်ကျင်ဘက် စရိုက်လက္ခဏာရှိသည်ဟု ဟိုင်ရိ ပထမဆုံးအကြိမ် ခံစားရခြင်း မဟုတ်ပေ။ သူသည် ထင်ရှားစွာကို အလွန်ထက်မြက်၏။ သို့သော် သူ့ဘေးက လူများကို ရိုးသားဖြူစင်စွာ ဆက်ဆံပြီး သူများကိစ္စများကို ရိုးသားပွင့်လင်းစွာနှင့် ကြိုးစားပမ်းစား ကိုင်တွယ်တတ်သည်။ သူ့သူငယ်ချင်းများကိုလည်း အရမ်းအလေးထားပြီး သူ့သဘာဝအတိုင်း ရိုးသားစွာ ကာကွယ်တတ်သေး၏။

ဝမ်ယင့် အရင်ကလို တည်ငြိမ်မှု မရှိတော့ပေ။ သူ့စိတ်ပူပန်မှုများက သူ့ပတ်ဝန်းကျင်က မှောင်မိုက်သည့် အငွေ့အသက်ကို ပိုပြီး ထင်ရှားစေခဲ့သည်။

ဟိုင်ရိသည် သူ့လက်ထဲက သော့များကို ကိုင်ကြည့်လိုက်၏။

ဟိုင်ရိ: "မင်းရဲ့ စာအိတ်ထဲမှာ သော့နှစ်ချောင်း တွေ့ခဲ့တယ်၊ အဲဒီနေ့က မင်း သော့တစ်ချောင်းပဲ ကိုင်ထားတာ"

ဝမ်ယင့်က အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့မျက်လုံးများ ဟိုင်ရိဆီ စိုက်ကြည့်နေသည်။

ဝမ်ယင့်: "ငါ အိမ်သော့တွေကို နောက်မှ တွေ့ပြီး ငါ့စာအိတ်ထဲကို ပေါ့ပေါ့ပါးပါး ထည့်ထားလိုက်တာ၊ ငါ့သမီးရဲ့သော့တွေကို အမြဲတမ်း သုံးနေလို့မဖြစ်ဘူးလေ၊ ဟုတ်တယ်မလား"

ဟိုင်ရိက သူ၏ 'သမီး' ဟု ပြောသည်ကို နားထောင်ရင်း ထူးဆန်းတဲ့ ခံစားမှုတစ်ခု ဖြစ်ပေါ်လာ၏။ သေဆုံးသူက သူ့သမီးဖြစ်ကြောင်း လူတိုင်းကို သတိပေးနေသလိုမျိုး။

ထန်ယင်: "အဖေ့မှာ ကျွန်မတို့ကို မပြောရသေးတဲ့ လျှို့ဝှက်တာဝန် ရှိနေလား၊ တစ်ခုခု မကိုက်ညီဘူးလို့ ခံစားရတယ်"

ဝမ်ယင့်က ကူကယ်ရာမဲ့သလို ပြောလိုက်သည်။

"မဟုတ်ဘူး"

ဝမ်ယင့်က ပြောလိုက်၏။

"ငါ အကုန်လုံး ပြောပြပြီးသွားပြီ"

ဝမ်ယင့်: "အခု ဘယ်သူက သံသယဖြစ်ဖွယ် အကောင်းဆုံးလဲ… ငါ့မှာတော့ သတ်စရာ အကြောင်းမရှိဘူး"

တဖန် ဟိုင်ရိက ဧရာမမိသားစုပုံတူပန်းချီကို ပြန်တွေးကြည့်မိသည်။ ထိုးထွင်းသိမြင်မှုအရ ထိုထဲမှာ တစ်ခုခုက ထိုးဖောက်နိုင်သည့် အချက်ဖြစ်လိမ့်မယ်လို့ ပြောနေ၏။

သို့ပေမဲ့ မိသားစုပုံတူပန်းချီက ဘာကို ကိုယ်စားပြုလဲဆိုသည်ကိုတော့ သူ မတွက်ဆနိုင်ခဲ့ပေ။

ထန်ယင်: "ပြဇာတ်ရုံပိုင်ရှင်၊ ကျွန်မ သိုလှောင်ခန်းထဲမှာ ရှင့်အခန်းထဲမှာ တွေ့ခဲ့တာနဲ့ အတူတူပဲ ဓာတုပစ္စည်းပုလင်းတစ်လုံးကို ဒီပစ္စည်းအရှည်တစ်ခုနဲ့အတူ တွေ့ခဲ့တယ်၊ ကြည့်ပါဦး"

ထန်ယင်က သူမ၏အိတ်ကပ်ထဲကနေ အဝါရောင်သတ္တုဝါယာကြိုးတစ်ချောင်းကို ထုတ်လိုက်သည်။ ဟိုင်ရိက မေးလိုက်၏။

‌"ကြေးနီလား"

၎င်းသည် လျှပ်စစ်ပတ်လမ်းများတွင် အသုံးပြုသော ကြေးနီဝါယာကြိုးများနှင့် တူသည်။

လျိုကျယ်: "ဒါ ကြေးနီ မဟုတ်ဘူး၊ ကြေးနီက ဒီလောက် မမာဘူး၊ ဒါက သတ္တုစပ်... မာကျောမှုနဲ့ အရောင်ကို ကြည့်ရင် ကြေးဝါသတ္တုစပ်ပဲ"

ဟိုင်ရိက ကောက်ကိုင်လိုက်သည်။ အသွင်အပြင်က တကယ်ပင် ကွဲပြားပုံရ၏။

ဒါပေမဲ့ ဒီပစ္စည်းက ဘာအတွက်လဲ။ လျှပ်စစ်စီးဆင်းမှု ဒါမှမဟုတ် အပူစီးဆင်းမှုအတွက်လား။

ဟိုင်ရိက ရှန့်ချန့်ယန်ကို ကြည့်လိုက်၏။ သူ့မျက်နှာမှာ ဘာအမူအရာမှ မရှိပေ။

လျိုကျယ်: "ဒီပစ္စည်းအကြောင်း ဘာမှမသိဘူး၊ တစ်ခါမှ မမြင်ဖူးဘူး"

ထန်ယင်: "သိုလှောင်ခန်းသော့တွေ နင့်လက်ထဲမှာ မရှိဘူးလား"

သူမကို ကြည့်ရင်း လျိုကျယ်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။

လျိုကျယ်: "သော့တွေ ကျွန်မဆီမှာ ရှိတာ မှန်ပါတယ်၊ ဒါပေမယ့် သော့တွေက ပျောက်နိုင်တာပဲ... ဒီပစ္စည်းကို တကယ် မမြင်ဖူးဘူး၊ ကျွန်မရဲ့ ဇာတ်ညွှန်းထဲမှာလည်း သိုလှောင်ခန်းအကြောင်း ဖော်ပြထားတာ မရှိဘူး"

ဟိုင်ရိ: "သိုလှောင်ခန်းထဲက ဓာတုပစ္စည်းပုလင်း အသုံးပြုပြီးပြီလား"

ထန်ယင်: "နည်းနည်းပါပဲ… လုံခြုံရေးအရ ယူမလာခဲ့ဘူး၊ ဒါပေမဲ့ တချို့ ပျောက်နေတယ်... ရှင်တို့ သွားကြည့်ကြပါလား"

ရလဒ်အနေနှင့် သူတို့ သိုလှောင်ခန်းကို သွားခဲ့ကြသည်။ ဝင်ရောက်သည်နှင့် ဟိုင်ရိသည် ပတ်ဝန်းကျင်ကို သေချာစစ်ဆေးလိုက်၏။

အခန်းထဲတွင် ပြတင်းပေါက်များ မရှိ‌ပေ။ သော့မရှိလျှင် ဝင်လို့မရနိုင်သည့် တံခါးပိတ်နေရာတစ်ခု ဖြစ်တယ်။

လျိုကျယ် လိမ်နေတာလား...

ဟိုင်ရိသည် ၄င်းကဖြစ်နိုင်ခြေ အရမ်းနည်းသည်ဟု မထင်ခဲ့ပေ။

ထိုသို့သာဆိုလျှင် သူမဆီမှာ ဓာတုပစ္စည်းတူသည့် ပုလင်းနှစ်လုံး ရှိနေဖို့ မဖြစ်နိုင်ချေ။ မေးစရာမလိုဘဲ ဤသည်မှာ တစ်ခုခုမှားနေပြီဖြစ်သည်

ဟိုင်ရိက ပုလင်းတစ်လုံးကို ဖွင့်လိုက်ရင်း စဉ်းစားနေမိသည်။ ပိုနီးကပ်စွာ တိုးသွားတော့ သူ နမ်းကြည့်လိုက်၏။ ပူစီနံနံ့ သဲ့သဲ့မှာ သူ့နှာခေါင်းထဲကို လွင့်ပျံ့လာသည်။

ဟိုင်ရိ: ...

ရှန့်ချန့်ယန်သည် မဝင်သေးဘဲ သူ့လက်များကို ပိုက်ပြီး အပြင်မှာ စောင့်နေ၏။ ဟိုင်ရိသည် အပြင်ထွက်လာပြီး သူ့ကို အဓိပ္ပာယ်ရှိသော အကြည့်တစ်ချက် ပေးလိုက်သည်။ ရှန့်ချန့်ယန်က မျက်ခုံးပင့်လိုက်၏။

ရှန့်ချန့်ယန်: "ဘယ်လိုလဲ"

ဟိုင်ရိ: "ငါ သဘောပေါက်ပြီလို့ ထင်တယ်"

ရှန့်ချန့်ယန်က ခေါင်းညိတ်ပြီး 'အထင်ကြီးစရာပဲ' ဟု ပြောသလိုမျိုး လက်မထောင်ပြလိုက်၏။

လျိုကျယ်သည် ပုလင်းကို ကိုင်ပြီး နမ်းကြည့်လိုက်သည်။ ရင်းနှီးနေသည်ဟု ထင်ရပြီး မျက်မှောင်ကြုတ်ရင်း အသံတိတ် စိုက်ကြည့်နေသောလူတိုင်းကို ကြည့်ပြီး စဉ်းစားနေမိ၏။ ခဏအကြာတွင် လျိုကျယ်က မေးလိုက်သည်။

လျိုကျယ်: "... pentane လား"

"အဲဒါ ဘာလဲဆိုတာ ကျွန်မအခုထိ စဉ်းစားနေတုန်းပဲ"

လျိုကျယ်က ဆက်ပြောသည်။

"အဲဒါမှာ မီးလောင်လွယ်တဲ့ အပူချိန် အရမ်းနည်းတယ်၊ ပူစီနံနံ့ သဲ့သဲ့လေးရတယ်၊ ပြီးတော့ ရေထဲမှာ ပျော်ဝင်တယ်"

တစ်နည်းအားဖြင့် မီးလောင်လွယ်တဲ့ ပစ္စည်းတစ်ခုပေါ့။

ဟိုင်ရိ: "အဲဒါကလည်း တစ်ယောက်ယောက်က သေဆုံးသူရဲ့ ရေမွှေးထဲကို ထည့်လိုက်တယ်လို့ ပြောတာပေါ့၊ မှန်လား..."

ထန်ယင်: "မေးစရာရှိတာက...မီးရဲ့ အရင်းအမြစ်က ဘာလဲ"

ဟိုင်ရိ၏အကြည့်က သူမလက်ထဲက သတ္တုစပ်ဆီ ရောက်သွား၏။

ထန်ယင်: ?

ဟိုင်ရိက သူ့ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်သည်။

ဝါယာကြိုးများ မရှိခြင်း တွေ့တော့ သူ သိုလှောင်ခန်းကနေ ထွက်ခဲ့သည်။ သူတို့၏ နောက်ဆုံးနေရာမှာ ရာဇဝတ်မှုဖြစ်ပွားရာ နေရာဖြစ်၏။ ဤနေရာကို မနေ့က ဖော်ထုတ်ခဲ့ခြင်း မရှိဘဲ ထိုနေရာတွင် သေးငယ်တဲ့ စင်မြင့်တစ်ခုကို ပြင်ဆင်ထားခဲ့သည်။

စင်မြင့်၏ ဘယ်ဘက်ခြမ်းကို ကြည့်လိုက်ရာ ဟိုင်ရိသည် များပြားလှတဲ့ လျှပ်စစ်ဝါယာကြိုးများကို သတိထားမိလိုက်၏။

ထိုဝါယာကြိုးများနှင့် မိုက်ခရိုဖုန်း၊ မီးလုံးများနှင့် ဘားကို ချိတ်ဆက်ထားသည်။ ဟိုင်ရိက ထိုင်ပြီး ဝါယာကြိုးများကို ကောက်ယူလိုက်၏။ သူတို့နှင့် ပတ်သက်ပြီး ပြဿနာ သိပ်ရှိပုံမရပေ။

*မဟုတ်သေးဘူး*

ဟိုင်ရိက တွေးလိုက်သည်။ 

လျှပ်စစ်ပတ်လမ်း မီးလောင်ပြီး အဲဒီနောက် မီးကို ဖြစ်စေခဲ့ရမယ်...

ထန်ယင်က နားလည်သွားပုံရ၏။

"တစ်ယောက်ယောက်က လျှပ်စစ်စီးကူးပစ္စည်းကို ပြောင်းလိုက်တာလား"

"ကြေးနီမှာ လျှပ်စစ်ခုခံအား အရမ်းနည်းတယ်"

ဟိုင်ရိ ပြောလိုက်သည်။

"မှတ်မိတာ မှန်ခဲ့မယ်ဆိုရင် ဘယ်လိုသတ္တုစပ်မျိုးမဆို ကြေးနီထက် လျှပ်စစ်ခုခံအား ပိုများလား"

လျိုကျယ်က ပြုံးလိုက်သည်။

လျိုကျယ်: “ရှင် အမှန်ကို မှတ်မိတာပဲ"

ဟိုင်ရိ: "လျှပ်စစ်စီးကူးပစ္စည်းရဲ့ လျှပ်စစ်ခုခံအား ပြောင်းလဲသွားရင် ဘာဖြစ်မလဲ"

လျိုကျယ် သိပ်မသေချာပေ။

"လျှပ်စစ်ပြတ်တောက်တာလား"

"ဒီနေရာက လျှပ်စစ်ထုတ်လုပ်မှုက ကြီးတယ်"

ရှန့်ချန့်ယန်က သူတို့ကို သတိပေးလိုက်သည်။

"ပစ္စည်းအများကြီးကို တစ်ပြိုင်နက်တည်း အသုံးပြုတာကို ထောက်ပံ့ပေးရတယ်"

"ဒါဆိုရင်"

ဟိုင်ရိက ရှန့်ချန့်ယန်ကို ကြည့်လိုက်၏။

"မီးအားတက်လိမ့်မယ်"

ထိုသို့သော နည်းလမ်းများကို နက်နက်နဲနဲ နားလည်ထားသလိုမျိုး လျိုကျယ်က ပြောလိုက်သည်။

လျိုကျယ်: "လျှပ်စစ်စီးကူးပစ္စည်းကို လျှပ်စစ်ခုခံအားမြင့်တဲ့ သတ္တုစပ်နဲ့ လဲလိုက်ပြီး ပစ္စည်းအများကြီးကို တစ်ပြိုင်နက်တည်း အသုံးပြုနေရင် တစ်ခုခု ဖြစ်ကို ဖြစ်လာလိမ့်မယ်.. ဒါပေမယ့် ဒီဝါယာကြိုးတွေမှာ ဘာပြဿနာမှ မရှိဘူး၊ သူတို့အားလုံး ပုံမှန်အတိုင်းပဲ.. မီးအားတက်ပြီး မီးလောင်တဲ့အခါ လျှပ်စစ်စီးကူးပစ္စည်းက အများအားဖြင့် အရည်ပျော်သွားလိမ့်မယ်"

ဟိုင်ရိက သိပ်နားမလည်ဘဲ ခဏတာ စိတ်ရှုပ်ထွေးသွား၏။

သူ စဉ်းစားရင်း စင်မြင့်ပေါ်သို့ တက်သွားသည်။ သေဆုံးသူ ရပ်နေတဲ့နေရာသည် သန့်ရှင်းသပ်ရပ်နေ၏။ သူ့တစ်ကိုယ်လုံးကို ထူးဆန်းသည့် ခံစားမှုတစ်ခု ဖြတ်သန်းသွားသည်။ မျက်လုံးမှိတ်ပြီး အဲဒီအချိန်က အဖြစ်အပျက်ကို စိတ်ကူးကြည့်လိုက်၏။

သေဆုံးသူက စင်မြင့်ပေါ်မှာ ရပ်နေခဲ့တယ်။ သူမကို မီးလောင်လွယ်တဲ့ ပစ္စည်းတွေ ဖြန်းထားခဲ့တယ်။ ပြီးတော့…

ဟိုင်ရိက မျက်လုံးဖွင့်လိုက်ရာ သူ့အကြည့်က အမှတ်မထင် ခေါင်းပေါ်က ဆွဲထားတဲ့ မီးအိမ်ဆီ ရောက်သွား၏။

ဟိုင်ရိ: .....

သူ မီးအိမ်ကို လက်ညှိုးထိုးပြလိုက်သည်။

ဟိုင်ရိ: "အပေါ်က ဝါယာကြိုးတွေ.."

လျိုကျယ်က သူမနဖူးကို လက်ဝါးနဲ့ ရိုက်လိုက်ပြီး ချက်ချင်းပဲ အော်ပြောလိုက်၏။

လျိုကျယ်: "အံ့ဩစရာပဲ၊ ဉာဏ်ကောင်းတယ်.. အောက်က ဝါယာကြိုးတွေ လဲလိုက်တာ မဟုတ်ဘူး၊ မီးအိမ်ရဲ့ ဝါယာကြိုးတွေ.. အဲဒီလိုဆို မီးပွားတွေက သေဆုံးသူဆီကို တိုက်ရိုက်ကျလိမ့်မယ်"

ဟိုင်ရိက လူတိုင်း၏မျက်နှာအမူအရာတွေကို လှည့်ကြည့်လိုက်၏။ ဝမ်ယင့်၏မျက်နှာကား အမှောင်ဆုံးပင်။

🌟🌟🌟