အပိုင်း ၁၅
Viewers 3k

Ch 15


မူရင်းဇာတ်လမ်းအရ ယန်ရွှမ်သည်  ဤကဲ့သို့ ဝေဖန်တိုက်ခိုက်မှုမျိုး ခံရလျှင် မြေပြင်ပေါ် လဲကျပြီး လူရယ်စရာဖြစ်အောင် မျက်ရည်များဖြင့် ငိုကြွေးနေလိမ့်မည်ဖြစ်သည်။ 


ကျီယောက်က ဘယ်လိုပဲဖြစ်ဖြစ် နောက်ပြန်လှည့်မှာ မဟုတ်ဘူး၊ အဲ့ဒါကြောင့်... ဒီကအဖိုးလည်း..ဒီတိုင်းလိုက်သွားရုံပေါ့။


အဆောင်ထဲတွင် မည်သူမှ မရှိသောကြောင့် ယန်ရွှမ်သည် သူဘယ်ကိုသွားမယ်ဆိုသည်အား ရှင်းပြရသည့်ပြဿနာမှကင်းသွားခဲ့သည်။ ဗီရိုထဲမှ အဝတ်အစားလဲစရာတစ်စုံအား ထုတ်ပြီး သူ့အိတ်ထဲ ထည့်လိုက်သည်။ ထို့အတူ ယန်ရွှမ်သည် ယခုဗိုက်ဆာနေပြီဖြစ်သည်။


ဟူး.. တစ်ယောက်ယောက်က သူ့ကိုအခုချိန် နေ့လည်စာ အလကားကျွေးမယ်ဆိုရင် သိပ်ကောင်းမှာပဲ။ 


“တူ…”


သူ့ဖုန်းတုန်ခါလာသဖြင့် ယန်ရွှမ်သည် ဖုန်းအားထုတ်၍ကြည့်လိုက်၏။ 


တစ်ယောက်ယောက်သည် သူ့အား “အနောက်တံခါး” ဟူသော စာတိုလေးပို့ထားခဲ့သည်။ 


ကျောင်း၏ နောက်တံခါးရှိ ပျဉ်းကတိုးပင်အောက်တွင် ရင်းနှီးနေသော ဇိမ်ခံကားတစ်စီးဘေး၌  ရင်းနှီး‌နေသော လူတစ်ယောက်ရပ်နေသည်။ ထိုလူသည် အမြဲတမ်း အလကားစားခွင့် ပေးနေသူပင်။


“တတ်ပါ” ဝေယီချန်းသည် ကားအနောက်ခန်းတံခါးအား ဖွင့်လိုက်သည်။ 


ယန်ရွှမ်သည် အရှေ့ခရီးသည်ထိုင်ခုံဆီသို့ တည့်တည့်လျှောက်သွား၍ ဝင်ထိုင်လိုက်ပြီး ထိုင်ခုံခါးပတ်အား သေချာတပ်ဆင်လိုက်သည်။ 


ထို့နောက် အပြင်မှာကျန်နေခဲ့သည် ဝေယီချန်းအား လက်ပြလိုက်ပြီး “ဒရိုင်ဘာရေ…သွားကြစို့လေ”


“မစ္စတာ ဝေ.., အမှုဆောင်လက်ထောက် ဝေ… ကျွန်တော်တို့ အကြောင်းအရာတစ်ခုကိုဆွေးနွေးလို့ရမလား”

ဝေယီချန်း ကာထဲသို့ဝင်လာသည့်အခါ ယန်ရွှမ်သည် မျက်နှာလွှဲ၍ နှုတ်ခမ်းစူကာပြောလိုက်သည်။


ဝေယီချန်းသည် သူ့အား လျစ်လျူရှူနေသောကြောင့် ယန်ရွှမ်သည် မျက်တောင်လေးများခတ်၍ “ဝေကောကော”ဟု ခေါ်လာသည်။


“မရဘူး”


ယန်ရွှမ်သည် သူကိုယ်သူပြောနေသလိုပုံစံဖြင့်- “နောက်တစ်ခါကျွန်တောိ့ကို လာကြိုရင် ၁၀မိနစ်လောက်ကြိုပြောသင့်တယ်။ မဟုတ်ဘူး ၅မိနစ်ဆိုရင်တောင် လုံလောက်ပါပြီ လာခေါ်မှတော့ပြင်ဆင်ဖို့ အချိန်ရအောင် ကြိုပြောသင့်တယ်လေ” 


“ဘာလို့လဲ” ဝေယီချန်သည် ယန်ရွှမ်အား မှန်ထဲမှ ပြုံးစိစိဖြင့်ကြည့်၍ “အလှပြင်ဖို့အချိန်လိုသေးလို့လား မစ္စတာယန်..?”


“မစ္စတာ” ဆိုသောစကားကို အလေးပေးပြောလိုက်သောသူ၏အသံထဲ၌ လှောင်ပြောင်မှုများအား အထင်းသားဖြစ်ပေါ်နေခဲ့သည်။


“အမ်..အဲ့ဒီလိုမဟုတ်ပါဘူး” ယန်ရွှမ်သည် မျက်နှာပေါ်တွင် အပြစ်ကင်းစင်နေသည့်ပုံလေးဖြင့်ဆက်‌ပြောလာသည်။ “ကျွန်တော့် တင်ပါးလေးကို ဆေးကြောဖို့အချိန်လိုအပ်လို့‌လေ”


ဝေယီချန်းသည် စတီယာကိုတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး မျက်နှာအမူအရာများ အေးစက်သွားကာ စကားပြန်ပြောခြင်းအားရပ်တန့်လိုက်သည်။ 


“ဘယ်ကိုသွားမလို့လဲ? ဒါက ဟိုတယ်ကိုသွားတဲ့လမ်းကြောင်းမဟုတ်ဘူးလေ” ယန်ရွှမ်သည် ကားမှန်ပေါ်လက်တင်၍ အပြင်ကိုကြည့်လိုက်သည်။


 ဝေယီချန်းသည် သူ့အား ချင်အိမ်တော်ကို ခေါ်သွားမည်လားဟု တွေးမိလိုက်သည်။ ဇာတ်လမ်းတွေကဒီလောက်တောင်မြန်နေတာလား? ဒါက သူ့တွက် အစားသောက်စရိတ် ရာနဲ့ချီချွေတာနိုင်တော့မယ်လို့ဆိုလိုတာလား?


ဝေယီချန်းသည် စကားတစ်ခွန်းမှမပြောဘဲ သစ်ပင်များတန်းစီစိုက်ထားသည့် လမ်းလေးအတိုင်း သီးသန့်ခြံဝန်းတစ်ခုဆီသို့ မောင်းနှင်သွားခဲ့သည်။


ယန်ရွှမ်သည် ကားပေါ်မှဆင်းပြီး “ကျွန်တော်ဒီနေ့ နေ့လည်အတန်းရှိသေးတယ်၊ ကျွန်တော် အတန်းတွေပျက်လို့မရတော့ဘူး” ဟု ပြောလိုက်သည်။


ဤနေရာသို့ရောက်ရန် အနည်းဆုံး၁၅မိနစ်ကြာသည်။ ဆိုလိုသည်က သူသည် ဒီနေရာ၌ နေရန် ၁နာရီသာအချိန်ရှိသည်ဟုပင်။ 


ဝေယီချန်းသည် သူပြောနေသည်များကို လျစ်လျူရှူ၍ “မစ္စတာယန်.. ဒီဘက်ကိုကြွပါ” 


ယန်ရွှမ်သည် ကျောပိုးအိတ်ကိုကိုင်ပြီး မကျေမနပ်နဲ့ သူ့နောက်ကိုလိုက်လာ၏


 "ချင်ယွီပိုင်က ခွေးတစ်ကောင်လား... မနေ့ညကတည်းက တစ်ညလုံးလုပ်ပြီးတာတောင်... ခုထိမဝသေးဘူးလား”


ဝေယီချန်း၏ နဖူးကြောများ ထောင်တတ်သွားခဲ့ပြီး အေးစက်စက်အသံဖြင့် “ဥက္ကဌချင်ကမင်းကို နေ့လည်စာအတူတူစားဖို့ခေါ်ခိုင်းလိုက်တာပါ”


“ဟမ်?”


ဒီအခြေအနေက မူရင်းဝတ္ထုထဲမှာ မပါဘူးလေ။


စိတ်လှုပ်ရှားစရာလေး‌တွေရဲ့ အစွမ်းက မူရင်းစာအုပ်ပေါ်မှာ အကျိုးသက်ရောက်မှုရှိနေပြီထင်တယ်။ 


ကောင်တယ်၊ အရှိန်မြှင့်တင်လိုက်၊ အားလုံးကိုအရှိန်မြှင့်လိုက်!


တတ်နိုင်သမျှ ဆက်ဆံရေးတွေတိုးတတ်ဖို့နဲ့ အလကားစားခွင့်တွေများများရစေမယ့် ဇာတ်ကွက်တွေကိုဖန်တီးပေးပါဦး။ 


ယန်ရွှမ်ပြောလိုက်သည့် “ဟမ်” ဆိုသည့် စကားသည် “အိပ်ယာပေါ်ကကိစ္စအတွက်မဟုတ်ဘဲသူကဘာလို့ခေါ်တာလဲ” ဆိုသည့် ပုံစံသက်ရောက်နေသည်။


ဝေယီချန်းသည် သည်းခံနိုင်စွမ်းများကုန်လွန်သွားဟန်ရှိပြီး ချက်ချင်းရပ်လိုက်၍ ယန်ရွှမ်ဘက်သို့လှည့်ကာ “မစ္စတာယန်..ကိုယ့်ကိုယ်ကို လေစားမှုလေးနည်းနည်းရှိပါအုံး”


ယန်ရွှမ်သည် ပါးစပ်အားဖွင့်လိုက်၍ “ခင်ဗျားဘာပြောလိုက်တာ? ကိုယ့်ကိုယ်ကိုလေးစားမှုရှိရမယ်?”


“ဟုတ်တယ်။ မင်းအရင်ကပြောခဲ့သလို အခုကနေ့ခင်းဘက်ပဲရှိသေးတယ်”


ယန်ရွှမ်သည် ပြုံ၍ရှေ့သို့တစ်လှမ်းလှမ်းလိုက်ပြီး သူ၏လက်ချောင်းထိပ်လေးအား ဝေယီချန်း၏ အနက်ရောင် လည်စည်းပေါ်တွင်တင်လိုက်သည်။


သူသည် ဝေယီချန်း၏မျက်မှန်အောက်ရှိ မျက်လုံးများကိုသေချာကြည့်လိုက်၍ “မကောင်းတဲ့အရာဆိုတာ နေ့ခင်းဘက်လည်း လုပ်လို့ရတယ်နော်..”


ဝေယီချန်း၏ နှုတ်ခမ်းများ လှုပ်ရှားသွားခဲ့သည်။ သို့သော်လည်း သူစကားမပြောမီ ယန်ရွှမ်သည် စိတ်ဝင်စားမှုလျော့ကျသွားပြီး ထပ်ပြောလာသည်။ “အထူးသဖြင့် ခင်ဗျားက သားရဲတစ်ကောင်ဖြစ်နေရင်ပေါ့”


သူဖြတ်သွားချိန်တွင် ဝေယီချန်း၏ ပခုံးအား အပြင်းအထန် ဝင်တိုက်လိုက်ပြီး သူ၏ သန့်ရှင်းသော ဝတ်စုံပေါ်တွင် အနည်းငယ်သော ခြစ်ရာများဖြစ်ပေါ်စေလိုက်သည်။ 


ထို့နောက် ဝေယီချန်းအား ချိုမြိန်သော အပြုံးတစ်ခုပြန်၍ပြုံးပြလိုက်ပြီး “ကျွန်တော့်ကိုအထင်မလွဲနဲ့နော်..ကျွန်တော်က ခင်ဗျားရဲ့ သူဌေးကိုပြောတာမဟုတ်ပါဘူး။ ကျွန်တော်ပြောနေတာက..ကျွန်တော့်အကြောင်းပါ”


ဤနေရာသည် ဝိုင်နီခြံဝန်းတစ်ခုဖြစ်ပြီး ချင်ယွီပိုင်၏ ကိုယ်ပိုင်ခြံဝန်းတစ်ခုပင်။


 ဧည့်သည်များကို ဧည့်ခံပြီးသည့်အခါ ချင်ယွီပိုင်သည် ရုတ်တရက် အလွန်ပင်ပန်းနေသလို ခံစားလိုက်ရသည်။


သူက ချင်ချင်း၏ အသံကိုနားထောင်ချင်သည်၊ ဒါမှမဟုတ် သူနဲ့အတူ နေ့လည်စာစားချင်နေသည်။ သို့သော် အိမ်ကိုဖုန်းဆက်သည့်အခါ အစေခံက ချင်ချင်းအစာစားပြီ၍ အိပ်ရာထဲဝင်အိပ်နေပြီဟု ပြောလာသည်။ 


“အိပ်ပါစေ၊ မနှိုးပါနဲ့” ချင်ယွီပိုင်သည် နူးညံ့သောအမူအရာဖြင့် အမိန့်ပေးလိုက်သည်၊၊ ဖုန်းချလိုက်ပြီးနောက် သူသည် ဝေယီချန်းအား နှစ်သိမ့်ဆုအနေဖြင့် အစားထိုးအားခေါ်ခိုင်းလိုက်သည်။


အခုတော့ ထိုအစားထိုးသည် သူ၏ ငွေခက်ရင်း အဖျားတွင် အသားတုံးတစ်ခုလုံးကို ကိုင်ထားပြီး ဆာလောင်နေသည့် သရဲတစ်ကောင်ကဲ့သို့ အသားကို စားနေ၏။ သူစားနေသည့် မြင်ကွင်းသည် အရမ်းကြည့်ရဆိုးတာကြောင့် ချင်ယွီပိုင်၏  အစာစားချင်စိတ်ပင် ပျောက်သွားရသည်။


ချင်ယွီပိုင်သည် ဓားနှင့်ခက်ရင်းအား လက်ထဲတွင် ကိုင်ထားပြီး "မင်းက တောခွေးလား" လို့ အေးစက်စက် ပြောလာသည်။


ယန်ရွှမ်သည် အသားကို ကိုက်စားလိုက်ပြီး သူ မနက်စာ မစားရသေးသောကြောင့် ဆာလောင်နေပြီဖြစ်သည်။


ချင်ယွီပိုင်သည် သူ့အား နေ့လယ်စာစားဖို့ ဖိတ်ခေါ်ထားသည်ကို ထောက်ရှုခြင်းအားဖြင့် သူ၏မှတ်ချက်များအတွက် ထိုသူနဲ့ ရန်မဖြစ်တော့ပါ။


"ဝေယီချန်း" ချင်းယွီပိုင်က ဘေးမှာရပ်နေတဲ့ အိမ်တော်ထိန်းကို အမိန့်ပေးလာသည်...

"ဒီတောရိုင်းခွေးကို အနောက်တိုင်းစာဘယ်လိုစားရမလဲဆိုတာ အချိန်ရရင် သင်ပေးလိုက်”


ယခင်က ယန်ရွှမ်၏ ပြီးပြည့်စုံနေတဲ့ စားသောက်ဟန်ကို  မြင်တွေ့ဖူးသည့် ဝေယီချန်းသည် ခေါင်းညိတ်ပြပြီး  ရိုသေလေးစားစွာ ပြန်ဖြေလာသည်။


"ကောင်းပါပြီ" 


ယန်ရွှမ်သည် အမဲသားကို မျိုချပြီး သူ့ပန်းကန်ထဲရှိ အရံဟင်းပွဲများအားလုံးကို စားလိုက်ပြီးနောက် ပြောလိုက်သည်။  သူဗိုက်ပြည့်သွားပြီလေ။


 "ကျွန်တော်စားပြီးပြီ။ မင်းတို့ဖြည်းဖြည်းချင်းစားကြပါ။”


ယန်ရွှမ် မတ်တပ်ရပ်လိုက်သည်။


“ထိုင်နေ”


ချင်ယွီပိုင်သည် သူ့အား ခပ်ထန်ထန် ဆူပူလာသည်။


“မင်းကိုမင်း ဘယ်သူဆိုတာ ထပ်မေ့သွားပြန်ပြီလား?”


စားပွဲပေါ်ရှိ သူဖိထားသော လက်များ ဖြည်းဖြည်းချင်း ပြေလျော့သွားသည်။ ယန်ရွှမ် ထိုင်ချလိုက်ပြီး ချင်ယွီပိုင်အား မျက်ခုံးပင့်ကြည့်လိုက်ပြီး "ဥက္ကဋ္ဌ ချင်၊ ကျွန်တော့်ကိုဘယ်သူဆိုတာ အမြဲသတိပေးနေစရာ မလိုပါဘူး။ အဲဒီစာချုပ်ကြောင့်သာ မဟုတ်ရင် ကျွန်တော် ခင်ဗျားကို လုံးဝ မတွေ့ချင်စိတ်မရှိနေဘူး။”


"ဟုတ်လား" ချင်ယွီပိုင်သည်  အနီရောင်ဝိုင်တစ်ငုံသောက်ပြီး လှောင်ပြောင်လိုက်သည်။ 


"မနေ့ညက ငါ့ကို တစ်ညလုံးမလွှတ်ဘဲ နေတာ ဘယ်သူလဲ။ အိပ်ယာခင်းတွေ စိုအောင် လုပ်တာ ဘယ်သူလဲ?”


ယန်ရွှမ်  ချက်ချင်း မျက်နှာနီရဲသွားပြီး စားပွဲအား ဒေါသတကြီး ရိုက်လိုက်ရင်း "မစ္စတာချင်! အခုက နေ့ခင်းဘက်အချိန်ပဲ!"


ဝေယီချန်း : "...”


"နေ့ခင်းဘက်လား?" ချင်ယွီပိုင်သည် သူ့၏ အနီရောင်ဝိုင်ခွက်ကို မွှေလိုက်သည်။ သူ၏အပြုံးများ ရုတ်တရက် ပျောက်ကွယ်သွားပြီး "ဒီကိုလာခဲ့" ဟု အေးစက်စွာ အမိန့်ပေးလာသည်။


ယန်ရွှမ်: "မဟုတ်ဘူး၊ ခွေးကောင်၊ ငါအတန်းရှိသေးတယ်၊ အ! "


"မနာခံတဲ့ အစေခံတွေက တန်ဖိုးကို ပေးဆပ်ရမယ်။”


ချင်ယွီပိုင်သည် အနည်းငယ်မှီပြီး ဝေယီချန်းအား ပြောလိုက်သည် : "ဖုန်းဆက်လိုက်။ ရန်ကောဖုကို ရေခဲသေတ္တာထဲ ခဏလောက် အေးသွားအောင် ထည့်ထားလိုက်။"


(TN : အရှေ့ပိုင်းမှာ ယန်ရွှမ်ရဲ့မွေးစားအဖေနာမည်ကို ယန်ကိုဖုကနေ ရန်ကောဖုလို့ပြောင်းထားတယ်နော်)


ယန်ရွှမ်သည် ငြိမ်သက်နေခဲ့သည်။


"လူတွေ ရေခဲသေတ္တာထဲမှာ ရှစ်နာရီထက်ပိုပြီးနေရင် သူတို့ရဲ့ အောက်ပိုင်း ခြေလက်တွေ လှုပ်ရှားလို့မရဖြစ်သွားတတ်တယ်လို့ ငါကြားတယ်..."


ယန်ရွှမ် မတ်တပ်ရပ်လိုက်သည်။


ဟွန့်


ရန်ကောဖုဆိုတာ  သူ့ရဲ့အဓိကအလုပ်သမားပဲ! ဒီလိုမျိုး ခြေထောက်တွေကို အကြောသေခံနိုင်မှာလဲ!


ချင်းယူပိုင် သဘောကျစွာရယ်မောလိုက်သည်။  


ယန်ရွှမ် ဘယ်လောက်ပဲ မဟုတ်သလို ဟန်ဆောင်ဖို့ ကြိုးစားပါစေ၊ သွေးသားတော်စပ်မှုမရှိရင်တောင် သူ့ရဲ့ တစ်ဦးတည်းသော ဆွေမျိုးအတွက် စိုးရိမ်ပူပန်မှုကို ဖုံးကွယ်ထားလို့ မရ‌ပေ။


ချင်ယွီပိုင်: “ဒူးထောက်လိုက်”


ယန်ရွှမ် ပြောတဲ့အတိုင်း လုပ်လိုက်သည်။


ချင်ယွီပိုင်: “...”


"ဒူးထောက်ခိုင်းတာ၊ လမ်းဘေးလူမိုက်‌လိုထိုင်ခိုင်းတာမဟုတ်ဘူး" ချင်ယွီပိုင်သည် ယန်ရွှမ်၏ မေးစေးကိုညှစ်လိုက်သည်။ "နောက်တစ်ခါ ရန်ကောဖုကိုထောင်ထဲထည့်ချင်နေတာလား"  


ယန်ရွှမ်သည် သေချာဒူးထောက်သည်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပါ။


ဟွန်း။ ဘယ်လောက်တောင် ဆိုးတဲ့ကောင်လဲ။


ချင်ယွီပိုင်၏ အကြည့်သည် အောက်ကို လျှောကျသွားခဲ့ပြီး ယန်ရွှမ် ဝတ်ထားသည့် ကော်လာမြင့်မြင့်နှင့် ပွယောင်နေသည့် ရှပ်အင်္ကျီကို ယခုလေးတင်သူသတိထားမိသွားသည်။


သူ၏ အလွန်ထက်မြက်‌သော မျက်လုံးများက ထိုအင်္ကျီသည် လမ်းဘေးဆိုင်များတွင် ရောင်းသည့်အရာတွေထက် အရည်အသွေးများစွာပိုကောင်းသည်ဆိုတာကို သိလိုက်သည်။ တကယ်တော့ဒါကအထူးဒီဇိုင်နှာနှင့် ချုပ်လုပ်ထားတာတောင်ဖြစ်နေနိုင်သည်။


ချင်ယွီပိုင်သည် ယန်ရွှမ်၏ မေးစေ့အား ဆုပ်ကိုင်ထားရာမှ ရုတ်တရက် ယန်ရွှမ်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။


"ကျွန်တော့်ကို လွှတ်-" ယန်ရွှမ် ရုန်းကန်နေ၍  "ကျွန်တော် အတန်း ပြန်တတ်ရအုံးမယ်”


ချင်ယွီပိုင်သည် သူ့ခါးကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး ကြယ်သီးတပ်ထား‌သော ကော်လာအား လက်တစ်ဖက်နဲ့ လှမ်းကိုင်လိုက်ပြီး ကော်လာအား ပြင်းပြင်းထန်ထန် ဆွဲဖွင့်လိုက်သည်။


ကော်လာရဲ့ အတွင်းဘက်မှ  ပိုးချည်ချုပ်ရိုးတစ်ခု ရှိပြီး အဲဒီအပေါ်တွင် ပန်းပွင့်ပုံစံ Y ဆိုသောစာလုံးတစ်လုံးကို လှပစွာ ချုပ်ထားသည်။


“အဟွတ်…အဟွတ်…” ယန်ရွှမ်သည် ချင်ယွီပိုင်၏ လည်ပင်းညှစ်ထားခြင်းကိုခံနေရဆဲဖြစ်သည်။ နာကျင်မှုကို မခံစားရပေမယ့် သူ့လည်ပင်းနဲ့ မျက်နှာများ တင်းကျပ်လာသည်ကို ခံစားမိနေသည်။ရ


“လွှတ်…ပေး…”


အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် ကောင်လေး၏ နှင်းလိုဖြူဖွေးတဲ့ မျက်နှာသည် သွေးရောင်ပြောင်းသွားတဲ့အခါ ဝေယီချန်း၏ မျက်လုံးများသည် ဖျတ်ခနဲ လင်းလက်သွားခဲ့သည်။ သူက "ဥက္ကဋ္ဌ ချင်" လို့ ပေါ့ပေါ့ပါးပါး သတိပေးလာသည်။


သူ၏ရင်ခွင်ထဲမှ လူသည် အားနည်းစွာ ရုန်းကန်နေခဲ့ပြီး ပန်းပွင့်ပုံစံ 'Y' သည် သူ၏မျက်လုံးရှေ့တွင် လှောင်ပြောင်နေသကဲ့သို့ ယိမ်းထို‌နေလေသည်။ ချင်ယွီပိုင်သည် ဝေယီချန်းအား အေးစက်စက်ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် သူ့ဆုပ်ကိုင်မှုကို ဖြေလျှော့ပြီး ယန်ရွှမ်းကို ဘေးသို့ ပစ်ချလိုက်သည်။


ယန်ရွှမ်သည် ချောင်းဆိုလျက် မြေပြင်ပေါ်သို့လဲကျသွားခဲ့ပြီး ဒိီတစ်နေ့ထဲမှာသုံးကြိမ်မြောက် လဲကျသွားခြင်းအကြောင်းစဉ်းစား‌နေမိသည်။


‌အခုတော့ နောက်တစ်ကြိမ် မြေပြင်ပေါ် ထပ်မံပစ်ချခံရပြန်ပြီ။


“အဲ့ဒါဘယ်သူ့အဝတ်အစားတွေလဲ”


ချင်ယွီပိုင်သည် သွတ်သွတ်လတ်လတ်မေးလိုက်သည်။


ယန်းရွှေရဲ့ ချောင်းဆိုးသံ တဖြည်းဖြည်းငြိမ်ကျသွားပြီး လည်ပင်းကိုကိုင်ရင်း ခေါင်းငုံ့ကာ ဆိတ်ဆိတ်နေလိုက်သည်။


“မင်းတကယ်ကို…” ချင်ယွီပိုင်သည် စားပွဲပေါ်ရှိ ဝိုင်နီခွက်အား ကိုင်မြှောက်ပြီး ကိုင်းညွှတ်လိုက်သည်။ "လုံး၀နာခံမှုမရှိဘူးပဲ”


ယောက်ျားတစ်ယောက်ပိုင်ဆိုင်ကြောင်း ထင်ရှားနေသည့် ဈေးကြီးသော ရှပ်အင်္ကျီတစ်ထည်ကို သူ၏အစေခံလေးပေါ်တွင် မြင်လိုက်ရခြင်းက သူ့ကို ဒေါသထွက်စေသည်။


ထို့နောက်အနည်းငယ်အေးမြသည့်အရည်များကို နှင်းကဲ့သို့ဖြူ‌နေသောရှပ်အင်္ကျီပေါ်သို့ ဖြည်းဖြည်းချင်းလောင်းချလိုက်သည်။


ယန်ရွှမ်သည် မလှုပ်မယှက်ရှိနေဆဲပင်။ သူ၏ဆံပင်မည်းများက သူ့မျက်နှာ၏အပေါ်ပိုင်းကို ဖုံးအုပ်ထားပြီး သူ့အမူအရာအများစုကိုလည်း ဖုံးကွယ်ထားသည်။ 


ချင်ယွီပိုင်သည် ခေါင်းမာစွာဖိကိုက်ထားသော နှုတ်ခမ်းတစ်စုံကိုသာ မြင်နေရသည်။ ယန်ရွှမ်သည် စကားမပြောရန် ဆုံးဖြတ်ထားသဖြင့် ဤရှပ်အင်္ကျီသည် မည်သူပိုင်ဆိုင်ကြောင်း ဖုံးကွယ်လိုဟန်ရှိသည်။


ရှပ်အင်္ကျီပေါ်ရှိ တောက်ပသော ဝိုင်နီအစွန်းအထင်းသည် ဖြည်းဖြည်းချင်းနှင့် တိတ်ဆိတ်စွာ ပျံ့နှံ့သွား၏။


ထိုစဥ် တိတ်ဆိတ်သောအခန်းထဲ၌ သာယာသောတေးဂီတသံများ ထွက်ပေါ်လာပြီး ထူထဲသောတိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။


ချင်ယွီပိုင်၏မျက်လုံးများသည် ယန်ရွှမ်၏ စုတ်ပြဲနေသော လွယ်အိတ်ပေါ်သို့ ကျရောက်သွားပြီး ဝေယီချန်အား မေးစေ့ဖြင့်ညွှန်ပြလိုက်သည်။


ဝေယီချန်း နားလည်လိုက်ပြီး ယန်ရွှမ်း၏ ကျောပိုးအိတ်အား ဖွင့်လိုက်ရာ လွယ်အိတ်အထဲတွင် ရှိနေသော အဝတ်အစားများကိုမြင်လိုက်ရသဖြင့် အံ့ဩသွားသော်လည်း မမြင်ချင်ယောင်ဆောင်ပြီး အပေါ်ဆုံးတွင်ရှိသော ဖုန်းအားယူလိုက်၏။


“ပြန်ပေး-”


တလျှောက်လုံး ငြိမ်သက်တိတ်ဆိတ်ပြီး လှုပ်ရှားမှုကင်းမဲ့နေခဲ့သော ယန်ရွှမ်သည် ရုတ်တရက်ပင် ဝေယီချန်း၏လက်ထဲမှ ဖုန်းကို ကြမ်းတမ်းစွာဖြင့် လုယူရန် ကြိုးစားလာသည်။


ချင်ယွီပိုင်သည် ရုတ်ချည်း ထရပ်လိုက်ပြီး ယန်ရွှမ်ကို သူ့ဘေးဘက်၌ လက်တစ်ဖက်ဖြင့် ချုပ်ထားလိုက်ရင်း ကျန်လက်တစ်ဖက်ဖြင့် ဝေယီချန်းလက်ထဲမှ ဖုန်းကို လက်ခံလိုက်သည်။


ခေါ်ဆိုသူ၏ အမည်မှာ မှတ်သားထားခြင်းမရှိပေ။


ချင်ယွီပိုင်၏လက်မောင်းသည် ယန်ရွှမ်ကို ချိန်းကြိုးကဲ့သို့ ဖမ်းချုပ်ထားပြီး သူ၏နှုတ်ခမ်းသည် ယန်ရွှမ်၏ ပါးလွှာသော နားရွက်နားသို့ တိုးကပ်သွားသည်။ ပူနွေးသော လေငွေ့များကို မှုတ်ထုတ်လာလျက် သူ တီးတိုး မေးလာ၏။

 “ဘယ်သူလဲ။”


ယန်ရွှမ်၏ တစ်ခုတည်းသောအဖြေမှာ တိတ်ဆိတ်နေခြင်းပင်။


ရယ်ရလိုက်တာ။ ဘယ်သူခေါ်လာလဲဆိုတာ ငါဘယ်လိုလုပ်သိမှာလဲ။


ချင်ယွီပိုင်သည် အေးစက်သော မျက်နှာထားဖြင့် ဖုန်းကိုင်လိုက်ပြီး ချက်ချင်းပင် စပီကာကို ဖွင့်လိုက်သည်။


တခြားတစ်ဖက်တွင် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်နေပြီး ချင်ယွီပိုင် မမျှော်လင့်ထားသော်လည်း ရင်းနှီးနေသော အသံတစ်ခုသည် စပီကာမှတဆင့် ထွက်ပေါ်လာခဲ့သည်။


မွေးရာပါမောက်မာမှုတို့ ရောစွက်နေသည့် အေးစက်သော လေသံ။


“မင်းဘယ်မှာလဲ။”


“ဘာလို့ ဟိုတယ်ကို မပြန်လာတာလဲ။”


အပိုင်း 15 ပြီး။


----