Ch 10
ကျီမျိုးရိုးနှင့် ချင်မျိုးတို့သည် မျိုးရိုးမြင့်မာသော မိသားစုများဖြစ်ကြသည်။ နှစ်ပေါင်းများစွာ ဩဇာအာဏာကြီးမားမှုအား နှိုင်းယှဉ်ကြည့်လျှင် အတူတူနီးပါးဖြစ်လောက်သော်လည်း ယခုအခါတွင် ကျီမျိုးရိုသည် ပို၍သာလွန်နေပြီဖြစ်သည်။
ချင်မိသားစု၏ အာဏာကျဆင်းလာမှုသည် နောက်ဆုံးမျိုးဆက်များ၏ အရည်အချင်းမရှိမှုမှ စတင်ဖြစ်ပွားခဲ့ပြီး ချင်ယွီပိုင်လက်ထပ်ရောက်သည့်အခါမှသာ အခြေအနေများကို ပြောင်းလဲနိုင်ခဲ့ပြီး စီးပွားရေးကျဆင်းနေမှုမှ ကယ်တင်နိုင်ခဲ့ခြင်းပင်။
ကျီယောက်နှင့်ချင်ယွီပိုင်နှစ်ဦးတွင်၊ တစ်ဦးသည် ရွှေတောင်ပုံကြီးတွင် အခန့်သားအိပ်နေရသည့် သခင်လေးဖြစ်ပြီး၊ နောက်တစ်ဦးမှာတော့ ပြိုလဲနေသည့် ရှေးမင်းဆက်ကို ပြန်လည်တည်ထောင်နေရသူဖြစ်သည်။
သူတို့နှစ်ဦးကြား အသက်အားဖြင့် ကွာဟမှုရှိသော်လည်း လူမှုအသိုင်းအဝိုင်းအတွင်း အဆင့်အတန်းချင်းယှဉ်လျှင် နှစ်ဦးလုံးတန်းတူရည်တူရှိသည်။
ကျီမိသားစုသည် ယခုအခါ အလွန်တရာ ဩဇာအာဏာကြီးမားနေသဖြင့် ဤသခင်လေးသည် သူ၏ငွေကြေးနှင့် ချမ်းသာကြွယ်ဝမှုအား စိတ်ကြိုက်သုံးဖြုန်းခွင့်ရှိနေသည်။
ဝေယီချန်းသည် ချင်ယွီပိုင် နှင့် နီးနီးကပ်ကပ်လုပ်ကိုင်နေသူဖြစ်သည့်အတွက် ကျီယောက်၏ ဩဇာကြီးမားမှုအား ကောင်းစွာသိရှိထားသည်။
ကျီယောက် ရပ်ရန်အမိန့်ပေးလိုက်သည့်အတွက် သူသည် လိုက်နာခဲ့ရသည်။
“ပြောစရာရှိလို့လား ကျီသခင်လေး”
“သူ မင်းနဲ့လိုက်ချင်တဲ့ပုံမပေါ်ဘူး” ကျီယောက်ကညင်သာစွာပြောလာသည်။
ဝေယီချန် နောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါ ယန်ရွှမ်သည် ချက်ချင်းပဲ ခေါင်းကိုရင်ဘတ်နားထိ ငုံ့လိုက်၍ သနားစဖွယ် တုန်ရီနေသည်ကို တွေ့လိုက်ရသည်။
ဝေယီချန်သည် ထိုဟန်ဆောင်နေမှုအားမြင်လိုက်ရသည်ကြောင့် မျက်ခုံးများကိုကျုံ့လိုက်မိသည်။
“မစ္စတာ ယန်” ဝေယီချန်းသည် အေးစက်စွာဖြင့် မေးလာသည် “အဲ့တာအမှန်ပဲလားဗျ”
"အဲဒီလိုမဟုတ်ပါဘူး... ကျွန်တော်လိုက်ချင်ပါတယ်”
ယန်ရွှမ် ၏ အသံသည် ခြင်တစ်ကောင်၏အသံကဲ့သို့တိုးနေ၍ စကားအား တုန်တုန်ရီရီဖြင့် ပြောဆိုနေသည်ကြောင့် မည်သူမဆို သူ၏စကားသည် လိမ်ညာနေမှန်းသိနိုင်သည်။
သို့သော် ဝေယီချန်းသည် မည်သည့်အရာကိုမှမကြားသဖွယ်ဟန်ဆောင်ကာ “ကျွန်တော်တို့အခုသွားလို့ရပြီလားဗျ၊ ကျီသခင်လေး”
သူသိထားသော ကျီယောက်ဆိုသူသည် တရားမျှတမှုဆိုသောအရာအတွက် ကြားဝင်ရောက်ရန် စိတ်ဝင်စားသူတစ်ဦးမဟုတ်ပေ။ ကျီယာက် ယခုကဲ့သို့ ပြောဆိုလာခြင်းသည် သူ့အားအံ့အားသင့်စေသည်။
ကျီယောက်သည်ယန်ရွှမ်းကိုသိနေသလား? ယန်ရွှမ်းသည် သူ့အားတစ်ခုခုပြောခဲ့သလား ဒါမှမဟုတ် တစ်ခုခုများလုပ်ခဲ့သလား?
မျက်မှန်အောက်မှ ဝေယီချန်း၏မျက်လုံးများမှေးကျဉ်းသွားခဲ့၏။
ကျီယောက်၏ အေးစက်သောအကြည့်သည် ယန်ရွှမ်၏ မျက်နှာအများစုကို ဖုံးလွှမ်းနေသည့် ရှည်လျားသော အနက်ရောင်ဆံပင်များပေါ်သို့ စူးစိုက်ကြည့်လိုက်သည်။
ထိုဆံပင်များဖြင့်ဖုံးကွယ်ထားသော မျက်နှာသည် ချင်ချင်း၏ မျက်နှာနှင့် ဆန်းကြယ်လောက်အောင်တူနေသော်လည်း၊ အားနည်းပြီး ညစ်ပတ်ကာ အပေါစားဆန်သောစိတ်ရှိခြင်းသည် ချင်ချင်းနှင့် လုံးဝဆန့်ကျင်ဘက်ပင်ဖြစ်သည်။
“မင်းသဘောပဲ”
မရေရာသော စကားနှစ်ခွန်းကို ပြောခဲ့ပြီးနောက် ကျီယောက်သည် ယန်ရွှမ်းအား ခံစားချက်မဲ့စွာဖြင့် ဖြတ်လျှောက်သွားပြီး ခန်းမအဆုံးရှိ စာသင်ခန်းဆီသို့ တည့်တည့်သွားလိုက်သည်။
ကျီယောက် စာသင်ခန်းထဲသို့ဝင်သွားသည့်အခါမှ ဝေယီချန်းသည် ယန်ရွှမ်အား ဒေါသမျက်လုံးဖြင့်လှမ်းကြည့်လာသည်။ “ပျော်ဖို့ကောင်းလား”
ယန်ရွှမ်သည် ခံစားချက်မဲ့သောမျက်နှာဖြင့်ခေါင်းကိုမော့လိုက်၍ “သာမန်ပါပဲ။ ချမ်းသာတဲ့မိသာစုက ကလေးတွေက အရမ်းပျင်းဖို့ကောင်းတာပဲနော်”
ယန်ရွှမ်၏ စကားသံထဲတွင် ကျီယောက်ကဲ့သို့ သခင်လေးတစ်ယောက်အား လေးစားမှုမရှိသကဲ့သို့ဖြစ်နေသည်။ သူပြောနေသည့်ပုံစံမှာ “သူ့ကိုငါ့လက်ထဲကအရုပ်တစ်ရုပ်လို အချိန်မရွေးဆော့ကစားနိုင်တယ်” ဆိုသည့်သဘောမျိုးပင်။
ဝေယီချန်း၏ ရင်ဘတ်ထဲမှ တင်းကျပ်သော တဒိန်းဒိန်းသံများ ထွက်ပေါ်လာကာ၊ နှလုံးခုန်သံသည် လှုံ့ဆော်မှုတစ်ခုခုကြောင့် ချက်ချင်းမြန်ဆန်သွားသည်။ ဤသည်မှာ အန္တရာယ်ကိုရင်ဆိုင်ရပြီးနောက် ခန္ဓာကိုယ်၏ အလိုအလျောက်တုံ့ပြန်မှုတစ်ခုကဲ့သို့ဖြစ်သည်။
ဝေယီချန်းသည် သူ၏ နှလုံးခုန်သံကို ချုပ်တည်းကာ၊ ခြောက်ကကပ်ကပ်အသံဖြင့် "သွားကြစို့၊ ငါတို့နောက်ကြနေလိမ့်မယ်" လို့ ဆိုလာ၏။
အမှန်တကယ် နောက်ကျခဲ့သူမှာ ချင်းယွီပိုင်ပင်။
ချင်ယွီပိုင်သည် ဝေယီချန်းအား ယန်ရွှမ်ကိုသွားကြိုရန် စေလွှတ်ခဲ့ပြီး သူကိုယ်တိုင်လည်း ချက်ချင်းလာခဲ့မည်ဟုပြောခဲ့သည်။ သို့သော် ယန်ရွှမ်သည် အဆင့်မြင့်မိုးမျှော်တိုက်ခန်းအိမ်ထဲတွင် နာရီဝက်ကြာစောင့်ဆိုင်းနေခဲ့ရသည့်တိုင် ချင်ယွီပိုင် ၏ အရိပ်အယောင်ပင် မတွေ့ရခဲ့ပေ။
ယန်ရွှမ်သည် စိတ်မရှည်စွာဖြင့်မျက်ခုံးများကိုကြုတ်လိုက်မိသည်။
ကပ်စေးနှဲပြီး အချိန်စီမံခန့်ခွဲမှုကလည်းညံ့လိုက်တာ။ သူ့ကြောင့် ဇာတ်လမ်းတိုးတတ်မှုတွေကနှေးနေရတာ။
နောက်ထပ်၀.၅မှတ်ဖြတ်ခံနေရပြီ။
“ကျွန်တော်ဒီကွန်ပျူတာကိုသုံးလို့ရလား”
ဝေယီချန်းသည် ယန်ရွှမ်နှင့်အတူ စောင့်နေခဲ့သည်။ ပျော့ပျောင်းသည့် ဆိုဖာရှိနေသော်လည်း သူသည် ထိုင်ခုံပေါ်ထိုင်ရန် ငြင်းဆန်ခဲ့ပြီး အဲဒီအစား လက်ပိုက်ပြီး မတ်မတ်ရပ်ကာ ပြီးပြည့်စုံသောအိမ်တော်ထိန်းပုံရိပ်အား ထိန်းသိမ်ထားလေသည်။
ယန်ရွှမ် ညွှန်ပြနေသည်မှာ အဆင့်မြင့်အိမ်ရှိ စာကြည့်ခန်းထဲက notebookကွန်ပျူတာပင်။
ဤဟိုတယ်သည် ချင် မိသားစုပိုင်၍၊ ဒီအဆင့်မြင့်အခန်းမှာ ချင်ယွီပိုင်၏ ကိုယ်ပိုင်အခန်းဖြစ်၏။ ဟုတ်ပါသည်၊ အတွင်းကပရိဘောဂတွေအားလုံးသည် ချင်ယွီပိုင်၏ ကိုယ်ပိုင်ပစ္စည်းများသာဖြစ်သည်။
တိကျစွာပြောရလျှင် ယန်ရွှမ်သည်လည်း ချင်ယွီပိုင် အပိုင်ပင်ဖြစ်သည်။
“မရပါဘူး။ ဒါက ချင် ဥက္ကဋ္ဌကြီးရဲ့ ကိုယ်ပိုင်ကွန်ပျူတာပါ”
“ကွန်ပျူတာမသုံးရဘူးဆိုရင် ဝိုင်ဖိုင်လိုင်းလောက်တော့သုံးလို့ရမလား?
ယန်ရွှမ် သည် သူ၏ဖုန်းကိုထုတ်၍ "ဒီကဝိုင်ဖိုင်လိုင်းရဲ့ စကားဝှက်ကဘာလဲ?" ဟုမေးလိုက်သည်။
ဝေယီချန်း - "ကျွန်တော်ကိုယ်တိုင်ထည့်ပေးပါ့မယ်”
"ကျေးဇူးပါ"ဟု ပြောလိုက်ရင်း ယန်ရွှမ်သည် ဖုန်းကို ဝေယီချန်း ထံပေးလိုက်သည်။
ယန်ရွှမ်၏ ဖုန်းသည် စျေးနှုန်းသင့်သည်ဟု လူသိများသော ပြည်တွင်းထုတ် မော်ဒယ်တစ်ခုဖြစ်သည်။ ဖန်သားပြင်၏ ညာဘက်ထောင့်သည် အနည်းငယ် ကွဲအက်နေသော်လည်း အသုံးမပြုနိုင်သည့် အဆင့်အထိ မဟုတ်ပေ။
ဖုန်း၏ background မှာ အပြာရောင်ကောင်းကင်အောက်ရှိ မိုးခိုးရောင်ကြွေပြားများရှိသည့် အဖြူရောင် နံရံတစ်ခုဖြစ်သည်။
ဝေယီချန်သည် ထိုအုတ်တံတိုင်းအား Xingxing ကလေးဂေဟာ၏ ပတ်လည်တွင် ရှိသည့် အုတ်တံတိုင်းဖြစ်ကြောင်း သတိထားမိသွားသည်။
သူသည် မျက်လွှာချလိုက်ပြီး မည်သည့်စိတ်ခံစားမှုမျှ မပြဘဲ ယန်ရွှမ်အား ဝိုင်ဖိုင်ချိတ်ပေးကာ ဖုန်းကို ပြန်ပေးလိုက်၏။
ယန်ရွှမ်သည် သူ၏ဖိနပ်များကိုချွတ်လိုက်၍ နူးညံ့သောဆိုဖာပေါ်တွင် လှဲလိုက်ပြီး ခေါင်းကိုနည်းနည်းစောင်းလိုက်ကာ ဝေယီချန်းအား လုံးဝမျက်ကွယ်ပြုလိုက်သည်။
ချင်ယွီပိုင်နောက်ကျနေပြီဖြစ်သည့်အတွက် ဤအချိန်ကိုအသုံးချကာ သူ့အီးမေးလ်ထဲရှိ ပါမောက္ခယနေ့သင်သွားသော သင်ခန်းစားများကိုပြန်၍လေ့လာနေလိုက်သည်။
အခန်းသည် လုံးဝတိတ်ဆိတ်နေပြီး သူတို့နှစ်ယောက်၏ အသက်ရှူသံများကိုပင် ကြားနေရသည်။
ဝေယီချန်းသည် ရူးသွားမည့်အလား ခံစားနေရ၏။
ဆိုဖာပေါ်တွင် လှဲလျောင်း၍ ဖုန်းကြည့်နေသည့် ယန်ရွှမ်၏ပုံရိပ်သည် “ဘဝကိုအေးချမ်းစွာနေထိုင်ခြင်း” ဟူသော အတွေးကိုဖြစ်ပေါ်လာစေသည်။
ယန်ရွှမ် အမှန်တကယ်ပင် အေးချမ်းစွာနေထိုင်နေသလား?
သူတကယ်ပဲ စိတ်ရှုပ်ထွေးနေခဲ့ရသည်။
သူ့ကိုယ်သူ အလွယ်တကူရောင်းစားခဲ့တဲ့ ကောင်းလေးတစ်ယောက်ကလေ။
သူ့ကိုယ်သူအလွယ်တကူရောင်းခဲ့ပြီး ဈေးပိုတောင်းခဲ့တဲ့ကောင်းလေးတစ်ယောက်၊
ချမ်းသာတဲ့မိသားစုမှ သခင်လေးတစ်ယောက်အား လှည့်စားရန် ရည်ရွယ်ချက်ရှိရှိဟန်ဆောင်ခဲ့သော ကောင်းလေး။
ရဲရင့်ပြီး ပေါ့ပေါ့တန်တန်နဲ့ ကားပြတင်းပေါက်နားတွင်ထိုင်၍ သူ့အား ကြိုတင်ဘွတ်ကင်လုပ်ရန် ပြောတတ်သောကောင်လေးပင်။
ဝေယီချန်းသည် မျက်လုံးများကို မှိတ်လိုက်ရင်းသူ၏ နှုတ်ခမ်းများသည် တိတ်ဆိတ်နေ၍ စိတ်ထဲမှပြောလိုက်မိသည်။
ပြည့်တန်ဆာတစ်ယောက်ပဲ။
ယန်ရွှမ်သည် ချင်ယွီပိုင်းအား တစ်နာရီကြာသည်ထိ စောင့်နေခဲ့သည်။
ဝေယီချန်းမှ ချင်ယွီပိုင်အား နှုတ်ဆက်သည့်အသံကြားမှ ယန်ရွှမ်း လှည့်ကြည့်လိုက်မိ၏။
သူသည်ခံစားချက်မပါဘဲ “ခင်ဗျား နောက်ကျနေပြီ” ဟုပြောလိုက်သည်။
ချင်ယွီပိုင်သည် ရှပ်အင်္ကျီနှင့် ကုတ်အင်္ကျီများကို ကြယ်သီးအပြည့်တပ်ဆင်၍ ဝတ်စုံအပြည့်ဝတ်ဆင်ထားသည်။
သူ့တွင် အထက်တန်းစား လူယုတ်မာတစ်ယောက်၏ အရှိန်အဝါများရှိနေလေသည်။ ယန်ရွှမ်၏ ရိုင်းပျသောစကားများအတွက် အပြစ်တင်မည့်အစား၊ သူသည် ဝေယီချန်း၏ ပခုံးကို ပုတ်ကာ ထွက်သွားရန် အချက်ပြလိုက်သည်။
ထို့နောက် သူ၏ အင်္ကျီကြယ်သီးများကို ဖြေးညှင်းစွာဖြေလျော့ရင်း ဆိုဖာဆီသို့ ချဉ်းကပ်သွားပြီး ဆိုဖာ၏လက်ရန်းနှစ်ဖက်ကို ကိုင်ထားကာ ယန်ရွှမ်အား နှုတ်ခမ်းထောင့်တွင် ပြက်ရယ်ပြုသောအပြုံးနှင့် မထီမဲ့မြင်ပြုသောအကြည့်ဖြင့် "ငါနဲ့အတူအိပ်ချင်လား" ဟု မေးလာသည်။
ယန်ရွှမ်၏ မျက်လုံးများသည် ချင်ယွီပိုင်၏ ပခုံးမှကျော်၍ အပြင်သို့လှမ်းကြည့်လိုက်သည်။ ဝေယီချန်းသည် တံခါးအားညင်သာစွာပိတ်နေချိန်၌ မည်သည့်အရာကိုမှမကြားသည့်ဟန်ဖြင့် ခေါင်းကိုသာငုံ့ထားသည်။
တံခါးမပိတ်မှီ ထိုကောင်လေး၏အေးစက်သောအဖြေသည် သူ့နားထဲသို့ လွင့်မျောလာခဲ့သည်။
“အွန်း”
ဝေယီချန်းသည် တံခါးပိတ်ရင်း ခဏရပ်တန့်သွားသည်။ သူခေါင်းမော့ကြည့်လိုက်ချိန်တွင် တံခါးအကြားမှ ချင်ယွီပိုင်သည် ကောင်လေးအား လွှမ်းမိုးထားသည်ကိုမြင်ရပြီး၊ ကောင်လေး၏မျက်နှာသည်လည်း လှည့်ထားကာ မျက်မှန်သည် ကော်ဇောပေါ်တွင်ကျနေသည်။ ယန်ရွှမ်၏မျက်လုံးများသည် ချင်ယွီပိုင်၏ပခုံးပေါ်မှတစ်ဆင့် မပိတ်ရသေးသည့် တံခါးအကြားဆီသို့ စိုက်ကြည့်နေသည်။ သူ၏ပုံစံမှာ အကြိုက်ဆုံးသားကောင်ကို ဖမ်းမိသကဲ့သို့၊ ကောင်လေး၏မျက်လုံးများသည် ရယ်ရွှင်ရိပ်သန်း၍ အနည်းငယ်ကွေးညွှတ်သွားသည်။
ဝေယီချန်း တံခါးအားပိတ်လိုက်၏။ တံခါးလက်ကိုင်ကို ကိုင်ထားသောလက်မှ ချွေးများထွက်လာ၍ စေးကပ်ကပ်ဖြစ်နေလေသည်။
ချင်ယွီပိုင်သည် ယန်ရွှမ်၏ လည်တိုင်တိုင်အားကိုက်လိုက်သည်။
သူရည်ရွယ်ချက်ရှိရှိပြုလုပ်ခဲ့ခြင်းပင်။
ဝယ်ယူခံရသော ကျွန်တစ်ဦးဖြစ်သော်လည်း ယန်ရွှမ်သည် အနည်းငယ် ပုန်ကန်လွန်းစွာ ပြုမူနေခဲ့သည်။
ထိုသို့သောအပြုအမူသည် ယန်ရွှမ်အပေါ်၌ ချင်ယွီပိုင်မျှော်လင့်ထားသည့် ပုံစံမျိုးမဟုတ်ပေ။
ချင်ယွီပိုင်သည် ယန်ရွှမ်၏ အနည်းငယ်သော မာနထောင်လွှားမှုအလွှာကို ချိုးဖျက်ရန်နှင့် ယန်ရွှမ်ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်နှစ်ခုလုံးဖြင့် သူ့အားနာခံလာစေရန် လုပ်မည်ဟုဆုံးဖြတ်ထား၏။
လည်တိုင်ဆိုသည်က ခန္ဓာကိုယ်၏ အန္တရာယ်အရှိဆုံးနှင့် အထိမခံနိုင်သောအစိတ်အပိုင်းတစ်ခုဖြစ်သည်။
လည်ပင်းသည် မကြာခဏဆိုသလို အဝတ်အစားဖြင့်ဖုံးအုပ်ထားခြင်းမရှိဘဲ လူအများမြင်နိုင်သော ကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်သော်လည်း၊ အခြားသူများ အလွယ်တကူထိတွေ့ခွင့်မရှိသည့် နေရာလည်းဖြစ်သည်။
ထိုသို့သောနေရာတွင် မျက်ဝါးထင်ထင်ပေါ်သည့် အမှတ်အသားများရှိခြင်းသည် ထူးခြားသော ရင်းနှီးမှုပြယုဂ်ပင် ။
လူတစ်ယောက်က အပြာရောင်သွေးကြောတွေတစ်လျှောက်ကနေ ဆက်မမြင်ရတော့တဲ့နေရာအထိ ကိုက်ခဲ့ကြောင်း လူတိုင်းသိစေမည့် အမှတ်အသားတစ်ခုဖြစ်သည်။
နုနယ်သောအရေပြားသည် ပြင်းထန်စွာ စုပ်ယူခံရခြင်းကို မခံနိုင်ပေ။ နာကျင်မှုကို ချုပ်ထိန်းထားသော်လည်း ယန်ရွှမ်သည် ချင်ယွီပိုင်၏ နှုတ်ခမ်းတို့ထိသည့်နေရာတွင် စပ်ဖျဉ်းဖျဉ်းနှင့် ထုံကျင်နေသည်ကို ခံစားနေရဆဲဖြစ်ကာ၊ ၎င်းကြောင့် သူ၏ ကျန်အာရုံကြောများ ပိုမိုအားကောင်းစွာ တုန့်ပြန်နေမိသည်။
ယန်ရွှမ်သည် အသံမထွက်လာစေရန် သူ၏အောက်နှုတ်ခမ်းကိုသာ ကိုက်လိုက်ပြီး ဆိုဖာပေါ်တွင် အသံတိတ် သားကောင်ဖမ်းခြင်း ပြိုင်ပွဲတစ်ခု စတင်လာခဲ့သည်။
သားကောင်၏ တုံ့ပြန်မှုမရှိခြင်းသည် မုဆိုးအား ဒေါသထွက်စေလေ၏။
“မင်း အ'နေတာလား”
ချင်ယွီပိုင်သည် ယန်ရွှမ်၏ပါးပြင်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။
ယန်ရွှမ်၏ နှုတ်ခမ်းပေါ်ရှိ အနာဟောင်းများ မကျက်မီအချိန်တွင် အနာသစ်များ ထပ်မံဖြစ်ပေါ်လာခဲ့ပြီး ယင်းတို့သည် စုတ်ပြဲနေသည့် ပွင့်ချပ်များနှင့်တူ၍ ပတ္တမြားအရောင်ကဲ့သို့ သွေးစက်အနည်းငယ်လွှမ်းနေသည်။
“မင်းငါ့ခန္ဓာကိုယ်ကိုပဲဝယ်ထားတာလေ” ယန်ရွှမ် ပေါ့ပေါ့တန်တန်ပြောလိုက်သည်။ “ငါ့ရဲ့တုံ့ပြန်မှု အမူအရာတွေကိုမဟုတ်ဘူး” ထပ်ပြောလိုက်သည်။
အပိုင်း 10 ပြီး။
---