ကျယ်ပြန့်လွန်းလှသည့်
အာကာသဟင်းလင်ပြင်နေရာကို ပြန်ရောက်တော့ ကျိုးရှု တော်တော်လေး
စိတ်လှုပ်ရှားနေမိသည်။ ပြီးခဲ့သော အချိန်မှာ တွေ့ခဲ့ရသည်
ထိုပုဂ္ဂိုလ်ရဲ့မျက်လုံးတွေက သူနားမလည်နိုင်လောက်အောင် နက်ရှိုင်းလွန်းနေသည်။
ထို့နောက် သူထွက်သွားချိန်မှာ ကျိုးရှု အသည်းကွဲသွားသလို တော်တော်လေး
ခံစားလိုက်ရသည်။ ဘဝတစ်ခု၏ အစွန်းနှစ်ဖက်ဖြစ်သော သေခြင်းနှင့် ရှင်ခြင်း ကဲသို့သော
ဝန်ရိုးစွန်းအဖျားတွင် ရပ်နေရသကဲ့သို့ပါပင်။
သူ
မျက်လုံးမှိတ်ပြီး အသက်ကို နက်နက်ရှိုင်းရှိုင်း ရှူသွင်းလိုက်သည်။ သူ့မျက်လုံးများ
ပြန်ဖွင့်လိုက်ကြည့်လိုက်ချိန်မှာတော့ ထိုပုဂ္ဂိုလ်က လာနေတာကို တွေ့ရသည်။ ပြီးခဲ့သော
အချိန်ကတွေ့ခဲ့သည့် ပုံစံအတိုင်း ဝတ်ဆင်ထားဆဲ၊ မျက်လုံးတွေကလည်း နက်နဲ နေဆဲပဲ။
ကျိုးရှု
နှလုံးခုန်နှုန်း မြန်လာခဲ့သည်။ မျက်တောင်မပြတ်ဘဲ ထိုသူကိုသာ ငေးကြည့်နေမိသည်။
ထိုသူက
တစ်လှမ်း တိုးကပြီး ကျိုးရှု နဖူးပေါ် လက်ကို တင်လိုက်သည်။ "ရှောင်ရှု၊
ငါ့နာမည်က စုန့်ချန်မော့ ၊ မမေ့နဲ့"
"စုန့်ချန်မော့
" လို့ ကျိုးရှု တိတ်တိတ်လေး ရေရွတ်လိုက်သည်။
"ရှောင်ရှု၊
စိတ်မပူနဲ့၊ ငါ ကယ်မှာပါ။ ဘာမှ မလုပ်နဲ့တော့" လို့ ဆောင်ချန်မိုးက ပြောပြီး
ပြန်လည် ပျောက်ကွယ်သွားသည်။
စုန့်ချန်မော့ ထွက်သွားတာကို မလိုချင်တော့တဲ့အတွက် ကျိုးရှု
နှလုံးသား ပြန်လည် နာကျင်လာရပါသည်။
စုန့်ချန်မော့
၊ စုန့်ချန်မော့ ၊ ချန်မော့၊ ချန်မော့....
စုန့်ချန်မော့
ဆိုတဲ့ နာမည်က သူ့စိတ်ထဲ လွှမ်းမိုးနိုင်လွန်းသည်။
သူ စုန့် လို့ ပြောတိုင်း ချန် ဆိုတဲ့ စကားလုံးက သူ့စိတ်ထဲကို ထွက်လာသလိုပဲ ။ ချန်
ပြီးရင် မော့ ဆိုတဲ့ စကားလုံးကလည်း သဘာဝကျကျ ပေါ်တတ်၏။
ဒါပေမယ့်
ကျိုးရှုကတော့ သူ့ကို မေ့နေတုန်းပင်။ သူက မေ့နေပြီး နောက်တစ်ယောက်က တစ်ယောက်တည်းသာ သတိရနေရင် ဘယ်လောက် အထီးကျန်
လိုက်လေမလဲ။
ထပ်ပြီး
တွေးမရဲတော့တဲ့အတွက် ကျိုးရှု နောက်ကမ္ဘာကို ၀င်သွားပါသည်။
နိုးယက်စင်းရဲ့
ဆေးခန်းထဲမှာ စုန့်ချန်မော့ ရဲ့ မျက်တောင်တွေ သဲ့သဲ့ လှုပ်သွားပြီး တစ်ခါတည်း
ထထိုင်လိုက်သည်။ သူ့ဆီမှာ ကျန်တဲ့ အချိန် နည်းပါးနေပြီဆိုတာ သူသိသည်။
အမြန်ဆုံးလုပ်ရမယ်။
ပြီးခဲ့တဲ့
အချိန်က သူ ပြဿနာကို တွေ့ပြီးသွားပါပြီ။ ကျိုးရှုရဲ့ အကို ကျိုးဟော် ပဲ။
စုန့်ချန်မော့
က တစ်ချိန်က ကျိုးရှုရဲ့ မိသားစုကို အရမ်းကောင်းကောင်း သိခဲ့သည်။ ဘာလို့
ကျိုးဟော်ကို သိပ်မသိသေးဘဲ သတိရနေတာလဲ။
စဉ်းစားပြီးတော့
စုန့်ချန်မော့ က သူ့ရဲ့ အမှတ်တရတွေကို ပြောင်းလဲသွားစေခဲ့တယ်ဆိုတာ
သဘောပေါက်လိုက်သည်။ သူတစ်ယောက်တည်း မဟုတ်ဘူး။ တကယ်တော့ ကျိုးဟော်ကို တွေ့ဖူးတဲ့
လူတိုင်းရဲ့ အမှတ်တရတွေ ပြောင်းလဲသွားသင့်သည်။
စုန့်ချန်မော့
က တစ်ခါတည်း "ဓာတ်ပုံ" ဆိုတဲ့ ပစ္စည်းကို ကျေးဇူးတင်မိသွားသည်။ ဒါပေမယ့်
ထိုစိတ်ကူး တစ်စက္ကန့်လောက်သာ ကြာသည်။ သူ့ဆီမှာ အချိန်သည်တန်ဖိုးရှိနေပြီး
အမြန်ဆုံး ဖြေရှင်းနည်းကို ရှာရမယ်။
မြန်ဆန်ဖို့အတွက်
စုန့်ချန်မော့ က တိုက်ရိုက် နန်းတော်ရဲ့ ကြီးမားတဲ့ မှတ်တမ်းစာကြည့်တိုက်ကို
ဝင်သွားသည်။ စာကြည့်တိုက်ကို ဝင်ဖို့ဆိုရင် တင်ပြချက် တစ်ခု ပေးပြီး ဧကရာဇ်ရဲ့
ခွင့်ပြုချက် ရယူရမယ်။ ဗိုလ်ချုပ်တွေတောင် ဒီလိုပဲ။
တကယ်တော့
ဒီနေရာကို လာခဲ့ဖူးတဲ့သူ နည်းပါးသည်။ အစိုးရ၏ လျှို့ဝှက်ချက်တွေ အများကြီး
ပါဝင်နေလို့ပဲ။ ဒါပေမယ့် စုန့်ချန်မော့က လာခဲ့ဖူးသည်။ ပြီးတော့ သူ စကားဝှက်ကို
သိသည်။
သေချာတာပေါ့၊
စကားဝှက်က ခဏခဏ ပြောင်းပါလိမ့်မယ်။ ဒါပေမယ့် စုန့်ချန်မော့ က စကားဝှက်ရဲ့
နံပါတ်တွေ ဘယ်လောက် ရှိမလဲဆိုတာ သိနေသည်။ အဲဒီလို သိနေရင် သူ စကားဝှက်ကို
ဖော်ထုတ်နိုင်မယ်။
ဒါကြောင့် သူ
အလွန်မြန်ဆန်တဲ့ ကွန်ပြူတာနဲ့ စကားဝှက်ကို ဖော်ထုတ်ဖို့ စတင်လိုက်သည်။
တစ်ဆယ်မိနစ်လောက်ကြာတော့ သူ စကားဝှက်ကို ဖော်ထုတ်နိုင်ပြီး Enter ခလုတ်ကို နှိပ်လိုက်သည်။
ဝင်သွားပြီးတော့
စနစ်တစ်ခုလုံး ဘာလို့ အမှားပေါ်နေလဲဆိုတာ သူ သဘောပေါက်လိုက်သည်။ ပြီးခဲ့တဲ့ အစိုးရ
လျှို့ဝှက်ချက်တွေ ရှိနေသေးသည်။ ဒါပေမယ့် ကျိုးရှု ထွက်သွားတဲ့ နေ့ကစပြီး
စနစ်တစ်ခုလုံးကို ထိန်းချုပ်ထားသလို ဖြစ်နေသည်။ အထဲက အကြောင်းအရာတွေ အားလုံးလည်း
မူလက ပါဝင်တဲ့ အတိုင်း မဟုတ်တော့ဘူး။
ဒါပေမယ့်
မူလစနစ်ကို ပြောင်းလဲမသွားသင့်ဘူး။
စနစ်တစ်ခုလုံးရဲ့ အရင်းမြစ်ကို သူရှာရမယ်။ အဲဒီနောက်မှာ အရင်းမြစ်ကို
ပြောင်းလဲရမယ်။ အဲဒီလို လုပ်မှ ဘာကြောင့် ဖြစ်လဲဆိုတာ သူ သိနိုင်မယ်။
အချိန်ကို
ကြည့်ပြီးတော့ စုန့်ချန်မော့ အံ့ဩသွားသည်။
သူက ကမ္ဘာတွေ အများကြီး ဖြတ်သန်းခဲ့ပေမယ့် ဒီမှာတော့ တစ်ရက်ပဲ ကြာသေးသည်။
ထပ်ပြီး
မစဉ်းစားခင်မှာပဲ စုန့်ချန်မော့ က သူ့ဆီမှာ ကျန်တဲ့ အချိန် နည်းပါးနေပြီဆိုတာ
သိသည်။
ပြီးခဲ့တဲ့
အိပ်ပျော်သွားခြင်းတွေ တစ်လျှောက် စုန့်ချန်မော့ က သူ့ရဲ့ အိပ်စက်ခြင်း
ပုံစံကိုလည်း သိလာသည်။ သူ နိုးနေတဲ့ အချိန်ကလည်း ပိုကြာလာသည်။
တကယ်တော့
အရမ်းမြန်မြန် တိုးလာသည်။ ပြီးခဲ့တဲ့ အကြိမ်က ဆယ့်ငါးမိနစ်၊ ဒီတစ်ခါ လေးဆယ့်ငါးမိနစ်၊
နောက်တစ်ခါကျရင် တစ်နာရီလောက် ဖြစ်သင့်သည်။
စကားဝှက်ကို
ဖော်ထုတ်ဖို့ အချိန်အများကြီး ကြာမယ်။ တစ်နာရီနဲ့တောင် မလုံလောက်ဘူး။ သူလည်း
ခေါင်းမူးနေလေပြီ။
ကျန်တဲ့
အချိန်ကို အသုံးချပြီး သူ စာကြည့်တိုက်ကို ဝင်ခဲ့တဲ့ အထောက်အထားတွေ အားလုံးကို
မြန်မြန် ဖျက်လိုက်သည်။ ဖျက်ပြီးတာနဲ့ သူ တစ်ခါတည်း မေ့မြောသွားပြန်သည်။
သူ နိုးလာတော့
ကျိုးရှု အံ့ဩသွားသည်။ စုန့်ချန်မော့ ဆိုတဲ့ နာမည်ကသူ့ခေါင်းထဲမှာ ရှိနေသေးသည်။
သူ့နှုတ်ခမ်းတွေလည်း
တိတ်တိတ်လေး လှုပ်နေပြီး "စုန့်ချန်မော့ ၊ စုန့်ချန်မော့ ..." လို့
နာမည်ကို တိုးတိုးလေးပြန်ပြောနေသည်။
"ရှောင်ရှု၊ ရှောင်ရှု၊
ဘာပြောနေတာလဲ" ဆိုပြီး ရှင်းလင်းတဲ့ အသံက သူ့နားထဲကို ဝင်လာသည်။ ကျောက်ရှု
ခေါင်းမော့ကြည့်လိုက်တော့ "တိုက်တန်" တစ်ယောက်က စိုးရိမ်တကြီးနဲ့ သူ့ကို
ကြည့်နေတာကို တွေ့ရသည်။
[T/N: ဒီနေရာမှာ
သုံးထားတဲ့ “တိုက်တန်”
ဆိုတာ Titan လူအကြီးကြီး
လို့ တင်စားပြီး ပြောချင်တာပါရှင့်။]
"ဘာမှ မဟုတ်ပါဘူး"
လို့ ကျိုးရှု ပြန်ဖြေသည်။ ဒါပေမယ့် စကားလုံးကို ပြောလိုက်တဲ့အခါ သူ ပိုပြီး
အံ့ဩသွားသည်။ သူ့အသံက ပုံမှန်လူတစ်ယောက်၏ အသံ မဟုတ်တော့ဘူး။ နူးညံ့နေပြီး
လေးနှစ်သားလောက်ရှိတဲ့ ကလေး အသံလို ထွက်နေသည်။
သူ ပြန်လည်
ကြည့်လိုက်တော့ " တိုက်တန် " က ဆယ်ကျော်သက် လူငယ်တစ်ယောက်သာ ဖြစ်နေသည်။
တိုက်တန် လို လူကောင်ထွားထွားကြီးလဲ မဟုတ်ပါဘူး ။ အရပ်တောင် ပုနေသေးတယ်။
"အိုကေ၊ ရှောင်ရှု၊ ရုယွီနဲ့
သဟဇာတ ဖြစ်ရမယ်နော်" လို့ ထိုသူရဲ့ အသံက ရှင်းလင်းနေဆဲပဲ။ ဆယ်ကျော်သက်
လူငယ်တစ်ယောက်ရဲ့ နုပျိုမှုလည်း ပါဝင်နေသည်။
"အိုကေ" လို့
ကျိုးရှု ပြန်ဖြေသည်။ သူ့အသံက နူးညံ့နေဆဲပဲ။
"သွားပြီ၊
ကောင်းကောင်းအိပ်ပါ" လို့ ပြောပြီး ထိုဆယ်ကျော်သက်က ကျိုးရှု နဖူးလေးကို
ဖွဖွလေး နမ်းလိုက်သည်။ ကျိုးရှု အံ့ဩသွားသည်။ သူ မှားယွင်းစွာ ခံစားမိတာ မဟုတ်ပါပေ။
ဒီခံစားချက်က သူ့ရဲ့ ချစ်သူဆီကသာ လာနိုင်သည်။
ကျိုးရှု , ဒီကမ္ဘာက အချက်အလက်တွေကို စောင့်ကြည့်ဖို့
ကြိုးစားတော့ သူ့ရဲ့ လက်သူကြွယ်တစ်ချောင်းလုံးမှာ နုံးချိခြင်း တစ်ခု ခံစားရသည်။
ကျောက်ရှုရဲ့
မိဘနှစ်ပါးလုံး သူ ငယ်စဉ်ကတည်းက ကွယ်လွန်သွားကြသည်။ သူ့ကို သူ့ဦးလေးဖြစ်သူက
ပြုစုပျိုးထောင်ပေးသည်။ သူ့ဦးလေးက ဆယ့်ရှစ်နှစ်သာ ရှိသေးသည်။ သူ့ဦးလေးကလည်း
သူ့အမေဘက်က ဘိုးဘွားတွေ ပြုစုပျိုးထောင်ခဲ့တဲ့ ကလေးပဲ။
ဒါပေမယ့်
ကျိုးရှုရဲ့ ဖခင်ဘက် ဘိုးဘွားတွေနှင့် မိခင်ဘက် ဘိုးဘွားတွေ လည်း ယခုအခါ
ကွယ်လွန်သွားကြလေပြီ။ ကျိုးရှုတွင် ဒီလောကမှာ ကျန်တဲ့ ဆွေမျိုးတွေထဲမှာ သူ့ဦးလေးတစ်ယောက်တည်းပဲ
ကျန်တော့သည်။
တကယ်တော့
ကျိုးရှု့ မိဘတွေ ကွယ်လွန်ချိန်မှာ ကျိုုးရှု အတွက် အမွေတွေ အများကြီး ထားခဲ့သည်။
သူ့ဦးလေးကိုယ်တိုင်မှာလည်း ဒေါ်လာ သောင်းဂဏန်းချီပြီး ပိုင်ဆိုင်သည်။ သူသည်
ကောလိပ်တက်နေရဆဲ ဖြစ်သော်လည်း ကျိုးရှု၏ အမွေကို မထိရန် စိတ်ပိုင်းဖြတ်ထားသည်။ သူက
ကျိုးရှု ကို ဒီလိုမျိုးပဲ ပြုစုပျိုးထောင်ခဲ့သည်။
ကျိုးရှုက
လေးနှစ်သားပဲ ရှိသေးသည်။ သူ့ဦးလေး၏နာမည်က ယဲ့ရှောင်ယွင်။ ဒီလူနှစ်ယောက်က
တစ်ယောက်နဲ့တစ်ယောက် မှီခိုနေကြရသည်။
ဒါပေမယ့်
ဒီလူနှစ်ယောက်က တစ်ချိန်ကြာတော့ ယဲ့ရှောင်ယွင်က နောက်ထပ် ကလေးတစ်ယောက်ကို
ပြုစုပျိုးထောင်သည်။ အဲဒီကလေးက ရုယွီ။
ကျိုးရှု
ဒီလောကမှာ ဘာတွေ ဖြစ်နေလဲ မသိဘူး။ သူ ဘယ်လိုလုပ်ပြီး ယဲ့ရှောင်ယွင်နဲ့ နေရတာလဲ။
ဘယ်လိုလုပ်ပြီး ရုယွီကို ပြုစုပျိုးထောင်တာလဲ။
ကျိုးရှု
အဲဒါတွေကို ခဏလောက် မစဉ်းစားတော့ဘူး။ ဒါမှမဟုတ် ဘာတွေ ဖြစ်နေလဲဆိုတာ ဆက်လက်
စုံစမ်းရမယ်။
ရုယွီက
ဒီကမ္ဘာရဲ့ ဇာတ်လိုက်ပဲ။ သူက အလုပ်ကြိုးစားသော ကလေး တစ်ယောက်ဖြစ်ပြီး ကျိုးရှုထက်
တစ်နှစ် ကြီးသည်။
ဟုတ်သည်၊ သူက
ငယ်စဉ်ကတည်းက အလုပ်ကြိုးစားသည့် ကလေး တစ်ယောက် ဖြစ်ခဲ့သည်။ ဒါကြောင့် ယဲ့ရှောင်ယွင်ရဲ့
သတိပြုမှုကို ခံခဲ့ရသည်။
ကျိုးရှုက ရုယွီထက်
ပိုပြီး ချောမောသည်။ ယဲ့ရှောင်ယွင်၏ တူလည်း ဖြစ်သည်။ ဒါကို ရုယွီ တော်တော်လေး
ရိပ်မိကာ သူ ကိုယ့်ကိုယ်ကို ပိုကောင်းအောင် လုပ်ဖို့ အစွမ်းကုန် ကြိုးစားခဲ့သည်။
ပြောရရင်တော့
ကျိုးရှုက သူလို အလုပ်ကြိုးစားတဲ့ ဇာတ်လိုက်တွေကို သိပ်မမုန်းပါဘူး။ ကျိုးရှု
သူ့ကို မုန်းတဲ့ အကြောင်းရင်းက သူက ကျိုးရှုကို အနိုင်ယူဖို့အရေးသာ ဦးစားပေး
ကြိုးစားနေတာ ကိုပင်။
ကျိုးရှု
လေးနှစ်အရွယ် ရောက်တော့ ပီယာနို တီးခတ်တာ သင်သည်။ ရုယွီကလည်း ပီယာနို
သင်ချင်တယ်လို့ တောင်းဆိုတော့ ယဲ့ရှောင်ယွင်က သဘောတူလိုက်တော့သည်။
တစ်ချိန်က
ကျိုးရှုက ပျော်ရွှင်စရာအဖြစ် ပီယာနို သင်ချင်ခဲ့တာ။ အခု ရုယွီကလည်း
သင်နေပြီဆိုတော့ သူ့စိတ်ဝင်စားမှု တစ်ခါတည်း ပျောက်သွားသည်။
နောက်ပိုင်း
သူတို့ ကျောင်းသွားချိန်မှာ ရုယွီနှင့် ကျိုးရှုက တစ်နှစ်ကွာပေမယ့် ယဲ့ရှောင်ယွင်က
သူတို့နှစ်ယောက်ကို တစ်ပြိုင်နက်တည်း ကျောင်းပို့သည်။
ကျိုးရှုရဲ့
ပညာရေးရလဒ်တွေက တစ်ချိန်လုံး ကောင်းသည်။ နောက်ပိုင်းမှာ ရုယွီက အရမ်းကြိုးစားတော့
သူက ကျိုးရှုကို ကျော်တက်သွားတော့သည်။ ကျိုးရှုက ဒါကို ဂရုမစိုက်ခဲ့ပေ။ ဒါပေမယ့်
ရုယွီက သူ ပိုကောင်းတယ်ဆိုပြီး ယဲ့ရှောင်ယွင်ရှေ့မှာ ဆက်တိုက် ဂုဏ်ယူနေသည်။
အစမှာ
ကျိုးရှုက ရုယွီ၏ ယှဉ်ပြိုင်မှုစိတ်ကို ဂရုမစိုက်ခဲ့ပေ။ နောက်ပိုင်းမှာ သူ
ပီယာနိုကို ပြန်စိတ်ဝင်စားလာသည်။ ကိုးနှစ်အရွယ်မှာ ဆုတွေပါ ရရှိခဲ့သည်။
ရုယွီသည်
ကျိုးရှု ဆုရတာအတွက် ယဲ့ရှောင်ယွင် တော်တော်လေး ပျော်နေတာကို သိလိုက်ရသည်။
ဒါကြောင့် သူလည်း ပီယာနိုကို နေ့စဉ် လေ့ကျင့်သည်။ ကျိုးရှု နှစ်နာရီ လေ့ကျင့်ရင်
သူက လေးနာရီ လေ့ကျင့်သည်။ သူ အဲသလို ကြိုးစားလိုက်တော့ ကျိုးရှုက ထူးထူးခြားခြား
တော်နေတဲ့သူလို မထင်ရတော့ချေ။
နောက်ဆုံးမှာ
နောက်နှစ်မှာ ရုယွီကလည်း ဆုရသည်။ ဆုရပြီးတော့ သူက ကျိုးရှုထက် ဘယ်လောက်
ပိုကြိုးစားတယ်ဆိုတာကို ယဲ့ရှောင်ယွင်ရှေ့မှာ ထပ်ပြီး ချီးကျူးခံရသည်။ သူက ဒီဆုကို
တကယ်ကို ထိုက်တန်တယ်လို့ ပြောသည်။
အဲဒီနောက် မူလတန်း
တက်ရသည်။ ကျိုးရှုက သိပ်ဂရုမစိုက်သေးပေမယ့် ရုယွီက အရမ်းစိုးရိမ်နေသလို
ပြင်းပြင်းထန်ထန် ပညာသင်သည်။ ညဘက်မှာ သူ့အခန်းက အမှောင်လွန်းတယ်လို့ ထင်ပြီး
ယဲ့ရှောင်ယွင်ကို ကျိုးရှုရဲ့ စားပွဲတင်မီးအိမ်ကို တောင်းသည်။
ယဲ့ရှောင်ယွင်က
ကျိုးရှုရဲ့ အမြင်ကို မေးသည်။ ဒါပေမယ့် ကျိုးရှုက တစ်ခါမှ မစဉ်းစားဘဲ
ငြင်းဆိုလိုက်သည်။
ရုယွီ
တော်တော်လေး ဝမ်းနည်းသွားသည်။ ယဲ့ရှောင်ယွင်လည်း ဘာလုပ်ရမှန်း မသိတော့ဘူး။
ကျိုးရှုကတော့ ယဲ့ရှောင်ယွင်ကို ကြည့်ပြီး သူပိုင်ဆိုင်တာတွေ အားလုံးကို ရုယွီကို
ပေးမှာလားလို့ မေးသည်။
ကျိုးရှု၏
လုပ်ရပ်ကို တွေ့တော့ ရုယွီ ငိုသည်။ ကျိုးရှုက သူ့ကို မကြိုက်ဘူးဆိုရင်
ထွက်သွားမယ်လို့ ပြောသည်။ ကျိုးရှုက သူ့ကို အမြန်ဆုံး ဒီနေရာက ထွက်သွားပါစေလို့
ဆုတောင်းနေမိသည်။
အဲဒီနေ့မှာ
ယဲ့ရှောင်ယွင်က ကျိုးရှုကို ပထမဆုံးအကြိမ် အပြစ်တင်သည်။
ယဲ့ရှောင်ယွင်က
နောက်ပိုင်းမှာ ကျိုးရှုကို တောင်းပန်ပေမယ့် ကျိုးရှုက ယဲ့ရှောင်ယွင်နှင့် ရုယွီက
သူ့ကို ဆန့်ကျင်နေကြပြီဆိုတာ ခံစားမိနေပြီ။
အဲဒီနောက်ပိုင်း
ကျိုးရှု ပြောင်းလဲသွားသည်။ သူ တော်တော်လေး ပုန်ကန်တဲ့သူ ဖြစ်လာသည်။ ရုယွီကို
သူ့ရဲ့ ပြိုင်ဘက်လို့ ထင်မြင်သည်။
နောက်ဆုံးမှာ
ရုယွီက ထိပ်တန်းတက္ကသိုလ်ကို ရောက်သည်။ ကျိုးရှုကတော့ ဒေသကောလိပ်ကို သွားသည်။
ဘွဲ့ရပြီးတော့ ရုယွီက အလုပ်ကောင်းကောင်း ရှာတွေ့သည်။ ကျိုးရှုကတော့ ဘာမှ
မဟုတ်သေးဘူး။
ယဲ့ရှောင်ယွင်က
သူ့ကို ကူညီချင်ပေမယ့် ကျိုးရှုက သူ့ကို တစ်ခါမှ အခွင့်အရေး မပေးခဲ့ပေ။
ယဲ့ရှောင်ယွင်ကို တွေ့ချင်တောင် မလိုချင်တော့ဘူး။ သူ ဆယ့်ရှစ်နှစ် ပြည့်ပြီးနောက်မှာ
သူ့မိဘအမွေကို ယူခဲ့ပြီး ယဲ့ရှောင်ယွင်သည် သူ့ကို ဂရုစိုက်ရန် မလိုအပ်တော့ပေ။
“သူငယ်ချင်း” တွေလည်း အများကြီးတွေ့သည်။
တစ်နေ့မှာ
ကျိုးရှု ပြန်ရောက်တော့ ယဲ့ရှောင်ယွင် တော်တော်လေး ပျော်နေတာကို တွေ့ရသည်။
ဒီနေ့မှာ ကျိုးရှု သိလိုက်သည်။ ရုယွီက ယဲ့ရှောင်ယွင်ကို ချစ်နေတာ။
ဘွဲ့ရပြီးတော့
သူ လစဉ် လတိုင်း ယဲ့ရှောင်ယွင်ကို သူ့ခံစားချက်ကို ဝန်ခံသည်။ ဒါပေမယ့် အမြဲတမ်း ငြင်းခံခဲ့ရသည်။
ဒီတစ်ခါမှာလည်း
ယဲ့ရှောင်ယွင်က ရုယွီကို ငြင်းလိုက်ပြန်သည်။ ရုယွီက သူ့နဲ့ နေချင်သည်။ ဒါပေမယ့်
ယဲ့ရှောင်ယွင်က ငြင်းသည်။
အဲဒီနေ့မှာ
ကျိုးရှုက လက်ကို ပုခုံးပေါ် တင်ပြီး ဘေးမှာ ရပ်ကြည့်နေသည်။ ဇာတ်ကားကြည့်နေသလိုပဲ။
ရုယွီက ယဲ့ရှောင်ယွင် သူ့ကို ငြင်းပယ်တာက
ကျိုးရှုကြောင့်လို့ ထင်ပြီး တစ်ညလုံး အပြင်မှာ နေလိုက်ရသည်။