Chapter 85.2
ကျိုးရှုသည် ဤကမ္ဘာ၏ အကြောင်းစုံကို သိရှိလိုက်ရသောအခါတွင် သူ၏လက်ချောင်းလေးများတွင် ထုံကျင်ခြင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူသိရှိလိုက်သည်မှာ ကျင့်ကြံခြင်းလောက ဖြစ်သည်။ ထိုကမ္ဘာကြီး၏ ဇာတ်ဆောင်သည် အမှန်တကယ်က အမျိုးသမီး မြေခွေး မိစ္ဆာတစ်ကောင် ဖြစ်သည်။
မြေခွေးမိစ္ဆာ ကို “ရှချင်း” ဟုခေါ်ပြီး သူမ၏သက်တမ်းသည် နှစ်တစ်ရာ ပြည့်မြောက်ပြီး ဖြစ်သည်။ သို့ရာတွင် သူမသည် အသက်တစ်ရာ ပြည့်ပြီးသော ထျန်းရှာကြယ်က လူပြန်ဝင်စားခြင်းဖြစ်ပြီး သူမ၏ဘဝက တစ်နေ့နေ့တွင် ဘေးဥပါဒ်ဆိုး တစ်ခု ဖြစ်လာလိမ့်မည်။ ထို ဘေးဥပါဒ်ဆိုး သည် သူမကိုတင် သက်ရောက်မည် မဟုတ်ဘဲ၊ မိစ္ဆာလောကတစ်ခုလုံးကို ထိခိုက်စေလိမ့်မည်ပင်။
ပုံမှန်အားဖြင့်၊ ဤကပ်ဆိုးကြယ်မျိုးသည် အနှစ်တစ်ရာအကြာတွင် သေဆုံးသွားလိမ့်မည် ဖြစ်သော်လည်း ရှချင်းသည် မသေနိုင်သေးဘဲ မိစ္ဆာလောကကို စိတ်မသက်မသာရ ဖြစ်စေခဲ့သည်။
သို့ရာတွင် မျိုးနွယ်စု အမျိုးမျိုးသော မိစ္ဆာများ၏ ခေါင်းဆောင်များသည် မြေခွေးဘုရင် ဖြစ်သည့် ကျိုးရှုကို ရှာဖွေကာ တရားမျှတစွာ စီစဥ်ပေးရန် တောင်းဆိုခဲ့ကြသည်။
မူလ မိစ္ဆာဘုရင် ကျိုးရှုသည် ရှချင်းနှင့် ဆက်ဆံရာတွင် အစကတည်းက အဆင်မပြေ ဖြစ်နေသောကြောင့် ရှချင်း ကိုသတ်ပြီး မိစ္ဆာလောကကို ငြိမ်းချမ်းရေးမှု ပြန်လည်ပေးအပ်မည်ဟု လာရောက် တောင်းဆိုသော မိစ္ဆာများကို တိုက်ရိုက်ပင် ကတိပေးခဲ့သည်။
ထို့နောက် ကျိုးရှုသည် ရှချင်းအား သတ်ရန် လိုက်ရှာပြီး နန်ထျန်း တောင်ပေါ်သို့ လိုက်သွားခဲ့သည်။ ထိုနေရာတွင် ရှချင်းက ဖန်ရန်ရီ ဆိုသူနဲ့ အတူ ရှိနေခဲ့သည်။ ဖန်ရန်ရီသည် အင်အားကြီးဖြောင့်မတ်သော ကျင့်ကြံသူ အမျိုးသားတစ်ဦးဖြစ်သည်။
‘ရှချင်း နဲ့ ဖုံးရန်ယိကို တစ်ချက်ကြည့်လိုက်ရင် သူတို့ရဲ့ကံကြမ္မာက လိုက်လျောညီထွေဖြစ်သွားတာကို ထုတ်ဖော်နေတယ်။ ကံကြမ္မာ တစ်ခုချင်းစီကို ကြည့်မယ်ဆိုရင် မကောင်းပေမဲ့ သူတို့နှစ်ယောက် အတူတူရှိနေရင် တစ်ယောက်နဲ့တစ်ယောက် ကံကြမ္မာဆိုးတွေကို ဖျက်ပစ်နိုင်ပြီး တစ်ချိန်တည်းမှာ အကျိုးကျေးဇူးတွေ အများကြီး ပေးနိုင်တယ်။
မြေခွေးမိစ္ဆာတွေက ဒီလိုပါပဲ။ အနှစ်ငါးဆယ်ကြာတိုင်း သူတို့အရိုးတွေကို သက်တမ်းတိုး ရမှာဖြစ်ပြီးတော့ အဲဒီအချိန်က အားအနည်းဆုံးအချိန်ပဲ။’
ဖုံးရန်ယိသည် သူတို့၏ ကံကြမ္မာကို အားကိုးပြီး ရှချင်း ဘေးကင်းစေရန် အပြင်ဘက်တွင် ကန့်သတ်စည်းတစ်ခုကို ချမှတ်ခဲ့သည်။
ထို့နောက် ရှချင်း၏ ကျင့်ကြံမှုအရှိန်သည် သိသိသာသာ မြင့်တက်လာသည်။ သူမသည် မိစ္ဆာမျိုးရိုး၏ ထျန်းရှာ ကြယ်ပွင့်ဖြစ်ပြီး နိုးထနေပြီဖြစ်သောကြောင့် နှစ်အနည်းငယ်ကြာပြီးနောက် သူမသည် အလွန်အစွမ်းထက်လာသည်။
ဖုံးရန်ယိကိုလည်း စဉ်ဆက်မပြတ် ကျင့်ကြံပေးခဲ့သည်။ သို့သော် နှစ်ကြိမ် ကျင့်ကြံခြင်းမပြုပါက သူ၏ ကြီးထွားနှုန်းကို မိစ္ဆာများနှင့် နှိုင်းယှဉ်၍မရနိုင်ပါ။
ရှချင်းသည် ကျင့်ကြံမှုကို အကြိမ်ပေါင်းများစွာ လျှို့ဝှက်ကြည့်ရှုပေးရင်း၊ ဖုံးရန်ယိသည် ရှချင်း ကို ပို၍သဘောကျလာသည်။ ထို့အပြင် နှစ်ယောက်လုံး ကျင့်ကြံခြင်းသည် ပို၍အကျိုးရှိစေသောကြောင့် ဖုံးရန်ယိကလည်း ရှချင်းကို ကျင့်ကြံစေခဲ့သည်။
ထိုအချိန်မှ စ၍ ရှချင်းသည် အပြစ်ဒဏ်အတွက်သာ နေထိုင်ခဲ့သည်။
ရှချင်းသည် ပိုသန်မာလာမယ်ဆိုရင် ဘာမဆို လုပ်ချင်စိတ်ရှိသည်။ ထို့ကြောင့် သူမက ဖုံးရန်ယိ၏ နှစ်ကြိမ် ကျင့်ကြံရန် တောင်းဆိုမှုကို လက်ခံခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း၊ နှစ်ကြိမ် ကျင့်ကြံပြီးနောက် သူတို့၏ ကျင့်ကြံမှုသည် အဆပေါင်းများစွာ တိုးလာပြီး အနှစ်သုံးဆယ် အကြာတွင် ရှချင်း၏ ကျင့်ကြံမှုနှုန်းသည် အနှစ်တစ်ထောင်ရှိသော မြေခွေးမိစ္ဆာနှင့် ညီမျှလာသည်။
‘ထိုအချိန်တွင် ရှချင်း ပထမဆုံးလုပ်ခဲ့တာက ကျိုးရှု ကို ပြန်ရှာဖို့ပဲ။ သူသည် မြေခွေးဘုရင် ဖြစ်ခဲ့သော်လည်း ကျိုးရှုသည် ရှချင်းအတွက်တော့ ပြိုင်ဘက်မဟုတ်ပေ။’
နောက်ဆုံးတွင် ရှချင်းသည် ကျိုးရှု၏ ကျင့်ကြံမှုကို ဖျက်ဆီးပြီး အမြူတေကို ဖြိုခွဲကာ ကျိုးရှု၏ ခန္ဓာကိုယ်ကို ခွေးများ ကိုက်ဖြတ် စားသောက်ရန် ပစ်ချလိုက်သည်။
အဲဒီနောက်မှာတော့ ရှချင်းနှင့် ဖုံးရန်ယိ တို့သည် မိစ္ဆာလောကတွင် စတင်သောင်းကျန်းခဲ့သည်။ မိစ္ဆာ ဘုရင်သည် လျို့ဝှက်ကျင့်ကြံခြင်းမှ ထွက်လာပြီးနောက် မျိုးနွယ်စုအသီးသီးမှ ဘုရင်များ အားလုံး နီးပါးကို သေဆုံးကြောင်း တွေ့ရှိခဲ့သည်။ သူသည် ရှချင်းကို တိုက်ခိုက် ဆန့်ကျင့်ခဲ့ပြီးမှ နောက်ဆုတ်သွားခဲ့သည်။
အနှစ်နှစ်ဆယ်ကြာပြီးနောက် ရှချင်းသည် သူမ၏ အရိုးများကို တစ်ဖန် ပြန်လည် ပြုပြင်ခဲ့သည်။ ထို့နောက်၊ သူမ၏ ကျင့်ကြံမှုသည် ပို၍ပင် တိုးတက်ကြီးမားလာခဲ့သည်။ သူမသည် မိစ္ဆာဘုရင်ကို ထပ်မံတိုက်ခိုက်ပြီး သူ့ကို အနိုင်ယူပြီး မိစ္ဆာဘုရင်အသစ် ဖြစ်လာသည်။
သူ့လက်ချောင်းလေးပေါ်က ယားယံမှုက တဖြည်းဖြည်း ပျောက်သွားသည်။ ကျိုးရှုက အေးစက်စွာ ရယ်မောလိုက်ပြီး ရှချင်းက တကယ်ပဲ ဒီကမ္ဘာရဲ့ ဇာတ်ဆောင်ဆိုတာ နားလည်လိုက်သည်။ သူမသည် ထျန်းရှာ ဖြစ်နေပြီ ဖြစ်သော်လည်း ကံကြမ္မာနှင့် လိုက်ဖက်ညီသော အမျိုးသားခေါင်းဆောင်တစ်ဦးသည် ရှိနေဆဲဖြစ်သည်။ ကံကြမ္မာတစ်ခုလို လျှို့ဝှက်ဆန်းကြယ်သော ရယ်စရာကောင်းသော အရာတစ်ခု၊ ဤမျှလောက် ပြီးပြည့်စုံသော အခြားတစ်ယောက်ကို ရှာတွေ့နိုင်မလား။
ကျိုးရှုသည် ဘာမျှဂရုမစိုက်သလို သူ့ရှေ့မှ လူတစ်စုကို ကြည့်လိုက်သည်။ သူတွေးကြည့်ကာ၊ ‘ဒါက တကယ်ပဲ ကျင့်ကြံမှုလောကပဲ၊ မိစ္ဆာတစ်ကောင်တောင် အရမ်းကြည့်ကောင်းနေတာပဲ။’
တစ်ကိုယ်လုံး အနက်ရောင် ဝတ်ဆင်ထားကာ အေးစက်မာကျောသောလေသံဖြင့် ဝံပုလွေဘုရင်သည် "ကျိုးရှု, ရှချင်း အသက်ရှင်ကျန်ခဲ့လို့မရဘူး။ သူမက မိစ္ဆာမျိုးနွယ်ရဲ့ ကပ်ဆိုးကြယ်ပဲ။" ဟု ပြောဆိုသည်။
"မှန်တယ်၊ မင်းရဲ့မျိုးနွယ်ဝင် တစ်ယောက်ယောက်ကို သတ်ခွင့်ပေးတာက မသင့်တော်ဘူးဆိုတာ ငါသိပေမဲ့ ရှချင်းက ခြွင်းချက်တစ်ခုပဲ။" ဒီတစ်ခါတွင် သက်ရပ်လှပတဲ့ အစိမ်းရောင်အဝတ်ကို ဝတ်ဆင်ထားသော မြွေဘုရင်သည် ဝင်ပြောသည်။
"မိစ္ဆာ မျိုးနွယ်ဖြစ်တဲ့ မြေခွေးဘုရင်ကြောင့် ဒီ ထျန်းရှာ ကြယ်ပွင့်ကို သတ်လိုက်တာ ပိုကောင်းပါတယ်။" ဒီတစ်ခါပြောသူမှာ အရပ်မရှည်သော်လည်း သူ၏အသွင်အပြင်သည် ပန်းချီကားတစ်ချပ်ကဲ့သို့ပင် လှပနေသလို အထူးသဖြင့် မှင်စက်ကဲ့သို့သော အနက်ရောင်မျက်လုံးတစ်စုံနှင့် ကြွက်ဘုရင် ဖြစ်သည်။
အရင်က ကျိုးရှုသည် ဒီလူတွေကို လက်ဝှေ့ယမ်းကာ ထွက်သွားခိုင်းပြီး ရှချင်း နောက် သူကိုယ်တိုင် လိုက်သွားလေ့ရှိသည်။ ဒီတစ်ကြိမ်မှာတော့ ကျိုးရှု က ဒီလူတွေကို လွယ်လွယ်နဲ့ သွားခွင့်မပြုပါဘူး။ သို့ရာတွင် သူသည် အနည်းငယ် ပြုံးကာ "ဒါဆို အတူတူ သွားပြီးတော့ ဒီထျန်းရှာ ကြယ်ကို သတ်ကြရအောင်"
ခုနက အော်ဟစ်ပြောဆိုနေတဲ့လူတွေက စကားတစ်ခွန်းမှ မပြောဘဲတိတ်ဆိတ်သွားကြသည်။ ‘ဘယ်သူကမှ ထျန်းရှာ ကြယ်ကို တိုက်ရိုက် မရင်ဆိုင်ချင်ကြပါဘူး၊ မဟုတ်ရင် သူတို့ မျိုးနွယ်စုတစ်ခုလုံး ဘေးဥပါဒ်တွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။’
နောက်ဆုံးတော့ အားလုံး ထွက်သွားကြသည်။ ကျိုးရှုသည် သူတို့ကို ရှချင်းအား သေချာပေါက် ပျောက်ကွယ်သွားအောင် အပြီးသတ်မယ်လို့ ကတိပေးခဲ့ပြီး တစ်ချိန်တည်းမှာပဲ သူတို့ဆီက စည်းစိမ်ဥစ္စာတွေကို တန်ကြေးအဖြစ် ယူခဲ့သည်။
လျှို့ဝှက်ခန်းတစ်ခုရဲ့ တံခါးကို ခေါက်လိုက်သည်၊ တဒုန်းဒုန်း ပေါက်ကွဲသံကြောင့် ကျိုးရှုသည် လူတစ်ယောက်ကို ရှာဖွေဖို့ ပြင်ဆင်လိုက်သည်။
ခဏအကြာတွင် အတွင်းမှ တုံ့ပြန်မှုတစ်ခု ထွက်ပေါ်လာပြီး လျှို့ဝှက်ခန်းဆီသို့ တံခါးသည် မည်သည့်အခါမှ မရှိခဲ့သကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
"ငါ့ကို တစ်ခုခုခိုင်းဖို့ လိုအပ်လို့လား" ကျန်းဖန်း က အမှောင်ထဲမှ မဲနက်နေသော မျက်နှာဖြင့် မေးသည်။
“အိပ်မနေနဲ့ လူတစ်ယောက်ကို ဖမ်းဖို့ ငါ့နောက်ကို လိုက်ခဲ့ဦး ညီကို”