Chapter 75.1 ( Arc 8 )
ကျယ်ပြောလှသော အာကာသအတွင်းတွင်၊ ကျိုးရှု သည် တိတ်တဆိတ် တွေးတောလျက် ဤတစ်ကြိမ်တွင်တော့ အရိပ်သည် အချိန်ပိုကြာရှည်စွာ တည်ရှိနေနိုင်သည်ဟု တွေးတောနေမိသည်။ အရင်ကမ္ဘာ၌ ကျိုးရှုသည်လက်တွေ့ကမ္ဘာကို တစ်ခုမှ မမှတ်မိသော်လည်း သူ၏ချစ်ရသူနှင့်တစ်ဖြည်းဖြည်း ရင်းနှီးလာသလို ခံစားရသည်။ ယခုတော့ သူ့ပေါ်က မှဲ့နီကို ရှာရန် မလိုအပ်တော့ဘဲ၊ သူ့ချစ်သူကို အထိအတွေ့ဖြင့် သိနိုင်နေပြီ ဖြစ်သည်။ ပြီးတော့ ဘယ်ကမ္ဘာမှာပဲဖြစ်ဖြစ် သူ၏ချစ်သူသည် သူ့အားအစောဆုံးချစ်မိသွားမည် ဖြစ်သည်။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ဆွဲဆောင်နေကြခြင်း မျိုးလော သို့မဟုတ် ကျိုးရှုက သူ၏ချစ်သူကိုဤကဲ့သို့ပုံဖော်မိသည်။တစ်ယောက်နှင့်တစ်ယောက်မသိခဲ့ကြလျှင် သူ၏အိပ်မက်ချစ်သူမှာ သူ့ကိုမြင်မြင်ချင်း သေချာပေါက် ချစ်မိသွားမည်ဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက်သိခဲ့လျှင်တော့ သဘောကျစရာ အချက်များနှင့် စိတ်ဝင်စားမှုတွေ တိုးလာမည် ဖြစ်သည်။ သူတို့နှစ်ယောက်ကို ကံကြမ္မာက နဖူးစာ ရေးထိုးပြီးသားလည်း ဖြစ်နိုင်သည်။
ထိုစဉ် အရိပ်တစ်ခုပေါ်လာသည်။ ဤတစ်ကြိမ်မှာတော့ အချိန်အကြာကြီးနေခဲ့သည်ဟု ထင်ခဲ့သော်လည်း တကယ်တမ်းမှာ တစ်စက္ကန့်လောက်သာရှိသေးသည်။
ထိုလူအားကြည့်ကာ ကျိုးရှုက တစ်ခုခုပြောချင်ခဲ့သည်။ သို့သော်သူ၏လည်မျိုမှာ မွန်းကျပ်နေသကဲ့သို့ခံစားရပြီး စကားတစ်လုံးမှထွက်မလာခဲ့ချေ။ သူ့ရှေ့က လူကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။ ထိုယောကျာ်း၏မျက်ဝန်းမှာ ခံစားချက်များနှင့်ပြည့်နှက်နေသည်။ သူက ကျိုးရှုကို ငေးကြည့်နေသည်။ နောက်ဆုံးတွင် အာကာသထဲသို့မပျောက်ကွယ်သွားမီ "ရှောင်ရွှီး" ဟုဆိုသောစကားသံထွက်လာသည်။
နိုအာကြယ်စင်စုထဲတွင် ရေတပ်ဗိုလ်ချုပ်သည် တစ်ဖန်နိုးထလာသည်။ သူထိထိုင်လိုက်တာ နဖူးကိုစမ်းကြည့်မိသည်။ သူ၏ခြေလက်များကိုနှိပ်နယ်ပြီးနောက် ခေါင်းကြည်လာခဲ့သည်။
သူသည်ဆေးရုံခန်းထဲရှိ ထောင့်နားတွင်ထားရှိသော ကိရိယာနှစ်ခုကို ကြည့်လိုက်ကာ ဆေးရုံဝန်ထမ်းများကို နောက်ဆုံးတစ်ခေါက်သူအမှန်တကယ်နိုးထလာခြင်းဟုတ်မဟုတ် မေးလိုက်သည်။ သူ့တွင် အချိန်အများကြီး မကျန်တော့သည်ကိုသူသိသည်။ အချိန်ဘယ်လောက်ကြာ နိုးနေနိုင်မည်ကိုမမှန်းဆနိုင်သောကြောင့် လက်ရှိအချိန်ကိုသာ အကျိုးရှိအောင်အသုံးချနိုင်တော့မည်ဖြစ်သည်။
စူပါမြန်နှုန်းမြင့် ကွန်ပျူတာရှေ့တွင် ထိုင်လျက် သူ၏လက်ဆယ်ချောင်းမှာ ပျံသန်းမတတ် ကီးဘုတ်ကိုရိုက်ရှာနေသည်။ ကျိုးရှုတစ်ယောက် စစ်ဘက်ဆိုင်ရာ အကြံပေးအဖြစ် ရာထူးတိုး ပေးခံရသောနေ့တွင် ပုံမှန်မဟုတ်သောအရာတစ်ခု ဖြစ်ပျက်သွားမသွားကို သူကသိချင်နေသည်။
စူပါမြန်နှုန်းမြင့်ကွန်ပျူတာဖန်သားပြင်တွင် သူ့ကိုအသာအယာ ပြုံးပြီးကြည့်နေသော ကျိုးရှု၏ပုံရိပ် ပေါ်လာခဲ့သည်။ အမြဲကြည့်ကောင်းနေသဖြင့် သူက “ကျေးဇူးတင်ပါတယ်” လို့ ပြောလိုက်သည်။
ထိုအချိန်တွင် ဗိုလ်ချုပ်က ကျိုးရှု၏ပုခုံးဒေါက်ကို ပြောင်းဖို့ကူညီပေးနေခဲ့သည်။ ဟုတ်ပါသည်၊ ကျိုးရှုသည် စစ်တပ်ဌာနခွဲတစ်ခုတွင် အလုပ်ရပြီးနောက် ဒုတိယဗိုလ်မှူးချုပ်အဖြစ် ရာထူးတိုးသွားခဲ့သည်။
'မဟုတ်သေးဘူး၊ ကျိုးရှုဘေးမှာ တစ်ယောက်ယောက်ပျောက်နေတယ်!'
မည်သူနည်း၊ အမှတ်တရပုံများနှင့် မှတ်ဉာဏ်များက အလှည့်ပြောင်းနေသည်လော? မည်သို့မည်ပုံ ပြီးသွားသနည်း? ပျောက်ဆုံးနေသူမှာ မည်သူနည်း?
ရေတပ်ဗိုလ်ချုပ်မှာ တစ်စိမ့်စိမ့်တွေးရင်း ပဟေဠိဖြစ်နေသည်။ သို့သော် ကျိုးရှုနောက်တွင် တစ်ယောက်ယောက်ရှိခဲ့သည်မှာ အသေအချာပင်ဖြစ်သည်။ ၎င်းသည် နူးညံညင်သာသောသူဖြစ်ပြီး သူနှင့်ကျိုးရှုနှစ်ယောက်လုံးကို သိသောသူ ဖြစ်သည်။ သို့သော် သူဘာကြောင့်မမှတ်မိနိုင်ရသနည်း?
ရေတပ်ဗိုလ်ချုပ်အသိများ တစ်ဖြည်းဖြည်းဝေဝါးလာခဲ့သည်။ သူသတိမလွတ်ခင် သိလိုက်ရသည်မှာ လူများ၏လက်ရှိ မှတ်ဉာဏ်များသည် ပြောင်းလဲနိုင်ကြောင်းကို ဖြစ်သည်။
အသာအယာပြုံးရင်း ဗိုလ်ချုပ်ထပ်ပြီး သတိမေ့သွားခဲ့သည်။ ပြဿနာကို ရှာတွေ့သည့်အတွက် အဖြေကိုလည်း ရှာတွေ့မည်ဟု သူယုံကြည်ခဲ့သည်။
ကျိုးရှု မျက်လုံးဖွင့်ပြီး ပြန်မမှိတ်ခင် သူ့ဘေးနားပတ်လည်ကို စစ်ဆေးလိုက်သည်။ အာကာသထဲမှ ပုံရိပ်တစ်ခု၏ "ရှောင်ရှု" ဆိုသောအသံမှလွဲ၍ ကမ္ဘာကြီးမည်သို့အနေအထားရှိမည်ကို သူဂရုမစိုက်ပေ။ ကျိုးရှုသည် သူ့နာမည်ကို ခေါ်လိုက်သည်နှင့် သူ့နှလုံးသားက ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေပြီး ထိုသူနှင့် မခွဲခွာချင်တော့သကဲ့သို့ ခံစားလိုက်ရသည်။
တွေးလက်စကို ဖြတ်လိုက်ကာ လက်ရှိကိုအာရုံစိုက်ပြီး အခြေအနေကို ခွဲခြမ်းစိတ်ဖြာလိုက်သည်။ သူသာအမှတ်မမှားခဲ့လျှင် အကြင်သူသည် လက်ရှိကမ္ဘာတွင် သူ၏ချစ်ရသူ ဖြစ်ပေလိမ့်မည်။ စကြာဝဠာများထဲမှ သူကြုံတွေ့ခဲ့ရသော ချစ်သူများသည် သူ၏ ဝိညာဉ်ခန္ဓာ သို့မဟုတ် သူ့ဝိညာဉ် အစိတ်အပိုင်း များဖြစ်ရမည်။ နောက်သူတို့နှစ်ယောက်အတူတကွသေဆုံးသည့်အခါ ထိုဝိညာဉ် အပိုင်းအစများသည် ပြန်လည်ရောက်ရှိလာသည်။
သို့ရာတွင် အချိန်နှင့်အမျှ စိတ်ဝိညာဉ်များကြည်လင်လာလေ သူဘာကြောင့် အာကာသထဲတွင် ပို၍ပို၍ ကျန်ရှိနေရသည်ကို ကျိုးရှုတစ်ယောက်မသိပေ။ ထို့အပြင် သူ့ကိုယ်သူရှာဖွေနေခြင်းကြောင့်လည်း ငေးမောနေပြီး စိတ်မရှည်နေရခြင်းဖြစ်သည်။
ကမ္ဘာတစ်ခုစီမှာ ကျိုးရှု ဆုံတွေ့ဖူးသည့် ချစ်သူအားလုံးသည် သူ့နောက်ကို လိုက်နေကြခြင်း ဖြစ်နိုင်မည်လော?
ဖြစ်နိုင်သည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် သူချစ်ရသူ၏ ကိုယ်ခန္ဓာသည်အဘယ်နည်း? သူ၏အမည်မှာ မည်သူနည်း? ကျိုးရှု ဘာကြောင့် သူ့ကို မေ့သွားရသနည်း? ထို့နောက် ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်တွင် သူဘာကြောင့် အဆုံးသတ် သွားရသနည်း? သူ့ကိုယ်သူ ဤစနစ်မှ လွတ်မြောက်အောင် ကြိုးစားနေခြင်း များလော?
"ကျိုးရှု ကျိုးရှု?"
ကျိုးရှု၏အတွေးရထားများ မြင်းဟီသံကြောင့် နှောင့်ယှက်ခံလိုက်ရသည်။ သူ့မျက်လုံးကို နောက်တစ်ကြိမ် ဖွင့်ကြည့်လိုက်ရင်း သူ့ရှေ့က ထိုင်နေသောလူကို ကြည့်လိုက်သည်။ သူ့ပတ်ဝန်းကျင်ကိုလည်း သတိထားမိ လိုက်သည်။
လက်ရှိမှာ သူကသစ်ပင်များ အုံ့ဆိုင်းနေသော တောအုပ်တစ်ခုထဲတွင် ရှိနေသည်။ သူ့ရှေ့တွင် ရှိနေသော လမင်းအလင်းရောင်ကြောင့် ထိုအမျိုးသားတစ်ယောက်အား ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ကျိုးရှု၏လက်သန်းမှာ ယားယံလာပြီး ဤကမ္ဘာ၏အချက်အလက်များ လက်ခံရရှိခဲ့သည်။
၎င်းသည် ရှေးဦးလူ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လူနေမှုစနစ်မှာ အလွန်ရိုးရှင်းသည်။ မျိုးနွယ်စုသည် အတူတကွ နေထိုင်ကြပြီး ၎င်းတို့ရရှိသော သားကောင်များကို အတူတကွ ဝေငှကြသည်။
ထို့ကြောင့် ဤကမ္ဘာတွင် မျိုးနွယ်စုပြိုင်ဆိုင်မှုများပြင်းထန်မှုများခြင်းဖြစ်နိုင်သည်။ ဥပမာအားဖြင့် နယ်မြေဧရိယာကောင်းပြီးမြေဩဇာကြွယ်ဝသောနေရာတွင် နေထိုင်သောလူမျိုးစုတို့၏ မြေနေရာကို ၎င်းတို့၏ ဆန့်ကျင်ဘက် မြေနေရာဒေသမကောင်းသော ဒေသတွင် နေထိုင်သော လူများက လိုချင်ကြသည်။ ကျိုးရှု ရင်ဆိုင်နေရသောလူမှာ အခြားမျိုးနွယ်စုမှဖြစ်သည်။
"ကျိုးရှု ကျိုးရှု?" သူ့ရှေ့တွင် ထိုင်နေသော အမျိုးသားတစ်ယောက်က လှမ်းခေါ်လိုက်သည်။
"အမ်၊ ကျွန်တော် နားထောင်နေပါတယ် ပြောပါ"
"ကျွန်တော် ဘာပြောခဲ့တယ်ဆို ပြောပြလိုက်ဦး မင်းဘယ်အချိန် အမဲလိုက်မှာလဲ? မင်းငါတို့ကို ပြောပြပြီး မင်းရဲ့တဲကို လာတိုက်မယ်ဆိုတာလေ"
ကျိုးရှုက ခေါင်းညိတ်ရင်းပြန်ဖြေလိုက်သည်။ "ကျွန်တော်မေ့သွားလို့ပါ"
ဤကမ္ဘာကြီးတွင် ကျိုးရှု သည် သူ၏မျိုးနွယ်စု သစ္စာဖောက်ဖြစ်သည်။ လက်ရှိတွင် သူကဇာတ်လိုက်ရှိနေသည့် ရန်သူ့မျိုးနွယ်ကိုသတင်းပေးရမည့်သူ ဖြစ်သည်။ ထိုသူက ချုံပုတ်နောက်က သူ၏ဗိုက်ပေါ်တွင် လှဲနေပြီး နားစွင့်နေသည်။
ဤကမ္ဘာ၏ ကျိုးရှုကား အလွန်မနာလိုတတ်သူ ဖြစ်၏။ သူသည် မျိုးနွယ်စု၏ စစ်ဘက်ဆိုင်ရာအကြံပေး ဖြစ်ဖူးသောကြောင့် အနာဂတ်တွင် မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာမည်ဟု လျာထားခံရသူ ဖြစ်သည်။ သို့သော် ဇတ်လိုက်ကျော် ရောက်ရှိလာပြီး ဆားအခြောက်ခံနည်းနှင့် အသားကိုင်တွယ်နည်းကဲ့သို့သော နည်းပညာများကို မျှဝေခဲ့သည်။ ထို့ကြောင့် မျိုးနွယ်စုများ၏ အထင်ကြီးမှုကိုခံရပြီး ကျိုးရှုက စစ်ဘက်ဆိုင်ရာအကြံပေး အဖြစ်သာ ခန့်ထားခဲ့သည်။
အကျိုးဆက်အနေဖြင့် မူလပိုင်ရှင်မှာ မနာလိုဝန်တိုစိတ်များ ပေါက်ကွဲလုမတတ်ဖြစ်ပြီး တခြားမျိုးနွယ်စုခေါင်းဆောင်နှင့် ပူးပေါင်းကာ ခေါင်းဆောင်ကို ချေမှုန်းရန် ပြင်ဆင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် စစ်ကူများ ယူဆောင်လာပြီး ပြည်သူများကို ကယ်တင်ခဲ့သည်။ နောက်ဆုံးတွင် သူသည် မျိုးနွယ်စု၏ ကယ်တင်ရှင် ဖြစ်လာမည် ဖြစ်သည်။ ခေါင်းဆောင်နေရာကို ရယူရန် လက်တကမ်းအလိုတွင် ရှိနေပြီ ဖြစ်သည်။
သို့သော် သူမထင်မှတ်ထားသည်က ကျိုးရှု၏အစီအစဉ်ကို ခေါင်းဆောင်မှ ကြားသွားခြင်းဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်က မျိုးနွယ်အကြီးအကဲကို ပြောကြားခဲ့သည်။ ရန်သူမျိုးနွယ်စုကို ချေမှုန်းပြီးနောက် ကျိုးရှုအား ခေါင်းဆောင်က မီးရှို့သတ် ဖြစ်စေခဲ့သည်။
လက်ရှိတွင် ကျိုးရှုက မူလပိုင်ရှင်၏ ခန္ဓာကိုယ်အား အငှားအဖြစ် သုံးထားသည်။ သူ၏ရည်ရွယ်ချက်မှာ မျိုးနွယ်စုခေါင်းဆောင်နေရာကို မယူခင် နေရာမှ အပြတ်ရှင်းပစ်ရန် ဖြစ်သည်။ ကျိုးရှုက အကြံဖြင့် ပြုံးလိုက်ကာ ရန်သူ့ဘက်ကို ပြောလိုက်သည်။ "မနက်ဖြန်ကျ ရန်ဟီ က အနောက်မြောက်ဘက်က ဝမ်ရှုပို ကို ခေါ်သွားလိမ့်မယ်။ အဲ့ဘက်မှာ တောရိုင်းဝက်ဝံတွေရှိလို့ ညနေမှ သွားကြမယ်၊ ဆိုတော့ မနက်ဖြန်မနက် အဆင်သင့် ပြင်ထားကြပါ"
ရန်ဟီ သည် မျိုးနွယ်စုထဲတွင် သတ္တိရှိဆုံးနှင့်အရဲရင့်ဆုံး သူရဲကောင်းဖြစ်သည်။ သူသည် အမဲလိုက်ရန် အများဆုံး စေလွှတ်ခံရသူ ဖြစ်သည်။ အကယ်၍ သူနှင့်လိုက်ပါသွားပါက အေးခဲနေသော ဆောင်းရာသီတွင်ပင် လက်ဗလာနှင့် ပြန်မလာရနိုင်ပါ။ ရန်ဟီကြောင့်သာ မျိုးနွယ်စုတစ်ခုလုံး အသက်ရှည်စွာ နေထိုင်နိုင်ခြင်း ဖြစ်သည်။ ရာသီမရွေး အစားအသောက်မျိုးစုံကို ရရှိနေနိုင်သောကြောင့် ဖြစ်သည်။
ရန်ဟီသည် ယခုနှစ်မှ အသက်နှစ်ဆယ့်တစ်နှစ်သာ ရှိသေးသော်လည်း မျိုးနွယ်စု၏အမဲလိုက်ခြင်းကို ခုနစ်နှစ်နီးပါးကြာအောင် ဦးဆောင်ခဲ့ပြီးဖြစ်သည့် အသက်နှစ်ဆယ့်တစ်နှစ်ရှိပြီ ဖြစ်သည်။
"ကောင်းပြီ ကောင်းပြီ ကျိုးရှု ယွမ်ရှီဂျင်း ကိုဖမ်းပြီးသေချာပေါက်သတ်ပေးမယ်လို့ ကတိပေးပါတယ်"
"အာ့ဆိုလဲသွားကြတာပေါ့ မင်းကိုဘယ်သူမှ မမြင်စေနဲ့ဦး"
"ဟုတ်ပြီ ဟုတ်ပြီ"
ယွမ်ရှီဂျင်း သည် ဤကမ္ဘာ၏ ဇာတ်လိုက်ကျော်ဖြစ်ပြီး သူသည် ခေတ်သစ်ခေတ်မှ ကူးပြောင်းလာခဲ့သူ ဖြစ်သည်။ မကူးပြောင်းမီမှာ သူသည် မိဘများသေဆုံးသွားပြီး အလုပ်ချိန်ကိုးနာရီမှ ငါးနာရီထိ အလုပ်လုပ်ရသည့် မိန်းမရော ကလေးပါ မရှိသည့် သာမန်အလုပ်သမားတစ်ဦး ဖြစ်သည်။ ထို့ကြောင့် ဤကမ္ဘာသို့ မကူးပြောင်းခင်က သူ၏ဘဝသည် ကမောက်ကမ ဖြစ်နေခဲ့သည်။ သူ၏ဘဝသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ဇာတ်လိုက်များသည် အခြားကမ္ဘာတစ်ခုသို့ ကူးပြောင်းလိုက်သည်နှင့် အရည်အချင်းများ ရှိလာကြသည်ဟု ကျိုးရှုက တွေးမိသည်။ သို့သော် လက်တွေ့ကမ္ဘာမှာတော့ သူတို့သည် သာမန်ထက်မပိုသော လူများသာ ဖြစ်ကြသည်။ စကားဆက်ရလျှင် ဇာတ်လိုက်များသည်ကံကောင်းကြသည်ဟု ကျိုးရှုက ခံစားမိသည်။ သူတို့တွင် ကံကောင်းခြင်းအမျိုးမျိုး ရှိမနေပါက ဇာတ်လိုက်တို့သည့် ဘယ်နေရာသွားသွား သာမန်လူပင် ဖြစ်နေလိမ့်မည်။
ရန်သူဘက်ကလူ ထွက်သွားပြီးသည်နှင့် ကျိုးရှုက ထရပ်လိုက်သည်။ ခြုံထဲကလူပုန်းအောင်းနေသူကိုတော့ သူဖွက်ထားချင်သေးသည်။
ကျိုးရှုသည် အတန်ကြာစဉ်းစားပြီးနောက် မျိုးနွယ်စုဆီသို့ ပြန်သွားရင်း တန်ပြန်အစီအစဥ်ကို ပြန်လည်သုံးသပ်ရန် လိုအပ်သောကြောင့် မျိုးနွယ်စုခေါင်းဆောင်ဆီသို့ သွားခဲ့သည်။ နောက်ဆုံးတွင်၊ ဤကမ္ဘာသည် ရှေးဦးကမ္ဘာတစ်ခုဖြစ်ပြီး တီထွင်နိုင်သည်ဟု ယူဆနိုင်သည့် တစ်ခုတည်းသောနည်းပညာမှာ သံထုတ်လုပ်ခြင်းပင် ဖြစ်သည်။
၎င်းတို့သုံးသည့် သံမှာ လေးနှင့်မြားအတွက်သာဖြစ်ပြီး ဓါးများကိုပင်စနစ်တကျ ဖန်တီးထားခြင်းမရှိပါ။
ခေါင်းဆောင်အား သွားတွေ့ပြီး ယွမ်ရှီဂျင်းတစ်ယောက်လုံးဘေးက သူနှင့်အတူ ခြုံပုတ်ထဲတွင် ပုန်းနေသည်ကိုပင် ကျိုးရှုက အားလုံးကို ပြောပြခဲ့သည်။
*************************************