Chapter 42.1
မိန်းမချောလေးကဆက်ပြီး "အရှင် သင့်ဦးနှောက်က ရေတွေများ ပြည့်နေလို့လား? မင်းသားကို ကြည့်နေရင်းမှာ
ဟိုကတစ်ခါတည်း အနိုင်ယူပြီးသေအောင်သတ်သွား လိမ့်မယ်နော် ဟားဟားဟား..."
"ပါးစပ်ပိတ်ထားစမ်း၊"ဆက်ပြောနေမယ်ဆို မင်း ဘာအာရုံမှ ခံစားမရအောင်လုပ်ပစ်လိုက်မှာ"
ငါအမှန်ကို ပြောတာပဲလေ၊ မင်း အဲလောက်ရိုင်းဖို့ လိုလို့လား?
နတ်ဆိုးဘုရင်သည် လှည့်ထွက်သွားသည်။ လွန်ခဲ့သောနှစ်တစ်ထောင်က သူသည် နယ်သာတိုင်းပြည်မှ သရဲဘုရင် နှင့် တိုက်ခိုက်ခဲ့ပြီး နှစ်ဦးနှစ်ဖက်လုံးအထိနာခဲ့ကြသည်။ သူ့အနေဖြင့် ပြန်လည်အားအင် ပြည့်ရန်လိုအပ်ပြီး သရဲဘုရင်ကတော့ လွန်ခဲ့သောရာစုနှစ်များစွာက သေဆုံးသွားခဲ့ပြီဖြစ်သည်။
မိန်းမချောလေးလည်းသူ့နောက်မှ လိုက်လာရင်း မျှော်လင့်ချက်မဲ့စွာ သက်ပြင်းချလိုက်ကာ ပင်လယ်မျက်နှာပြင်မှ ပျောက်ကွယ်သွားခဲ့သည်။
ကျောက်ရှုရွှမ် ပြန်သတိရလာသောအခါ သူ၏ချောမောပြီး တောက်ပသောအသွင်အပြင်ကို ပြန်လည် ရရှိနေပြီ ဖြစ်သည်။ သူ့ရှေ့က လူတွေကို အံ့ဩစွာ ငေးကြည့်နေရင်း သူသေဆုံးခဲ့သည်ကို သူ့ကိုယ်သူ မယုံနိုင် ဖြစ်နေမိသည်။ သူသည် သေမင်းတမန်နှင့် တွေ့ရမည်မှာ အသေအချာပင် ဖြစ်နေသည်ကို အဘယ့်ကြောင့် အသက်ပြန်ရှင်လာရသနည်း။
သူ့၏ ပေါင်ကို ဆွဲဆိတ်လိုက်သောအခါ နာကျင်မှုကို ခံစားလိုက်ရသည်။ သူတကယ် အသက်ပြန်ရှင်လာခဲ့လေပြီ။
ကျောက်ရှုရွှမ် က သူရှေ့က လူကြီးနှစ်ယောက်အား မေးမြန်းလိုက်သည်။ "ခင်ဗျားတို့က ဘယ်သူတွေလဲ"
ဆံဖြူအဘိုးအိုတစ်ဦးက ကျောက်ရှုရွှမ်၏ နဖူးအား ကိုယ်ပူစမ်းလိုက်သည်။ သူ၏ကျောပြင်နှင့်လက်တွင်လည်း ဒဏ်ရာအမာရွတ်များဖြင့်ပြည့်နှက်နေသည်။
အဘိုးအိုက "ငါ့နာမည် ထျန်းရွှမ်ကောက်ပဲ၊ မင်းက ငါတို့ အိမ်ရှေ့တံခါးဝမှာ သတိလစ်နေခဲ့တာ"
"ခင်ဗျားတို့နှစ်ယောက် ကျွန်တော့ကိုကယ်ခဲ့တာလား"
"အိုက်ယား...အဲတာ အရေးမကြီးဘူး၊ အခု မင်းသတိရလာပြီ ဆိုတော့ တစ်ခုခုစားလိုက်"
ကျောက်ရှုရွှမ် ထထိုင်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် အလွန်ပေါ့ပါးနေပြီး အားအင်များ ပြည့်ဖြိုးကာ အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာ သကဲသို့ ခံစားမိသည်။
သူ မသိသောအရာမှာ ဤစွမ်းအင်များသည် ဆေးလုံး၏ အာနိသင်ကြောင့်သာဖြစ်သည် ။ သို့သော်၊ ဆေး၏ဘေးထွက်ဆိုးကျိုးတစ်ခုရှိသည် - အရာအားလုံးသည် ပထမလတွင် ပုံမှန်အတိုင်းဖြစ်နေလိမ့်မည်။ သို့သော်နောက်ပိုင်းတွင်သူသည်တစ်နှစ်လောက် မလှူပ်ရှားနိုင်ဘဲ အကြောသေသွားလိမ့်မည်။
လူနာသည် ဤတစ်နှစ်အတွင်း ကြံ့ကြံ့ခံပြီး တောင့်ခံနိုင်လျှင် ၎င်းတို့၏ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မည်။ မဟုတ်ခဲ့ပါက သူသည် ဘဝတစ်လျှောက်လုံး အကြောသေသွားမည် ဖြစ်သည်။
ကျောက်ရှုရွှမ်သည် အစကထိုအကြောင်းကို မသိခဲ့ချေ။ တစ်လအကြာတွင် သူ့ခန္ဓာကိုယ်သည် ပုံမှန်ထက် ပို၍ မောပန်းနွမ်းနယ်လာသည်ကို ရုတ်တရက် သတိထားမိလာခဲ့သည်။
ကျောက်ရှုရွှမ်တစ်ယောက် အကြောင်းပြချက်မရှိ ရုတ်တရက် အကြောများတုံ့ဆိုင်းလာခြင်းကို မယုံနိုင်ကြည်အောင်ဖြစ်နေခဲ့သည်။ ထို့အပြင် သူသည်ဤတစ်လအတွင်း ရန်သူများနှင့်လဲ ရင်မဆိုင်ခဲ့ရပေ။ သူ့ကိုကယ်တင်ခဲ့သော အဘိုးကြီးလင်မယားအတွက် သူကိုယ်တိုင်ပင် ထမင်းဟင်းများချက် ကျွေးနေခဲ့သေးသည်။
ကျောက်ရှုရွှမ် အိပ်ရာထဲတွင် လဲလျောင်းလျက် အလွန်အမင်းနာကျင်ကိုက်ခဲနေသည်။ ပြန်လည် ရှင်သန်လာခြင်းကြောင့် ပျော်ရွှင်လျက်ရှိသော အပျော်သည် တစ်ခဏအတွင်းမှာပင်နာကျင်မှုကြောင့် ပျက်စီးခဲ့ချေပြီ။ ဤကဲ့သို့ သေမတတ် နာကျင်ခံစားရမှန်း သိခဲ့လျှင် အသက်ရှင်ခြင်းကို သူရွေးခဲ့မည် မဟုတ်ချေ။
အဘိုးကြီး ဇနီးမောင်နှံနှစ်ဦးသည် ကျောက်ရှုရွှမ် ကိုကောင်းမွန်စွာပြုစုပေးသည်။ သူတို့၏ သားသမီးများမှတော့ နယ်စပ်ကို စစ်တိုက်ရန် ထွက်သွားပြီးချိန်ကပင် တစ်ခါမှ ပြန်ရောက် မလာခဲ့တော့ချေ။
အဘိုးကြီး ဇနီးမောင်နှံမှာ ကျောက်ရှုရွှမ်ကို သားတစ်ယောက်သဖွယ်အစွမ်းကုန် ပြုစု စောင့်ရှောက် ပေးသော်လည်း ကျောက်ရှုရွှမ်မှာ ပို၍ပင် အခြေနေဆိုးရွား လာခဲ့သည်။
တစ်ဖက်တွင်လည်း မိန်းမလှလေးမှာ တောင်သမုဒ္ဒရာသခင် ဒုတိယမင်းသားအလာကို တစ်လကျော်အကြာ စောင့်ဆိုင်းရင်း အလွန်အမင်း ငြီးငွေ့လျက်ရှိနေပြီ ဖြစ်ပြီး သူမသည် ယခုထက် ပိုပြီး သည်းခံနိုင်စွမ်းမရှိတော့ပေ။ ထို့အပြင် သူမသည် နဂိုကပင် စိတ်မရှည်သော အမျိုးသမီးတစ်ဦးဖြစ်သည်။
လက်ရှိတွင် နတ်ဆိုးဘုရင်သည် သူ၏နန်းတော်တွင် တည်ငြိမ်စွာထိုင်နေသည်။ နန်းတော်အတွင်းမှာတော့ အသစ်ရောက်ရှိလာသော နတ်ဆိုးနှစ်ကောင်သည်တစ်ဖက်တစ်ချက်စီတွင်ရှိနေကာကြောက်လန့်စွာဖြင့် အသံပင် မထွက်ရဲချေ။
"မင်းကြည့်ရတာ အတော်လေးငြီးငွေ့နေပုံပဲ၊ ငါတံခါးဝကနေ တစ်နေကုန် ကြည့်နေတာတောင် မင်းလှုပ်တောင်မလှုပ်ဘူး"
နတ်ဆိုးဘုရင်က အမျိုးသမီးအား မဆိုင်းမတွမေးလိုက်သည်။ " ဟောင်ယွီ၊ သူလာပြီလား?"
ဟောင်ယွီက ခေါင်းခါပြလျက် "ဟင့်အင်း သူမလာခဲ့ဘူး အာ့ကြောင့်ငါလာပြောတာ_ ကိုယ့်ဟာကိုယ်သာ သွားကြည့်လိုက်တော့"
"မကြည့်ဘူး"
ဟောင်ယွီက စိတ်ကိုအတတ်နိုင်ဆုံးထိန်းကာမေးလိုက်သည်။ "ဘာလို့လဲ"
“မမေးနဲ့။ ငါ မင်းကို သွားခိုင်းတယ်ဆိုတည်းက သွားလိုက်။"
ဟောင်ယွီ နောက်တစ်ခေါက် အသက်ပြင်းပြင်း ရှုချလိုက်ပြီး အော်ဟစ်လိုက်သည်။ ဤတစ်ကြိမ်တွင် သူမ၏ သည်းခံနိုင်စွမ်းလဲကုန်ဆုံးခဲ့ချေပြီ။ "ခွေးကောင်!နင်မိုးဒဏ်လေဒဏ်ခံရမှာစိုးလို့ ငါ့ကိုအဲလိုလုပ်ထားတာ ငါမသိဘူးမထင်နဲ့! နင့်ချစ်သူကို ငါက မိုးဒဏ်လေဒဏ်ကြား စောင့်ပေးနေရပြီး နင်ကတော့ ဒီမှာ သောက်ပျင်းကို တစ်လို့၊ သွားသေလိုက်"
ဤစကားကိုကြားသည်နှင့် နတ်ဆိုးဘုရင်လည်း အေးစက်စွာဖြင့် ခေါင်းမော့ပြီး ကြည့်လိုက်သည်။ ဟောင်ယွီ အနည်းငယ် တုန်လှုပ်သွားသော်လည်း စိတ်ကို တင်းကာ " ငါနင့်ကိုမကြောက်ဘူးနော်! တစ်ခါတည်း ပြောထားလိုက်မယ်၊ နင် ငါ့ကို ထိခိုက်အောင်လုပ်ကြည့်၊ ငါ အမေက နင့်ကို သေတဲ့အထိ ပြန်လုပ်လိမ့်မယ်"
ခဏတာမျှ တိတ်ဆိတ်သွားပြီနောက် နတ်ဆိုးဘုရင်က "ဟောင်ယွီ ဒီကိုလာဦး" ဟုခေါ်လိုက်သည်။
ဟောင်ယွီက သူမ စကားများကို သူစိတ်ထဲထားလိမ့်မည်မဟုတ် ဟူသောတွေးနှင့် အနားသို့ ချည်းကပ်သွားခဲ့သည်။ အနားရောက်သည်နှင့် မင်ချီက သူမကို လက်သီးနှင့် ထိုးလိုက်သည်။
ဟောင်ယွီ နာကျင်စွာအော်ဟစ်ရင်း ပြန်တုံ့ပြန်ချင်သော်လည်း မင်ချီ၏ကျိန်စာကြောင့် လှုပ်လို့တောင် မရခဲ့ချေ။
"ငါ မင်းကို ပြောလိုက်မယ် မင်ချီ၊ ငါ့ အမေကို သွားတိုင်မယ်၊ အဲတော့မှ နင်ဘယ်လိုသေမလဲဆိုတာ ကြည့်ကြသေးတာပေါ့"
မင်ချီသည် နတ်ပြည်ရော ငရဲပြည်ရော မကြောက်ပါ။ သူ့ဘဝ တစ်လျှောက်လုံးတွင် အကြောက်ဆုံးလူ တစ်ယောက်သာရှိသည်။ ယင်းကား မီးလျှံ ဖီးနစ်ဟုန်းယန် သာဖြစ်သည်။
သူမသည် မင်ချီကို ငယ်စဉ်ကလေးဘဝကပင် ကယ်တင်ခဲ့ပြီး လူလားမြောက်အောင် ပြုစုပျိုးထောင်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် မင်ချီ သည် နတ်ဆိုးလောက၏ဘုရင် ဖြစ်လာသည့်တိုင်အောင် ဟုန်းယန် အပေါ် တစ်လေးတစ်စား ဆက်ဆံနေဆဲဖြစ်ပြီး တစ်ခါမှ မထီမဲ့မြင်ပြုခြင်း မရှိခဲ့ပေ။
ဟုန်းယန်တွင် အားလုံးနှင့်ရင်းပြီး ချစ်ရသော သမီးလေးတစ်ယောက်ရှိပြီး ထိုသူကား ဟောင်ယွီပင်ဖြစ်သည်။
မင်ချီ သည် လွန်ခဲ့သော ၂ နှစ်က တံခါးပိတ်စိုက်ပျိုးခြင်းမှ ထွက်ခဲ့သည်။ ဟုန်းယန် က သူ့သမီးကို သူမသည် မင်ချီဒေါသကို ထိန်းချုပ်ရန် မင်ချီနှင့် နေသင့်သည်ဟု ဆိုကာ မင်ချီ့ထံ အပ်နှံထားခဲ့သည်။ နှစ်နှစ်ကြာ ပြီးနောက်တွင်ကား မင်ချီမှာ တကယ်ကို သူရဲဘောကြောင်သော တာဝန်မဲ့သောသူ ဖြစ်ကြောင်း သူမသိလိုက်ရသည်။
ပညတ်တရားကြီး ဆယ်ပါးစောင့်ရှောက်သူများအား “ကိစ္စမရှိရှိ မရှိရှိ ငါ့ကို မရှာပါနှင့်။ သင်တို့ အချင်းချင်း မဲပေးခြင်းဖြင့်သာ ဖြေရှင်းပါ။ အနှစ်တစ်ထောင် ကြာသွားပြီ၊ မင်းတို့အားလုံး ကောင်းကောင်း မထိန်းနိုင်ကြ သေးဘူးလား"
မကောင်းသော သူများသည် နေရာတိုင်းတွင် ရှိနေမြဲပင်ဖြစ်သည်။ မင်ချီက "မင်းမယုံရင် သေချာလေ့ကျင့်ပြီး ငါ့ကို အနိုင်တိုက်လေ"
ထို့ကြောင့် လူများ တိတ်တဆိတ် ဆုတ်ခွာသွားကြသည်။
ဟောင်ယွီက သူမမျှော်လင့်ထားသည် အတိုင်းဖြစ်မလာသော နတ်ဆိုးဘုရင်၏ နေပုံထိုင်ပုံကို ကြည့်ပြီး အတော်စိတ်ပျက်မိသည်။
အစပိုင်းတွင် မင်ချီကို ဆူပူကြိမ်းမောင်းဖို့ သူမ မရည်ရွယ်ခဲ့ပါပေ။ ထို့နောက် ဆူပူရင်းတောင် မထုံတတ်တေး ဖြစ်နေသော မင်ချီ့အမူအရာကို ကြည့်ပြီး သူမ စကားလုံးများ ပို၍ ပြင်းထန်လာခဲ့သည်။
"ဒါဆို သူနဲ့ထပ်တွေ့ဖို့ ငါဘာလုပ်ရမလဲ" မင်ချီက စိတ်တိုတိုနှင့် မေးလိုက်သည်။ ဤစကားကြောင့် တည်ငြိမ်စ ဖြစ်နေသော ဟောင်ယွီ၏ ဒေါသအား တစ်ဖန်နှိုးဆွစေခဲ့သည်။ သူမ ဒေါသထွက်နေသည်မှာ နေ့တစ်ဝက်ရှိပြီ ဖြစ်သော်လည်း တစ်ဖက်မှ သတိထားမိပုံပင်မရ။
နဂါးဘုရင်၏နန်းတော်တွင် အမြင့်ဆုံး ယန် စွမ်းအင်များရှိပြီး နန်းတော်ကိုလဲအစွမ်းထက် ယန် ဂါထာဖြင့် ကာကွယ်ထားသည်။ ဤဂါထာများသည် ရေနေသတ္တဝါများအပေါ် သက်ရောက်မှုမရှိသော်လည်း နတ်ဆိုးများကို သေစေလောက်သည့် ပျက်စီးမှုများဖြစ်စေနိုင်သောကြောင့် နတ်ဆိုးဘုရင်သည် နဂါးဘုရင်၏နန်းတော်ကို မကျူးကျော်ဝံ့ပါချေ။
အမှန်မှာ သူ၏နတ်ဆိုးစွမ်းအင်များကို ရေသူတစ်ယောက်ထံသို့ လွှဲပြောင်းကာ ထိုရေသူက သူ့ကို လမ်းပြပြီး နန်းတော်သို့ ဝင်ရောက်နိုင်သော်လည်း ထိုကဲ့သို့ လမ်းပြ ခေါ်ဆောင်နိုင်မည့် လူအား ရှာမတွေ့သေးပါ။
ဟောင်ယွီက မင်ချီကို လွယ်လင့်တကူပင် ဖြေလိုက်သည်။ "နင် ဒီတိုင်းအသာလေး ဝင်သွားလိုက်လို့ ရတာပဲလေ"
"ဒါပေမယ့် သူငါ့ကို အမြင်မကြည်ရင်ရော?"
"သင့်ကို ဝေဖန်တာတော့ မဟုတ်ပါဘူး အရှင်၊ ဒါပေမဲ့ သင့်ခေါင်းက ရေတွေနဲ့ ပြည့်နေပြီထင်တယ်"
"သေချင်လို့လား"
"အဆုံးမှာ မင်းသားငယ်က ကမ်းခြေမှာ လဲနေတဲ့ သူကို မသတ်ပစ်ခဲ့ဘူး။ အဲက စလို့ရတယ်။"
နတ်ဆိုးဘုရင်က ခဏလောက်စဉ်းစားပြီး “သူက ရေသူတွေကို သဘောကျလို့များ ရေသူတွေ ကြိုက်တဲ့သူတွေကို ရှင်းပစ်နေတာလို့ မင်းထင်လား” လို့ ပြန်ဖြေပါတယ်။
ဟောင်ယွီက တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး "အရှင်မြတ်၊ သင့်ခေါင်းထဲမှာ ဘာရှိလဲ။ သင်တွေးတာ အမှန်ဆိုရင် အဲဒီလူကို ဘာလို့ တိုက်ရိုက်မသတ်တာလဲ။”
"ကောင်းပြီ ငါကြည့်လိုက်ဦးမယ်၊ ခုလောက်ဆိုသူ ဆေးလုံးကိုစားပြီး အကြောဆိုင်းသင့်နေပြီ"
ဟောင်ယွီက စိတ်မရှည်စွာဖြင့် မျက်လုံးကို ပင့်လိုက်ပြီး "အေးခဲကျိန်စာ ပြန်ဖြေပေး"
နတ်ဆိုးဘုရင်က ဟောင်ယွီကို သေချာကြည့်လိုက်ပြီး ပြောလိုက်သည်။ " အဲတိုင်းပဲ နေနှင့်ဦး၊ အဲလို ဘာမှမလုပ်နိုင်မှ ဘာပြဿနာမှ မရှာနိုင်မှာ"
ဟောင်ယွီ တစ်ယောက် ဘာမှဆက်မပြောနိင်တော့ချေ။
"ဟုတ်ပြီ၊ ဆိုတော့ အဲလူနာမည် ဘယ်သူ?"
"မပြောပြနိုင်ဘူး"
"နင် မပြောပြရင် ငါနင့်ရဲ့ အာရုံးငါးပါးခံစားလို့မရအောင်လုပ်ပစ်မှနော်"
"ကျောက်ရှုရွှမ်" ဟောင်ယွီက မထေမဲ့မြင်အကြည့်နှင့် ပြန်ဖြေလိုက်သည်။
"တော်တယ်"
"သွားသေလိုက်"
မင်ချီ သည် နတ်ဆိုးကမ္ဘာ၏ကိစ္စရေးရာများကို စီမံခန့်ခွဲစရာ မလိုအပ်သောကြောင့် သူဘယ်သွားသည် ဘာလုပ်သည်ကို မည်သူမျှ ဂရုမစိုက်ပါ။ သို့သော်လည်း သာမန်လူသားများ သူ့အား ကြောက်ရွံ့ထိတ်လန့်မည် စိုးသောကြောင့် ကျောက်ရှုရွှမ် နှင့် မတွေ့ဆုံမီ နေရာကို ဦးစွာ စူးစမ်းလေ့လာခဲ့သေးသည်။
သူ့ကိုယ်သူ ကိုယ်ယောင်ဖျောက်ကာ အိမ်ထဲတွင် ထိုင်နေလိုက်သည်။ မင်ချီ သည် ကျောက်ရှုရွှမ် ကို တစ်နေကုန် စောင့်ကြည့်လေ့လာရင်း အချိန်ကုန်သွားသည်။ ဤလူသည် သူ့နိုင်ငံအကျိုး စိတ်အားထက်သန်စွာ ဆောင်ရွက်လိုစိတ် ရှိသော်လည်း သူ့တွင် လူအားငွေအားမရှိပေ။
သို့ပေမယ့် မျှော်လင့်ချက်များ ဆုံးရှုံးပြီး ကြေကွဲရသော ခံစားချက်နှင့် နှိုင်းယှဉ်ပါက ယခုလို ဘာမှမသိဘဲ ကိုမာဝင်ပြီး အိပ်ရာထဲတွင် လဲနေသည်ကမှ ပိုကောင်းသေးသည်။
သို့သော် မျှော်လင်ချက်တစ်ခု ရှိသေးသည်။ ကျောက်ရှုရွှမ်သည် တရားရုံးမှ ပြည်နှင်ဒဏ်ပေးခံရသော ဗိုလ်ချုပ်ဟောင်းတစ်ဦးကို ကိုးစားသည်။ အကယ်၍သူသည် ဗိုလ်ချုပ်၏ထောက်ပံ့မှုကိုရရှိပါက ဖြစ်မြောက် နိုင်သေးသည်။
မင်ချီသည် ဗိုလ်ချုပ်ကို မဆိုင်းမတွရှာဖွေခဲ့သော်လည်း ကံဆိုးစွာဖြင့် ဗိုလ်ချုပ်သေအံ့ဆဲဆဲ အချိန်မှ မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။
ပြည်နှင်ဒဏ်ခံရသော ဗိုလ်ချုပ် ကီယွမ်လင်သည် အခြားသူများ၏ နိုင်ထက်စီးနင်းပြုခြင်း ခံနေရသည်။ အောက်ခြေ ရာထူးငယ်လေးများကပင် သူ့အားမထီမဲ့မြင်ပြုမူခြင်းကို ခံနေရသည်။ နောက်ဆုံးတွင် နည်းမျိုးစုံဖြင့် ဖိအားပေးခံနေရသောကြောင့် စိတ်ထောင်းကိုယ်ကြေ ဖြစ်သွားခဲ့သည်။
သူသည် အရည်အချင်းရှိပြီး သစ္စာရှိသော ဗိုလ်ချုပ်တစ်ဦး ဖြစ်ခဲ့သည်။ ယခုတွင် သူ့နားတွင် မည်သူမျှ မရှိတော့ချေ။ လက်ရှိတွင် ကူကယ်ရာမဲ့နေသည်မှာ ကြေကွဲဖွယ် ကောင်းလှသည်။
သို့သော် ဘယ်သူမပြုမိမိမှု ဆိုသည့်စကားပုံအတိုင်း ဝဠ်ကြွေးရှိလျှင် ဆပ်ရမည်မှာ ဧကန်ပင်ဖြစ်သည်။ ဤကားမည်သူမျှတားနိုင်မည်မဟုတ်ပေ။
သို့သော် မင်ချီကစည်းမျည်းများကို ဂရုစိုက်သူမဟုတ်ပါ။ နယ်သာတိုင်းပြည်၏ သရဲဘုရင်ကိုတောင် အနိုင်ယူခဲ့သူက ကံတရားလောက်ကို စာဖွဲ့မနေတော့ပေ။
ဗိုလ်ချုပ်ကီယွမ်လင် သေဆုံးခါနီးချိန်တွင် မင်ချီက သူ့ဝိညာဥ်ကို ကီယွမ်လင်၏ ကိုယ်ထဲသို့ ဝင်ရောက်ကာ ကီယွမ်လင်၏ခန္ဓာကိုယ်နှင့် ဝိညာဥ် မပျက်စီးစေရန် ကာကွယ်ထားခဲ့သည်။ ထို့နောက် ကီယွမ်လင်၏ ခန္ဓာကိုယ်ကို ကျောက်ရှုရွှမ် ထံသို့ ယူဆောင်လာ ခဲ့သည်။
ကျောက်ရှုရွှမ် မင်ချီကို မြင်သည်နှင့် မျက်ရည်များ ထိန်းမနိုင်အောင်ကျလာခဲ့သည်။ သူ့ခန္ဓာကိုယ်မှာ မလှုပ်ရှားနိုင်သောကြောင့် ငိုကြွေးရုံမှတစ်ပါး အခြားမတတ်နိုင်ပေ။
"အကိုကြီးကီ၊ အကိုကြီးကို ဒီမှာတွေ့ရမယ်လို့ ကျွန်တော်တစ်ခါမှ မထင်ထားဘူး။ ကျွန်တော်..."
မင်ချီ တစ်ယောက်ဆွံ့အသွားခဲ့သည်။ သူသည် လူအများငိုကြွေးသည်ကို တစ်ခါမှမမြင်ဖူးသလို သူ့အနေနှင့် "နောက်ဆုံးတော့ မင်းကို တွေ့ခဲ့ပြီ ညီလေးကျောက်ရေ..." ဟူ၍သာ ကယောင်ကတမ်းပြောနိုင်တော့သည်။
"အင်း၊ ကျွန်တော့်ကို တွေ့ပေမယ့် အချည်းနှီးပါပဲ ကိုကြီးရယ်၊ ကျွန်တော်က အခု သုံးစားမရတဲ့လူ ဖြစ်သွားပြီ"
"မဟုတ်သေးဘူးညီ၊ မျှော်လင့်ချက်တွေ ရှိပါသေးတယ်။ မင်းလေ့ကျင့်ခန်းတွေလုပ်ရင် ပြန်ကောင်းလာမှာပါ။ တစ်နှစ်ဆိုတဲ့ အချိန်ကာလက လုံလောက်ပါတယ်ကွာ"
"အကို ဘယ်လိုသိတာလဲ"
"ဘာလို့လဲဆိုတော့ မင်းက အသက်ရှင်ဆေးလုံးသောက်ထားလို့ပေါ့ကွာ" ဒီဆေးရဲ့ လျို့ဝှက်ကျမ်းကို ဖတ်ဖူးတယ်။ ဒီဆေးကိုသေတဲ့သူကသောက်လိုက်ရင် တစ်နေ့တည်းမှာအသက်ပြန်ရှင်လာလိမ့်မယ်။ တစ်လလောက် သူ့ခန္ဓာကိုယ်က ငှက်မွှေလေးလိုပေါ့ ပါးလန်းဆန်းနေလိမ့်မယ်။ တစ်လကြာပြီးရင်တော့ သူ့ရဲ့အရိုးအဆစ်တွေကို အားနည်းပြီးကိုက်ခဲလာလိမ့်မယ်။ ဇွဲရှိရှိနဲ့ လေ့ကျင့်ခန်းလုပ်နိုင်ရင် တစ်နှစ်အတွင်း ပြန်ကောင်းလာနိုင်ပါတယ်။”
"ဪ အဲလိုလား?"
"ဒါပေါ့"
ကျောက်ရှုရွှမ်သည် မျက်ရည်များကျလာပြန်သည်။ သူ့ကိုယ်သူသေလူလို့ သတ်မှတ်ထားပြီး လမ်းဆုံးနေသည့် လူတစ်ယောက်အတွက် ယခုလို ကယ်တင်မည့်နည်းလမ်းရှိမည်ဟု သူတစ်ခါမှမတွေးမိချေ။ သူကမင်ချီကို "အကိုကြီးကီ၊ တကယ်လို့ ကျွန်တော်နေပြန်ကောင်းလာတဲ့အခါကျရင် ကျွန်တော်တို့အတူတူ ဒီတိုင်းသူပြည်သားတွေကိုဆင်းရဲဒုက္ခကနေကယ်တင်ကြမယ်။"
*********