ဆယ်နှစ်တာသဘောတူညီချက်
DaoMuBiJi
Author - Nan Pai San Shu
Chapter (1)
ဆယ်နှစ်
အပူချိန်တက်လာပြီ။
ဝူရှဲသည် ဆေးလိပ်သောက်တာကို ခဏရပ်လိုက်ပေမယ့် နောက်တစ်လိပ်ကို မီးညှိဖို့ မထိန်းနိုင်ခဲ့ပါဘူး။ နေထွက်နေပြီ။ နှင်းတွေနဲ့ ရွှဲနေတဲ့ ခံစားချက်က လူတွေကို နည်းနည်းတော့ စိတ်ပူပန်စေတာကြောင့် စီးကရက်သောက်ရင် စိတ်ငြိမ်သွားနိုင်သည်။
"သူထွက်သွားတာ ကြာလောက်ပြီ" သူ့ဘေးမှာတော့ ဖက်တီးကလည်း ဆေးလိပ်သောက်ရင်း ဆိုလာသည်။
"မင်းလည်း သူ့စိတ်ဓာတ်ကို သိသားပဲ... ငါတို့ကိုက အပြစ်ကင်းလွန်းပြီး အဲ့အဘိုးကြီးဆီက လှည့်စားတာကို အမြဲခံနေရတာ..."
"ဒါဆို သူငါ့ကို လုံးဝ စော်ကားမိသွားပြီ"
ဝူရှဲလည်း အဲဒါကိုပဲ စဉ်းစားနေပေမယ့် မဖြစ်နိုင်ပါဘူးလို့လည်း စိတ်ထဲက ငြင်းနေမိသည်။ ဒါပေမယ့် ဒီ "ဖြစ်နိုင်ခြေ" က အမှန်ဆိုရင် သူ့အတွက် ဒေါသထွက်ရမလား၊ ပျော်ရွှင်ရမလား မသိတော့ချေ။
ဖန့်ကျစ်ရဲ့ သင်္ချိုင်းဂူသည် နံနက်အလင်းရောင်တွင် တဖြည်းဖြည်း ကြည်လင်လာသည်။ အခုမှပဲ မီးခိုးရောင် ရေးထွင်းထားတဲ့ အစွန်းတွေကို မြင်မိတော့သည်။ ဒါ သူကိုယ်တိုင် ရေးပေးထားတာ။ စာသားမှာ အနီရောင် ခြေရာခံတော့ ပျောက်သွားပြီပေါ့။
ဖန့်ကျစ် သူ့အနားမှာရှိမှာ မဟုတ်ဘူးဆိုတဲ့ အချက်ကို ဝူရှဲ လက်ခံမနိုင်ခဲ့တာ အကြာကြီးပါပဲ။ အခုတော့ ဒီအဆုံးသတ်ကို လက်ခံလိုက်ပါပြီ။ ဆယ်နှစ်ကြာရင်တော့ သူ မရှိရင်တောင် မဆိုင်းမတွဘဲ အုတ်ဂူရှေ့မှာ ထိုင်နေခဲ့မိတုန်းပါပဲ။ တချို့လူတွေက ကျောက်တုံးကနေ လူတစ်ယောက်အဖြစ်သို့ အသည်းအသန်ပြောင်းချင်ပေမယ့် ဝူရှဲကတော့ မသိလိုက်ဘဲ ကျောက်တုံးအဖြစ်ပြောင်းသွားခဲ့သည်။
ဖက်တီးသည် ဖန့်ကျစ်ရှေ့တွင် စက္ကူအိတ်တစ်လုံးကို လောင်းချကာ မီးခြစ်ဖြင့် မီးညှိလိုက်သည်။ ဝူရှဲလည်း အိတ်ထဲက သဲဖြူအနည်းငယ်ကိုလည်း ထုတ်ပြီး ငွေစက္ကူပေါ်မှာ ဖိလိုက်သည်။
"ငလူး! မင်းက အရမ်းချမ်းသာနေတာတောင် ဘာလို့ ဖန့်ကြီးကို တန်ဖိုးကြီးပစ္စည်းတွေ မပေးတာလဲ"
ဖက်တီးက ပြောသည်။
ဝူရှဲ: "ဒါက ငါ့ဘာသာငါအတွက် ပြင်ဆင်ထားတာ!"
ဒီတခေါက် အဆင်မပြေရင် ဒီစီးကရက်တွေကို ဖန့်ကျစ်ဆီ အရင် ယူသွားပေးမယ်လို့ ပြောခဲ့သည်။ ဦးလေးသုံးလည်း ဒီအောက်မှာပဲ ရှိနေမယ်ဆိုရင်တော့ ဒီလူနှစ်ယောက်က သူ့ကို ဘုန်းကြီးပြီး စည်းစိမ်ရှိဖို့ စောင့်နေဖို့ ငရဲဘုရင်ကို စေလွှတ်ထားပြီးလောာက်ပြီ။ ကိုယ့်အတွက် ကိုယ် ဝါသနာပါတာလေးတွေကို ပြင်ဆင်ထားရတာ မှန်တယ် မဟုတ်လား။
ဖက်တီးသည် ဖန့်ကျစ်၏ အုတ်ဂူကျောက်တိုင်ရှေ့တွင် ရေရွတ်နေ၏။ သူဘာပြောမလဲ ဆိုတာ ဝူရှဲလည်း ယေဘုယျအားဖြင့် သိပါသည်။ နှစ်များစွာ ကြားလာခဲ့ပြီးနောက် နားထောင်ဖို့ သို့မဟုတ် ညည်းညူဖို့တောင် အလွန်ပျင်းလာပါသည်။
စက္ကူအပုံကြီး မီးလောင်ဖို့ ၁၅ မိနစ်လောက်တော့ အချိန်ယူခဲ့ရသည်။ ဝူရှဲ မတ်တတ်ထရပ်တော့ ဖက်တီကလည်း မတ်တတ်ထရပ်ပြီး တစ်ယောက်နဲ့တစ်ယောက် ကြည့်နေကြသည်။ ဖက်တီး၏ဆံပင်များသည် ဆံပင်ဖြူအချို့ရှိသော်လည်း ဝူရှဲ အလွန်ပြောင်းလဲနေချိန်တွင် သူ့ရဲ့ ရောင်ဝါကတော့ လုံးဝမပြောင်းသွားလဲပေ။
မည်သို့ပင်ဆိုစေကာမူ ဤအရာအားလုံးကို တွေ့ကြုံခံစားဖူးသူများသည် ဤအခိုက်အတန့်ကို လက်လွတ်မခံသင့်ပေ။
ဖက်တီး: "သွားရအောင်... ကြောင်သူတော်ဖြစ်နေတာ ရပ်လိုက်တော့... မင်းရဲ့ ခံစားချက်ဟောင်းကို ရှာတွေ့ဖို့ ကြိုးစားရမယ် ဒါနောက်ဆုံးပဲ ငါတို့ ဒါကို ပျော်ပျော်ရွှင်ရွှင်လေး လုပ်ရမှာပေါ့ ဟုတ်ဘူးလား"
နှစ်ယောက်သား သုသာန်ထဲက ထွက်လာတော့ ယောက်ျားလေး တော်တော်များများက အဆက်မပြတ် ရောက်လာကြကာ သူတို့ကို လာနှုတ်ဆက်၏။ ဝူရှဲ လက်ကောက်ဝတ်ကို လှုပ်ပြလိုက်တော့ သူတို့က ယာဉ်တန်းဆီ ပြေးသွားကြသည်။
ယာဉ်တန်း အပြင်ဘက်တွင် လူများ ဝိုင်းရံထားသည်။ ဝူရှဲ သူတို့ကို ဖြတ်လျှောက်လာတဲ့အခါ ကားမီးတွေလင်းလာပြီး ကားတွေထဲ မျက်လုံးအစုံတိုင်းက စိတ်ဆန္ဒတွေ အပြည့်နဲ့။ ကြည့်နေကြသည်။
ဒီအချိန်မှာတောင် ဒီလူတွေဟာ တခါတရံ အမှားတွေ လုပ်တတ်သေးသည်။ ဤနေရာတွင် စုရုံးနေသော အင်အားစုသည် မျက်စိကျစရာ ကောင်းလွန်းလှသည်။ ဝူရှဲမှာ လူဘယ်နှစ်ယောက် ရှိတယ်ဆိုတာ တကယ်မမှတ်မိချေ။ လွန်ခဲ့သည့် ဆယ်နှစ်က သူ့အား ကူညီလိုသော ဝန်းကျင်ရှိ လူများ အားလုံး ဤလမ်းပေါ်တွင် ရှိနေကြသည်။ ဤသည်မှာ ဝူမိသားစု တတိယသခင်လေး၏ ကံကြမ္မာတစ်ခုလုံးလည်း ဖြစ်သည်။
ဖက်တီးနဲ့ ဝူရှဲ ဂျစ်ကားပေါ် တက်လိုက်သည်။ တွဲဖက်လေယာဉ်မှူး အဖြစ်လည်း အစ်မယာက ဝူရှဲကို walkie-talkie ပေးလာ၏။ ဝူရှဲ ကြိမ်နှုန်းကို နှိပ်ပြီး အမိန့်ပေးလိုက်သည်။
"ဝူမိသားစု ခန်းမတွေ အားလုံး ဟွန်းတီးပြီး မင်းတို့ရဲ့ သခင်ဖန်အတွက် ဂုဏ်ပြုလိုက်ကြ..- ငါတို့ ထွက်ကြမယ်!"
တောင်တွေ လွင်ပြင်တွေ အားလုံးနဲ့ မမြင်နိုင်တဲ့ နေရာတွေမှာ ကားဟွန်းတီးသံတွေက တပြိုင်နက် မြည်လာခဲ့လေသည်။
"သွားရအောင်... ဒီနွေရာသီကို အေးမြတဲ့ နေရာမှာ အေးအေးဆေးဆေး ဖြတ်ကျော်ရအောင်..."
ဝူရှဲ walkie-talkie ကို အစ်မယာဆီ ပြန်ပစ်ပေးလိုက်သည်။
မော်တော်ယာဉ်တန်း၏ မော်တာသည် ကျယ်လောင်လာပြီး စတင်မောင်းနှင်လာခဲ့သည်။ ဖက်တီးက ပြတင်းပေါက်ကနေ လှမ်းကြည့်နေစဥ် ဝူရှဲ့ရဲ့ ဆဲလ်ဖုန်းက အသံမြည်လာ၏။ ကောက်လိုက်တော့ ၎င်းက ရှောင်ဟွားရဲ့ WeChatက ဖြစ်သည်။ ပေကျင်းနှင့် ချောင်ရှားက မော်တော်ယဉ်များ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
ဝူရှဲ အသက်ပြင်းပြင်းရှူပြီး မျက်နှာကို အမူအရာမဲ့စွာ ပွတ်သပ်လိုက်သည်။
ဆယ်နှစ်ရှိသွားပြီ။