Extra 1
Viewers 434

အချပ်ပို - ရှဲ့ရှန့်ကျီ

ငါ နှစ်နှစ်ကြာပြီးမှ မြို့တော်ကို ပြန်ရောက်လာခဲ့တယ်။

ဒီအချိန်မှာတော့ လမ်းမကြီးတွေနဲ့ လမ်းကြားလေးတွေမှာ အခြားသတင်းတွေ ပျံနှံနေပြီး ငါနဲ့ ချွေ့ယာအကြောင်းကို ဘယ်သူကမှ မပြောကြတော့ဘူး။

ငါ ဘာအခက်အခဲမှ မရှိဘဲ ရှဲ့အိမ်တော်ကို ချောချောမွေ့မွေ့ ပြန်ရောက်လာခဲ့တယ်။

ငါ စစ်တပ်ထဲမှာ နှစ်နှစ်ကြာအောင် ကြိုးစားရှင်သန်လာခဲ့ပြီး အခုတော့ ငါလည်း ပိုရင့်ကျက်လာပြီး တည်ငြိမ်တဲ့ အသွင်အပြင်မျိုး ဖြစ်လာခဲ့ပြီ။

ငါ ထွက်သွားတော့ ငါ့အမေက အခု ထွက်သွားရဲရင် ဘယ်တော့မှ ပြန်မလာခဲ့နဲ့လို့ ရင်ထုမနာ ပြောရင်း ငို‌ကြွေးခဲ့ဖူးတယ်။ အခု ငါ ပြန်လာတော့ အမေက ဖုန်အလိမ်းလိမ်းနဲ့ သားကို ကြည့်ရင်း အဲ့အချိန်တုန်းက သူမ ပြောခဲ့တဲ့ စကားကြမ်းကြမ်းတွေကို  လုံးဝမေ့သွားပုံရတယ်။

 ငါ ပြန်လာတာက ရာထူးအသစ်တစ်ခု လက်ခံဖို့ပါ။ ငါ နယ်စပ်မှာ စွမ်းစွမ်းတမံ အကျိုးဆောင်နိုင်ခဲ့တာကြောင့် ဧကရာဇ်မင်းမြတ်က ငါ့ကို မြို့စောင့်တပ်ရဲ့ ဒုတပ်မှူးအဖြစ် ခန့်အပ်တဲ့ အမိန့်တော် ထုတ်ပြန်ခဲ့တယ်။

ဒီလိုနဲ့ ငါ  စူးမိသားစုရဲ့ သခင်မလေး စူးမုယွင်နဲ့ မလွဲမသွေ ပြန်တွေ့ဆုံရမယ်ဆိုတာကို သိထားပြီးသားပါ။

အပြန်ခရီးမှာ ငါ အဲ့အချိန်ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တွေးခဲ့ဖူးတယ်။

အချိန်တွေ ကုန်လွန်သွားသလို အဲဒီအဖြစ်အပျက်တွေကလည်း နှစ်နှစ်တောင် ကြာသွားခဲ့ပြီ။ ငါတို့ ပြန်ဆုံတွေ့တဲ့အခါ ငါ သူမကို သင့်တင့်တဲ့ပုံစံနဲ့ မျက်နှာချင်းဆိုင်နိုင်ကောင်းပါရဲ့။

စူးမုယွင်မှာ ကိုယ်ဝန်ရှိနေပြီး ဒီနှစ်ကုန်လောက်မှာ ကလေးမွေးဖွားတော့မယ်လို့ ငါ့အမေရဲ့ စာတစ်စောင်ထဲမှာ ဖော်ပြထားခဲ့တယ်။

ဒါပေမယ့် တကယ်တမ်း စူးမုယွင်ကို ခန်းဆီးနောက်ကနေ လှမ်းမြင်လိုက်ရတဲ့အချိန်မှာ ငါ လက်သီးတွေကို တင်နေအောင် ဆုပ်ထားမိတယ်။

စူးမုယွင်က သူမ ဧကရီမယ်တော်ကြီးရဲ့ နောက်လာမယ့်မွေးနေ့အတွက် လက်ဆောင်ကို ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ရှဲ့ဝမ်ကျီကို ပြောနေရင်း အလှစိုက်တဲ့ ထင်းရှူးပင်ပုလေးကို ဖြတ်တောက်နေတယ်။ နှစ်ကုန်မှာ ကျင်းပမယ့်ပွဲတော်တွေ နီးကပ်လာပြီဆိုတော့  သူမက ရှဲ့ဝမ်ကျီကို သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပိုရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ဖို့   အကြံပြုနေပြန်တယ်။

ဒါက အရမ်းကို ရင်းနှီးတဲ့ စုံတွဲတွေမှာ ဇနီးတစ်ယောက်က သူမရဲ့ခင်ပွန်းကို ပေးတတ်တဲ့ သတိပေးချက်တွေပါပဲ။

ရှဲ့ဝမ်ကျီက ဂရုတစိုက် နားထောင်နေပုံရပေမယ့် တကယ်တော့ သူ့ရဲ့အာရုံစူးစိုက်မှုတစ်ခုလုံးက စူးမုယွင်ရဲ့လက်ပေါ်မှာပဲ ရှိတယ်။

သူက သူမ မတော်တဆ ထိခိုက်မိသွားမှာကို စိုးရိမ်နေပုံနဲ့ သူမ လက်ထဲက ကတ်ကြေးကိုပဲ လိုက်ကြည့်နေတယ်။

စူးမုယွင်က သူရဲ့အာရုံပျံ့လွင့်နေတဲ့ အမူအရာကို သတိပြုမိသွားပြီး ဒေါသတကြီး ဆူပူလိုက်တယ်။

 "ဟင်းနော်"

ရှဲ့ဝမ်ကျီက ချက်ချင်းပင် သူ့အာရုံများကို ပြန်ဖမ်းလိုက်ပုံနဲ့ သူမကို စတင် ချော့မော့နေတယ်။

အဲ့အချိန်မှာ ငါ ခဏလောက်တော့ မှိန်းမောသွားသလို ခံစားလိုက်ရတယ်။

နောက်ဆုံးအကြိမ် ငါ ငါ့အစ်ကိုကြီးကို တွေ့ခဲ့တာက တော်ဝင်အကျဉ်းထောင်မှာလေ။ အဲ့တုန်းက ငါ့ရဲ့အကြီးဆုံးအစ်ကိုက အမျိုးသားတစ်ယောက်ရဲ့ ဒူးရိုးကို သူ့ကိုယ်တိုင် ရက်ရက်စက်စက် ဆွဲထုတ်နေခဲ့တာ မဟုတ်ဘူးလား?

အခု ရှဲ့ဝမ်ကျီရဲ့အသွင်အပြင်ကတော့ တည်ငြိမ်ပြီး လှပတဲ့ပန်းချီကားတစ်ချပ်ကို တင့်တယ်နေလွန်းတယ်။

ဒါက ငါ့ကို ဓားထက်ထက်နဲ့ ခုတ်ပိုင်း လိုက်သလိုပဲ။

ငါ့ရှေ့က ပုံရိပ်တွေက အက်ကွဲသွားသလို ငါ့အိပ်မက်တွေလည်း ပြိုကွဲသွားတယ်။

ငါ့ကို မြင်လိုက်တဲ့အချိန်မှာ စူးမုယွင်က သူမရဲ့မိန်းကလေးဆန်တဲ့ အမူအရာတွေကို ချက်ချင်း ပြန်ဖယ်ရှားလိုက်ပြီး ဂုဏ်သိက္ခာအပြည့်နဲ့ ကျက်သရေရှိတဲ့ အိမ်တော်သခင်မတစ်ယောက်ရဲ့ ဟန်ပန်ကို ချက်ချင်း ပြန်ဆင်မြန်းလိုက်တယ်။

သူမက တည်ငြိမ်အေးဆေးတဲ့ ပုံစံနဲ့ ငါ့ကို ယဥ်ယဉ်ကျေးကျေး နှုတ်ဆက်လာတယ်။

သူမရဲ့ အပြုအမူမှာ အမှားတစ်ခုမှ ရှာမတွေ့မိဘူး။

ဒါကလည်း ငါ အမုန်းဆုံးပုံစံပဲ။

ဘာကြောင့်လဲ ဆိုတော့ ငါတို့ကြားထဲမှာ အတိတ်တွေ ရှိနေတုန်းပဲ မဟုတ်ဘူးလား?

ပျော်ရွှင်စရာ အမှတ်တရလို့ မပြောနိုင်ရင်တောင် ငါတို့ အိမ်ထောင်ပြုဖို့ ဆွေးနွေးခဲ့ဖူးကြတယ်။

ငါတို့ လက်ထပ်လုနီးပါး ဖြစ်ခဲ့ကြတယ်။

အဲ့ဒီ "လုနီးပါး"က  ချွေ့စန်းနျန်လို့ ခေါ်တဲ့ မိန်းကလေးတစ်ယောက်ကြောင့် ရပ်တန့်သွားခဲ့ရတယ်။

သူမလည်း ကျင်းလင်ကို ပြောင်းသွားပြီး မြို့တံခါးအနီးမှာ ဖက်ထုပ်ဆိုင် ဖွင့်နေတယ်လို့ ငါ သတင်းကြားတယ်။ ဒါပေမယ့် သူမ အဆင်ပြေလားလို့တောင် ငါ ထပ်မမေးရဲတော့ဘူး။

ငါက သူရဲကောင်းလို ပြုမူပြီး ဒုက္ခရောက်နေတဲ့ မိန်းကလေးကို ကယ်တင်နိုင်ဖို့ မျှော်လင့်ခဲ့တာပါ။ တကယ်တမ်းမှ‌တော့ ငါက ငါ့ဘဝရဲ့နေ့စဉ်အရှုပ်အထွေးတွေကို‌တောင် မကိုင်တွယ်နိုင်ခဲ့ဘူး။

ချွေ့စန်းနျန်က ငါ့ကို သွေးဆောင်ခဲ့တယ်ဆိုတဲ့ ကောလဟာလတွေ အများကြီး ရှိခဲ့ဖူးတယ်။

ဒါပေမယ့် အဲဒီ ကောလဟာလတွေက တကယ်ကို မတရားဘူး။

သူမရဲ့ ဖက်ထုပ်ဆိုင်ကို လူတွေ အများကြီး လာစားနေကြတာပဲလေ။ သူမအနေနဲ့ ချမ်းသာတဲ့ မိသားစုက လူကို လက်ထပ်ချင်တယ် ဟိုးအရင်ကတည်းက အဲ့လူတွေကို ဆွဲဆောင်လို့ ရနိုင်တာပဲ။ ဘာလို့ နှင်းထဲမှာ လဲကျသေခါနီးအခြေအနေအထိ စောင့်နေရမှာလဲ?

ငါ သူမကို စတွေ့ပြီး နှစ်သက်ခဲ့မိတာက သူမရဲ့ အရှုံးမပေးတတ်တဲ့ မာနကြောင့်ပါ။ ရယ်စရာကောင်းတာက နောက်ဆုံးမှာ အဲ့အရှုံးမပေးတတ်တဲ့မာနကပဲ ပြသနာတွေ ဖြစ်လာစေခဲ့တယ်။

တစ်ခါတုန်းက ငါတို့ ချွေ့ညီအကိုကြောင့် စကားများခဲ့ကြတယ်။ ချွေ့စန်းနျန်က သူမ အပြင်ထွက်ပြီး စျေးပြန်ရောင်းဖို့ ထပ်မံတောင်းဆိုပြန်တယ်။ ရယ်စရာကောင်းလိုက်တာ.... ဘယ်သူရဲ့ ကိုယ်လုပ်တော်တွေ၊ အငယ်အနှောင်းတွေကများ စီးပွားရေးလုပ်ဖို့ တစ်ချိန်လုံး တောင်းဆိုနေလို့လဲ?

ငါက ရှဲ့အိမ်တော်က တတိယသခင်လေးလေ။ ငါ့မိန်းမက ကြမ်းပြင်တွေကို ရေဆေး၊ စားပွဲခုံတွေကို သုတ်ပြီး တခြားသူတွေအတွက် အစားအစာတွေ ပြင်ဆင် ကျွေးမွေးနေမှာလား?

ဒီလိုမျိုးကိစ္စတွေနဲ့ ငါတို့ အမြဲတမ်း ရန်ဖြစ်ခဲ့ကြတယ်။

တစ်ခါတော့ ငြင်းခုံမှုက ပြင်းထန်လာပြီး ချွေ့စန်းနျန်က ငါ့ကို ကုတ်ခြစ်ခဲ့တယ်။ ငါ့လည်ပင်းက အရေပြားလှန်သွားပြီး အနီရောင် အစင်းကြောင်းတွေ ကျန်ရစ်ခဲ့တယ်။ အဲ့ဒါတွေက ရက်အနည်းငယ်အတွင်း ပျောက်သွားခဲ့ပေမယ့် မပျောက်သေးခင် အတောအတွင်း ငါ ဘယ်သူကိုမှ မျက်နှာ ထွက်မပြရဲခဲ့ဘူး။

ငါ အဲ့တုန်းက ဒေါသတကြီးနဲ့ လက်ဖက်ရည်ခွက်ကို ပေါက်ခွဲခဲ့တယ်။

ငါ အရင်တုန်းက စူးမုယွင်အပေါ် နားလည်မပေးခဲ့ဘူး။ ဒါပေမယ့် အဲဒီအခိုက်အတန့်မှာတော့  ငါ နောင်တရစ ပြုလာခဲ့တယ်၊ သူမအစား ငါ ဘာလို့ စူးမုယွင်ကို လက်မထပ်မိခဲ့တာလဲ?

ငါတို့က အဆင့်အတန်းတူတယ်။ ငါတို့ရဲ့ စေ့စပ်ကြောင်းလမ်းမှုအတွက် တော်ဝင်အမိန့်စာတောင် ရှိနေသေးတယ်။ စူးမုယွင်က အိမ်တော်တစ်ခုကို သေသေချာချာ စီမံနိုင်မယ့် အရည်အချင်းပြည့်ဝတဲ့ အမျိုးကောင်းသမီးတစ်ဦးဆိုတာလည်း လူတိုင်း ကောင်းကောင်း သိကြတယ်။

တောက်.... သေစမ်း။

ငါ ဘာလို့ စူးမုယွင်ကို လက်မထပ်မိခဲ့တာလဲ?

နောက်ဆုံးတာ့ ငါ မချိပြုံးနဲ့ ခါးခါးသီးသီး ရယ်ရုံပဲတတ်နိုင်တော့တယ်။ တကယ်ကို ငါက အရမ်းပျော်နေရမှာလေ။ ဘာကြောင့် ဒီပျော်ရွှင်မှုတွေကို အစ်ကိုကြီးဆီ လွှဲပေးလိုက်တာလဲ?

ငါ ရှဲ့ရှန့်ကျီက ငါ့ရဲ့ဆုံးဖြတ်ချက်တွေကို ဘယ်တော့မှ နောင်တ မရခဲ့တဲ့သူပါ။ ဒါပေမယ့် ဒီကိစ္စမှာတော့ ငါ အဲ့ဒါကိုပဲ ထပ်ခါထပ်ခါ တွေးနေမိပြီး ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်ခဲ့ဘူး။ အတွေးတွေက နွယ်ပင်တွေလိုမျိူး ငါ့စိတ်ထဲမှာ ပေါ်ပေါက်လာနေတာလေ။

အထူးသဖြင့် သူတို့နှစ်ယောက်ကို ဇနီးမောင်နှံအဖြစ် အတူတွဲ မြင်လိုက်ရတဲ့ အချိန်တိုင်းပေါ့။

ငါ ငါ့အစ်ကိုကြီးရဲ့ အိမ်တော်ကို အရင်က တစ်ခေါက် ရောက်ဖူးသေးတယ်။ အဲ့အိမ်တော်ရဲ့ အိမ်တွင်းစည်းကမ်းတွေ အရမ်း တင်းကျပ်ပြီး လူတိုင်းက ပြစ်ဒဏ်ကိုပဲ ကြောက်ရွံ့နေကြရတယ်။ ကျေးကျွန်တွေအားလုံးက ပျော်ရွှင်မှုကင်းမဲ့ပြီး ဆိတ်ငြိမ်နေတာပဲ။

ယခု စူးမုယွင် ရောက်လာပြီးတော့ အစေခံတွေကို ကြင်ကြင်နာနာ ဆက်ဆံပေးပုံရတယ်။ အိမ်တော်ထဲက  အစေခံတွေနဲ့ အထိန်းတော်တွေကြားက လေထုကတောင် ပေါ့ပေါ့ပါးပါး ဖြစ်နေတယ်။ ခြံထဲမှာ ဥယျာဉ်တစ်ခု ရှိနေပြီး နံနက်ခင်းပန်းတွေက ဝါးခြံစည်းရိုးကို နွယ်တက်နေတယ်။

အဒီအချိန်မှာ ငါကရော.... ငါကတော့ ချွေ့စန်းနျန်ဆီကနေ ရုံးတော်ကို ဆွဲခေါ်ခံခဲ့ရပြီး မြို့တော်မှာ ရယ်မောစရာ ဖြစ်လာခဲ့တယ်။

ငါ့အမေက ဘာမှပြန်မပြောပေမယ့် အမေရဲ့နားထင်မှာ ဆံပင်ဖြူတွေတောင် ပေါ်လာခဲ့တယ်။

ငါ နယ်စပ်မှာ အဆိပ်ရှိတဲ့ပိုးကောင်းတစ်ကောင် အကိုက်ခံခဲ့ရပြီး သုံးရက်လုံး အဖျားတက် မေ့မျောနေခဲ့တယ်။ ငါ ပြန်နိုးလာတဲ့အချိန်မှာ ငါ အမြဲဝတ်ထားတတ်တဲ့ ပုတီးကုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိတယ်။ တခြားသူတွေကတော့ ငါ အသက်ရှင်ခွင့်ရတာ ကံကောင်းတယ်လို့ ပြောကြတယ်။

ဒါပေမယ့် ငါ တစ်ယောက်တည်း သိထားတဲ့ အမှန်တရားတစ်ခု ရှိနေသေးတယ်။

ရှဲ့မိသားစုရဲ့တတိယသားက သူ့ရဲ့ ဆယ့်ကိုးနှစ်ကျိန်စာဆိုးကြောင့် ဘဝသေသွားခဲ့ပြီး ဆိုတာပါပဲ။

(အချပ်ပိုလည်း ပြီးပါပြီ)

✅✅✅✅