Chapter (15)
Viewers 1k


Chapter (15)

သူ ရောက်လာပြီ 



ဖန်းချူ လှည့်မကြည့်ပေ။ 


ချွေးယွိရှီး သူ့ကို ကူညီနေတာမှန်း သူသိနေသလို ဒီအချိန်မှာ သံသယတွေလည်း မရှိတော့ချေ။ 


တစ္ဆေက သေဆုံးသွားသော ချွေးယွိရှီး ဖြစ်သည်။ သူမသည် ဝမ်ဖုန်းကိုသာ ဒေါသထွက်ကာ ဝမ်ဖုန်းကိုသာ ပစ်မှတ်ထားခဲ့သည်။ ထို့ကြောင့် သူမ သူတို့ကို အမှန်တကယ် မတိုက်ခိုက်ဘဲ ​ခြောက်လန့်နေခဲ့ခြင်းသာ။ ထို့ကြောင့် သူတို့ လုံခြုံစွာနေခဲ့ရသည်။ 


အဲဒါကြောင့် အခုလည်း သူ့ကို ကူညီနေတာ ဖြစ်လေသည်။ 


ဝမ်ဖုန်း၏ အာရုံပျံ့လွင့်မှုကို အခွင့်ကောင်းယူပြီး ဖန်းချူသည် ဝမ်ထောင်းလေးကို တတိယထပ်သို့ အလျင်အမြန် ခေါ်ဆောင်သွားခဲ့သည်။


တတိယထပ်မှာတော့ လုံးဝ ဧည့်ခန်းသာ။ စင်္ကြံ၏အဆုံးတွင် ပြတင်းပေါက် တစ်ခုရှိသော်လည်း ဖန်းချူမှာ ဒါက အဆုံးသတ်တစ်ခုဖြစ်ကြောင်း သိလိုက်ပါသည်။ ဝမ်ဖုန်း အမီလိုက်သွားတော့မည်ကို မြင်လိုက်ရသဖြင့် တံခါးတစ်ချပ်ကိုဖွင့်ကာ မဆိုင်းမတွ အထဲကို ပြေးဝင်ကာ တံခါးကို ပိတ်ပစ်လိုက်သည်။


တံခါးပေါက်မှ အက်ကွဲနေသော အလင်းရောင်က သူတို့တည်နေရာကို ဖော်ပြမိမည်ကို စိုးရိမ်သောကြောင့် ဖန်းချူ မီးမဖွင့်ဘဲ ကောင်လေးကို နံရံနှင့် တင်းတင်းကြပ်ကြပ် ကပ်ထားသည်။


အမှောင်ထဲတွင် သူတို့၏ အလွန်ပျော့ပျောင်းသော အသက်ရှုသံများကိုသာ ကြားနေရပါ၏။ 


ကောင်လေးက တိတ်ဆိတ်ပြီး အနေအထိုင်ကောင်းနေပေမယ့် ဖန်းချူ ကောင်လေးရဲ့ တုန်လှုပ်နေတဲ့ ခန္ဓာကိုယ်ကို ခံစားရသည်။ သူ့အမေသေဆုံးတာကို မြင်ပြီး ဖခင်ဖြစ်သူက သူမကိုသတ်ခဲ့တဲ့ အမှန်တရားကို သိလိုက်ရတာကြောင့် သူ့စိတ်ထဲမှာ နာကျင်သွားမှာပင်။


သူ ဘာပြောရမှန်းမသိ။


ထိုအချိန်တွင် ဝမ်ဖုန်း၏ တံခါးကို ရုတ်ချည်း ရိုက်ခတ်မှုနှင့် အခန်းတွင်းမှ ပျံထွက်လာသော အရာတစ်ခုကြောင့် ဝမ်ဖုန်း အတားခံလိုက်ရသည်။ ထိုလူက ခေတ္တနှေးကွေးသွားသော်လည်း အမြန် ပြန်ဖမ်းမိသွားခဲ့သည်။


ဖန်းချူသည် ဝမ်ဖုန်း၏ ချဉ်းကပ်လာနေသည့် ခြေသံများကို နားထောင်ရင်း နဖူးမှ ချွေးအေးများ စီးကျလာသည်။ ထိုအခိုက် ရုတ်​တရက်​ အပြင်​မှ အခြားအသံများ ထွက်​​ပေါ်လာသည်​။


ဝမ်ဖုန်း ရပ်တန့်သွားသည်။


အပေါ်ထပ်က ရုန်းရင်းဆန်ခတ် ဖြစ်မှုက ကျန်ဖေးယွီနဲ့ ပိုင်ရှောင်ရှန်ကို သတိပေးမိသွားပုံပါပဲ။ အခြေအနေကို စစ်ဆေးရန် အပြေးအလွှား တက်လာခဲ့ကြပြီး စင်္ကြံတွင် ဝမ်ဖုန်းတစ်ယောက်တည်း ရပ်နေကာ သူ့မျက်နှာမှာ သွေးများဖုံးလွှမ်းနေပြီး ဓားတစ်ချောင်းကို ကိုင်ဆောင်ထားသည်ကို တွေ့ရတော့ တုန်လှုပ်သွားခဲ့သည်။


ပိုင်ရှောင်ရှန် တုန်လှုပ်ချောက်ချားသွားပြီး။


"ဘာဖြစ်တာလဲ?"


ကျန်ဖေးယွီလည်း တုန်လှုပ်သွားကာ :"ဖန်ချူး ဘယ်မှာလဲ ထောင်းထောင်းရော?"


ဝမ်ဖုန်း : "ဖန်းချူ အောက်ထပ် ဆင်းမလာတာကို သတိထားမိလို့ အန္တရာယ်ရှိနေမှာ ကြောက်တာနဲ့ သူ့ကို စစ်ဆေးဖို့ တက်လာတာ... ဒါပေမယ့် သူက ရေချိုးခန်းထဲမှာ မရှိဘူး သူ့ကို ရှာဖို့ ထွက်လာတော့ အမှောင်ရိပ်တစ်ခု မြင်လိုက်တယ် အဲဒီအရိပ်က သူနဲ့ ထောင်းထောင်းကို ခေါ်သွားတာ ဖြစ်မယ်"


နှစ်ယောက်သား တုန်လှုပ်သွားကာ မျက်နှာများ ဖြူဖျော့သွားသည်။


ဒါဆို နောက်ဆုံးတော့ ရောက်လာပြီပေါ့? ဒီနတ်ဆိုးက သူတို့ကို တော်တော်အကြာကြီး ခြောက်လန့်နေပြီးမှ နောက်ဆုံးတော့ သူတို့ တိုက်ခိုက်လာခဲ့တာလား။


ကျန်ဖေးယွီ ဝမ်ဖုန်းလက်ထဲက ဓားကြောင့် အံ့သြသွားသည်။ 


"ဒါက မီးဖိုချောင်သုံးဓား မဟုတ်ဘူးလား?"


ဝမ်ဖုန်း ခေါင်းညိတ်ပြနေစဥ် သူ့အမူအရာကလည်း ငြိမ်သက်သွားသည်။ 


"ဟုတ်တယ် ငါ သရဲတစ္ဆေနဲ့တွေ့မှာ ကြောက်လို့... လက်နက်မရှိရင် ဘယ်လိုလုပ် တိုက်ခိုက်မလဲ"


ဤထုတ်ပြန်ချက်က ကျန်ဖေးယွီနှင့် ပိုင်ရှောင်ရှန်တို့၏ သံသယကို မဖြစ်ပေါ်စေခဲ့ပေ။


ပိုင်ရှောင်ရှန်က တအံ့တသြနဲ့ :"ကျွန်မတို့ အခု ဘာလုပ်မှာလဲ..."


ဝမ်ဖုန်း၏ မျက်လုံးများတွင် အေးစက်သော အရိပ်တစ်ခု ပေါ်လာသည်။ 


"ငါ ဖန်းချူနဲ့ ထောင်းထောင်းကို ခေါ်သွားခွင့် မပေးဘူး... မင်းတို့နှစ်ယောက် အောက်ထပ်ဆင်းပြီး စောင့်ကြည့်နေဦး... ငါ အခန်းတစ်ခန်းပြီးတစ်ခန်း လိုက်ရှာလိုက်မယ် သေချာပေါက် တွေ့မှာပဲ!"


ကျန်ဖေးယွီ ကြောက်လန့်နေသော်လည်း သူ့သတ္တိကို စုစည်းပြီး :"ငါမင်းနဲ့ လိုက်ခဲ့ရင်ရော?"


ဝမ်ဖုန်းက ခေါင်းယမ်းလိုက်သည်။ 


"ရှောင်ရှန် တစ်ယောက်တည်း အောက်ထပ်မှာနေရတာ မလုံခြုံဘူး သူမလည်း အန္တရာယ်ကြုံမှာကို ကြောက်တယ် ဒီနတ်ဆိုးက ငါတို့ကို တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူချင်နေတာ ဖြစ်နိုင်တယ်... မင်းသူနဲ့အတူနေရင် ငါ ပိုသက်တောင့်သက်သာ ရှိမယ် ပြီးတော့ ပထမထပ်မှာ တစ်ယောက်ယောက် ရှိနေရမယ်လေ... ဒီနတ်ဆိုးကြီး ဆင်းလာရင် ငါ့ကို ချက်ချင်း လှမ်းခေါ်လိုက်..."


ကျန်ဖေးယွီ တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဝမ်ဖုန်းရဲ့ စကားများက အဓိပ္ပာယ်ရှိသည်ဟု ထင်ကာ ခေါင်းညိတ် သဘောတူလိုက်သည်။ ဝမ်ဖုန်းသည် ထိုနှစ်ယောက် ထွက်ခွာသွားသည်ကို ကြည့်ကာ ​ပြန်လှည့်ကြည့်လာတဲ့အခါ သွေးဆာနေသော အေးစက်စက် အမူအရာကို ထုတ်ပြလိုက်သည်။


ဖန်းချူမှာ အရာအားလုံးကို ကြားသော်လည်း အသံမထွက်ရဲပေ။ ဓားကိုင်ထားသူက ဝမ်ဖုန်းဖြစ်တာကြောင့် သူ အသံထွက်လျှင် လက်နက်မဲ့၊ အကာအကွယ်မဲ့ လူနှစ်ယောက် ဝမ်ဖုန်းဆီက အသတ်ခံရလိမ့်မည့်။ အန္တရာယ်ရှိသည်။


လောလောဆယ်တွင် သူ၊ ဝမ်ဖုန်းနှင့် ဝမ်ထောင်းသာလျှင် တတိယထပ်တွင် ရှိ​တော်သည်။


ဟုတ်တယ်၊ ချွေးယွိရှီးလည်းရှိတယ်။


သူ့ကိုယ်သူ ငြိမ်သက်သွား​အောင် ထိန်းပြီစသောအခါ ဖန်းချူ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ အမှောင်ထဲမှာ ခဏလောက် ကျင်လည်ပြီးမှ ဒါက သိုလှောင်ခန်း ဖြစ်နေတာ တွေ့လိုက်ရ၏။ ခဏကြာတော့ ဖန်းချူ ကြမ်းတိုက်တံကို တွေ့ပြီး တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ သူ့ကံက ဒီလောက်လည်း မဆိုးပါဘူး။ 


ဝမ်ဖုန်းရဲ့ ခြေသံများက စင်္ကြံတွင်သာ ပဲ့တင်ထပ်နေဆဲ။ 


သူသည် တံခါးတစ်ခုစီကို တစ်ခုပြီးတစ်ခုဖွင့်သည်။ ဤနှုန်းဖြင့် ဖန်းချူကို ရှာတွေ့ရန်မှာ မလွဲမသွေ ဖြစ်လာလိမ့်မည်။ 


ကံကောင်းထောက်မစွာပဲ ချွေးယွိရှီးကလည်း အချိန်အတန်ကြာ တားနေခဲ့သည်။ ဝမ်ဖုန်း တံခါးကိုဖွင့်လိုက်တိုင်း သေးငယ်တဲ့ အရာဝတ္ထုတွေက လွင့်ထွက်သွားပြီး သူ့ကို ပစ်ပေါက်ပစ်သည်။ ကံမကောင်းစွာပဲ ပထမအကြိမ်မှလွဲ၍ ဝမ်ဖုန်းမှာ အသင့်ပြင်ဆင်ထားသောကြောင့် နောက်ပိုင်းတွင် သူ့ကို အမှန်တကယ် ထိခိုက်မှု တစ်စုံတစ်ရာ မဖြစ်စေနိုင်ခဲ့ပါ။


ဝမ်ဖုန်း သူ့အသံကို လျှော့ပြီး ပြက်ရယ်ပြုလိုက်သည်။ 


"မင်းကသေနေပြီ... ပြန်လာလို့ ဘာထူးလဲ... အရည်အချင်းကလည် မင်းမှာရှိတာ ဒါပဲလား.."


သူ့အသံက ကျောရိုးကိုပါ အေးစိမ့်သွားစေ၏။ 


ချွေးယွိရှီးမှာ ပို၍ပင် ဒေါသထွက်နေပုံရပြီး အရာများကို ကျယ်ကျယ်လောင်လောင်ဖြင့် ပစ်ပေါက်လိုက်သည်။ ဝမ်ဖုန်း သူ့လက်ကို တစ်ချက်ရိုက်လိုက်ရုံဖြင့် သူ့ရှေ့က ပျံနေသော မီးခွက်ကို ခုတ်ထစ်ကာ ပိတ်ဆို့ရန် နောက်တစ်ဖက် မြှောက်လိုက်သော်လည်း အဝေးထိန်းခလုတ်က သူ့ခေါင်းကို မတော်တဆ ထိမှန်သွားသေးသည်။


သူက ချက်ချင်း စိတ်ဆိုးသွားပြီး :"ဘာတွေလုပ်နေတာလဲ! တိတ်တိတ်လေး ထွက်သွားလို့ မရဘူးလား.... ကလေးအကြောင်း မစဉ်းစားဘဲ ဒီလို မြင်ကွင်းမျိုး လုပ်နေတာလား"


ဖန်းချူ ဘာကိုမှ မမြင်ရသော်လည်း ချွေးယွိရှီးရဲ့ စိတ်ပျက်အားငယ်မှုနှင့် ဒေါသကို သူခံစားနိုင်လုနီးပါးပင်။ ဝမ်ဖုန်းအသံသည် တခါတရံ အေးစက်သည်၊ တစ်ခါတစ်ရံ ဒေါသ ထွက်ကာ ပို၍ ပြင်းထန်လာပုံရသည်။


သူ့ရင်ခွင်ထဲက ကောင်လေးကလည်း တဖြည်းဖြည်း တင်းမာလာသည်။


ဖန်းချူ ကလေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ ထိုအချိန်တွင် ကောင်လေးဆီက အလွန်နူးညံ့သိမ်မွေ့သော အသံကိုကြားလိုက်ရသည်။ 


"ဖေဖေ... ဖေဖေက မေမေကို မသတ်ပါဘူး...ဟုတ်တယ်မလား..."


ဖန်းချူနှလုံးသားလေး နာကျင်သွားသည်။ အမှန်တရားသည် သူ့ရှေ့ ရောက်နေသော်လည်း ကောင်လေးက မယုံချင်ပေ။


သူက နှစ်သိမ့်ပေးချင်ပေမယ့် ဝမ်ဖုန်းက သူ့တံခါးနားရောက်ဖို့ အရမ်းနီးနေပြီ။ ထို့ကြောင့် ကောင်လေးကို အလျင်အမြန် လက်ဆွဲပြီး ပါးစပ်ကို အုပ်ထားလိုက်ရသည်။ 


"အသံမထွက်နဲ့..."


ဝမ်ဖုန်းက ရူးသွပ်ခါနီး အခြေအနေကို ရှင်းရှင်းလင်းလင်းပင် ရောက်နေပြီ။ ဘယ်သူ့ကိုမဆို ထိခိုက်နစ်နာစေနိုင်သည်။


ထိုစဥ် ဝမ်ဖုန်းအသံက စင်္ကြံမှာ ပဲ့တင်ထပ်လာ၏။ 


"ထွက်လာခဲ့... မင်းငါ့ကို အထင်လွဲနေတာ... သူမကို ငါမသတ်ပါဘူး"


ဖန်းချူ ပြန်မဖြေ​ပေ။


ဝမ်ဖုန်း၏ လေသံ တစ်ဖန်ပြောင်းသွားပြီး သူ့မျက်နှာအနှံ့ အေးစက်သော အပြုံးတစ်ခု ပျံ့နှံ့သွားသည်။ 


"မပုန်းနေနဲ့.. ငါတို့ထဲက တစ်ယောက်မှ မထွက်နိုင်ဘူး ငါတို့ထဲက တစ်ယောက်မှ ထွက်သွားလို့မရဘူး မင်းကို ငါ မြန်မြန်ပဲ ရှာ​တွေ့တော့မှာ"


ဖန်းချူ ကြမ်းတိုက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ဝမ်ထောင်းကိုလည်း ဆုပ်ကိုင်ထားပြီးနောက် တံခါးလက်ကိုင်ကို လက်လှမ်းလိုက်သည်။ ရောက်လုနီးနေပြီ။ ဖန်းချူသည် ဝမ်ဖုန်း ချဉ်းကပ်လာရန် စောင့်ဆိုင်းနေကာ အရင် တိုက်ခိုက်နိုင်ဖို့ ရည်ရွယ်ထားခဲ့၏။ 


ဒါပေမယ့် ဝမ်ဖုန်း သူတို့ဆီ မရောက်ခင်မှာ အနောက်ကနေ ကျယ်လောင်တဲ့ အသံ​ကြီးတစ်သံ ထွက်ပေါ်လာသည်။ ဝမ်ထောင်း တစ်ခုခုကို မတော်တဆ ထိမိသွားပုံပါပဲ။ ဖန်းချူမှာ အေးခဲသွားပြီး လုံးဝကို ကြောက်ရွံ့သွားသည်။


အသံသည် တိတ်ဆိတ်ခြင်းထဲတွင် စူးရှနေ၏။ ဝမ်ဖုန်း ခြေလှမ်းများသည်လည်း လျင်မြန်စွာ နီးကပ်လာသည်။ ထိုအချိန်တွင် ဖန်းချူ စဉ်းစားရန် အချိန်မရှိတော့သဖြင့် အလိုလို တံခါးကို တွန်းဖွင့်ပြီး ဝမ်ဖုန်းကို အစွမ်းကုန် တွန်းလှန်ပစ်လိုက်သည်။


ကြမ်းတိုက်တံက မီးဖိုချောင်သုံးဓားလောက် မချွန်သော်လည်း တစ်ဖက်လူဘက်က လုံး၀ အားသာချက်မရှိခဲ့ပါ။


ထိုးနှက်ချက်က ဝမ်ဖုန်းကို ထိလုနီးနီး ဖြစ်နေချိန်တွင် ဖန်းချူသည် အနောက်မှ တွန်းအားတစ်ခု ရုတ်တရက် ခံစားလိုက်ရပြီး သူ့အလိုအလျောက် ရှေ့သို့ ခြေတစ်လှမ်း တိုးသွားခဲ့မိသည်။ ဒါက သူ့လက်ကို လွဲသွားစေပြီး ဝမ်ဖုန်းကို လုံးလုံးလျားလျား မထိမိခဲ့။ အဲဒီအစား သူလဲ လဲကျသွားပြီး မြေပေါ်လဲလုနီးနီး ဖြစ်သွား၏။ 


နောက်ဆုံးစက္ကန့်တွင် ဖန်းချူ ဝမ်ဖုန်း၏ တိုက်ခိုက်မှုကို အသည်းအသန် ရှောင်တိမ်းခဲ့သည်။


ဒါပေမယ့် သူ့နှလုံးသားက အေးစက်မှုတွေနဲ့ ပြည့်နေ၏။ 


နောက်ကျလွန်းသွားပြီ။ 


သူ့ရဲ့အကောင်းဆုံး အခွင့်အရေးကို လွဲချော်ခဲ့ပြီ။ 


သူ့နောက်က ကောင်လေးက သူ့လက်တွေကို အပြည့်အဝ မဆွဲထားဘူး။ မျက်နှာငယ်လေးက အေးစက်စက် သူ့ကို စိုက်ကြည့်နေပြီး ​​သူ့မျက်လုံးတွေက မှုန်ကုပ်ကုပ်နဲ့ ကြောက်စရာကောင်းနေသည်။ 


"ခင်ဗျားက လူဆိုး... ခင်ဗျားက ကျနော့်ကို အဖေနဲ့ ခွဲဖို့ ကြိုးစားတဲ့ လူဆိုးပဲ" 


မဟုတ်ဘူး မင်းအဖေ မင်းကို ထိခိုက်အောင် လုပ်မိမှာ ကြောက်လို့ကွ!


ဖန်းချူ စိတ်အားထက်သန်စွာ ရှင်းပြရန် ကြိုးစားသော်လည်း သူစကားမပြောမီတွင် ဝမ်ထောင်းလေးက သူ့အဖေဘက်သို့ လှည့်ကာ ဖန်းချူကို လက်ညှိုးထိုးပြပြီး ပြောနေသည်ကို တွေ့လိုက်ရသည်။


"ဖေဖေ... သူ့ကိုသတ်လိုက်..." 


ထိုအချိန်တွင် ဖန်းချူရဲ့ ဦးရေပြားတွေ ယားလာတော့သည်။ ဒီထူးဆန်းတဲ့ မညီညွတ်မှုတွေက ဘယ်ကလာလဲဆိုတာကို တွေးဖို့တောင် သူ့မှာ အချိန်မရှိတော့ပါ။ 


ဝမ်ဖုန်းက သူ့ဓားကို မြှောက်လိုက်သည်နှင့် တုံ့ဆိုင်းမနေဘဲ လှည့်ပြေးလာ၏။ 


ထို့နောက် သူ့ခါးတွင် ချမ်းစိမ့်စိမ့်၊ ချွန်ထက်သော လက်နက်တစ်ခု၏ အေးစက်မှုကို ခံစားလိုက်ရသည်။ ဝေဒနာက သူ့ဦးနှောက်ထဲမရောက်ခင် လူက စင်္ကြံအဆုံးကို ရောက်နေပြီ။


ဘယ်မှမလွတ်​တော့ဘူး။ 


ဖန်းချူ လှည့်ကြည့်လိုက်တော့ လူနှစ်ယောက်၊ အကြီး တစ်ယောက် နဲ့ သေးသေးလေး မျက်နှာချင်းဆိုင်။


သူ သေတော့ရမှာလား...?


ဟမ့်!


ကွဲအက်နေသော ဖန်ခွဲသံသည် သူ့နားထဲတွင် ရယ်သံတစ်သံနဲ့အတူ ထွက်ပေါ်လာ၏။ နောက်အခိုက်အတန့်တွင် အရပ်ရှည်ရှည် အသွင်အပြင်က သူ့ရှေ့သို့ ဆင်းလာကာ သူ့ခေါင်းကို ရိုက်တော့မည့် တောက်ပနေသော ဓားကို ပိတ်ဆို့လျက် ပျံသန်းနေသော လက်သီးဖြင့် ဝမ်ဖုန်းကို ထိုးပစ်လိုက်လေသည်။


ထိုလက်သီး၏ စွမ်းအားသည် အလွန်ကြီးမားသောကြောင့် ဝမ်ဖုန်းပင် ဆယ်မီတာကျော်အထိ ပျံသန်းသွားသည်။ သူဘယ်လိုမှ မတုံ့ပြန်နိုင်မီ နံရံပေါ်သို့ ပြုတ်ကျကာ သတိလစ်သွားခဲ့သည်။


ဖန်းချူ အံ့အားသင့်သွားသည်...


ဒါက တတိယထပ်...


ဝမ်ထောင်းလည်း သူ့အဖေ ပျံသန်းလာတာကို ကြည့်ရင်းနဲ့ ထပ်တူထပ်မျှ သတိမထားမိခဲ့သဖြင့် ထိတ်လန့်သွားသည်။ 


ယွိစစ်ကျဲသည် ပြတင်းပေါက်မှ ဖြတ်ကျော်လာပြီး ငြိမ်သက်စွာ ရပ်နေ၏။ သူ့မျက်နှာမှာ အေးစက်တင်းမာနေကာ စူးရှသော အကြည့်များက ကျန်နေသည့် ကောင်လေးကို စူးစူးစိုက်စိုက်ကြည့်နေပြီး နွေးထွေးမှု အတိ ကင်းမဲ့နေလျက်။


ဝမ်ထောင်း သတိထားပြီး ခြေတစ်လှမ်းဆုတ်လိုက်သည်။


သူ အန္တရာယ်ကို ခံစားလိုက်ရသည်။


ဝမ်ထောင်း ထွက်ပြေးတော့မှာ မြင်လိုက်ရတော့ ဖန်းချူ တစ်ခုခုကို သဘောပေါက်သွားခဲ့သည်။ သူ ဖြည်းဖြည်းချင်း ထရပ်ကာ နံရံကို ထောက်ကာ ကောင်လေးကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်၍ အသံနက်ကြီးဖြင့် ပြောလိုက်သည်။ 


"ရပ်လိုက်!"


ကောင်လေးက ရပ်သွား၏။


သူ့မျက်လုံးများက ကွဲလွဲနေသော ခံစားချက်များဖြင့် တုန်နေသည်။ သူ့အဖေကို ဆုံးရှုံးလိုက်ရပြီ။ ယွိစစ်ကျဲနဲ့ ဖန်းချူတို့ရဲ့ တိုက်ပွဲစွမ်းရည်ကို နှိုင်းယှဉ်ပြီး နောက်မှာတော့ သူ မလှုပ်ရှားနိုင်ကြောင်း သိသွားပုံပင်။ 


ဖန်းချူသည် မှိုင်းညို့ညို့နှင့် အေးစက်သောအမူအရာဖြင့် ကောင်လေးကိုကြည့်ကာ အေးတိအေးစက် ခံစားချက်များ သူ့နှလုံးသားထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာသည်။


ချွေးယွိရှီးရဲ့ ဒဏ်ရာက လည်ချောင်းကို ဓားနဲ့ထိုးလိုက်တာ။


သူမကို နာကျင်စေခဲ့သူမှာ သူမ၏ အယုံအကြည် အရှိဆုံးသော ဆွေမျိုးဖြစ်သော ဝမ်ဖုန်း ဖြစ်နိုင်သည်။ သူမနှင့် ကွာရှင်းပြတ်စဲခြင်းအတွက် အငြင်းအခုံ ဖြစ်ခဲ့သောကြောင့်ပင်။ သို့မဟုတ် သူမ၏ ချစ်လှစွာသော ကလေးလား။


သူမ သေသွားတာ တစ်နေကုန်ခဲ့တာတောင် ဝမ်ထောင်းက အိမ်မှာဘာလို့ ရှာမတွေ့ရတာလဲ။


သူတို့ဒီမှာပိတ်မိနေချိန် ဝမ်ထောင်းက သူ့အမေကို သရဲတစ္ဆေသတ်လိုက်တာလို့ ပထမဆုံးပြောခဲ့ပြီး လူသတ်သမားဟာ နတ်ဆိုးလို့ လူတိုင်းကို လှည့်စားခဲ့တာ ဘာကြောင့်လဲ။


ဖန်းချူ ရုတ်တရက် သူမှားသွားမှန်း သိလိုက်သည်။


သူ အစအဆုံး မှားခဲ့တာ။


သူ သက်ပြင်းတစ်ချက်ချကာ။ 


“မင်းပဲမလား?”


ဝမ်ထောင်း ဖန်းချူကို ပြန်လှည့်ကြည့်လိုက်သည်။


ရုတ်​တရက်​ပင်​ သူက ရယ်​​မော​ပြလာ၏။ အပြစ်ကင်းသော်လည်း ရက်စက်ကြမ်းကြုတ်သော အမူအရာက သူ၏နုပျိုသော မျက်နှာပေါ် ပေါ်လာတဲ့အခါ ထူးခြားသော နုံအမှုနှင့် ရက်စက်မှုတို့ကို ရောနှောသွားသည်။ 


"ဟုတ်တယ် မေမေက အရမ်းစိတ်အနှောင့်အယှက် ဖြစ်ရတယ် သူမက အမြဲတမ်း စွက်ဖက်ပြီး သက်ပြင်းချတယ် ကွာရှင်းပြီးရင် သူနဲ့တောင် အတူနေစေချင်တယ်... အဖေနဲ့ အမေက အချုပ်အနှောင်နဲ့ ပတ်သက်ပြီး အဆက်မပြတ် ငြင်းခုံနေ​ကြတာ..."


"သူမက ထွက်သွားပြီး မွေးရပ်မြေကို ပြန်ခေါ်မယ်လို့ ပြောပေမယ့် ကျနော် လုံးဝ မပြန်ချင်ဘူး အဲဒီမှာနေစရာ အကြောင်းမရှိဘူးလေ... နားမလည်ဘူး ဒေါသအရမ်းထွက်တယ်။ စိတ်မရှည်တာနဲ့ သတ်ပစ်လိုက်တာ... အဖေက အရမ်းသနားဖို့ကောင်းတယ် ဒေါသကြီးပြီး ဆူပူကြိမ်းမောင်းပေမယ့် အမှန်တရားကို သိသွားတော့ နောက်ဆုံးမှာ သူက ကျွန်​တော့်ကို ဖုံးကွယ်​ပေးဖို့ ရွေးချယ်ခဲ့တယ်"


သူက ဖန်းချူကို ကြည့်ပြီး ခေါင်းကို ငုံ့ကာ ပြုံးလိုက်သည်။ 


"ဒါဆို ခင်ဗျားသိတော့ရော ဘာဖြစ်လဲ? ကျနော်က ၁၄ နှစ်တောင် မပြည့်သေးဘူး ဥပဒေအရ အပြစ်ပေးမှာ မဟုတ်ဘူး"


အရင်က ထူးဆန်းတဲ့ အဖြစ်အပျက်တွေတောင် ဖန်းချူအတွက် အရေးမပါသလို ထင်ရပေမယ့် ဒီအချိန်မှာတော့ သူ့စိတ်ထဲမှာ တကယ်ကို အေးခဲသွားသလို ခံစားလိုက်ရသည်။ တစ်ခါတရံမှာ လူ့နှလုံးသားက သရဲတစ္ဆေတွေထက် ပိုကြောက်စရာကောင်းတာပဲ။


ဒါပေမယ့် ဝမ်ထောင်း ပြောတာမှန်တယ်လို့ ဝန်ခံရမယ်။


ဝမ်ထောင်းသည် မည်သည့်ပြစ်ဒဏ်မှ ခံရမည်မဟုတ်ကြောင်း ကောင်းကောင်းသိသည်။ သတင်းတွေထွက်လာပြီး အတင်းအဖျင်း ပြောခံရရင်တောင်မှ သူ့ရဲ့ကိုယ်ပိုင်လက္ခဏာကို ရိုးရှင်းစွာ ပြောင်းလဲပြီး အခြားတစ်နေရာကို ပြောင်းသွားနိုင်သည်။ 


အဲဒီတုန်းက သူ့အကြောင်း ဘယ်သူကသိမှာလဲ။


သူအလိုရှိသည့်အတိုင်း သတ်ပစ်နိုင်သည်။ ထိုလူငယ်ဟာ သွေးအေးပြီး တားဆီးမှု မဲ့လာလိမ့်မည်။ 


ဖန်းချူသည် ကောင်လေး၏ မကြောက်မရွံ့မျက်နှာကို ကြည့်လိုက်ရာ ရုတ်တရက် မောပန်းနွမ်းနယ်ပြီး အစွမ်းမဲ့သွားသလို ခံစားလိုက်ရ၏။ ထိုအချိန်တွင် ယွိစစ်ကျဲက ရှေ့သို့ တိုးလာပြီး ဖန်းချူ အမြင်ကို ပိတ်ဆို့ကာ ဝမ်ထောင်းကို အေးစက်စွာ စိုက်ကြည့်လိုက်​လေသည်။


ဝမ်ထောင်း ဖန်းချူကို လုံးဝ မကြောက်ပေမယ့် ဒီလူစိမ်းကတော့ သူ့ကို အလိုလို ကြောက်လန့်သွားစေ၏။ ဥပဒေအရ အကာအကွယ် ပေးခံရသည်။ သူသည် လူအမျိုးအစား တစ်မျိုးမှလွဲ၍ မည်သူ့ကိုမျှ မကြောက်ခဲ့ပါ။ သူ့ကိုယ်သူထက် ပိုရက်စက်ပြီး ကြောက်စရာကောင်းသော သူတစ်ယောက်။


ပြီးတော့ ယွိစစ်ကျဲက အဲဒီခံစားချက်ကို တိုက်ဆိုင်စွာပဲ ထုတ်လွှတ်နေခဲ့သည်။ သူ့ကိုကြည့်တဲ့ပုံစံက သေနေတဲ့ ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသလိုမျိုးပဲ။ 


ဝမ်ထောင်း၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုက ပထမဆုံးအကြိမ် ပေါ်လာသည်။ သူက ခက်ခက်ခဲခဲ တံတွေး မျိုချလိုက်ပြီး။ 


"ခင်ဗျား ဘာလုပ်ချင်​နေတာလဲ လူသတ်မှုက တရားမဝင်ဘူး..."


လူသတ်မှုသည် တရားမ၀င်ပါ- ကောင်လေးတစ်ယောက်ထံမှ ထွက်လာသော အဓိပ္ပာယ်မဲ့စကားများသည် ဖန်းချူ၏နှုတ်ခမ်းများကို ဒေါသနှင့် ဖြူသွားစေသည်။


ယွိစစ်ကျဲ သူ့ကို ဘာသိဘာသာ စိုက်ကြည့်နေပြီး အတန်ကြာ ခေတ္တရပ်ပြီးနောက် မထီမဲ့မြင် ရယ်မောလိုက်သည်။ သူက မျက်လုံးကို အနည်းငယ်ငုံ့ပြီး အေးအေးဆေးဆေး ပြောလေ၏။ 


"ငါမင်းကို မသတ်ဘူး ငါ့လက်တွေပဲ ညစ်ပတ်တယ်"


ဝမ်ထောင်း ဒေါသထွက်သွားသော်လည်း အနည်းအကျဥ်းတော့ သက်သာရာရသွားသည်။


သို့သော် နောက်အခိုက်အတန့်တွင် ယွိစစ်ကျဲက ဆက်ပြောလာ၏။  


"မင်းအမေက မင်းရဲ့အမှားတွေကို အပြစ်ပေးပိုင်ခွင့်ရှိတယ်... ဒါ သူ့ကိစ္စပဲ ငါ ဝင်မစွက်ဖက်ဘူး"


ဝမ်ထောင်း၏ ရှုပ်ယှက်ခတ်နေသော မျက်လုံးများ ပြူးကျယ်သွားကာ ယွိစစ်ကျဲ၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို နားမလည်သော်လည်း တစ်စုံတစ်ခု မှားနေပြီဟု အလိုလို ခံစားလိုက်ရသည်။ 


ယွိစစ်ကျဲ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး လေလှိုင်းတွေ တဖြေးဖြေး ပေါ်လာ၏။


သူမ အားနည်းနေသည်။ အမူအရာမှာ ရှုပ်ထွေးပြီး ဝမ်းနည်းနေပုံ​ပေါ်​​လေသည်။ သူမ၏ တည်ရှိနေခြင်းသည် အံ့ဖွယ်တစ်ခုဟု ထင်ရသော်ငြား သူမခန္ဓာကိုယ်က ကြည်လင်ပြီး အညစ်အကြေးတွေ ကင်းစင်​နေလျက်။


ဒါတောင်မှ ဝမ်ထောင်း ထိတ်လန့်သွားပြီး သူ့မျက်လုံးတွေက ထိတ်လန့်တကြား ပြူးကျယ်သွားသည်။ သူသည် ရုတ်ချည်း ပြိုလဲကျသွားကာ နံရံကို ကျောကပ်ရင်း အော်ဟစ်နေ၏။


"မလာနဲ့.... အနားကိုမလာနဲ့!"


ချွေးယွိရှီး သူ့ကို ချဉ်းကပ်ချင်နေပုံပေါ်ပြီး သူ့ကို စိုက်ကြည့်နေပေမယ့် နောက်ဆုံးမှာတော့ သူ့ကို မထိခဲ့ချေ။ သူမသည် ထိုနေရာတွင်သာ ရပ်လိုက်ပြီး ဝမ်ထောင်းအား  တိုးတိုးလေး ပြောလိုက်သည်။ 


"မေမေ... မင်းကို မနှောင့်ယှက်တော့ဘူး" 


သူမသည် သူ့ကို အရမ်းချစ်သည်၊ ချုပ်နှောင်ထားရန် အရာအားလုံးကို စွန့်လွှတ်လိုစိတ် ရှိသည်။ သူ့သား သူမကို သတ်ခဲ့သည်ကိုပင် လက်စားချေရန် သူ့ကိုယ်သူ မခေါ်ဆောင်နိုင်ခဲ့ပေ။ သို့သော် နောက်ဆုံးတွင် ရလဒ်အနေနဲ့ သူမ အသည်း ထပ်ကွဲသွားခဲ့သည်။


သူမ လှည့်ကြည့်ကာ ယွိစစ်ကျဲကို ကျေးဇူးတင်ပြီးတာနဲ့ ပျောက်ကွယ်သွားပြန်သည်။


ဤတော့မှ ဝမ်ထောင်း ​ကြမ်းပြင်ပေါ်တွင် ထိုင်ကာ အသက်ပြင်းပြင်း ရှုနိုင်သွားသည်။ 


ယွိစစ်ကျဲ ထုတ်ဖော်ပြောဆိုခြင်း မရှိပေမယ့် အမျိုးသမီး၏ နူးညံ့သိမ်မွေ့သော နှလုံးသားကို ဒေါသထွက်ကာ ဝမ်ထောင်း၏ကျဉ်းမြောင်းသော လွတ်မြောက်မှုအတွက်လည်း နောင်တရနေခဲ့သည်။ သူပြောသလိုပဲ၊ ဒါက ချွေးယွိရှီးရဲ့ ကိစ္စသာဖြစ်ပြီး သူနဲ့ဘာမှမဆိုင်တဲ့အတွက် ဝင်စွက်ဖက်ဖို့လည်း မရည်ရွယ်ခဲ့သလို ရလဒ်ကိုလည်း သူဂရုမစိုက်ပါဘူး။


ဖန်းချူ ဝမ်ထောင်းကို တစ်ခုခုပြောချင်ပုံပေါ်ပြီး ကြည့်လိုက်ပေမယ့် နောက်ဆုံးမှာတော့ အေးစက်စက်နဲ့ပဲ ပြောလိုက်သည်။ 


"မင်းကိုချစ်တဲ့လူကို မင်း သတ်လိုက်တဲ့အတွက် မင်းကိုဒီလိုထပ်ပြီး ဘယ်သူမှ မချစ်တော့ဘူး" 


ဒါပေမယ့် ဝမ်ထောင်း နားမလည်ပါဘူး။ သူသည် ဖန်းချူနှင့် ယွိစစ်ကျဲကို အပ်များစွာဖြင့် ထုပ်ပိုးထားသည့် ဖြူကောင်ကဲ့သို့သာ သတိနှင့် ကြည့်နေသည်။


ချွေးယွိရှီး ပျောက်ကွယ်သွားသည်နှင့်အမျှ အောက်ခြေတွင် ရုန်းရင်းဆန်ခတ် အသံများ ရုတ်တရက် ထွက်ပေါ်လာသည်။ တံခါးပေါက်မှ ရဲအရာရှိများ ခုန်ဝင်လာသည်။ ရဲတပ်ဖွဲ့၏ တုံ့ပြန်မှုသည် မယုံနိုင်လောက်အောင် နှေးကွေးလွန်းပေ၏။ 


ခဏကြာတော့ ရဲတွေ ဝင်လာသည်။


ရဲတွေကိုမြင်တော့မှ ဝမ်ထောင်းဟာ သေခြင်းမှလွတ်မြောက်သွားသလို ရုတ်တရက်သက်သာရာရသွားသလို ခံစားလိုက်ရ​လေသည်။ ယွိစစ်ကျဲနှင့် အတူရှိနေရခြင်းက ဖိနှိပ်ခံရပြီး ကြောက်စရာ ကောင်းလွန်းလှသည်။ အခုတော့ သူနောက်ဆုံးတော့ ရင်းနှီးပြီးသား လုံခြုံရေးကို ခံစားလိုက်ရပြီ။ 


သို့သော် သူ့မျက်နှာက ရုတ်တရတ် ပြောင်းလဲသွားပြီး ကြောက်လန့်နေတဲ့ အမူအရာနဲ့ ရဲတွေဆီ အမြန်ပြေးသွားလေ၏။ 


"ကူညီပါဦး... သူတို့ ကျနော့် အဖေနဲ့အမေကို သတ်လိုက်ကြပြီ!"