(35) ငါတို့အားလုံးက မီလော်ထော်ရဲ့ အစာပဲ
Viewers 14k

DaoMuBiJi

Author - Nan Pai San Shu

Volume (8)

Chapter (35) 

ငါတို့အားလုံးက မီလော်ထော်ရဲ့ အစာပဲ



ဝူရှဲ: "မင်းဆိုလိုတာက ဒီမီလော်ထော်တွေက လူသားစားတာလား..."


“သူတို့ဖမ်းနိုင်တဲ့ သတ္တဝါအကုန်လုံးကို စားတယ်... အတွေ့ရများဆုံးက တချို့ ကွက်လပ်နဲ့ လိုဏ်ဂူလမ်ူတွေထဲ လမ်းလွဲသွားတဲ့ သတ္တဝါတွေကို သေအောင် ထောင်ချောက်ဆင်ပြီး သူတို့ရဲ့ အလောင်းတွေကို စားသောက်ပစ်ကြတာပဲ”


ဝူရှဲ ကြက်သီး ထသွားသည်။ သူတို့ အဲဒီဂူလမ်းထဲကို သွားဖူးခဲ့တယ် မဟုတ်ပါလား။ 


ဖက်တီး: "မင်းပြောချင်နေတဲ့ ထူးခြားတဲ့နည်းလမ်းက ဘာလဲ" 


တစ္ဆေလူသား :"သူတို့က သူတို့ရဲ့ကိုယ်ပိုင်လျှို့ဝှက်အဆိပ်တွေကို ဂူတွေနဲ့ ကွက်လပ်တွေကိုပိတ်ပြီး တောင်အတွင်းက သားကောင်တွေကို ဖမ်းစားနိုင်တယ်... ဒီဖြစ်စဉ်က အရမ်းမြန်တယ် ဝင်္ကပါလို တောင်ကြောတွေမှာ အက်ကြောင်း ကွက်လပ်တွေ အများကြီးရှိတယ်... လူတော်တော်များများ ဝင်ပြီးရင် သူတို့ဝင်ပေါက်က ရုတ်တရက် ပျောက်သွားတာကို တွေ့လာလိမ့်မယ်"


ဖက်တီးနဲ့ ဝူရှဲ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ရေကန်အောက်ခြေက ပိတ်ထားတဲ့ လှိုဏ်ဂူထဲမှာ ဖက်တီးတို့အဖွဲ့ ဖြစ်ပျက်နေတာကို သဘောပေါက်သွားပြီ။ 


“ဒါမှမဟုတ် သူတို့က ကျောက်တုံးတွေကို သူတို့ကိုယ်တိုင် ဖန်တီးပစ်နိုင်တယ်လို့ ပြောလို့ရတယ်... ဒီမှာ ကျောက်အမျိုးအစား နှစ်မျိုးရှိတယ် တစ်ခုက မူလရှိခဲ့တဲ့ တကယ့်ကျောက်တုံးပဲ...နောက်တစ်ခုက သူတို့ထုတ်တဲ့ အရည်တွေကနေ ဖြစ်လာတာ... ခိုင်မာတယ်.... ဒီလျှို့ဝှက်နည်းနဲ့ ဖြစ်ပေါ်လာတဲ့ ကျောက်တွေက ဒီမှာရှိတဲ့ မူလကျောက်တွေနဲ့ အတူတူပဲ...."


"သူတို့က ကျောက်ကို ကိုက်စားပြီး ကြိတ်ခွဲနိုင်တယ်... ကွန်ကရစ်နံရံလို ပိတ်ပြီး သူတို့ကိုယ်သူတို့ ကျောက်လမ်းထဲမှာ ဖွက်ထားတတ်တယ်...ဒါပေမဲ့ အဲဒီနည်းလမ်းက ထုံးကျောက်တွေ အပေါ်ပဲ ထိရောက်မှုရှိတာ... မီးတောင်ကျောက်ဆောင်တွေနဲ့​ တွေ့ရင် သူတို့တွေက ပြင်းထန်တဲ့ အယ်လကာလီတွေပါတော့ တားဆီးနိုင်တယ်!" 


ဖက်တီး: "ဒီရှေးဟောင်းလမ်းတဝိုက်က ကျောက်နံရံတွေမှာ အယ်လကာလီတွေ ခိုင်ခိုင်ခံ့ခံ့ ရှိနေတာလား... အထဲမှာ မီလော်ထော်တွေကို မြင်ရပေမယ့် ထွက်လာမှာ မဟုတ်ဘူးပေါ့?"


ဝူရှဲ ခေါင်းခါတယ်- "နှစ်တွေ အများကြီးကြာရင် မိုးရေထဲ မျောပါသွားရမှာ မဟုတ်ဘူးလား"


တစ္ဆေလူသားက “မိုးရွာတဲ့အခါ တောင်ပေါ်လမ်းတစ်ခုလုံးက ရေကန်တစ်ခုပဲ.. တောင်ထိပ်မှာ အယ်လ်ကာလီ ကျောက်အလွှာတစ်ခု ရှိတယ်။ တောင်ပေါ်က မိုးရေတွေအကုန်လုံး တောင်ထိပ်ကနေ ဆင်းလာပြီး အဲဒီရေလှောင်ကန်ထဲကို ရောက်သွားလိမ့်မယ်....


ဒီတောင်ပေါ်လမ်းတွေက ထူးဆန်းတယ်....ဒီမှာ မိုးရေတွေကို အမြန်ဆုံး စီးဆင်းသွားစေနိုင်တဲ့ တောင်လမ်းနဲ့ ရေကန်တွေ အများ​ကြီး ရှိတယ်... ရေစီးကျလာတဲ့အခါ မရေမတွက်နိုင်တဲ့ ရေကန်ထဲက ရေတွေ ခန်းခြောက်သွားမယ်...ပြီးရင် အတွင်းမှာ အယ်လ်ကာလီဓာတ်တွေ ဖုံးလွှမ်းသွားလိမ့်မယ်!" 


ဟိုအရင်က ဖက်တီးခေါ်သွားတဲ့ သစ်တုံးတွေနဲ့ ဖုံးထားတဲ့ ရှေးဟောင်းလမ်းကို သတိရမိသွားသည်။ 


ဖက်တီး: "ဒါဆို ဒါကြီးက အရမ်းထူးခြားတဲ့ မွေးမြူရေးခြံနဲ့ မတူသွားဘူးလား?"


တစ္ဆေလူသား: "မွေးမြူရေးခြံဆိုတဲ့ စကားလုံးက မသင့်တော်ဘူးလို့ ငါထင်တယ်.... အဲဒီတုန်းက ငါတို့သုံးတဲ့ စကားလုံးက ငါးကန်ပဲ... ကျောက်တုံးတွေက ရေဆိုရင် ဒီမီ​လော်​ထော်တွေက ရေထဲမှာရှိတဲ့ ငါးတွေပဲ... ငါးတွေက အဲဒီဧရိယာထဲမှာ လွတ်လွတ်လပ်လပ် ကူးခတ်နိုင်ပေမယ့် သူတို့ ဘယ်တော့မှ ကုန်းပေါ်တက်လာနိုင်မှာ မဟုတ်ဘူး" 


ဝူရှဲ: "ဒါပေမဲ့ မင်းပြောခဲ့တဲ့စကားနဲ့ ဘာမှမဆိုင်ပါဘူး... သူတို့ ကျန်းမိသားစု ရှေးဟောင်းအဆောက်အအုံထဲကို ဝင်ရင် သေချာပေါက်သေလိမ့်မယ်လို့ ပြောတာမလား...."


တစ္ဆေလူသား: “ငါးကန်တွေမှာ အဖြစ်များတဲ့ ဖြစ်စဉ်တစ်ခု ရှိတယ်။ မင်း ငါးဖမ်းဖူးလား... လူစည်ကားတဲ့ ရေကန်ထဲမှာ ငါးစာတွေ စုထည့်လိုက်ရင် ငါးတွေ အားလုံးကို ဖမ်းမိနိုင်လောက်တဲ့အထိ စုပုံလာလိမ့်မယ်.... ကျန်းမိသားစု ရှေးဟောင်း အဆောက်အအုံထဲ ဝင်ပြီးရင် ကျန်းမိသားစု ရှေးဟောင်းအဆောက်အအုံ ပတ်ပတ်လည်က ပြင်းထန်တဲ့ အယ်လ်ကာလီတွေ ဖုံးအုပ်ထားတဲ့ ကျောက်တုံးအကန့်တွေ ရှိနေတာ တွေ့ရလိမ့်မယ်... အဲဒီအကောင်တွေက မဝင်နိုင်ပေမယ့် အတွင်းက လူတွေကတော့ အဲဒီအကောင်တွေဆီကနေ ဆွဲဆောင်ခံရမှာပဲ!" 


"မင်းဆိုလိုတာက ငါ့သူငယ်ချင်းနဲ့ တခြားလူတွေက သေတဲ့အထိ ပိတ်မိလိမ့်မယ်ပေါ့"


“ဒါက ဒါပဲ... ဒါပေမယ့် မင်းထင်ထားတာထက် နည်းနည်းတော့ ပိုကြောက်စရာ ကောင်းတယ်..."


တစ္ဆေလူသားရဲ့ စကားအရဆို မီလော်ထော် အများအပြား စုဝေးနေပါက ကျန်းမိသားစု ရှေးဟောင်း အဆောက်အအုံ၏ ယန္တရားက အသက်ဝင်လာမည်။ ဂူထိပ်မှ အယ်လ်ကာလီ အမြောက်အမြား စီးဆင်းသွားမည်။ ရှေးဟောင်း အဆောက်အအုံတစ်ခုလုံးကို ပြည့်သွားစေမည့် ရေမြူမှုန်များ ဖြစ်ပေါ်လာကာ ၎င်းပတ်ပတ်လည်တွင် စုဝေးနေသော မီလော်ထော်များကို ဆုတ်ခွာသွားစေနိုင်သည်။ 


ရှေးဟောင်း အဆောက်အအုံတစ်ခုလုံးသည် ပြင်းထန်သော အယ်ကာလီ မြူခိုးများ ဖုံးလွှမ်းနေမည် ဖြစ်ပြီး အဆောက်အအုံထဲရှိ လူအားလုံး အသက်မရှင်နိုင်ချေ။ 


ဖက်တီးမှာ ဘယ်လိုဆက်ရမှန်းကို မသိတော့ဘဲ မေးခွန်းသာ ထုတ်လိုက်သည်။ 


“ခဏနေပါဦး...မင်း ကျန်းမိသားစု ရှေးဟောင်းအဆောက်အအုံထဲကို လျှောက်သွားဖူးလား... မင်းက ဘယ်လိုလုပ် အသက်ရှင်နေတာလဲ?" 


တစ္ဆေလူသားသည် သူ့ဆံပင်များကို မြှောက်တင်ကာ အလွန်ကြောက်စရာကောင်းသော မျက်နှာကို ထုတ်ဖော်ပြီး ဖက်တီးရှေ့မှာ ရပ်ပြလိုက်သည်။ 


“ငါတကယ် အသက်ရှင်နေသေးတယ်လို့ ထင်လား... ငါက သေလည်း မသေသေးဘူး”


သူ့မျက်နှာကို မြင်လိုက်တာနဲ့ ဒီအရည်ပျော်သွားတာကို ချက်ချင်း သဘောပေါက်လိုက်၏။ 


ဝူရှဲ: "ဒါက ခိုင်မာတဲ့ အခြေခံပဲ"


တစ္ဆေလူသား: "အဲဒီအချိန်တုန်းက ငါ ဥမင်လိုဏ်ခေါင်းထဲမှာ ရှိနေတာ... ပြင်းထန်တဲ့ အယ်လကာလီဓာတ်ငွေ့တွေနဲ့ ဖြန်းလိုက်တာနဲ့ ဓီလို အဖြစ်ကို ပြောင်းလဲသွားတာပဲ... အဆောက်အဦထဲက လူတွေဆိုရင် တခဏအတွင်းမှာပဲ ရေတွေ ဖြစ်သွားခဲ့တာ"


သူဒီလိုပြောတဲ့အခါ သူ့မျက်နှာတစ်ခုလုံး အရည်ပျော်သွားပေမယ့် ခဏလောက်ပဲ ထိမိသွားခဲ့ကြောင်း သက်သေပြနေ၏။ သူဘယ်သူလဲဆိုတာ ဝူရှဲ မခန့်မှန်းမိသေးချေ။ 


သူတွေ့ဖူးတဲ့ အဖြူအမည်း အဲဒီဓာတ်ပုံထဲမှာ ဒီလူမပါတာ သေချာသည်။ သူနဲ့ ဦးလေးသုံးက မိမိထင်ထားတဲ့ ဆက်ဆံရေးမျိုး မဟုတ်ဘူးလို့ တွေးရင်း ချွေးထွက်လာခဲ့သည်။ ​​ဒါပေမယ့် သူ့ကို ဘယ်မှာ မြင်ဖူးလဲ မသိ တွေ့ဖူးနေသလို ခံစားနေရသည်။ 


သူက ဘယ်သူလဲ?


မှတ်မိချင်လေ ပိုမမှတ်မိလေပါပဲ။ အချိန်အတော်ကြာ စဉ်းစားပြီးမှ နောက်ဆုံးတော့ ထိုအတွေးကို စွန့်လွှတ်လိုက်ရသည်။ ဓာတ်ပုံအယ်လ်ဘမ်ကို လှန်ကြည့်ခြင်း သို့မဟုတ် လုံးလုံးလျားလျား အနားယူရင်း တွေးနေတာ မဟုတ်ရင်တော့ သိနိုင်ဦးမှာ မဟုတ်ချေ။ 


"အစ်ကို၊ မင်းကို ငါစာနာပါတယ်" 


ဖက်တီးသည် အပေါက်ထဲတွင် ဘာမျှမရှိတာ သေချာအောင် အကြိမ်အနည်းငယ် လှမ်းကြည့်ပြီးနောက် လှည့်ပြောလိုက်၏။ 


"မင်းရဲ့အကြံအစည်က ဘာလဲ... ဆရာဝန်တစ်ယောက်နဲ့ ငါသိတယ်... မင်းရဲ့အခြေအနေအရဆို ငါမြင်ရသလောက်ကတော့ လူသားတစ်ယောက်လို ပြန်ဖြစ်ဖို့က ခက်နိုင်တယ်"


“ငါ ဒီကနေ ထွက်သွားမှာ မဟုတ်ဘူး” တစ္ဆေလူသားက ပြောပြီး ရေသောက်နေသည်။ 


“မင်းတို့ကို တစ်ခုခုပြောသင့်လို့ ဒီကို လာခဲ့တာ... မင်းတို့ ဘာဆက်လုပ်ချင်တာလဲ လုပ်ချင်တာလုပ် ငါနဲ့ ဘာမှမဆိုင်ဘူး.. မင်းတို့ ဒီမှာတော့ ဘာမှမလုပ်နိုင်ဘူး"


ဝူရှဲ ခေါင်းကို မော့ကြည့်လိုက်စဥ် စိတ်ထဲမှာ နဲနဲလေးတော့ တုန်လှုပ်နေသလို ခံစားလိုက်ရသည်။ ဒါက ငါမေးချင်တာလား ? သူပြောတာကို နားထောင်ကြည့်ပါ- 


"ငါပြောသင့်တာ ပြောပြီးပြီ...မင်းတို့လည်း ငါမသိတဲ့ တစ်ခုခုကို ပြော​ပြဖို့ အချိန်ရောက်ပြီ"


"မင်းဘာသိချင်တာလဲ" 


ဝူရှဲ တွေးရင်း စိတ်တွေ တုန်လှုပ်သွားသည်။ 


သူက “အခု မင်းတို့ကို ဘယ်သူက တာဝန်ခံမှာလဲ”


"တာဝန်ယူတယ်??--"


 "မင်းတို့ 'ချန်ချင်ဖိုက်' တွေကိုလေ... အခု အနှစ်သုံးဆယ်နီးပါးရှိပြီ... လောင်ယွီကလည်း သူ့ရာထူးမှာ မရှိ​လောက်တော့ဘူး"


ဝူရှဲ: “ငါတို့ကို ဘယ်သူကမှ ဂရုမစိုက်ဘူး...."


သူသည် ထိုနှစ်က ရှေးဟောင်း သုတေသနအဖွဲ့ရဲ့ စီမံခန့်ခွဲမှုကို စုံစမ်းထားတာ ကြာပြီမလို့ ခန့်မှန်းပြီးနောက် ပြန်ပြောလိုက်သည်။ 


"ဒီကမ္ဘာကြီးထဲက ဘယ်သူမှ ငါတို့ကို တာဝန်မခံပေးဘူး” 


အမှန်တော့ ဒါကို ဘယ်သူမှ သိပ်ဂရုမစိုက်ဘူး ဆိုတာ ဟုတ်မဟုတ် ဝူရှဲ မသိပေမယ့် အနည်းဆုံး ရှဲ့မိသားစု၊ ဟော့မိသားစုနဲ့ ဝူမိသားစုရဲ့ တိုးတက်မှုကို ကြည့်ရင် သူတို့ ကြောက်နေတဲ့ "အဲဒါ"က ဝင်စွက်ဖက်ဖို့ ထင်ရှားတဲ့ ဖြစ်နိုင်ခြေ မရှိပါဘူး။


“ဘယ်သူမှ တာဝန်ခံမှာ မဟုတ်ဘူး.... မင်းကလည်း ဘယ်သူမှ တာဝန်ခံမှာ မဟုတ်ဘူးလို့ ပြောတယ်... ဒါဆို သူ​ပြောခဲ့တာက တကယ်လား?” 


ဝူရှဲ: “ဒီကာလမှာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ရှိနေသေးလား... တခြားသူတွေ ပြော​နေတာကို မင်း တစ်ခုခု ကြားမိ​သေးလို့လား” 


သူအခုပြောလိုက်တဲ့ စကားအတိုင်းသာ ဆိုရင် တခြားလူတွေဆီက တစ်ခုခုကို သူကြားလိုက်ပုံရသည်။


"ငါ ဘယ်သူ့ကိုမှ အဆက်အသွယ် မလုပ်ပါဘူး... သူတို့လုပ်တတ်တဲ့ အကျင့်ကို မင်းသိပါတယ်... ငါသိတာက များတယ် မင်းဒီထက်ပိုပြီး သက်တောင့်သက်သာနေချင်ရင် ဒီမှာ နေလိုက်တာကမှ ပိုကောင်းလိမ့်မယ်!" 


ဝူရှဲ: "ဒါပေမယ့် ခေတ်တွေက တကယ်ပြောင်းသွားပြီ မင်း ဒီကနေ ထွက်သွားရင် ဘယ်သူမှ မင်းကို ညှဉ်းဆဲမှာ မဟုတ်ဘူး အဲဒီတုန်းက အဖွဲ့အစည်းတွေလည်း ပျောက်ကုန်ပြီ လူတိုင်း - လူတိုင်းက ငွေရှာနေကြတာ..."


"မဖြစ်နိုင်ဘူး အချိန်တွေက​တော့ ပြောင်းလိမ့်မယ် ဒါပေမယ့် အဲ့ဒီအရာက ပြောင်းလဲမှာမဟုတ်ဘူး... ဝူစန်းရှင် မင်းငါ့ကိုဘာလို့ လိမ်တာလဲ"


ဝူရှဲ သက်ပြင်းချလိုက်ပြီး ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ ဒီကောင်လေးက ဒီမှာနေလာတာ နှစ်ပေါင်းများစွာ ကြာပြီ။ ပါးနိုင်က အရမ်းအထီးကျန်တဲ့ ရွာလေးတစ်ရွာဖြစ်ပြီး ဟိုတုန်းကနဲ့ မတူဘဲ ပြင်ပကမ္ဘာက အပြောင်းအလဲတွေ ရှိနေဆဲဆိုတာ သူ မသိနိုင်ချေ။ 


"ဒီအချိန်မှာ ဟန်ဆောင်တာကို ရပ်လိုက်။"


စကားဖြတ်ပြောလာသူက ဖက်တီးကို ဝူရှဲ ကြည့်လိုက်သည်။ 


ဖက်တီး: “မင်း ဒီလောက်တောင် ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်နေတာ မင်းတစ်ယောက်တည်း ဒီမှာ အနှစ်သုံးဆယ် နေနိုင်မှာ မဟုတ်ဘူး... ဒီလိုနေရာမျိုးမှာ မင်းက အစွမ်းအစရှိတဲ့ မသန်စွမ်းသူ တစ်ယောက်ဆိုရင်တောင် အကြာကြီး ခေါင်းမပြတ်ဘဲ မနေနိုင်ဘူး... လူတစ်ယောက်က အကြာကြီး အထီးကျန်နေတယ် ဆိုရင်တောင် သူများတွေပြောနေတာကို နားလည်ဖို့ ခက်သွားလိမ့်မယ်"


ဝူရှဲ: "ဖက်တီးပြောတာ မှန်တယ်။ မင်းမှာ ဖုံးကွယ်ထားတာတွေ ရှိသေးလား?"


သူက လေဝင်လေထွက်စက်လို ထူးဆန်းစွာ ရယ်မောလိုက်လေသည်။ 


"ဝူစန်းရှင်ကတော့ ဝူစန်းရှင် ဖြစ်နေတုန်းပါပဲ... မင်းက တခြားသူတွေ မတတ်နိုင်တဲ့ အရာတွေကိုဆို အမြဲ မြင်နေရတယ်..."


"ငါကမင်းကို အရင် ဖော်ထုတ်တာ ဟုတ်ပြီလား?" 


ဖက်တီးက ဆူပွက်စွာ မကျေမနပ် ပြောလိုက်သည်။ ဝူရှဲလည်း ဖက်တီးကို နှုတ်ဆိတ်နေရန် အချက်ပြရင်း ခေါင်းယမ်းလိုက်သည်။ 


တစ္ဆေကောင်: “အဲဒီတုန်းက အဖွဲ့ရဲ့ လမ်းပြက ငါ့ကို ကယ်ခဲ့လို့ ငါ လွတ်မြောက်ခဲ့တာ...အဲဒီရွာက လူတော်တော်များများကလည်း ငါ့ကို မြင်ပြီး ရူးနေပြီလို့ ထင်ကြတယ်... ငါ လမ်းပြဟောင်းနဲ့ အဆက်အသွယ် နည်းနည်းတော့ ရှိသေးတယ်! သူက စားစရာတွေ ယူလာပေးတယ် ငါက သူနဲ့ တစ်ခုခု လဲလှယ်လိုက်တယ်"


ဖက်တီး :"မင်းသတ်ခဲ့တဲ့ လူတွေရဲ့ ဥစ္စာတွေလား... မင်းငါ့အဝတ်အစားတွေကို ချွတ်ချင်တာကလည်း တစ်ခုခုနဲ့ လဲချင်လို့လား?"


ဝူရှဲ: "မင်းပြောနေတဲ့ လမ်း​ပြဟောင်းက ဖန်းမာမလား" လို့ မေးတယ်။


သူက ခေါင်းညိတ်သည်။ 


"အပြင်ကမ္ဘာက ဘယ်လိုပဲ ဖြစ်နေပါစေ ဒီတောင်မှာ မြှုပ်ထားတဲ့ အရာတွေကို ကမ္ဘာလောကကြီးက မသိသင့်ဘူး"


“အခြားသူတွေ ဘာဖြစ်သွားလဲ” 


ဝူရှဲလည်း အဲဒါကို တွေးပြီးရင် သူ့စိတ်ထဲမှာ ဘယ်လိုခံစားရမလဲ သိချင်လာသည်။ သူက ပြောပြီးတာနဲ့ သူ လုံးဝ တိတ်ဆိတ်သွားတော့သည်။ 


ထိုအချိန် ဝူရှဲလည်း ရှောင်ဟွားနဲ့ ပတ်သက်သော ထင်မြင်ယူဆချက် တစ်ခုခုကို ရုတ်တရက် သတိရလိုက်မိသည်။ ဖီပေါင်က ဘာပြောခဲ့သလဲဆိုတော့ ရှေးဟောင်း သုတေသနအဖွဲ့ဟာ ဈာပနအဖွဲ့ ဖြစ်နိုင်တယ်တဲ့။ 


အဲဒီလူကို ကြည့်လိုက်တော့ ဒီလိုအခွင့်အရေးမျိုး ဘယ်တော့မှ ပြန်မရနိုင်တော့ဘူးလို့ ရုတ်တရတ် ခံစားလိုက်ရတာက ဒီကမ္ဘာကြီးမှာ အဲဒီရှေးဟောင်း သုတေသနအဖွဲ့မှာ လူတစ်ယောက်ပဲ ကျန်တော့လို့ပါပဲ။ လက်တွေ့ကျတဲ့ မေးခွန်းအချို့ကို မမေးမိရင် နှမြောစရာကြီးပင်။ 


ဒါပေမဲ့ ဝူရှဲသည် သူ့အတွေ့အကြုံကနေ သုံးသပ်ကြည့်ရရင် ဒီလူဆီက သတင်း ရအောင်ယူဖို့ ကြိုးစားတဲ့အခါ ဒီလူရဲ့ လက်ရှိသဘောထားက အရမ်းအန္တရာယ် များတယ်လို့ ခံစားလာရသည်။ 


တခြားလူတွေကို သတ်ပစ်တဲ့ ဒီလူ့သဘောထားက အန္တရာယ်များသည်။ ဒါပေမဲ့ အခုနတုန်းက သူတို့ကို မသတ်ခဲ့ပေ။ ဒါက ဒီလူဟာသူတို့ကို ရင်းနှီးတဲ့သူတွေရှိလို့ သတ်မှတ်ထားတာ ဖြစ်ပေမည်။ 


သူ့လိုလူတစ်ယောက်ဟာ ခံစားချက်တွေကြောင့် သူ့အခြေခံမူတွေကို ပြောင်းလဲဖို့အထိ မဖြစ်နိုင်ဘူးလို့ ဝူရှဲ ထင်မိသည်။ ဒါပေမဲ့ သူက သူတို့ကို အချိန်မရွေး သတ်ပစ်ဖို့ ကြံရွယ်ထားတာ ဖြစ်နိုင်တယ် ဆိုတာလည်း သိသာထင်ရှားနေသည်။ 


ဖက်တီးရဲ့သေနတ်က သူနဲ့အတူရှိ နေတာကြောင့် ဝူရှဲတို့အနိုင်ရဖို့ အခွင့်အရေးက မရှိချေ။ 


သူတို့ တိုက်ရိုက်မေးလို့ မရပါ။ အလွန်သတိထားရပါမည်။ ဝူရှဲသည် ခေါင်းထဲမှာ မေးခွန်းထုတ်တဲ့ အစီအစဉ်တစ်ခုကို လုပ်ပြီး မေးခွန်းတချို့ကို ရွေးလိုက်သည်။ 


"တကယ် ဘာပစ္စည်းရှိ​နေတာလဲ" 


ဒါပထမဆုံး မေးခွန်းပါပဲ။


သူ ခဏတာ အံ့အားသင့်သွားပြီး မော့ကြည့်လိုက်သည်။ 


ဝူရှဲ: “အဲဒီတုန်းက မင်းတို့ သယ်ထုတ်လာတာက အတိအကျ ဘာလဲ”