(33) တောင်များအကြောင်း အမှန်တရား
Viewers 14k

DaoMuBiJi

Author - Nan Pai San Shu

Volume (8)

Chapter (33) 

တောင်များအကြောင်း အမှန်တရား



တစ္ဆေအရိပ်က မီးတုတ်ကြီးတစ်ခုတောင် မကိုင်သွားဘဲ သူတို့ကို ဂူထဲကနေ ခေါ်ထုတ်ပြီး ကျောက်ဆောင်ကြီးပေါ် လှမ်းတက်ခိုင်းတော့သည်။ 


ဖက်တီးက အဝတ်အစားတွေ ဝတ်ပြီးပြီ။ သူ့ကော်လာမှာ ရွှံ့တွေပြည့်နေတော့ ပါးစပ်က ဆူပူကြိမ်းမောင်းရင်း ဝူရှဲကိုလည်း အကြိမ်ပေါင်းများစွာ လက်ဟန်ပြပြီး ထိုလူကို တွယ်ချလိုက်ရမလား မေးနေသည်။ ဝူရှဲ ခေါင်းခါပြမိ၏။ ဒီသရဲတစ္ဆေကောင်ရဲ့ သွက်လက်ချက်ချာတဲ့ လမ်းလျှောက်နှုန်းနဲ့ သူတို့နဲ့ ခပ်ဝေးဝေးမှာနေတတ်တဲ့ အမူအရာက သူဒီလိုဖြစ်နေရင်တောင် သူ့အရည်အချင်းတွေက သူတို့ထက် သာလွန်တယ် ဆိုတဲ့ ခံစားချက်ကို ပေးနေသည်။ 


ဒီလူက အပြင်မထွက်ဘဲ တောင်တွေပေါ်မှာ အကြာကြီးနေနေခဲ့တာ။ ဒီလောကကြီးမှာ အရာရာကို သတိကြီးကြီးထားပြီး အေးအေးဆေးဆေး လျှောက်လှမ်းနေပေမယ့်လည်း ဖက်တီးသာ ဒီလူကို ရန်လိုရင် အောင်မြင်ဖို့ အခွင့်အလမ်းက မြင့်မယ် မထင်ပါ။ 


ဖက်တီးနဲ့ ဒီကိစ္စကို ဒီလိုပြောဖို့က အဆင်မပြေတာကြောင့် သူ့ကို လျစ်လျူရှုပြီး အဲဒီတုန်းက ဖြစ်ပျက်ခဲ့တာတွေကိုပဲ ပြောပြလိုက်သည်။  


"သောက်ကျိုးနည်း! ဖက်တီးငါ သူ့ကို တင်းတင်းကျပ်ကျပ် ချည်ထားခဲ့ပါတယ်... ဘယ်လိုလုပ် လွတ်သွားတာလဲ အဲဒီကောင်က ဆီစားမသက်သာတဲ့ မီးအိမ်မှန်း ငါ မထင်ထားဘူး... မင်းမျက်နှာက အဆင်ပြေလား"


ဝူရှဲ: "သူ့မှာ ဓားရှိ​နေတာ ဖြစ်နိုင်တယ်.... သူ့ကို မရှာမိသွားတာက ငါတို့ အမှားလုပ်ခဲ့မိတာပဲ"


"အဲဒါက အရိုးကျုံ့သွားတာ..." တစ္ဆေလူသားက လှည့်ပြောလေသည်။ သူက ဝူရှဲတို့နဲ့ ဝေးနေပေမယ့် ကောင်းကောင်း ကြားနေရသလိုပင်။ 


"ဝူစန်းရှင်... ဒါကိုတောင် မသိ​တော့ဘူးလား"


ဝူရှဲ နှလုံးခုန်နှုန်းများ မြန်ဆန်လာတော့သည်။ စိတ်တွေကပါ လှုပ်ရှားလာပြီး မိုက်မဲတဲ့ ဒီစကားတွေကို ဆက်ပြောလို့ မဖြစ်နိုင်တော့ဘူးဆိုတာ သိလိုက်ရတော့ ပြင်းပြင်းထန်ထန် ပြန်ပြောလိုက်သည်။ 


"မဟုတ်ဘူး...ငါ သတိရှိနေခဲ့တယ်... အဲဒါက အရိုးကျုံ့သွားတာ မဟုတ်ဘူး!"  


သူက ဘာမှပြန်မပြောတော့ဘဲ ရှေ့ဆက်သွားသည်။ ဝူရှဲ ဖက်တီးဘက်ကို လှည့်၍ ဘာမှဆက်မပြောဖို့ သီးသန့် အချက်ပြလိုက်သည်။ 


ဆယ်မိနစ်ကျော်လောက် လမ်းလျှောက်ပြီးတဲ့အခါ ဂူအပေါက် ဖောက်ထားတဲ့ ကျောက်တုံးကြီးတစ်ခု ပေါ်လာသည်။ ဂူ​ပေါက်တွေအားလုံးက မြေအိုးတွေနဲ့ ပြည့်နေတာကို တွေ့လိုက်ရသည်။ ထိုလူက တစ်ဖက်အိုးထဲက ရေကို ထုတ်ယူပြီး နံရံမှာ လောင်းထည့်လိုက်သည်။ 


သူဘာလုပ်ချင်မှန်း ဝူရှဲ သဘောပေါက်လိုက်၏။ မကြာခင်မှာပဲ ရေက ကျောက်ဆောင်ထဲကို စိမ့်ဝင်သွားသည်။ အလင်းတန်း အကိုင်းအခက်များ ဖြာထွက်သွားသလိုမျိုး ကျောက်တုံးတစ်ခုလုံးကို ထူးဆန်းသော အရိပ်များဖြင့် ဖုံးလွှမ်းထားကြောင်း ချက်ချင်း ရှာတွေ့သွားစေသည်။ 


ကျောက်နံရံ တစ်ခုလုံးကို ရေစွပ်ပြီးနောက် ကျောက်စိမ်းကဲ့သို့ ကြည်လင်သော အသွင်အပြင်ကို မြင်တွေ့လာရသည်။


ဖက်တီး: “ဒီကျောက်တုံးထဲက လူတွေပဲ အများကြီးပဲ... သူတို့ကို လွှတ်ပေးလိုက်ရင် ပိုကောင်းမယ်” 


"ဒီကျောက်တုံးထဲမှာ ဒီအရာတွေ ဘယ်လောက်ရှိလဲဆိုတာ မင်းသိလား ဒီအရာတွေရဲ့ မူလဇစ်မြစ်ကို သိလား" ဟု တစ္ဆေကောင်က မေးသည်။


ဖက်တီးက ခေါင်းခါကာ "ဒီဟာတွေက တောင်ပေါ်က တောင်ဘုရားတွေပဲ နေမှာပေါ့"


တစ္ဆေကောင်က ခေါင်းခါပြပြီး ဝူရှဲကို စိုက်ကြည့်သည်။ ဝူရှဲက သူသိတယ် မသိဘူးဆိုတဲ့ အမူအရာ မပြချေ။ ထိုလူက ကျောက်နံရံကို တစ်စုံတစ်ခုကို ပြန်အမှတ်ရနေသလို စဉ်းစားကြည့်နေသည်။ 


"ဒီနတ်ဆိုး အဆောက်အဦကို တည်ဆောက်ပုံက ဒီကနေစတာ...ဒီအဆောက်အဦးကို ရှေးဟောင်းသုတေသန လုပ်တုန်းက ကွမ်ရှီးဧရိယာမှာ မြေအောက်လိုဏ်ဂူတွေ အများကြီးရှိတယ်လို့ ငါတို့ ယုံကြည်ထားတယ်... ကျန်းအိမ်တော် ရှေးဟောင်း အဆောက်အဦက မြေအောက်တစ်ခုလုံးကို တည်ဆောက်ထားတဲ့ ဂူစနစ်တွေထဲက တစ်ခု ဖြစ်နိုင်တယ်... နောက်ပိုင်းမှ ငါတို့ တောင်တန်းတွေထဲ ဆက်လေ့လာတော့ ​ဒီနေရာရဲ့ လှိုဏ်ဂူစနစ်က ရှုပ်ထွေးလွန်းလို့ ဂူအတွင်းက ကြီးမားတဲ့ အဆောက်အအုံကြီးကို တည်ဆောက်ဖို့ဆိုရင် လူအင်အားနဲ့ အရင်းအမြစ်​တွေ အများကြီး လိုအပ်မှာပဲဆိုတာ သိလာခဲ့တယ်" 


သူသည် ရှေးဟောင်း သုတေသနအဖွဲ့မှ ဖြစ်ကြောင်း ဝူရှဲ ထင်ထားခဲ့သော်လည်း တကယ်ကြီး ဖြစ်နေခဲ့သည်။ 


ပထမတော့ သူတို့က ဒါက အလုပ်မဖြစ်လောက်ဘူးလို့ ထင်ခဲ့သည်။ ဒီဂူသင်္ချိုင်းက ကျန်းမိသားစုဝင်တွေကို မြှုပ်နှံထားတာဖြစ်ပြီး ဧကရာဇ်ဂူသင်္ချိုင်း မဟုတ်ချေ။ ကွမ်ရှီးဘက်ခြမ်းမှာ ရှိတဲ့ ကျန်းမိသားစုလို ဂူဖောက်မိသားစုရဲ့ ချမ်းသာမှုက ဘယ်လောက် ရှိတယ်ဆိုတာ ခန့်မှန်းရခက်ပါ၏။ ကရာဇ်မင်းရဲ့ ဂူသင်္ချိုင်း မဟုတ်သရွေ့ ဒီလိုကြီးမားတဲ့ ပရောဂျက်ကြီးကို လျှို့ဝှက်စွာ ဆောင်ရွက်ဖို့ဆိုတာ အလွန်ခက်ခဲပါသည်။ 


ဒါပေမဲ့ သူတို့ဟာ တောင်တွေကို စူးစမ်းလေ့လာပြီးနောက်မှာတော့ ဒီတောင်တန်းတွေပေါ်ကနေ အံ့သြစရာကောင်းတဲ့ ပြဿနာတစ်ခုကို တွေ့ရှိသွားခဲ့သည်။ 


အထူးသဖြင့် သိုးခြေထောက်တောင် အနီးရှိ အသီးအရွက်များသည် အခြားနေရာများရှိ အပင်များနှင့် ကွဲပြားသည်။ တစ်နည်းဆိုရရင် ထိုနေရာရှိ သစ်ပင်များသည် အလွန်ကောင်းမွန်သော သစ်သားအမျိုးအစားများ ဖြစ်နေ၏။ 


ဒါကိုကြားတော့ ဝူရှဲ သူပြောချင်တာကို သဘောပေါက်လိုက်သည်။ 


"မင်မင်းဆက်တုန်းက သိုးခြေထောက် တောင်အနီးမှာ မီးလောင်မှု ဖြစ်ခဲ့ဖူးတယ်လို့ ကြားတယ်!"


"ဟုတ်တယ်" ဟု တစ္ဆေကောင်က အေးစက်စွာပြောသည်။


"ဒါကလည်း သူတို့စီစဉ်ထားတာ"


ကျန်းမိသားစု ရှေးဟောင်းအဆောက်အအုံ တည်ဆောက်သော ဘိုးဘေးများသည် မင်မင်းဆက်ကတည်းက ကျန်းမိသားစုအား ဤတောင်ပေါ်သို့ ပြောင်းရွှေ့မြှုပ်နှံရန် စီစဉ်ခဲ့ကြသောကြောင့် မင်မင်းဆက်ကာလတွင် ဤတောကိုမီးရှို့ပြီး နောင်နှစ်ရာနှင့်ချီ၍ အသုံးပြုနိုင်သော သစ်သားကို စိုက်ပျိုးခဲ့သည်။


ထိုမိသားစုတစ်စုသည် ဘယ်လို စိတ်ဓာတ်မျိုးနဲ့များ နှစ်ရာနှင့်ချီ၍ တည်တံ့မည့် အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့သလဲ နားလည်ရခက်သည်။ 


"ဒီသစ်တွေကို စိုက်ပျိုးပြီးရင် နှစ်ရာနဲ့ချီပြီး ကြီးထွားနိုင်တယ်... သူတို့ စိုက်ပြီးတော့ သိုးခြေထောက် တောင်အနီးက တောင်တစ်ခုလုံးမှာ ပေါက်လာခဲ့တာ... လက်သမားဆရာတွေက ထင်းခုတ်ပြီးရင် ဒီမှာ ပေါက်ပင်တွေ အများကြီးရှိတာကို တွေ့ရလိမ့်မယ်... အကြောင်းကတော့ သူတို့တွေက သစ်ပင်ခုတ်ထွင်တုန်းက အရမ်းကို သတိထားပြီး သစ်ပင်တွေ ကြားထဲကနေ အညီအမျှ ခုတ်ခဲ့ကြလို့ပဲ..."


ဒါပေမဲ့ လိုအပ်တဲ့ ပမာဏအားလုံးကို ပြည်တွင်းမှာ ရနိုင်ရင်တောင်မှ သူတို့ကို မြေအောက်လိုဏ်ဂူတွေထဲ သယ်ယူဖို့ဆိုတာ မဖြစ်နိုင်တဲ့ အလုပ်တစ်ခုပါပဲ။


ဤကဲ့သို့ ကြီးမားသော အဆောက်အဦကြီးသည် သစ်သားတန်းလျားများ ရာချီ လိုအပ်သည်။ သစ်တုံးတွေကို သယ်ပြီး လှိုဏ်ဂူကြီးကို ဖြတ်ကျော်ရန် မဖြစ်နိုင်သောကြောင့် တစ်ခုတည်းသော နည်းလမ်းမှာ မြေအောက်မြစ်ကို အသုံးပြုခြင်းပဲ ဖြစ်သည်။ သစ်သားကို ရေထဲ ပစ်ချပြီးသည်နှင့် ဂူအတွင်းထဲသို့ စီးဆင်းသွားစေမည်။ သို့သော် ဤနေရာက ကွမ်ရှီးတောင်တန်းတစ်ခုလုံး၏ အမြင့်ဆုံးသော အရပ်ဖြစ်သောကြောင့် မြေအောက်မြစ်များကို မတွေ့နိုင်ပေ။


"ကျန်းမိသားစုက ဒီသစ်သားအားလုံးကို ဘယ်လို သယ်လာတယ်ဆိုတာ မင်းဘယ်တော့မှ တွေးကြည့်နိုင်မှာ မဟုတ်ဘူး" လို့ တစ္ဆေကောင်က ပြောပြန်သည်။ 


"ဒီကျောက်တုံးကြီးရဲ့ အောက်မှာ အပေါ်ကနေအောက်ခြေအထိ ဒေါင်လိုက်နီးပါး ဖောက်ထားတဲ့ ဒေါင်လိုက်အပေါက်ကြီး တစ်ခုရှိတယ်"


ဝူရှဲ: “ဂူဖောက်ထားတဲ့ အပေါက်လိုမျိုး??” 


တစ္ဆေကောင်က ခေါင်းညိတ်ပြီး :"အဲဒါကြီးက အံ့ဖွယ်လက်ရာတစ်ခုပဲ... မေးစရာက ဒီတွင်းကို ဘယ်လိုတူးခဲ့တာလဲ လူတွေ အများကြီးရှိရင်တောင် အဲဒီခေတ်တုန်းက ဒီလိုတွင်းတူးဖို့ဆို နှစ်ပေါင်းများစွာ အချိန်ယူရလိမ့်မယ်"


သစ်သား အားလုံးကို ဤတွင်းမှ မြေအောက်အပေါက်ထဲသို့ ချခဲ့ကြသည်။ ထို့အပြင် ဤတောင်ပေါ်ရှိ အက်ကြောင်းများတွင် ထူးဆန်းသော သံကိရိယာများစွာကို တွေ့ရှိခဲ့သေးသည်။ အဆိုပါ သံကိရိယာများသည် အလွန်ရှည်လျားသော ဇွန်းများလိုပင်။ 


"ငါတို့လည်းအစက အက်ကြောင်း​တွေရဲ့ အတွင်းထဲကို တောင်ကျ မိုးရေတွေ စီးလာရင် အဲ့ဒေါင်လိုက်ဂူပေါက်ကနေ သစ်သားတုံးတွေ သယ်နယ်.. တောင်တွင်းက လိုဏ်ဂူတွေ ပြိုကျပျက်စီးတာကို အရှိန်မြှင့် တားဆီးဖို့လို့ ယူဆခဲ့တာ.... အဲဒါက မင်မင်းဆက်မှာ ချမှတ်ထားတဲ့ ဂူသင်္ချိုင်းရဲ့ အတိုင်းအတာ တစ်ခုဆိုလည်း ဟုတ်တယ်လေ...အဲဒီနောက်တော့ အဲဒီအပေါက်အနီးနားကနေ သံကိရိယာတွေရဲ့ တူညီတဲ့ ခြေရာလက်ရာတွေကို ရှာတွေ့ခဲ့တယ်... ဘာကိုဆိုလိုတာလဲ မင်းသိလား?"


ဝူရှဲ ခေါင်းယမ်းပြီး သူက ဆက်ပြောပြသည်။ 


“ဒီအပေါက်က နှစ်ထောင်ပေါင်းများစွာ ကျထားတဲ့ မိုးရေကြောင့် ရေပြည့်နေရမှာ... ဒါပေမဲ့ ဂူပေါက်ဝမှာ ကြေးနီဘောလုံး​တွေကို ထွင်းထုပြီး ယန္တရားတစ်ခုလုပ်လိုက်ရင်း အတွင်းပိုင်းကို အလွယ်တကူ ပျော်ဝင်နိုင်တဲ့ ထုံးကျောက်တွေ ဖြစ်သွားတယ်.... ကြေးနီဘောလုံးက အရမ်းလေးတယ်... ဆက်နစ်မြုပ်သွားရင် နောက်ဆုံး မိုးရေတွေ စုစည်းမိလာတဲ့ အချိန်ကျရင် အောက်ဖက်က ကျောက်တုံးတွေကို ထိပြီး တုန်ခါသွားအောင် လုပ်လိမ့်မယ်... လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင် အတွင်းမှာ ကြေးနီဘောလုံးက နစ်မြုပ်ခဲ့ပြီးပြီ... အခု နောက်ဆုံးတော့ အမိုးခုံးကို ထိုးဖောက်သွားခဲ့​လောက်ပြီ"


အနှစ်တစ်ထောင်။ ဝူရှဲ ခန္ဓာကိုယ်မှာ အအေးဓာတ်က ပိုဆိုးလာတယ်လို့ ခံစားလာရသည်။ ဒါက ဖြစ်နိုင်လို့လား။ ဝူရှဲရဲ့ ပထမဆုံးခံစားချက်က အရမ်းစိတ်တိုနေပေမယ့် သူသိထားတဲ့ အသိပညာအရ ဒါက လုံးဝ ဖြစ်နိုင်လေသည်။ အဲဒီလောက် မကြာနိုင်ရုံသာ။ ရေစီးဆင်းမှု တည်ငြိမ်ပြီး ဓာတုပစ္စည်းအချို့ ပါဝင်နေပါက ကျောက်တစ်လုံးကို ထိုးဖောက်ဝင်ရောက်ရန် နှစ်အနည်းငယ်သာ ကြာနိုင်သည်။ ဒါဟာ နေရာတော်တော်များများမှာ မြေပြိုမှုတွေ မကြာခဏ ဖြစ်ပွားရတဲ့ အကြောင်းရင်းလည်း ဖြစ်ပါ၏။


ရွှံ့မြေနေရာမှာ သူ နိုးလာတုန်းက အဲဒီနေရာမှာလည်း သစ်ပင်တွေ အများကြီး ရှိနေခဲ့သည်။ ဒီနေရာက ကျောက်တုံးတွေ အများကြီး ရှိပေမယ့် ဒါက ကြောက်စရာ အကောင်းဆုံးအရာ မဟုတ်သေးချေ။ ဘယ်သူများက ဒီလိုအကြံအစည် ရှိခဲ့သလဲကသာ ကြောက်စရာကောင်းတာပင်။ 


ဝူရှဲ သိချင်တာက သူတို့တွေက ဘယ်လိုလူမျိုး၊ ဘယ်လိုဘဝမျိုးကြောင့် ဒီကြောက်စရာကောင်းတဲ့ ပရောဂျက်ကြီးကို အသက်သွင်းခဲ့ရတာလဲ။ 


 "သူတို့က ဒီလိုနေရာမျိုးကို တစ်ခုတည်း တစ်နေရာတည်း ရှာထားမှာမဟုတ်ဘူးလို့ ငါ ယုံကြည်တယ်... နှစ်တစ်ထောင်ရဲ့ ဒီဇိုင်းကြောင့် အလယ်မှာ အပြောင်းအလဲတွေ အများကြီး ရှိခဲ့နိုင်တယ်.... ဒီနေရာက သူတို့ရွေးချယ်ထားတဲ့ နေရာတွေထဲက တစ်ခု ဖြစ်နိုင်တယ်..." 


တစ္ဆေကောင်က ဆက်ပြောပြနေသည်။ 


"ကွမ်ရှီးမှာ ဒီလိုနေရာတွေ အများကြီးရှိတယ်... ဒါပေမယ့် ခရီးသွားလုပ်ငန်းနဲ့ စက်မှုဖွံ့ဖြိုးတိုးတက်မှုကို ရှောင်လွှဲနိုင်တဲ့ တစ်ခုတည်းသောနေရာကတော့ နှစ်အနည်းငယ်အတွင်း တောရိုင်းမြေ ဖြစ်လာမှာပဲ" 


ဝူရှဲ: “ဒါတွေ အားလုံးကို ထုတ်ပြပြီးပြီလား” 


သူ တက္ကသိုလ်တွေမှာ သင်ကြားခဲ့သလို တော်တော်များများက ထင်ကြေးပေးရုံနဲ့ အဆင်ပြေတာမျိုး မဟုတ်ချေ။ 


တစ္ဆေကောင်: “မလိုပါဘူး... ငါပြောတာကို မင်းကြားပြီးရင် မင်းယုံသွားလိမ့်မယ်” 


"အခြေခံအားဖြင့်တော့ ငါတို့စီရင်ချက်တွေအားလုံးက အဖြစ်မှန်ကို ပြန်ရနိုင်ပေမယ့် ဒီရှင်းပြချက် ရောက်လာတဲ့အခါ ပြဿနာကြီးတစ်ခု ပေါ်လာတော့တာပဲ...." တစ္ဆေကောင်က သူ့ဘေးနားက ကျောက်တုံးကြီးကို ပုတ်ပြသည်။ 


"ဥပမာ ဒီကျောက်တုံးကြီးက အောက်က အရာတွေကို ဘယ်လို ထိန်းချုပ်ပေးတာလဲ.. ဘယ်လိုရောက်လာတာလဲ ငါတို့ စူးစမ်းလေ့လာပြီးတာနဲ့ သိပ်ကြောက်စရာကောင်းတဲ့ အမှန်တရားတစ်ခုကို ရှာတွေ့ခဲ့တယ် ပြီးတော့ ဒီတောင်ကြီးအကြောင်း အမှန်တရားကိုလည်း တွေ့လိုက်ရတယ်... အဲဒါကြောင့် သူတို့ အဆောက်အဦးထဲကို ဝင်လိုက်တာနဲ့ သေပြီလို့ ငါပြောတာ!"