DaoMuBiJi
Author - Nan Pai San Shu
Volume (8)
Chapter (28)
ဝူရှဲကို လိုက်ဖမ်းမယ်
သူ ခေတ္တရပ်နေတာ တွေ့တော့ ဖက်တီးက "တွေ့လား" ဟူ၍ လက်လှမ်းတို့လာသည်။
"အင်း နာရီလက်တံ ဆယ်နာရီထောင့်မှာ ဒီတစ်ခါတော့ မင်း ယုံသင့်တယ်"
ပြောပြီး လှည့်ကြည့်ကာ မှန်ပြောင်းကို ဖက်တီးဘက် ပေးလိုက်ပေမယ့် ဘယ်သူကမှ မယူပေ။ လှည့်ကြည့်လိုက်တော့ ထိုဖက်တီးကောင်က ပျောက်ချင်းမလှ ပျောက်သွားပြီ။ ဝူရှဲ ခဏလောက်တော့ အံ့ဩစွာ တိတ်ဆိတ်သွားသည်။ ဖက်တီး သူ့ကို အခုနလေးကတင် ဒီနေရာကို ဆွဲခေါ်လာတာကို ဘာကြောင့် ရုတ်တရက် ပျောက်သွားရတာလဲ။
နောက်ကွယ်မှ အမှောင်ကို လှမ်းကြည့်သော်လည်း အမှောင်ထဲတွင် လှုပ်ရှားမှုမရှိပေ။
"ဖက်တီး?"
အမှောင်ထဲမှာ မရှိဘူးလို့ အတည်ပြုပြီးနောက်မှာ လှည့်ပတ်ကြည့်ဖို့ တယ်လီစကုပ်ကို သုံးလိုက်ရသည်။ ဒါပေမဲ့ ပြန်ရလိုက်တာက အေးစက်နေတဲ့ အလင်းပြန်မှု တစ်ခုလိုပါပဲ။ မှန်ပြောင်းကို ကောက်ကိုင်လိုက်တာနဲ့ အဲဒီလူရှိရာကို ကြည့်ဖို့ အစပြုမိသွားသည်။ တကယ်က ကိုယ့်မျက်နှာကို နှစ်ကြိမ် ကြည့်ပြီးနောက် ထိတ်လန့်တဲ့ ခံစားချက်တစ်ခု သူ့ဆီ ဖြည်းဖြည်းချင်း ရောက်လာတော့သည်။
ဒီအခိုက်အတန့်မှာ ထိုဝူရှဲ့နောက်မှာ ဖက်တီး ပေါ်လာတာကို မြင်လိုက်ရ၏။ ထိုဝူရှဲဟာ အဖွဲ့၏အစွန်ဆုံးတွင် ရှိနေသောကြောင့် ဖက်တီးက ချုံပုတ်များမှ ရုတ်တရက် မတ်တတ်ထရပ်ကာ ဝူရှဲကို လျှပ်စီးအလျင်ဖြင့် ပိတ်ဆို့ထားခဲ့တာကြောင့် ဘယ်သူမှ သတိမထားမိခဲ့ကြပေ။ ဝူရှဲ အံ့အားသင့်နေချိန်မှာ ဖက်တီးက ဝူရှဲအတုကို ချုံပုတ်တွေထဲ ဆွဲထုတ်ပြီးသွားပြီ။
လုပ်ငန်းစဉ် တစ်ခုလုံးက မိနစ်အနည်းငယ်သာကြာမြင့်ပြီး ဝူရှဲရဲ့ မှန်ပြောင်းထဲတွင် တစ်ယောက်မှ မရှိတော့ပေ။ ဝူရှဲ မှန်ပြောင်းကို ချလိုက်သည်။ နောက်ဘာတွေ ဖြစ်လာမယ်ဆိုတာကို လုံး၀ မခန့်မှန်းနိုင်တော့တာကြောင့် ဆံပင်တွေကိုသာ ကုတ်ဆွဲရင်း ခေါင်းမူးသွားခဲ့သည်။
ဖီပေါင်ကို နောက်ဆုံးတော့ ဖမ်းမိသွားပြီ။ သူ့မျက်နှာဟာ စိတ်ပျက်နေတဲ့ အကြည့်တွေနဲ့ ချုံပုတ်ထဲက အတင်းအကြပ် တွန်းထုတ်ခံနေရတာကို ဝူရှဲမှာ ထိုင်ကြည့်နေခဲ့ရသည်။ ဒါပေမယ့် သူအဲဒီကောင်လေးကို စိတ်မပူပါဘူး။ ဖက်တီးရဲ့စကားအရတော့ ဒီကလေးရဲ့ ဖွဲ့စည်းပုံက ဘယ်လိုလဲဆိုတာကို သိရအောင် ရန်သူ့အား အရင်စမ်းသပ်ခိုင်းလိုက်တာ ကောင်းပေမည်။
နိုင်ငံခြားသားတွေက သူ့ကို ဘာမှမလုပ်ချင်ကြဘူးလို့ ထင်ပေမယ့် ဖီပေါင် ရုတ်တရက် အဲဒီနေရာကို ရောက်လာတဲ့အခါ လူစိမ်းတစ်ယောက် ပေါ်လာတာကို အံ့သြသွားကြသေးသည်။
ဖက်တီးက သူ့ပုခုံးပေါ်တင်ထားတဲ့ လူတစ်ယောက်နဲ့ မကြာခင် အမှောင်ထဲမှ ပေါ်လာတာကို မြင်လိုက်ရသည်။ သူက ဝူရှဲကို မြန်မြန်လာဖို့ လက်လှမ်းပြ၏။ ဝူရှဲမြင်နေရတာက ခေါင်းနှစ်လုံးပါပဲ။ သူဘာတွေ သယ်လာနေတယ် ဆိုတာ သိပေမယ့် နောက်ဇာတ်ကွက်က ဘယ်လိုဖြစ်လာမယ် ဆိုတာတော့ မသိသေးချေ။
ဒါက အရမ်းအရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခုလို့ ထင်ခဲ့ပေမယ့် ဝူရှဲလည်း ဖက်တီးရဲ့စိတ်ခံစားချက်က ဒီလိုဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။
ဖက်တီးက အမြန်ထွက်သွားနေ၏။
ဒီလူအတုကိုတွေ့ရင် တခြားသူတွေ ဘာလုပ်ကြမလဲဆိုတာ ဝူရှဲ မသိပေမယ့် အနည်းဆုံးတော့ ဒီလူပေါ်လာတာက မိမိတို့အတွက် အရမ်းအဆင်မပြေ ဖြစ်လိမ့်မယ် ဆိုတာတော့ သေချာသည်။ ဒါ့အပြင် ဖက်တီးက မိမိကလွဲလို့ သူတို့ကို မယုံချေ။
ဖက်တီးက မီးပုံးငယ်လေးကို ထွန်းညှိပြီး တစ်ဖက်က ကောင်လေးကိုတော့ စပျစ်နွယ်ပင်များဖြင့် တင်းတင်းကျပ်ကျပ် ချည်နှောင်ထားလိုက်သည်။
ဒီလောက်အကွာအဝေးမှာ သူ့မျက်နှာကို သေသေချာချာ ကြည့်လိုက်တော့မှ တခြားသူတွေရဲ့ မျက်နှာနဲ့ ပတ်သက်ပြီးသာသိတာ ကိုယ့်မျက်နှာအကြောင်း သိပ်မသိတာကို ပြန်သတိထားမိလိုက်သည်။ ဒါကိုအခု ကြည့်တာတောင် အပြစ်အနာအဆာ မတွေ့ရချေ။ ထို့အပြင် ယခုမိမိနှင့် နှိုင်းစရာ မရှိ။ သို့သော် ဤမီးပုံကြီးအောက်တွင် ထိုမျက်နှာက အနည်းငယ် ချောမောနေသေးသည်။
ဖက်တီးက အဲဒီကလေးကို ကြည့်ကာ ဆိုလာသည်။
"ဘာလို့ နှုတ်မဆက်တာလဲ... သူရပ်နေတဲ့ အနေအထားက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ဖို့ အသင့်တော်ဆုံးပဲ... သူက ငါ့ကို ခိုးဝင်တိုက်ခိုက်ဖို့ ဖက်တီး လာပါလို့ ခေါ်နေတဲ့အတိုင်းပဲ... ငါလည်း အဲဒါကို စဉ်းစားဖို့ အချိန်သိပ်မရှိလိုက်ဘူး.... သူက ရှေ့ကို နည်းနည်းလှမ်းပြီး လျှောက်နေသရွေ့တော့ ငါသွားတိုက်ခိုက်ဖို့ လွယ်မှာ မဟုတ်ဘူး...ကံကောင်းတာက ဒီကလေးက မင်းလိုပဲ ကြံ့ခိုင်မှုမရှိဘူးကွ! ဒါပေမဲ့ မင်းကိုသာ ငါအရင်က မမှတ်မိခဲ့ရင် ဒီကလေးရဲ့အသွင်အပြင်က ငါတို့အားလုံးကို သတ်ပစ်မှာ သေချာတယ်"
ဝူရှဲ တစ်ဖက်လူကို ကြည့်ပြီး မေးလိုက်သည်။
“မင်းက ဘယ်သူလဲ”
တစ်ဖက်လူက စကားမပြောဘဲ ဝူရှဲကိုသာ ကြည့်ကာ သူ့မျက်နှာက ငြိမ်သက်နေသည်။ ဒါပေမယ့် သူ့မှာ ဖုံးကွယ်ထားတဲ့ အံ့အားသင့်နေတဲ့ အရိပ်အမြွက်ကိုတော့ ဝူရှဲ ဖမ်းမိလိုက်သည်။
"မင်းက ဘယ်သူလဲ"
ဝူရှဲ ထပ်မေးလိုက်သည်။
ဒီကောင်လေးက ကြည့်ကောင်းနေပေမယ့် သူ့အမူအရာက စိတ်မသက်မသာလည်း ဖြစ်နေပုံရသည်။ ရိုက်နှက်ခံရဖို့ ထိုက်တန်တဲ့ မျက်နှာမျိုးလည်း လုပ်နေပြန်သည်။ ဝူရှဲကတော့ အိမ်ပြန်ရောက်ရင် မျက်နှာပေါ်က ဖုန်းရွှေကို သေချာပြင်ပေးရလိမ့်မယ်လို့ တွေးလိုက်သည်။
ဖက်တီး: "မင်းမေးနေလည်း အသုံးမဝင်ဘူး... သူ ဒီလိုဟန်ဆောင်ထားမှတော့ ဝူရှဲကို သူကောင်းကောင်းသိတယ်... သူ မင်းနဲ့ငါ့ကိုလည်း သိတယ်... သူဘယ်သူလဲဆိုတာ ငါတို့မေးရင် သူ ပွင့်ပွင့်လင်းလင်း ပြောတော့မှာ မဟုတ်ဘူး ဆိုတာလည်း သိတယ်။ အခု ငါတို့ သူ့ကို ဒုက္ခရောက်အောင် လုပ်ရမယ်... ဒီလမ်းကထွက်ပြီးရင် ငါ သူ့လက်ချောင်းတွေကို ဖြတ်... လက်ဖက်ရည်ပူပူနဲ့ လောင်းပြီး မျက်နှာဖုံးကို ခွာပစ်လိုက်မယ်!"
ဖက်တီး စကားအဖြစ် ပြောနေတာ မဟုတ်ချေ။ သူလုပ်ချင်တာကို တကယ် လုပ်နိုင်ပေမယ့် တစ်ဖက်က မတုံ့ပြန်သေးဘူး။ ပထမအချက် ဖက်တီး တစ်ဖက်လူကို မထိခိုက်စေချင်သေးပါ။ နောက်ဆုံးတော့ ဒီလူက ဘယ်ကလာမှန်း မသိရသေးဘူးလေ။
ဒုတိယအချက် သူ့အသွင်အပြင်ကို ကြည့်ရတာတော့ ဦးလေးသုံး ထွက်လာမယ်လို့ မမျှော်လင့်ထားပုံပင်။ ပြီးတော့ ဖက်တီးရဲ့ ခြိမ်းခြောက်မှုက ဦးလေးသုံးရဲ့ ခြိမ်းခြောက်မှုလောက် ထိရောက်မှာ မဟုတ်ချေ။ ဒါကြောင့် ဝူရှဲ ဖက်တီးကို ပြန်ဆွဲလိုက်သည်။ ထို့နောက် မတ်တပ်ထရပ်ပြီး အနားက ကျောက်တုံးတစ်တုံးကို ကောက်ယူပြီး သူ့ဆီ လျှောက်သွားလိုက်သည်။
မိမိကတော့ ဖက်တီးလိုမလုပ်နိုင်ပါ။ မိမိ သူ့ကို ကြောက်ဖို့ မလိုတာ သေချာသည်။ ဒါပေမယ့် ဖက်တီးက ချက်ချင်း ခေါင်းမော့ပြီး ဝူရှဲအတုရှေ့မှာ ရပ်လိုက်သည်။
"မင်းဆက်ပြီး တိုက်နေရင် နောင်တရလိမ့်မယ်"
ကောင်လေးက ရုတ်တရက် ပြောလိုက်၏။ သူ့အသံကလည်း ဝူရှဲနဲ့ တော်တော်လေး တူလေသည်။ အသံက အရမ်းဆင်တူပေမယ့် သူ့လေသံကနေ ချို့ယွင်းချက်တစ်ခုကို ချက်ချင်း ကြားလိုက်သည်။
ဝူရှဲ အကြံတစ်ခု ရသွားသည်။ လူတော်တော်များများက သူတို့ရဲ့ စကားပြောတဲ့ အသံနေအသံထားတွေ ရှိတယ်ဆိုတာ သတိမပြုမိတတ်ကြချေ။
"ဘာလို့လဲ?"
"ဘာလို့လဲဆိုတော့ ကျွန်တော်ကတကယ် ခင်ဗျားရဲ့ တူမလို့ပဲ...."
ဝူရှဲ အေးစက်စွာ လှောင်ရယ်လိုက်မိ၏။ ဒီရယ်သံက သူဟာ သတိမေ့နေသော ဝူရှဲလို တုံ့ပြန်မှုတစ်ခုပင်။ နှလုံးသားထဲမှ လှောင်ပြောင်ချင်စိတ် အားလုံးကို စုစည်းလိုက်သလိုပါပဲ။ ဤတိကျသေချာသော မုသားစကားကို ကြားပြီးနောက် ဒါက သာမန်တုံ့ပြန်မှု တစ်ခုသာ ဖြစ်သည်။
ဦးလေးသုံးရဲ့ မျက်နှာမှာ ဒီလှောင်ပြောင်မှုက ဘယ်လို သက်ရောက်မှုရှိမှန်း မသိပေမယ့် အဲဒီလူကတော့ နောက်ပြန်ဆုတ်သွားလေ၏။ ဒါပေမယ့် သူက ပြန်ငြိမ်ပြီး ငြိမ်ငြိမ်လေး ကြည့်နေသေးသည်။
ဒီကောင်လေးရဲ့ ခန္ဓာကိုယ်နဲ့ မျက်နှာက ထပ်တူမကျပေ။ မျက်နှာဖုံးစွပ်ထားလို့ ဖြစ်နိုင်၏။ သို့သော်လည်း ဤပစ္စည်းရဲ့လက်ရာက ညံ့ဖျင်းပုံရပြီး မျက်နှာလှုပ်ရှားမှုများက မျက်နှာဖုံးထက် ကျော်လွန်နေတာကြောင့် အမူအရာကို တိကျစွာ ဖော်ပြနိုင်ခြင်း မရှိပေ။ မျက်နှာဖုံးအောက်က သူ့မျက်နှာအစစ်က ဝူရှဲကို ကြောက်လန့်သွားလို့ ဖြစ်နိုင်လေသည်။
ဒါကို တွေးကြည့်မိတဲ့အခါ ဝူရှဲ စိတ်ထဲမှာ ကြည်နူးမှုတစ်ခု ခံစားလိုက်ရသည်။ ဖက်တီးက သူ့ကို မြေပြင်ပေါ် လှဲချလိုက်ပြီး သူ့ခန္ဓာကိုယ်အောက်မှာ ကြိုးနဲ့ချည်ထားတဲ့ သူ့လက်တွေကို ဖိထားလိုက်သည်။
ဖက်တီး: "မင်း ကိုယ့်လက်ညှိုးကို ကယ်ချင်ရင် အမှန်အတိုင်းပြော....မင်း စုံစမ်းထားပြီးသားဆိုရင် သခင်သုံးရဲ့ ဒေါသကိုလည်း သိထားမယ် ထင်တယ်...."
အဲဒီလူက ဝူရှဲကို ကြည့်လိုက်သည်။ ဝူရှဲလည်း အိတ်ကပ်ထဲက စီးကရက်တစ်လိပ်ကို ထုတ်ပြီး ဘာမှ မပြောဘဲ မီးညှိလိုက်သည်။ စကားမပြောတာက သူ့အတွက် အသက်ရှုပြီး စဉ်းစားဖို့ အခွင့်ကောင်းရမယ်ဆိုတာ ပြလိုက်တာပါပဲ။ ၎င်းက သူ့နောက်မှာ ချုံပုတ်တွေနဲ့ သစ်ပင်တစ်ပင်ဆီ ဆုတ်ခွာသွားကာ ချက်ချင်းဆိုသလို ပြန်အော်ပြောလာသည်။
"ငါက ဝူရှဲပါကွာ... ငါ့ကို ဘာလို့ အတုအယောင်လို့ ထင်နေတာလဲ မသိဘူး...."
ဝူရှဲမှာ 'ငါကမှ ဝူရှဲ' စိတ်ထဲကနေ အော်ပြောလိုက်မိ၏။
ဖက်တီး: “သက်သေရှိလား သက်သေပြလေ...”
ပြောရင်း ဖက်တီးက သူ့မျက်နှာကို အကြာကြီး ဆုတ်ဖြဲကြည့်လိုက်သည်။
"အံ့သြစရာပဲ.... ဒီမျက်နှာက အစစ်နဲ့ တူတယ်ဟ!"
အဲဒီနည်းပညာ လက်ရာကို နားမလည်တဲ့အတွက်ရော ဖက်တီး အခုလိုပြောရတဲ့ အကြောင်းရင်းကို မသိတဲ့အတွက်ရော ပြန်လှည့်ကြည့်လိုက်သည်။ ဖက်တီးက အကြိမ်အနည်းငယ် ဆုတ်လိုက်တဲ့အခါ မျက်နှာက တကယ့်အစစ်လို့ ထင်လာရသည်။
ဖက်တီးသည် သံသယဝင်လာသော အမူအရာဖြင့် ဝူရှဲကို ကြည့်လာသောအခါ ဝူရှဲမှာ အံ့သြတုန်လှုပ်သွားခဲ့သည်။
"ကျပန်း မှန်းဆတာတွေ မလုပ်စမ်းနဲ့...ငါတို့ သူတို့ လှည့်ကွက်တွေကို မသိသေးဘူး.... လျှောက်မမှန်းနဲ့"
ဝူရှဲအတုရဲ့ မျက်နှာကို ကြိမ်ဖန်များစွာ ဆုတ်လိုက်သည်နှင့် သူ့အမူအရာမှာ လုံးဝ သံသယဝင်နေသလို ဖြစ်သွားသည်။ ဝူရှဲခမျာ ရင်ထဲမှာ အလွန်ကြောက်စရာကောင်းတဲ့ ခံစားချက်တစ်ခု ဝင်လာခဲ့၏။ ဖက်တီးရဲ့ ဒီမယုံကြည်တဲ့ ခံစားချက်က သူ့ကို အသက်ရှူကျပ်လာစေသည်။