DaoMuBiJi
Author - Nan Pai San Shu
Volume (8)
Chapter (14)
ထူးဆန်းတဲ့ အသံ
ဝူရှဲတို့ အနည်းငယ်သာ အနားယူကာ လမ်းလျှောက်လာခဲ့ကြတာမလို့ လူတိုင်းက အရမ်းပင်ပန်းနေကြပြီ။ ခရီးဆောင်အိတ်တွေကို ချလိုက်ပြီး လှဲချမလို့ ပြင်လိုက်ပေမယ့် ဖန့်ကျစ်က သူတို့ကို တစ်လမ်းလုံး လိုက်ကန်ကျောက်ပြီး ထပြီး ထင်းခုတ်ခိုင်းလေသည်။ ဝူရှဲကတော့ ဦးလေးနှစ် သူ့ကို ကယ်တင်ခဲ့ရာ နေရာကိုရှာရန် ရှောင်ဟွားနဲ့ ဖန့်ကျစ်ကို ခေါ်သွားခဲ့သည်။
ဦးလေး၂ရဲ့လူ အားလုံးက မရှိကြပေ။ ဝူရှဲကလည်း အဲဒီနေရာက ဘယ်မှာလဲဆိုတာ မမှတ်မိတော့တာကြောင့် တောအုပ်ကို လိုက်ရှာရင်း မကြာခင်မှာပဲ အသွင်ယူထားတဲ့ ဝင်ပေါက်ကို တွေ့လိုက်ရသည်။
ရုပ်ဖျက်ထားတဲ့ နေရာတွေကို အေးအေးဆေးဆေး ဖွင့်ကြည့်လိုက်တော့ အက်ကွဲကြောင်းက အဲဒီအချိန်တုန်းက တွေ့တာနဲ့ မတူဘဲ လုံးဝကို သေးငယ်သွားပြီး လက်တစ်ဖက်တည်းသာ ဖြတ်သွားနိုင်တာကို တွေ့လိုက်ရ၏။ အတွင်းထဲမှာ အောက်ခြေ မရှိပေမယ့် လူတစ်ယောက် ဖြတ်ကျော်နိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။
ရှောင်ဟွားက လက်ဟန်ပြပြီး ရယ်မောလေသည်။
"မင်း အရင်က ပိုးဟပ်များ ဖြစ်ခဲ့တာလား"
ဝူရှဲ: "ဒီဟာသက ရယ်စရာတော့ မကောင်းဘူး"
သူ့ကို အာရုံစိုက်ဖို့ ဝူရှဲမှာ အချိန်မရှိနေပေ။ သူက ရုပ်ဖျက်ထားသမျှ အရှိန်အဝါတွေကို ဖြတ်ပြီး တခြားကွက်လပ်တွေ ရှိမရှိကို ရှာဖွေနေသည်။
"ဘယ်လိုဖြစ်တာလဲ" ဝူရှဲတစ်ယောက်တည်း ညည်းညူရင်း။
"ဒီတောင်ပေါ်က အက်ကြောင်းတွေက သူ့ဘာသာသူ ကုသပစ်တာလား?"
ရှောင်ဟွား: "ဖြစ်နိုင်တယ် ဒါပေမယ့် ဖြစ်နိုင်ခြေတော့ မရှိပါဘူး... မင်းပြောသလို ဖြစ်နိုင်တယ်....
သူက ကျောက်တုံးကြီးရဲ့ အစွန်းတစ်ဖက်ကို သူဆွဲကိုင်လိုက်ပြီး အနံ့ခံနေပုံသည်။ သို့သော် သဲလွန်စမရှိပေ။ ထို့နောက် သူက တောင်ပုံသဏ္ဌာန်ကို နှိုင်းယှဉ်ကာ ဆက်ပြော၏။
“ဂရုမစိုက်နေနဲ့... ဒီနေရာက မိုင်းတွင်းပုံစံရဲ့ ဝင်ပေါက်နဲ့ လုံးဝကို မတူဘူး... ဒီတောင်ရဲ့ အခြေအနေက အရမ်းရှုပ်ထွေးတယ် ဒီနေရာမှာရှိတဲ့ အက်ကွဲကြောင်းတွေကနေ အကုန်လုံး ဝင်လို့ရတယ်” သူက တောင်ကြီးကို မျက်နှာမူကာ ရေကန်၏ တစ်ဖက်ကို ညွှန်ပြရင်း။
“အဓိက ဝင်ပေါက်က ဟိုမှာဖြစ်... ငါလူး!”
ဝူရှဲမှာ ရှောင်ဟွားကြောင့် လန့်ဖြတ်သွားရသည်။ အောက်ကို ငုံ့ကြည့်လိုက်တော့ ရှောင်ဟွားရဲ့ ဓာတ်မီးဟာ ကျောက်ဆောင်ရဲ့အက်ကွဲကြောင်းထဲကို တောက်ပနေတာကို တွေ့လိုက်ရသည်။ ဝူရှဲ မြေပြင်ပေါ် လဲကျလုနီးပါး ဖြစ်သွားစဥ် ရုတ်တရက် သွေးထွက်သံယို လက်တစ်ချောင်းက ထွက်လာပြီး သူ့ခြေထောက်ကို လှမ်းဆွဲထားလိုက်ပေ၏။
ဝူရှဲ ကြောက်လန့်တကြား အော်ပြီး လက်ကို ပြင်းပြင်းထန်ထန် ကန်ထုတ်လိုက်ရာ လက်က မြေပြင်ကို ပုတ်ပြနေမှန်း မြင်လိုက်ရပြီး အက်ကြောင်းထဲကနေလည်း အလွန်ဝိုးတဝါး အသံထွက်လာသည်။
စက္ကန့်အနည်းငယ်လောက် ထိတ်လန့်သွားပြီး လက်ကို ကြည့်လိုက်ရင်း အသံကို နားထောင်ကြည့်လိုက်တော့ ရုတ်တရက် သိလိုက်ရတာက အဲဒါ ဖက်တီး ဖြစ်နေတာပါပဲ။
သူဘာလို့ဒီမှာ ပိတ်မိနေတာလဲ။