DaoMuBiJi
Author - Nan Pai San Shu
Volume (8)
Chapter (12)
ကျန်းမိသားစု ရှေးဟောင်း အဆောက်အအုံကလူ
ချိုသဲ့ခေါင်နဲ့ သူ့လူတွေက ရွာအထက်ပိုင်းမှာ နေထိုင်ကြသည်။ လူများလွန်းသောကြောင့် ဖြစ်ပေမည်။ ထိုနေရာတွင် အုတ်တံတိုင်းများ ပြန့်ကျဲနေသဖြင့် လူများစွာ တစ်ပြိုင်နက် နေထိုင်ရန် သင့်လျော်သည်။ တစ်ဖက်ကလည်း တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်နိုင်သည်။
ဝူရှဲ ဖန့်ကျစ်အား အခြေအနေကို ရှင်းပြလိုက်ရာ ဖန့်ကျစ်က အတူလိုက်လာခဲ့သည်။ ညအချိန်တွင် ကောင်းကင်က လရောင်က အလွန်အေးမြသည်။ ကြည်လင်သောစမ်းချောင်းတွင် လရောင်က တောက်ပနေပြီး ပိုးမွှားများအသံက နေရာတိုင်းတွင် ကြားနေရရာ လွန်ခဲ့သော တစ်လခွဲခန့်ကလူများရဲ့ အခြေအနေကို သတိရသွားစေသည်။
တက်လာပြီးနောက် တစ်ရွာလုံးမှာ ချိုသဲ့ခေါင်ရဲ့ လူတွေ နေရာတိုင်းလိုလိုမှာ မီးရောင်တောက်နေတဲ့ စားပွဲဝိုင်းကြီးတွေ၊ ဘီယာသေတ္တာတွေနဲ့ အင်္ကျီမပါတဲ့ နိုင်ငံခြားသားတွေ စားသောက်နေကြတာ တွေ့လိုက်ရသည်။ ဟိုတယ်ကိုတောင် မီးဖိုချောင်အဖြစ် ပြောင်းလဲလိုက်ကြသေး၏။
ဂူဖောက်ခြင်းက စီးပွားရေးကို အားကောင်းစေနိုင်သလို အပြင်လောကမှာ မတွေ့နိုင်တဲ့ ကောင်းမွန်တဲ့ တိုက်ပွဲတစ်ခုကိုလည်း ကြုံတွေ့ရစေသည်။ ဒီနေရာကနေ ငွေကြေးကို ကြွယ်ဝစေပြီး အမြင်ရှုထောင့်တွေလည်း ရောင်ပြန်ဟပ် ပြောင်းလဲစေနိုင်၏။
ချိုသဲ့ခေါင်ကို မြင်တော့ မခံမရပ်နိုင်ဖြစ်လောက်အောင် မူးနေတဲ့ နိုင်ငံခြားသားတချို့က ဘီယာကို ကောက်ကိုင်လိုက်ပြီး။
"ဘော့စ်... အာ့! စိတ်မဆိုးပါနဲ့!"
ချိုသဲ့ခေါင်က လျစ်လျူရှုပြီး အိမ်တန်းရဲ့ နောက်ဖေးကို လျှောက်သွား၏။ လေထုက ရုတ်ချည်းပြောင်းလဲသွားသလို အလွန်သေးငယ်တဲ့ အုတ်တံတိုင်း အဆောက်အအုံ တစ်ခုကို လှမ်းတွေ့လိုက်ရသည်။ တံခါးဝတွင် လူနှစ်ယောက်ရှိပြီး လေးနက်သော မျက်နှာထားဖြင့် စောင့်ကြပ်နေသည်။ အရက်သောက်သည့်လူ မရှိဘဲ အခန်းရှေ့တွင် မီးခိုးမှိန်မှိန်လေးသာ လင်းနေသည်။
ချိုသဲ့ခေါင်က တံခါးစောင့်ကို လက်ဟန်ခြေပြပြီး ဝူရှဲတို့ကို ခေါ်သွားသည်။ ဝင်လိုက်တာနဲ့ အရမ်းညှော်တဲ့ ဆေးနံ့ကို ရလိုက်၏။ ဆီမီးခွက်အောက်က ကောက်ရိုးဖျာ အနားမှာ ဆရာဝန်တစ်ယောက်လို မျက်မှန်တပ်ထားတဲ့ လူတစ်ယောက်ကို တွေ့လိုက်သည်။
"ဘယ်လိုလဲ"
ချိုသဲ့ခေါင်က ဆရာဝန်ကို မေးသည်။ ဆရာဝန်က ခေါင်းယမ်းပြ၏။ ဝူရှဲ အနားကို ကပ်သွားပြီးကြည့်လိုက်တော့မှ အသက်မရှူနိုင်တော့အောင် ဖြစ်သွားရသည်။ ကောက်ရိုးဖျာပေါ်က “အရာ” ဟာ တကယ်တော့ လူမှန်းသိသာပါသည်။
ဒါပေမဲ့ ဒါက တကယ်ပဲ လူသားဖြစ်ပါ့မလား။ အဲဒီ "လူ" ကို ကြည့်လိုက်တော့ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အားလုံးက နစ်မြုပ်သွားသလို ခံစားလိုက်ရပေမယ့် အနီးကပ်ကြည့်ရင်တော့ လိမ္မော်သီးလို ဖြစ်နေသည်။ အရေပြားများအောက်တွင် အရည်တွေ အိုင်နေသလိုပင်။
ဒါပေမဲ့ သူအသက်ရှင်နေခဲ့၏။
"ဒါက ဘယ်လိုဖြစ်တာလဲ"
ချိုသဲ့ခေါင်: "ငါ လူခုနစ်ယောက်ကို လွှတ်လိုက်ပေမယ့် သူတစ်ယောက်တည်း ထွက်လာခဲ့တယ်... သူ ထွက်လာတော့ အဆင်ပြေသေးတယ်... သုံးရက်လောက် ကြာတော့မှ သူ အဖျားကြီးလာပြီး ဒီပုံအတိုင်း ဖြစ်သွားတာ...သူက ဓားကို ယူလာတဲ့လူပဲ... ကျောက်လမ်းရဲ့ အနက်ပိုင်းထဲကို ဝင်သွားတယ်လို့ ပြောတယ်.... ဓားတွေ့တော့ တခြားသူတွေနဲ့ လူစုခွဲပြီး သူကငါ့ကို ဓားပြန်လာပေးတယ်... ကျန်တဲ့သူတွေက ဆက်ပြီးတော့ ဝင်သွားကြတယ် ဒါပေမဲ့ အဲဒီလူတွေ ပြန်ရောက်မလာဘူး!"
"သူ့ခန္ဓာကိုယ်က ဘာဖြစ်နေတာလဲ"
မျက်မှန်တပ်ထားတဲ့ ဆရာဝန်က ခေါင်းခါပြရင်းက အဖြေပေးသည်။
“မသိဘူး... သူ့ခန္ဓာကိုယ်အတွင်းကနေ ထူးဆန်းတဲ့ အရည်တွေ အရည်ပျော်သွားတယ်လို့ပဲ ပြောလို့ရတယ်...."
သူပြောပြီး ချက်ချင်းပင် အရေပြားသည် ကွဲသွားကာ အနက်ရောင် အရည်များ ထွက်လာသည်။
ချိုသဲ့ခေါင်: "မင်းမေးချင်ရင် မြန်မြန်မေးပါ... သူ့မှာ အချိန်သိပ်မရှိဘူး မင်း သူ့ကို မေးခွန်းတွေ မေးလို့ရတယ် သူက မဖြေနိုင်ပေမယ့် ခေါင်းခါ ခေါင်းညိတ် လုပ်နိုင်တယ်...."
ဝူရှဲလည်း အဲဒီလူဆီ ချဉ်းကပ်ပြီး ဆိုလိုက်သည်။
"မကြောက်နဲ့... ဒီမေးခွန်းတွေကို ဖြေရင် ငါလည်း မင်းကို ကယ်နိုင်မလား မပြောတတ်ဘူး... ဒါပေမယ့် မင်းငါ့ကို အမှန်အတိုင်း ဖြေရမယ် ဒီဓားကို မင်းလူသေဆီက ရှာတွေ့ခဲ့တာလား"
သူ့အမူအရာက လုံးဝ မပြောင်းလဲဘဲ ဖြည်းညင်းစွာ ခေါင်းညိတ်ပြလာသည်။
"ဒီလူရဲ့ လက်ချောင်းတွေက အထူးတလည် ရှည်နေလား?"
သူက ဘာမှတုံ့ပြန်မှုမရှိဘဲ ဝူရှဲကိုပဲ ကြည့်နေသည်။ ဝူရှဲ ချိုသဲ့ခေါင်ကို ကြည့်လိုက်ရာ ထိုလူကလည်း လုံးဝ မတုံ့ပြန်ပေ။
ဖန့်ကျစ်: “အဲဒီလူရဲ့လက်တွေကို ဂရုမစိုက်မိတာ ဖြစ်နိုင်တယ်.... တခြားဟာတွေ မေးကြည့်”
ဝူရှဲ ခဏလောက် စဉ်းစားပြီးမှ ထပ်မေးလိုက်သည်။
"အဲဒီလူမှာ တက်တူးရှိလား"
ကောက်ရိုးဖျာပေါ်မှာ လဲလျောင်းနေတဲ့လူက ပြန်မဖြေသေးပေမယ့် ဝူရှဲကို စိုက်ကြည့်နေတုန်းပါပဲ။ ဝူရှဲသည် သူ့မေးခွန်းတွေရဲ့ အဖြေကို ဖြေပါစေ ဆုတောင်းနေပေမယ့် ရုတ်တရက်တော့ ဒီလူရဲ့မျက်လုံးတွေက ထူးဆန်းလာတာကို သတိထားမိလာသည်။
အဲ့ဒီအချိန်မှာပဲ သူ့မျက်လုံးတွေထဲ မှိတ်တုတ်မှိတ်တုတ် ထူးဆန်းတဲ့ အကြည့်တစ်ချက်ကို ဝူရှဲ ရုတ်တရက် မြင်လိုက်ရ၏။
ဒီလူရဲ့ မျက်လုံးတွေဟာ အလွန်အမင်း တောက်ပလာတော့သည်။ စိတ်ပျက်အားငယ်နေတာကြောင့် ဒီလိုအခြေအနေမှာ ဘယ်သူကမှ တောက်ပတဲ့ မျက်လုံးတွေ လုပ်မှာ မဟုတ်ပေ။ ဒါပေမဲ့ ဒီ စိတ်ပျက်အားငယ်မှုမှာ ရင်းနှီးတဲ့ ခံစားချက်ကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။
ခံစားချက်ကို မသေချာနိုင်ပေမယ့် ဒီမျက်လုံးတွေက ရင်းနှီးနေသလို တစ်နေရာရာမှာ မြင်ဖူးနေသလို အဲဒါက သူ့အပေါ် အထင်ကြီးစရာတွေ ချန်ထားခဲ့တဲ့ မျက်လုံးတွေပဲ ဆိုတာ သိလာသည်။
မျက်နှာသေလား?
ကိုယ့်ကိုယ်ကိုယ် တွေးကြည့်မိပြန်သည်။ ထိုသူက လူ့အသားအရည် မျက်နှာဖုံးကို ထပ်ဝတ်ပြီး အထဲမှာ ချိုသဲ့ခေါင်ရဲ့လူကို ဝင်အစားထိုးလိုက်တာ ဖြစ်နိုင်ပါ့မလား။ အတိအကျတော့ မဖြစ်နိုင်ပေ။ ဒီလူက အဲ့လောက် မိုက်မဲမယ့်သူ မဟုတ်ချေ။ သူ့မျက်လုံးတွေက အရမ်းထူးခြားတယ်လေ။ မဖြစ်နိုင်ဘူး။
ဒီလူရဲ့ မျက်လုံးတွေကလည်း သူ့ကို ရင်းနှီးစေသည်။ ထို့အပြင် ၎င်းက ချိုသဲ့ခေါင်ရဲ့ လူ ဖြစ်ကြောင်း ပြောထားသည်။ မျက်နှာသေသာ ချိုသဲ့ခေါင်က ဒီလူကို စေလွှတ်လိုက်မယ် ဆိုတာ သိထားပြီး လူသားအရေခွံကို ဖုံးအုပ်လိုက်ပါက သူ့ခြေထောက်ကလည်း ကြီးထွားလာမှ ဖြစ်မည်။
ဘေးကင်းတဲ့ ဘက်ခြမ်းကို ကြည့်လိုက်တော့ အဲဒီလူရဲ့ လက်က အရည်တွေနဲ့ ပြည့်နေတဲ့ ရာဘာလက်အိတ်လို ဖြစ်နေပေမယ့် လက်ချောင်းတွေက ပုံမှန်ထက် ရှည်နေတာကို မတွေ့ရချေ။
ထိုအခါမှ ဝူရှဲ့မှာ သက်ပြင်းတစ်ချက် ချမိလေသည်။ သက်ပြင်းတစ်ချက် ချမိပေမယ့် လူတစ်ယောက်ရဲ့ မျက်လုံးကနေ ဟုတ်လား မဟုတ်ဘူးလား ဆိုတာကို ဖော်ပြနေရုံနဲ့ မပြီးနိုင်ပါဘူး။ ဒီလူက ဖက်တီးလား ဆိုတာကတော့ ပိုလို့တောင် မဖြစ်နိုင်သေး။ ဖက်တီးသာဆို ဘာပြဿနာမှမရှိဘဲ အသံနဲ့ သီချင်းဆိုပြနေဦးမှာပင်။
သေသေချာချာ စဉ်းစားပြီး နောက်ဆုံး အဖြေကို တွေးခဲ့သည်။ ရှင်းယွဲ့စားသောက်ဆိုင်မှာ အဘွားဟော့နဲ့ ကြီးကြီးကျယ်ကျယ် စကားမပြောခင် ရှောင်ဟွားနဲ့တွေ့တုန်းက ရှောင်ဟွား သူ့ကို ကြည့်နေပုံကလည်း ဒီအတိုင်းပင်။
ထိုအချိန်တွင် ရှောင်ဟွားကို ရင်းနှီးနေပါတယ်လို့ ခံစားမိသော်လည်း သူက ဘယ်သူလဲဆိုတာ မမှတ်မိခဲ့။ ဝူရှဲ အဲဒီလူကို ကြည့်လိုက်တော့ သူက မိမိကို ခက်ခက်ခဲခဲ စိုက်ကြည့်နေသည်။ ရှောင်ဟွားတုန်းကလိုပဲ သူ့ကို ရင်းနှီးတယ်လို့ ခံစားရစေသည်။
ဆိုးတာက တစ်ခုခုဖြစ်လာတော့မှာလို့ ခံစားနေရတာကြောင့် ချက်ချင်း ထပ်မေးလိုက်သည်။
"ဖြေပါ အဲဒီလူမှာ တက်တူးရှိလား"
မေးပြီးတာနဲ့ အဲဒီလူက ဝူရှဲကို မှတ်မိသွားသလို ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားသည်။ မျက်လုံးတွေက ဝူရှဲကို စိုက်ကြည့်ရင်း ရင်ဘတ်တစ်ခုလုံး တုန်ခါသွားကာ လူသားမဟုတ်တော့တဲ့ အသံနဲ့ ဟောက်လေ၏။
လူတိုင်းကလည်း လန့်လာသည်။ အလွန်ထူးဆန်းတဲ့ ကိုယ်ဟန်အနေအထားနဲ့ ထဖို့ ကြိုးစားတာကို ဆရာဝန်တွေက ထိန်းဖို့ ကြိုးစားပေမယ့် မအောင်မြင်ဘဲ သူ့ခန္ဓာကိုယ်မှာ အစွန်းအထင်းတွေ၊ အမဲစက်တွေနဲ့ သွေးတွေ ထွက်နေတာကိုသာ တွေ့လိုက်ရသည်။
ဝူရှဲမှာ သူ့ရှေ့မှာ မတ်တတ်ရပ်ပြီး ဟိန်းဟောက်နေတာကို ကြည့်ပြီး အံ့ဩသွား၏။ မြင်လိုက်ရတာက အလွန်ထူးဆန်းတဲ့ ကိုယ်ဟန်အနေအထားရှိတဲ့ အမျိုးသားတစ်ဦးပါပဲ။ သူ့ခန္ဓာကိုယ်ရဲ့ ပုခုံးနှစ်ဖက်ကို တင်းတင်းကြပ်ကြပ် အဆွဲခံထားရပုံရပြီး အနက်ရောင်အရည်တွေက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို စီးဆင်းသွားသည်။
ဒါပေမဲ့ ဝူရှဲ သူ့ကို လုံးဝ မကြောက်ပေ။ ဒါပေမယ့် နောက်ထပ် ပိုကြောက်စရာကောင်းတဲ့ ခံစားမှုတစ်ခုကသာ သူ့ခေါင်းထဲ ပြေးဝင်လာ၏။ အရင်က ဒီလိုမျိုး လူတစ်ယောက်ကို မြင်ဖူးသလိုပဲ။
ဒီခံစားချက်က ပြင်းထန်လွန်းတော့ ရုတ်တရက် ငြိမ်ကျသွားမိသည်။ အဲဒီလူက နောက်ပြန်မဆုတ်ဘဲ သူ့ဆီသာ လျှောက်လာနေတာ မြင်လိုက်ရ၏။ သူ့ရဲ့ လှုပ်ရှားမှုတွေကို ကြည့်လိုက်တော့ အေးစက်စက် ချွေးတွေက ထွက်လာပြီး ပြဿနာနှစ်ခုကို ပြန်သတိရမိသွားသည်။
ပထမဆုံးအချက်က အစ်ကိုချူပေးခဲ့တဲ့ ထူးဆန်းတဲ့ ဓာတ်ပုံပါပဲ။ အဲဒီဓာတ်ပုံထဲက ဖန်သားပြင်ရဲ့ နောက်ကွယ်မှာ ထူးဆန်းတဲ့အရိပ်တစ်ခု ရှိခဲ့တယ် မဟုတ်လား။
အခြားတစ်ခုက အားကွေ့အိမ်ရှိ အခြားအဆောက်အအုံ၏ ဒုတိယထပ် ပြတင်းပေါက်မှ ဖြစ်သည်။ ဒီလူနဲ့ တော်တော်ဆင်တူတဲ့ အရိပ်တစ်ခုကိုလည်း ထပ်တွေ့လိုက်ရသေးသည်။ အဲဒီထူးဆန်းတဲ့ အရိပ်နှစ်ခုက ဒီလိုလူတွေရဲ့ ရှေ့ပြေးပုံစံတွေ ဖြစ်နိုင်လား။
ဒီလူက ဝူရှဲကို ကြည့်ပြီး ခွန်အားအပြည့်နဲ့ အော်ဟစ်နေသည်။ အားကုန် ပြေးလာဖို့ ကြိုးစားပေမယ့် သူ့ဘာသာ မြေပြင်ပေါ်ကို နှစ်ကြိမ် ပြုတ်ကျပြီး ဝူရှဲခန္ဓာကိုယ်ကိုသာ အေးစက်တဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့လေသည်။