(12) ပထမည - ခိုးဝင်တိုက်ခိုက်ခြင်
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ရွှံ့မြွေတစ္ဆေမြို့တော် (တတိယပိုင်း)



Chapter (12)

ပထမည - ခိုးဝင်တိုက်ခိုက်ခြင်း



"အစည်းအဝေးလားဟ... ဒီအကောင်တွေက ဒီလိုလည်း လုပ်နိုင်တယ်လား?...ဖက်တီးငါကတော့ နောက်ဆုံးတော့ အတွေ့အကြုံ တစ်ခုရသွားပြန်ပြီ"


ဖန့်ကျစ်က "ဒီမြွေတွေက ပုံမှန်မဟုတ်ဘူးလို့ ငါပြောသားပဲ... အဲဒါတွေက သေချာပေါက် မြွေဆိုးတွေ မှော်မြွေဆိုးတွေ ဖြစ်လာလုနီးပါး ဖြစ်နေပြီ"


ရှေ့က လှုပ်ရှားသံကို ကြားရလောက်တော့ မြွေတွေက ပိုနီးလာသလို ထင်ရပေမယ့် သစ်ပင်တွေရဲ့ အရိပ်တွေကြောင့် မမြင်ရတဲ့ မကောင်းဆိုးဝါး စွမ်းအားတစ်ခု တွန်းပို့လာနေသလို ခံစားရစေလေသည်။ အသံက သူတို့ဆီကို ချဉ်းကပ်လာပြီမလို့ ဖန့်ကျစ်အား လှည့်မေးလိုက်သည်။  


"ခင်ဗျားတို့ မွေးရပ်မြေမှာ ဒီလိုမြွေဆိုးတွေကို ကိုင်တွယ်ဖို့ လှည့်ကွက်တွေ ရှိလား?"


ဖန့်ကျစ်က "သူတို့ကို ဘယ်လိုလုပ် ရင်ဆိုင်နိုင်မှာလဲ? ဟိုတုန်းကတော့ ဒါတွေကို နတ်ဘုရားတွေဆိုပြီး ယုံကြည်ကြတယ်... ရှေးခေတ်တုန်းကဆို ယောက်ျားလေးတွေ ကောင်မလေးတွေကို ယဇ်ပူဇော်တယ်လို့တော့ အဖိုးက ပြောဖူးတယ်"


ဖက်တီးက "ဒီထက်ပိုပြီး အားကိုးရတဲ့ နည်းလမ်းရှိသေးလား... ယောက်ျားလေးရော မိန်းကလေးရော ဘယ်မှာသွားရနိုင်မှာလဲ" 


ဖန့်ကျစ်က "ငါပြောတာက ရှေးခေတ်တုန်းက... အခုခေတ် မြို့ထဲမှာ ဒီလိုမျိုးတွေ ဘယ်လိုလုပ် ကြုံရမှာလဲ... ခေါင်းချင်းဆိုင် တိုက်ခိုက်ဖို့ဆိုတာလည်း လုံးဝ မဖြစ်နိုင်ဘူးလို့ ထင်တယ်... တစ်ချက် အကိုက်ခံရပြီး အားနင် ချက်ချင်း သေသွားတာကိုပဲကြည့်... ငါတို့ ဆုတ်ခွာပြီး ပြောက်ကျားစနစ်နဲ့ တိုက်သင့်တယ်... ဘယ်သူက ဘယ်သူနဲ့ ယှဉ်နိုင်မလဲဆိုတာ သိဖို့အတွက် သူတို့နဲ့ ပုန်းလျှိုးကွယ်လျှိုး ဆော့ကစားမယ်"


ပြောပြီးတဲ့အခါ ဖန့်ကျစ်သည် သူ့နောက်က လိုက်ခဲ့ဖို့အတွက် ဝူရှဲ့တို့ကို လက်ပြလိုက်၏။ ဝူရှဲ့မှာ ဖန့်ကျစ်ပြောတာကို နားထောင်ရင်း ခြေလှမ်းနှစ်လှမ်း လှမ်းပြီးတဲ့နောက် ရုတ်တရက် တစ်ခုခုကို သတိရတာကြောင့် သူ့ကို လှမ်းဆွဲလိုက်သည်။ 


“ခဏစောင့်ဦး ကျွန်တော့်အထင်တော့ သိပ်မဟုတ်သေးဘူး” 


ဖန့်ကျစ်က လှည့်ကြည့်လာသည်။ 


"ဒီထဲမှာ ဖုံးကွယ်ထားတာတွေ ရှိတယ်... အဲဒါကို စဉ်းစားကြည့်လိုက် အားနင်က ခုခံနိုင်စွမ်း မရှိသလောက် ဖြစ်သွားတာမလို့ ချက်ချင်း သေဆုံးသွားတာ... တကယ်တော့ ဒီမြွေတွေက ငါတို့ကို သတ်ဖို့ လွယ်လွန်းတယ် လှည့်ကွက်တွေ အများကြီးလုပ်စရာ မလိုဘူး မြက်ခင်းပြင်မှာ ခြေချလိုက်တာနဲ့ အသက်ပေးလိုက်ရမှာပဲလေ... ဘာလို့ လှည့်ကွက်တွေ ကစားနေစရာလိုမှာလဲ?"


"ဘာကိုဆိုလိုချင်တာလဲ ရှင်းရှင်းလေး ပြောစမ်းပါ" ဖက်တီးက စိတ်မရှည်စွာ မေးလေသည်။ 


"သူတို့အတွက်ဆို ငါတို့ကို ချောက်အပြင်မှာ သတ်ဖို့ မရေမတွက်နိုင်တဲ့ အခွင့်အရေးတွေ ရှိတယ်.... ဒါပေမဲ့ ငါတို့အားလုံး လုံခြုံပြီး အသံလည်း ထွက်နိုင်ခဲ့တယ်။ မြွေတွေက လူတွေနဲ့ မတူဘူး သူတို့မိုက်မဲတဲ့ အမှားတွေ မလုပ်လောက်ဘူး... ဒီမြွေတွေက လုပ်ကြံသတ်ဖြတ်တဲ့ နည်းလမ်းတွေကို မသုံးခဲ့ကြဘူး။အဲဒီအစား သူတို့က အခု ဒါကို လုပ်နေတာက....ပြောရရင် သူတို့ရဲ့ ရည်ရွယ်ချက်က ငါတို့ကို သတ်ဖို့ မဟုတ်ဘူး"


ဝူရှဲ့စကားကို ကြားပြီးနောက် ဖန့်ကျစ်က ခေါင်းခါလိုက်သည်။ 


"အဲဒါက အဓိပ္ပာယ်မရှိဘူး... သူတို့က ငါတို့အသက်ကို မလိုချင်ဘူး ဆိုရင် ဘာလို့ အားနင်ကို သေအောင် ကိုက်ပစ်ရတာလဲ... အခု ငါတို့ကို မနာလိုဖြစ်နေတာလို့တော့ မပြောနဲ့နော်"


"အားနင်နဲ့ ငါတို့ကြားက ခြားနားချက်ကို တွေးကြည့်ပါလား?"


သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြကာ ဖက်တီးက အံ့သြစွာဖြင့် ဆိုလာခဲ့လေသည်။ 


"အားနင်က မိန်းကလေးမို့လို့လား"


ဝူရှဲ့ ခေါင်းညိတ်လိုက်သည်။ 


"ဒါကြောင့်လည်း ဖြစ်နိုင်တယ် ဒီမြွေတွေရဲ့ အပြုအမူက ထူးဆန်းလွန်းတယ် သာမာန်တိရိစ္ဆာန်တွေရဲ့ အပြုအမူတွေလို သူတို့ရဲ့ ရည်ရွယ်ချက်တွေကို တွက်ဆလို့ မရဘူး... ဒါက လုံးဝကို ဟိုဘက်ဒီဘက် လာတွေ့ဆုံနေတာမျိုး မဟုတ်လောက်ဘူး... သူတို့ရဲ့ အပြုအမူတွေရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အကြောင်းပြချက်တွေ ရှိနိုင်သေးတယ်... ငါတို့အရူးလို ပတ်လုပ်နေရင် ငါတို့ နားမလည်နိုင်တဲ့ အခြေအနေထဲ ကျရောက်သွားနိုင်တယ်"


ဖက်တီးက မျက်မှောင်ကြုတ်ပြီး "မင်းပြောတာက အဓိပ္ပာယ်ရှိပေမယ့် ငါတို့ ဘာလုပ်သင့်လဲ... ငါတို့ ပြင်းပြင်းထန်ထန် တိုက်သင့်တာလား" 


ဝူရှဲ့ ခေါင်းခါပြီး "ငါတို့ ရူးရူးသွပ်သွပ် မလုပ်ဆောင်သင့်ဘူးလို့ ထင်တယ်... သူတို့ရဲ့ ရည်ရွယ်ချက်တွေကို အရင်နားလည်ရမယ် မဟုတ်ရင် ငါတို့အရမ်း စိတ်ပျက်သွားရလိမ့်မယ်"


ဖက်တီးက ပြုံး၍ "မင်းက သိပ်အပြစ်ကင်းတာပဲနော်... ငါတို့က မြွေတွေ မဟုတ်ဘူးလေ မြွေရဲ့ ရည်ရွယ်ချက်ကို ငါတို့ ဘယ်လိုလုပ် နားလည်နိုင်မှာလဲ"


တိရိစ္ဆာန်တွေရဲ့ လက်ချက်လို့ မဆိုလိုဘဲ တာအိုဝါဒီတွေရဲ့ ရည်ရွယ်ချက် အတိုင်း ခွဲခြမ်းစိတ်ဖြာလိုက်ရင် လူတွေက တိရစ္ဆာန်တွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို လျှော့တွက်တတ်သည်။ ဒီမြွေတွေကို လူတွေအဖြစ် သတ်မှတ်လိုက်ရင် သူတို့ ဝင်လာတဲ့အခါ သူတို့ထဲက တစ်ဦးတည်းသော မိန်းကလေးဖြစ်တဲ့ အားနင်ကို သတ်ပြီး သူတို့ကို မသတ်ခဲ့ဘူး။ ဒါပေမဲ့ ငါတို့ရဲ့ အာရုံကြောတွေကို အချိန်တိုင်း တင်းမာနေအောင် ဒီနည်းလမ်းတွေကို သုံးနေခဲ့သည်။ ဒါဆို သူတို့ရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ။ 


သုံးယောက်သား တိတ်တိတ်ဆိတ်ဆိတ် ဖြစ်သွားကာ ဖက်တီးက မျက်မှောင်ကြုတ်ပြီး ဆိုလာသည်။ 


“ဒါဆို မြွေမလေးတွေ အားလုံးက ငါတို့ရဲ့ အလှကို မက်မောနေကြတာလား”


ဝူရှဲ့မှာ ဖက်တီးတစ်ယောက် ဟာသလုပ်ဖို့ စိတ်ကူးရှိသေးတာလားလို့ ပြောချင်ပေမယ့် ဖက်တီးက တစ်ဖန်ပြန်၍ ဒီပြဿနာကို လေးလေးနက်နက် စဉ်းစားနေတာကို တွေ့လိုက်ရလေသည်။ 


ထိုအချိန်တွင် ဖန့်ကျစ်က ရုတ်တရက် လေအေးကို ရှုရှိုက်ရင်း ဝင်ထောက်လာခဲ့သည်။ 


"ရှောင်စန်းရယ် ဒီတစ်ခါ ပြောတဲ့စကားက တော်တော်ကို အဓိပ္ပာယ်ရှိတယ်...ဘာဖြစ်နေတာလဲ ဆိုတာကို ငါသိသွားသလိုပဲ မင်းတို့ တောအုပ်တစ်ခုအကြောင်း ကြားဖူးမယ်လို့ ထင်တယ်... ဝင်လို့ရပေမယ့် ထွက်လို့မရဘူး"


ဖက်တီးက ချက်ချင်း ဝင်ပြောသည်။


"မင်း အရှေ့မြောက်မှာရှိတဲ့ 'တစ္ဆေတောအုပ်' ကို ပြောနေတာလား?" 


“ဗီယက်နမ်မှာတော့ 'akong' လို့ ခေါ်တယ်... ဒီမှာ ဘယ်လို ခေါ်တာလဲတော့ မသိဘူး။ အဲ့လိုသစ်တောက လမ်းပျောက်ဖို့ အရမ်းလွယ်တဲ့ နေရာဖြစ်ပေမယ့် သစ်ပင်တွေ ကြီးထွားမှု ဒဏ်ကို ခံစားရတဲ့ သစ်တောမျိုးတွေ ရှိတယ်... တိုက်ဆိုင်မှုလားတော့ မသိပေမယ့် လမ်းပျောက်ဖို့ကတော့ အသေလွယ်တာ...အဲ့လိုတောအကြောင်း ထူးဆန်းတဲ့ စကားတစ်ခု ရှိတယ်"


ဖန့်ကျစ် နည်းနည်း စိတ်လှုပ်ရှားနေသည်။ သူက နွယ်ပင်တစ်ပင် ခုတ်လှဲပြီး သတ်ပစ်လိုက်ကာ အိတ်ထဲမှ ရေကို ညှစ်ထုတ်ပြီး နည်းနည်းပါးပါး သောက်လိုက်သည်။ 


"ပြည်တွင်းစကားနဲ့ ပြောရရင် တောကိုယ်တိုင်က ရိုင်းစိုင်းတဲ့ အကြံအစည်တွေ ရှိတတ်တယ်တဲ့..."


ဤဖော်ပြချက်သည် သစ်တော အားလုံး၏ ရှုပ်ထွေးပြီး လျှို့ဝှက်ဆန်းကြယ်သော ဆင့်ကဲဖြစ်စဉ် တစ်ခုဖြစ်ကြောင်း တချို့လူများက ပြောကြသည်။ ၎င်းတို့သည် ပို၍ တိုးလာလေလေ သစ်တောထဲသို့ ဝင်လာသမျှ လူများကို ထောင်ချောက်ဆင်တတ်သော သစ်တော၏ စုပေါင်းပညာ တစ်မျိုး ဖြစ်ပါသည်။ 


ဒါပေမဲ့ ဒီစကားက မယုံနိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ် လွန်းနေပြီ။ ဒါက တိရစ္ဆာန်အချို့က သူတို့ရဲ့ သားကောင်တွေကို စက်ဝိုင်းထဲ တွန်းပို့တာကြောင့် ဖြစ်တာ မဟုတ်ဘူးလား။ 


ဖန့်ကျစ်က "လက်ရှိအခြေအနေက အဲ့လို ဖြစ်နေနိုင်တယ်...ဒီမြွေတွေက ငါတို့ကို တစ်နေရာရာကို သွားခိုင်းနေတာလို့ ခံစားရတယ် သူတို့က ငါတို့ရဲ့ ဦးတည်ရာကို ပြင်ပေးနေတာ"


ဝူရှဲ့မှာ အဲဒီစကားကို နားထောင်မိရုံနဲ့ ချွေးတွေက အေးစက်လာလေသည်။ 


အသံထွက်ထားတဲ့ နေရာကို မသွားရဲသလို နောက်ကြောင်း ပြန်လှည့်ကြည့်ဖို့ကလည်း မဖြစ်နိုင်တော့တဲ့ အတွက် လမ်းကြောင်း တစ်ခုကို သေချာပေါက် ရွေးချယ်ရမှာဖြစ်ပြီး သွားနေသရွေ့တော့ တစ်နေရာကို ရောက်မှာပါပဲ။ ဒါကို တွေးကြည့်ရင် မိစ္ဆာမြို့တော်မှာ ကြုံတွေ့ခဲ့ရတဲ့ မမြင်ရတဲ့ နံရံနဲ့ အလွန်ဆင်တူနေသည်။ 


ဖန့်ကျစ်က အသံထွက်လာသည့် လမ်းကြောင်းကို ညွှန်ပြသည်။ 


“ဒီလိုမျိုး သားကောင်ကြီးကို သေတဲ့အထိ မောင်းထုတ်တတ်ကြတဲ့ ဝံပုလွေမျိုး ရှိတယ်ဆိုတာ ငါသိထားတယ်... သားကောင်က ဝံပုလွေရဲ့ အသံကို ရှောင်နေတယ်ဆိုရင် အဲဒါက ဝံပုလွေသွားစေချင်တဲ့ နေရာကို တွန်းပို့ခံရလိမ့်မယ်.... ချောက်ကမ်းပါး အစွန်းလိုမျိုး အနေအထားမျိုးလည်း ဖြစ်နိုင်တယ်... ပြီးတော့ ဝံပုလွေရဲ့ တွန်းအားကြောင့် ငါတို့ လမ်းလွှဲပြီးတာနဲ့ ဒုက္ခရောက်သွားနိုင်တယ်"


သူက စကားပြောနေစဉ်တွင် ဝူရှဲ့အား မျက်လုံးများကို ပြင်းထန်စွာ မှိတ်ပြလိုက်သည်။ 


“သခင်လေးရဲ့ ယုံမှားတဲ့ သံသယကို ကျေးဇူးတင်ရမယ်... မဟုတ်ရင်တော့ ငါတို့တကယ် ဒုက္ခရောက်သွားလိမ့်မယ်” 


ဝူရှဲ့မှာတော့ ဖန့်ကျစ်သူ့ကို ချီးမွမ်းနေတာလား ဖဲ့နေတာလား မသိတော့ချေ။ ထိုအခါ ဖက်တီးက ဝင်မေးလာသည်။ 


"ငါတို့ ဘာလုပ်ရမလဲ... ပြန်လှည့်မှာလား"


ဖန့်ကျစ်က "ပြန်လမ်းတောင် မရှိ​တော့မှာကို ကြောက်ရတယ်... သူတို့ကရှေ့ကို ပိတ်ဆို့ထားသလို နောက်ကို ပိတ်ဆို့ထားမှာလည်း သေချာတယ်.... ဒါကို အဆုံးထိ အတင်းသွားခိုင်းတာလို့ ခေါ်တယ် သူတို့ ငါတို့ကို မသတ်ချင်ကြဘူးဆိုတော့ လောင်းကစား လုပ်ကြည့်ရအောင်" 


မူလက သူတို့သည် အန္တရာယ်အားလုံးကို ရှောင်လွှဲနိုင်ပြီး ဦးလေးသုံးကို ရှာတွေ့နိုင်မည်ဟု တွေးထားခဲသော်လည်း ယခုအချိန်တွင် ဖန့်ကျစ်က ရန်သူက မည်သူမည်ဝါ ဖြစ်​နေပါစေ သူ့ကို ထောင်ချောက်ထဲသို့ မြှူဆွယ်ရန် ကမ်းလှမ်းနေပြီမလို့ အလောင်းအစား လုပ်၍ တိုက်ခိုက်ရန် အစပျိုးလိုက်သည်။ 


"ဒီလိုလုပ်မယ်ဆိုလည်း စောစောကတည်းက ပြောလေ.. လှည့်ပတ်ပြီး အချိန်ဖြုန်းနေရတယ်လို့..."


ဖက်တီးက မာန်လေ၏။ ဒီလိုနဲ့ ကျွန်တော်တို့ စတင်ပြင်ဆင်လိုက်ပေမယ့် ဒီပတ်ဝန်းကျင်မှာ သူတို့ရဲ့ လက်နက်တွေက ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ အသုံးမဝင်ချေ။ ဖန့်ကျစ်ရဲ့ သေနတ်ကို အဆက်မပြတ် ပစ်ခတ်နိုင်မယ် ဆိုရင်တောင် ဓားမြှောင်လောက် ထိရောက်မှာ မဟုတ်ပါဘူး။ ပစ်မှတ်ကို ထိဖို့လည်း ခက်လိမ့်မယ်။


လူသုံးယောက်သည် လက်ကိုင်တို မီးတုတ်နှစ်ချောင်းနှင့် လက်ကိုင်ရှည် မီးတုတ်ကို ကိုင်ထားကြသည်။ အကောင်ကြီးကြီး ဝက်ဝံကဲ့သို့သော တိရစ္ဆာန်ကြီးများကပင် ဤမီးလုံးသုံးလုံးကို မြင်ပြီးနောက် တုန်လှုပ်ချောက်ချားစွာ မချဉ်းကပ်ရဲကြပေ။


ပြိုင်ဘက်ကို တားဆီးဖို့ ဒီမီးလျှံရှိသရွေ့တော့ ဖန့်ကျစ်ဟာ ကျည်ဆန်တွေကို ပစ်ခတ်ဖို့ အေးအေးဆေးဆေး အချိန်ယူရပါလိမ့်မယ်။


တစ်ဖက်က လူဖြစ်ရင် ဗီယက်နမ်က တောအုပ်ထဲကို ခိုးဝင်တဲ့ စွမ်းရည်နဲ့ တိုက်ခိုက်ဖို့ အရမ်းကောင်းပေမယ့် မြွေဖြစ်နေတာကြောင့် သေတာနဲ့ အတူတူပဲလို့ ဖန့်ကျစ်က ဆိုလေသည်။ အခုက တစ်ဖက်က ဘာကောင်လဲဆိုတာ မသိသေးတဲ့ အခြေအနေပင်။ 


အဲဒီအရာက အားနင် ဟုတ်မဟုတ်တော့ မသိပေမယ့် ဒီအရာဆီကနေ အသံထွက်လာတာကြောင့် မြွေလည်း ရှိနေမှာ သေချာပါသည်။ တိုက်ရိုက် ပဋိပက္ခတွေကို ရှောင်ရှားပြီး အဓိကပန်းတိုင်ကို တကယ် မလုပ်နိုင်ရင်တောင် အကောင်းဆုံး ဖြစ်အောင် ကြိုးစားရဦးမှာပင်။


အားလုံး အဆင်သင့်ဖြစ်ပြီမို့ မီးထွန်းညှိပြီး အသံရဲ့ ဦးတည်ရာဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။


ဒါဟာ တကယ်တော့ ညသန်းခေါင်ယံအချိန် မိုးသစ်တောထဲမှာ မီးရှူးတိုင် ကိုင်ဆောင်ထားရင်း တင့်ကားမောင်းတာထက် ပိုထင်ရှားတဲ့ ခံစားချက်ပါပဲ။ ဒါပေမဲ့ သူတို့သုံးယောက်က တခြားသူတွေကို ခိုးဝင်တိုက်ခိုက်တော့မယ့် ပုံစံဖြစ်နေသည်။ "ငါလာပြီး ချောင်းကြည့်နေပြီ" ဆိုတဲ့ ဆိုင်းဘုတ်နဲ့ အမျိုးသမီး သန့်စင်ခန်းထဲကို ဝင်သွားရတဲ့ ခံစားချက်နဲ့ ခပ်ဆင်ဆင်တူပါ၏။


စကားပြောစက် အသံက သူတို့နှင့် မဝေးလှပေ။ မီတာ နှစ်ရာသုံးရာခန့်သာ ဝေးကွာရာ သူတို့၏ အာရုံအားလုံးသည် ပတ်ဝန်းကျင်ကို အာရုံစိုက်လာကာ အသံကလည်း ပို၍ နီးကပ်လာသည်။ ဝူရှဲ့မှာ တံတွေး မမျိုချဘဲ မနေနိုင်လိုက်ချေ။ ဒါတောင်မှ စကားပြောသံကို ရှင်းရှင်းလင်းလင်း မကြားရသေးပါဘူး။


ခဏကြာတော့ အသံက သူတို့ခေါင်းအထက် နီးနီးလေးကို ရောက်လာပြီမလို့ ဖန့်ကျစ်က သူတို့ကို တားဖို့ လက်ကို မြှောက်လိုက်သည်။ သုံးယောက့သား ခေါင်းပေါ်က သရဲနဲ့တူတဲ့ သစ်ပင်အရိပ်တွေကို ခဏလောက် လှမ်းကြည့်ပေမယ့် ခြားနားချက်ကို မပြောနိုင်ပေ။


ဤနေရာတွင် လရောင်သည် သစ်ပင်များအောက်အထိ မထွန်းတောက်နိုင်တော့ပေ။ သူတို့၏ မီးရှူးတိုင်သည်လည်း အဝေးကြီး မလင်းနိုင်ရာ သစ်ပင်များကြားမှ အမှောင်ထုကိုသာ မြင်နိုင်ပေသည်။ ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ သစ်ပင်တွေက အားလုံးနီးပါးကို တစ်ခုနဲ့တစ်ခု ပေါင်းစည်းထားတာမလို့ အသံ ဘယ်အပင်က လာတယ်ဆိုတာ မပြောနိုင်ပါဘူး။