(51) ဒုတိယမိုး ၁
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)



Chapter (51)

ဒုတိယမိုး (၁)



ကျောက်နံရံပေါ်မှ ရုပ်ကြွများကို ချန်ထားပြီးနောက် ဝူရှဲ့တို့သည် သူတို့၏ စိတ်ခံစားချက်များကို ပြုပြင်ပြောင်းလဲပြီး ချောက်ထဲသို့ ဆက်လက် ရွေ့လျားလာခဲ့သည်။


ကျောက်ထွင်းထုများ၏ လွှမ်းမိုးမှုကြောင့်လား မပြောတတ်။ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ရှိခဲ့သည့် ရှီးဝမ်းမယ်တော် မွေးမြူထားသော သတ္တဝါများဆီက ခြုံခိုတိုက်ခိုက်ခံရမည်ကို ကြောက်ရွံ့သောကြောင့် အားလုံးက တောတွင်းရှိ လှုပ်ရှားမှုတိုင်းကို ဂရုတစိုက် သတိကပ်လျက် သွားလာခဲ့ကြသည်။


သို့သော် ခရီးက ပိုမိုနက်ရှိုင်း လာသည်နှင့်အမျှ ထူးထူးခြားခြား ဘာမှမဖြစ်ခဲ့တဲ့အပြင် ရှီးဝမ်းမယ်တော် နိုင်ငံတော်၏ အခြားအပျက်အစီးများကိုပင် မတွေ့ခဲ့ရပေ။ မိုးသစ်တောထဲ အမြစ်တွယ်ထားသော သစ်ပင်များသာ ပိုထူထပ်လာပြီး သူတို့သည် ရှီးဝမ်းမယ်တော်၏ နန်းတော်နှင့် ဝေးကွာနေသကဲ့သို့ ခံစားလာရသည်။ အတော်ကြာ လမ်းလျှောက်အပြီးမှာ မျက်လုံးတွေ မှိတ်တက်သွားသည်။ စိမ်းစိုနေတဲ့ နဂါးပါးသိုင်းမွှေး ခေါက်ဆွဲပန်းကန်ပေါ် ဖြတ်လျှောက်သွားရသလိုပဲ နေရာတိုင်းမှာ အစိမ်းရောင် လိမ်နေတဲ့ စပျစ်နွယ်ပင်တွေကိုပဲ တွေ့နေရတော့သည်။ 


ဝူရှဲ့ခမျာ ယခုမှသာ တောအုပ်ရဲ့ သဘောတရားကို နားလည်လာတော့သည်။ သူ ရှန်းတုံးနဲ့ ချင်လင်တောင်တန်းတွေမှာ ဖြတ်သန်းခဲ့ရတဲ့ အချိန်ဟာ ဒီနေရာနဲ့ ယှဉ်ရင် ဟိုမှာ တစ်ကီလိုမီတာလောက် လမ်းလျှောက်ရင် ဒီနေရာမှာက မီတာတစ်ရာလောက် သွားနေရလေသည်။ ချွေးတွေ ဖုံးလွှမ်းနေတဲ့ ဖန့်ကျစ်ရဲ့ မျက်နှာကို ကြည့်ပြီး စစ်ပွဲကနေ ဘယ်လိုများ လွတ်မြောက်ခဲ့ကြလဲဟု တွေးမိလာသည်။ 


တောတွင်းမျက်မည်းထဲ အားတင်းကာ ဆက်ဝင်လာခဲ့သည်။ ဟိုဘက်ဒီဘက် ချောက်ကြီးတွေက မည်းမှောင်နေတဲ့ ပုံသဏ္ဌာန်အဖြစ် ပြောင်းသွားတဲ့အထိ ဒီအတိုင်း ဆက်လျှောက်သွားခဲ့ကြ၏။ အဖွဲ့ထဲတွင် ဘယ်သူမှ စကားမပြောဘဲ ခြင်သံများကိုသာ ကြားနေရသည်။ 


ဖက်တီးသည် စိတ်ရှုပ်ထွေးနေသည့်အကြား ဟာသ အတွေးအမြင်များ ထွက်လာတတ်သည်။ သူက လူတိုင်း ရွှင်လန်းတက်ကြွစေရန် အရှေ့ကသွားရင်း ရိုးရာသီချင်းများကို မြူဆွယ်ကာ ပန်းများဘာကြောင့် ဒီလောက်နာမည်ကြီးနေသလဲ ဟူသည့် သီချင်းကို အော်ဆိုတော့သည်။ 


"ဘာလို့ ပန်းတွေ အရမ်းနီနေတာလဲ... ဘာလို့ အရမ်းနီနေတာလဲ.... အနီရောင်က တောက်လောင်နေတဲ့ မီးလို နီနေတယ်...." 


သူက သီချင်းဆိုရင်း ဝူရှဲ့တို့ကို အားပေးလေသည်။ သေချာတာပေါ့။ သူ ဒီလိုလုပ်တာက မျက်နှာသေရဲ့ အခြေအနေကို ဘယ်လိုမှ တိုးတတ်စေမှာတော့ မဟုတ်ချေ။ ဒါပေမဲ့ ဖက်တီးရဲ့ သီချင်းဆိုသံက တကယ်ကို နားထောင်ရခက်လှသည်။ သူ့ရဲ့ ပြင်းထန်တဲ့ သီချင်းဆိုသံက ဝိညာဉ်တွေကို ခေါ်နေသလိုတောင် ခံစားရစေ၏။ 


နောက်ဆုံးတော့ ဖန့်ကျစ် သည်းမခံနိုင်တော့ဘဲ ကျိန်ဆဲလိုက်သည်။


"ဒီမှာ အရမ်းပူနေတယ်ကွ! မင်း သီချင်းအေးအေးလေး ဆိုလို့ မရဘူးလား" 


"မင်းဘာသိလို့လဲ? ဒါ ရေခဲတောင်ပေါ်က ဒေသခံတွေ ဧည့်သည်တွေကို ဆို​ပြတဲ့ သီချင်း... ချောင်ပိုင်တောင်ပေါ်က ရေခဲမြစ်တွေကို တွေးပြီး အေးမြစေမယ့် သီချင်းမျိုး!"


"ဆံပင်ဖြူမိန်းကလေး သီချင်း ဆိုလို့မရဘူးလား?...အဲဒါက နည်းနည်း သက်သာစေဦးမယ်!"


"မင်းငါ့ကို သီချင်းတောင်းလို့ရတဲ့ မိုက်များမှတ်နေလား...မင်းကြားချင်သမျှ သီချင်းတွေ ငါကဆိုရမှာလား... ဒီသီချင်း ဆိုတာကတင် မင်းကို မျက်နှာသာပေးရာ ကျနေပြီ!"


နှစ်ယောက်သား ကျိန်ဆဲနေစဉ်တွင် ကောင်းကင်ယံက မိုးခြိမ်းသံတစ်ချက် ကြားလိုက်ရသည်။ တိမ်တိုက်များအတွင်း လျှပ်စီးကြောင်းများ ဖြတ်ပြေးသွားကာ မိုးကြယ်ပွင့်များ ကြွေကျလာတော့မလို နိမိတ်ပြလာခဲ့သည်။ 


သူတို့အားလုံး ငြိမ်သက်သွားပြီး ကောင်းကင်ကို မော့ကြည့်လိုက်တော့ တိမ်မည်းတွေကို တွေ့လိုက်ရသည်။ မည်းမှောင်နေတဲ့ တိမ်တွေကြောင့် ရုတ်တရက် ချောက်ထိပ်ကို ​ပြန်ရောက်သွားသလိုပင် ခံစားလာရသည်။ ထိုအချိန် အားနင်ဆီမှ သက်ပြင်းချသံ ကြားလိုက်ရသည်။ 


"လမ်းလျှောက်ရင်း လေနဲ့ မိုးရွာတာကို ထပ်ကြုံရဦးမယ်... ကြည့်ရတာ ရှီးဝမ်းမယ်တော်က ငါတို့ကို ကြိုဆိုချင်ပုံမပေါ်ဘူး.... ဒီညတော့ အများကြီး ဒုက္ခရောက်​တော့မယ်"


ဖက်တီးက "မိုးရွာပါစေ မိုးရွာပါစေ... မိုးရွာရင် ပိုကောင်းတယ်လေ မိုးရွာရင် အေးမယ် ငါဒီီမှာ ပူအိုက်တင်းကြပ်လွန်းလို့ ငါ့ကြက်​တောင် ခြေထောက်တွေ ပေါက်​တော့မယ်"


ဒါကိုကြားပြီး ဖန့်ကျစ်က ရယ်မောရင်း ပြန်ပြောလိုက်သည်။ 


"ဒါဆို မင်းရဲ့ကြက်ကို သေသေချာချာ ကြည့်ထားသင့်တယ်နော်.... အဲဒါကို မိုးကြိုးပစ်သွားရင် မင်းကံဆိုးပြီပဲ... "


သူ့စကားမဆုံးခင်မှာပဲ မိုးက တကယ်​ကြီး ရွာချလာ​လေသည်။ အစပိုင်းမှာတော့ မိုးရေစက်လေးတွေက သူတို့ရဲ့ မျက်နှာပေါ်ကို အသာလေးသာ ကျလာသေးသည်။ သို့သော် မတုံ့ပြန်နိုင်ခင်မှာ မိုးက သည်းထန်စွာ ရွာချလာရာ ရုတ်တရက် သစ်တောတစ်ခုလုံး တိတ်ဆိတ်သွားသလို မိုးသံကလွဲလို့ ဘာမှမကြားရတော့ချေ။ ထိုစဥ် ဟောက်သံတစ်ခု ထွက်ပေါ်လာပြီး မိုးရေစက်များသည် သစ်ပိုင်းခေါင်မိုး ဖြတ်၍ သူတို့ခန္ဓာကိုယ်တွေပေါ် ကျာပွတ်ကဲ့သို့ ကျဆင်းလာခဲ့သည်။


မိုးတွေက ဒီလောက်အထိ ရွာချလာလိမ့်မယ်လို့ မမျှော်လင့်ထားတာကြောင့် အားလုံး ကမန်းကတမ်း ရှောင်ပြေးသွားရသည်။ ကံကောင်းထောက်မစွာပင် သစ်ပင်ကြီးများစွာဖြင့် ထူထပ်စွာ ဝိုင်းရံထားသော တောကြီး၏ အောက်ခြေဟာ နွယ်ပင်များဖြင့် ဖုံးအုပ်ထားလေ၏။ မိုးရေများကြားမှ သူတို့အားလုံး အသည်းအသန် ပြေးကြရသည်။ 


ဟင်းချိုပူပူအိုးထဲက ငါး​တွေလိုပဲ လူတိုင်း ကြိတ်ကြိတ်တိုး ပြေးလွှားနေရသည်။ ဖက်တီးက ပြေးရင်း ကျိန်ဆဲသေး၏။


"သောက်ကျိုးနည်း... ဒါ မိုးရွာနေတာ မဟုတ်ဘူး... ​​ငါတို့ခေါင်းပေါ်ကို နဂါးဘုရင် သေးတက်ပန်းနေတာကွ!"


ထိုအချိန်တွင် လျှပ်စီးကြောင်းတစ်ချက် လတ်သွားရာ ချောက်ကြီးတစ်ခုလုံး လင်းထိန်သွားခဲ့သည်။ လျှပ်စီးကြောင်း အတိုင်း လှမ်းမျှော်ကြည့်လိုက်တော့ ကမ်းပါးတစ်ဖက်က မိုးရေတွေဟာ တဖွဲဖွဲကျနေတဲ့ ရေတံခွန်တွေလို မိုးသစ်တောတွေ တလိမ့်လိမ့် ကျဆင်းလာလေ၏။ 


မိုးရေတွေက မှောင်မည်းနေတဲ့ ညအချိန်မှာ တဟုန်ထိုး စီးဆင်းလာရာ သူတို့သည် မောရှေ ပင်လယ်ကြီးကို နှစ်ခြမ်း ခွဲပစ်လိုက်သော မြင်ကွင်းကို မြင်လိုက်ရသလို အလွန် ဆန်းကြယ်သော ​မြင်ကွင်းအား တွေ့လိုက်ရလေသည်။