(20)၁၁ယောက်မြောက်လူ
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ရွှံ့မြွေတစ္ဆေမြို့တော် (ပထမပိုင်း)



Chapter (20)

၁၁ယောက်မြောက်လူ



ဦးလေးသုံး ပြောတာကို ဝူရှဲ့ အစောကတည်းက သတိပြုမိပေမယ့် ထုတ်မပြောခဲ့ပါဘူး။ တစ်ဖက်မှာ ဗီဒီယိုတိပ်ခွေက မရှင်းလင်းတဲ့အတွက် မြင်တာ မှားသလား မသိနိုင်ဘူးလေ။ မကြာခင် ဦးလေးသုံး သဘောပေါက်လာလိမ့်မယ်လို့ သူ ယုံကြည်ထားခဲ့သည်။


ဦးလေးသုံးသည် ဖန်သားပြင်ကို ခေတ္တရပ်ပြီး အနီးကပ် ကြည့်ချင်လာတာကြောင့် ငုံ့၍ သေချာ ကြည့်လိုက်သည်။


ဝူရှဲ့လည်း တိပ်ခွေရိုက်တုန်းက ဟော့လင်ရဲ့အသက်က အသက်သုံးဆယ်ထက် မပိုဘူးဆိုတာ သံသယဖြစ်စရာ မရှိဘူးလို့ ကောက်ချက်ချမိပါ၏။ သူမဟာ ငယ်ရွယ်နုပျိုတဲ့ပုံစံ မဟုတ်ဘဲ မိန်းကလေးဆန်တဲ့ အသွင်အပြင် ရှိတာကြောင့် ငယ်ငယ်ကလို ဟန်ဆောင်တတ်တဲ့သူဟာ ဟန်ဆောင်နေရုံနဲ့ ​​တကယ်ကို ချစ်စရာကောင်းပြီး အကျင့်စာရိတ္တ ကောင်းမွန်တယ်လို့ ဆိုရမှာပါပဲ။ 


အဖြူအမည်း စခရင်၏ ဖော်ပြနိုင်စွမ်းက အရောင်ပြကွက်ထက် များစွာဆိုးရွားသော်လည်း သူမ၏ အနည်းငယ် ရှုပ်ထွေးသော မျက်လုံးများနှင့် နူးညံ့သိမ်မွေ့သော မျက်နှာအသွင်အပြင်သည် လူများကို ရင်ခုန်စေနိုင်သည်။ ထိုကဲ့သို့ အသွင်အပြင်ဖြင့် သူမသည် အလွန်ယုံကြည်မှု ရှိရပေမည်။ သူမသည် ကြယ်များဝန်းရံကာ ကြီးပြင်းလာသူမို့ မျက်နှာသေလို ငြီးငွေ့စရာကောင်းသော အချေ ဘုရင်တစ်ပါးနှင့် တွေ့ဆုံသွား၏။ 


ကံမကောင်းချင်တော့ တစ်ဖက်က သူမအား လျစ်လျူရှုလိုက်သော အခါတွင် သူမ၏ ပြင်းထန်သော တုံ့ပြန်မှုသည် ယုတ္တိတန်ပါသည်။ ဒါပေမဲ့ အခု အဲဒီတုံ့ပြန်မှုတွေဟာ အတုအယောင် ဖြစ်သွားပုံရသည်။


ဦးလေးသုံးရဲ့ အမူအရာက ရုပ်ဆိုးလာသည်။ သူက ဆိုဖာပေါ်ထိုင်ပြီး 


"တစ်ယောက်က ဒီလိုပဲ... ကျန်တဲ့ နှစ်ယောက်ကလည်း ဒီလိုပဲ... ပျောက်သွားတဲ့ လူတွေအားလုံး ဒီလိုပဲလားဟ? သူတို့ ဘာကိစ္စတွေများ ကြုံတွေ့ခဲ့ကြတာလဲ?"


ဝူရှဲ့ တွေး​ကြည့်ပြီး ခေါင်းကို ခါယမ်းလိုက်ကာ ဦးလေးသုံး ထင်သလို မ​ဖြစ်နိုင်ဘူးလို့ပဲ ပြောပြလိုက်သည်။ ဒီဗီဒီယိုကို ရိုက်တဲ့ အချိန် အတိအကျကို သူတို့ မသိရ​သေးဘူး။ တယ်လီဖုန်းရဲ့ ပုံစံက ၁၉၉၀ ဝန်းကျင်လောက်က ဖြစ်နိုင်ပါ၏။ သူမ ပင်လယ်အောက် ဂူသင်္ချိုင်းတွင် ပျောက်သွားချိန်က အချိန်မှာ သိပ်မကြာသေးမီပေ။ 


ထိုအချိန်က ဟော့လင် အသက်ဘယ်လောက် ရှိပြီလဲ မသိ။ ထိုအချိန်တွင် သူမသည် အသက် ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်သာ ရှိသေးပါက ဆယ်နှစ်ကြာလျှင်ပင် သူမသည် ၂၇ သို့မဟုတ် ၂၈ ဖြစ်ပေတော့မည်။ 


ဦးလေးသုံးကတော့ ငါ့စကားတွေကို သိပ်ဂရုမစိုက်ဘူး ဆိုတာ သိသာထင်ရှားစွာ ညည်းတွားပေမယ့် ဗီဒီယိုကို ဆက်ဖွင့်ပြီး ဆက်ကြည့်ခဲ့ကြသည်။ 


သို့သော် မိနစ်အနည်းငယ်ကြာ ကစားပြီးနောက်တွင် သူတို့ မမျှော်လင့်ထားသည့် အရာမှာ နှင်းပွင့်များ ဖန်သားပြင်ပေါ်တွင် ရုတ်တရက် ပေါ်လာခြင်းပဲ ဖြစ်သည်။


တိပ်ခွေနဲ့ပတ်သက်တဲ့ ပြဿနာတစ်ခုပဲလို့ ထင်ပြီး ခဏလောက် စောင့်လိုက်ပေမယ့် နှင်းပွင့်တွေက ဆက်သွားနေရာ ဦးလေးသုံးလည်း အမြန် ကျော်ကြည့်လိုက်ရာ အဆုံးအထိ အားလုံးက နှင်းပွင့်တွေပဲ ဖြစ်နေသည်။ 


“ဘာတွေဖြစ်နေတာလဲ” 


ဦးလေးသုံး ဒေါသအနည်းငယ် ထွက်လာသည်။ လျှပ်စစ်ပစ္စည်းတွေနဲ့ တွဲနေရတာ အဆင်မပြေပါဘူး။ တိပ်ခွေ ဆွဲထုတ်ပြီး ကြည့်လိုက်တော့လည်း အနာတရတွေ မတွေ့ရရာ ဘာတွေဖြစ်နေလဲ မသိအောင် ဖြစ်သွားသည်။ 


“ရေထိသွားတာလား”


ဗွီဒီယို၏ အဆက်အစပ်ကို သုံးသပ်ကြည့်လျှင် ၎င်းနောက်ကွယ်တွင် အကြောင်းအရာများ ရှိသင့်သော်လည်း ယခုအခါ ရုတ်တရက် နှင်းပွင့်များအဖြစ်သို့ ပြောင်းလဲသွားကာ သိသာထင်ရှားစွာ မျောပါသွားခဲ့သည်။


တိပ်ခွေကို ယူလာကတည်းက မထိသေးဘဲ ဗွီဒီယို အသံဖမ်းစက်ကိုသာ အရင် ဝယ်ထားလိုက်သည်။ ဒါကြောင့် အမှားအယွင်း မရှိနိုင်ပေ။ တိပ်​ခွေကို မပို့ခင်က ရည်ရွယ်ချက်ရှိရှိဖြင့် အနောက်ပိုင်းတွေကို ဖြတ်တောက်ခဲ့လိမ့်မည်။ ဒါဆိုဘာလို့ ရှေ့ပိုင်းကို မဖြတ်ခဲ့တာလဲ။ မယုံနိုင်လောက်စရာ ကောင်းတဲ့ အရာတွေ ရှိနေလို့လား။ နောက်ကွယ်က အကြောင်းအရာက သူတို့ကြည့်လို့ မဖြစ်လို့လား။ 


ဦးလေးသုံးနဲ့ ဝူရှဲ့မှာ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း စိတ်ရှုပ်သွားကြသည်။ မျက်နှာသေက ဘာကိုဆိုလိုချင်တာလဲ။ သူတို့ကို နောက်နေတာလား။ ဒါက မဖြစ်နိုင်ပါဘူး။ ဒီကောင်က ဒီလောက်ပျင်းစရာ ကောင်းတာ စနောက်တာမျိုး လုပ်မယ်လို့ မထင်ပါဘူး။


ဦးလေးသုံးက ခဏလောက်စဉ်းစားပြီး တိပ်ခွေကို ပြန်ထည့်ခိုင်းသည်။ ပြန်ကြည့်ရင်း အခုနတုန်းက ရှာမတွေ့လိုက်တဲ့ တစ်ခုခုရှိမရှိ ကြည့်ဖို့ ပြောသည်။ ရှေ့က အပိုင်းဟာ တစ်ခုပဲရှိနေလို့ အနီးကပ်မကြည့်မိရင် အပြစ်ရှိသလို ခံစားသွားရလိမ့်မည်။ 


ဒီတစ်ခါတော့ စက္ကန့်တိုင်း စက္ကန့်တိုင်း သတိထား ကြည့်မိ​​​နေတော့ အခန်းထဲ လုံးဝတိတ်ဆိတ်သွားတယ်။ မျက်လုံးတွေ အားကောင်းပေမယ့် တီဗီက ပေါက်ကွဲသွားတော့မလိုပင့။ သို့သော် တောက်လျှောက်ကြည့်ပြီးနောက် သူတို့မျက်လုံးများပါ သွေးထွက်လာသလို ကျိန်းစပ်လာ၏။ ခက်တာက သူတို့ရဲ့ စိတ်ဝင်စားမှုကို နိုးထစေနိုင်တဲ့ ဘယ်သဲလွန်စကိုမျှ မတွေ့ရှိခဲ့သေးပေ။ 


နောက်ဗီဒီယိုတိပ်ခွေ တစ်ချပ်ကို ဖွင့်ကြည့်ပေမယ့် ဒီတစ်ခါတော့ ပိုလို့တောင် ဒေါသထွက်လာရလေ၏။ နှင်းပွင့်တွေကို နှစ်ကြိမ်လောက် အပြန်ပြန် အလှန်လှန် ကြည့်နေခဲ့ရရာ မူးဝေလာသလိုပင် ဖြစ်လာသည်။ 


တိပ်ခွေကို ပထမဆုံးအ​ကြိမ် ကြည့်တုန်းက အရမ်း စိတ်လှုပ်ရှားခဲ့ပေမယ့် ကြည့်ပြီးသွားတော့ အရမ်းစိတ်ပျက်ပြီး စိတ်လည်း ရှုပ်သွားရသည်။ ပထမတော့ ကြေးတံခါးအတွင်းက ဖြစ်ပျက်နေတာကို မြင်နိုင်မယ်လို့တောင် ထင်မိပေမယ့် မထင်မှတ်ထားတဲ့ အရာက အတွင်းထဲမှာ ဒီလို တုန်လှုပ်ချောက်ချားစရာ မြင်ကွင်းတစ်ခု ရှိနေတာပါပဲ။


စက်ပိတ်ပြီးနောက် ဦးလေးသုံးနဲ့ ဝူရှဲ့မှာ ဘာဖြစ်သွားမလဲ သိချင်လာသည်။ သို့သော် သူတို့နှစ်ဦးသည် အချိန်အတော်ကြာ တွေးတောခဲ့ကြပြီး ယင်းကိစ္စနှင့် စတင်ရှာဖွေရန် နေရာမရှိကြောင်းသာ တွေ့ရှိခဲ့ရသည်။


မနေ့ကတွေ့တဲ့ အချက်အလက်ကို ဝူရှဲ့ ဦးလေးသုံးအား ပြောပြခဲ့သည်။ ဒီတိပ်ခွေက ချင်းဟိုင်ပြည်နယ်၊ ကောအာမုကနေ လာတာ။ ဒါကြောင့် မျက်နှာသေက ချင်းဟိုင်ကနေ သူတို့ဆီ ပို့လိုက်တာလို့ ပြောလို့ရပါသည်။ ဒါကြောင့် သူအခု ကောအာမုမြို့မှာ ရှိနေလိမ့်မည်။ ဤတိပ်ခွေနှစ်ခွေကို ကောအာမုမှာ တွေ့ခဲ့တာလို့ ယူဆနိုင်လား။ အဲဒါပြီးတော့မှ သူတို့ထံ ပေးပို့လာခဲ့တာလား။


ဒါက လုံးဝ မသေချာပေမယ့် ဒီတိပ်ခွေကနေ သိနိုင်တာ တစ်ခုကတော့ ရေငုပ်သင်္ဘော ဂူသင်္ချိုင်းထဲမှာ ပျောက်ကွယ်သွားခဲ့တဲ့ လူတစ်စုဟာ မသေဘူးဆိုတာ ထင်ရှားနေတာပါပဲ။ ၁၉၉၀ ခုနှစ်တွေမှာ သူတို့ အသက်ရှင်နေသေးပေမယ့် သူတို့ရဲ့ အပြုအမူက အနည်းငယ်တော့ မူမမှန်ပါဘူး။ ဒီလူအများစုဟာ တိမ်ထိပ် ကောင်းကင်နန်းတော်မှာ သေဆုံးသွားတာ ဖြစ်နိုင်၏။ အဲဒီအထဲမှာ ဝမ်ကျင်လည်း ပါနေမှာစိုးလို့ ဦးလေးသုံးကို မပြောခဲ့ပါဘူး။


အဲဒီ့နောက်မှာတော့ တိပ်ခွေကို အကြိမ်အနည်းငယ် ကြည့်ခိုင်းခဲ့ပေမယ့် ပြဿနာကို မမြင်နိုင်ခဲ့ပါဘူး။ ဦးလေးသုံးက ဗီဒီယိုကို ဆက်ကြည့်ချင်တာကြောင့် ဝူရှဲ့လည်း အိပ်ရေးဝအောင် အိပ်ဖို့ ကိုယ့်အခန်းကို ပြန်သွားခဲ့သည်။ နောက်တော့ ဦးလေးသုံး တိပ်ခွေကို ကူးပြီး မူရင်းကို ဝူရှဲ့ဆီ ပြန်ပေးလာခဲ့သည်။ သူက ရက်အနည်းငယ်ကြာ လေ့လာပြီးနောက် ဖန့်ကျစ်က ဦးလေးသုံး နိုးလာကြောင်း ကြားတာကြောင့် ကျီလင်ကို လာနေပြီမို့ သွားကြိုမယ်လို့ ပြောလေ၏။


ယခုတစ်ကြိမ်တွင် ဦးလေးသုံး၏ လုပ်ငန်းမှာ ဆုံးရှုံးမှု ကြီးကြီးမားမား ကြုံတွေ့ခဲ့ရပြီး စာရေးများကလည်း ဖမ်းမိသူက ဖမ်းမိ၊ ထွက်ပြေးလွတ်မြောက်သူကလည်း လွတ်မြောက်သွားရာ ချောင်ရှားတွင် ဦးလေးသုံးရဲ့ အဆင့်အတန်းလည်း ကျဆင်းသွားခဲ့သည်။ သို့သော် ဦးလေးသုံး ကိုယ်တိုင်ကတော့ ဂရုမစိုက်ခဲ့ပေ။ သူ့အတွက် ငွေသည် သင်္ကေတတစ်ခုသာ ဖြစ်သည်။ 


မထွက်သွားခင်မှာ ဦးလေးသုံးက ပြောခဲ့သည်။ ဒီကိစ္စက ဆက်ဖြစ်ရင် စိတ်မပူနဲ့၊ သွားမကြည့်နဲ့၊ အရင်ကတော့ လုံးဝ ကံကောင်းခဲ့ရုံသာ ရှိ၏။ သူ့ပတ်ဝန်းကျင်မှာက ကာကွယ်ပေးမယ့် မြင့်မြတ်တဲ့သူတွေ ရှိတယ်။ ဘု​ရား​သ​ခင်​ကလည်း သူ့ကို အ​ကြာ​ကြီး​ စောင့်​ရှောက်ပေးမှာ မဟုတ်လို့ ဆိုင်​မှာပဲ ကောင်းကောင်း​ အလုပ်လုပ်​ရင်း အမွေဥစ္စာ​ကို ထိန်း​ထား​ရ​မယ်လို့ ဆိုလေသည်။ 


ဝူရှဲ့ အပြင်ပန်းက ခေါင်းတညိတ်ညိတ် လုပ်နေပေမယ့် စိတ်ထဲကတော့ အဆင်ပြေမယ်လို့ ထင်လားဟု အော်ဟစ်နေ၏။ ဦး​လေးလို ဘဝမျိုးကို ခံနိုင်ရည်ရှိဖို့ ကြိုးစားနေရင် သူ့မှာ အသက်မရှိတော့မှာကိုတောင် ကြောက်ရသည်။


နောက်ထပ် အမှာစကား အနည်းငယ်ဆို၍ ဦးလေး ထွက်သွားပြီးနောက် သူလည်း ဟန်ကျိုးသို့ ပြန်သွားရန် စီစဉ်နေလိုက်သည်။ သို့သော်လည်း ကျီလင်တွင် ကောင်းကောင်းလည်ပတ်တာမျိုး မရှိသောကြောင့် အချိန်ကို ရက်အနည်းငယ်ရွှေ့လိုက်ပြီး အနီးနားရှိ သူငယ်ချင်း တချို့ကို ဦးစွာ ဆက်သွယ်ကာ အနားယူလိုက်သည်။ ဒုတိယအချက်ကတော့ ကျီလင်ဟာ ရှေးရှေးတုန်းက အကြောင်းတွေကို ပြန်အမှတ်ရစေလေသည်။ 


သူ့ရဲ့ ကောလိပ် အတန်းဖော် တချို့က ချောင်ချွန်းမှာ ရှိနေတာကြောင့် သူတို့တီ အပြေးအလွှား လျှောက်သွားရင်း အတိတ်က အဖြစ်အပျက်တွေ အကြောင်း စကားစမြည် ပြောကြရာ သူ့စိတ်တွေ တဖြည်းဖြည်း ကြည်လင်လာသည်။ နောက်တော့ ပတ်ဝန်းကျင်မြို့တွေကို လမ်းလျှောက်ထွက်ပြီး ရှေးဟောင်းဈေးကို သွားလည်ရင်း ရှေးဟောင်းပစ္စည်း တချို့ကိုလည်း ကူရွေးပေးခဲ့သေးသည်။ 


ကိစ္စတော်တော်များများကို ဖြတ်သန်းပြီးနောက်မှာတော့ နည်းနည်းလေး အလွတ်သဘော ဖြစ်လာ၏။ ပိုက်ဆံတွေကလည်း တဖြည်းဖြည်းနဲ့ လျော့လာပြီး သူငယ်ချင်း တော်တော်များများကလည်း ဝူရှဲ့ရဲ့ ပြောင်းလဲမှုကြောင့် အံ့အားသင့်သွားခဲ့ရသည်။


တစ်ခါက ညစာစားပြီးချိန်မှာ အံ့သြစရာကောင်းစွာ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို အဲဒီလူတွေဆီ ပြန်ပြောပြခဲ့သည်။ ကြွားလုံးထုတ်တယ်လို့ ယူဆလို့လည်း ရပါသည်။ စကားပြောပြီးတဲ့အခါ ဘယ်သူကမှ သူ့ကို မယုံကြပေ။


"ပင်လယ်အောက်ခြေကို သွားတဲ့ လူတွေဆိုတာ မင်းငါ့ကို စစ်ဆေးခိုင်းတဲ့ ဓာတ်ပုံလား "


ဝူရှဲ့လည်း သူပြောတာကြားတော့ အင်တာနက်မှာ “ငါးက ငါ့ဆီမှာ” ဟူသော စကားလုံးဖြင့် ဓာတ်ပုံတစ်ပုံကို အရင်က အင်တာနက်မှာ တွေ့ဖူးတာကို သတိရသွားသည်။ အဲဒီအချိန်မှာတုန်းက အဲဒီလူကို စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ ကျီလင်မှာ ရှိတဲ့ အွန်လိုင်းပေါ် စစ်ဆေးခဲ့ပေမယ့် ဘာရလဒ်မှ မရလာခဲ့ပေ။ 


အခုစဉ်းစားကြည့်တော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အင်တာနက်ဟာ တကယ်ကို ဖွံ့ဖြိုးလာခဲ့တာ ထူးဆန်းပါ၏။ ဘယ်သူကများ စတင်ခဲ့တာလဲ။


အခုမှ သတိရလိုက်တာနဲ့ တွေ့တာရှိသေးလားလို့ မေးလိုက်သည်။ အဲဒီလူက ခေါင်းခါပြပြီး သူ့စိတ်ထဲမှာ ဓာတ်ပုံက စွဲလမ်းမနေခဲ့တာကြောင့် အာရုံမစိုက်ထားကြောင်း ဆိုလေသည်။ 


“ဒီလိုပုံတွေက သာမန်ဆန်ပြီး အရမ်းဟောင်းလွန်းတယ်... အဲဒီခေတ်က အချက်အလက်တွေကို အွန်လိုင်းမှာ မရနိုင်ဘူး... လိပ်စာက စစ်ဆေးလို့ရတဲ့ တစ်ခုတည်းသော အရာပဲ... တကယ်စစ်ချင်တယ် ဆိုရင်တော့ အမျိုးသား မော်ကွန်းတိုက်ကို သွားပြီးတော့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က လူ ၁၁ ဦးပါတဲ့ ရှေးဟောင်း သုတေသနအဖွဲ့ ပျောက်ကွယ်သွားတယ် ဆိုတာကို ရှာဖွေနိုင်တယ်"


ဝူရှဲ့က ခဏလောက် စဉ်းစားကြည့်ပြီး အဓိပ္ပာယ် ရှိတယ်လို့ မှတ်ချက် ပေးလိုက်သည်။ ထိုစဥ် ဘေးကတစ်ယောက်က ဝူရှဲ့လက်​မောင်းကို လှမ်းရိုက်လိုက်ကာ။ 


"မင်း မှားနေပြီ... ဓာတ်ပုံလည်း မြင်ဖူးသားပဲဟာ လူဆယ်ယောက်ပဲလေ" 


အဲဒီလူက ခေါင်းခါပြီး “မဟုတ်ဘူး... လူ ၁၁ ယောက်လောက် ရှိမယ်ထင်တယ်” 


ရုတ်တရက် ဝူရှဲ့ရဲ့ နှလုံးခုန်သံတွေ မြန်လာပြီး ကမန်းကတမ်း ပြန်မေးလိုက်သည်။ 


"ဘာလို့လဲ" 


အဲဒီလူက ပြုံးပြီး "ဓာတ်ပုံထဲမှာ လူဆယ်ယောက် ရှိတယ်... ဒါပေမဲ့ ဓာတ်ပုံရိုက်တဲ့လူက အထဲမှာ မရှိဘူးလေ.... မင်းတို့ အဲဒါကို မမျှော်လင့်ထားဘူးမလား"