(5) ရှီးရှားက အမှန်တရား
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ရွှံ့မြွေတစ္ဆေမြို့တော် (ပထမပိုင်း)



Chapter (5)

ရှီးရှားက အမှန်တရား



ချိုသဲ့ခေါင်ရဲ့ ဇာတ်ကြောင်းက ဒီနေရာမှာပဲ ပြီးဆုံးသွားပါ​ပြီ။ နောက်ပိုင်း ကိစ္စတွေကတော့ ရှဲ့လျန်းဟွမ် ဦးလေးသုံးကို ရှာတွေ့ပြီးနောက် ဖြစ်ပျက်ခဲ့တာတွေပဲ ဖြစ်သည်။ 


သူ့ပြောပြချက်က ဒီကိစ္စရဲ့ဇစ်မြစ်ကို ရှင်းရှင်းလင်းလင်း နားလည်စေတယ်လို့ ပြောလို့ရပါသည်။ ဦးလေးသုံးဟာ ဒီကိစ္စမှာ သူ ဒီလောက်စောစီးစွာ ပါဝင်မိလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့သလို အားနင်တို့ ကုမ္ပဏီနဲ့ ဝူမိသားစုကြားက ဆက်ဆံရေးကလည်း ဒီလောက်အထိ နက်နဲနေလေသည်။ 


ဦးလေးသုံးတစ်ယောက် အသက်ရှုကြပ်သွားပြီး ခေတ္တနားနေ၏။ သူက ဝူရှဲ့အား မေးခွန်းတွေရှိလား ဒါမှမဟုတ် မယုံတာတစ်ခုခု ရှိလား မေးချင်ရင်တော့ အခုပဲ မေးကြည့်နိုင်တယ်လို့ ဆိုလေသည်။ 


ဒါက ဒေါသကြီးတဲ့ စကားလုံးတွေဆိုတာ ဝူရှဲ့လည်း သိပါသည်။ အခုနတုန်းက သူ့ကို မယုံတော့တာကို စိတ်ပူနေတုန်းပဲ ထင်ပါရဲ့။ ဒါကို တွေးပြီး မယုံရင် ဘာမှ မပြောနိုင်ဘူးလို့ ဦးလေးသုံးမှ ဆုံးဖြတ်လိုက်သည်။ ဒါပေမဲ့ ဝူရှံအတွက်ကတော့ မသေချာတဲ့ အချက်တချို့တော့ ရှိနေသေးသည်။


ချိုသဲ့ခေါင်နဲ့ ရှဲ့လျန်းဟွမ်တို့ဟာ အချိန်အတော်ကြာ အဆက်အသွယ် ရှိခဲ့တာကို သူတို့ သိထားကြပါသည်။ အဲဒီအချိန်က တွေ့ဆုံမှုဟာ ပြန်လည် ဆုံဆည်းမှုသာ ဖြစ်တယ်လို့ ပြောလို့မရပေ။ နောက်ပိုင်းမှာ သိလာရတဲ့ အကြောင်းအရင်းအရ ချိုသဲ့ခေါင် ရှဲ့လျန်းဟွမ်ဆီကို လာရတဲ့ ရည်ရွယ်ချက်က သူ့ကို ဝမ်းကျင်တို့ အဖွဲ့ထဲ ဝင်စေချင်တာ ဖြစ်နိုင်သည်။ 


ရှေးဟောင်း သုတေသနအဖွဲ့က ရှီးရှားကို သွားကြမှာဖြစ်ကာ ရှဲ့လျန်းဟွမ်ဟာ ပင်လယ်ကြမ်းပြင်က ဝမ်းချောင်ဟိုင်ရဲ့ သင်္ချိုင်းကို သွားပြီးတော့ သူ့အတွက် တစ်ခုခု ထုတ်ယူလာစေသည်။ အဲဒီအရာဟာ ဝမ်းချောင်ဟိုင် အရှေ့ရှအင်ပါယာရဲ့ လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားတဲ့ မြွေမျက်ခုံးငါးကြေးရုပ်ပဲ ဖြစ်နိုင်ပါသည်။ 


ချိုသဲ့ခေါင် သွေးအလောင်းသင်္ချိုင်း၏ အခြေအနေကို သိရှိထားတာက ဦးလေးသုံးကိုယ်တိုင်က ယင်းအကြောင်းကို သတိမထားမိဘဲ ပြောခဲ့လိုပင်။ လျှို့ဝှက်နေရာဖြစ်သည့် ပင်လယ်​ရေအောက် ဂူသင်္ချိုင်းကို ဘယ်လို သိသွားတာလဲ။ ဦးလေးသုံးကပဲ သူ့ကိုပြောခဲ့တာ ဖြစ်နိုင်လား။ ဒါ​တော့ မဖြစ်နိုင်ဘူး။


ဦးလေးသုံး၏ စကားအရ ဤအရာအားလုံး၏ မူလအစမှာ စစ်မတ်ကာလ ပိုးထည်အက္ခရာများ ဖြစ်သည်။ သို့သော် ရှီးရှားက ဝမ်းချောင်ဟိုင်သည် စစ်မတ်ကာလ ပိုးထည်အက္ခရာများနဲ့ ဘယ်လိုလုပ်ပြီး ပတ်သက်နေတာလဲက စဥ်းစားစရာပင်။


ဤမေးခွန်းများကို မေးလိုက်သောအခါ ဦးလေးသုံးသည် ခေါင်းတစ်ချက် ညိတ်ရင်း ပြောပြလေ၏။ 


"အဓိကအချက်ကို တွေးမိသွားပြီပဲ... ချိုသဲ့ခေါင်က ရှဲ့လျန်းဟွမ်ကို ရှေးဟောင်းသုတေသန အဖွဲ့ထဲကို ဝင်စေချင်ခဲ့တာတော့ အမှန်ပဲ... ဒါပေမဲ့ မင်းရဲ့ထင်မြင်ယူဆချက်က တစ်ဝက်ပဲမှန်တယ် ရှဲ့လျန်းဟွမ်ရဲ့ တာဝန်က ရှေးဟောင်းသင်္ချိုင်းထဲက မြွေမျက်ခုံးငါးကြေးရုပ် အတွက်တင် မဟုတ်ဘဲ ခေါင်းတလားထဲက အလောင်းကို ဓာတ်ပုံရိုက်ဖို့ပဲ"


ဘာ့ကြောင့် ဒီလိုလုပ်ရတာလဲဆိုတဲ့ အကြောင်းကိုတော့ နိုင်ငံခြားသားက ပြောဖို့ ငြင်းဆိုခဲ့ပါသည်။ တစ်ချိန်တည်းမှာပဲ ဝမ်းချောင်ဟိုင်ရဲ့ အုတ်ဂူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သူဘယ်မှာ ရခဲ့တာလဲ ဆိုတာကိုလည်း ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုခဲ့ပါ၏။ ဦးလေးသုံး သူ့ကို မေးတဲ့အခါတိုင်း သူက တရုတ်စကားပုံဟောင်းကို အသုံးပြုပြီး လျှို့ဝှက်ဆန်းကြယ်ဟန် ဆောင်ခဲ့သည်။ 


"လျှို့ဝှက်ချက်ကို မထုတ်ဖော်ရဘူး"


“ဒါပေမဲ့...” ဦးလေးသုံးက ခဏရပ်ပြီး။ 


“နောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတချို့ကနေ တစ်ခုခုကိုတော့ အနည်းအများ မှန်းဆလို့ရတယ် အဲဒါက အဓိပ္ပာယ်ရှိမရှိ မင်း နားထောင်​ကြည့်လို့ ရတယ်”


ဝူရှဲ့ ခေါင်းညိတ်ပြီး ဟုတ်ကဲ့လို့ ပြောတော့ သူက ကုတင်ပေါ်မှာ ထိုင်၍ အစက်အပြောက်လေးတွေကို လက်နဲ့ဆွဲပြလေသည်။ 


"ငါ တစ်ခါတုန်းက စဉ်းစားဖူးတယ်။ အဲ့နိုင်ငံခြားသားက တရုတ်နိုင်ငံကို ပြန်လာပြီးနောက်ပိုင်း တစ်နှစ်အတွင်း ရှီးရှားကိုပဲ အာရုံစိုက်ထားခဲ့တယ်... အဲဒီအချိန်ကျမှ ပင်လယ်​ရေအောက် ဂူသင်္ချိုင်း တည်ရှိတဲ့အကြောင်း သူသိခဲ့တာ... အဲဒီနှစ်မှာပဲ ရှဲ့လျန်းဟွမ် ဒီအချက်အလက်ကို ရနိုင်စေခဲ့တာ... ဒီကိစ္စတွေက တစ်နှစ်တာအတွင်းမှာပဲ ဖြစ်ပျက်ခဲ့တာ ဖြစ်မယ်"


"ဒါပေမဲ့ အဲဒီအချိန်မှာတုန်းက ချိုသဲ့ခေါင် အရမ်းစိတ်လှုပ်ရှား နေတယ်ဆိုတာ ငါတို့သိတယ်... ပင်လယ်ကြမ်းပြင်မှာ ရှေးဟောင်းသင်္ချိုင်းတစ်ခု ရှိတယ်ဆိုတာ သူသိထားလို့ ချက်ချင်း စိတ်အားထက်သန်သွားတာက တစ်ခုခုကို မြှုပ်နှံခဲ့တာ သိလို့ဆိုတာ မဖြစ်နိုင်ဘူး.... သူ့လို လူတွေကို ဆွဲဆောင်ဖို့ သူအာရုံစိုက်ထားတဲ့ တစ်ခုတည်းသော အရာက စစ်မတ်ကာလ ပိုးထည်စာအုပ်တွေနဲ့ သက်ဆိုင်လောက်တယ်... ဒါဆိုရင် ဒီကိစ္စက စစ်မတ်ကာလ ပိုးထည်စာအုပ်တွေနဲ့လည်း သက်ဆိုင်တယ်လို့ ကောက်ချက်ချနိုင်တယ်။ ချိုသဲ့ခေါင်ကို ပထမဆုံး ဆွဲဆောင်ခဲ့တာက စစ်မတ်ကာလ ပိုးထည်ပဲ... အဲဒါပြီးတော့မှ ပိုးထည်နဲ့ ဆက်နွယ်နေတဲ့ ရှီးရှားကို သတိပြုမိသွားတာ"


"ဒီအရာက ဘာလဲဆိုတာ မှန်းဆဖို့ မဖြစ်နိုင်ပေမယ့် နောက်ဖြစ်လာမယ့် အဖြစ်အပျက်တွေအပေါ် အခြေခံရင် ဒီနိုင်ငံခြားသားက လူတစ်ယောက်နဲ့ တွေ့ထားတယ်လို့ ငါ ခံစားရတယ်... အဲဒီလူက ရေအောက်သင်္ချိုင်းထဲကို ဝင်ပြီး ချိုသဲ့ခေါင်ကို ကူညီခဲ့တာ ဖြစ်နိုင်တယ်...ပိုးထည်စာထဲက လျှို့ဝှက်ချက် ဖြစ်တဲ့ ကြယ်မြေပုံရဲ့ အဓိပ္ပာယ်ကို နားလည်ပြီးတော့ ဝမ်းချောင်ဟိုင်ရဲ့ ရှေးဟောင်းသင်္ချိုင်းကြားက ဆက်စပ်မှု ရှိနိုင်တာကို သူတွေ့ခဲ့လိမ့်မယ်... အဲဒါကြောင့် ချိုသဲ့ခေါင်ရဲ့ စိတ်ဝင်စားမှုက ရှီးရှားဆီကို ပြောင်းသွားစေခဲ့တာ.... ပြီးတော့ ရှဲ့လျန်းဟွမ်ကို ရှေးဟောင်း သုတေသနအဖွဲ့ထဲ ဝင်ဖို့ ကြိုးစားခိုင်းခဲ့တယ်"


"တခြားအရာ မဟုတ်ဘဲ လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်လို့ ဘာလို့ ဒီလောက်သေချာနေတာလဲ" 


ဝူရှဲ့ မေးလိုက်သည်။


"အဲဒါက အချက်အလက်တွေကြောင့်ပဲ... ချိုသဲ့ခေါင်ရဲ့ ရှေးဟောင်းသင်္ချိုင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေက အသေးစိတ်ပြီး တိကျလွန်းတယ်...လူတစ်ယောက်က ဝင်သွားပြီး အချက်အလက်တွေ ထုတ်ခဲ့တာ ဖြစ်မယ်..."


ဝူရှဲ့ ခေါင်းညိတ်လိုက်သည်။ ဒါက အဓိပ္ပာယ်ရှိ​လေသည်။ ဒါပေမဲ့ စစ်မတ်ကာလရဲ့ ပိုးထည်ထဲက ကြယ်မြေပုံဟာ မင်မင်းဆက်ရဲ့ ရှေးခေတ်သင်္ချိုင်းတွေနဲ့ ဆက်စပ်နေတဲ့အတွက် နည်းနည်းတော့ မယုံနိုင်စရာပါပဲ။ တျယ်မန်ရှန်းသည် ဤဇာတာအား ကြည့်ရှုပြီး အနှစ်တစ်ထောင် အကြာတွင် ထိုနေရာ၌ လုပ်ဖော်ကိုင်ဖက် တစ်ဦးသည် သင်္ချိုင်းတစ်ခု ဆောက်မည်ဟု ဟောကိန်းထုတ်ခဲ့ခြင်းများ ဖြစ်နိုင်ပါ့မလား။


ကြယ်တွေက ဒီလိုအသေးအဖွဲ့ အရာတွေကို ကြိုတင် ခန့်မှန်းနိုင်ရင်တောင် အခု ပျောက်သွားမှာကို ကြောက်ရတယ်လေ။ ဒါကိုတော့ သေချာ စိစစ်ဖို့ လိုပါသေးတယ်။


ရှီးရှားက အဖြစ်အပျက်တစ်ခု ပေါ်ပေါက်လာပြီးနောက် ကိစ္စတစ်ခုလုံးက ပရမ်းပတာ ဖြစ်သွားခဲ့သည်။ ရှီးရှားကို သွားတဲ့ ရှေးဟောင်း သုသေသနအဖွဲ့မှာ ဦးလေးသုံး တစ်ယောက်တည်း ပြန်ထွက်လာနိုင်ခဲ့သည်။ ချိုသဲ့ခေါင်လည်း ဦးလေးသုံး လူတိုင်းကို သတ်ပစ်သည်ဟု ထင်မှတ်ခဲ့နိုင်သည်။ 


သို့သော်လည်း ဦးလေးသုံး၏ နောက်ဆက်တွဲ အပြုအမူကို ကြည့်ပြီး ဦးလေးသုံး ကိုယ်တိုင်မှာလည်း ဘာဖြစ်နေမှန်းကို မသိခဲ့ဘဲ တစ်ခုလုံးသည် ကြီးမားသော ပဟေဠိအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ဒီကိစ္စရဲ့ အမှန်တရားက ဦးလေးသုံးပြောတာ အပေါ်မှာပဲ မူတည်နေသည်။ 


ခဏလောက် အနားယူပြီးနောက် ဦးလေးသုံးသည် လက်ဟန်ခြေဟန်ဖြင့် စကားဆက်ပြောရန် အသင့်ပြင်လာသည်။


သူ ပထမဆုံး အသက်ရှုသွင်းလိုက်၏။ စိတ်ခံစားချက်ကို ပြောင်းလဲဖို့ ကြိုးစားနေတာ သိသာပါသည်။ ခုနက ပြောခဲ့တာက ချိုသဲ့ခေါင်အတွက် နာကျင်စရာ ဘာမှ မရှိပါဘူး။ အခုပြောပြချင်တာက သူ့ရဲ့ ကိုယ်တွေ့ အတွေ့အကြုံ ဖြစ်လိမ့်မည်။ 


သူက အသက်ရှုသွင်းပြီးနောက် သူ့မျက်နှာမှာ မည်းမှောင်လာပြီး လေသံက နှေးကွေးကာ ချီတုံချတုံ ဖြစ်လာသည်။ အဲဒါကို တွေးပြီးတာနဲ့ သူက ဆိုလေသည်။ 


"အရင်က ပြောခဲ့သလိုပဲ ရှီးရှားနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တချို့ ရှိ​သေးတယ်... ကျီးနန်မှာ ဆေးရုံတက်တုန်းက မင်းရဲ့ဦးလေးသုံးငါ မင်းကို လိမ်ညာခဲ့တယ်.... ဒါပေမဲ့ ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူး အမြဲတမ်း စိတ်ပူနေခဲ့ရတာ... နောက်တစ်ခါ ထပ်မပြောချင်တော့ဘူး မင်း ငါ့ကို နားလည်ပေးရမယ်"


ဝူရှဲ့ ခေါင်းညိတ်ပြီး ​ပြန်မဖြေလိုက်ပါဘူး။ ဦးလေးသုံး သူ့ကို လိမ်တာ သူသိနေပါပြီ။ ဝူရှဲ့ သူ့ကို အပြစ်မတင်ချင်ဘူး။ အမှန်တရားကို သိချင်ရုံပဲ။


ဦးလေးသုံးက ရေတစ်ငုံသောက်ပြီး ဆက်ပြောသည်။ 


“တကယ်တော့ အဲဒီအချိန်တုန်းက ပင်လယ်အောက် ဂူသင်္ချိုင်းကို ရှာတွေ့ခဲ့တာက ငါ့ရဲ့ ဇာတ်ဝင်ခန်းတစ်ခုပဲ.... အဲဒီနေ့မတိုင်ခင်က ငါနဲ့ ရှဲ့လျန်းဟွမ် အဲ့ထဲကို တစ်ကြိမ်ဝင်ဖူးတယ်... ငါဝင်ခဲ့တဲ့နေရာက နောက်ပိုင်း မင်းတို့ ဝင်ခဲ့တဲ့နေရာနဲ့ မတူတာ ဖြစ်ရမယ်... ဘာကြောင့်လဲဆိုတော့ ရှဲ့လျန်းဟွမ်မှာ အရမ်းအသေးစိတ်ကျတဲ့ အချက်အလက်တွေ ရှိတယ်... နိုင်ငံခြားသားရဲ့ ကော်မရှင်က အခေါင်းတလားကို ပစ်မှတ်ထားရတာ ဖြစ်လို့ ရှဲ့လျန်းဟွမ် သွားရမယ့်နေရာက ဝမ်းချောင်ဟိုင်ရဲ့ ရုပ်အလောင်းကို တင်ထားတဲ့ အခန်းပဲ ဖြစ်မယ်"


“သင်္ချိုင်းသုံးခုရဲ့ အလယ်ကဟာကို ဆိုလိုတာလား”


ဝူရှဲ့ ပင်လယ်အောက် ဂူသင်္ချိုင်းရဲ့ ဖွဲ့စည်းပုံကို ပြန်ပြောင်း သတိရမိသွားသည်။ ဦးလေးသုံးက ခါးခါးသီးသီး ပြုံးပြီး ခေါင်းယမ်းလိုက်သည်။ 


"မဟုတ်ဘူး မင်းပြောတဲ့နေရာက ရှေးခေတ်သင်္ချိုင်းရဲ့ ပထမထပ်ပဲ... ဒီသင်္ဘောပျက် သင်္ချိုင်းရဲ့ အရွယ်အစားက မင်းစိတ်ကူးထားတာထက်တောင် ကျော်လွန်နေပြီ ဝမ်းချောင်ဟိုင်ရဲ့ ရုပ်အလောင်းက ရှေးခေတ်သင်္ချိုင်းရဲ့ အောက်ခြေမှာ နစ်မြုပ်နေတာ...အဲဒါက အရမ်းထူးဆန်းတဲ့ အခြေအနေတစ်ခုပဲ… စကားလုံးနဲ့ ဖော်ပြရခက်တယ်”


ထိုအချိန်တုန်းက ချိုသဲ့ခေါင်ထံမှ ရှဲ့လျန်းဟွမ် ရရှိခဲ့သော အချက်အလက်များမှာ အလွန်အသေးစိတ် ကျပါသည်။ တစ်ချိန်တည်းမှာပင် ချိုသဲ့ခေါင်သည် ရှဲ့လျန်းဟွမ်အား အမေရိကန်ကင်မရာများနှင့် လက်နှိပ်ဓာတ်မီးများကို မိတ်ဆက်ပေးခဲ့သည်။ ထိုခေတ်ရဲ ကမ္ဘာ့အဆင့်မီဆုံး မော်ဒယ်တစ်ခု ဖြစ်ကာ အလွန်ကျစ်လျစ်ပြီး ရေစိမ်ခံနိုင်သည်ဟု ဆိုသည်။


ရှေးဟောင်းသုတေသန အဖွဲ့မှ စစ်ဆေးထားသော သန္တာကျောက်တန်း၏ ဘယ်ဘက် မိုင်တစ်ဝက်ခန့်ဟာ သဲသောင်ကျောက်တန်းဟု ဒေသခံများက ခေါ်ဝေါ်သော လျှို့ဝှက်သန္တာ ကျောက်တန်း သစ်တောကြီး ဖြစ်ပြီး မရေမတွက်နိုင်သော အစက်အပြောင် သန္တာကျောက်တန်းများ ပါဝင်သော လျှို့ဝှက်သန္တာကျောက်တန်း သစ်တောတစ်ခု ဖြစ်ကြောင်း သတင်း အချက်အလက်များအရ သိရသည်။ 


ဤသန္တာကျောက်တန်းသည် ရေအောက်အထိ ဆက်စပ်နေပြီး ဧရာမသန္တာ ကျောက်တန်းများ၏ အစိတ်အပိုင်း ဖြစ်သည်။ ကျောက်ဆောင်တစ်ခုမှာတော့ ပင်လယ်ရေ မျက်နှာပြင်အောက်၌ တည်ရှိသော ရေဂူတစ်ခုရှိသည်။ ရေနည်းသည့် အချိန်၌သာ သဲလွန်စ တစ်ခုအနေဖြင့် ပေါ်ထွက်နေတတ်သည်။ သင်္ဘောနစ်မြုပ်ပြီး တံဆိပ်ခတ်ရမယ့် အုတ်ဂူ ရေမြုပ်သွားသောအခါတွင် ထိုနေရာကို လက်သမားများက အဝင်အထွက် အသုံးပြုသည့် လည်ပတ်ရေး ဆိပ်ကမ်းဖြစ်သည်။


အဲဒီကနေဝင်လိုက်ရင် သန္တာကျောက်တန်းတွေထဲကို ဝင်နိုင်​ပြီ။ ပင်လယ်ကြမ်းပြင်ပေါ်က နစ်မြုပ်သွားတဲ့ သင်္ဘောကြီးကို သန္တာကျောက်တန်းနဲ့ ပင်လယ်သဲတွေထဲမှာ မြှုပ်ထားလေ၏။ 


သန္တာကျောက်တန်း လှိုဏ်ဂူထဲကို ဝင်နိုင်​နေသရွေ့တော့ အောက်ဆင်းပြီး နစ်မြုပ်သွားတဲ့ သင်္ဘောရဲ့ အတွင်းပိုင်းကို ဝင်သွားနိုင်ပါသည်။ ဘယ်လို ရှေ့ဆက်ရမလဲနဲ့ သတိထားရမယ့် အချက်တွေကို အသေးစိတ် လမ်းညွှန်ချက်တွေ ပါရှိပါသည်။ ဒီရှေးဟောင်းသင်္ချိုင်းကို ချိုသဲ့ခေါင်ကိုယ်တိုင် ဒီဇိုင်းဆွဲထားသလိုပဲ အသေးစိတ်ကအစ သိနေလေသည်။ 


ထိုအသေးစိတ် အချက်အလက်များသည် သာမန်ရှေးဟောင်း စာရွက်စာတမ်းများပင် ဤအဆင့်သို့ မရောက်နိုင်ပေ။ ထို့ကြောင့် ဦးလေးသုံးသည် တစ်စုံတစ်ယောက်က ဤရှေးဟောင်း ဂူသင်္ချိုင်း အတွင်းသို့ ဝင်လာခဲ့​နိုင်သည်ဟု တွေးထင်ခဲ့တာ ဖြစ်သည်။ ထိုသူသည် ဝင်သွားသော်လည်း မအောင်မြင်သောကြောင့် ချိုသဲ့ခေါင်က နောက်တစ်ယောက်ကို ထပ်မံရှာဖွေရန် လိုအပ်ခဲ့၏။


ရှဲ့လျန်းဟွမ်သည် မူလက သူ့အတိုင်းအတာသူ သတိပြုမိသည်။ သူသည် မြေ​အောက်သို့ သွားရန် တောင်းဆိုမှုမှန်သမျှကို သဘောမတူခဲ့ပေ။ သို့သော် ချိုသဲ့ခေါင်ရဲ့ အတွေးကတော့ မတူညီပါ။ ပထမအချက်မှာ ရှဲ့လျန်းဟွမ်သည် သူ့အား အကြွေးတင်နေသယောင် ကြည့်သည်။ ဒုတိယအချက်မှာ လွန်ခဲ့သောနှစ်က ရှဲ့လျန်းဟွမ်သည် မိသားစုက လှုပ်ရှားမှုများစွာမှာ အကြိမ်ပေါင်းများစွာ ဝင်လုပ်ခဲ့သည်။ 


သူ့ရဲ့ ရဲစွမ်းသတ္တိနဲ့ အရည်အချင်းက အရင်ကနဲ့ မတူတော့ပါဘူး။ ဒါ့အပြင် ချိုသဲ့ခေါင်ရဲ့ လိုအပ်ချက်တွေက အရမ်းများနေပြီး အသက်အရွယ် အရပါ ထည့်တွက်ရမည့် မျက်ကန်း ယုံကြည်ချက်ကြောင့် နောက်ဆုံးတော့ မှားပြီး သဘောတူလိုက်မိသည်။ 


ဦးလေးသုံးသည် ရှဲ့လျန်းဟွမ်က နိုင်ငံခြားသားတစ်ဦးနှင့် ပတ်သက်နေမှန်း သိပြီးနောက် မူလက ရှဲ့လျန်းဟွမ်ကို ရှေးဟောင်းသုတေသန အဖွဲ့တွင် ပါဝင်ခြင်းအား ပြင်းပြင်းထန်ထန် ဆန့်ကျင်လိုခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် အရာများစွာ ဖြစ်ပျက်ခဲ့ပြီး ဦးလေးသုံးမှာ တစ်စုံတစ်ရာ မှားယွင်းလာသည်ဟု ခံစားလာရသည်။ 


ရှဲ့လျန်းဟွမ်ကနေ တစ်ဆင့် နိုင်ငံခြားသား၏ ရည်ရွယ်ချက် အစစ်အမှန်ကို သိရန်အတွက် ဦးလေးသုံး စွန့်စားခဲ့သည်။ သူသည် ဝမ်းကျင်ကို ဆွဲဆောင်ပြီး ရှဲ့လျန်းဟွမ်ကို ရှေးဟောင်း သုတေသနအဖွဲ့သို့ တမင်တကာ ဝင်ရောက်ခွင့်ပေးခဲ့သည်။ အပေါ်ယံတွင်မူ သူသည် ငြိမ်သက်နေသော်လည်း တကယ်တော့ ရှဲ့လျန်းဟွမ် ဘာလုပ်မလဲ ဆိုတာကို တိတ်တဆိတ် စောင့်ကြည့်နေခြင်း ဖြစ်သည်။ 


ထိုကဲ့သို့ ထူးဆန်းသော နည်းလမ်းဖြင့် ပေါ်ပေါက်လာသော အရာများသည် လျှို့ဝှက်ချက်များစွာ ရှိပါသေးသည်။ သို့သော်လည်း အရေးမကြီးပါ။ အသေးစိတ် အချက်များစွာကို မဖော်ထုတ်တော့ဘဲ ရှီးရှားမှာ ရှဲ့လျန်းဟွမ် မတော်တဆ ဖြစ်ခဲ့တဲ့ ညက အကြောင်းကိုသာ ပြောပြလာသည်။


ထိုနေ့သည် ရှေးဟောင်း သုတေသနအဖွဲ့၏ နောက်ဆုံးအဆင့်သို့ ဝင်ရောက်သည့် ပထမဆုံးနေ့ ဖြစ်သည်။ ကယ်ဆယ်ခြင်း လုပ်ငန်းသည် ပြီးလုနီးပါး ဖြစ်ပြီး အလုပ်က လွယ်ကူသောကြောင့် လူတိုင်း အိပ်ရာမဝင်မီ ဝိုင်အနည်းငယ်သောက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြသည်။


ရှဲ့လျန်းဟွမ် ဤအခွင့်အရေးကို စောင့်မျှော်နေခဲ့သူပင်။ အလုပ်မပြီးမီ ရက်အနည်းငယ်သာ ကျန်ရှိတော့သည်။ အခွင့်အရေးကို လက်လွတ်မခံနိုင်သလို နောက်ဘယ်တော့မှ ပြန်မရနိုင်တော့မှန်းလည်း သူသိသည်။ ထို့ကြောင့် လူတိုင်း အိပ်ပျော်သွားကြောင်း သေချာတော့မှ ဆီးထသွားဟန် ဟန်ဆောင်လိုက်သည်။ တကယ်တော့ အမှန်တရားကို ရှာဖွေဖို့ ကြိုးစားရင်း အခွင့်အလမ်းတွေကို စောင့်ဆိုင်းနေခဲ့တာပဲ ဖြစ်သည်။ 


(TN - ဝူစန်းရှန် သို့မဟုတ် ဝူစန်းရှင် အဆင်ပြေသလို ဖတ်ပေးတော်မူကြပါလို့၊ ခုကစပြီး ဝူစန်းရှင်ပဲ ရေးပါတော့မယ်၊ အမျိုးမျိုး လုပ်မိလို့ သွေ့ပုချီ)


ဝူစန်းရှင်ဟုခေါ်သော လူသည် ငယ်စဉ်ကလေး ဘဝတည်းက ကစားဖော်ဖြစ်ပြီး ယခုအခါ တွေးခေါ် မြော်မြင်နိုင်သော အဘိုးကြီး ဖြစ်နေသည်ကို ရှဲ့လျန်းဟွမ် မသိခဲ့ပေ။ သူလှေပေါ်တက်ပြီးကတည်းက သူလုပ်ဆောင်တာ မှန်သမျှကို ဤလူက အနီးကပ် စောင့်ကြည့်​နေခဲ့သည်။


စကားမစပ် ထိုအချိန်က ဦးလေးသုံးမှာလည်း စိတ်ဓာတ်ကျနေပါသည်။ သူ့ခမျာ ရှဲ့လျန်းဟွမ်နဲ့ ပက်သတ်ပြီး အလွန်စိတ်မချမ်းသာ ဖြစ်နေပါပြီ။ ရှဲ့လျန်းဟွမ်ရဲ့ ရည်ရွယ်ချက်ကို မသိတဲ့အတွက် သင်္ဘောပေါ် တက်ခိုင်းခဲ့တာက သူ့အတွက်ကတော့ ချိန်ကိုက်ဗုံးလိုပါပဲ။ စွမ်းအား ဘယ်လောက်ပြင်းမယ်မှန်း မသိပါဘူး။ ဒါမှ မဟုတ် ဘယ်အချိန် ပေါက်ကွဲသွားမယ် ဆိုတာလည်း မသိဘူး။ 


ဒီထက် ပိုရှင်းလင်းတဲ့ အကြောင်းရင်းတစ်ခု ရှိပါသေးသည်။ ဦးလေးသုံးက အဲဒါကို တိုက်ရိုက် မပြောပေမယ့် ဦးလေးသုံးရဲ့ ဇာတ်ကြောင်းကနေ ကြားရသလောက် ရှင်းရှင်းပြောရရင် ဝမ်းကျင်က ရှဲ့လျန်းဟွမ်ကို သဘောကျနေပုံပါပဲ။ တစ်ဖက်တွင် သခင်​လေးသည် အမျိုးသမီးများကို နှစ်သက်စေမည့် နည်းကို သိသော်လည်း သူ၏ စိတ်နေသဘောထားသည် ဦးလေးသုံးနှင့် အလွန်ကွာခြားသည်။ 


ဒုတိယအချက်မှာ ရှဲ့လျန်းဟွမ်၏ အသွင်အပြင်နှင့် အ​ပြုအမူများစွာသည် ဦးလေးသုံးထက် ပိုဆိုးမည် မဟုတ်ပေ။ ဦးလေးသုံးလို ဆက်ဆံရေးက မလွဲမသွေ မနာလိုဖြစ်လာလိမ့်မယ်။


ရှဲ့လျန်းဟွမ် လှုပ်ရှားလိုက်တာနဲ ဦးလေးသုံးဟာ ဝမ်းသာပီတိ ဖြစ်သွားတော့သည်။ ရှဲ့လျန်းဟွမ်သည် သူ၏အသက်ကယ်လှေကို ချလိုက်ပြီး တံငါလှေနှင့် ဝေးရာသို့ လွှင့်ချင်သွားသော အခိုက်တွင် ဦးလေးသုံးသည် ရုတ်တရက် ပေါ်လာပြီး သူ့အား ကုန်းပတ်ပေါ်မှ တွန်းချလိုက်သည်။


ဦးလေးသုံး ရုတ်တရက် ပေါ်လာခြင်းကို ရှဲ့လျန်းဟွမ်လည်း မထင်မှတ်ခဲ့ပေ။ သို့သော် ဦးလေးသုံးကို မြင်သောအခါတွင် သူ မကြောက်တောပြာ။ အကယ်၍ အခြားမည်သူမဆို ဖြစ်ခဲ့ပါက ဗီယက်နမ်နိုင်ငံသို့ ထွက်ပြေးမှုဖြင့် တရားစွဲဆို ခံရဖွယ် ရှိသော်လည်း သူတို့က တစ်ဦးနဲ့တစ်ဦး သီးသန့် သိထားကြသည်။ အသေးစိတ်သိရင်လည်း ဘာမှလုပ်လို့ မရဘူး။ ထို့ကြောင့် ဦးလေးသုံးအား သူ့ကို လွှတ်ထား​ပေးရန် ညင်သာစွာ တောင်းဆိုခဲ့သည်။


ဒါပေမဲ့ ဦးလေးသုံးကတော့ သူ့ကို ရန်ငြိုးထားပြီး အာဃာတတွေ ထားခဲ့တာ ကြာပါပြီ။ ဒါကို လွယ်လွယ်နဲ့ ဘယ်လိုလုပ် လွှတ်ထားနိုင်ပါ့မလဲ။ သူက အံကြိတ်ပြီး ရှဲ့လျန်းဟွမ် လက်ကို ကျိုးလုနီးပါး လှန်ချထားရင်း သူ့ကို ဘာလုပ်ချင်​နေတာလဲ၊ ရှေးဟောင်း သုတေသနအဖွဲ့နဲ့ ပင်လယ်ထဲ ဘာကြောင့် ဝင်လာတာလဲဟု မေးလိုက်သည်။ 


ရှဲ့လျန်းဟွမ်သည် ပထမတော့ ဦးလေးသုံး ခက်ထန်မာကျောလာတဲ့ အတွက် သူ့စိတ်ထဲမှာ တိတ်တိတ်လေး ဒေါသ ထွက်သွား၏။ ချောင်ရှားမှာ သူ့လူကြီးတွေကလွဲလို့ ဘယ်သူမှ သူ့ကို ဒီလို မဆက်ဆံရဲကြတဲ့ အတွက် အသံကိုလျှော့ပြီး ကျိန်ဆဲလိုက်သည်။ 


ဦးလေးသုံးက သူ့စကားကို လုံးဝ နားမထောင်ဘဲ ဆဲဆိုသံကြားတာနဲ့ ခေါင်းကို ရေထဲ တွန်းချလိုက်ပြီး မျက်ဖြူလန်သွားတော့မှ ပြန်မော့ခိုင်း၏။ သံကြိုးနဲ့လည်း ဆွဲတုတ်လိုက်တော့ ရှဲ့လျန်းဟွမ်မှာ ကရုဏာကို တောင်းယူရတော့သည်။ 


ဦးလေးဖြစ်သူက မေးခွန်း​တွေ ပြန်မေးသောအခါ အဖြစ်အပျက် တစ်ခုလုံးကို ပြောပြလာသည်။


နားထောင်ပြီးနောက် ဦးလေးသုံး၏ မျက်လုံးများ တောက်ပလာပြီး သူ့နားကိုတောင် မယုံနိုင်လောက်အောင် ဖြစ်သွားသည်။ ပင်လယ်အောက်၌ နစ်မြုပ်နေသော သင်္ဘောဂူသင်္ချိုင်းတစ်ခု ရှိသည်။ ဒါက တကယ်ကို မမျှော်လင့်ထားတဲ့ သတင်းပါပဲ။ အဘိုးအို၏ မှတ်စုများတွင်၊ ရေငုပ်သင်္ဘော သင်္ချိုင်းများ၏ မှတ်တမ်းများ ရှိသည်။ 


သို့သော် ထိုကဲ့သို့သော ပင်လယ်ထဲ ဂူဖောက်ရတာမျိုးက အလွန်ရှားပါသည်။ အဘိုးအို ကိုယ်တိုင်က ၎င်းတို့အကြောင်းကို ကြားရုံမျှသာ ကြားဖူးပြီး ကိုယ်တိုင် မစူးစမ်းခဲ့ပေ။ မိုင်ထောင်ပေါင်းများစွာ သွားလာနေတဲ့ သဲတွေဟာ ကုန်းပေါ်မှာထက် သဲလွန်စရှာဖို့ အဆပေါင်း ထောင်သောင်းမက ပိုခက်ခဲပါသည်။ အခု ဒီနိုင်ငံခြားသားက ဒီအကြောင်းကို တော်တော်​လေး သိထားပြီ။ သူက ဘယ်သူများလဲ။


ဦးလေးသုံးမှာ ထိုအကြောင်းတွေးရင်း ယားယံလာပြီး ပင်လယ်ထဲကို ချက်ချင်း သွားကြည့်ချင်လာသည်။ ပြီးတော့ ရှဲ့လျန်းဟွမ်ကို လွှတ်လိုက်ကာ။ 


"ဒီလိုလား? ဒါဆို မင်းငါ့ကို စောစောက ပြောခဲ့သင့်တာ... မင်းနဲ့ငါကြားက ဆက်ဆံရေးကဘာလဲ ငါ့ကိုပြောစမ်း.... ဘာကိစ္စရှိလို့လဲ ငါမင်းဆီက ခိုးယူမှာလား"


ရှဲ့လျန်းဟွမ်က ညှိုးနွမ်းနေပြီ။ 


"ငါ ဒီအဘိုးကြီးဆီက ဒီကိစ္စကို သိမ်းထားခဲ့တာ သေချာပါတယ်.... ငါမင်းကို မသိချင်ယောင်ဆောင်နေတာ နောက်ပြီး မင်းနဲ့ငါက သိပ်ရင်းနှီးတာ မဟုတ်ဘူး ငါပြောမိရင် ပိုဒုက္ခပေးမှာကို ကြောက်တယ်လေ.... မင်းငါ့ကို မင်းရဲ့အသိစိတ်နဲ့ပဲ ပြောပြနိုင်တယ် ငါမင်းကို တိုက်ရိုက် ပြောလိုက်ရင် မင်းကငါ့ကို ရှေးဟောင်းသုတေသန အဖွဲ့ထဲဝင်ခွင့်ပြုမှာလား"


ဦးလေးသုံးလည်း ဒါအမှန်ပဲလို့ထင်ပြီး စိတ်လျှော့လိုက်သည်။ 


"မင်းပြောတာ မှန်ပါတယ် ဒါပေမဲ့ ငါမင်းကို သတိပေးထားမယ်...အဲဒီ ချိုသဲ့ခေါင်ကို ချောင်ရှားမှာ တရုတ်မီးသီးလို့ ခေါ်တယ်.... သူက ရိုးရိုးရှင်းရှင်းလူ မဟုတ်ဘူး စဥ်းစားကြည့်စမ်း

....အဲဒီရေအောက်ဂူက ဖောက်ရတာ လွယ်တော့ မလွယ်​လောက်ဘူး လောလောဆယ်တော့ ချန်ထားလိုက်ဦး ရေရှည်ဆွေးနွေးဖို့ လူတချို့ကို ပြန်ရှာကြည့်ရအောင်.... ဒါမှမဟုတ် နောက်တစ်ခါဆို ငါမင်းနဲ့အတူ လိုက်ခဲ့ပေးမယ် ငါ ကြွားတာ မဟုတ်ဘူးနော် မင်းထက် ငါ့မှာ အတွေ့အကြုံ ပိုရှိမှာ သေချာတယ်"


ရှဲ့လျန်းဟွမ်က နှုတ်ခမ်းစူပြီး ပြော၏။ 


"မင်းဆိုတဲ့ ဝူစန်းရှင်က မျောက်တွေထက် ဉာဏ်ကောင်းတယ်လို့ သူတို့ပြောကြတာ မှန်ချက်ပဲ... ငါ မင်းကို မြှောက်ပင့်ပေးတာ မဟုတ်ဘူး မင်းနဲ့ ပူးပေါင်းချင်ရင် ပြောစမ်းပါ ငါတို့က ကြိုးတစ်ချောင်းတည်းရှိတဲ့ နှံကောင်တွေ ဖြစ်နေပြီ... အဲ့ကိုရောက်ရင် မင်း ဘာပြောပြော ငါနားထောင်မယ်ကွာ"


ဤဒုတိယမျိုးဆက် သခင်လေးက ရှင်းရှင်းလင်းလင်း နားလည်နိုင်မည်ဟု ထင်မြင်ပြီးနောက် ဦးလေးသုံး သူ့စိတ်ထဲတွင် ရယ်မောလိုက်သည်။ ဒါကြောင့် သူတို့နှစ်ယောက် ယာယီအဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီး ဝင်ပြီးရင် တစ်ယောက်ကို တစ်ယောက် လိုအပ်တာကို ရအောင်ယူကြပြီး တစ်ယောက်နဲ့ တစ်ယောက် အဆွဲအငေါ့ မရှိစေရဘူးဟု အပေးအယူ လုပ်ခဲ့သည်။


အဲဒီတုန်းက ဦးလေးသုံးရဲ့ အပြုအမူက အမြတ်ထွက်တယ်လို့ ပြောလို့မရသလို ဘုန်းကြီးလိုလည်း မဟုတ်ရာ ဖက်တီးလိုလူ လုပ်သလားတောင် ခံစားမိစေသည်။ ဦးလေးသုံးရဲ့ စရိုက်က ခဏအတွင်းမှာ မရင့်ကျက်ဘူး ဆိုတာကို ပြနေ၏။ 


ကျမ်းကျိန်ပြီး ပစ္စည်းတွေ ထုပ်ပိုးကာ နှစ်ယောက်သား ရော်ဘာဖောင်ကို ချလိုက်ပြီး ညဘက်မှာ ပင်လယ်ထဲကို လှေလှော်ပြီး ထွက်လာခဲ့သည်။ အိမ်မြှောင်ကို အားကိုးတကြီးနဲ့ ထွက်လာရာ မကြာခင်မှာပဲ နိုင်ငံခြားသားတွေ ပြောကြတဲ့ "သဲသောင်း သန္တာကျောက်တန်း" ကို ရောက်သွား၏။


ဦးလေးသုံးသည် လကို တိမ်မည်းမည်းများ ဖုံးလွှမ်းသွားတာကို မြင်လိုက်ရသောအခါ သန္တာကျောက်တန်းကြီး တစ်ခုလုံး မီးခိုးရောင်လွှမ်းသွားသည်ကို တွေ့လိုက်ရသဖြင့် တုန်လှုပ်သွားပြီး ရှဲ့လျန်းဟွမ်အား ​ပြောလိုက်သည်။ 


"မင်းအချိန်ကောင်းကို ရွေးခဲ့တာ အမှန်ပဲ... လတောင် မရှိဘူး တိမ်တွေက သန္တာကျောက်တန်းတစ်ခုလုံးကို ဖုံးလွှမ်းနေတာ... မျက်မမြင် တစ်ယောက်ဟာ အပေါက်တစ်ခုထဲကို ဝင်သွားပြီးရင် လျှော့စျေးရသလို ဖြစ်သွားမှာပဲ.... ဒါကြောင့် ငါတို့ရဲ့ အရည်အချင်းတွေကို ပြသနိုင်ဖို့ အချိန်တန်ပြီ "