အပိုင်း 225
Viewers 29k

Chapter 225
ကယ်တင်ခြင်း



မြင်းခွာသံများက အဆက်မပြတ်ထွက်ပေါ်နေသည်။

ချန်ရုံက မလှုပ်မရှားဘဲ မူရုံခယ်ကို မှီနေလိုက်သည်။ သူ၏အေးစက်သောချပ်ဝတ်က သူမ၏အသားရေကို တရွရွဖြစ်နေစေပြီး သူ၏ ပူပြင်းသောအသက်ရှူသံက သူမအရေပြားပေါ်တွင် ကြက်သီးများထလာစေသည်။ သူမ၏အရင်ဘဝတွင် ဤကဲ့သို့‌လူစိမ်းတစ်ယောက်နှင့် ဒီလိုထိတွေ့မိသွားပါက သူမ၏ချစ်ရသူကို မျက်နှာချင်းဆိုင်ရဲတော့မည်မဟုတ်ပေ။

အခုကရော၊ ချန်ရုံက ခါးသီးစွာပြုံးလိုက်သည်။

မူရုံခယ်၏ စီးတော်မြင်းက သန်မာသောမြင်းတစ်ကောင်ဖြစ်သည်။ ၎င်းကနောက်ထပ်လူပိုတစ်ယောက်ကိုသယ်ထားသည်မှာ သူမက ဘာအလေးချိန်မှမရှိနေသလိုပင်။ ၎င်းကခြေတစ်လှမ်းသွားတိုင်း သူမ၏နူးညံ့သောအသားအရေက သူမ၏နောက်မှ ချပ်ဝတ်နှင့် ရိုက်မိနေသည်။

ကောင်းကင်က အာရုံမတက်မီ နောက်ဆုံးအချိန်ကဲ့သို့ပင် မည်းမှောင်နေသည်။ အမှောင်ထုက အထူးတလည်ကို မည်းမှောင်နေသည်မှာ လောကကြီးတစ်ခုလုံးကို မှင်ရည်များပြန့်ကျဲနေသကဲ့သို့ပင်ဖြစ်သည်။

မီးတုတ်များက လေအဝှေ့တွင် လှုပ်ရမ်းနေကြသည်။

ချန်ရုံက သူတို့လမ်းကိုဝန်းရံနေသော ချုံပုတ်များနှင့် သစ်ပင်များကို ဝေ့ကြည့်လိုက်သည်။ အပေါ်ဘက်တွင် တောင်ကုန်းတစ်ခုရှိနေသည်။ ၎င်းကအလွန်မမြင့်ဘဲ ငါးမီတာလောက်သာရှိကာ အဝေးမှအရာအားလုံးသည် ဝေဝါးနေ၏။

စစ်ကြောင်း၏တစ်ဝက်လောက်က ချိုင့်ဝှမ်းတွင်းသို့ ဝင်သွားပြီဖြစ်သည်။ သို့သော်လမ်းက အလွန်ဖုန်ထူကာ လမ်းကြမ်းသောကြောင့် ရွေ့လျားရန် အခက်အခဲများရှိကြသည်။ သူတို့၏ခရီးက ခလုတ်ကန်သင်းများလာကာ စစ်သားတန်းက ဆက်ပြီးဆန့်တန်းနေသည်။

ချန်ရုံက နောက်သို့တစ်ချက်ပြန်လှည့်ကြည့်လိုက်သည်။

မူရုံခယ်နှင့်ပါလာသော စစ်သားနှစ်ထောင်တွင် တစ်ဝက်လောက်ကသာ မြင်းစီးစစ်သည်များဖြစ်ပြီး ကျန်တစ်ဝက်မှာ ခြေလျင်စစ်သည်များဖြစ်သည်။ ချန်ရုံ၏အကြည့်များက တောက်လောင်နေသောမီးလျှံများပေါ်တွင် မြဲမြံနေသည်။

“ဘာကိုကြည့်နေတာလဲ”
အသံနိမ့်နိမ့်တစ်ခုက သူမဦးခေါင်းထက်မှထွက်ပေါ်လာသည်။

“ဘာမှမဟုတ်ပါဘူး”
သူမက ပြန်‌ဖြေလိုက်သည်။

မူရုံခယ်က လည်ချောင်းရှင်းကာ ပြောလာသည်။
“မင်းရဲ့ လူ‌ကိုတွေ့ဖို့ သိပ်မကြာတော့ပါဘူး၊ သူ့ကိုဘာပြောမလဲဆိုတာ စဉ်းစားထား”

သူက ခနရပ်သွားကာ လှောင်ပြောင်သောအသံဖြင့် ဆက်ပြောလာသည်။

“မင်းရဲ့ နောက်ဆုံးစကားတွေ ဖြစ်သွားနိုင်တယ်”

ချန်ရုံက ပြန်မဖြေသောအခါ သူက ငုံ့ကြည့်လာသည်။

ချန်ရုံက သူမမျက်နှာကို အေးစက်ထားကာ တည်ငြိမ်နေ၏။ မူရုံခယ်ပြောလာသည်ကို မစောင့်ဘဲ မိုးပေါ်သို့မော့ကြည့်ကာပြောလိုက်သည်။

“အရှင်ပြောတာ မှန်တယ်”

သူမက ကျောဆန့်ကာ မျက်နှာပေါ်တွင် အပြုံးတစ်ခုဆင်လာသည်။ သူမ၏ဆံပင်များကိုသပ်ရပ်အောင်လုပ်ပြီး ဝတ်ရုံစများကို စုစည်းလိုက်ကာ ပြောလာသည်။

“ဒါက သူ့ကိုတွေ့တဲ့ နောက်ဆုံးအကြိမ်ဖြစ်လိမ့်မယ်....လူတွေ ဘာဘဲပြောပြော၊ ဘယ်လိုဘဲတွေးတွေး အရေးမကြီးတော့ဘူး၊ ကျွန်မကို သူမှတ်မိနေအောင်လုပ်ရမယ်”

သူမက သူမ၏အသွင်အပြင်ကို လက်နှစ်ဖက်လုံးဖြင့် ဂရုတစိုက်ပြင်ဆင်လိုက်သည်။ ဤသည်ကိုမြင်သောအခါ မူရုံခယ်၏လက်များက တင်းကြပ်သွားသည်။

သူ့လက်က သူမရင်ဘတ်ပေါ်တွင်တင်ထားရာ သူလက်ကိုကျစ်ကျစ်ဆုပ်လိုက်သည့်အခါ သူမရင်သားနှင့်ကပ်သွားသည်။

‌ချန်ရုံက တောင့်ခဲသွားကာ သူမမျက်နှာပေါ်က အပြုံးကိုဆက်မထိန်းထားနိုင်တော့ပေ။

မူရုံခယ်က ခေါင်းမော့ကာ အရှေ့သို့စူးစိုက်စွာကြည့်လိုက်သည်။

“ဘာမှားလို့လဲ”
သူက ပြက်ရယ်ပြုလိုသောအသံဖြင့် မေးလာသည်။

ချန်ရုံက မျက်လွှာချလိုက်သည်။

သူမလက်များက အားလျော့စွာ ပြုတ်ကျသွားသည်။

သူမ ဘာမှပြန်မဖြေလာသောအခါ မူရုံခယ်၏အသံက စိတ်မရှည်တော့ပေ။

“မင်းဘာလို့ ဘာမှမပြောတာလဲ”

တစ်ခနကြာပြီးနောက်မှ ချန်ရုံ၏အသံတိုးတိုးထွက်လာသည်။

“အရှင်က ကျွန်မကိုဘာများပြောစေချင်တာလဲ”
သူမက ထုံထိုင်းစွာပြုံးလိုက်သည်။

“ငိုယိုပြီး ချမ်းသာပေးဖို့တောင်းဆိုရမှာလား၊ ဒါမှမဟုတ် စိတ်ဆင်းရဲတကြီးနဲ့ မြင်းပေါ်ကခုန်ချပြီး ကိုယ့်ကိုကိုယ်သတ်သေရမှာလား”

ဤစကားများကိုကြားသောအခါ မူရုံခယ်က ကြက်သေသေသွားသည်။

ချန်ရုံက သူမရင်ဘတ်ပေါ်မှ သူ့လက်ကိုဖြေးဖြေးချင်းဖယ်လိုက်သည်။

“အရှင်၊ အရှင်ကကိုယ့်ကိုကိုယ်ပျောက်ဆုံးနေပြီ”

သူက သူ့ကိုယ်သူမေ့သွားပြီဖြစ်သည်။

အခုချိန်တွင် ဝမ်ဟုန်က အနီးတဝိုက်တွင်တောင် ရှိမနေပေ။ သူကဘာလုပ်နေတာလဲ၊ သူမကို အပျော်အပြက်လုပ်နေတာလား၊ သဝန်တိုနေတာလား။

လေက အေးစက်စွာဖြတ်တိုက်သွားသောအခါ မူရုံခယ်က မာန်မဲလိုက်သည်။

သူက ဘာမှမပြောလာသော်လည်း သူ့လက်ကို သူမခါးဆီသို့ရွေ့သွားသည်။

ချန်ရုံက သူ၏ပရမ်းပတာဖြစ်နေသောအသက်ရှူသံကို ကြားနေရသည်။ အခုလေးတင်သူလုပ်လိုက်သောအရာမှာ သူကိုယ်တိုင်ကိုလည်း နေရခက်သွားစေသည်။

ချန်ရုံက သူပြန်မဖြေလာတော့ဘူးဟု ထင်ထားသည့်အချိန်တွင် မူရုံခယ်က သင့်တင့်သောအမူအရာဖြင့် ပြောလာသည်။

“မင်းပြောတာမှန်တယ်၊ ငါ့ကိုယ်ငါမေ့သွားတယ်”

သူက ရှေ့ကိုစိုက်ကြည့်ပြီး အေးစက်စွာအမိန့်ပေးလာသည်။

“မင်း ဒီစကားလုံးတွေကို ဘယ်တော့မှ ထပ်မပြောရဘူး”

“အမိန့်အတိုင်းပါ”

အားစိုက်ထုတ်မှုဖြင့် စစ်တပ်၏သုံးပုံနှစ်ပုံလောက်က ဖြတ်သွားနေနိုင်ပြီဖြစ်သည်။ သို့သော် စစ်ကြောင်းက ပို၍တောင်ရှည်လျားနေပြီး သူမလှည့်ကြည့်လိုက်သောအခါ မိုင်အနည်းငယ်ရှည်လျားနေ၏။

တိတ်ဆိတ်မှုကြားတွင် အော်ဟစ်သံအနည်းငယ်က ရုတ်တရက်ထွက်ပေါ်လာသည်။

ဤအော်သံများနှင့် တစ်ချိန်တည်းနီးပါးတွင် သူမ၏ တစ်စုံတစ်ယောက်၏အော်ပြောသံကိုကြားလိုက်ရသည်။

“ခြုံခိုတိုက်တယ်၊ ခြုံခိုတိုက်ခံနေရပြီ”

မူရုံခယ်က မျက်မှောင်ကြုတ်လိုက်သည်။ သူအမိန့်ပေးသည်ကို‌မစောင့်ဘဲ စစ်ကြောင်း၏ နေရာလေး၊ငါးခုလောက်က စတင်အော်ဟစ်လာသည်။
“ခြုံခိုတိုက်တယ်၊ ခြုံခိုတိုက်ခံနေရပြီ”
ချက်ချင်းဆက်ဖြစ်‌လာသောအရာများမှာ မီးတုတ်များကို ငြိမ်းလာကြပြီး သတ္တုအချင်းချင်းရိုက်မိသောတချွင်ချွင်မြည်သံများ၊ မြင်းဟီသံများနှင့် လူအော်သံများက သူတို့သေတော့မည့်အတိုင်းပင်ဖြစ်သည်။

ညအလယ်တွင် ဤအသံများကိုကြားလိုက်ရသောအခါ စစ်တပ်တစ်ခုလုံးအတိုက်ခံနေရပြီးဟု သူမအား ထင်သွားစေသည်။

မူရုံခယ်က သူ၏ဟီသံပေးနေသောမြင်းကို တင်းတင်းဆုပ်ကိုင်ထားကာ အမိန့်ပေးလိုက်သည်။

“တပ်ခွဲခေါင်းဆောင်တွေဘယ်မှာလဲ၊ အခုချက်ချင်းခုခံဖို့ ပြင်ပါ”

သူပြောပြီးပြီးချင်းတွင် သူ့အစောင့်များက အသက်ပြင်းပြင်းရှူထုတ်ကာ သူတို့၏တံခွန်များကိုဖြန့်လိုက်ကြသည်။

မူရုံခယ်ခေါ်လာသောစစ်သားများက စည်းကမ်းတင်းကြပ်စွာ လေ့ကျင့်ခံထားရသောကြောင့် တစ်စုတစ်စည်းထဲ လှုပ်ရှားလာကြသည်။ ခေါင်းဆောင်များက သူ၏အမိန့်ကို လက်ဆင့်ကမ်းလိုက်ကြပြီးနောက်တွင် အနီးနားရှိလူများ ပိုပိုပြီး တိတ်ဆိတ်သွားကြသည်။

ဒုန်းစိုင်းနှင်လာသော မြင်းခွာသံများက နီးလာသည်။ မကြာခင်မှာဘဲ ခေါင်းဆောင်တစ်ယောက်က မူရုံခယ်နားသို့ရောက်လာကာ သတင်းပို့လာသည်။
“အရှင် ခြုံခိုတိုက်တဲ့သူတွေက သိပ်မများပါဘူး၊ သူတို့က ကျွန်တော်တို့စစ်ကြောင်းကွဲသွားအောင် ကျောက်တုံးကြီးတွေနဲ့ သစ်ပင်တွေကို တွန်းချလာတာပါ၊ ကျွန်တော်တို့ဘက်က သိပ်မများတဲ့သူတွေက သေသွားသလို ဒဏ်ရာရသူတွေလည်းရှိပါတယ်”

“ရန်သူဘက်ကရော ဘယ်လိုလဲ”

“သူတို့က တိုက်ခိုက်ပြီးချင်းချင်း ဘာခြေရာလက်ရာမှမကျန်ဘဲ ထွက်သွားပါတယ်”

မူရုံခယ်၏ မျက်နှာက မဲသွားသည်။

သူက သတင်းကိုခွဲခြမ်းစိတ်ဖြာနေချိန်တွင် သူတို့နားတစ်ဝိုက်ရှိ မြင်းဟီသံများက ဖြေးဖြေးချင်း ရပ်စဲလာသည်။

“တပ်မှူး ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”
သူ၏ တပ်ခွဲခေါင်းဆောင်များက မေးမြန်းလာကြသည်။

“‌ငါတို့ရှေ့ဆက်သွားနိုင်ဖို့ ဘယ်လောက်ကြာဦးမလဲဆိုတာကို တစ်ချက်ကြည့်ကြည့်ရအောင်”

“အမိန့်အတိုင်းပါ”

တခနအတွင်းတွင် မြင်းအနည်းငယ်က ပြန်ရောက်လာသည်။
“တစ်နာရီရဲ့ လေးပုံတစ်ပုံအတွင်း ထွက်ခွာဖို့ ဘာပြသနာမှမရှိပါဘူး”

မူရုံခယ်က ကောင်းကင်ပေါ်တွင် မှင်လိုမဲမှောင်နေဆဲဖြစ်သော မိုးကုပ်စက်ဝိုင်းကြီးကို ကြည့်လိုက်သည်။

“ငါ့ကို အရှိန်နှေးစေချင်နေတာလား”
သူက နှာခေါင်းရှူံ့လိုက်သည်။

“ဘာလို့များ အလုပ်ရှုပ်ခံနေတာလဲ”

နာရီဝက်အကြာတွင် စစ်ကြောင်းကဆက်လက်ချီတက်လာသည်။

သူတို့သွားနေသည့်တစ်လျှောက်တွင် မူရုံခယ်က ကင်းထောက်များကိုပြောလာသည်။
“သွား သေချာကြည့်ခဲ့ဖို့ သတိရ”

“ဟုတ်ကဲ့ပါ”

မြင်းခွာသံများကြားတွင် ခေါင်းဆောင်တစ်ယောက်က မူရုံခယ်နား‌ရောက်လာသည်။ သူက သတိလက်လွတ်ဖြင့် ဖရိုဖရဲဖြစ်နေသော ချန်ရုံကိုကြည့်လိုက်ကာ တံတွေးမြိုချပြီး မေးလာသည်။
“အရှင် သူတို့က ဘာလိုချင်တာများလဲ”

မူရုံခယ်က ခေါင်းခါပြီး အေးစက်စွာပြန်ဖြေလာသည်။

“ဘာဘဲဖြစ်နေပါစေ ငါတို့မှာ သူတို့အတွက် အဖြေတစ်ခုဘဲရှိလိမ့်မယ်”

“အမိန့်အတိုင်းပါ”

နာရီဝက်ကြာခရီးနှင်ပြီးနောက်တွင် မှိန်ဖျော့ဖျော့အာရုံဦးအလင်းရောင်က ကောင်းကင်တစ်ခွင်တွင်ပြန့်နှံ့လာသည်။

တူညီသောတောင်ကြားလမ်းတစ်ခုက သူတို့ရှေ့တွင် ထွက်ပေါ်လာသည်။

ယန်းဇီမြစ်၏ ဘေးနှစ်ဖက်တွင် ဘာအမှတ်သားပြုစရာမှ မရှိဘဲ တောင်နိမ့်နိမ့်များနှင့် ချုံထူသောလမ်းများသာရှိသည်။

မူရုံခယ်က ခေါင်းငုံ့ပြီးအစီရင်ခံလာသော ကင်းထောက်အားစိုက်ကြည့်လိုက်သည်။
“အရှင် အရှေ့မှာ ပုံမှန်မဟုတ်တာမျိုးမရှိပါဘူး”

ဒီတစ်ကြိမ်တွင် သူ၏အသံထဲတွင် မသေချာမရေရာမှုများရောယှက်နေသည်။ သူတို့က ခုနကလမ်း‌တွင်လည်း တစ်ပုံစံတည်းပြောခဲ့ပေသည်။

မူရုံခယ်က အကြည့်လွှဲကာ ပြောလာသည်။
“စောင့်ကြည့်နေ၊ မြက်ထူထူတွေရှိတယ် မီးနဲ့တိုက်ခိုက်မှာကို ဂရုစိုက်”

“ဟုတ်ကဲ့ပါ”

သူတို့က ရှေ့ဆက်ရွေ့လျားလာကြသည်။

သူတို့ရှေ့ဆက်နေချိန် မူရုံခယ်၏အသံထွက်လာသည်။
“မူရုံယွီရဲ့ တပ်ဖွဲ့ဆီရောက်ဖို့ ဘယ်လောက်လိုသေးလဲ”

“နောက်ထပ် မိုင်ငါးဆယ်လောက်လိုပါသေးတယ် အရှင်”

“သိပြီ”

သူကခေါင်းမော့ကာ အရှေ့ကိုကြည့်လိုက်သည်။
“ထိုးစစ်ဆင်လာတဲ့သူက မင်းရဲ့လူဆီက ကိုယ်ရံတော်ဖြစ်လိမ့်မယ်”

သူကရုတ်တရက်ပြောလာသည်။

“ဂျင်လူမျိုးအထက်တန်းလွှာတွေရဲ့ ကိုယ်ရံတော်တွေက အရယ်ရဆုံးဘဲ၊ သူတို့က အရည်အချင်းဆိုပြီး ရေရေရာရာမရှိကြပေမယ့် ဝတ်ရုံလက်ထဲမှာတော့ လှည့်ကွက်တွေအများကြီး ထည့်ထားကြတယ်”
အကယ်၍သာ ခြုံခိုတိုက်ရာတွင် လူအများအပြားပါဝင်ပါက သူ၏ကင်းထောက်များကို ရှောင်ရှားနိုင်မည်မဟုတ်ပေ။

ချန်ရုံက ဘာမှပြန်မပြောပေ။

ခနရပ်လိုက်ပြီးနောက် မူရုံခယ်က ရုတ်တရက်ပြောလာသည်။

“လူသုံးထောင်ထက်နည်းနေရင်တောင်မှ သူတို့ရဲ့ ပစ္စည်းဥစ္စာတွေကို ငါလုနိုင်သေးတယ်၊ တကယ်လို့ သူသာလာရဲရင်၊ သူ့အသက်ကလည်း အတူတူဘဲဖြစ်လိမ့်မယ်”

ချန်ရုံက ဘာမှမပြောသည်ကိုမြင်သောအခါ မူရုံခယ်က သူမကိုငုံ့ကြည့်လာသည်။
“မင်းဘာတွေ တွေးနေတာလဲ”

ချန်ရုံက ခေါင်းခါပြလိုက်သည်။
“ကျွန်မက အမျိုးသမီးတစ်ယောက်သာသာပါဘဲ၊ အရှင့်ရဲ့စကားလုံးတွေကို လိုက်မမှီပါဘူး အရှင်”

သူမထိုသို့ပြောလာသောအခါ မူရုံခယ်က အနည်းငယ်ရှက်သွားပြီး သူ့ဘာသာတွေးလိုက်သည်။

'ဟုတ်သား၊ ငါဘာလို့မေ့သွားပါလိမ့် သူမက ဒီအတိုင်း သာမာန်မိန်းကလေးတစ်ယောက်ဘဲ'

သူက ချန်ရုံကိုဆက်ပြီးအာရုံစိုက်မနေတော့ပေ။ သူကခေါင်းငုံ့ကာ သူ့ကိုယ်သူတွေးလိုက်သည်။
'မောယန်က သတင်းတစ်ခုလောက်နဲ့ ငါက ငါ့ရဲ့အသိုက်ထဲက ထွက်လာခဲ့တယ်၊ သူက ကြိုပြင်ဆင်ထားတဲ့ ထောင်ချောက်တွေကို ဖြေရှင်းလိုက်နိုင်ရုံသာမက ငါ့ဘက်က နှာတစ်ဖျားသာနေတဲ့ အခြေအနေကိုလည်း ပြောင်းပြန်လှန်လိုက်နိုင်တယ်.......ဝမ်ချီလန်က တကယ်ကို တစ်ခုခုဘဲ'

စစ်ကြောင်းက ဆက်လက်ချီတက်လာသည်။

သူတို့သွားနေချိန်တွင် နောက်ဘက်မှဝမ်းနည်းဖွယ်အော်သံတစ်ခု ထွက်လာသည်။ ချန်ရုံလှည့်ကြည့်လိုက်သောအခါ မီးပင်လယ်တစ်ခုကိုမြင်လိုက်ရသည်။ မီးသည် စစ်ကြောင်း၏အလယ်တွင် စတင်ခြင်းမဟုတ်ဘဲ အစွန်းဘက်တွင်ဖြစ်သည်။ မီးခိုးထုကြီးက လေစီးကြောင်းအတိုင်း ဟူစစ်သည်များဆီရောက်လာကြသည်။

တိုက်ခိုက်ဖို့ မီးကိုသုံးနေတုန်းဘဲလား။

ချန်ရုံက မျက်လုံးပြူးစွာစိုက်ကြည့်နေချိန်တွင် မူရုံခယ်က အော်ပြောလာသည်။
“မလန့်ကြနဲ့၊ ပါးစပ်နဲ့နှာခေါင်းကို ဝတ်ရုံစနဲ့ပိတ်ပြီး ဖြေးဖြေးချင်းလှုပ်ရှားကြ”

ချက်ချင်းပင် လူများက သူ့အမိန့်ကိုနာခံကာ ရှေ့ဆက်သွားကြသည်။

ထိုသို့ဆိုလျှင်တောင် မီးခိုးများကြောင့် မြင်းများက မွှန်ထူလာကာ ငြိမ်ငြိမ်သက်သက်မနေနိုင်တော့ပေ။ မြင်းဟီသံ၊ အော်ဟစ်သံနှင့် အထိတ်တလန့်သံများက နောက်မှလိုက်ပါလာသည်။

မူရုံခယ်က သူ့မြင်းအား ကစုန်ပေါက်မပြေးသွားရန် ထိန်းနေချိန်တွင် ရုတ်တရက်ဆိုသလို တောင်‌ကုန်ပေါ်မှ မီးခိုးလုံးကြီးထွက်ပေါ်လာသည်။ လူတိုင်းကမော့ကြည့်လိုက်သောအခါ ဖုန်လုံးကြီးများလိမ့်လာသည်ကို မြင်လိုက်ရသည်။ ၎င်းက မရေတွက်နိုင်အောင် များပြားသောလူများက သူတို့ဆီသို့ သဲအိတ်များပစ်ချနေသကဲ့သို့ပင်ဖြစ်သည်။

အခုဆိုလျှင် စစ်သားများက သံသယမရှိစွာထိတ်လန့်နေကြပြီဖြစ်သည်။

ခေါင်းဆောင်တစ်ယောက်က အလျင်အမြန်အနားသို့နှင်လာကာ မူရုံခယ်အား လျှောက်တင်လာသည်။

“ကောင်းမယ့်ပုံ မပေါ်ပါဘူး အရှင်၊ ကျွန်တော်တို့လူက ဒီနေရာနဲ့မိုင်တစ်ချို့ဝေးတဲ့ဝေးတဲ့နေရာကနေ ဖုန်လုံးကြီးတက်လာပြီး စစ်တပ်ကြီးတစ်ခုက ကျွန်တော်တို့ဘက်ဆီဦးတည်ပြီး လာနေတာကို မြင်ခဲ့ရပါတယ်”

သူက ခနရပ်ကာ ဆက်ပြောလာသည်။
“သူတို့က လူတစ်ထောင်လောက် ရှိပါတယ်”

မူရုံခယ်က ဒေါသဖြင့် မာန်ဟိန်းလိုက်သည်။
“ဘယ်အလံတွေနဲ့လဲ”

“တစ်ဖက်မှာ ရှီလိုရေးထားပြီး အခြားတစ်ဖက်မှာက ရွှမ် ပါ”

ဘာပြောတယ်။

ဒီတစ်ကြိမ်တွင် မူရုံခယ်က လုံးဝကိုတုန်လှုပ်သွားသည်။ သူကမြင်းကိုရပ်ကာ ရေရွတ်လာသည်။

“ရှီရွှမ်လား”

ရှီရွှမ်က ရှီဟူ၏လက်အောက်မှဖြစ်သည်။ အခုချိန်တွင် ရှီဟူက သေလုမြောပါး ‌ဖျားနာနေသောကြောင့် သူ၏သားများကြားတွင် ပြင်းထန်သောအာဏာလုယူမှုများဖြစ်နေကြသည်။ ရှီရွှမ်က ထိုသူများထဲမှ အင်အားအကောင်းဆုံးပြိုင်ဘက်ဖြစ်သည်။

လတ်တလောနှစ်များတွင် ရှန်းပေ၏မူရုံအိမ်တော်က နှောင်းပိုင်ကျောက်တိုင်းပြည်ကို ပိုင်နက်အတွက် စစ်ကြေညာထားခဲ့ပေသည်။ အကယ်၍ ရှီရွှမ်ကသာ မူရုံခယ်ကိုသတ်ပြီး သူ၏ပစ္စည်းဥစ္စာများကို လုယူလိုက်နိုင်ပါက ရှီးလေ၏အမွေအနှစ်ဖြစ်သည့် နှောင်းပိုင်းကျောက်ပြည်ထောင်သည် ရှီရွှမ်၏အမည်ကို ကျောက်တုံးဖြင့်‌ သမိုင်းရေးလိုက်သလိုဖြစ်သွားလိမ့်မည်။

မူရုံခယ်က နှုတ်ခမ်းစေ့လိုက်သည်။

သူ၏တပ်ခေါင်းဆောင်များကလည်း အချင်းချင်းအကြည့်ဖလှယ်နေကြသည်။

“အရှင် ကျွန်တော်တို့လှည့်စားခံလိုက်ရပါပြီ”

အကယ်၍ ရောက်လာသောသူမှာ ရှီရွှမ်ဆိုပါက ဝမ်ဟုန်က သတင်းကို ရန်မင်းဆီသို့လည်းပေးလိုက်ခြင်းပင်။ ရန်မင်းနှင့်ရှိနေသော ရှီရွှမ်က အတူလိုက်ပါလာလိမ့်မည်။ ‌ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်ရန်စီစဉ်ထားကာ မူရုံခယ်ကိုဖျက်စီးရုံသာမက မောယန်၏မြို့အရှင်ဆီမှ သူတို့လုယူထားသော ပစ္စည်းများကိုလည်း ရရှိသွားမည်ဖြစ်သည်။.....'ဟုတ်တယ် အဲ့ဒီလိုဘဲဖြစ်ရမယ် ဝမ်ဟုန်က သူ့ကိုမြို့အရှင်‌အကြောင်း သတင်းပေးနိုင်မှတော့ အခြားသူတွေကိုလည်း ပေးလိုက်နိုင်တာဘဲ'

မူရုံခယ်နှင့် ဝမ်ဟုန်တို့သည် ဤအချက်ကြောင့် သမိုင်းတစ်လျှောက်တွင် အခဲမကျေနိုင်သော ရန်သူများဖြစ်သွားပြီဖြစ်သည်။ သူ၏ပြသနာအရင်းမြစ်ကိုသာ ဖြေရှင်းလိုက်နိုင်သရွေ့ မိန်းမတစ်ယောက်ကိုစတေးတာ ၊ ဒါမှမဟုတ်သူ့ရဲ့တစ်ဖက်တည်းသားကို ရောင်းထုတ်လိုက်ရင်ရော ဘာများဖြစ်နိုင်မှာလဲ။

တပ်ခေါင်းဆောင်များက ပိုပိုပြီးတွေးလေလေ ပိုမိုကာထိတ်လန့်လာကြသည်။

မူရုံခယ်က မျက်မှောင်ကြုတ်လိုက်သည်။

သူ၏ခေါင်းဆောင်များက သူ့အပေါ်တွင်သာ အကြည့်ထားနေကြသော်လည်း သူက ဝမ်ဟုန်လုပ်မလုပ်ကို အတိအကျမပြောနိုင်သေးပေ။....ဤဂျင်လူမျိုးက သူ့ထက်နှစ်အနည်းလောက်ငယ်သော်လည်း သူကမဖော်ထုတ်နိုင်သေးပေ။

အခုချိန်တွင် နောင်တရလည်း အကျိုးမရှိတော့ပေ။

“ငါတို့ရဲ့ တပ်ဖွဲ့ကိုစုပြီး တိုက်ပွဲအတွက် ပြင်ဆင်ထားလိုက်”

သူက အရှေ့သို့နှင်သွားပြီး ချန်ရုံကိုလက်မောင်းမှဆွဲကာ သူမမြင်းပေါ်မှ ချပေးလိုက်သည်။ သူလုပ်သွားသည်မှာ မြန်ဆန်သော်လည်း သူ၏လှုပ်ရှားမှုများက ညင်သာနေပေသည်။