Chapter (57)
နှင်းတွေနဲ့ ကောင်းကင်က ကြည်လင်ပေ၏
"သမင်!"
လုရွှီ ချက်ချင်း ထပြောလိုက်သည်။ လုရွှီ သူ့ကိုယ်သူ မှတ်မိလာသောအခါ "သမင်" ဟုပြောခဲ့တာကို မော့ရစ်ကန်း သတိရသွား၏။ လုရွှီ၏ မျိုးရိုးအမည်မှာ 'လု' ဖြစ်သည်။ သူ့ကိုယ်ပိုင်မျိုးရိုးအကြောင်း ပြောနေတာလား ဒါမှမဟုတ် သမင်ဖြူတစ်ကောင်ကို သူ့မျက်လုံးနဲ့ တကယ်မြင်ခဲ့လို့လား ဆိုတာ မော့ရစ်ကန်း မစဥ်းစားမိခဲ့ချေ။
"သမင်ပဲ" လျိုဖေးက ခေါင်းညိတ်ပြီး။
"ကိုးရောင်ခြယ်သမင်က မော့ကောင်းဂူမှာ ရှိတယ်... အလောင်းတစ္ဆေတွေ ဆယ်နှစ်တစ်ကြိမ် ခံတပ်အပြင်ဘက်မှာ ကင်းလှည့်ရတဲ့ အချိန်တိုင်း မော့ကောင်းဂူရဲ့ အဆုံးမှတ်မှာ အလယ်ခန်းမရှေ့ရောက်ရင် သမင်နတ်ဘုရားကို ဂါဝရပြုရတယ်"
ဟုန်ကျွင့်: "ခင်ဗျား နေ့တိုင်း ဘာအိပ်မက်မက်နေတာလဲ"
ဟုန်ကျွင့်သည် ထိုကဲ့သို့ မသက်ဆိုင်သောမေးခွန်းကို ရုတ်တရက် မေးခဲ့သော်လည်း လီကျင်လုံက သူ့ကို ဝင်မနှောင့်ယှက်ခဲ့ပေ။ ထိုစဥ် လုရွှီက သူ့ပန်းကန်လုံးကို ချလိုက်ပြီး ဗိုက်ပြည့်သွားပြီဟု ဆိုတာကြောင့် မော့ရစ်ကန်းက အိုးကိုဖယ်ရှားပြီး ရေနွေးအိုး၊ လက်ဖက်ရည် ကိတ်မုန့် စသည်တို့ဖြင့် အစားထိုးလိုက်ရာ လီကျင်လုံကလည်း စားပွဲတိုလေးကို ဖွင့်ကာ လူတိုင်းအတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်သည်။
လျိုဖေးက အေးအေးဆေးဆေး ဆက်ပြောသည်။
"အရာရာတိုင်းကို အိပ်မက်မက်တယ်... အများစုဟာ သူ့ဘ၀မှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေပဲ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ သရဲတစ္ဆေတွေက သေသွားပေမယ့် ကောင်းကင်နဲ့ မြေကြီးရဲ့ လူဝင်စားခြင်း အခွင့်ထဲကို မဝင်ခဲ့ကြဘူး... ငြိမ်းချမ်းစွာ အိပ်စက်နိုင်တာက သူတို့ ဘဝတစ်လျှောက်လုံးရဲ့ အတိတ်က အဖြစ်အပျက်တွေကို ပြန်အိပ်မက်မက်ဖို့ပဲ…”
"သံတမန်နှစ်ယောက်က ဘယ်သူလဲ" လီကျင်လုံက ထပ်မေးသည်။
"ပထမတစ်ယောက်က ပလိပ်နတ်ဘုရား... ဒုတိယတစ်ယောက်ကို ရွှမ်နွီလို့ ခေါ်ပုံရတယ်... ဘယ်လိုနတ်ဆိုးမျိုးက မွေးမြူထားလဲ ငါမသိဘူး ဒါပေမဲ့ သူတို့လုပ်နိုင်တဲ့ စွမ်းရည်ကိုလည်း ငါနားမလည်ဘူး...ငါ တစ်နှစ်လောက်ကြာတဲ့အထိ အိမ်မက်ထဲမှာ ရောက်နေတုန်း သူတို့လည်း ပေါ်မလာတော့ဘူး"
မော့ရစ်ကန်း: "ကိုးရောင်ခြယ်သမင်... ကိုးရောင်ခြယ်သမင်..."
"မင်းမှာ ဝံပုလွေနတ်ဘုရားရဲ့ လူပြန်ဝင်စားခြင်း စွမ်းအားရှိတယ် မဟုတ်လား"
လျိုဖေး မော့ရစ်ကန်းကို စိုက်ကြည့်ပြီး မေးလိုက်သည်။
"ဟုတ်တယ်... ကျွန်တော် ရှာနေတာက သမင်ဖြူပဲ... ဒီသမင်ဖြူက ကိုးရောင်ခြယ် သမင်နဲ့ တစ်ခုခုတော့ ပတ်သက်နေနိုင်တယ်..."
"မင်းရှာနေတဲ့ သမင်ဖြူက ကိုးရောင်ခြယ် သမင်နတ်ဘုရားပဲ ဖြစ်မယ်"
မော့ရစ်ကန်းရဲ့ သူ့မျက်လုံးတွေက ပြူးကျယ်သွား၏။ သူ့ရဲ့ တုံ့ပြန်မှုကိုမြင်တော့ လျိုဖေးက ဆက်ပြောပြသည်။
"သမင်နတ်ဘုရားမှာ အရောင်ကိုးရောင် ရှိပေမယ့် အဲဒီကိုးရောင်က သူ့ခန္ဓာကိုယ်မှာရှိတဲ့ အမွေးကိုးမျှင်ကို ပြောတာ... အဲဒီအမျှင်ကိုးခုက လွဲရင် လုံးဝ ဖြူတယ်"
လီကျင်လုံလည်း မော့ရစ်ကန်း ပုခုံးကို ပုတ်လိုက်သည်။
"ငါတို့ နီးနေပါပြီ... မလန့်ပါနဲ့ မော့ရစ်ကန်း..."
မော့ရစ်ကန်းကလည်း ဤကိစ္စသည် အလွန်အရေးကြီးကြောင်း သိသော်လည်း အဆုံးတွင် သူ့အတွေးများကို ချုပ်တည်းထားရလေသည်။
လီကျင်လုံ: "မိစ္ဆာဘုရင်က ခင်ဗျားကို အိပ်မက်ထဲ ရောက်သွားအောင် လုပ်ပေးနိုင်တယ် ဆိုတော့ သူက ကိုးရောင်ခြယ်သမင်ကို ထိန်းချုပ်ထားတာ ဖြစ်နိုင်တယ်"
"မှန်တယ်" လျိုဖေးက အရက်ကို ချလိုက်ပြီး ဟုန်ကျွင့်ပေးလာတဲ့ လက်ဖက်ရည်ကို ယူလိုက်သည်။
"ဒါသာမှန်ရင် ငါတို့ ဒုက္ခရောက်လိမ့်မယ်... အခု ငါစဉ်းစားကြည့်တော့ သူတို့က ငါတို့ကို လှည့်စားဖို့ ပျက်ကွက်သွားခဲ့ပြီ... ငါတို့ကို အိပ်မက်ထဲ တွန်းပို့ပြီးတော့ သူသွားလေရာရာက သက်ရှိတွေကို သတ်ဖို့ စစ်တိုက်ဖို့ လူသေအလောင်းတွေကို ဆင့်ခေါ်ခဲ့တာ"
ဟုန်ကျွင့်: "ကောင်းကင်နတ်ဆိုးကရော..."
ဟုန်ကျွင့်သည် သူ ယောင်ကျင်းနန်းတော်မှ ထွက်ခွာသွားခါနီး၌ ချုံမင်နဲ့ ချင်းရှုံတို့ တုံ့ဆိုင်းနေသည့်စကားကို သတိရမိသည်။
ငါးကြင်းနတ်ဆိုးက “ကောင်းကင်နတ်ဆိုး ထမြောက်မယ့် အချိန်ကနီးလာပြီ... မိစ္ဆာဘုရင်လက်ထဲမှာ လူသေအလောင်းတွေ ရှိနေရင် ဘယ်သူမှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး”
"ကောင်းကင်နတ်ဆိုး ရှင်ပြန်ထမြောက်မယ် ဆိုတာက ဒဏ္ဍာရီတစ်ခုသာသာပဲ" လျိုဖေးက မတွေးဘဲ ပြော၏။
"ကောင်းကင်နတ်ဆိုး ပြန်နိုးလာဖို့ဆို နှစ်ပေါင်းတစ်ထောင်ကြာတယ်... နောက်ဆုံးအကြိမ် သူနိုးလာတုန်းက ငါမမှီခဲ့ဘူး... ဒါပေမဲ့ ဘုရင်ကတော့ သိလောက်တယ်... အခုက အနှစ်ကိုးရာလောက်ပဲ ရှိသေးတာ... နှစ်တစ်ရာအတွင်းတော့ သူထလာမှာ မဟုတ်သေးဘူးမလား...."
လက်ဖက်ရည် သောက်ပြီးနောက် ကဲရှူးဟန့် ပေးပို့သောလူများ ရောက်လာသော်လည်း လီကျင်လုံက ၎င်းတို့အားလုံးကို ပိတ်ဆို့ခဲ့ပြီး မနက်ဖြန်တွင်မှ အားလုံးဆွေးနွေးမည်ဟု ပြောကြားခဲ့သည်။ နောက်ဆုံးတော့ ကိုယ့်ပြည်သူတွေရဲ့ ဒုက္ခကို မပြီးပြတ်သေးဘူးလေ။
လီကျင်လုံ: "အဲလိုဖြစ်ရင် ငါ မင်းတို့ကို မနှောင့်ယှက်တော့ဘူး...စစ်သူကြီးကို ဒီညတော့ အနားယူခိုင်းလိုက်ပါ... မနက်ဖြန်မှ ဆွေးနွေးကြတာပေါ့"
လျိုဖေးသည် နတ်ဆိုးနှင်သူများက သူနဲ့ ဆွေးနွေးစရာများ ရှိသည်ကို သိသောကြောင့် နေခဲ့သည်။ တိုက်ပွဲတွင် ကျဆုံးသွားသော သရဲတစ္ဆေများသည် နေ့အလင်းရောင်ကို မမြင်လိုသဖြင့် လီကျင်လုံက လျိုဖေးအား အိမ်ထဲရှိ အခန်းတစ်ခန်းထဲ၌ အိပ်စေခဲ့သည်။ မော့ရစ်ကန်း၏ အခန်းထဲတွင်တော့ လီကျင်လုံတို့ လေးယောက်က ကုတင်နှစ်လုံးဖြင့် အိပ်စက်ကြသည်။
လူတော်တော်များများ အိပ်မပျော်ကြပေ။ အထူးသဖြင့် လီကျင်လုံနဲ့ ဟုန်ကျွင့်မှာ မောပန်းနွမ်းနယ်နေပေမယ့် တီးတိုးဆွေးနွေးနေကြဆဲပင်။ မော့ရစ်ကန်းက လုရွှီကို ကုတင်ပေါ်မှာ အိပ်ခိုင်းထားသည်။
မော့ရစ်ကန်း: "သမင်ဖြူရဲ့ သတင်းတော့ ရပြီ... တတ်နိုင်သမျှ အမြန်ဆုံး သွားကြည့်ရမယ်"
လီကျင်လုံ: "မော့ရစ်ကန်း ကိုးရောင်ခြယ်သမင်က ထွက်ပြေးမှာ မဟုတ်ဘူး... ဒီကိစ္စက ရှုပ်ထွေးတယ် မသွားခင် ဘေးကင်းတဲ့ နည်းဗျူဟာကို တွေးထားရမယ်... လမ်းခရီးမှာ အမှားအယွင်းတွေ ဆိုခဲ့ရင် ကံကိုလည်း အားကိုးရဦးမှာ.."
တကယ်တော့ ဒီအဖွဲ့၂ဖွဲ့ထဲက တစ်ဖွဲ့သာ ပျက်ကွက်ခဲ့ရင် လန်ကျိုးမြို့မှာ ဒုက္ခရောက်သွားလိမ့်မယ်။ တခဏချင်းမှာပဲ နတ်ဆိုးဘုရင်ရဲ့ နယ်မြေလည်း ဖြစ်လာလိမ့်မည်။ ဒါကြောင့်မို့လို့ မော့ရစ်ကန်းက သမင်ဖြူကို အမြန်ရှာတွေ့ချင်နေခြင်းပင်။
"လျိုဖေး ပြောတဲ့စကားက သိပ်ကို သိသာထင်ရှားပါတယ်... မိစ္ဆာဘုရင်က စစ်ပွဲမှာ ကျဆုံးသွားတဲ့ ဒီအလောင်းတွေကို ထိန်းချုပ်ဖို့ သမင်ဖြူကို သုံးတယ်...ကောင်းကင် နတ်ဆိုး ပြန်ထမြောက်ဖို့အတွက် ပြင်ဆင်ဖို့ သူ့ရဲ့စစ်တပ်ကိုလည်း ဖွဲ့စည်းနေတယ်... ငါတို့ ကိုးရောင်ခြယ်သမင်ကို အမြန်ဆုံး ရှာတွေ့မှ ဖြစ်မယ်"
လီကျင်လုံ: "မင်းက လျိုဖေးရဲ့ ပြိုင်ဘက်ဖြစ်မှာလား"
လုရွှီက နံရံကို မျက်နှာမူကာ လဲလျောင်းနေပြီး ဟုန်ကျွင့်ကလည်း အိပ်ငိုက်နေသဖြင့် သူတို့ဘက်ကို လှည့်အော်လာတော့၏။
"မင်းတို့တွေ ငါ့ကို အိပ်ခွင့်မပေးသေးဘူးလား... ပြောစရာရှိရင် မနက်ဖြန်မှ ပြောလို့မရဘူးလား"
ထိုအခါ လီကျင်လုံနဲ့ မော့ရစ်ကန်းတို့သည်လည်း စကားပြောရပ်ပြီး အိပ်စက်ရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
နောက်တစ်နေ့။ ဟုန်ကျွင့် သူ့မျက်လုံးများကို ဖွင့်၍ ကိုယ်လက်သန့်စင်ရန် ထွက်လာသောအခါတွင် အခန်းထဲ၌ ဘယ်သူမှ မရှိတော့တာကို တွေ့လိုက်ရသည်။ ငါးကြင်းနတ်ဆိုးက လီကျင်လုံနဲ့ မော့ရစ်ကန်းသည် ယာတန်အကြောင်း ဆွေးနွေးရန် ကဲရှူးဟန့်နှင့် တွေ့ဆုံနေကြောင်း ပြောပြခဲ့သည်။
ငါးကြင်းနတ်ဆိုး: "မင်း မနေ့က လူတွေအများကြီးကို ငါကယ်ခဲ့တယ်လို့ ပြောတယ်နော်... နဂါးတစ်ကောင် ပြောင်းဖို့ မလုံလောက်သေးတာများလား... ငါ လူသားတစ်ယောက် ဖြစ်လာလည်း ရတာပဲကို"
ဟုန်ကျွင့်လည်း မသိပေ။ ယုတ္တိဗေဒအရ ပြောရလျှင် ငါးကြင်းနတ်ဆိုးသည် နတ်ဆိုးနှင်ဌာနသို့ ထဲဝင်ကာ ကုသိုလ်တော်များစွာ စုဆောင်းထားခဲ့သော်လည်း တုံ့ပြန်မှု လုံးဝ မရှိခဲ့ပေ။
ဟုန်ကျွင့်: "မင်းကိုယ်တိုင် မလုပ်ခဲ့လို့ ဖြစ်နိုင်တယ်"
ငါးကြင်းနတ်ဆိုးက လူတွေကို သူ့ဘာသာသူ ဘယ်လိုလုပ် ကယ်တင်နိုင်မှာလဲလို့ တွေးနေမိ၏။ ဟုန်ကျွင့်က နှစ်သိမ့်စကားလေး ပြန်ပြောပြီး နောက်တစ်ကြိမ် ကုသိုလ်ကောင်းမှုတွေ လုပ်ခွင့်ရှိသရွေ့တော့ လွှတ်ထားပေးမယ်လို့ ကတိပေးလိုက်ရသည်။
သူတို့စကားပြောနေစဉ် လီကျင်လုံနဲ့ မော့ရစ်ကန်းက အစည်းအဝေးပြီးလို့ စင်္ကြံလမ်းပေါ်၌ စကားပြောရင်း ပြန်လာနေကြတာ တွေ့လိုက်ရသည်။
လီကျင်လုံ: "အဲ့ကလေးကို ဘယ်လိုဖြေရှင်းမလဲ?"
ခြံဝင်းထဲမှာ ရပ်နေတဲ့ လူနှစ်ယောက်ကို ဟုန်ကျွင့် စိုက်ကြည့်နေခဲ့သည်။ ကဲရှူးဟန့်နဲ့ တွေ့ဆုံစဉ် လီကျင်လုံဟာ အဲဒီနေ့က လုရွှီကို လူမိုက်အဖြစ် ဆက်ဆံခဲ့တဲ့ အစောင့်ကို အထူး ခေါ်တွေ့ခဲ့သည်။ လုရွှီက မကြောက်တတ်ပါ။ ဖုတ်ကောင်များ မြို့ထဲဝင်ကာ သတ်ဖြတ်သွားသည်ကို မြင်ပြီးနောက် အနည်းငယ် ရူးသွပ်သွားခဲ့တာပဲ ဖြစ်သည်။
လုရွှီရဲ့အဖေက ကျစ်ဝေကဖြစ်ပြီး သူ့အမေက ဟွေဟဲလူမျိုး ဖြစ်သည်။ ငယ်ငယ်လေးကတည်းက ဘာမှမသိခဲ့ပေမယ့် ပြေးတာကတော့ အင်မတန် မြန်သည်။ ဒါနဲ့ သူ့အဖေက သူ့ကို ယွိမန်ဂိတ်မှာ အလုပ်ရှာပေးဖို့ ကြံရွယ်ထားရာကနေ သူ့ကို အသက်ဆယ့်နှစ်နှစ်မှာ ယွိမန်ဂိတ်ရဲ့ အစောင့်တပ်ရှိ လျိုနီစွင်းက ခေါ်သွားပြီး သူနဲ့အတူ ကင်းထောက် ဖြစ်လာစေခဲ့သည်။ လုရွှီအား ချီတက်နေသော တပ်သားများအား စာပို့ပေးရန် တာဝန်ယူရ၏။
ထို့ကြောင့် လုရွှီဟာ အမြဲတစေ လျင်မြန်စွာ ပြေးသွားကာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ် သိုင်းပညာအချို့ကို သင်ယူခဲ့သည်။ လျိုနီစွင်းနှင့် အတူ ဖြတ်သန်းပြီးနောက် ဤဘေးဒုက္ခကို ရင်ဆိုင်ခဲ့ရသည်။
လီကျင်လုံ: "လုရွှီက သူ့နာမည်ကို မှတ်မိသေးတယ်... သူ ပါးစပ်က 'လု' လို့ ပြောလိုက်တာက မင်းကို အထင်လွဲသွားစေတာ ဖြစ်မယ်"
မော့ရစ်ကန်းက ခေါင်းယမ်းကာ ခါးသီးစွာ ပြုံးလိုက်လေသည်။ ထိုအချိန်တွင် လုရွှီဟာ ဥယျာဉ်မှ ထွက်လာပြီး အံ့ဩနေသော အကြည့်ဖြင့် သူတို့ သုံးယောက်ကို မတ်တပ်ရပ်ကြည့်နေလေသည်။ ဟုန်ကျွင့်မှာ လုရွှီအပေါ် တော်တော် သဘောကျတာမို့ သူက လက်ပြပြီး လှမ်းခေါ်လိုက်သည်။
"လုရွှီ လာခဲ့...ငါ အရသာရှိရှိတာ တစ်ခုခုစားဖို့ ခေါ်သွားပေးမယ်"
လုရွှီက လီကျင်လုံကို ဦးစွာကြည့်ပြီး၊ ထို့နောက် မော့ရစ်ကန်းကို ထပ်ကြည့်လိုက်သည်။
"မင်းတို့မှာ ဘာအစီအစဉ်ရှိလဲ"
လီကျင်လုံက မော့ရစ်ကန်းအား ထပ်မေးပြန်သည်။ မော့ရစ်ကန်းက ခဏလောက် စဉ်းစားပြီး နောက်ဆုံးမှာတော့ ပြန်ဖြေလာ၏။
"ထားပါတော့... ငါ ခေါင်းဆောင်စကားကိုပဲ နားထောင်လိုက်မယ်"
မော့ရစ်ကန်းက သူ့မျက်လုံးတွေနဲ့ အချက်ပြလိုက်တော့ လီကျင်လုံလည်း ဝမ်းသာအားရ ခေါင်းညိတ်ပြပြီး သူ့ကို ပုခုံးတစ်ချက် ပုတ်လိုက်သည်။
ဟုန်ကျွင့်: "မင်းတို့ဘာတွေ ပြောနေတာလဲ?"
"ကိုယ် မင်းကို အရသာရှိတာ တစ်ခုခုစားဖို့ ခေါ်သွားပေးမယ်"
ထို့နောက် လီကျင်လုံ ဟုန်ကျွင့်အား ဆွဲခေါ်သွားတော့သည်။ မော့ရစ်ကန်းကလည်း ပြုံး၍ လက်ဝှေ့ယမ်းပြလာ၏။
"လုရွှီ.... ဒီကိုလာ..."
လုရွှီက ထွက်ခွာသွားသော ဟုန်ကျွင့်ကို ကြည့်လိုက်ပြီးနောက် မော့ရစ်ကန်းဘက် လှည့်ကြည့်လိုက်သည်။
"အရုဏ်ဦးကြယ်"
မော့ရစ်ကန်းက ခုန်တက်လာကာ စင်္ကြံရှေ့က လက်ရန်းပေါ်မှာ ထိုင်ချလိုက်တော့ လုရွှီကလည်းပြုံးပြီး သူ့ဘေးမှာ ဝင်ထိုင်လိုက်သည်။
"ဒီရက်ပိုင်း မင်းကို ငါဒုက္ခပေးခဲ့မိတယ်"
မော့ရစ်ကန်းဟာ သူဆွဲထားသော လက်ကို လွှတ်လိုက်ပြီး လုရွှီရဲ့ ပုခုံးကို လက်မောင်းနဲ့ ရစ်ပတ်လိုက်သည်။ နှစ်ယောက်သား ခြံဝင်းထဲက တောက်ပတဲ့ နေရောင်ခြည်ကို ကြည့်ရင်း မော့ရစ်ကန်းဘက်က စကားစလိုက်သည်။
"ခေါင်းဆောင်က ပြောတယ် ငါဖျားနေတုန်းက မင်းကို အားကိုးခဲ့ရတယ်တဲ့..."
"ဟုန်ကျွင့်ပါ" လုရွှီက ပြန်ဖြေသည်။
မော့ရစ်ကန်းက ပြုံးပြီး လက်ကို ဝှေ့ယမ်းပြလိုက်သည်။
"ဟုန်ကျွင့် ငါ့ကို ကုသပေးတာက လုပ်သင့်လို့ပါ... ငါတို့အားလုံး အတိတ်မှာ အတူနေထိုင်ပြီး သေရေးရှင်ရေး အခြေအနေတွေကို အတူဖြတ်ကျော်ခဲ့တဲ့ ညီအကိုတွေ ဖြစ်ခဲ့ကြတာလေ.."
မော့ရစ်ကန်းက သူ့ခေါင်းကို လက်တစ်ဖက်ကို နောက်မှာထားပြီး အတွေးထဲမှာ ဝံပုလွေတစ်ကောင်လို ခေါင်းကုတ်လိုက်သည်။ ဒါကိုကြားပြီးနောက် လုရွှီက စိတ်မသက်မသာနဲ့ မော့ရစ်ကန်းကို ဘေးတိုက် လှည့်ကြည့်လိုက်ပါ၏။
"ငါတို့က ချန်အန်းက လာတာ... တံတိုင်းအပြင်က လူတွေက ငါ့ကို အရုဏ်ဦးကြယ်လို့ ခေါ်ကြတယ်... ငါက အိမ်ကထွက်ပြီးကတည်းက အမြဲတမ်း သူရဲကောင်းတစ်ယောက်က ဖြစ်ချင်ခဲ့တာလေ အဲဒါကြောင့် လှည့်ပတ်ကစားခဲ့တာ..."
လုရွှီသည် ယနေ့ မော့ရစ်ကန်းရဲ့ ပုံစံကို အပေါ်အောက် ငုံ့ကြည့်လိုက်သည်။ မော့ရစ်ကန်းသည် နက်ပြာရောင် စစ်ဝတ်ရုံ၊ မင်အင်္ကျီနှင့် ဦးထုပ်ကို ၀တ်ဆင်ထားသောကြောင့် သူ၏ ဖြောင့်စင်းသော ရုပ်ရည်ကို ပို၍ ပေါ်လွင်လာစေ၏။ လုရွှီ သူ့လက်ကို ဆန့်တန်းကာ မော့ရစ်ကန်းရဲ့ အင်္ကျီထဲသို့ ရောက်ရှိလာပြီး အထည်ကို ထိကြည့်လိုက်သည်။
"ဟုန်ကျွင့်....." လုရွှီက ထပ်ပြောသည်။
မော့ရစ်ကန်းက ခေါင်းညိတ်ပြီး :"ဟုတ်တယ်... သူတို့က ဒီနေ့ တူညီဝတ်စုံတွေ ဝတ်ထားတယ်... အဲဒါတွေက ငါတို့ နတ်ဆိုးနှင်ဌာနရဲ့ တရားဝင် ဝတ်စုံပဲ"
လီကျင်လုံနဲ့ ဟုန်ကျွင့်တို့ နှစ်ဦးစလုံးသည် ဝတ်စုံများ ၀တ်ဆင်ထားကြပြီး စစ်သူကြီး၏ နေအိမ်မှ ထွက်ခွာပြီးနောက် စစ်စခန်းသို့ ဦးစွာသွားရောက်ခဲ့သည်။ စစ်သည်များ ပြန်လည် ကောင်းမွန်လာသည်ကို တွေ့လိုက်ရသောအခါတွင် ချင်လျောင့်နဲ့ သူ့ဇနီးတို့က ပို၍ပင် ကြင်နာစွာ ဆက်ဆံလာခဲ့ကြသည်။
သူတို့ဆီမှာ ညစာစားချင်စေပေမယ့် ဟုန်ကျွင့်က သူတို့ကို ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်ခဲ့ပြီး လီကျင်လုံနဲ့အတူ လန်ကျိုးမြို့ထဲက စားသောက်ဆိုင်တစ်ခုဆီ ထွက်လာခဲ့သည်။ ထမင်းဆိုင်သည် စားရခဲသော သိုးသားလုံးကင် အပါအဝင် အနောက်မြောက်ဖက် ဒေသ၏ အစားအစာများကြောင့် ကျော်ကြားလေသည်။
လီကျင်လုံ: "နောက်ဆုံးတော့ ကောင်းကောင်း အနားယူလို့ရပြီ...."
"ကျန်တာရော... ဘာလုပ်သင့်လဲ"
ဟုန်ကျွင့် စိတ်မချနိုင်သေးချေ။ ဖုတ်ကောင်စစ်တပ်ကို တိုက်ခိုက်နေရတဲ့ ပြဿနာက မဖြေရှင်းနိုင်သေးပေ။ ဟိုးရှေးရှေးတုန်းက ချုံမင်နဲ့ ချင်းရှူံ ပြောခဲ့တဲ့ ပြဿနာတစ်ခုက ယောင်ဝါးဝါး ဖြစ်လာသလိုမျိုးပင်။ ကောင်းကင်နတ်ဆိုး နိုးထလာတော့မည်။
လီကျင်လုံသည် ဟုန်ကျွင့်လေး မိစ္ဆာမျိုးရိုးအပေါ် စွဲလမ်းမှုကောင်းကြောင်း သိထားပြီးပြီမလို့ ယခုအချိန်၌ မိစ္ဆာများကို မြင်သောအခါတွင်မူ သွေးကြောင့် ဖြစ်ကောင်းဖြစ်နိုင်စွာ အတင်းမလုပ်ချင်ချေ။
"ငါ ဒီမနက် လျိုဖေးနဲ့ စကားပြောခဲ့တယ်... သူအရင် ထွက်သွားလိမ့်မယ်.... အချက်အလက်တွေကို အရင်ရှာပြီး ငါတို့ကို အချိန်မရွေး ဆက်သွယ်ခွင့်ပေးလိမ့်မယ်... မဟုတ်ရင် စစ်ဖြစ်တဲ့အခါ ထောင်နဲ့ချီတဲ့ လူသေကောင်တွေနဲ့ သရဲတစ္ဆေတွေကို တိုက်ခိုက်နေရင် ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ပြိုင်ဘက်ဖြစ်လာမှာ မဟုတ်ဘူး"
"ခင်ဗျား အကူအညီကို စောင့်ချင်တာလား"
"ဟုတ်တယ်... ယုံစစ်နဲ့ အားထိုက်တို့ ရောက်လာတဲ့အခါကျရင် ငါတို့ ပူးပေါင်းပြီး ရှေ့ဆက်တာ ဒါမှမဟုတ် ဆုတ်ခွာသွားတာမျိုး လုပ်နိုင်တယ်... လျိုဖေး သူ့ရဲ့ခေါင်းဆောင် တစ္ဆေ ဘုရင်အစစ်ကို ရှာတွေ့ပြီးရင် ငါတို့နဲ့ အတူတူ တိုက်ခိုက်လိမ့်မယ်... တစ္ဆေဘုရင်အစစ်ကို တွေ့ရင် မော့ရစ်ကန်းကို နှိုးခိုင်းမယ်... နောက်ဆုံးမှာ သူ့ကိုလည်း အတူတူ လက်တွဲခိုင်းပြီး ဖြေရှင်းလိုက်ကြမယ်.... ကျန်းဟောက်ကိုယ်ထဲ ဝင်နေတဲ့ မိစ္ဆာနဲ့ မပေါ်သေးတဲ့ တခြားမိစ္ဆာတွေကိုလည်း ဖော်ထုတ်ရမယ်....ပြီးတော့ စစ်သူကြီး ကဲရှူးဟန့်ကိုလည်း ဟယ်ရှီးမှာရှိတဲ့ မြို့ကြီးတွေရဲ့ ကာကွယ်ရေးကို အားကောင်းအောင် စီစဥ်ခိုင်းထားတယ်... မြို့အနှံ့က ရွာသူရွာသားတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းခိုင်းထားတယ်"
ဟုန်ကျွင့် ဤစကားများကို ကြားသောအခါ လီကျင်လုံက အစီအစဉ်များကို ပြုလုပ်ထားပြီမှန်း သိသောကြောင့် သူစိတ်မပူတော့ပေ။ လီကျင်လုံက ဆက်ပြောသည်။
"တစ္ဆေဘုရင်ကြီး အတွက်ကတော့ စိုးရိမ်ပူပန်စရာတွေကို အရင်ဆုံး ဖယ်ထားလိုက်ရအောင်... ပြီးတော့ ကိုးရောင်ခြယ်သမင်ကို ရှာဖို့ မော့ရစ်ကန်းကိုလည်း ကူညီရမယ်"
"အင်း... လုရွှီရော ကျွန်တော်တို့နဲ့ လိုက်လာမှာလား"
"လိုက်မှာ မဟုတ်ဘူး... နတ်ဆိုးနှင်သူ တစ်ယောက်ဖြစ်ဖို့ အရမ်းအန္တရာယ်များတယ် ဒီကလေးက လက်နက် မရှိဘူး ဒါပေမဲ့ သူက ပိုမြန်အောင် ပြေးနိုင်တယ်... ဒါထက် ဘာမှ မလုပ်နိုင်သေးဘူး... ဟုန်ကျွင့် မင်းသာ ဆိုရင် ထည့်မှာလား... သူ့အကျိုးအတွက် သတိထားရမယ်... သူနဲ့ မပတ်သက်မိပါစေနဲ့"
.......
စစ်သူကြီး အိမ်ကြီးတွင်တော့ မော့ရစ်ကန်းနဲ့ လုရွှီတို့ နေရောင်အောက်တွင် ထိုင်နေကြ၏။ မော့ရစ်ကန်းက သူ့လက်ကို ဆန့်တန်းကာ လုရွှီခေါင်းကို ပွတ်သပ်လိုက်သည်။
"လုရွှီ.. ဒီခရီးကို လိုက်လာပေးလို့ ကျေးဇူးတင်ပါတယ်"
လုရွှီ တစ်ခုခုကို တွေးနေပုံပေါ်ပြီး ခေါင်းညိမ့်လိုက်သည်။
"ငါ နောက်ကျရင်တော့ ကိုးရောင်ခြယ်သမင်ကို ရှာဖို့ မော့ကောင်းဂူကို သွားရမယ် အဲဒါက အရမ်းအန္တရာယ်များလို့ မင်း လိုက်လို့မရဘူး"
လုရွှီက ရုတ်တရက် အံ့အားသင့်သွားသော မျက်လုံးများဖြင့် ခေါင်းကို မော့ကာ မျက်မှောင်ကြုတ်ပြလိုက်သည်။ ထို့နောက် မတ်တပ်ထရပ်ကာ မော့ရစ်ကန်းကို တိတ်တဆိတ် ငုံ့ကြည့်လိုက်သည်။
"ဌာနခေါင်းဆောင်နဲ့ စစ်သူကြီး ကဲရှူးဟန့်တို့ ဆွေးနွေးထားကြတယ်... မင်း စစ်တပ်ထဲမှာ ကင်းထောက်လုပ်လို့ရ... လုရွှီ?"
လုရွှီ လှည့်ပြီး ထွက်သွားလေ၏။
လုရွှီက သူ့ကို ထားမသွားချင်ဘူးလို့ မော့ရစ်ကန်း သဘောပေါက်တာကြောင့် လုရွှီရဲ့နောက်ကို အမြန်လိုက်သွားပြီး ရှင်းပြရသည်။
"မင်းမှာ မှော်အစွမ်းမရှိဘူး... မင်းက သာမန်လူသား... ဒါကြောင့် မင်း မလုပ်နိုင်ဘူး..."
လုရွှီက အရှိန်မြန်လာတာကြောင့် မော့ရစ်ကန်းမှာလည်း "လုရွှီ!" ဟုပြောကာ အမီလိုက်ရန် လှမ်းပြောသည်။ လုရွှီသည် ဒေါသတကြီး မျက်ခုံးများပင့်ကာ လှည့်ကြည့်လာသော်လည်း ဘာမှ မပြော။
ထိုအချိန်တွင် မော့ရစ်ကန်းလည်း ရုတ်တရက် သည်းမခံနိုင်တော့ပေ။ သူတို့နှစ်ဦးသည် ကျာယွိခရိုင်ကနေ လန်ကျိုးမြို့သို့ အပြန်လမ်းတစ်လျှောက်လုံး အတူတူ ဖြတ်ကျော်လာခဲ့ရာ ခံစားချက် မရှိဘူးဟု ပြောလျှင် လိမ်လည်ရာ ကျလိမ့်မည်။
"အစ်ကိုက မင်းကိုတွေ့ဖို့ ပြန်လာမှာပါ.... စကား နားထောင်ပါ...."
မော့ရစ်ကန်း အနည်းငယ် ကူကယ်ရာမဲ့သွားသော်လည်း လုရွှီ ထပ်၍ လှည့်ထွက်ပြေးသွားသည်။ မော့ရစ်ကန်းလည်း သက်ပြင်းချပြီး ခဏတာလောက်အထိ အလွန်စိတ်ပျက်သွားသည်။
လီကျင်လုံနဲ့ ဟုန်ကျွင့်ဟာ မြင်းတွေကို လက်တစ်ဖက်က ကိုင်ပြီး အိမ်ဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ပြန်လာခဲ့ကြသည်။
"နှစ်သစ်ကူး ရောက်ဖို့ တစ်လခွဲလောက် ကျန်သေးတယ်... အားထိုက်နဲ့ ချိုးယုံစစ်က လာနိုင်ပါ့မလား မသိဘူး... မော့ရစ်ကန်းက ဒီမှာဆိုတော့ အဆင်ပြေပါတယ် လူနည်းနည်းတော့ ပြန်ဆုံကြတာပေါ့"
လီကျင်လုံသည် အားထိုက်နဲ့ ချိုးယုံစစ်ထံသို့ စာတစ်စောင် ပေးပို့ထားပြီး ဤနေရာမှ အခြေအနေကို အသိပေးကာ မိစ္ဆာဘုရင်နှင့် ကောင်းကင်နတ်ဆိုး အကြောင်း ကောလာဟလများကို ပြောပြကာ တတ်နိုင်သမျှ အမြန်ဆုံး လာရောက် ကူညီပေးရန် တောင်းဆိုခဲ့သည်။
ဟုန်ကျွင့်လည်း ချင်းရှုံဆီ စာတစ်စောင် အရမ်း ပို့ချင်ပေမယ့် ထိုလူက အခုဘယ်မှာ ရှိနေမလဲ မသိပေ။ နောက်တစ်ခါ အခွင့်အရေးရရင် ချင်းရှူံကို စာပို့ဖို့ နည်းလမ်း ချန်ထားခိုင်းရမည်။
နေ့ခင်းဘက်တွင် လီကျင်လုံသည် စစ်သူကြီးဟောင်း၏ စံအိမ်တော်သို့ ပြန်လာပြီး ကဲရှူးဟန့်နှင့် ကာကွယ်ရေးတပ်များ အကြောင်း ဆွေးနွေးရန် စီစဥ်ထားခဲ့သည်။
"ပင်ပန်းနေတာ ကြာပြီ... မင်းကို ရက်နည်းနည်းကြာရင် ကစားခိုင်းလိုက်မယ်... ဘယ်လိုလဲ ကစားချင်လား?"
ဟုန်ကျွင့်သည် နှစ်ရှည်လများ ပျောက်ဆုံးသွားသော စကားလုံးများကို ကြားလိုက်ရသဖြင့် အလွန် ပျော်ရွှင်နေခဲ့သည်။ လီကျင်လုံသည် တိုက်ပွဲကြီးတစ်ခု ပြီးပါက အားလပ်ရက် ပေးလေ၏။ ဒါက သူတို့နှစ်ဦးတည်း ရှိနေရင်တောင် ဘာမှမပြောင်းလဲသွားပေ။
"အဲ့ဒါကို ကျွန်တော် မစဉ်းစားမိသေးဘူး"
လန်ကျိုးရဲ့ အေးခဲပြီး နှင်းတွေထူထပ်တဲ့ မြို့တော်မှာလည်း ဆောင်ကြာမြိုင် ရှိနေပုံရတယ်လို့ ခံစားခဲ့ရပေမယ့် အကြောင်းတစ်ခုခုကြောင့် သူ့မှာ ပြည့်တန်ဆာအိမ်များကို သိပ်စိတ်မဝင်စားတော့ပေ။
"ဒါဆို သေသေချာချာ စဉ်းစားထားပေါ့...ဒီရက်တွေမှာ အရေးပေါ် အခြေအနေ မရှိဘူးဆိုရင် အားလပ်ရက် အနားယူပြီး လန်ကျိုးကနေ ခဏ ထွက်သွားကြမယ်..."
သူနဲ့ မော့ရစ်ကန်းက အားလပ်ရက် ရှိသော်လည်း လီကျင်လုံရဲ့ အသွင်အပြင်ကို ကြည့်လိုက်ရင် သူတစ်ယောက်တည်း အလုပ်ရှုပ်နေမည်က သိသာသည်။ ဟုန်ကျွင့်မှာ တပ်ဖွဲ့ဝင်များ တန်းစီပြီး စောင့်ကြပ်နည်းကိုလည်း မသင်ယူဖူးသောကြောင့် မကူညီနိုင်ခဲ့ပါ။ ဒါကြောင့် သူက။
"ကောင်းပြီ ခင်ဗျားကို စောင့်နေမယ်"
လီကျင်လုံသည် ကဲရှူးဟန့်၏နေရာသို့ တိုက်ရိုက် ဝင်သွားခဲ့သည်။ ဟုန်ကျွင့်လည်း ခြံဝင်းအတွင်းမှ လမ်းလျှောက်သွားကာ သူ့အခန်းသို့ ပြန်သွားမယ်အလုပ် "ဟုန်ကျွင့်" ဟူသော အသံက ရုတ်တရက် ထွက်ပေါ်လာ၏။
နေထွက်လာသည်နှင့် တစ်ပြိုင်နက် တစ်မြို့လုံး ဆီးနှင်းများ အရည်ပျော်သွားကာ အိမ်ခေါင်မိုးပေါ်ရှိ ရေများက တစ်စက်တစ်စက် ကျနေသည်။ နှစ်ရက်ကြာ၌ ခြောက်သွေ့သွား၏။ ဆောင်းနေရောင်သည် လူတိုင်းနှင့် စစ်သူကြီး၏ နေအိမ်တွင် တောက်ပနေသည်။ လူတွေက သူတို့ရဲ့ စောင်တွေကို အခြောက်ခံဖို့ နေသာတဲ့နေ့ကို အခွင့်ကောင်းယူပြီး အလုပ်လုပ်နေကြစဥ် တစ်ချိန်တည်းမှာပဲ မော့ရစ်ကန်းကလည်း အခန်းထဲက အထည်ပေါင်းများစွာကို ရွှေ့ပြီး နေပူထဲမှာ အခြောက်ခံထားသည်။
သူ့ပါးစပ်ထဲမှာ မြက်ပင်ကို ကိုက်ကာ ခြေဖဝါးကို ဒူးတစ်ဖက်ပေါ် ပစ်တင်ထားရင်း မျက်လုံးတွေက မှိတ်ထားလေ၏။ မော့ရစ်ကန်းက သူ့ဘေးက နေရာကို ပွတ်သပ်ပြီး ဟုန်ကျွင့်ကို အိပ်ခိုင်းလိုက်သည်။
ဟုန်ကျွင့်: "လုရွှီ ဘယ်မှာလဲ?"
မော့ရစ်ကန်းက ကောက်ရိုးကို ကောက်ဆွဲလိုက်ပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ဆိုသည်။
"မင်း အဲဒီကလေးကို ကြိုက်နေတာများလား"
"မဟုတ်ပါဘူး!"
"မင်းမင်းက မြေခွေးလေးတွေ ကြိုက်တာလေးတွေကို အမြဲကြိုက်နေတာ မဟုတ်ဘူးလား?"
"ငါသွားပြီ!"
"လာ လာ စကားပြောဆို... ငါတို့ ကွဲကွာနေတာကြာပြီ ငါ့ကို မလွမ်းဘူးလား"
ဟုန်ကျွซิ့ မော့ရစ်ကန်းရဲ့ အသွင်အပြင်ကို မြင်သောအခါတွင် သူရုတ်တရက် လီကျင်လုံ ပြောတာကို တွေးမိပြီး လုရွှီကို မော့ရစ်ကန်းက နှင်လွှတ်လိုက်တာလားဟု တွေးမိကြောင်း၊ နောက်ဆုံးတော့ သူတို့ဟာ အတူတူ တိုက်ပွဲဝင်ခဲ့ကြ တာ ခင်မင်ရင်းနှီးမှုရပြီး လုရွှီ မပါဝင်နိုင် လို့ ဟုန်ကျွဲ့လည်း တွဲခဲ့ရ
"ဘယ်လောက်ကြာလို့လဲ တစ်လပဲ ရှိသေးတယ်။"
ဟုန်ကျွင့်က ပြုံးပြုံးလေးပြောပြီး မော့ရစ်ကန်းဘေးမှာ လှဲနေ၊ မော့ရစ်ကန်းသည် သူ့မျက်လုံးတွေကို မှိတ်ထားပြီး နွေးထွေးတဲ့ ဆောင်းရာသီရဲ့ နေရောင်ကိုရင်း ရေရွတ်ပါ
"အရုဏ်ဦးကြယ်.. ဟုန်ကျွင့်... အရုဏ်ဦးကြယ်.. ဟုန်ကျွင့်... အဲဒီကလေးက ခေါင်းဆောင်ရဲ့ နာမည်ကို မမှတ်မိဘူး"
ဟုန်ကျွ့နဲ့လည်း လုရွှီရဲ့ သူ့နာမည်ကို ခေါ်နေတာကို ပြန်မှတ်မိလိုက်တာမို့ မေး
"အရုဏ်ကြယ်ကြယ်ဆိုတာဘာလဲ"
မော့ရစ်ကန်းရဲ့ ချောမောသော မျက်နှာက ရုတ်တရက် နီမြန်းသွားကာ ပြန်ဖြေလိုက်၊
"နာမည်ပြောင်! အဲ့မေးခွန်းတွေ ထပ်မမေးနဲ့"
ဟုန်ကျွင့်လည်း နေကို ေမာ့တ် เริ่ม ဆောင်းနေရောင်သည် နွေးထွေးစွာ ထွန်းလင်းနေပြီး သူ့အောက်ရှိ စောင်ကို ပျော့ပျောင်းလွန်း၍ နွေးထွေးကာ သူငယ်ငယ်က ချုံမင်တခုပေါ်တွင် လဲလျောင်းနေခဲ့တဲ့ အချိန်ကိုတော့ ပြန်အမှတ်ရနေစေရေး ၊
"မော့ရစ်ကန်း!"
“ငါ့ကို အစ်ကိုလို့ ခေါ်စမ်းပါ” မော့ရစ်ကးက လေးနက်စွာ ဖြေဆို၊
ဟုန်ကျွၤကတော့ သူအာရုံစိုက်ဖို့ အရမ်းပျင်းနေပြီမို့ သူသိချင်တာကိုပဲ တိုက်ရိုက်မေးလိုက်၊
"မင်းအနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲဆိုတာကို တွေးဖူးလား"
"ဘာလို့ ရုတ်တရက်ကြီး ထမေးရတာလဲ"
လီကျင်လုံမှလွဲတုတ်ဟုန်ကျွ့သည် မော့ရစ်ကန်းနဲ့ အနီးကပ်ဆုံးရှိတယ်လို့ခံစားရ ထိုနေ့က ညစ်ပတ်သော နတ်ဆိုးနှင်ဌာနတွင် ထားနေစဥ် သတင်းလာပို့သည့် ဒုတိယလူမှာ မော့ရစ်ကန်းပဲ၊ အကြံပင်၏ ပထမဆုံးသော လူသားမိတ်ဆွေလည်းဖြစ်လေ၏။