Chapter (40)
ဟွာချင်ရေကန်
ဟွာချင်နန်းတော်သည် ပျက်စီးထားတာတွေကြောင့် ရှုပ်ပွနေပြီး ပြန်လည် တည်ဆောက်နေသည့် အတွက် မူလရေကန်မှာ လီကျင်လုံနှင့် အခြားသူများအတွက် သဘာဝအတိုင်း မဖွင့်ထားပေ။ စိမ်းလန်းသော တောင်တန်းများစွာ ရှိသော ချိုင့်ဝှမ်းထဲတွင် တိုးချဲ့ထားသည့် အရန်ခန်းမတစ်ခုတော့ ရှိသည်။ ထိုနေရာက ပြေပြစ်ပြီး ဆိတ်ငြိမ်သည်။
ဒီရေပူစမ်းရေကန်က ထင်းရှူးတောကြားမှာ တည်ရှိလေ၏။ မနေ့ညက လီရှန်တောင်မှာ ပထမဆုံးအကြိမ် နှင်းတွေကျခဲ့ပြီမလို့ ထင်းရှူးပင်တွေက အဖြူရောင်နှင်းတွေနဲ့ ရေခဲတွေ အများကြီး ဖုံးလွှမ်းနေသည်။ မင်းသားလီလန်သည် အခြားနန်းတော်များရှိ ကျွန်များကို ဧည့်သည်များအား အလုပ်အကျွေးပြုရန် စီစဥ်ပေးထားသည်။ လီကျင်လုံတို့ ရောက်ရှိလာသော် သူတို့ကလည်း ဤအပန်းဖြေခရီးကို သုံးရက်နှင့် နှစ်ညအိပ်ရန် စီစဉ်ထားခဲ့သည်။
နေ့ခင်းဘက်တွင် တိမ်များနှင့် မြူခိုးများက တောင်ထိပ်များပေါ်တွင် လှိမ့်ကာပတ်ကာဖြင့် တောင်ထိပ်များစွာကို ဝန်းရံထားသည်။ တခြားသော ခန်းမတည်ရှိရာ နေရာသည် မြင့်မားသော တောင်တန်းများစွာက ဝန်းရံထားသည့် အကြား၌ ရှိ၏။ အဆုံးမရှိသော ငှက်အော်သံ၊ ရှဥ့်တွေကလည်း တောထဲမှာ ခုန်ပေါက်သွားလိုက်၊ ခြံဝင်းထဲမှာ ကြိုးကြာတွေလည်း ရှိသည်။
"ငါတို့ရဲ့ နတ်ဆိုးနှင်ဌာနနဲ့ ယှဉ်ရင် ဘယ်ဟာ ပိုကောင်းလဲ"
လီကျင်လုံက သူ့ဓားကို လက်တစ်ဖက်က ကိုင်ထားပြီး စင်္ကြံတစ်လျှောက် လူတိုင်းနဲ့ အတူ လျှောက်သွားခဲ့တယ်။
ချိုးယုံစစ်: "လူတိုင်းက သူ့ကိုယ်ပိုင် အရည်အချင်းတွေ ရှိတယ်လေ....ဒီမှာတော့ လက်ရေးလှနဲ့ ပန်းချီဆွဲရင်တော့ ငါတို့နေရာလောက် မကောင်းဘူး..."
လီကျင်လုံ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ ဟုန်ကျွင့်သည် စင်္ကြံရှေ့တွင် ဆန့်တန်းလျက် ရပ်နေကာ လီကျင်လုံ ပြုံးနေတာကို သတိပြုမိတာကြောင့် ခေါင်းထွက်၍ ဆိုလာ၏။
"ခေါင်းဆောင် အခုတလော ခဏခဏ ပြုံးနေတယ်နော်"
လီကျင်လုံရဲ့ မျက်နှာက အကြောင်းပြချက်မရှိဘဲ နီမြန်းသွားပြီး။
"အားလပ်ချိန် ညစာစားပွဲမှာ ဆုံမယ်"
သို့နှင့် လူတိုင်းလူစုခွဲကာ အဝတ်အစားများ ပြောင်းလဲလိုက်သည်။ ရေပူစမ်းတွင် ရေစိမ်ရန် ဟုန်ကျွင့်ကို အခန်းငယ်တစ်ခုထဲတွင် ထားခဲ့ပြီး လက်ဖက်ရည်၊ မျက်နှာသုတ်ပုဝါ၊ ရေချိုးဝတ်စုံစသည်ဖြင့် အားလုံးက အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ ခြံဝင်းထဲတွင်တော့ ငါးကြင်းနတ်ဆိုးသည် ရုပ်တုတစ်ခု၏ အပိုင်းတစ်ခုကို ဖမ်းကိုင်ကာ တံတားပေါ်တွင် ရပ်နေသည်။ ၎င်းက ဟုန်ကျွင့်ကို ငုံ့ကြည့်ကာ ငါးအစာအချို့ကို ဖမ်းကိုင်၍ ကိုယ်တိုင်စ စားနေစဉ် အောက်ကငါးတွေးကိုလည်း ကျွေးနေသည်။
"မသွားဘူးလား?"
ငါးကြင်းနတ်ဆိုးက: "နေ့တိုင်း ရေစိမ်ရတာ ဘာထူးလို့လဲ.. မကြိုက်ဘူး မသွားဘူး"
"ငါ့ကို ကြည့်ခွင့်ပေးပါဦး"
ဟုန်ကျွင့်သည် သူ့ရေချိုးဝတ်ရုံကို ပြောင်းပြီး ငါးကြင်းနတ်ဆိုး ကိုင်ဆောင်ထားတဲ့ အလောင်းကို ကြည့်ဖို့ ထွက်လာခဲ့သည်။
"မင်းရဲ့ ကယ်တင်ရှင်က ကြီးမြတ်တဲ့ သခင်ဖြစ်ပုံရတယ်နော်"
“သူက ဗုဒ္ဓဖြစ်သွားပြီ” ငါးကြင်းနတ်ဆိုးက ပြောသည်။
“ကျန်းတန် ကုသိုလ် ဗုဒ္ဓဘုရား... ငါလည်း နဂါးဖြစ်ဖို့ ကုသိုလ်များများ စုဆောင်းရမယ်... သူငါ့ကိုပြောဖူးတယ် နဂါးတံခါးကို ခုန်ရမယ်တဲ့ မဟုတ်ရင် တောက်ပနေလည်း အသုံးမဝင်ဘူး”
ဟုန်ကျွင့်လည်း ငါးကြင်းနတ်ဆိုးကို သူ့ကိုယ်ပိုင် အားလပ်ချိန်ကို ရှာဖွေရန် စေလွှတ်ပြီးနောက် တောင်ပေါ် ရေပူစမ်းနောက်ဘက် သွားရာ စင်္ကြံလမ်းအတိုင်း လျှောက်သွားခဲ့သည်။ လီကျင်လုံ၏အခန်းထဲသို့ လှမ်းကြည့်လိုက်တော့ လီကျင်လုံက ရေချိုးဝတ်ရုံဖြင့် ထိုင်နေတာ တွေ့လိုက်ရသည်။ ကျယ်ဝန်းပြီး ကျန်းမာသော ရင်ဘတ်ကို ပြသထားကာ ဆေးဖက်ဝင်ပစ္စည်းများကို ပန်းကန်လုံးငယ် တစ်ခုထဲတွင် ရောစပ်နေရင်း ခေါင်းကို ငုံ့ထား၏။
"ဝင်လာပြီး ငါ့ကို ကျေးဇူးပြုပြီး ကူညီပေးပါဦး"
ဟုန်ကျွင့်လည်း ဒဏ်ရာအတွက် ဆေးလို့ ထင်ပါ၏။ ဆေးရဲ့ပြင်းထန်တဲ့ အနံ့ကို ရပြီးနောက် သူက အများကြီးမမေးတော့ဘဲ လီကျင်လုံကို ဆေးပြင်ဆင်ရာမှာ ကူညီပေးဖို့ ဝင်သွားလိုက်သည်။
“ဒါက သွေးထွက်တာကို ရပ်တန့်စေပြီး ကြွက်သားကြီးထွားမှုကို မြှင့်တင်ပေးတဲ့ ဆီမွှေးပဲ.... ဒဏ်ရာရှိနေတာလား"
လီကျင်လုံ ဟုန်ကျွင့်ကို စိုက်ကြည့်သော်လည်း ဘာမှ မပြောသေးပေ။
လီကျင်လုံ: "မင်းအဖေက သမားတော် ဖြစ်ခဲ့တာလား?"
ဟုန်ကျွင့်က ခေါင်းညိတ်ပြီး ပြန်ဖြေသည်။
"ကျွန်တော် ငယ်ငယ်လေးကတည်းက ချုံမင်က ကျွန်တော့်ကို ဆေးပညာ သင်ပေးခဲ့တယ်"
လီကျင်လုံက ဆေးရောစပ်ဖို့ ခေါင်းကို ငုံ့လိုက်သညိ။
"မင်းရဲ့ မွေးစားအဖေက မင်းကို ဆေးပညာလေ့လာပြီး လူတွေကို ကယ်တင်ဖို့ တောင်းဆိုခဲ့တာ မင်းအဖေကြောင့်ဖြစ်မယ်"
လီကျင်လုံ ဒါကိုပြောတဲ့အခါ ဟုန်ကျွင့်လည်း ချက်ချင်းနားလည်သွား၏။ ချုံမင်သည် သူငယ်ငယ်က မျက်လုံးဖွင့်လိုက်ချိန်မှာ မျက်ရည်ကျလာခဲ့ဖူးတာကို သတိရလိုက်သည်။ ချုံမင်နဲ့ သူ့အဖေ ခုန်ရွှမ်းတို့ဟာ ညီအကိုတွေ ဖြစ်ကြသည်။ သူနဲ့ လီကျင်လုံတို့လည်း တစ်နေ့မှာ လီကျင်လုံက ကွယ်လွန်ပြီး သူ့ကလေးက မိမိလက်ထဲမှာ ရှိနေခဲ့ရင် ဝမ်းနည်းကြေကွဲမိမှာ အသေအချာပါပဲ။
ဒါကိုတွေးပြီး ချုံမင်ကိုကြည့်တိုင်း ချုံမင်ရဲ့ မျက်လုံးထဲမှာ ဘယ်လိုခံစားချက်တွေ ဖုံးကွယ်ထားတယ် ဆိုတာကို သူနားလည်သွားသည်။ လီကျင်လုံဟာ သူဘယ်တုန်းကမှ မတွေးဖူးတဲ့ အသေးစိတ် အချက်များစွာကို သင်ကြားပေးခဲ့ပြီး မှုန်ဝါးဝါး အရိပ်ကနေ အကောင်အထည် အနေနဲ့ ထွက်ပေါ်လာခဲ့ပါသည်။
ဟုန်ကျွင့်က ထိုသူ ဆေးရောစပ်နေတာကို စူးစူးစိုက်စိုက် ကြည့်နေခဲ့၏။ နေဝင်ခါနီး အချိန်မှာ လီကျင်လုံက ဆေးပန်းကန်ကို သေသေချာချာ ရောမွှေလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
"သွားရအောင်"
ကျန်တဲ့ သုံးယောက်က ရေချိုးပြီးလို့ ချိုင့်ထဲမှာ အပန်းဖြေဖို့ သွားကြတာ ဖြစ်မည်။ ညနေစောင်းအချိန်၌ ရေချိုးခန်းထဲမှာ ရေနွေးငွေ့တွေ ပြည့်နေပြီး သစ်သားအကာတစ်ခုနဲ့ အမျိုးမျိုးသော အရာတွေ ချထားသည်။
"မင်းရဲ့အဝတ်အစားတွေကို ချွတ်လိုက်.... ရေထဲကို မဆင်းသေးနဲ့ဦး ငါမင်းကိုကြည့်ဦးမယ်"
လီကျင်လုံက ဆေးပန်းကန်ကို ကိုင်ထားရင်းက ပြောလာသည်။
"အာ--!"
ဟုန်ကျွင့်လည်း လီကျင်လုံတစ်ယောက် ဤမျှထူးဆန်းသော တောင်းဆိုမှုကို ပြုလုပ်လာလိမ့်မည်ဟု မမျှော်လင့်ထားတာကြောင့် ချက်ချင်းပင် ရှက်ရွံ့သွားသည်။
"မင်းရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ ရှိမရှိ ကြည့်မလို့"
လီကျင်လုံက လေးနက်စွာ ထပ်ပြောသည်။
ဟုန်ကျွင့်: "ကောင်းနေပါပြီ..."
လီကျင်လုံက စကားမပြောဘဲ ဟုန်ကျွင့်ရဲ့ မျက်လုံးတွေကိုသာ ကြည့်နေ၏။
"ဘာတွေရှက်နေတာလဲ?"
စကားပြောနေစဉ် လီကျင်လုံသည် ဆေးပန်းကန်လုံးကို ချလိုက်ပြီး ခါးပတ်ကို ဆွဲထုတ်ကာ ရေချိုး၀တ်ရုံကိုပါ ချွတ်၍ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ သူ့ခန္ဓာကိုယ်က ပိန်ပိန်ပါးပါးနဲ့ ဆိုပေမယ့် သူ့ရင်ဘတ် ကြွက်သားတွေက လှပသန်မာပြီး ဝမ်းဗိုက်ကြွက်သားတွေက သပ်ရပ်သည်။
ဟုန်ကျွင့်မျက်နှာ ရုတ်တရက် နီရဲသွား၏။ သူတို့အားလုံးသည် ယောက်ျားသားများ ဖြစ်ကြသော်လည်း သူ့လုပ်ဖော်ကိုင်ဖက်များ၏ ခန္ဓာကိုယ်ကိုတောင် မမြင်ဖူးခဲ့သဖြင့် သူ့နှလုံးက ခုန်မြန်လာသည်။
လီကျင်လုံ: "မြန်မြန်ဖယ်လိုက်...."
ဟုန်ကျွင့်ရဲ့ အသက်ရှုသံတွေ မြန်နေပြီ။ သူ့ခမျာ လီကျင်လုံကို မကြည့်ရဲတော့ဘဲ သူ့ရေချိုးဝတ်စုံကို ဖြည်ပြီး ဘေးဖယ်ထားလိုက်သည်။ ခဏကြာပြီးနောက် သူ့စိတ်က အနည်းငယ် တည်ငြိမ်လာတဲ့အခါ လီကျင်လုံကို မကြည့်ဘဲ မနေနိုင်တော့ချေ။ သူ့စိတ်ထဲ 'ခေါင်းဆောင်က တော်တော်ရုပ်ချောတာပဲ' လို့သာ တွေးနေသည်။
လီကျင်လုံသည် ကျယ်ဝန်းသောပခုံးနှင့် ခြေတံရှည်များရှိပြီး အသက်ဆယ့်လေးနှစ်တွင်ပင် ကျော့မော့သော ဝတ်စားဆင်ယင်မှုဖြင့် ရှင်သန်လာတတ်သူ ဖြစ်သည်။ သူ၏ ချောမွတ်၍ အသားအရေသည်လည်း ဆွဲဆောင်မှုရှိ၏။
ဤသည်မှာ ဟုန်ကျွင့်ကို မနာလို ဖြစ်စေဆုံးသော ခန္ဓာကိုယ်ပုံစံနှင့် အသားအရောင်ပင်။ သူ့ခန္ဓာကိုယ်က အလွန်တရာ မျှတလွန်းသည်ဟု အမြဲလိုလိုခံစားရသည်။ ပြီးတော့...သူ့ရဲ့အဲနေရာက အရမ်းကြီးသည်။
လီကျင်လုံရဲ့ အရာက ထူတယ်၊ ရှည်တယ်၊ လှတယ်၊ အကယ်၍များ ထောင်လာရင် ခြေတစ်လှမ်းလောက် ရှည်သွားမလား မသိဘူး။
ဟုန်ကျွင့် : "..."
ဟုန်ကျွင့်သည် သူ၏ ကြောက်ရွံ့မှုကို ထိန်းထားရင်း လီကျင်လုံကိုကြည့်ကာ မျက်တောင်မခတ်နိုင်တော့ပေ။ လီကျင်လုံဘက်ကလည်း သူ့နှာခေါင်းကို အကြိမ်အနည်းငယ် ဖိထားသည်။ သူ့ခမျာ လူငယ်လေး ဟုန်ကျွင့်ရဲ့ ခန္ဓာကိုယ်ကို မြင်လိုက်ရသောအခါတွင် သူ့နှာခေါင်းမှ သွေးများပင် ထွက်လုနီးပါး ဖြစ်နေပြီ။ သူက ဟုန်ကျွင့်ကို ခေါင်းကနေ ခြေထောက်အထိ တစ်ခါတည်း အဝတ်နဲ့ သုတ်ပေးနေသည်။
"မင်းငါ့ကို ဘာလုပ်ဖို့ ကြည့်နေတာလဲ?"
"ခေါင်းဆောင်ဟာက အရမ်းကြီးတာပဲ" (TN - နင့်အစား ငါရှက်တယ်ဟ!)
သူ လီကျင်လုံ၏ ခွန်အားကို မက်မောနေခဲ့သည်။
"မင်းကို ဒါ ကြည့်ခွင့်မပြုဘူး..." လီကျင်လုံ ရှက်ရွံ့သွားပြီး။
"လှည့်... ဟိုဘက်ကိုလှည့်"
ဟုန်ကျွင့်: "???"
လီကျင်လုံသည် ဟုန်ကျွင့်ကို ရေပူစမ်းရဲ့ အစွန်းမှာ မတ်တပ်ရပ်ခိုင်းထားသည်။ ရေကူးကန်ထဲက ရေထဲမှာတော့ လူနှစ်ယောက်ရဲ့ ကိုယ်လုံးတီး ရောင်ပြန်ဟပ်မှုက ပေါ်လာသည်။
ဟုန်ကျွင့်သည် ဖြူစင်သော အသားအရည် ၊ ထူထဲသော မျက်ခုံးမွှေး နှင့် ကြည်လင်သော မျက်လုံးများ ရှိပြီး အသက် ဆယ့်ခြောက်နှစ်သာ ရှိသေးသည်။ သူ၏ ခန္ဓာကိုယ် အချိုးအစားသည် လီကျင်လုံလို စစ်ဗိုလ်ချုပ် ခန္ဓာကိုယ်နှင့် မတူဘဲ သေးသွယ်၏။ လီကျင်လုံက မကြာခဏ ဓားများနှင့် ဆော့ကစားနေသောကြောင့် ရင်ဘတ်နှင့် ဝမ်းဗိုက်ကြွက်သားပုံစံများ သိသိသာသာ ဖွံ့ဖြိုးသည်။
လီကျင်လုံ၏ ခန္ဓာကိုယ်ကို မြင်လိုက်သောအခါတွင် ဟုန်ကျွင့် ခန္ဓာကိုယ်က အနည်းငယ် စောင်းသွားခဲ့သည်။
"မင်းနဲ့ငါ ဘာကွာခြားလို့လဲ"
လီကျင်လုံက ရုတ်တရက် မေးလိုက်သည်။ ဟုန်ကျွင့် လန့်သွားပြီး လီကျင်လုံဘက်ကို လှည့်ကြည့်လိုက်တော့ လီကျင်လုံက လက်တစ်ဖက်ကို မြှောက်လိုက်ပြီး သူ့ပုခုံးပေါ်မှာ တင်လိုက်၏။ ထိုအချိန်တွင် ဟုန်ကျွင့်လည်း ရုတ်တရက် ဘေးတိုက်လှည့်လာရာ လီကျင်လုံ၏ ပုခုံးကို မှီထားသည့် အနေအထားမျိုး ထွက်ပေါ်လာသည်။
"မင်းလည်း လူသားပဲ မဟုတ်လား" လီကျင်လုံက ထပ်မေးသည်။
"ဒါပေါ့! !"
ဟုန်ကျွင့်မှာ လီကျင်လုံက ဒီမေးခွန်းကို ရုတ်တရက် မေးလာမယ်လို့ မမျှော်လင့်ထားတာကြောင့် အနည်းငယ် တွေဝေသွားသည်။
"ဘာဖြစ်လို့လဲ?"
လီကျင်လုံသည် ဟုန်ကျွင့်၏ မျက်လုံးများကို ကြည့်ပြီး စကားပြောရန် မဝံ့မရဲဖြစ်လာသည်။ သူ့မျက်နှာပေါ်တွင် နီရဲနေသော အရိပ်အယောင် ရှိနေသလို ဟုန်ကျွင့်၏ နှလုံးခုန်သံများလည်း တဟုန်ထိုး မြန်လာကာ အနည်းငယ် မူးဝေနေပြီဖြစ်သည်။
လီကျင်လုံ: "ဒါဆို..."
"...ဆင်းသွားတော့"
လီကျင်လုံက ရုတ်တရက် ဟုန်ကျွင့်အား ရေပူစမ်းရေကန်ထဲကို တွန်းထုတ်လိုက်လေရာ ဟုန်ကျွင့် ဝုန်းကနဲ ပြုတ်ကျသွားရင်း သတိနဲ့ အော်လိုက်မိ၏။
လီကျင်လုံက ကျယ်လောင်စွာ ရယ်မောပြီး ရေကန်အစွန်းက ဆေးပန်းကန်ကို အမြန်ယူသွားနေစဥ် ဟုန်ကျွင့် ရေထဲက ထွက်လာရင်း ဒေါသတကြီးနဲ့ အော်ပြောလာလေသည်။
"ကျွန်တော့်ကို လှည့်စားတယ်!"
လီကျင်လုံလည်း ရေပူစမ်းထဲကို ၀င်သွားလိုက်သည်။ ထိုစဥ် ဟုန်ကျွင့်က သူ့ခေါင်းကို ဖိချလာပြီး ရေထဲကို တွန်းချတော့မလို ကြိုးစားနေ၏။
လီကျင်လုံ: "မနောက်နဲ့တော့ ငါ မင်းကို ဆေးလိမ်းပေးမယ်"
သူက ဟုန်ကျွင့်ရဲ့ လက်ကောက်ဝတ်တွေကို ချုပ်ထားလိုက်ပြီး ရေကန်ဘေးမှာ အသာထိုင်ခိုင်းလိုက်သည်။
"မင်းအရင်ရေဆေးပါ"
ဟုန်ကျွင့် မျက်နှာ နီရဲသွားသည်။
ဟုန်ကျွင့် : "ခင်ဗျား တစ်ခုခု ပြောချင်နေတယ် ထင်တယ်..."
"ငါ့ကိုကြည့်ခွင့်ပေး.... မင်းခေါင်းကို မလှုပ်နဲ့"
ဟုန်ကျွင့်သည် နားရွက်ကို ကုတ်ခြစ်ရန် သူ့လက်ကို ဆန့်ထုတ်လိုက်သော်လည်း ဖမ်းမိသွားတာက လီကျင်လုံရဲ့ ထိုအရာ ဖြစ်နေသည်။ ၎င်းကို ဖမ်းမိသောအခါ လီကျင်လုံလည်း မထိန်းနိုင်တော့ဘဲ ချက်ချင်းပင် ရှက်ရွံ့သွားပြီး နောက်သို့ အနည်းငယ် လှမ်းကာ လေးလေးနက်နက် ပြောလိုက်တော့သည်။
"မင်းဒဏ်ရာကို ကြည့်ပေးမလို့ သေချာရပ်စမ်း!"
ဟုန်ကျွင့်လည်း အရှေ့တွင် နာခံစွာ လှဲနေရာမှ အသက်ရှုသံနှင့်အတူ ပုခုံးများ တုန်တက်လာပြီး လဲကျသွားသည်။ လီကျင်လုံက အဝတ်တစ်ထည်ကို ကိုင်ကာ။
"မင်းနားကိုပဲ ခဏခဏ မကုတ်နဲ့"
ဟုန်ကျွင့် ထိုနေ့ကတည်း သူ၏နားရွက်ဒဏ်ရာကို ဆေးတစ်ကြိမ် လိမ်းပြီးနောက် တဖြည်းဖြည်း သက်သာလာခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ မကြာခဏဆိုသလိုပင် သူ့နားရွက်က အသားတက်လာတာတွေကြောင့် မကြာခဏဆိုသလို ယားယံလာသည်။ အိပ်နေစဉ်မှာပင် ခဏခဏ ကုတ်နေမိ၏။
"ဘာလို့ ဒီလောက် ကုတ်ထားရတာလဲ?"
လီကျင်လုံ လေးလေးနက်နက် မျက်မှောင်ကြုတ်ကာ အသည်းနာသွားသလို လေသံဖြင့် ပြောလိုက်သည်။ ဟုန်ကျွင့်က ရေကူးကန်ရဲ့ ကမ်းနားမှာ ခေါင်းလေး လှဲနေပြီး မျက်လုံးဝိုင်းတွေကို လီကျင်လုံဘက် လှည့်ကြည့်လိုက်ပြီး ပြန်ပြောသည်။
"သူ့ဖာသာ အနာကျက်တဲ့အထိ စောင့်ရင် ရပါတယ်"
ရေပူစိမ့်စမ်းရေသည် ပူပြင်းလာပြီမို့ လီကျင်လုံသည်လာ်း သူ့ဒဏ်ရာများကို ဦးစွာဆေးကြောလိုက်ရာ နှစ်ယောက်သား နှာသီးဝများ နီးကပ်လာကာ နှလုံးခုန်သံများလည်း ပြင်းထန်လာပြန်သည်။
"ခေါင်းဆောင်... ဘာတွေတွေးနေတာလဲ"
ဟုန်ကျွင့်မှာ လီကျင်လုံ ဒီနေ့ နည်းနည်းထူးဆန်းနေတယ်လို့ ခံစားနေရလေ၏။
"ငါ တွေးနေတာက... မင်းဆီမှာ ငါးညှီနံ့တွေ ဘာလို့မရှိတာလဲလို့လေ.."
လီကျင်လုံက ဟုန်ကျွင့်ဒဏ်ရာကို သုတ်လိုက်ပြီး ဆေးလိမ်းဖို့ ပန်းကန်လုံးတစ်လုံး ယူလိုက်သည်။
ဟုန်ကျွင့်: "ကျေးဇူးတင်ပါတယ်"
"ဒါအားလုံး ငါ့အပြစ်ပါ" လီကျင်လုံက သက်ပြင်းချလိုက်ပြီး။
"တစ်နေ့ မင်းအဖေက ငါ့ကို သေအောင် မရိုက်ရင်တောင် ကျေးဇူးတင်ရလိမ့်မယ်"
"သူသိမှာ မဟုတ်ဘူး သူသိတဲ့အချိန်ကျရင် ကျွန်တော့်နားတွေလည်း ပြန်ကောင်းနေလောက်ပြီ"
လီကျင်လုံသည် သစ်သားဇွန်းနဲ့ ဆေးကို ဂရုတစိုက် ဟုန်ကျွင့်နားရွက်ကို လိမ်းပေးနေသည်။
"မင်းအဖေကြည့်ဖို့ မင်းအိမ်ကို မပြန်ချင်ဘူးလား ဘယ်တော့သွားချင်လဲ"
"ဟင်?"
ဟုန်ကျွင့်ခမျာ သူအိမ်ပြန်ချင်တယ်လို့ ပြောခဲ့တဲ့ အဲဒီနေ့က မူးနေတာကြောင့် သတိလစ်သွားခဲ့သည်။ မူးနေတုန်း ပြောခဲ့တဲ့ မှတ်ဉာဏ်တွေကလည်း အပိုင်းပိုင်း ပြတ်သွား၏။
လီကျင်လုံက သူ့ကို တစ်ခါသတိပေးပေမယ့် မူးနေလို့ သိပ်မသိလိုက်။ အခု သတိပြန်ရလာတာကြောင့် ဟုန်ကျွင့် ချက်ချင်း ရှက်သွားသည်။ သို့သော် လီကျင်လုံကတော့ ဆိုသည်။
"ဘာပဲဖြစ်ဖြစ်.... ငါမင်းကို ကတိပေးခဲ့တယ်လေ..."
ဟုန်ကျွင့်လည်း ဒီလူက သူပေးထားတဲ့ကတိအတိုင်း လုပ်တယ်လို့ အမြဲ သိခဲ့ပေမယ့် လီကျင်လုံနဲ့ သူ့သူငယ်ချင်းတွေက နတ်ဆိုးနှင်တွေဖြစ်ပြီး ယောင်ကျင်းနန်းတော်မှာ နေထိုင်တဲ့လူတွေကိုလည်း နတ်ဆိုးတွေလို့ သတ်မှတ်နိုင်ပါ၏။ အခု ဒါကို ဘယ်လိုရှင်းပြရမလဲ။
ဟုန်ကျွင့်ဟာ ဒီပြဿနာကို အချိန်အတော်ကြာအောင် တွေးနေခဲ့သည်။ တွေးတိုင်းလည်း သူ့လုပ်ဖော်ကိုင်ဖက်တွေက သူ့ကို မကြိုက်ဘူးလို့ ပြင်းပြင်းထန်ထန် ခံစားနေရသည်။
"မင်းငါ့ကိုပြောစရာရှိလို့လား"
လီကျင်လုံက ဟုန်ကျွင့်ရဲ့မျက်လုံးတွေကို မကြည့်ဘဲ ခေါင်းကို နည်းနည်းလေးငုံ့ပြီး ဆေးလိမ်းပေးဖို့ပဲ အာရုံစိုက်ထားလိုက်သည်။
"အင်း...ဟုတ်တယ်"
ဟုန်ကျွင့်၏ နှလုံးခုန်သံက ကျယ်လောင်စွာ ခုန်နေသောကြောင့် လီကျင်လုံ၏ မျက်လုံးများကို စိုက်ကြည့်လိုက်သော်လည်း လီကျင်လုံကတော့ သူ့အကြည့်ကို တမင်ရှောင်လိုက်သည်။ ယခုအချိန်တွင် လီကျင်လုံ၏ လက်ချောင်းများ အနည်းငယ် တုန်ရီလာသည်။
ဒီမတိုင်ခင်မှာ ဟုန်ကျွင့် ချင်းရှုံအကြောင်းကိုလည်း အကြိမ်ကြိမ် စဉ်းစားမိသည်။ ချန်အန်းက မိစ္ဆာဘုရင်ကို မောင်းထုတ်ပြီးရင် အိမ်ပြန်နိုင်မယ်လို့ ပြောခဲ့ပေမယ့် ပြန်လာရင် နတ်ဆိုးနှင် ဌာနနဲ့ ပဋိပက္ခဖြစ်မှာလား။ သူ့အဖေက နတ်ဆိုးဖြစ်ပြီး သူ့အမေက လူသားမို့လို့ သူက နတ်ဆိုးလား လူလား?။
ငါးကြင်းနတ်ဆိုးကိုလည်း သူမေးဖူးသည်။ ငါးကြင်းနတ်ဆိုးရဲ့ အဖြေကတော့ ချုံမင် သခင်လောကထဲကို ပြန်ဝင်သွားရင်တောင် မြေခွေးမိစ္ဆာလိုမျိုး လူတွေကို ဘယ်တော့မှ ဒုက္ခပေးမှာ မဟုတ်ဘူးလို့ ဆို၏။ ဘယ်သူကမှ "ငှက်ကောင်း" မဟုတ်ဘူး။ ဒါကြောင့် ပဋိပက္ခတွေဟာ မလွဲမသွေ ဖြစ်လာနိုင်ပါသည်။
"မင်း နတ်ဆိုးနှင်ဌာနကို လာကတည်းက အမြဲတမ်း စိတ်ပူနေတာ...."
ဆေးလိမ်းပြီးနောက် လီကျင်လုံက နောက်ထပ်ပတ်တီးကို ယူကာ ဆိုလိုက်သည်။
"စည်းထားပြီးရင် မင်းရဲ့နားကို မထိနဲ့တော့ ဆေးကို သုံးရက်တစ်ကြိမ် ပြောင်းလိမ်းမယ်... မင်းအတွက် ငါပြောင်းပေးမယ်"
"အင်း"
"မင်းရဲ့အတိတ်ကို ငါမသိပေမယ့် မင်းငါ့ကိုယုံရင် မင်း ဘာတွေစိတ်ပူနေသေးတာလဲ... ငါကတော့ တစ်နေ့နေ့မှာ မင်းငါ့ကိုပြောပြနိုင်မယ်လို့ မျှော်လင့်နေတုန်းပဲ"
ထိုစကားကို ကြားတော့ ဟုန်ကျွင့်၏နှလုံးထဲတွင် တွန်းအားတစ်ခု ရုတ်တရက် ခုန်တက်လာသည်။
"ခေါင်းဆောင်... ကျွန်တော်.."
လီကျင်လုံသည် ရေကူးကန်ပေါ်တွင် တံတောင်ဆစ်ကို ထောက်ကာ ထိုင်ချလိုက်သည်။ ဟုန်ကျွင့်မှာ ခေါင်းကို လှည့်ကာ အထပ်ထပ်အခါခါ တုံ့ဆိုင်းနေပြီး နောက်ဆုံးတွင် ဆိုလာ၏။
"ခေါင်းဆောင်... ကျွန်တော် ဝှက်ထားတာ တစ်ခုရှိတယ်"
လီကျင်လုံ၏ မျက်ခုံးများ တွန့်သွားကာ သူ့မျက်လုံးများတွင် ရှုပ်ထွေးနေသည်။
"တကယ်တော့ ကျွန်တော့်မှာ မိစ္ဆာသွေးတစ်ဝက် ရှိတယ်"
ဟုန်ကျွင့် ပြောပြီးနောက် သူ့နှလုံးသည် ရုတ်တရက် လေထဲက ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ သို့သော် ထိုစကားကိုကြားသောအခါ လီကျင်လုံက ရုတ်တရက် ရယ်မောပြီး။
"ကောင်းပြီ မျှော်လင့်ထားသလိုပဲကိုး"
ဟုန်ကျွင့် : "..."
လီကျင်လုံက အဝတ်ကို ကောက်ကိုင်လိုက်ပြီး သူ့လက်တွေကို သုတ်လိုက်သည်။
"မင်းအဖေက မိစ္ဆာတစ်ယောက်ပဲ မဟုတ်လား? သူလည်း ဧကရာဇ်ကိုယ်လုပ်တော်ရဲ့ အသက်ကို ကယ်ခဲ့တယ်"
"ခင် ခင်ဗျား ကျွန်တော့်ကို မစွန့်လွှတ်ဘူးလား?"
လီကျင်လုံက ပေါ့ပေါ့ပါးပါးနဲ့: "ငါ ကျောက်ကျစ်လုံကို တွေ့တုန်းက မင်းက မိစ္ဆာဂိုဏ်းနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်စပ်မှု ရှိမယ်လို့ ငါထင်ထားပြီးသား... ဟုန်ကျွင့် ငါတို့ တစ်ယောက်ရဲ့ အသက်ကို တစ်ယောက်လက်ထဲ အပ်ထားခဲ့ဖူးပြီးပြီ ငါ မေးခွန်းတစ်ခု မေးပါရစေ ဖြေချင်မှ ဖြေပါ....မင်းကို တခြားမိစ္ဆာဂိုဏ်းဘက်က လွှတ်လိုက်တာ ငါမှန်တယ်မဟုတ်လား"
သူသည် ဟုန်ကျွင့်၏ ဘဝအတွေ့အကြုံနှင့် ပတ်သက်၍ ရုတ်တရက် ခန့်မှန်းမိသွားသော်လည်း သူ၏ ဂရုတစိုက်ကိုင်တွယ်မှုဖြင့် ဤအရာအားလုံးကို မျှော်လင့်ထားပြီးသား ဖြစ်လေသည်။ ဟုန်ကျွင့်လည်း သူ့ခေါင်းကို ရိုးရိုးသားသား ငြိမ့်ပြရုံကလွဲလို့ ရွေးချယ်စရာ မရှိတော့ချေ။
"ချန်အန်းက မိစ္ဆာဘုရင်ကို နှင်ထုတ်တာက တောင်ပေါ်က မဆင်းလာခင် ချုံမင်နဲ့ ချင်းရှူံ ကျွန်တော့်အတွက် ပေးခဲ့တဲ့ တာဝန်ပဲ "
"ဘာတွေဆက်ဖြစ်သေးလဲ"
လီကျင်လုံက ဟုန်ကျွင့်ရဲ့ မျက်လုံးတွေကို စိုက်ကြည့်နေပြီး ကြည့်နေပုံက ဟုန်ကျွင့်စိတ်ထဲအထိ မြင်ချင်နေသလိုပါပဲ။
လီကျင်လုံတွင် ဤအချက်အပေါ် မရေရာသော ကြိုတင် သတိပေးချက်တစ်ခု ရှိထားပြီးပြီ ဖြစ်သည်။ လူသားမျိုးနွယ်၏ မြို့တော်အတွက် တိုက်ပွဲသည် အမှောင်ထဲတွင် ဖြစ်ပွားနေခဲ့ပြီး မိစ္ဆာမျိုးနွယ်၏ အဓိကအုပ်စုနှစ်စုသည် ချန်အန်းတွင် ယှဉ်ပြိုင်နေကြသည်။ ယခုတော့ အမြီးကိုးချောင်း တိမ်လွှာမြေခွေး ရှုံးနိမ့်သွားသဖြင့် ဟုန်ကျွင့်နောက်ကွယ်မှ တပ်ဖွဲ့များကိုရော အောင်မြင်စွာ သိမ်းပိုက်နိုင်ပါ့မလား။
ဒါက သူ့အတွက် အစိုးရိမ်ဆုံးပဲ။
ဟုန်ကျွင့်: "မသိဘူး ချုံမင် လာသည်ဖြစ်စေ မလာသည်ဖြစ်စေ ဘယ်သူ့ကို မစားဘူး ထိခိုက်နစ်နာစေမှာလည်း မဟုတ်ပါဘူး"
ချုံမင်က ဖီးနစ်တစ်ကောင်ဖြစ်ပြီး မြေပြင်ပေါ်ကျနေသော ရေတွင်းများမှရေ သို့မဟုတ် နှင်းရေများကိုပင် မသောက်တတ်သူ ဖြစ်သည်။
လီကျင်လုံ: "မင်းက လူသားတစ်ယောက်ပါ...ဟုန်ကျွင့် မင်းက လူသားတစ်ယောက်ပဲ မင်းအဝတ်အစားတွေ ချွတ်ပြီးတာနဲ့ မင်းနဲ့ငါကြားက ဘယ်လိုကွာခြားချက် ရှိတယ်လို့ ထင်လို့လဲ"
လီကျင်လုံသည် ဟုန်ကျွင့်ဟာ စကားလုံး၏ လမ်းကို မသိကြောင်း သိထားပြီး သူ့စကားနောက်ကွယ်က ဝှက်ထားသော စကားလုံးများကို သူလေး နားမလည်နိုင်ပေ။ ထိုမှသာ ဟုန်ကျွင့်လည်း လီကျင်လုံအား အနည်းငယ်လေး ပြုံးပြလာ၏။
လီကျင်လုံ: "တကယ်တော့ ဒီနေ့ မင်းခန္ဓာကိုယ်မှာ သာမန်လူနဲ့ မတူတဲ့ တစ်ခုခု ရှိနေမှာကို ငါ စိုးရိမ်နေခဲ့တာ... ဒါကြောင့် တခြားသူတွေ မမြင်ရအောင် ငါ ဒီကိုလာခဲ့တာ"
လီကျင်လုံက ရှေ့ကို လှမ်းပြီး ဟုန်ကျွင့်ရဲ့ လက်ကို ကိုင်လိုက်ပြီး သူ့ရင်ဘတ်ပေါ် ကပ်ထားပေးလိုက်သည်။ တစ်ချိန်တည်းမှာပဲ ဟုန်ကျွင့်ရဲ့ ရင်ဘတ်ကိုလည်း သူ့လက်နဲ့ ဖိထားရင်း ပြောလိုက်ပါ၏။
"နားထောင်ကြည့်! ငါ့နှလုံးသားနဲ့ မင်းနှလုံးသားက တစ်နေရာတည်းမှာ ရှိနေတယ်... လူသားမျိုးနွယ်ရဲ့ သွေးတွေက မင်းရဲ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတယ်"
ဟုန်ကျွင့်က ပြုံးပြီး "အင်း"
လီကျင်လုံ၏ သန်မာသော နှလုံးသားသည် ပြင်းထန်စွာ ခုန်နေပြီး နွေးထွေးမှုနှင့်အတူ တောက်ပနေကြောင်း သူ ခံစားမိသည်။
လီကျင်လုံ: "ဒါကြောင့် မင်းရဲ့ မွေးစားအဖေက မင်းကိုချန်အန်း ပို့ခဲ့တာလို့ ငါယုံတယ်... ဒါပေမယ့် ဒါက ငါ့ဘာသာငါ စိတ်ကူးယဉ်နေတာလည်း ဖြစ်နိုင်တယ်"
ဟုန်ကျွင့်: "ခေါင်းဆောင်... တစ်နေ့ ငါတို့ တိုက်ရမယ်ဆိုရင် ..."
"အချိန်တန်ရင် မင်းကို တိုက်ခိုက်ဖို့ ငါတွန့်ဆုတ်နေလိမ့်မယ်"
ဟုန်ကျွင့် တခစ်ခစ် ရယ်မောလိုက်သည်။ လီကျင်လုံက သူ့ခေါင်းပေါ် လက်တစ်ဖက်တင်ကာ ပြင်းပြင်းထန်ထန် ကုတ်လိုက်ပြီး။
"ဒါပေမယ့် ငါ အစွမ်းကုန် ခုခံဖို့ ကြိုးစားနေရမှာ သေချာတယ်.... မင်းက ကရုဏာထားပြီး ငါ့ကို ဆိုးဆိုးရွားရွား ထိခိုက်သွားအောင်တော့ မလုပ်မိစေနဲ့နော်"
ဟုန်ကျွင့်က ကျယ်လောင်စွာ ရယ်မောပြီး "မဟုတ်ဘူး ခေါင်းဆောင်... ကျွန်တော်လည်း လူသားတစ်ယောက်ပဲလေ"
ဟုန်ကျွင့် ထိုင်လို့ရအောင် လီကျင်လုံမှ ဘေးဘက်သို့ ရွှေ့ပေးလိုက်သည်။ ထို့နောက် နှစ်ယောက်သား ဘေးချင်းကပ်လျက် ထိုင်နေခဲ့၏။ ဟုန်ကျွင့် ရေကန်နံရံဆီသို့ အနည်းငယ် နောက်ပြန်ဆုတ်သွားစဥ် လီကျင်လုံက သူ့လက်နှစ်ဖက်ကို ဟုန်ကျွင့်ခေါင်းနောက်ဘက်သို့ မြှောက်လိုက်ပြီး နားရွက်ကို ရေမထိမိအောင် အုပ်ထားပေးလိုက်သည်။
"မနေ့ညက ကြင်ယာတော်က ကျွန်တော့်အမေအကြောင်း ပြောတဲ့အချိန်တုန်းက ဒီလိုပဲ ခံစားရတယ်..."
ဟုန်ကျွင့်က သူ့ခေါင်းကို လှည့်ပြီး လီကျင်လုံအား အသံတိုးတိုးဖြင့် ပြောလိုက်သည်။ ဟိုးအဝေးမှာ စိမ်းလန်းတဲ့ တောင်တန်းတွေ ရှိကာ အနောက်ဘက်မှာတော့ နေဝင်နေသည်။ သူတို့ နှစ်ယောက်ဟာ ရေပူစမ်းထဲမှာ စိုရွှဲနေပြီး ကောင်းကင်ကလည်း နှင်းတွေ တရွေ့ရွေ့ ကျဆင်းနေသည်။
"ဟိုး!"
"မင်စတို့နှစ်ယောက် ဘာလုပ်နေတာလဲ!"
"ဝိုး အချစ်အကြောင်း ပြောနေတာလား"
ချိုးယုံစစ်၊ အားထိုက်နဲ့ မော့ရစ်ကန်းတို့က ရေကန်ထဲသို့ ခုန်ဆင်းလာသည်။ လီကျင်လုံလည်း အံ့အားသင့်သွားကာ ထိုသုံးယောက် ရေမစိမ်ရသေးကြောင်း သဘောပေါက်သွား၏။ ဒါကို သူ မမျှော်လင့်ထားဘဲ ဟုန်ကျွင့်၏ နားရွက်များကို ကာကွယ်ရင်း အလုပ်များနေပါသည်။
"သတိထား.. သူ ပတ်တီးစည်းထားတာ"
လူသုံးယောက်က အလျင်စလို စုရုံးလာကြသည်။ နားရွက်ပေါ်ရှိ ပတ်တီးကို ရေထိထားခြင်း မဟုတ်ကြောင်း သေချာပြီးနောက် သက်သာရာရသွားကြသည်။
"လာပါဦး" မော့ရစ်ကန်းက ပြုံးပြီး။
"ဟုန်ကျွင့်က ငါ့ပေါင်ပေါ်မှာ ထိုင်ချင်နေတာမလား"
ဟုန်ကျွင့် : "..."
ချိုးယုံစစ်: "ဟုန်ကျွင့် သူ့ကို လျစ်လျူရှုလိုက်... ဒီအစ်ကိုရဲ့ ပေါင်ပေါ်မှာပဲ ထိုင်!"
ဟုန်ကျွင့်ရဲ့မျက်နှာက နီရဲလာပြီး "မနောက်ကြတော့နဲ့!"
သို့သော် အားထိုက်က ပြုံးပြီးပြော၏။
"ဒါဆို မင်းပေါင်ပေါ်မှာ ငါလာထိုင်ရမလား"
လီကျင်လုံ: "ငါထွက်မယ်... မင်းတို့ကစားကြ..."
လီကျင်လုံ ကမ်းပေါ်တက်ချင်ပေမယ့် မော့ရစ်ကန်းက ဒေါသတကြီးနဲ့ ပြန်ဆွဲချလိုက်လေသည်။
"မင်းက ပုန်ကန်လိုက်တာလား?"
ထို့နောက် ချိုးယုံစစ်ကပယ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လီကျင်လုံကို ရေထဲသို့ တွန်းချလိုက်လေသည်။ ထိုအခိုက် ဟုန်ကျွင့်က ကမန်းကတန်း ဟစ်အော်လိုက်၏။
"ဟေး မင်းတို့ ဘယ်လိုလုပ်တာလဲ"
မော့ရစ်ကန်းက ရယ်ကျဲကျဲနဲ့: "ဘာလဲ မင်း ရင်နာနေတာလား"
လီကျင်လုံမှာ သူ့ခေါင်းတစ်ခုလုံး ရေတွေ ပြည့်ဖုံးသွားတဲ့အထိ အဖိခံထားရဘေရာ တစ်စုံတစ်ယောက်ကို ရိုက်နှက်တော့မယ့် အချိန်မှာ ဟုန်ကျွင့် ဆက်ပြောလိုက်တဲ့ အသံကို ကြားလိုက်ရ၏။
"မင်းတို့ ခေါင်းဆောင်ကို ဒီလိုမျိုး ဆက်ဆံတာ ငါ့ကိုတောင် မခေါ်ဘူး! အရမ်းစက်ဆုပ်ဖို့ ကောင်းတယ်!"
ထိုစကားနဲ့အတူ ဟုန်ကျွင့်လည်း ရှေ့သို့ ပြေးလာခဲ့လေသည်။
လီကျင်လုံ: "..."
.......
နေဝင်ရီတရော အချိန်သည် မှောင်မိုက်နေပြီး သဲကန္တာရထဲက နေရာတိုင်းတွင် အခိုးအငွေ့များနှင့် ဖုန်မှုန့်များ လွင့်လူးနေသည်။ အနောက်ဖက်ကို ဝင်နေသော နေရောင်သည် သွေးကဲ့သို့ပင် နီရဲတောက်နေ၏။
မျှော်စင်မြင့်ပေါ်တွင် စောင့်ကြပ်နေသော စစ်သည်များက ထိတ်လန့်စွာ အော်ဟစ်နေကြသည်။
"ရန်သူတိုက်ခိုက်လာပြီ--!"
"ရန်သူတွေ ရောက်လာပြီ!"
"ရှူံးနျိုတွေလား?"
"မသိဘူး……"
ဒင်း ဒင်း ဒင်း!
မင်ရှားခရိုင်၏ အလယ်တန်းနှင့် မြင့်မားသောနေရာများတွင် အချက်ပေး ခေါင်းလောင်းသံများ မြည်လာကာ ကလေးငယ်များက အော်ဟစ် ငိုကြွေးနေကြပြီး အမျိုးသမီးများကလည်း ထိတ်လန့်စွာ အော်ဟစ်နေကြသည်။
"အဲဒီမှာ လူဘယ်နှစ်ယောက်ရှိလဲ?!"
"သုံးထောင်... မဟုတ်ဘူး တစ်သောင်းနှစ်ထောင်... ဒါထက် ပိုတယ်! ဒါထက် ပိုတယ်!"
"တန်းစီပြီး မြို့တံခါးကို ပိတ်လိုက်တော့!"
စစ်သည်များသည် ဒလိမ့်တုံးများကို တွန်းထုတ်လိုက်ရာ မြို့တံခါးနှစ်ချပ်က ရုတ်တရက် တင်းကျပ်စွာ ပိတ်သွားသည်။ ထောင်နှင့်ချီသော စစ်သည်များသည်လည်း တံတိုင်းပေါ်သို့ အပြေးအလွှား တက်လာကြပြီး လေးမြှားများကို အသင့် ပြင်ထားကြသည်။ မီးခိုးများနှင့် ဖုန်မှုန့်များက လွင့်ပျံလာကာ အနက်ရောင် သံချပ်ကာစစ်သည် 50,000 ရှိသည့် အနက်ရောင် ဧရိယာကြီးက မြို့ပြင်မှာ နေရာယူထား၏။
အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော စစ်သည်များသည် ခေါင်းငုံ့ကာ လှံရှည်များကို ကိုင်ဆောင်ထားသော်လည်း တံတိုင်းပေါ်က လေးမြှားတန်းများဖြင့် စစ်သည်များကတော့ မတိုက်ရသေးဘဲ တုန်လှုပ်နေပြီ။ ကောပိ သဲကန္တာရတွင် တိတ်ဆိတ်နေသည်။
ယခုအချိန်တွင် မင်ရှားခရိုင်တွင် မြို့ကို ခုခံကာကွယ်နေသည့် စစ်သား ၅၀၀၀ ထက်မနည်း ရှိနေပြီ ဖြစ်ပြီး ဝိုင်းရံထားသည့် တပ်များကို သတိထားနေသည်။ တံတိုင်းကြီးပေါ်တွင် မီးခိုးငွေ့များ မီးပန်းများ ထွက်ပေါ်လာခြင်း မရှိသေးပေ။
“ဘယ်ကလာတာလဲ” ဟု မြို့စောင့်တပ်မှူးက တုန်လှုပ်နေသော အသံဖြင့် မေးလိုက်သည်။
ထိပ်တန်းသံချပ်ကာဖြင့် အနက်ရောင် စစ်သူကြီးသည် လှံကို မြှောက်ကာ မင်ရှားခရိုင်ဆီသို့ ညွှန်လိုက်ရာ မြင်းစီးသူရဲ ငါးသောင်းကလည်း ၎င်းတို့၏ လှံများကို တပြိုင်တည်း မြှောက်ကာ မြင်းဇက်ကြိုးကို လှန်လိုက်ကြသည်။ တခဏချင်းတွင် ကောင်းကင်နှင့် မြေကြီးတွင် ကျန်ခဲ့သော တစ်ခုတည်းသော အသံမှာ မြင်းခွာသံများသာ ဖြစ်ချေ၏။ မြေကြီးကို နင်းဖြတ်သွားသံတွေက ကောင်းကင်၊ တောင်တွေနဲ့ ပင်လယ်တွေကိုတောင် လှုပ်ခတ်စေတော့မလို မင်ရှားခရိုင်ဆီသို့ ပြေးဝင်သွားကြသည်။
"မြှားပစ်-- မြှားကို မြန်မြန်ပစ်!"
မြို့ရိုးမှ မြှားထောင်ပေါင်းများစွာဟာ ဒီရေကဲ့သို့ လှိမ့်တက်လာနေသော ရန်သူတပ်များကို ပစ်လွှတ်လိုက်သော်လည်း မြှားများသည် ဝိုင်းရံထားသည့် စစ်သည်များနှင့် မြင်းများ၏ ခန္ဓာကိုယ်ထဲသို့ မစိုက်ဝင်နိုင်ဘဲ သံချပ်ကာက ထူထပ်စွာ ထုပ်ပိုးထားလေသည်။ ရန်သူတွေက မြို့ရိုးကို အပြင်းအထန် ဝင်တိုက်ပစ်လိုက်သည်။
မြေကြီးနဲ့ဆောက်ထားတဲ့ တံတိုင်းကြီးက ချက်ချင်း ပြိုကျသွားပြီး ထောင်နဲ့ချီတဲ့ ရန်သူ့စစ်သည်တွေက အပျက်အစီးတွေကို ဖြတ်ကျော်ကာ မြို့ထဲကို ပြေးဝင်သွားကြတော့၏။
မြို့ကို ခုခံကာကွယ်ထားတဲ့ စစ်သူကြီးဟာလည်း ဒဏ်ရာရသွားတဲ့ မြင်းကြောင့် မြေပြင်ပေါ် လဲကျသွားသည်။ ထိုစဥ် လှံရှည်က သူ့ရင်ဘတ်ကို ထိုးဖောက်ပြီး မြေပြင်မှာ ရိုက်ထားသလို စိုက်သွား၏။ သူ မသေခင်မှာ မျက်လုံးကို ကျယ်ကျယ်ဖွင့်ပြီး ကြည့်လိုက်ရာ ရန်သူရဲ့ ခေါင်းစွပ်ထဲက မျက်လုံးတွေကို တွေ့လိုက်ရလေသည်။