(23)
Viewers 5k

Chapter (23)

ကြိုးထုံးမြက်



"ခေါင်းဆောင် ပြောတာ မှန်တယ် ဒါက တကယ့်ကို ကြီးမားတဲ့ ​ပြဿနာပဲ" 


ချိုးယုံစစ်က ပြောပြီး နတ်ဆိုးနှင်ဌာနထဲကို ဝင်သွားခဲ့သည်။ လူနှစ်ယောက် ပြန်ရောက်လာတာကို တွေ့တော့ အားလုံးလည်း ငြိမ်သက်သွားကြသည်။ လီကျင်လုံ တံခါးကိုပိတ်ပြီး ဟင်းလင်းပြင်တွင် ထိုင်နေကြသည့် လူတိုင်းဘက် ပြန်လှည့်လာ၏။ ချိုးယုံစစ်က ပြုံးပြီး အရင် ထပြောလိုက်သည်။ 


"ဟုန်ကျွင့်က မိစ္ဆာတစ်ကောင်ကို ဆွဲဆောင်ထားပြီ!"


လူတိုင်း စကားမပြောနိုင် ဖြစ်သွားခဲ့သည်။


"မဟုတ်ဘူး.... အဲဒါကို ထည့်မတွက်ဘူး" 


ဟုန်ကျွင့် ပြောပြီး သူနှင့် ချိုးယုံစစ်တို့​၏ ကောက်ချက်ချမှုကို အကျဉ်းချုံး၍ ရှင်းပြလိုက်သည်။


"ကျောင်းတော်မှာ နတ်ဆိုး ဘယ်နှစ်​ကောင်ရှိလဲ" 


လီကျင်လုံ မေးတော့ ချိုးယုံစစ်က ပြန်ဖြေသည်။ 


"ရှင်းရှင်းလင်းလင်း မသိရသေးဘူး ငါတို့ ဆက်စုံစမ်းဖို့ လိုသေးတယ် အကြမ်းဖျင်း ခန့်မှန်းချက်က တစ်ရာထက်တော့ မနည်းနိုင်ဘူး” 


လီကျင်လုံ အသက်ပြင်းပြင်းရှူပြီး ပြန်ဖြေလိုက်သည်။ 


"တုန်လှုပ်စရာ ကောင်းတဲ့ကိစ္စ"  


အားထိုက်: "ဖျင်ကန်းလီမှာရှိတဲ့ ပြည့်တန်ဆာတွေ အားလုံးကို စစ်ဆေးပြီးပြီ မိစ္ဆာတွေ မရှိတော့ပါဘူး အဲဒီမြေခွေး မိစ္ဆာသုံးကောင်က လွန်ခဲ့တဲ့ တစ်နှစ်လောက်က ရောက်လာခဲ့တာ"


ဟုန်ကျွင့် ကောင်းကင်ကို ကျေးဇူးတင်ကြောင်း ပြောနေစဥ် လီကျင်လုံက စကားဝင်ဆက်လိုက်သည်။ 


"ဒါဆို လုပ်ငန်းစဉ်က သိသာထင်ရှားနေပြီ အခု ငါတို့လုပ်ရမယ့် အရာက..."


ဟုန်ကျွင့် ကပျာကယာနဲ့ "ခဏနေဦး အသေးစိတ် ပြောရအောင် မင်းအတွက်က သိသာပေမယ့် ငါ့အတွက်ကတော့ သိပ်မရှင်းဘူးလေ"


ဤလူအုပ်စုသည် ၎င်းတို့စိတ်ထဲက အရာများကို တွက်ဆတိုင်း "သိသာထင်ရှားသော" စွမ်းအားကို အမြဲအသုံးပြုသည်။ လီကျင်လုံမှာ သူ့ကို အထူးဂရုစိုက်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိသလို ဖြစ်သွား၏။ 


“လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက မြေခွေးမိစ္ဆာတွေ ချန်အန်းကို သိမ်းပိုက်ဖို့ စတင် ကျူး​ကျော်လာကြတယ်... အဲဒီ ၃ ကောင်က ယီရှစ်လန်ထဲကို အရင်ဝင်လာကြတယ် ဘာကြောင့် ရွေးတာလဲ ဆိုရင် ယီရှစ်လန်က စာသင်သားတွေ အပန်းဖြေဖို့ အကြိုက်ဆုံးနေရာပဲလေ”


အားထိုက်: "ပထမ စာသင်သားက ဖျင်ကန်းလီဘက်ကို ရောက်လာပြီး လိင်ဆက်ဆံပြီးတော့ မြေခွေးမိစ္ဆာက သူ့ကို အလောင်းခြောက် ဖြစ်သွားအောင် လုပ်ပစ်လိုက်တယ်... ပြီးတော့ မြေခွေးမိစ္ဆာက အဲ့လူနေရာကို အစားထိုး ဝင်လိုက်တယ်"


ဟုန်ကျွင့် သဘောပေါက်သွားသည်။


လီကျင်လုံ: "ယီရှစ်လန်မှာ လူတွေ လာလည်ကြတယ် အဲဒီမြေခွေး သုံးကောင်က စာသင်သား ကိုယ်စားလှယ်လောင်းတွေကို အတိအကျ ရွေးထားတာ... တစ်ကောင်ကို သတ်လိုက်တိုင်း ညီငယ်တွေကို သိမ်းပိုက်ခွင့် ပေးထားတယ် ရလဒ်အနေနဲ့ ကော်ကျစ်ကျန့် ကျောင်းတော်မှာ စာသင်သားတွေ များလာလေလေ မြေခွေးမိစ္ဆာတွေ ဖြစ်လာလေပဲ... စာသင်သားတွေ ပိုသေလေ သူတို့က အလောင်းခြောက်တွေ ဖြစ်လာပြီး စွန့်ပစ်ခြင်းခံရလေလေပဲ"


ဟုန်ကျွင့် အံ့အားသင့်သွားသည်။ 


"ဒါနဲ့ အဲဒီနေ့က အိပ်ယာအောက်မှာ အလောင်းတစ်လောင်း ရှိနေတယ်မလား!"


"ဟုတ်တယ်!" လီကျင်လုံက အရှိန်အဟုန်နဲ့ စဉ်းစားပြီး ပြန်ပြောသည်။ 


"ဒါက သေပြီးသားလူ ဖြစ်နိုင်တယ်... ကျင့်ယွင်က အလောင်းကို မေ့သွားတာ တိုတိုပြောရရင် သူမ ကိုင်တွယ်ဖြေရှင်းဖို့ အချိန်မရသေးခင်မှာ ငါတို့က အလောင်းကို မတော်တဆ တွေ့ရှိသွားခဲ့တာ... ဒဏ်ရာရထားရင်တောင် အလောင်းကို မီးရှို့ရတဲ့ အကြောင်းရင်းက အစားထိုးကို တွေ့သွားမှာ ကြောက်နေလို့ပဲ”


ချိုးယုံစစ်: "အဲဒီမြေခွေးတွေက စာသင်သား ဖြစ်လာကြပြီ... နောက်လရဲ့ ငါးရက်မြောက်နေ့ အင်ပါယာ စာမေးပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြပြီးရင် သူတို့တွေက ချန်အန်း တစ်ပြည်လုံးမှာ များပြားလှတဲ့ တရားဝင် ရာထူးတွေ နေရာကို ဝင်ရောက်ကြလိမ့်မယ် ..."


အားလုံးက ဒီလိုပြောတဲ့အခါ နည်းနည်းတော့ တုန်လှုပ်သွားကြသည်။


လီကျင်လုံ: "ဒါက နတ်ဆိုးမျိုးရိုးရဲ့ နယ်မြေဖြစ်လာလိမ့်မယ် ဒါပေမယ့် နောက်ထပ်အချက်တစ်ခု ရှိပါသေးတယ်... မြေခွေးမိစ္ဆာတွေ စာမေးပွဲမှာ အောင်မြင်မယ်လို့ ဘယ်လို အာမခံနိုင်မှာလဲ?"


ဟုန်ကျွင့်သည် ဤမျှ ရယ်စရာ မကောင်းလောက်ဘူးဟုသာ ခံစားလိုက်ရသည်။ လီကျင်လုံ လူတိုင်းကို တစ်ချက် ကြည့်လိုက်ပြီး ဆက်ပြော၏။ 


"ဒါဆို တော်ဝင်နန်းတွင်းထဲမှာ မိစ္ဆာတစ်ကောင် ရှိနေတယ်.. အဲဒီလူက ချန်အန်းရဲ့ မိစ္ဆာဘုရင် မဟုတ်ရင် သူက မိစ္ဆာဘုရင်ရဲ့ လက်အောက်ခံဖြစ်ရမယ်.... သူ့မှာ ​တော်ဝင်စာမေးပွဲကို ကိုင်တွယ်ထားဖို့ တာဝန်ရှိလိမ့်မယ် မြေခွေးမိစ္ဆာတွေ စာမေးပွဲဖြေဖို့ စာတွေကို ကြိုတင်ပြင်ဆင်နိုင်စေဖို့ မေးခွန်းတွေ ထုတ်ထားနိုင်တယ်"


"သူက အစိုးရ အမှုထမ်းများလား?" လီကျင်လုံ ရေရွတ်လိုက်သည်။ 


"သေချာပေါက် မဟုတ်ဘူး" အားထိုက်က ဖြည်းညှင်းစွာ ပြောသည်။


လီကျင်လုံ: "မြေခွေးမိစ္ဆာတွေမှာ စွမ်းရည်အများကြီး မရှိဘူး.... လူသားတွေအဖြစ် အသွင်ပြောင်းနိုင်သရွေ့ သူတို့က အစားထိုးမဟုတ်ဘဲ လူအသွင်ပြောင်းတဲ့ စွမ်းအင်ကို ကျွမ်းကျင်လုနီးပါး ဖြစ်နေပြီလို့ ငါထင်တယ်...ငါဒီရက်ပိုင်း တိကုန်းရဲ့ မှတ်တမ်းတွေကို ဖတ်ကြည့်မိတယ်... သူရေးထားတဲ့ သဘောတရားအရဆို အဲ့ဒီလူက မြေခွေးမိစ္ဆာတွေကို ပြုစုပျိုးထောင်ပေးထားတာ.... ဖေးအောင်နဲ့ မြေခွေးမတွေက အဲ့မြေခွေးမိစ္ဆာတွေကို အကာအကွယ် ပေးနေတဲ့ ခွေးသာသာပဲ" 


မော့ရစ်ကန်း: "အခု အရေးကြီးဆုံးအချက်ကတော့ တရားရုံးကလူရဲ့ အထောက်အထားက စာမေးပွဲ မေးခွန်းတွေနဲ့ ထိတွေ့နိုင်ရုံသာမက လက်နဲ့ မျက်လုံးတွေလည်း ပါနေလား စုံစမ်းကြည့်ရမယ်..."


လီကျင်လုံ: "ကိစ္စမရှိပါဘူး ငါတို့ သူ့ရဲ့လက်အောက် ငယ်သားတွေ အားလုံးကို ဖယ်ရှားပြီးရင် တစ်နည်းနည်းနဲ့တော် ပေါ်လာမှာပဲ.... ဒီအမှုကို နိဂုံးချုပ်ပြီးတာနဲ့ သူ့ကို ဖယ်ရှားချင်တယ် ဆိုရင်တော့ သူကလည်း သေချာပေါက် ငါတို့ကို ရှင်းပစ်ချင်မှာပဲ"


"ဟုန်ကျွင့် ငါ့ရဲ့ခန့်မှန်းချက်သာ မှန်ရင် မင်းရဲ့နောက်ဆုံးဓားပျံက သူတို့သခင်ရဲ့ လက်ထဲမှာပဲရှိရမယ် လုပ်ကြည့်ရအောင်... ဒီအနည်းငယ် အတွင်းမှာ အားလုံး နည်းနည်းတော့ ပင်ပန်းကြလိမ့်မယ်... မင်းတို့အရင် အနားယူကြ... ဒီည အားထိုက်၊ ချိုးယုံစစ်နဲ့ မော့ရစ်ကန်းက မိစ္ဆာတွေရှိတဲ့ နေရာတွေ အားလုံးကို အမှတ်အသားတွေနဲ့ သွားမှတ်ပေး.... ဟုန်ကျွင့်က မင်းက ငါ့ကိုကူပြီး ဆေးနည်းနည်း ပြင်ဆင်ပေးပါဦး"


လီကျင်လုံ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သော်လည်း ရုတ်တရက် နောက်ပြန်လှည့်ကာ ဘယ်ဘက်လက်သီးကို ဆန့်ထုတ်လိုက်သည်။ အားလုံးက သူ့လက်သီးကို တိုက်သွားကာ ပြင်ဆင်မှုတွေ လုပ်ဖို့ ထွက်သွားကြလေသည်။ 


လသည် တိမ်တွေကြောင့် ဖုံးအုပ်ခံလိုက်ရရာ မှောင်မိုက်သွားပြီး လေပြင်း​တွေ တိုက်ခတ်လာခဲ့သည်။ ချိုးယုံစစ်၊ အားထိုက်နဲ့ မော့ရစ်ကန်းတို့ ကော်ကျစ်ကျန့် ကျောင်းတော်ထဲသို့ အသံတိတ် ခိုးဝင်ခဲ့ကြသည်။


ချိုးယုံစစ်: "ငါတို့ မိစ္ဆာမှန်တစ်ချပ် လိုတယ်လို့ ခံစားရတယ်နော်....မျက်လုံးတွေနဲ့ မိစ္ဆာတွေကို ဖော်ထုတ်ရတာ ပင်ပန်းနေပြီ"


"တစ်ခုလောက်ဆို ရပြီ" အားထိုက်လည်း ခံစားမိသည်။


မော့ရစ်ကန်းလည်း ကုတင်ပေါ်တွင် လဲလျောင်းနေသော စာပေ ပညာရှင်တစ်ဦးကို တွေ့တော့ လှည့်ပြောလာသည်။ 


"သူ့ကို သတ်တာထက် လွှတ်ထားလိုက်တာ ပိုကောင်းတယ်... ဆယ်နှစ်လောက် ပြင်းပြင်းထန်ထန် စာသင်ခဲ့တာ အမှားလုပ်မိလိုက်တာနဲ့ ဘဝ ပြတ်ပြီပဲ" 


ချိုးယုံစစ်: "ဟုတ်​တယ်​ ငါသူ့ကို ခန်းမထဲမှာ မြင်​ဖူးတယ်​ လုပ်​လိုက်ရ​အောင်​"


အားထိုက်သည် သူ့ယပ်တောင်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ဆေးမှုန့်တစ်ချို့သည် မြေခွေးမိစ္ဆာ၏ ၀တ်ရုံထောင့်တွင် ကျရောက်ခဲ့ပြီး အလွန်သေးငယ်သော အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့သည်။ မော့ရစ်ကန်းက အခြားပြတင်းပေါက်ကို ဝှေ့ယမ်းကာ လာကြည့်ရန် လှုံ့ဆော်လိုက်သည်။ အခန်းထဲတွင် လူခြောက်ယောက် အိပ်နေကာ မော့ရစ်ကန်းလည်း သူ့လက်ကို ဖြန့်လိုက်သောအခါ လက်သည်းခုနှစ်ထိပ် မြှားက ဝိညာဉ်ဆိုးကို အာရုံခံမိသည်နှယ် တုန်ခါသွားသည်။


"သူတို့အားလုံးပဲ" ချိုးယုံစစ်က ဆိုလိုက်သည်။ 


"ကြည့်စမ်း.... သူတို့ထဲက မြေခွေးတစ်ကောင်က ​​သူ့အမြီးကို ထုတ်ပြီး ခက်ခက်ခဲခဲ အိပ်ပျော်နေတယ် လူအစစ်တွေကို အခန်းထဲမှာ ထားခွင့်မပေးထားဘူး.... မဟုတ်ရင် သူတို့လျှို့ဝှက်ချက်ကို အလွယ်တကူ ဖော်ထုတ်နိုင်လိမ့်မယ်" 


အားထိုက်သည် ချန်အန်း၏ ဆောင်းဦးနှောင်းပိုင်း ကာလက အေးမြနေပြီမလို့ လက်ဖက်ရည်သောက်ရန် နှင့် အနွေးဓာတ်ရရင် မီးဖိုများကို မကြာခဏ ပြုလုပ်လေ့ရှိသည်။ မြေခွေးမိစ္ဆာများကတော့ ဒီလိုလုပ်ရမယ်လို့ သတိမထားမိဘူး ထင်ပါရဲ့။


.......


ညဘက်တွင် ဟုန်ကျွင့်သည် ခြံဝင်းထဲတွင် ဆေးမှုန့်များကို ထုထောင်းနေစဥ် လီကျင်လုံက ဘေးနားတွင် ထိုင်ကာ အမှုတွဲ စာလိပ်များကို ဖတ်နေဆဲဖြစ်သည်။


လီကျင်လုံ: "မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်... နတ်ဆိုးနှင်ဌာနက ဒီတစ်ခါ အဆင်ပြေရင် အားလုံး အဆင်ပြေသွားရင် မင်းကစားလို့ရအောင် ခေါ်သွား​ပေးမယ်"


"အဆင်​​ပြေသွားရင်လား?" ဟုန်ကျွင့် အဓိပ္ပာယ်​တစ်မျိုးဖြင့် ကြားလိုက်​သည်​။


လီကျင်လုံလည်း တစ်ခုခု ပေါက်ကြားသွားသောကြောင့် ၎င်းကို ဖုံးဖိထားရန် ကြိုးစားလိုက်ရသည်။ 


"အမှုပြီးရင်...."


ဟုန်ကျွင့်: "မြေခွေး​တွေကို ဖမ်းပြီးရင် ငါတို့ ဘာလုပ်သင့်လဲ"


လီကျင်လုံ: "သူတို့အားလုံးကို မီးရှို့ပစ်ရမယ်"


ဟုန်ကျွင့် : "..."


လီကျင်လုံလည်း ဟုန်ကျွင့်ရဲ့ အမူအရာကို ကြည့်ကာ နားလည်သွားတာကြောင့် မေးကြည့်လိုက်သည်။ 


"မင်းက သူတို့အတွက် တောင်းဆိုချင်လို့လား?"


ဟုန်ကျွင့်က မြေခွေးမိစ္ဆာတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ စာသင်သားတွေ အကြောင်းကို တွေးပြီး ဘယ်သူက တရားမျှတမှုကို ပေးမလဲဆိုတာ မသိပေမယ့် ထိုမြေခွေးလေးဟာ အတော်လေး သနားစရာ ကောင်းတယ်လို့ အမြဲလိုလို ခံစားမိတဲ့အတွက် သူက ပြောလိုက်သည်။ 


“နည်းနည်းလောက် လွှတ်ပေးလို့ မရဘူးလား?"


"အသတ်ခံရတဲ့ လူတွေကို ဘယ်သူက လွှတ်ပေးခဲ့လို့လဲ.... မင်းက နတ်ဆိုးနှင်သူ တစ်ယောက်နော်"


နေ့ခင်းဘက်တုန်းက ချိုးယုံစစ်တို့ဆီက ဇာတ်လမ်းကို ကြားသောအခါတွင် လီကျင်လုံမှာ ဟုန်ကျွင့် ထိုမြေခွေးလေးနှင့် သူငယ်ချင်းဖြစ်မည်ကို စိုးရိမ်ပြီး တစ်ချိန်မဟုတ်တစ်ချိန် သို့မဟုတ် နှောင်းပိုင်းတွင် သူသည် ထာဝရဘေးဥပဒ်ထဲ ကျရောက်သွားမည်ကို စိုးရိမ်မိခဲ့သည်။


"နတ်ဆိုးတွေအားလုံး မကောင်းဘူးလို့ မင်းထင်လား ... ကျောက်ကျစ်လုံကရော?"


လီကျင်လုံ: "အနည်းဆုံး ဒီမြေခွေးတွေပဲ" 


ဟုန်ကျွင့် လီကျင်လုံကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သော်လည်း ငြင်းခုံမနေတော့ပေ။ ဒီနေ့ မြေခွေးကလေးက ဘယ်သူ့ကိုမှ မထိခိုက်စေဘူးဆိုရင် အသက်ကို ချမ်းသာပေးလို့ ရနိူင်လား။ ဒါပေမယ့်လည်း သူက စာသင်သားတွေ သတ်ဖြတ်ခံရတဲ့ ကိစ္စမှာ သွယ်ဝိုက်ပြီး ပါဝင်ခဲ့တယ် မဟုတ်လား။


"များများထည့်ပါ...." 


လီကျင်လုံသည် သူတို့ကြားက လေထုက အနည်းငယ် အဆင်မပြေကြောင်း သဘောပေါက်သဖြင့် ထိုအကြောင်းကို ဆက်မပြောဘဲ ရပ်လိုက်သည်။ 


"သူတို့ လုံးလုံး အိပ်ပျော်သွားပြီး သူတို့ရဲ့ မူလပုံစံကို ဖော်ထုတ်နိုင်တဲ့ အထိ ဖြစ်သွားစေတဲ့ ဆေးတစ်စက် လိုချင်တယ်"


နေ့ခင်းဘက်တွင် လီကျင်လုံသည် ချန်အန်းရှိ ဆေးဆိုင်များ အားလုံးကို သွားရောက်၍ ဝယ်ယူခဲ့လေသည်။ ဟုန်ကျွင့်ကလည်း သူ့ဆေးတွေကို များများထည့်ကာ နောက်ဆုံးတွင် အမှုန့်ဖြစ်အောင် သေချာ ထုထားလိုက်သည်။


"ခင်ဗျား ဒါကို လုံးဝ လုံးဝ မရှူရဘူးနော်" ဟုန်ကျွင့် သတိပေးပြီးနောက် ရုတ်တရက် စိတ်ပြောင်းသွားပြီး ပြုံး၍ ဆက်ပြော၏။ 


"ဒါပေမယ့် ခေါင်းဆောင်က ဒီလောက်ထိ ကံဆိုးမှာ မဟုတ်ဘူးလို့တော့ ကျွန်တော် ယုံကြည်တယ်"


"ငါ့ကို ကျိန်ဆဲမနေနဲ့ ဟုတ်​ပြီလား?" 


လီကျင်လုံမှာ ဟုန်ကျွင့် ပြဿနာရှာမှာကို တကယ်ကြောက်နေတာကြောင့် သေသေချာချာ ထုပ်ပိုးပြီး အိတ်သေးသေးလေးတွေထဲ ထည့်လိုက်သည်။ 


ညသန်းခေါင်ယံ။ အောက်တိုဘာလသည် နောက်ဆုံးတွင် ကုန်ဆုံးခဲ့ပြီး ဆောင်းဦးရာသီသည် ကုန်ဆုံးတော့မည် ဖြစ်သည်။ ​တော်ဝင်စာမေးပွဲ ဖြေဆိုဖို့ ငါးရက် လိုပါသေးသည်။


"မျှော်လင့်ထားတာထက်တော့ နည်းတယ်" 


လီကျင်လုံ တိုးတိုးလေး ပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူ အနည်းငယ် စိတ်မသက်မသာ ဖြစ်​နေတာကြောင့် အလှည့်ကျ ကင်းစောင့်ဖို့ စီစဉ်ခဲ့ပြီး အပြောင်းအလဲတွေ မဖြစ်အောင် တစ်စုံတစ်ယောက်က ဒီမြေခွေးတွေကို ညတိုင်း စောင့်ကြည့်နေခဲ့ပါသည်။


သို့သော်လည်း နောက်နေ့တွင် အစိုးရက အမိန့်ထုတ်လာခဲ့သည်။ ယခုနှစ် ဆောင်းဦးရာသီ စာမေးပွဲကို ကော်ကျစ်ကျန့် ကျောင်းတော်မှ နိုဝင်ဘာလ ဒုတိယနေ့တွင် ကျင်းပမှာဖြစ်ကြောင်း ထုတ်ပြန်လာခဲ့၏။ သုံးရက်ကြိုတင်၍ ရက်ရွှေ့လိုက်ကြောင်း ချိုးယုံစစ်ထံမှ သတိပေးချက်တစ်ခု ထွက်ပေါ်လာပြီး အားလုံးက ခဏမျှ စဉ်းစားနေကြသည်။


လီကျင်လုံ: "မိစ္ဆာဘုရင်က ဖေးအောင် ကွပ်မျက်ခံရတဲ့ အကြောင်းကို သိသွားပြီ... ငါတို့ သူ့အစီအစဉ်ကို နှောင့်ယှက်မှာကို ကြောက်လို့ စမေးပွဲကို ကြိုပြီးစလိုက်တာ"


"အစီအစဥ်ကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်နိုင်မလား"


မော့ရစ်ကန်းက မျက်မှောင်ကြုတ်လျက် ဝင်ဆိုလေ၏။ လီကျင်လုံက သူ့လက်ကို ဝှေ့ယမ်းပြီးပြောသည်။


"တစ်နည်းအားဖြင့် သူ့မှာ ငါတို့ထင်ထားသလို ယောက်ျား​လေးတွေ များများစားစား မရှိ​တော့ဘူး... ကမောက်ကမ မလုပ်မိစေနဲ့ မနက်ဖြန်ကို ကြိုပြီး စီစဥ်ကြမယ်.... မူလအစီအစဉ် အတိုင်း ဖြစ်လာမှာ"


ဟုန်ကျွင့်: "ဒါဆို ငါသွားရမှာလား" 


ဟုန်ကျွင့် ရိုးရိုးသားသား ပြောရလျှင် သူတို့လက်ထဲတွင် သေရတော့မည့် မြေခွေးတစ်ကောင်ကို သွားမတွေ့ချင်ပေ။


လီကျင်လုံ: "မင်းသွားရမယ်... ဒီအချိန်မှာ မင်းရဲ့အချက်အလက်တွေက အရေးကြီးလာပြီ"


ငါးကြင်းနတ်ဆိုးကြီးက ပေါ်လာပြီး ဘာဖြစ်တာလဲလို့မေးတော့ လူတိုင်းက မကောင်း မှုတစ်ခုခုလုပ်မှာကို ကြောက်တဲ့အတွက် သူ့ကို ချက်ချင်း ချုပ်ထားလိုက်ကြသည်။ 


ဟုန်ကျွင့်လည်း ခဏလောက်စဉ်းစားပြီး ခေါင်းညိတ်ပြလိုက်သည်။ နေ့လယ် တစ်နာရီရဲ့ လေးပုံသုံးပုံခန့် အချိန်တွင် လိရွှေ တံတားအောက်သို့ ရောက်ရှိလာသည်။ တကယ်တော့ လီကျင်လုံသည် စစ်ဆေးမှု စတင်သည်နှင့်တပြိုင်နက် ထိုမြေခွေးများကို ဖမ်းရန် စီစဉ်ခဲ့သော်လည်း ဟုန်ကျွင့် မြေခွေးလေးကိုမြင်သည့်နေ့တွင် သူ၏အတွေးများ ပြောင်းလဲသွားကာ ရင်ဖွင့်သံများ ထွက်လာခဲ့သည်။


မြေခွေးမိစ္ဆာများသည် အန္တရာယ်ကို သတိပြုမိပြီးပါက ဟုန်ကျွင့်ကို စမ်းသပ်ရန် တစ်စုံတစ်ဦးကို စေလွှတ်မည်မှာ သေချာသည်။ 


အန္တရာယ်ကို ဖော်ထုတ်ခြင်း သို့မဟုတ် မတွေ့မြင်ခြင်းဖြင့် မြေခွေးလေးသည် ဟုန်ကျွင့်က်ု ရင်ဆိုင်သောအခါ စကားနှစ်မျိုး ထွက်လာလိမ့်မည်။ လီကျင်လုံသည် နောက်ကွယ်မှ အုပ်ထိန်းသူသည် ကျားစီးနေပြီဟု တွက်ချက်ထားပြီးလို့သာ မဟုတ်ပါက တစ်ညတည်း ကျောင်းသား နှစ်ရာကျော် ပျောက်ဆုံးသွားခြင်းကို ဘယ်လို ရှင်းပြရမလဲ။ ဒါက နတ်ဆိုးနှင် ဌာနကို သဲလွန်စပေးရုံပါပဲ။


မေပယ်ရွက်များသည် လိရွှေ တံတားအောက်တွင် ပျံဝဲနေပြီး ကျန်ရှိသော မေပယ်ရွက်များသည် မြစ်ထဲသို့ စီးဆင်းနေကြသည်။ တုဟန်ချင်းသည် တံတားလက်ရန်းပေါ်တွင် မှီရင်း ရှုခင်းများကို ငေးမောကြည့်နေသည်။


"တုဟန်ချင်း!" ဟုန်ကျွင့် ပြုံးပြီး ခေါ်လိုက်သည်။ 


"ဟုန်ကျွင့်?" 


တုဟန်ချင်း ချက်ချင်းဆိုသလိုပဲ လှည့်ကြည့်လာသည်။ ဟုန်ကျွင့်က သူ့ကိုတွေ့ဖို့ တကယ်လာခဲ့သည်။ ဟုန်ကျွန့်ခမျာ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွား၏။ တစ်ဖက်လူက သူလာမှာကို စောင့်နေခဲ့ပုံပဲ။ ဒါကြောင့် တံတားပေါ်တက်ပြီး တံတားပေါ်ကနေတစ်ဆင့် အရှေ့ဈေးသို့ ထွက်လာ၏။ 


(TN - မသိရင် ဒိတ်နေတာကျနေတာပဲ။ နှောင့်ယှက်မိရင် ခွင့်လွှတ်ပါ။ ဘာသာပြန်ရင်း ခံပြင်းလာလို့ရယ်)


တစ်ဖက်မှာတော့ လီကျင်လုံသည် ငါးကြင်းနတ်ဆိုးကို သူ့လက်ထဲတွင် ကိုင်ထားပြီး လမ်းကြားထဲတွင် ပုန်းနေကာ အပြင်ကို လှမ်းကြည့်လိုက်သည်။ ငါးကြင်းနတ်ဆိုးက အကြောင်းတရားနဲ့ အကျိုးကို သိသောကြောင့် တိုးတိုးလေး မေးလိုက်သည်။ 


“တွေ့ကုန်ကြပြီလား” 


"ရှူး...." 


လီကျင်လုံလည်း ငါးကြင်းနတ်ဆိုးကို အတင်း ပါးစပ်ပိတ်ခိုင်းလိုက်သည်။ 


ငါးကြင်းနတ်ဆိုး: "ချိုးကြီးနဲ့ မော့ရစ်ကန်းကို လာခိုင်းလိုက်ရင် ရပြီ မဟုတ်ဘူးလား...ခေါင်းဆောင်လီ မင်း အထူးတလည် ခရီးထွက်ချင်လို့လား"


လီကျင်လုံသည် ငါးကြင်းနတ်ဆိုး၏ ပါးစပ်ကို ပါးစပ်ပိတ်ကာ သူ့နံရိုးအောက်တွင် ဖွက်ကာ ဘယ်ဘက်လက်ဖြင့် ဆုပ်ကိုင်ထားလိုက်သည်။ ဟုန်ကျွင့်နဲ့ တုဟန်ချင်းတို့က လှည့်ထွက်သွားပြီ။ တောက်ပသော ဆောင်းဦးရာသီတွင် ဆယ်ကျော်သက် နှစ်ဦးသည် ချန်အန်းဈေးကိုဖြတ်၍ လေထဲတွင် ရပ်တည်နေသည့် လှပသော ကျောက်စိမ်းပင်ကြီးအား မော့ကြည့်နေကြသည်။ တုဟန်ချင်းသည် နူးညံ့သိမ်မွေ့ပြီး တောက်ပသော နေရောင်အောက်တွင် ရပ်နေပုံမှာ အမှန်ပင် လှပသော မြင်ကွင်းတစ်ခု ဖြစ်သည်။


တုဟန်ချင်း: "ငါ မင်းကို စာအုပ်ဆိုင်ကို ခေါ်သွား​ပေးမယ်...အမ် ဟုန်ကျွင့် ဒီလူက ဘာလို့ ငါးကို ကိုင်ထားတာလဲ "


ဟုန်ကျွင့် သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ လီကျင်လုံ ချက်ချင်း ခေါင်းလှည့်၍ ဈေးထဲက ငါးတင်းကုပ်ကို မျက်နှာမူထားလိုက်သည်။ ငါးကြင်းနတ်ဆိုးကို သူ့လက်ထဲမှာ ကိုင်ထားပြီး သူဌေးနဲ့ ညှိနှိုင်းချင်ယောင်ဆောင်နေ၏။


ဟုန်ကျွင့်သည် ငါးကြင်းနတ်ဆိုးကို သူ့နောက်ကျောပေါ် တင်ထားရတာက ရယ်စရာ မဟုတ်သလို ခံစားရသော်လည်း လီကျင်လုံ ငါးတစ်ကောင်ကို ကိုင်ထားတာကို တွေ့တော့ သူ မတတ်နိုင်ဘဲ ရယ်မောလိုက်လေသည်။ 


“ဟာဟာဟား.... မိုက်မဲလွန်းတဲ့လူ ကိုင်ထားတာက ငါးတဲ့!"


စျေးကွက် တစ်ခုလုံးတွင် လူတွေ အသွားအလာ တစ်စုံတစ်ယောက်သည် ချက်ချင်း လှည့်ကြည့်ကာ အကျယ်ကြီး ရယ်လိုက်၏။ 


"ဟာဟားဟား ဒါက လီကျင်လုံ မဟုတ်ဘူးလား"


လီကျင်လုံ: "..."


ထိုမှသာ ဟုန်ကျွင့်လည်း ၎င်းငါးက သူအိမ်က ငါးဖြစ်ကြောင်း သိလိုက်ရပြီး ချက်ချင်းပင် ရှက်ရွံ့သွားတော့သည်။ သူက တုဟန်ချင်းကို အမြန်ဆွဲထုတ်ကာ စာအုပ်ဆိုင်ထဲသို့ ခေါ်သွားခဲ့သည်။


ဟုန်ကျွင့်: "ဒီမှာ စာအုပ်တွေ အများကြီးရှိတယ်" 


"ဟုတ်တယ် ငါ အရင်က ဒီကို တစ်ခါမှ မရောက်ဖူးဘူး..." တုဟန်ချင်းမှာ အလောတကြီး ဝင်သွားတာကြောင့် ချော်လဲလုနီးနီး ဖြစ်သွားသည်။ 


"ငါ ဒီကို လာခဲတယ်"


လီကျင်လုံသည် ငါးကြင်းနတ်ဆိုးအား မော့ရစ်ကန်းထံ ပေး၍ စကားမပြောရန် အချက်ပြကာ စာအုပ်ဆိုင်သို့ ဝင်သွားသည်။ ထို့နောက် စာအုပ်စင်နောက်တွင် ရပ်ကာ နှစ်ယောက်သား စကားပြောသည်ကို နားထောင်ရင်း ဟုန်ကျွင့်နဲ့ တုဟန်ချင်းတို့ထံ ချဉ်းကပ်ခဲ့သည်။ သို့သော် အချိန်အတော်ကြာအောင် သူတို့နှစ်ဦးသည် ကဗျာအကြောင်း ပြောနေကြရာ လီကျင်လုံလည်း မိစ္ဆာက ဘာကြောင့် လီပိုင်အကြောင်း ပြောနေလဲ ထူးဆန်းသွားသည်။ 


နောက်ဆုံးတွင် တုဟန်ချင်းသည် ဟုန်ကျွင့်၏ အကြံပြုချက်ကို လက်ခံခဲ့ပြီး သူနှင့်အတူ ညစာစားရန် အဆိုပြုကာ ငါးခုန်နဂါးတံခါး စားသောက်ဆိုင်သို့ ခေါ်ဆောင်သွားခဲ့သည်။


လီကျင်လုံ: "..."


"ခေါင်းဆောင်... ငါ့ပိုက်ဆံတွေ ယူလာဖို့ မေ့နေတယ်"


မော့ရစ်ကန်းက ငါးကြင်းနတ်ဆိုးကို ပွေ့ဖက်လိုက်ပြီး။


"အိမ်ပြန်လိုက်မယ် မင်းငါ့ကို စောင့်နေ... မင်းအရင် သွားထိုင်ထားနှင့်လိုက်..."


"မလိုဘူး ငါ့မှာ ပိုက်ဆံရှိတယ်... မင်းအရင်ပြန်သွားပြီး ဒီငါးကိုပဲ မြန်မြန် ခေါ်သွားလိုက်"


.......


စားပွဲထိုးက အမှာတွေ မှတ်ဖို့ ရောက်လာစဥ် ဟုန်ကျွင့်လည်း အဲဒီနေ့က ငါးကြင်းနတ်ဆိုး မှာထားတာတွေကို ပြန်သတိရသွားသည်။ 


"ကြက်အရိုးနက် ဟင်းရည်ကို အမြန်လေး..." 


ဟုန်ကျွင့် ဟင်းအားလုံးကို တုံ့ဆိုင်းစွာ မှာလိုက်သည်။ တုဟန်ချင်း အံ့သြသွားပြီး မြန်မြန်လေး ဝင်ပြောလိုက်သည်။ 


"ဒီမှာ အရမ်းစျေးကြီးတယ်"


"ကိစ္စ မရှိပါဘူး!"


ဟုန်ကျွင့် တုဟန်ချင်းကို ကြည့်ပြီး ပြုံးပြလိုက်သည်။ တုဟန်ချင်း မျက်လုံးများက အနည်းငယ် နီရဲလာပြီး တိုးတိုးလေး ဆိုလေသည်။


"ဒါက ငါ့ဘဝရဲ့ ပထမဆုံး အကြိမ် ဒီကို တစ်စုံတစ်ယောက် ခေါ်လာခဲ့တာပဲ" 


ဘေးအခန်းက နောက်ကွယ်မှာ စားပွဲထိုးက ထိုင်နေတဲ့ လီကျင်လုံကို မေးလိုက်သည်။ 


"ဒီလူကြီးမင်းက ဘာစားချင်ပါလဲ" 


"ရေတစ်ခွက်!"


"ကောင်းပြီ!... စစ်သူကြီး လီကျင်လုံ ဒီမှာ ရိုးရိုးရေတစ်ခွက်--!"


စားပွဲထိုးများသည် ဒုတိယထပ်ကို ဖြတ်၍ ခုန်ဆင်းသွားကာ တစ်ခန်းလုံး ကြားအောင် ရယ်မောလိုက်ကြသည်။ လီကျင်လုံ အသက်ပြင်းပြင်းရှူရင်း ခဏထိုင်ကာ ဘေးက စကားဝိုင်းကို ကြားလိုက်သည်။


တုဟန်ချင်း: "ဘာတွေ ရယ်နေကြတာလဲ" 


ဟုန်ကျွင့်လည်း သူ့လက်တွေကို ဖြန့်ပြီး မသိကြောင်း အရိပ်အမြွတ်ပြ၏။ လီကျင်လုံကို ဘာကြောင့် ထပ်ပြီး ရယ်နေမှန်း သူလည်း မသိ။ ဒါပေမယ့် လီကျင်လုံ နံဘေးမှာရှိနေတယ် ဆိုတာ ကြားလိုက်ရတော့ ဒီနေ့ရဲ့ အဓိကတာဝန်က စကားပြောဖို့ပဲ ဆိုတာ သတိရလိုက်မိသည်။


"မင်းရဲ့ ရွာသားတွေက မင်းကို ချန်အန်းခေါ်လာတာ မဟုတ်ဘူးလား"


တုဟန်ချင်း ငြိမ်သက်စွာ သက်ပြင်းချလိုက်ပြီး ပြုံးလိုက်သည်။ 


"သူတို့မျက်လုံးထဲမှာတော့ ငါက လက်ဖက်ရည်နဲ့ ရေယူလာတဲ့ ကောင်လေးတစ်ယောက်ပဲ" 


လီကျင်လုံသည် နှစ်ယောက်ကြား စကားပြောသံကို နားထောင်ရင်း ဘေးအခန်း၌ တိတ်ဆိတ်နေသည်။


ဟုန်ကျွင့်: "စာမေးပွဲပြီးရင် အဆင်ပြေသွားမှာပါ"


"ဘယ်ကသာ... သူတို့ကို လက်ဖက်ရည်နဲ့ ရေ ဆက်သတဲ့ အလုပ်ကိုပဲ တစ်သက်လုံး လုပ်သွားရလောက်တယ်"


"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ စာမေးပွဲပြီးရင် မင်းတရားဝင် စာသင်သား ဖြစ်လာမှာပါ..."


တုဟန်ချင်းက အနည်းငယ် ပြုံးကာ မေးသည်။


"မင်းတို့မိသားစုမှာ လူဘယ်နှစ်ယောက်ရှိလဲ၊ သူတို့က အရမ်းချမ်းသာ​ကြတယ် မဟုတ်လား"


ဟုန်ကျွင့်က ခဏလောက်စဉ်းစားပြီး "ဒါက ငါနဲ့အဖေပဲ အာ ဦးလေး.... ငါသူ့ကို ဘာခေါ်ရမှန်းလည်း မသိဘူး..." 


ရိုးရိုးသားသား ပြောရရင် ချင်းရှူံကို ဘယ်လိုခေါ်ရမှန်း မသိတာ အမှန်ပင်။ 


"အာ? သူတို့အားလုံးက ယောက်ျားလေးတွေလား" တုဟန်ချင်း အံ့အားသင့်ပြီး။ 


"မင်းကို မွေးစားထားတာလား"


"ဆိုပါတော့.... သူတို့ကြောင့် ငါ ကြီးပြင်းလာခဲ့တာ... ငယ်ငယ်လေးကတည်းက အမေ မရှိခဲ့ဘူး"


ဒါကိုကြားတော့ လီကျင်လုံ အတော်ကြာအောင် တွေးမိသွားသည်။ လီကျင်လုံက သူ့မိသားစုအရေးကို ပြောပြခဲတယ် မဟုတ်လား။


တုဟန်ချင်းက ပြုံးပြီး "ပြောပါရစေဦး မင်းက လူကြီးနဲ့လည်း မတူဘူး"


ဟုန်ကျွင့်:"?"


တုဟန်ချင်းက သူ့ကိုယ်သူ ပြန်ကြည့်ကာ သက်ပြင်းချလိုက်သည်။


"တကယ်တော့ မင်းငါ့ကို ဘာလို့ ကြိုက်သွားလဲ ငါမသိဘူး"


ဟုန်ကျွင့် လန့်သွားသည်။ 'မင်းကို ကြိုက်တယ်... အဓိပ္ပာယ်က ဘာ​ကြီးလဲ။ ငါ မင်းကို မကြိုက်ပါဘူးနော်'


လီကျင်လုံရဲ့ အမူအရာသည်လည်း ရုတ်တရက် လေးနက်လာသည်။


တုဟန်ချင်း: "မင်းကို သူငယ်ချင်းအဖြစ် ထားရတာ အရမ်းပျော်တယ်... ချန်အန်းမှာ သူငယ်ချင်း များများစားစား မရှိဘူး မင်း အားလပ်ချိန်တွေရှိရင် ငါ့ကို ရှာဖို့ ကော်ကျစ်ကျန့် ကျောင်းတော်ကို လာခဲ့ပါလား"


ဟုန်ကျွင့်ကို ယခုအချိန်တွင် မြေခွေးမိစ္ဆာက အန္တရာယ် မပြု​သေးကြောင်း သေချာလုနီးပါး သိနေသဖြင့် အနည်းငယ် စိတ်လျှော့ကာ သူ့ရှေ့တွင် ရေဖြူကို သောက်ကာ နှစ်ယောက်ကြား စကားစမြည်ကို နားထောင်​နေသည်။ စားပွဲထိုးသည် ဟင်းလျာများကို ယူလာပေးသည်။ တုဟန်ချင်းက ဟုန်ကျွင့်၏ မိသားစုနောက်ခံကို အလွန်စိတ်ဝင်စား​နေခဲ့သည်။ သူသည် ရှည်လျားသော မေးခွန်းများ မေးခဲ့ပြီး ဟုန်ကျွင့်လည်း မသက်ဆိုင်သော အဖြေကိုသာ ရွေးချယ်ခဲ့သည်။ သူ့လက်ထဲမှာ စက္ကူအိတ်သေးသေးလေးကို ကိုင်ထားပြီး အိတ်ထဲမှာတော့ အသစ်တီထွင်ထားတဲ့ ဆေးဖက်ဝင်မှုန့်တစ်ခုပဲ ဖြစ်လေသည်။ 


ဟုန်ကျွင့် တုဟန်ချင်းထံမှ သတင်း တစ်စုံတစ်ရာကို မရခဲ့ပေ။ စကားတွေ ပိုပိုများလာလို့ ထိုစကားကို ကြားတော့ လီကျင်လုံ တုန်လှုပ်သွားခဲ့သည်။ ဟုန်ကျွင့်တစ်ယောက် နတ်ဆိုးနှင်ဌာနကို အောက်ခြေအထိ မတော်တဆ ရောင်းစားသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ 


အဆုံးတွင် တုဟန်ချင်းက အလွန်ပျော်ရွှင်နေပုံရပြီး ဖွင့်ဟစကား ပြောလာသည်။ 


"ဟုန်ကျွင့် ငါမင်းကို အရမ်းကြိုက်တယ်" 


ဟုန်ကျွင့် ရှက်ရွံ့လာပြီး စိတ်ထဲတွင် အပြစ်ရှိသလို ခံစားလာရတာကြောင့် အကြောင်းအရာကို ပြောင်းလဲရန် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့သည်။ တုဟန်ချင်းမှာ ဟုန်ကျွင့်၏ ဤတုံ့ပြန်မှုကို မမျှော်လင့်ထားပုံရကာ သက်ပြင်းကို တိုးတိုးလေး ချလိုက်သည်။


ညနေစောင်းတော့ နေဝင်ရီတရော ဗုံသံနဲ့အတူ ဟုန်ကျွင့်လည်း တုဟန်ချင်းကို ကျောင်းတော် တံခါးဝဆီသို့ လိုက်ပို့ပေးခဲ့သည်။


"ငါသွားပြီ မင်း... မင်းကိုယ်မင်း ဂရုစိုက်ပါ" 


တုဟန်ချင်းက လှည့်ကြည့်လာ၏။ သူက ဟုန်ကျွင့်ကို ပြုံးပြပြီး ကောက်ရိုးကြိုးနဲ့ ချည်ထားတဲ့ ကျောက်ဖြူလက်စွပ်လေးကို ပေးလိုက်သည်။


"မင်းပေးခဲ့တဲ့ ကျောက်စိမ်းကို ငါအရမ်းကြိုက်တယ် ဒီလက်စွပ်က မင်းအတွက်ပါ... ငါ့မှာ ကျောက်စိမ်း​တော့ မရှိဘူး ငါ မင်းကို ကျောက်ခဲပဲ ပေးနိုင်တယ် မင်းကြိုက်မယ်လို့ ငါမျှော်လင့်ပါတယ်"


ဟုန်ကျွင့် လက်စွပ်ကိုယူကာ ခေါင်းညိတ်ပြပြီး တုဟန်ချင်းက ဆက်ပြောလာသည်။ 


"စာမေးပွဲပြီးရင် မြို့ကို အတူတူသွားရအောင်"


"ကောင်းပြီ" 


ဟုန်ကျွင့် သူ့ကို ပြန်သွားခိုင်းလိုက်သည်။ ဗုံတီးသံ ရပ်သွားသောအခါတွင် ဟုန်ကျွင့်လည်း အနည်းငယ် စိတ်ပျက်သွားသလို ခံစားရပြီး ရှည်လျားသော လမ်းမပေါ်တွင် သူတစ်ယောက်တည်း လမ်းလျှောက်လာခဲ့သည်။ ဆောင်းဦးနှောင်းပိုင်းမှာတော့ စောစောက မှောင်တတ်လို့ တစ်မြို့လုံး မှောင်နေပြီ။


"မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်" 


လီကျင်လုံ အသံက လမ်းဘေးမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ဟုန်ကျွင့် မထင်မှတ်ပဲ ထိတ်လန့်သွားပြီး စိတ်အခြေအနေ မကောင်းတာကြောင့် ဖြစ်သလိုပဲ ဖြေလိုက်သည်။


"ဘာမှမဖြစ်ပါဘူး"


လီကျင်လုံက အရပ်ရှည်ရှည်၊ တောင့်တောင့်ဖြောင့်ဖြောင့်ဖြင့် မတ်တပ်ရပ်လျက် ရှိကာ ယနေ့တွင် နက်ပြာရောင် စစ်ဝတ်ရုံကို ၀တ်ထားသည်။ ဟုန်ကျွင့် သူ့ကို အချိန်အကြာကြီး စိုက်ကြည့်နေတာကြောင့် လီကျင်လုံ သူ့ကိုယ်သူ ငုံ့ကြည့်ပြီး မေးမိသည်။ 


"ကြည့်လို့ကောင်းလား?"


ဟုန်ကျွင့်က ခေါင်းညိတ်ပြသည်။ 


ဟုန်ကျွင့်: "မင်းမှာလည်း တစ်ခုရှိတယ်... မနက်ဖြန်မှာ ပထမဆုံး အကြိမ် တာဝန်ကို တရားဝင် ထမ်းဆောင်မယ် ငါတို့ တိုက်ပွဲဝင်ဖို့ အဆင်သင့် ဖြစ်ရမယ်... အားလုံး ဒီလိုဝတ်ရုံကို ဝတ်သွားမယ်"


ဟုန်ကျွင့် "အွန်း" လို့ပြောပြီး လီကျင်လုံနဲ့အတူ နတ်ဆိုးနှင်ဌာနကို ပြန်လာခဲ့သည်။ 


လီကျင်လုံ: "မင်း စိတ်ဆိုးနေတယ်"


ဟုန်ကျွင့် "ဟမ်" လို့ ထပ်ပြော​ပြန်သည်။


"အဲဒီမြေခွေးကို ကယ်တင်ဖို့ မင်းကို ငါကတိမပေးလို့လား?"


ဟုန်ကျွင့် ခဏလောက်စဉ်းစားပြီး ပြန်ဖြေဖို့ သတ္တိမွေးလိုက်သည်။


"ခေါင်းဆောင်လီ... ခင်ဗျား မျက်လုံးထဲမှာ မိစ္ဆာတွေက သိပ်ရက်စက်တာပဲဘား"


လီကျင်လုံက မျက်မှောင်ကြုတ်ကာ ပြောသည်။  


"ဟုန်ကျွင့် မင်းမိစ္ဆာတွေကို လူသားတွေလို ဆက်ဆံလို့မရဘူး.... သတ္တဝါတွေက လူသားတွေရဲ့ စိတ်ခံစားမှုတွေ ရှိပြီး သူတို့က လူသားတွေလို ဟန်ဆောင်နေလိမ့်မယ် သူက မင်းကို အသုံးချနေတာပဲ မြေ​ခွေးမိစ္ဆာ အားလုံးက တစ်စုံတစ်ယောက်နဲ့ အတူနေချင်ကြတာ အဲဒီနေ့က ကျင့်ယွင် ပြောခဲ့တာကို မင်းနားမထောင်ဘူးလား... သူတို့စကားတချို့က မှန်တယ်လို့ မင်း ထင်လား?"


"ဒါပေမဲ့……"


"ရပ်လိုက်တော့!...သူက မင်းကို အသုံးချနေတာ မင်း လွယ်လွယ်နဲ့ လှည့်စား မခံရလို့ မရဘူးလား"


လီကျင်လုံ စိတ်လှုပ်ရှားနေချိန်တွင် သူ၏ယဘဗိုက်သည် ရုတ်တရက် "ဂွီ"ဟူသော အသံဖြင့် မြည်လာသည်။


ဟုန်ကျွင့် : "..."


'ဗိုက်ဆာတဲ့သူက ဒေါသအရမ်းကြီးတယ်တဲ့' ဟု ဟုန်ကျွင့် တွေးလိုက်သည်။


လီကျင်လုံ: "မင်း တခြားသူတွေကို ယုံလွယ်လွန်းတယ် သူက မင်းကို သွေးဆောင်နေတာ... ဒီနေ့ မင်းကို ပြောခဲ့တာက မင်းကို သနားသွားအောင် လုပ်ပြနေသလို သနားဖို့ ဟန်ဆောင်နေတာ ဖြစ်နိုင်တယ်.... အဲဒီစိတ်ကို ပြင်ပါ... ဒါ့အပြင် မနက်ဖြန် ငါတို့ သူ့ကို သတ်ပစ်မယ် လွှတ်​လိုက်​ရင်​ လက်​စား​ချေဖို့ ပြန်​မလာဘူးလို့ မင်း ပြောနိုင်လား?"


ထို့နောက် လီကျင်လုံ၏ဗိုက်က ထပ်မံမြည်လာပြန်သည်။ ဟုန်ကျွင့် နောက်ဆုံးတွင် မထိန်းနိုင်ဘဲ ရယ်ချလိုက်သည်။


လီကျင်လုံ ဒေါသတကြီးနဲ့ "မရယ်နဲ့!"


ဟုန်ကျွင့်လည်း သူနဲ့ စကားမပြောတော့ဘူးလို့ ညွှန်ပြဖို့ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ လီကျင်လုံလည်း သူ့နောက်ကနေ နတ်ဆိုးနှင်ဌာနဆီ ပြန်သွားဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပါ။ အားလုံးက ညစာစဖို့ စောင့်နေကြတာကြောင့် လီကျင်လုံ ပြန်လာတာနဲ့ ထရပ်လိုက်သည်။ ဟုန်ကျွင့်က လက်စွပ်ကို စားပွဲပေါ်တင်ပြီး။ 


"ထမင်းစားပြီးပြီ" 


ပြောပြီးနောက် အခန်းထဲ ဝင်သွားလေသည်။


"လက်စွပ်ကို မြက်တွေနဲ့ ထုံးထားတယ်" 


အားထိုက်က တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။ 


"မြေခွေးလေးက ဟုန်ကျွင့်အတွက် သူ့ကိုယ်သူ ကတိပြုဖို့ ဆန္ဒရှိနေတာ ဖြစ်ရမယ်" 


ဟုန်ကျွင့် ဟင်းလင်းပြင်ကို ဖြတ်လျှောက်လိုက်ရာ တံခါးပိတ်နေသော ဟုန်ကျွင့်ကို တွေ့လိုက်ရသောကြောင့် သူထမင်းကို မှိုင်းတိုက်ကာ စားကြသည်။ မနက်ဖန်တွင် အမှားအယွင်းများ ကြီးကြီးမားမား ရှိလို့မဖြစ်ကြောင်း အားလုံး သိကြပါသည်။ 


အားလုံး စကားမပြောကြတော့ပေ။